← Chapters

အခန်း (၁၆၀)

Vol. 16 Ch. 160

အခန်း (၁၆၀)

Vol. 16 Ch. 160

🥝 Chapter 160

ဝူချင်းချန်းသည် အိပ်မက်မက်နေဆဲဖြစ်ကာ နိုးထခြင်းမရှိသေးသကဲ့သို့ ခံစားနေရပြီး သူမ၏ခြေထောက်များသည်မြေပြင်နှင့် ပျော့ခွေစွာ ထိတွေ့နေ၏။

သူ့ မူလဝိညဦဉ်ရင်းမြစ််ကိုကို ဆရာမစုက ငါးခုတောင်လုပ်ပေးခဲ့တာလား ?

ထိုသို့ပင် ဖြစ်ပုံရသည်။

သူမ နားကြားမှားခြင်း မဟုတ်ပေ။

အံ့သြနေရန်လည်း မလိုအပ်တော့ပေ။

အကြောင်းမှာ အခုလေးတင် အားကစားကွင်းအတွင်း၌ သူမနှင့်တူသော 'ဝူချင်းချန်း' ငါးဦးက ယွီဟောက်ဂိုဏ်းကို အစဉ်တစိုက် ဖရိုဖရဲဖြစ်အောင်လုပ်ဆောင်ခဲ့သောကြောင့်ပင်။

ထင်ရှားသည်မှာ သူမတွင် 'ဝူချင်းချန်း' ငါးဦးစာ ပါရမီ အမှန်တကယ် ရှိနေခဲ့ခြင်းဖြစ်သည်။

ဟုတ်ပါသည်၊ သူမသည် စောစောကတည်းက အံ့သြနေသင့်ခြင်းဖြစ်သော်လည်း၊ ယခုအချိန်အထိ စောင့်ဆိုင်းနေခဲ့ခြင်းသာ ဖြစ်သည်။

ဝူချင်းချန်းက တံတွေးတစ်ချက် မျိုချလိုက်ကာ "ဆရာမစု..."

သူမက ဒါကို ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ၊

သူမသည် စုကျိုကို ကြည့်လိုက်ရာ ဆရာမစုမှာ နှမ်းမုန့်ငါးခုကို သဘာဝကျကျနှင့် တည်ငြိမ်စွာထုတ်ပေးလိုက်သည့်အတိုင်း အေးဆေးတည်ငြိမ်နေသည်ကိုတွေ့လိုက်ရသည်။

ဝူချင်းချန်းမှာ ရှက်သွေးဖြာသွားမိသည်။

သူမ စိတ်ဓာတ်ကြံ့ခိုင်မှုမှာ ဆရာမစုနှင့် နှိုင်းယှဉ်ပါက သင်ယူစရာများစွာကျန်ရှိနေသေးသည်။

သို့သော် သူမသည် သူမအား ဝိုင်းရံထားကြသော အကခန်းမမှ ညီမငယ်များ၊ ရှန်းဝူချင်း၊ ရှန်းပုတယ်နှင့် အကြီးအကဲကျောက်ယွီ တို့ကို သေသေချာချာအကဲခတ်ကြည့်လိုက်သည်။

၎င်းတို့အားလုံးမှာလည်း ထပ်တူညီသောအံ့သြတုန်လှုပ်သည့် မျက်နှာပေးများရှိနေကြသည်။

ဝူချင်းချန်းမှာ သက်ပြင်းချနိုင်သွားသည်။

ဆရာမစုကြောင့် ထိတ်လန့်သွားသူမှာ သူမ တစ်ယောက်တည်းမဟုတ်ခဲ့ပေ။

"မြန်မြန် စမ်းကြည့်လိုက်ဦး”

စုကျိုက ဧည့်သည်အား လက်ခံလက်မှတ်ထိုးရန် တိုက်တွန်းလိုက်သည်။

"ပြဿနာတစ်ခုခု ရှိနေရင် မျောက်ဘုရင်ကို သွားရှာရဦးမှာ”

ဝူချင်းချန်းက အလျင်အစလို "သြော်” ဟု ဆိုကာ သူမ၏နဖူးကို ရိုက်လိုက်ပြီး အသစ်စက်စက် ပြုလုပ်ထားသော 'ပါရမီ ဝိညာဉ်စွမ်းအင် - မြို့တော်တစ်ခုလုံးကိုညှို့ယူနိုင်သော အက' ကို တပ်ဆင်လိုက်ရာ သူမ၏ မျက်နှာထားမှာ ထူးဆန်းသွားတော့ သည်။

"ဘယ်လိုနေလဲ” အဖွဲ့ကို ဦးဆောင်လာသော အကြီးအကဲကျောက်ယွီက စိုးရိမ်တကြီးကြည့်လိုက်သည်။

သူ့ ညီမငယ်များမှာလည်း မျက်လုံးပြူးကာစိုက်ကြည့်နေကြသည်။

စုကျိုကမူ ဝူချင်းချန်း၏ကြောင်တောင်တောင်ဖြစ်နေသော အမူအရာကိုကြည့်ကာ မျက်ခုံးပင့်လိုက်သည်။

"အဆင်မပြေလို့လား” ထိုသို့ မဖြစ်နိုင်ပေ။

သူမသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းပြီးကတည်းက ကော်ပီကူးယူရာတွင် ကျရှုံးသည့် အကြိမ်အရေအတွက်မှာ လျော့နည်းသွားခဲ့သည်။

"သုံးလို့ မရလို့လား”

"မဟုတ်ပါဘူး၊ ကျန်တဲ့ လေးပုံကိုပါ တစ်ခါတည်းတပ်လိုက်ရမလားလို့ ဝေခွဲမရဖြစ်နေတာပါ”

သို့ဆိုလျှင် သူမတွင် မြို့တော်ကိုညှို့ယူနိုင်သော အကစွမ်းရည် ငါးဆရှိလာပေလိမ့်မည်။

"..."

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

ကချေသည်ခန်းမမှ အဖွဲ့ကိုဦးဆောင်လာသော အကြီးအကဲကျောက်ယွီမှာ မဟာကျင့်ကြံသူဖြစ်သော်လည်း သူမအား တားဆီးရမလား သို့မဟုတ် ဖျောင်းဖျရမလား မသိတော့ပေ။

ဤကဲ့သို့သောအရာမှာ အလွန်ဆွဲဆောင်မှု ရှိလှသည်။

သို့သော်လည်း ကချေသည်ခန်းမ၏နှစ်ပေါင်းနှစ်ရာဟူသော သမိုင်းတိုအတွင်း၌ ဤသို့လုပ်ဆောင်နိုင်ကြောင်း ဖော်ပြခဲ့သည့် တည်ထောင်သူ တစ်ဦးတစ်ယောက်မျှမရှိခဲ့ဖူးပေ။

မှန်ပါသည်၊ ၎င်းမှာ ကချေသည်ခန်းမ၏မည်သည့် တည်ထောင်သူမှ ထပ်တူညီသော ဝိညာဉ်စွမ်းအင်အသိအမြင် ငါးခုကို တစ်ပြိုင်နက်တည်းမပိုင်ဆိုင်ခဲ့ဖူးသောကြောင့်လည်း ဖြစ်နိုင်သည်။

၎င်းတို့ကို အမှန်တကယ်ပေါင်းစပ်နိုင်ပါမည်လော ?

အကြီးအကဲကျောက်ယွီမှာ ထိုစကားကို ကြားသောအခါ ကိုယ်တိုင် စမ်းသပ်ကြည့်ချင်စိတ် ပြင်းပြလာသည်။

"ရှောင်ချင်း၊ စိတ်မလောနဲ့ဦး”

"ဒီလို စမ်းသပ်မှုမျိုးတွေကို လုပ်ရတာ ငြီးငွေ့နေပြီဖြစ်တဲ့ ငါ့လို အကြီးအကဲကိုပဲ အရင်စမ်းခွင့်ပေးပါ”

ဝူချင်းချန်း: "..."

အကြီးအကဲရဲ့မျက်လုံးတွေက အသက်ရှင်ရတာငြီးငွေ့နေတဲ့ပုံနဲ့ လုံးဝမတူပါဘူး။

ဆရာမစုကျိုမှာမူ ကချေသည်ခန်းမ၏စမ်းသပ်ခံအဖြစ် မိမိဘာသာ စေတနာ့ဝန်ထမ်းလုပ်ဆောင်လိုသည့် စိတ်ဓာတ်ကို အလွန်ပင် လေးစားမိသည်။

စုရှင်းချိန်နှင့် စုကျိကျိတို့မှာမူ မအောင်မြင်ခဲ့ကြပေ။

သူမတွင်လည်း 'အချိန်ပါရမီ' ကိုးပုံရှိသော်လည်း၊ သစ်သားစွမ်းအင်အခြေခံသော ကလေးနှစ်ဦးအတွက် အချိန်နိယာမ ဝိညာဉ်စွမ်းအင် တစ်ပုံကိုပင် တတ်မြောက်ရန်မှာ ခက်ခဲလှသည်။

ကိုးပုံစလုံးကို ပေါင်းစပ်ရန်မှာမူ ဆိုဖွယ်ရာမရှိတော့ပေ။

ဝူချင်းချန်းကဲ့သို့ မိမိမူလပါရမီနှင့် ရင်းနှီးပြီးသားဖြစ်သော ကျင့်ကြံသူတစ်ဦးကဆင်တူသော အရာငါးခုကို ပေါင်းစပ်လိုက်ပါက ဘာဖြစ်လာမည်ကို စုကျို မသိပေ။

"ကောင်းပြီလေ၊ ပစ္စည်းတွေ ပို့ပေးပြီးပြီဆိုတော့ ကျွန်မ ဝိညာဉ်ပိုးဖလံဂေဟာ်ကိုပြန်တော့မယ်”

စုကျိုက မတ်တပ်ရပ်လိုက်ကာ သူ့ အဝတ်အစားများပေါ်မှ ဖုန်မှုန့်များကို အသာအယာ ခါထုတ်လိုက်သည်။

မျောက်များ၏အသည်းအသန် ဦးတိုက်မှုကြောင့် ထွက်ပေါ်လာသော ဖုန်မှုန့်များကိုမူ ရှောင်လွှဲ၍မရနိုင်ပေ။

"ရော့” စုကျိုက သိုလှောင်လက်စွပ် တစ်ခုလုံးကို ဝူချင်းချန်းလက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။

"ဒီထဲမှာ မင်းရဲ့အခြေခံအုတ်မြစ်၊ ဒန်တျန်နဲ့ တခြား နောက်ဆက်တွဲ ပါရမီတွေအပါအဝင် ကော်ပီ ငါးစုံပါတယ်”

"...အာ” ဝူချင်းချန်း ဆွံ့အသွားသည်။

စုကျိုက သိုလှောင်လက်စွပ်ကို ညွှန်ပြလိုက်သည်။

"မင်းရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကတော့ အနည်းငယ် လျော့နည်းသွားနိုင်တယ်”

အကြောင်းမှာ ၎င်းတို့အားလုံးကို သစ်သားဖြင့် ပြုလုပ်ထားသောကြောင့် ဖြစ်သည်။

"ချင်းချန်း၊ နင့်ဘာသာ နင်ပဲ အဖြေရှာကြည့်လိုက်တော့”

စုကျိုက ပစ္စည်းများကို သူမထံ လွှဲပြောင်းပေးလိုက်ရာ ချန်ယွမ်က ကိုယ်ကိုကိုင်းပေးလိုက်သဖြင့် သူမက သူ၏ကျောပေါ်သို့ တက်လိုက်သည်။

ပြိုင်ပွဲမှာ အလွန်ပင် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းခဲ့ပြီး တိုက်ခိုက်ခဲ့သောကချေသည်ခန်းမမှ တပည့်ငါးဦးနှင့် အခြားသော ပရိသတ်များအားလုံး အလွန်ပင်ပန်းနွမ်းနယ်နေကြသည်ကို စုကျို မြင်တွေ့နိုင်ပါသည်။

၎င်းတို့မှာ အနားယူရန်၊ စိတ်ကို တည်ငြိမ်စေရန်နှင့် ခန္ဓာကိုယ်ပြန်လည်ကျန်းမာလာရန် လိုအပ်နေကြသည်။

သူမ ထိုနေရာတွင် ရှိနေခြင်းက ၎င်းတို့ပြန်လည်ထူထောင်ရေးအတွက် အထောက်အကူဖြစ်မည်မဟုတ်ပေ။

စုကျိုက ချန်ယွမ်၏ ပုခုံးပေါ်တွင် သူ့ လက်ကို အသာအယာတင်လိုက်သည်။

"နင်တို့ အနားယူတာကို ကျွန်မ မနှောင့်ယှက်တော့ပါဘူး”

"ဟာ၊ ဒါကတော့..."

ဝူချင်းချန်းနှင့် သူ့ ညီမငယ်များမှာ ဟင်းလင်းပြင်သို့ လက်လှမ်းမိမတတ်ဖြစ်သွားကြသည်။

မနှောင့်ယှက်ပါဘူး။

"လုံးဝ မနှောင့်ယှက်ပါဘူး”

၎င်းတို့တွင် မေးစရာ မေးခွန်းများစွာရှိနေသေးသည်မဟုတ်ပါလား။

"ကျွန်မ ဆရာမစုရဲ့ သင်ခန်းစာတွေကို နားထောင်ရင်းနဲ့ ပြန်ကျန်းမာလာအောင်လုပ်လို့ရပါတယ်” ဟု ဝူချင်းချန်းက အားနည်းသော အသံဖြင့်ပြောလိုက်သည်။

သူမမှာ အမှန်တကယ်ပင် သက်သာနေပြီဟုခံစားနေရသည်။

သူမတွင် မည်သည့် မေးခွန်းများရှိနိုင်ဦးမည်နည်း။

သူမတွင် အခြေခံအုတ်မြစ်ကိုငါးပုံတောင် ရှိနေပြီ ဖြစ်သည်။

"အဲ... မျောက်ဘုရင် လုသွားတဲ့ဟာကိုရော... လိုချင်သေးလား..." ဟု ရှန်းပုတယ်က ခေါင်းပြူထွက်ကာ မေးလိုက်သည်။

ဝူချင်းချန်းမှာ မရေမရာဖြစ်နေသော မျက်နှာထားပေါ်လာသည်။

နောက်ဆုံးတွင် ရှန်းပုတယ်ကစေးနှဲစွာဖြင့် သူမအတွက် မျောက်ဘုရင်ဂိုဏ်းမှလူများကို ဆက်လက် နှိပ်စက်တောင်းဆိုနေခဲ့သည်။

တစ်ချိန်တည်းမှာပင် အကြီးအကဲကျောက်ယွီမှာ မတ်တပ်ရပ်လိုက်ပြီး ယဉ်ကျေးသိမ်မွေ့သော လှုပ်ရှားမှုတစ်ခုနှင့်အတူ ၎င်းတို့အားလုံးကို အနားယူရာတည်းခိုခန်းသို့ ခေါ်ဆောင်သွားတော့သည်။

ကွင်းအတွင်းရှိ ပရိသတ်များနှင့် ထုတ်လွှင့်မှုမှတစ်ဆင့် ကြည့်ရှုနေသူများမှာမူ ဆွံ့အလျက် ကျန်ရစ်ခဲ့ကြသည်။

[သောက်ကျိုးနည်း၊]

[ဘာလဲ၊ ငါ မြင်တာ မှန်ရဲ့လား၊ အခြေခံအုတ်မြစ်ကိုငါးခုတောင်လား၊]

[သူမ အခုပဲ ဘာပြောသွားတာလဲ၊ ငါးခုတောင် ပြုလုပ်ခဲ့တာလား၊]

[ဝိညာဉ်ပိုးဖလံဂေဟာကလား၊]

[ကယ်ကြပါဦး၊ ဝိညာဉ်ပိုးဖလံဂေဟာက ဘယ်မှာ တည်းနေတာလဲ၊]

"မင်း ဘာစောင့်နေတာလဲ အစ်ကို၊ မြန်မြန်သွားပြီး ငါတို့ဂိုဏ်းကို အကြောင်းကြားလိုက်လေ”

"သတင်းပို့ဖို့ အချိန်မရှိတော့ဘူး၊ ငါ အရင်ဆုံး တည်းခိုခန်းကို သွားပြီး ဝိညာဉ်ပိုးဖလံဂေဟာကို ရှာရမယ်”

"ဝူချင်းချန်းရဲ့ အရွယ်တူ သစ်သားရုပ်သေး၊ ငါးယောက်တွဲ ပျံသန်းခြင်းအက အခင်းအကျင်းကို လုပ်နိုင်တဲ့ဟာက ရောင်းဖို့လား”

"ဘယ်မှာ မှာရမှာလဲ”

"သွားစို့၊ တည်းခိုခန်းကို အတူတူ သွားကြမယ်”

ဖီးနစ်မြို့ရှိ ပြိုင်ပွဲဝင်အဖွဲ့များ တည်းခိုရာ တည်းခိုခန်းမှာ ခဏအတွင်းမှာပင် လူအမြောက်အမြား၏ဝိုင်းရံခြင်းကို ခံလိုက်ရသည်။

လူတိုင်းမှာ ဝိညာဉ်ပိုးဖလံဂေဟာနှင့် ကချေသည်ခန်းမတို့၏အခန်းများဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားကြသည်။

အချို့က ရှေ့ဆုံးဂိုဏ်းဆီသို့၊ အချို့က နောက်ဆုံးဂိုဏ်းဆီသို့ ဖြစ်သည်။

နောက်ဆုံးတွင် ၎င်းတို့အားလုံးမှာ ကချေသည်ခန်းမ၏အခန်းတံခါးဝတွင် ပိတ်ဆို့မိနေကြတော့သည်။

၎င်းမှာ အဆင့်မြင့်အခန်းတစ်ခန်းသာ ဖြစ်ပုံရသော်လည်း၊ အတွင်း၌ ကျယ်ပြောလှသော နေရာလွတ်နှင့် ပန်းခြံ နှစ်ခု၊ သုံးခုစာရှိသော ကမ္ဘာငယ်လေးတစ်ခု ရှိနေသည်။

ဤအချိန်တွင် တံခါးမှာ ပိတ်ထားပြီးထူးခြားသော အသံလုံမန္တန်ကိုလည်း အသုံးပြုထားသည်။

သာမန်လူများမှာ အတွင်းမှမည်သည့်အရာကိုမျှ မကြားနိုင်ကြပေ။

သို့သော်လည်း စပ်စုလိုသူများပိုမိုစုရုံးလာသည်နှင့်အမျှ အခြေအနေများပြောင်းလဲလာခဲ့သည်။

"နေဦး၊ ငါ့ရဲ့ ဘိုးဘွားတွေက သော့ဖွင့်ကျွမ်းကျင်တဲ့ ဝိညာဉ်လက်မှုပညာရှင်တွေပဲ၊ ဘယ်တံခါးမှ ငါ့ကိုမတားနိုင်ဘူး”

"မန္တန်ဂိုဏ်း ရောက်နေပြီ၊ သူတို့က အသံလုံမန္တန်ကို ဖျက်ဆီးနိုင်တယ်၊ လမ်းဖယ်ပေးကြစမ်း”

"ခိုးနားထောင်တာနဲ့ တံခါးကို အတင်းဖွင့်တာက မယဉ်ကျေးရာ မကျဘူးလား၊ တကယ်လို့ အဲဒီ အမျိုးသမီးကျင့်ကြံသူ နှစ်ယောက်ကို စိတ်ဆိုးအောင်လုပ်မိရင် ငါတို့လည်း မျောက်ထိန်းဂိုဏ်းလိုပဲ အဖြစ်ဆိုးနဲ့ ကြုံရလိမ့်မယ်၊ ဒါဆိုရင် ပါရမီ ဝိညာဉ်စွမ်းအင်ကို ဝယ်လို့ရပါဦးမလား”

"မလောကြနဲ့ဦး၊ ငါက စကားပြော ဝိညာဉ်ကျင့်ကြံသူပဲ၊ ညီမငယ် စုကျိုနဲ့အေးအေးဆေးဆေး စကားပြောခွင့်ပေးပါဦး”

"ငါက မိုင်တစ်ထောင်အဝေးထိ ကြားနိုင်တဲ့ ဆေးလုံးကို ဖော်စပ်တဲ့သူပဲ၊ ငါ ဒီနေရာမှာတင် ဖော်စပ်နေတာ၊ ဒါက ခိုးနားထောင်တာ မဟုတ်ပါဘူး၊ ငါ့ရဲ့ နားစွမ်းအားက ပိုကောင်းနေရုံတင်ပါ”

"ဒီမှာ နားသန့်စင်တဲ့ ဝိညာဉ်ကျင့်ကြံသူ တစ်ယောက်ရှိတယ်၊ ငါတို့ရဲ့ နားကို သန့်စင်ပေးပြီး နားစွမ်းအားကို မြှင့်ပေးစမ်းပါ”

"..."

၎င်းတို့ဆွေးနွေးမှုအားလုံးကို ကချေသည်ခန်းမ အခန်းအတွင်းမှကြားနေရသည်။

စုကျိုနှင့် အခြားသူများမှာ အရာအားလုံးကို ရှင်းလင်းစွာကြားနေရသည်။

"အတိုချုပ်ပြောရရင် ဒါပါပဲ၊ ငါမွေးထားတဲ့ပိုးဖလံတွေက နင့် တစ်ကိုယ်လုံးကို ကော်ပီလုပ်ထားတာလေ၊ ရှောင်ချင်း၊ အဲဒီနောက်မှာတော့..."

ခဏတာမျှ စုကျိုက ဝူချင်းချန်းနှင့် စကားပြောခြင်းကို ရပ်လိုက်သည်။

ထောင့်တစ်နေရာတွင် ခိုးနားထောင်နေသော ရှန်းဝူချင်းဘက်သို့ လှည့်ကာ စုကျိုက "အစ်ကို ဝူချင်း၊ ဒီတည်းခိုခန်းမှာ စည်းကမ်းထိန်းသိမ်းဖို့ သံမဏိမျက်နှာဖုံး အနေနဲ့ ကူညီပေးလို့ ရမလားဟင်”

ရှန်းဝူချင်း: "..."

တာဝန်ခံ စီနီယာအစ်ကို တစ်ဦးအနေဖြင့် သူသည် မတ်တပ်ရပ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိသော်လည်း သူ၏ မျက်နှာထားမှာ ထူးဆန်းသွားသည်။

စုကျိုက သူ့ကို ဘာလို့ ခေါ်တာလဲ ?

သူမတွင် သူနှင့်တူသော သံမဏိမျက်နှာဖုံး နှစ်ခုတောင် ရှိနေသည်မဟုတ်ပါလား ?

နောက်ဆုံးတစ်ခါက သူမ၏ ရုပ်သေးများကို ဝိညာဉ်ကုန်သည်ဂိုဏ်းမှ ဥပဒေစိုးမိုးရေး အရာရှိများအဖြစ် အသွင်ယူခိုင်းစဉ်က သူမ၏ လုပ်ရပ်များမှာ အလွန်ပင် ကျွမ်းကျင်လှသော်လည်း၊ သူမက သူ့ကိုမခေါ်ခဲ့ပေ။

သက်ပြင်းချမိသည်။

အားကိုးရာမဲ့စွာဖြင့် ရှန်းဝူချင်းက တံခါးကို ဖွင့်လိုက်သည်။

"အားလုံးပဲ ပြန်ကြပါတော့—"

တောက် တောက် တောက်

လူအုပ်ကြီးမှာ သူ့ကို မမြင်သယောင်ဆောင်ကာ သူ့အား ဘေးသို့အတင်းတွန်းဖယ်လိုက်ကြသည်။

"ညီမငယ် စုကျို၊ ညီမငယ်ချင်းချန်း၊ အဲဒီရုပ်သေးငါးခုကို ဘယ်မှာဝယ်တာလဲ ? ရောင်းဖို့ ရှိလားဟင်”

"ညီမငယ် စုကျို၊ မင်းရဲ့ ပါရမီ ဝိညာဉ်စွမ်းအင်ကို ရောင်းမှာလားဟင်”

"..."

ရှန်းဝူချင်းမှာ မြေပြင်ပေါ်တွင် လဲလျောင်းနေကာ သူ့နှုတ်ခမ်းများမှာမူ တွန့်နေတော့သည်။

သူသည် ရွှေအမြုတေအဆင့် အစောပိုင်းတွင်ရှိနေသော်လည်း၊ ဝိညာဉ်လမ်းစဉ် အသီးသီးမှ လူပေါင်းတစ်ရာကျော်က သူ့ကို တစ်ပြိုင်နက်တည်း နင်းခြေတိုက်ခိုက်နေခြင်းကိုမူ သူ မခုခံနိုင်ပေ။

သူသည် စုကျိုပတ်ဝန်းကျင်တွင် စည်းကမ်းထိန်းသိမ်းရန်အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း တစ်ခါမျှမအောင်မြင်ခဲ့ပုံရသည်။

စုကျိုသည်လည်း အခန်းထဲသက်ပြင်းချလိုက်သည်။ သူမသည် မတ်တပ်ရပ်နေသော ယင်လီနှင့် ကျူးပိုင်ယွီတို့ကို ပြန်ထိုင်ရန်နှင့် စိတ်အေးအေးထားရန်ပြောလိုက်သည်။

သူမက လက်နှစ်ဖက်ကို နောက်ပြန်ပူးကာ သက်ပြင်းအသာချလိုက်သည်။

"ကောင်းတယ်၊ ဒါပါပဲ”

"လူတစ်ယောက် နှစ်ယောက်ကိုတော့ တားနိုင်ကောင်း တားနိုင်လိမ့်မယ်၊ ဒါပေမဲ့ လူသန်းပေါင်းများစွာရဲ့ ခြေလှမ်းတွေကိုတော့ မင်း တားနိုင်ပါ့မလား”

သူ့ စကားကြောင့် အခန်းထဲရှိ လူတိုင်းမှာ နှုတ်ခမ်းတွန့်သွားကြသည်။

ရှန်းဝူချင်းမှာမူ ရုတ်တရက် အောက်မှပြန်မထချင်တော့ပေ။

စုကျို လှည့်လိုက်ပြီး အကြီးအကဲကျောက်ယွီနှင့် ဝူချင်းချန်းတို့ ခြံရံလျက် အတွင်းခန်းမှ အပြင်ခန်းသို့လျှောက်လာခဲ့သည်။ သူ အပြင်ခန်းတွင် ယဉ်ကျေးစွာစုရုံးနေကြသော စိတ်အားထက်သန်သည့် 'ဖောက်သည်များ' ကိုခေါင်းညိတ်ပြလိုက်သည်။

All Chapters