အခန်း (၁၅၉)
Vol. 16 Ch. 159
🥝 Chapter 159
ပရိသတ်အားလုံးမှာ အံ့အားသင့်စွာဖြင့် အသက်ရှူမှားကုန်ကြသည်။ မိုင်တစ်ထောင်အဝေးထိမြင်နိုင်သော ဆေးလုံးများကို စားမပြီးသေးသူများမှာ ဆေးလုံးများကိုပါးစပ်ထဲသို့ အလျင်အစလိုထိုးထည့်လိုက်ကြပြီးနောက် မျက်လုံးပြူးကာ စိုက်ကြည့်နေကြ တော့သည်။
မိမိတို့၏အမြင်အာရုံကို ယုံကြည်ပြီး ဆေးလုံးတစ်လုံးမှ မဝယ်ခဲ့သူအချို့မှာမူ မိမိတို့ပေါင်ကို နာကျင်အောင် ရိုက်နေကြတော့သည်။
"ငါ မြင်တာ မှားလို့လား၊ မင်း ဘာမြင်လဲ အစ်ကို”
ဆေးလုံးစားထားသူရော မစားထားသူပါ လူတိုင်း မျက်လုံးများကိုပွတ်နေကြသည်။
ဘာလို့ အားကစားကွင်းထဲမှာ ဝူချင်းချန်း ငါးယောက်တောင် ရှိနေရတာလဲ ?
မူလလူကိုပါ ပေါင်းလိုက်ရင် အခု ခြောက်ယောက်ရှိနေပြီဖြစ်သည်။
ဘာမှမသိသော ပရိသတ်များသာမက ကချေသည်ခန်းမမှ အကြီးအကဲကျောက်ယွီနှင့် သူ့ တပည့်မလေးများပင်လျှင် အိပ်မက်မက်နေသကဲ့သို့ ဆွံ့အကုန်ကြသည်။
ရှန်းဝူချင်းမှာမူ ၎င်းတို့နှင့်အတူထိုင်နေကာ သူသည် နောက်ဆုံးတွင် သူနှင့်အဆင့်တူသော လူများကိုရှာတွေ့ပြီဟု ခံစားလိုက်ရ သည်။
ကချေသည်ခန်းမနှင့်အတူ လိုက်ပါလာသော သူ့ စီနီယာအစ်မရှန်းပုတယ်နှင့်အတူ ၎င်းတို့သည် တစ်ပြိုင်နက်တည်း "အာ” ဟု အံ့သြသံများထွက်ပေါ်လာကြသည်။
"ဒါတွေက လူသားရုပ်သေးတွေလား” ဟု တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
သို့သော် ထိုအသံမှာ ချက်ချင်းရပ်တန့်သွားသည်။
ဘာလို့လဲဆိုတော့ အားကစားကွင်း၏ဝဲပျံနေသော သဲဝါရောင်များကြားတွင်၊ စုကျို ဘေးနား၌ ညှို့ယူဖမ်းစားနိုင်သော အလှတရားများရှိသည့် ပုံရိပ်ငါးခုပေါ်လာကာ အဆက်မပြတ် ကခုန်နေကြသောကြောင့်ပင်။
သူမတို့၏ တစ်ဖက်မှဖျော်ဖြေရေးဂိုဏ်းမှ အဖွဲ့ဝင် ငါးဦးနှင့် ၎င်းတို့မျောက်အကောင်ပေါင်းတစ်ရာမှာ ချက်ချင်းမှောက်ခုံဖြစ်သွားကြ တော့သည်။
ညှို့ယူဖမ်းစားနိုင်သော အကတစ်ခါမှာ ကမ္ဘာကြီးကိုညှို့ယူထားသည်။
ညှို့ယူဖမ်းစားနိုင်သော အကနှစ်ခါမှာ မှောက်ခုံဖြစ်နေသော ကမ္ဘာကြီးကိုပြန်လည်တည့်မတ်ပေးသည်။
အကသုံးခါကျပြန်တော့... ထပ်ပြီး မှောက်ခုံဖြစ်ပြန်ရော...
...
တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး... ဤနေရာတွင် ညှို့ယူဖမ်းစားနိုင်သော အလှနတ်သမီးငါးဦးရှိနေကာ အဆက်မပြတ်ကခုန်နေကြခြင်း ဖြစ်သည်။
မျောက်ထိန်းဂိုဏ်းမှ အဖွဲ့ဝင် ငါးဦး၊ မျောက်အုပ်ကြီး၊ ပြီးတော့ စာစစ်သူ စီနီယာအစ်မ၏ တတိယအဆင့်ရှိသော ဝတ်ရုံအနား သတ်များပင်လျှင် ခေါင်းဖြင့်တစ်လှည့်၊ ခြေထောက်ဖြင့်တစ်လှည့်စီ အသည်းအသန်လှုပ်ရှားနေကြရကာ... ရပ်တန့်၍ မရနိုင်တော့ပေ။
"ဘယ်... လို... လုပ်... ပြီး... လဲ”
ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း
မျောက်ထိန်းဂိုဏ်းမှ အဖွဲ့ဝင် ငါးဦးမှာ ဒလက်များကဲ့သို့လည်ပတ်နေကြကာ၊ ၎င်းတို့၏ခန္ဓာကိုယ်များမှာ ထိန်းချုပ်မရတော့ဘဲ ၎င်းတို့နဖူးများမှာ မြေပြင်ပေါ်သို့ ထပ်ခါတလဲလဲဆောင့်မိနေတော့သည်။
၎င်းတို့ စကားလုံးများမှာလည်း ပြတ်တောင်းပြတ်တောင်းဖြစ်နေကြသည်။
၎င်းတို့မှာ ၁၈၀ ဒီဂရီ တစ်ခါလှည့်လိုက်၊ နောက်ထပ် ၁၈၀ ဒီဂရီ ထပ်လှည့်လိုက်နှင့်... အန်ကုန်ကြတော့သည်။
ခန္ဓာကိုယ်လေ့ကျင့်မှု မလုံလောက်သောသူများမှာ မူးဝေပြီးပျို့အန်နေကြပြီ ဖြစ်သည်။
"..."
အခြေခံအုတ်မြစ် ဆုံးရှုံးသွားခဲ့ပြီး စောစောကတည်းက မတ်တပ်ရပ်နိုင်စွမ်းမရှိတော့သော ဝူချင်းချန်းမှာမူ ခေါင်းကိုနောက်သို့ လှန်လျက်ထိုင်နေကာ၊ သူ့ ပါးစပ်လေးမှာလည်း တဖြည်းဖြည်းဟလာတော့သည်။
ဒါဆိုရင် 'သူမ' ငါးယောက် တစ်ပြိုင်နက်တည်းကရင် ဒီလို သက်ရောက်မှုမျိုးရှိတာလား ?
သူမ၏အခြေခံအုတ်မြစ်မှာ အတူတူပူးပေါင်းအသုံးပြုတဲ့အခါမှာ ပိုပြီးတော့တောင်ထိရောက်တာပဲ။
သူမအနေနဲ့ ပုံရိပ်ယောင် ငါးခု သို့မဟုတ် ထိုထက်မကကို ဖန်တီးပြီး အတူတူကပြခိုင်းသင့်တာပဲ၊ ဒါမှ ပြိုင်ဘက်တွေက အကြိမ်ကြိမ်အတိုက်ခံရပြီး ဒီလို ပြောင်းပြန်လှန်တဲ့ သံသရာထဲကနေမလွတ်မြောက်နိုင်မှာ…
"ဘုန်း—"
ပို၍အားနည်းသော မျောက်မှာ ဆက်ပြီး မတောင့်ခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့လဲကျသွားသည်။
ဖျော်ဖြေရေးဂိုဏ်းမှ အဖွဲ့ဝင်ငါးဦးမှာလည်း မြေပြင်ပေါ်သို့ ၎င်းတို့နဖူးများကို ထပ်ခါတလဲလဲ ဆောင့်မိနေကြကာ၊ ၎င်းတို့ နဖူးများမှာ ရောင်ကိုင်းလာပြီး သွေးများအမြောက်အမြားထွက်လာတော့သည်။
သာမန်မြေကြီးများမှာ ကျင့်ကြံသူတစ်ဦး၏အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိသော ခန္ဓာကိုယ်ခုခံအားကို ဖောက်ထွက်နိုင် စွမ်းမရှိပေ။၊
ဒါပေမဲ့ ဒါက သာမန်မြေကြီးမဟုတ်ပေ။ ဒါက ဖီးနစ်မြို့ရှိ ဝိညာဉ်ကုန်သည်အသင်းက ပြိုင်ပွဲကြီးအတွက် အထူးပြင်ဆင်ထားတဲ့ တိုက်ပွဲအားကစားကွင်း ဖြစ်သည်။
၎င်းမှာ သာမန်မြေကြီးနှင့် တူသော်လည်း၊ ပရိသတ်များကို ကာကွယ်ရန်အတွက် အပိုင်းတိုင်းကို အထူး ခုခံရေးမန္တန်များဖြင့် ကာကွယ်ထားခြင်း ဖြစ်သည်။
အင်အားအကောင်းဆုံး ဦးခေါင်းပင်လျှင် မြေပြင်နှင့်ကောင်းကင်ကို ဖောက်ထွက်ပြီး ပရိသတ်များဆီသို့ လွင့်မထွက်နိုင်ပေ။
ထို့ကြောင့် မြေကြီးမှာ ဦးခေါင်းထက် ပိုမာကျောနေခြင်းဖြစ်သည်။
ဖျော်ဖြေရေးဂိုဏ်းမှအဖွဲ့မှာ စုကျို သို့မဟုတ် သူ့နောက်မှ ဝူချင်းချန်းကိုပင် မထိရသေးဘဲ ဒဏ်ရာများရနေကြပြီ ဖြစ်သည်။
စုကျိုကမူ လက်နှစ်ဖက်ကိုနောက်ပြန်ပူးကာ ရပ်နေသည်။
"ဟေး၊ ကျွန်မက လမ်းသွားလမ်းလာ တစ်ယောက်ပါ၊ ရှင်တို့ ဂိုဏ်းနှစ်ခုရဲ့ တိုက်ပွဲမှာ ဝင်ပါဖို့ဆန္ဒမရှိခဲ့ပါဘူး”
"???"
ဖျော်ဖြေရေးဂိုဏ်းမှ အဖွဲ့ဝင်ငါးဦးမှာ သွေးအန်ချင်စိတ်ပေါက်သွားကြသည်။
အထူးသဖြင့် ၎င်းတို့အဖွဲ့မှ အဖွဲ့ဝင်လေးဦးမှာ ၎င်းတို့ခေါင်းဆောင်ပေါ်သို့ အန်ချင်နေကြခြင်း ဖြစ်သည်။
မူလက ၎င်းတို့သည် မတ်ပင်မရပ်နိုင်ဘဲ ဒုက္ခိတဖြစ်လုနီးပါးဖြစ်နေသော ဝူချင်းချန်းနှင့် တိုက်ခိုက်ရမှာဖြစ်သည်။
ဒါတွေအားလုံးက ၎င်းတို့ ခေါင်းဆောင်၏စကားမစပ်မှုကြောင့် ပါဆယ်ပို့တဲ့သူကိုခေါ်လိုက်မိလို့သာ…
ဝူချင်းချန်းကို ရှုံးနိမ့်ရခြင်းမှာ ပုံမှန်ရလဒ်ဖြစ်သည်။
ယခုမူ ၎င်းတို့ မသိသော ပါဆယ်ပို့တဲ့သူ တစ်ယောက်ကိုရှုံးနိမ့်လိုက်ရခြင်းဖြစ်သည်။
အဆိုးဆုံးမှာ ၎င်းတို့မှာ သူမ၏ လက်ချောင်းလေး တစ်ချောင်းကိုပင် မထိလိုက်ရခြင်းဖြစ်သည်၊
"လာကြပါ” စုကျိုက ၎င်းတို့အား စာနာစွာဖြင့် အချက်ပြလိုက်သည်။
"တရားမျှတစွာနဲ့ ဒါကို အဆုံးသတ်ကြရအောင်”
ကခုန်နေကြသော 'ဝူချင်းချန်း' ပုံရိပ် ငါးခုမှာ နောက်ဆုံးတွင် ယဉ်ကျေးသိမ်မွေ့စွာရပ်တန့်သွားကြသဖြင့် ဖျော်ဖြေရေးဂိုဏ်းမှာ အမောဖြေရန် အခွင့်အရေးရရှိသွားကြသည်။
ဖျော်ဖြေရေးဂိုဏ်းမှ အဖွဲ့ဝင် ငါးဦးမှာ အချင်းချင်းအကြည့်ဖလှယ်လိုက်ကြပြီး ၎င်းတို့ နဖူးမှသွေးများကို သုတ်ကာ ချက်ချင်းပင် လူစုခွဲလိုက်ပြီး စုကျိုထံသို့ပြေးဝင်လာကြတော့သည်၊
သို့သော် စုကျိုက သူ့ ဘယ်ဘက်လက်ကို ဆန့်ထုတ်ကာ ၎င်းတို့အား ညွှန်ပြလိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။
"ရှောင်ချင်း၊ သွားတော့”
"???"
"ကချေသည်ခန်းမရဲ့အမြင့်ဆုံးနည်းစနစ်— ပျံသန်းခြင်းအကကို သုံးလိုက်”
အမှန်အတိုင်းပြောရလျှင်၊ ဖျော်ဖြေရေးဂိုဏ်းမှ အဖွဲ့ဝင်ငါးဦးမှာ အံ့သြသော မျက်နှာထားဖြစ်သွားကြပြီး မြေပြင်ပေါ်ရှိ ဝူချင်းချန်းကို သတိကြီးစွာဖြင့်ကြည့်လိုက်ကြသည်၊
မြေပြင်ပေါ်တွင် လဲလျောင်းကာပွဲကြည့်နေသော ဝူချင်းချန်းပင်လျှင် ထိတ်လန့်သော မျက်နှာထားဖြစ်သွားသည်။
ထို့နောက် သူမက သူ့ကိုယ် သူ ဇဝေဇဝါဖြင့်ညွှန်ပြလိုက်သည်၊ "?"
နေဦး…
ဆရာမစုက သူမကို ခေါ်တာလား ဒါမှမဟုတ် ဟိုငါးယောက်ကို ခေါ်တာလား ??
ဝူချင်းချန်းက မေးမြန်းရန် လက်မြှောက်လိုက်သည်။
သို့သော် ခဏအတွင်းမှာပင် သူမနှင့် တစ်ထေရာတည်း တူနေသော ပုံရိပ်ငါးခုမှာ ပျံသန်းခြင်းအက၏ငါးယောက်တွဲ အခင်းအကျင်း အတိုင်း သက်ဆိုင်ရာနေရာများတွင် ရပ်လိုက်ကြပြီးဖြစ်သည်။
"ကောင်းကင်ယံသို့ ပျံသန်းခြင်း”
ကချေသည်ခန်းမ၏ ငါးယောက်တွဲအခင်းအကျင်းမှ အမြင့်ဆုံးနည်းစနစ်
အကယ်၍ အခင်းအကျင်းတွင် ပါဝင်သူ ငါးဦးစလုံးသည် ခန္ဓာကိုယ်တည်ဆောက်ပုံ၊ ကခုန်ပုံ၊ အရှိန်အဝါ၊ အသက်အရွယ်၊ ကြံ့ခိုင်မှု၊ ကျင့်စဉ်အဆင့်နှင့် နည်းစနစ်ကျွမ်းကျင်မှုတို့တွင် ထပ်တူကျနေမည်ဆိုပါက၊ ၎င်းတို့သည် ပေါင်းစပ်အင်အား၏နှစ်ဆသော စွမ်းအား ကိုထုတ်ဖော်နိုင်လိမ့်မည်ဖြစ်သည်။
ဒါအတွက် ကချေသည်ခန်းမမှ ငါးယောက်တွဲအဖွဲ့သည် နေ့ညမပြတ် အတူတူ လေ့ကျင့်ခဲ့ကြကာ ၎င်းတို့၏ လုပ်ငန်းဆောင်ရွက် မှုများကို ညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်။
ထို့ပြင် ယခုအကြိမ်ပါဝင်သော ညီမငယ်များအားလုံးမှာလည်း အရပ်အမောင်း၊ အသက်အရွယ်နှင့် ကျင့်စဉ်အဆင့်တို့တွင် ဆင်တူကြသည်။
သို့သော်လည်း အရင်လေ့ကျင့်စဉ်များတွင် ၎င်းတို့သည် ၎င်းတို့၏စွမ်းအား ၅၀ ရာခိုင်နှုန်းအထိသာ ထုတ်ဖော်နိုင်ခဲ့ကြသည်။
၎င်းတို့အင်အားကို ဘယ်တော့မှ နှစ်ဆမဖြစ်စေနိုင်ခဲ့ပေ။
သို့သော် ယနေ့တွင် ကောင်းကင်ယံသို့ ပျံသန်းခြင်းအက အခင်းအကျင်းကို ကျင့်စဉ်အဆင့်၊ ခန္ဓာကိုယ် တည်ဆောက်ပုံနှင့် ကခုန်ပုံတို့ လုံးဝ ထပ်တူကျနေသော 'အလှနတ်သမီး' ငါးဦးက တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။
ခဏအတွင်းမှာပင် သဲဝါရောင်များဖြင့် ပြည့်နှက်နေသော အားကစားကွင်းတစ်ခုလုံးမှာ ပန်းပွင့်များကြွေကျနေသော နေရာတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
ဖျော်ဖြေရေးဂိုဏ်းမှ အဖွဲ့ဝင်များ အပါအဝင် ပရိသတ်အားလုံးမှာ အင်မတန်လှပပြီး ညှို့ယူနိုင်သော အကတစ်ခုကို မြင်တွေ့လိုက် ရသကဲ့သို့ခံစားလိုက်ရသည်။
ခဏအတွင်းမှာပင် ယဉ်ကျေးသိမ်မွေ့သောကချေသည် ငါးဦးမှာ ၁၀ ပေ မြင့်မားသော ဧရာမ သတ္တဝါကြီးများအဖြစ် ပြောင်းလဲသွားကာ၊ ဖျော်ဖြေရေးဂိုဏ်းမှ အဖွဲ့ဝင်ငါးဦးကို ၎င်းတို့ခြေထောက်အောက်တွင် နင်းခြေလိုက်ကြတော့သည်။
[!!]
[?]
[...]
ပရိသတ်ထိုင်ခုံပေါ်ရှိ အကြီးအကဲကျောက်ယွီသည် စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ရပ်လိုက်သည်။
နှစ်ပေါင်းများစွာအတွင်း သူမသည် ဤကဲ့သို့သော အကပညာရှင်ကြီးတစ်ဦးကို မတွေ့ခဲ့ရဖူးပေ။
"မြန်မြန်မှတ်ထားကြ မှတ်မိရဲ့လား ? ဒါဟာ အခင်းအကျင်းကို ဘယ်လိုဖော်ဆောင်ရမလဲဆိုတဲ့ နည်းလမ်းပဲ”
ပရိသတ်ထိုင်ခုံပေါ်ရှိ ကချေသည်ခန်းမမှ ညီမငယ်များအားလုံးသည် စိတ်လှုပ်ရှားစွာဖြင့် စက္ကူနှင့်ကလောင်များကို ထုတ်ယူကာ အမြန်ပင် မှတ်သားနေကြတော့သည်။
ရှန်းဝူချင်း: "..."
ရှန်းပုတယ်: "..."
နေဦး..
စုကျိုက တကယ်ပဲ မင်းတို့ကချေသည်ခန်းမရဲ့ သင်တန်းကို စတင်သင်ကြားပေးနေတာလား ??
တစ်ချိန်တည်းမှာပင် အားကစားကွင်း၌ စုကျိုခြေလှမ်းများသည် လျှပ်စီးကဲ့သို့ လျင်မြန်လှသည်။
ခဏအတွင်းမှာပင် ၁၀ ပေ မြင့်သော ကချေသည် ဧရာမ သတ္တဝါကြီးမှာ ၎င်းခြေထောက်များကို မြှောက်လိုက်ကာ ဖျော်ဖြေရေး ဂိုဏ်းမှ အဖွဲ့ဝင် ငါးဦးကို မြေပြင်ပေါ်သို့ နင်းခြေလိုက်ရာ ၎င်းတို့မှာ သေလုမတတ်ဖြစ်သွားကြတော့သည်။
ငါးဦးစလုံး သတိလစ်သွားကြသည်။
ရုတ်တရက် ၎င်းတို့သည် အားကစားကွင်းအပြင်ဘက်ရှိ အရေးပေါ်ဆေးကုသရေးဌာနသို့ ပို့ဆောင်ခြင်း ခံလိုက်ရသည်။
အားကစားကွင်းအတွင်း၌ လူနှစ်ဦးသာကျန်ရစ်တော့သည်။
အကခန်းမ— ဝူချင်းချန်း၊ နှင့် အကခန်းမကခေါ်လိုက်သော ပါဆယ်ပို့သူ— စုကျို
"..."
ရွှေအမြုတေအဆင့်ရှိသော ဒိုင်လူကြီးမှာ ချက်ချင်း သူ့လက်အင်္ကျီအိတ်ထဲမှ ဖန်မျက်မှန်များကိုထုတ်ကာတပ်လိုက်သည်။
သူမ စစ်ဆေးလိုက်ပြီး အားကစားကွင်းအတွင်း မျောက်ထိန်းဂိုဏ်းဝင်များ လုံးဝမကျန်တော့ကြောင်း အတည်ပြုလိုက်သည်။
မျောက်များမှာလည်း ၎င်းတို့ ငါးဦးနှင့်အတူ သတိလစ်သွားပြီးနောက် ၎င်းတို့သားရဲထိန်းကျောင်းရေး လက်စွပ်များအတွင်းသို့ ပျောက်ကွယ်သွားကြပြီဖြစ်သည်။
"ဟင်... အနိုင်ရသူ— အကခန်းမ”
သူမသည် စည်းမျဉ်းအတိုင်း ရလဒ်ကို ကြေညာလိုက်သည်။
ဟုတ်တယ် မဟုတ်လား ?
ဒိုင်လူကြီးမှာလည်း အနည်းငယ် မရေမရာဖြစ်နေသည်။
သို့သော် သူမက ယုံကြည်မှုရှိရှိဖြင့် ချက်ချင်းခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ ပြဿနာ မရှိဘူး”
ဝိညာဉ်ပိုးဖလံဆောင်က အနိုင်ရတာမျိုးတော့ မဖြစ်နိုင်ပါဘူး။
ဝိညာဉ်ပိုးဖလံဆောင်က ထိပ်ဆုံးသုံးဆယ့်နှစ်သင်းစာရင်းထဲမှာ ပါပြီးသားလေ…
ဒိုင်လူကြီးက ရလဒ်ကို ကြေညာပြီးနောက် တစ်ခဏအတွင်းမှာပင် ပျောက်ကွယ်သွားကာ မည်သည့်ကန့်ကွက်မှုကိုမျှ လက်မခံတော့ပေ။
အားကစားကွင်း အလယ်ဗဟိုတွင်ကျန်ရစ်သော စုကျိုသည်လည်း ဝူချင်းချန်းနှင့်အတူ အနိုင်ရသူများအဖြစ် အပြင်သို့ ပို့ဆောင်ခြင်း ခံလိုက်ရသည်။
ချက်ချင်းဆိုသလို အကခန်းမမှ လူတိုင်း ၎င်းတို့အားဝိုင်းအုံလိုက်ကြတော့သည်၊
"ဆရာမစု”
"စီနီယာအစ်မ၊ ကျွန်မတို့ နိုင်ပြီ”
"တကယ်ကို အံ့သြဖို့ကောင်းတာပဲ... စီနီယာအစ်မ ငါးယောက်တောင်”
၎င်းတို့အဖွဲ့နောက်သို့ လိုက်ပါရန် တာဝန်ရှိသော ရှန်းပုတယ်မှာ ဖျော်ဖြေရေးဂိုဏ်းထံသို့ ချက်ချင်းခုန်ပျံသွားတော့သည်။ တစ်ဖက်မှ အကြီးအကဲများ၏ကန့်ကွက်မှုကို ဂရုမစိုက်ဘဲ၊ သူမသည် သတိလစ်နေသော ဖျော်ဖြေရေးဂိုဏ်းခေါင်းဆောင်၏ကော်လာကို ဒေါသတကြီး ဆွဲလိုက်ကာ သူ မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်အထိ အပြင်းအထန်လှုပ်ခါလိုက်သည်။
"နိုးစမ်း”
"မျောက်ဘုရင်ကိုခေါ်လိုက်၊ ပြီးတော့ သူ့အခြေခံအုတ်မြစ်ကိုပြန်ပေးစမ်း—"
သို့သော် သူမ သူ့အားမနှိုးနိုင်ခင်မှာပင် သူ့နောက်ဘက်မှ ကချေသည် ညီမငယ်များ၏အာမေဍိတ်သံများနှင့် အောင်ပွဲခံသံများကို ကြားလိုက်ရသည်။
ရှန်းပုတယ် ချက်ချင်းလှည့်ကြည့်လိုက်သည်။
သူမသည် သူ့ မောင်ငယ်ရှန်းဝူချင်း၏အံ့အားသင့်ဖွယ် အကြည့်အောက်တွင် စုကျိုမှာ လူသားပုံစံ 'ညှို့ယူဖမ်းစားနိုင်သော' ပုံရိပ် ငါးခုကို သူမ သိုလှောင်လက်စွပ်ထဲသို့ပြန်ထည့်နေသည်ကို တွေ့လိုက်ရသည်။ သို့သော် လမ်းတစ်ဝက်တွင် တစ်ခုကိုအမြန် ပြန်ဆွဲထုတ်လိုက်သည်။
ဖြောက်ခနဲ မြည်သံနှင့်အတူ ၎င်း ဦးခေါင်းမှာ ပွင့်ထွက်သွားတော့သည်။
ရှန်းပုတယ် စိုက်ကြည့်လိုက်ပြီးနောက် အသေအချာမြင်လိုက်ရသောအခါမှ သက်ပြင်းချနိုင်တော့သည်။ ထင်ရှားသည်မှာ ဤ 'ညှို့ယူဖမ်းစားနိုင်သော' ပုံရိပ်များမှာ အလွန်ဆင်တူလှသော ရုပ်ရည်ရှိသည့် သစ်သားရုပ်သေးများသာဖြစ်ကြသည်။
၎င်းတို့ ဦးခေါင်းနှင့် ခန္ဓာကိုယ်များကို ကစားစရာ အရုပ်များကဲ့သို့ တပ်ဆင်ထားခြင်းဖြစ်သည်။
သို့သော် မကြာမီ စုကျိုသည် ပွင့်ထွက်သွားသော အရုပ်များထဲမှမြူခိုးများကြားတွင် အဆက်မပြတ်လည်ပတ်ကာ ကခုန်နေပုံရသည့် ဝင်းလက်နေသော ပန်းရောင်ကျောက်ပုံဆောင်တစ်ခုကိုထုတ်လိုက်သည်။
ထို့နောက် သူမသည် သိုလှောင်လက်စွပ်ထဲမှ နောက်ထပ်လေးခုကို ထုတ်လိုက်ပြန်သည်။
သူမက ၎င်းတို့ကို ဝူချင်းချန်းလက်ဖဝါးပေါ်တွင် တင်ပေးလိုက်သည်။
"ရော့”
"မင်းရဲ့ပါရမီလေ၊ ကျွန်မ လမ်းမှာတင် အဲ့ဒါကိုပြင်ဆင်ခဲ့တာ”
"?"
"!"
"...???"