← Chapters

အခန်း (၁၆၁)

Vol. 17 Ch. 161

အခန်း (၁၆၁)

Vol. 17 Ch. 161

🥝 Chapter 161

"အားလုံးပဲ”

"ပိုးချည်မျှင် ဒါမှမဟုတ် အထည်ကို လိုချင်တဲ့သူတွေက ချန်ယွမ်ဆီမှာ စာရင်းပေးသွင်းကြပါ”

"ပြင်းထန်တဲ့ ရောဂါနဲ့ ဒဏ်ရာတွေအတွက် အာမခံပေးနိုင်တဲ့ အကန့်အသတ်ထုတ်ပိုးထည်ကိုတော့ ငါးရက်တစ်ခါ လေလံတင် ရောင်းချပေးပါ့မယ်”

ထိုနေ့တွင် နောက်ဆုံးအဆင့်သို့ တက်ရောက်မည့် အသင်းပေါင်းသုံးဆယ့်နှစ်သင်းစလုံးကို သတ်မှတ်ပြီးစီးခဲ့သည်။

အင်အားအကောင်းဆုံးနှင့် အဆင့်အတန်း တူညီကြသော နတ်ဘုရားလက်နက်လမ်းစဉ်နှင့် ဓားဂိုဏ်းအဖွဲ့တို့မှာ ပရိသတ်များ ပြည့်နှက်နေသော ကြည့်ကွင်း၌ ပြင်းထန်သော တိုက်ပွဲတစ်ခုကိုဆင်နွှဲခဲ့ကြသည်။ ထိုပွဲမှာ နေဝင်ချိန်အထိ သုံးနာရီကြာ မြင့်ခဲ့ပြီး၊ နောက်ဆုံးတွင် နတ်ဘုရားလက်နက်လမ်းစဉ်ကအောင်ပွဲခံနိုင်ခဲ့သည်။

စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ကြာရှည်လှသော တိုက်ပွဲကိုမြင်တွေ့ခဲ့ရသဖြင့် လူတိုင်းလက်မှတ်ဈေးနှုန်းနှင့် ထိုက်တန်သည်ဟု ခံစားခဲ့ကြရသည်။

နတ်ဘုရားလက်နက်လမ်းစဉ်နှင့် ဓားဂိုဏ်းအဖွဲ့တို့မှာ အချင်းချင်းလေးစားမှုကိုပြသခဲ့ကြပြီး၊ လက်သီးပူး၍ အရိုအသေပေးခြင်း၊ ဓားစွမ်းအင်များကို ရိုက်ခတ်ခြင်းများဖြင့်၊နှုတ်ဆက်ခဲ့ကြသည်။ နှစ်ဖက်စလုံးမှ အဖွဲ့ဝင်တိုင်းနီးပါးမှာ ဒဏ်ရာများဖြင့်ပြည့်နှက်နေ ကြသည်။

နတ်ဘုရားလက်နက်လမ်းစဉ်မှ အဖွဲ့ဝင်တစ်ဦးမှာ ဘယ်ဘက်ခြေထောက် ကျိုးသွားသဖြင့် ပြိုင်ပွဲအပြီးတွင် ကုသရေး ဝိညာဉ်ဆရာထံသို့ အရေးပေါ် ပို့ဆောင်ခြင်း ခံခဲ့ရသည်။

"နတ်ဘုရားလက်နက်လမ်းစဉ်ရဲ့တိုက်ပွဲက အရမ်းကို ပြင်းထန်တာပဲ၊ သူတို့က ဒီနေ့ရဲ့ အကောင်းဆုံးပြိုင်ပွဲဝင်တွေ ဖြစ်မှာ သေချာတယ်”

"ဟုတ်တယ်၊ ကြည့်လို့ အကောင်းဆုံးပွဲစဉ်တွေက အဲဒီအဖွဲ့နှစ်ဖွဲ့ရဲ့ ပွဲတွေပဲ ဖြစ်လိမ့်မယ်”

ဖီးနစ်မြို့တွင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ပြိုင်ပွဲကို ကောင်းကင်ယံ၌ ကျင်းပပြီး၊ ရွှေအမြုတေအဆင့်ပြိုင်ပွဲကိုမူ မြေအောက်၌ ကျင်းပခြင်းဖြစ်သည်။

နှစ်ဖက်စလုံးမှာ တစ်ဦးကိုတစ်ဦး နှောင့်ယှက်ခြင်းမရှိကြပေ။

နေ့စဉ် ပြိုင်ပွဲများအပြီးတွင် ဖီးနစ်မြို့တစ်ခွင်ရှိ ဆိုင်များ၏ရှေ့၌ မဲပုံးများကိုထားရှိပေးထားသည်။

လမ်းသွားလမ်းလာများသည် [အကောင်းဆုံးအဖွဲ့]၊ [အထူးချွန်ဆုံးကစားသမား] နှင့် ယနေ့ပြိုင်ပွဲ၏ [စိတ်လှုပ်ရှားစရာအကောင်းဆုံးအခိုက်အတန့်] တို့အတွက် မဲပေးနိုင်ကြသည်။

ထုတ်လွှင့်မှုမှတစ်ဆင့် ကြည့်ရှုနေကြသော ပရိသတ်များမှာလည်း တိုက်ရိုက် မဲပေးနိုင်ကြသည်။

လူတစ်ဦးလျှင် မဲတစ်မဲသာ ပေးခွင့်ရှိသည်။

ညနေပိုင်းရောက်သောအခါ ကောင်းကင်ယံ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းပြိုင်ပွဲ၏ မဲရလဒ်များမှာ လတ်လတ်ဆတ်ဆတ် ထွက်ပေါ်လာတော့သည်။

[ယနေ့ရဲ့ အကောင်းဆုံးကစားသမားများ- ၁။ ဝူချင်းချန်း၊ ၂။ ကန်ပင်း၊ ၃။ စုကျို၊]

[ယနေ့ရဲ့ အကောင်းဆုံးအဖွဲ့များ- ၁။ အကခန်းမ၊ ၂။ နတ်ဘုရားလက်နက်လမ်းစဉ်၊ ၃။ ဝိညာဉ်ပိုးဖလံဂေဟာ]

[ယနေ့ရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးအခိုက်အတန့်- အကခန်းမ နှင့် မျောက်ဘုရင်ဂိုဏ်း (၁၂ မိနစ်ပွဲ)၊]

သုံးနာရီကြာတိုက်ခိုက်ခဲ့သော ဓားဂိုဏ်းမှာမူ လုံးဝဇဝေဇဝါ ဖြစ်သွားကြသည်- "???"

ပြိုင်ပွဲကို အမြန်ဆုံးအဆုံးသတ်ခဲ့သော ဆေးဂိုဏ်းအဖွဲ့မှာလည်း ဇဝေဇဝါ ဖြစ်နေကြသည်- "???" မဲရလဒ်ကို မြင်တွေ့လိုက်ရသော အဖွဲ့များအားလုံးနှင့် လမ်းသွားလမ်းလာများမှာ တိတ်ဆိတ်သွားကြသည်။

ဝိညာဉ်ပိုးဖလံဂေဟာသည် ယနေ့တွင် တိုက်စရာမလိုဘဲ အနားယူနေခဲ့သော်လည်း အကောင်းဆုံးအဖွဲ့စာရင်းတွင် ပါဝင်နေဆဲ ဖြစ်သည်လား။

ပြီးတော့ စုကျိုဆိုတာ ဘယ်သူလဲ ?

ပြိုင်ပွဲများကို အခုလေးတင် အဆုံးသတ်ထားသောအဖွဲ့များမှာ လုံးဝ မသိရှိကြပေ။

ရွှေအမြုတေအဖွဲ့များကိုလမ်းညွှန်ပေးပြီးနောက် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဖွဲ့များကို လာရောက်ကြည့်ရှုသော လုကျိကျောင်းပင်လျှင် အံ့သြခြင်းကိုမထိန်းနိုင်တော့ပေ။

သူတို့မှာ ပြိုင်ပွဲဝင်ခဲ့လို့လား ?

"ဟုတ်ကဲ့၊ ကျွန်မရဲ့ ပိုးချည်မျှင်ကို 'ဖျူးစ်ကြိုး' လို့ ခေါ်ပါတယ်”

"တကယ်လို့ ရှင်တို့အားလုံးက နောက်ပိုင်း ကျင့်ကြံခြင်းဆိုင်ရာတိုက်ပွဲတွေနဲ့ တာဝန်တွေမှာ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ၊ ပါရမီ ဝိညာဉ်စွမ်းအင်တွေ ဆုံးရှုံးတာမျိုးမဖြစ်ရအောင် အကာအကွယ်အလွှာတစ်ခု ထပ်တိုးချင်တယ်ဆိုရင်ပေါ့”

"ကျွန်မရဲ့ ဖျူးစ်ကြိုးကို ဝယ်ယူနိုင်ပါတယ်၊ ဒါဆိုရင် သက်ဆိုင်ရာအကာအကွယ်တွေကို ရရှိဖို့ သေချာသလောက်ရှိပါတယ်”

စုကျိုက သူ့ ပန်းခြံလေးအတွင်း၌ ဖြစ်နိုင်ခြေရှိသောဖောက်သည်များကို မိတ်ဆက်ပေးနေခြင်းဖြစ်သည်။

လူအုပ်ကြီးမှာ အံ့သြတုန်လှုပ်စွာဖြင့် နားထောင်နေကြသည်။

"ဝိညာဉ်ပိုးဖလံဂေဟာ်မှာ တကယ်ပဲ ဒီလို အထည်မျိုးရှိတာလား”

တံခါးဝတွင် ရပ်နေသော ဆရာကြီးလုကျိကျောင်းပင်လျှင် သူ့ မျက်ခုံးမှာတွန့်သွားသည်။

သူသည်လည်း ယနေ့တွင် ထိုအကြောင်းကိုကြားသိခဲ့ရခြင်း ဖြစ်သည်။

ဝိညာဉ်ပိုးဖလံဂေဟာ်၏ကုန်ပစ္စည်းအမျိုးအစားများမှာ အဆင့်မြှင့်တင်ခြင်းခံလိုက်ရပြီ ဖြစ်သည်။

"ဒါပေမဲ့ ဒီပြိုင်ပွဲကြီး ကျင်းပနေတဲ့ ရက်ပိုင်းအတွင်းမှာတော့ ကျွန်မအနေနဲ့ အကြီးအကျယ်ထုတ်လုပ်ဖို့နဲ့ ကြော်ငြာဖို့အတွက် အချိန်အပိုမရှိပါဘူး” ဟု စုကျိုက သူ့ ဖောက်သည်များကို အမှန်အတိုင်း အသိပေးလိုက်သည်။

"ပစ္စည်းထောက်ပံ့ပေးနိုင်မယ့် အချိန်ကိုတော့ အာမမခံနိုင်ပါဘူး၊ ဒါကြောင့် ငါးရက်တစ်ခါပဲ လေလံပွဲအသေးလေး ကျင်းပပေးပါ့မယ်”

လူတိုင်းက နှမြောတသသော မျက်နှာထားများပေါ်လာကြသည်။

ရဲတင်းသူအချို့မှာမူ လေလံပွဲအတွက် စာရင်းပေးသွင်းရန် ချန်ယွမ်ထံတွင် အမည်စာရင်းပေးကာ စရန်ငွေများကိုပင် ပေးဆောင်ခဲ့ကြသည်။

မနက်ဖြန်မှာ ထိပ်ဆုံး ၁၆ သင်းစာရင်းကို သတ်မှတ်မည့် ဒုတိယအဆင့် တိုက်ပွဲများရှိနေသည်။

လူတိုင်းမှာ ဆက်လက်နေရန် အားနာသဖြင့် နှုတ်ဆက်ကာထွက်ခွာသွားကြတော့သည်။

သို့သော်လည်း ဝိညာဉ်ပိုးဖလံဂေဟာ်မှ စုကျိုနှင့် ဖျူးစ်ကြိုးအကြောင်းမှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိ ထိပ်ဆုံး ၃၂ သင်းစာရင်းဝင်အဖွဲ့များကြားတွင် တောမီးကဲ့သို့ပျံ့နှံ့သွားတော့သည်။

"ပိုးချည်မျှင်တွေနဲ့ တစ်ဦးချင်းဘေးကင်းလုံခြုံမှုကိုအာမခံပေးနိုင်တဲ့ ဝိညာဉ်ပိုးဖလံဂေဟာ်က စုကျိုဆိုတာ ဆေးကုသရေးလမ်း စဉ်က ပါရမီရှင်လား”

"မဟုတ်ဘူး၊ ပြုပြင်ရေးလမ်းစဉ်ပဲ သူက မင်းရဲ့ ပါရမီ ဝိညာဉ်စွမ်းအင်ကို ပြောင်းလဲပေးနိုင်သလို၊ မင်းရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုတောင် အစားထိုးပေးနိုင်တယ်လို့ ဆိုကြတယ်”

"?"

"ဒါဆို သူမက ဝိညာဉ်လက်မှုပညာရှင် ပါရမီရှိတာလား”

"နတ်ဘုရားတွက်ချက်ခြင်းဂိုဏ်းရဲ့ဟောကိန်းအရဆိုရင်တော့၊ သူ့မှာ ဝိညာဉ်ကုန်သည်ဂိုဏ်းက ပါရမီမျိုး ရှိနေပြီး ချမ်းသာကြွယ်ဝမှု ကိုဖန်တီးပေးနိုင်လိမ့်မယ်တဲ့”

"..."

"ဝိညာဉ်ပိုးဖလံဂေဟာက နောက်တစ်ခါ ဘယ်သူနဲ့တွေ့မလဲဆိုတာ သိချင်မိတယ် သွားပြီးစုံစမ်းကြည့်ရမယ်”

"သူက ရုပ်သေးတွေကို ထိန်းချုပ်နိုင်တယ် မဟုတ်လား ?”

“လူတစ်ယောက်က မှော်လက်နက်အများဆုံး သုံးခုပဲ ယူဆောင်ခွင့် ရှိတာလေ”

အဖွဲ့တိုင်းမှာ ယနေ့ကျင်းပခဲ့သော ကချေသည်ခန်းမနှင့် မျောက်ဘုရင်ဂိုဏ်းတို့၏တိုက်ပွဲမှ ထူးခြားချက်များကို ရှာဖွေကာ အကြိမ်ကြိမ်လေ့လာနေကြသည်။

အချို့မှာ စုကျိုအရည်အချင်းစစ်ပွဲများမှ စွမ်းဆောင်ရည်များကိုပင် စတင်ရှာဖွေနေကြပြီဖြစ်သည်။

ဖီးနစ်မြို့ရှိ ပင်မဆိုင်ကြီးဖြစ်သော "ရွှေတစချောင်း သို့မဟုတ် နှစချောင်း" လက်ဖက်ရည်တိုက်တွင် ဝိညာဉ်ပိုးဖလံဂေဟာနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ယခုအခါ တစ်ခုလျှင် ဝိညာဉ်ကျောက်တုံး ၁၀၀၀ ဖြင့် ရောင်းချနေသည်။

စုစုပေါင်း သတင်းအချက်အလက် ဆယ်ခုရှိသည်။

- စုကျိုသည် နောက်ပိုင်းတွင် ညာဘက်လက်ကို ပိုအသုံးများလာသည်။

— ကချေသည်ခန်းမနှင့် ဝိညာဉ်ပိုးဖလံဂေဟာ်တို့မှာ ရင်းနှီးသောဆက်ဆံရေးရှိကြသည်။

— လေအော်နှင့် လဲ့ကျယ်တို့မှာ အားကစားကွင်းတစ်ခုတည်းတွင် တစ်ပြိုင်နက်တည်းပေါ်လာမည် မဟုတ်ပေ...

…

စုကျိုနှင့် ပတ်သက်သော သတင်းအချက်အလက်များမှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဖွဲ့တိုင်းအတွက် သုတေသနပြုစရာ အချက်များဖြစ်လာခဲ့သည်။

"သူမရဲ့ ညာဘက်လက်လား၊ သူမရဲ့ ပါရမီ ဝိညာဉ်စွမ်းအင်ကို ညာဘက်လက်နဲ့ သုံးတာလား”

"ဒါဆိုရင် မျောက်ဘုရင်ဂိုဏ်းနဲ့ တိုက်ပွဲတုန်းက လက်ဖျစ်တီးလိုက်တာလည်း ညာဘက်လက်နဲ့ပဲပေါ့”

"သူမရဲ့ အားသာတဲ့လက်... ငါတို့ သူမရဲ့ ညာဘက်လက်ကို တိုက်ရိုက် တိုက်ခိုက်ကြမယ်”

"သူမရဲ့ ညာဘက်လက်ကို ချုပ်နှောင်ထားကြမယ်”

အဖွဲ့တိုင်းမှာ ဝိညာဉ်ပိုးဖလံဂေဟာနှင့် ဆုံတွေ့ခဲ့ပါက အသုံးပြုမည့် နည်းဗျူဟာများကို တစ်ညလုံးအစည်းအဝေးပြုလုပ်ကာ ရေးဆွဲနေကြတော့သည်။

"ညီမငယ်စု၊ မင်းရဲ့ သတင်းအချက်အလက်တွေ ဈေးတက်သွားပြီနော်”

ရှန်းဝူချင်း စုကျိုထံသို့ စာရင်းစာအုပ်တစ်အုပ် ကမ်းပေးလိုက်သည်။

"ပြီးတော့၊ မင်းရဲ့ အရည်အချင်းစစ်ပွဲတုန်းက အင်တာဗျူးကို အခု ရောင်းလိုက်ရမလား—"

စုကျိုက လက်ကာပြလိုက်သည်။

"ဒီနေ့တော့ အတော်လေး လူသိများသွားပြီဆိုတော့၊ ထိပ်ဆုံး ဆယ်သင်းစာရင်းထဲ ရောက်တဲ့အထိ စောင့်လိုက်ပါဦး”

"...ဒါကတော့ မိစ္ဆာကျင့်ကြံသူ လျောင်ချွမ်း၊ သြော်... ချွမ်းလျောင်ဆိုတဲ့ အမည်နဲ့ ရွှေကျောက်မျက်ဂိုဏ်းရဲ့ တပည့်ဖြစ်နေတဲ့သူလေ၊ သူက မင်းကို ဝိညာဉ်ကျောက်တုံး ၁၄၀,၀၀၀ တင်နေတာ”

ရှန်းဝူချင်းသည် နောက်ဆုံးတွင် စုကျိုနှင့် နှစ်ယောက်တည်း စကားပြောရန်အချိန်ရရှိခဲ့သည်။

သူသည် သူ့ ကြွယ်ဝမှုကို မပြချင်ပေ။

သူက သူမထံသို့ မုန်ညင်းစေ့အိတ် တစ်လုံးကမ်းပေးလိုက်သည်။

"စစ်ကြည့်လိုက်ပါဦး”

စုကျို လက်လှမ်းလိုက်ရုံရှိသေး၊ သူ့ ခါးတွင် ချိတ်ထားသော ဂဏန်းပေါင်းစက်မှာ အသာအယာလည်ပတ်သွားကာ စစ်ဆေးမှု ပြီးဆုံးသွားခဲ့သည်။

"ပြဿနာမရှိပါဘူး” စုကျို ပြုံးလျက်ပြောလိုက်သည်။

နံပါတ် (၄) အကြွေးရှင် လျောင်ချွမ်းထံမှ အကြွေးတောင်းရသည်မှာ ဤမျှလောက် လွယ်ကူလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။

"ငါ့ရဲ့ဆရာကို မင်းရဲ့အကြွေးတွေကို စစ်ဆေးခိုင်းကြည့်တော့ တွက်ချက်မှုတွေက မှန်သလောက်ရှိပါတယ်”

ရှန်းဝူချင်းသည် သူ့ဆရာ ရှန်းလိုင်လိုင်၏အထူးကျွမ်းကျင်မှုဖြစ်သော စာရင်းစစ်ဆေးခြင်းအကြောင်းကို တွေးမိလိုက်သည်။

သူမသည် အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ လူတစ်ဦး၏သုံးနှစ်တာအတွင်း ရရှိခဲ့သော ဝင်ငွေအရင်းအမြစ်တိုင်းကို သေသေချာချာ စစ်ဆေးနိုင်စွမ်းရှိသည်။

"လျောင်ချွမ်းက မိစ္ဆာကျင့်ကြံသူအဖြစ် ကျင့်ကြံနေရင်းဒဏ်ရာရခဲ့တာ၊ မင်းက သူ့ကို ကုသဖို့ ဆေးလုံး ၄၀,၀၀၀ ဖိုး အကုန်အကျခံခဲ့ သလို၊ သူ့ကျင့်စဉ်အလားအလာကိုလည်း မြှင့်တင်ပေးခဲ့တယ်၊ ငါ့ရဲ့ဆရာက အသေးစိတ်အချက်တိုင်းကိုစစ်ဆေးကြည့်တော့ မင်းရဲ့ အကြွေးစာရင်းထဲမှာ ရိုးတွင်းခြင်ဆီ သန့်စင်ဆေး သုံးလုံးစာကျန်နေတာကို တွေ့ခဲ့တယ်”

"ဒါကြောင့် ငါ့ရဲ့ဆရာက အဲဒါတွေကို ထည့်ပေါင်းပေးလိုက်ပြီး အတိုးကိုပါတွက်ချက်ပေးလိုက်တာပါ”

ရှန်းဝူချင်း သူ့ဆရာဖြစ်သူ မဟာကျင့်ကြံခြင်းအဆင့်ရှိ စာရင်းအင်းကျွမ်းကျင်သူ ရှန်းလိုင်လိုင်နှင့် ပြင်ဆင်ထားသော အကြွေးစာရင်း ကို စုကျိုအား ကြည့်ရန်အချက်ပြလိုက်သည်။

စုကျို မျက်လုံးများမှာ ဝင်းလက်သွားသည်။

"အစ်ကို့ရဲ့ဆရာက နောက်ပိုင်းမှာ အားရဲ့လားဟင်”

ရှန်းဝူချင်းမှာ ဆွံ့အသွားသည်။ "သူ ဒီနေ့ ရွှေအမြုတေပြိုင်ပွဲမှာ စည်းကမ်းထိန်းသိမ်းရင်း အကြီးအကဲအချို့နဲ့အတူ ပွဲကြည့်နေတယ်လေ”

အမှန်စင်စစ် သူ့ဆရာ ရှန်းလိုင်လိုင်မှာ ဝိညာဉ်ပိုးဖလံဂေဟာမှ လုကျိကျောင်းနောက်သို့ လိုက်နေခြင်းဖြစ်သည်။

ယနေ့တွင် ဝိညာဉ်ပိုးဖလံဂေဟာ၏အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဖွဲ့မှာပြိုင်ပွဲမရှိသဖြင့် လုကျိကျောင်းကမူ မြေအောက်ရှိ ရွှေအမြုတေ ပြိုင်ပွဲကွင်းသို့ သွားရောက်ခဲ့သည်။

သူ့ဆရာမှာလည်း ထုံးစံအတိုင်း ၎င်းနောက်မှလိုက်သွားခဲ့ခြင်း ဖြစ်သည်။

သို့သော် သူမက 'ကံကြမ္မာ' ကို ယုံကြည်သူဖြစ်သောကြောင့် ပြိုင်ပွဲကို ဦးဆောင်ကျင်းပနေသူနှင့် စည်းကမ်းထိန်းသိမ်းသူအဖြစ် ဟန်ဆောင်ကာ လုကျိကျောင်းနှင့် ထိတွေ့မှုကိုရှောင်လွှဲနေခဲ့သည်။

သူကတော့ ဒါဟာ တိုက်ဆိုင်မှုတစ်ခုလို့ ထင်နေခြင်းဖြစ်သည်။

ဇာတ်ညွှန်းကိုပင် ဝိညာဉ်စာပေဂိုဏ်းမှ အကြီးအကဲတစ်ဦးက ရေးသားပေးထားခြင်းဖြစ်သည်။

"အလုပ်တွေကို ကြိုးစားအားထုတ်ပြီး အခြေအနေအရပ်ရပ်ကို စီမံခန့်ခွဲနေရတဲ့ နွားကျောင်းသားနဲ့ ရက်ကန်းသည်မလေးတို့ဟာ ဂိုဏ်းခေါင်းဆောင်ရဲ့ ဖိအားပေးမှုအောက်မှာ ခွဲခွာခဲ့ရပြီးမှ နောက်ပိုင်းမှာ ပြန်လည်ဆုံတွေ့ကြရသည်" ဟူ၍ ဖြစ်သည်။

သူ့ဆရာမှာမူ "လုကျိကျောင်းကို တစ်နေ့လျှင် တစ်ကြိမ်သာတွေ့ဆုံခွင့်ပေးခြင်းဖြင့် သူ့ကို စိုးရိမ်တကြီးနှင့် ဂဏာမငြိမ်ဖြစ်အောင် လုပ်ဆောင်ခြင်း" ဟူသော နည်းဗျူဟာကို အသုံးပြုနေခြင်းဖြစ်သည်မှာ ထင်ရှားလှသည်။

သူ့ကိုယ်တိုင်၏ ဖိတ်ကြားမှုပင်လျှင် အသုံးမဝင်ခဲ့ပေ။

ရှန်းဝူချင်းက ထိုအကြောင်းကို တွေးမိရင်းနှုတ်ခမ်းတွန့်သွားသည်။

"ညီမငယ်စုက ငါ့ဆရာကို တွေ့ချင်လို့လား၊ သူကလည်း မင်းကို တော်တော်လေးစိတ်ဝင်စားနေတာပါ”

"ဒါပေမဲ့ သူ့ရဲ့ပါရမီအရ မင်းကို ဝိညာဉ်ကုန်သည်ဂိုဏ်းထဲ သွတ်သွင်းဖို့အတွက်ပေးရမယ့်တန်ဖိုးကို သူ မတတ်နိုင်ဘူးလို့ သိထားတယ်လေ”

"ဒါကြောင့် ငါ့ဆရာက လက်လျှော့လိုက်ပြီး အဲဒီနေ့ အပိုပြိုင်ပွဲအပြီးမှာ ဖီးနစ်မြို့ကိုပြန်သွားခဲ့တာ”

စုကျို: "..." အဲဒီလိုမျိုးလည်း ရှိတာလား ??

"ဟုတ်တယ်၊ ငါ့ဆရာက ရှုံးမယ့် စီးပွားရေးကို ဘယ်တော့မှ မလုပ်ဘူး”

စုကျိုက သူ့ကို လေးစားသွားသည်။

"အမှန်အတိုင်း ပြောရရင် အစ်ကိုဝူချင်း၊ လိုင်လိုင်နတ်သမီးက စာရင်းတွက်တာ တော်တယ်လို့ကြားမိလို့ပါ၊ ကျွန်မဆီမှာ အကြွေးရှင် သုံးယောက်ကျန်သေးတယ်လေ”

"သူမကို ကျွန်မရဲ့ အကြွေးအချက်အလက်တွေကိုတွက်ချက်ပေးဖို့ ကူညီပေးနိုင်မလား မေးပေးလို့ရမလားဟင်”

ရှန်းဝူချင်းမှာ ထိတ်လန့်သွားသည်။

နောက်ထပ် သုံးယောက်တောင်လား ?

သူက ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ၊ ငါ့ဆရာကို ပြောပြပေးပါ့မယ်၊ ဒါပေမဲ့ သူ့ရဲ့ဈေးနှုန်းက အင်မတန် မြင့်မားနိုင်တာမို့ ကြိုတင်ပြင်ဆင်ထားပါဦး”

လျောင်ချွမ်းကတော့ ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုပါ၊ ဘာပဲဖြစ်ဖြစ် အဲဒီကိစ္စက သူတို့ ဝိညာဉ်ကုန်သည်ဂိုဏ်းရဲ့နယ်မြေမှာ ဖြစ်ခဲ့တာလေ

သူတို့ ဝိညာဉ်ကုန်သည်ဂိုဏ်းအနေနဲ့ ဒီလို မိစ္ဆာကျင့်ကြံသူတွေကို ကိုင်တွယ်ရမှာပဲ မဟုတ်လား

အပိုကုန်ကျစရိတ်တွေကတော့ သေချာပေါက် ရှိလာလိမ့်မည်ဖြစ်သည်။

"ဟင်း”

စုကျိုကမူ ကျန်ရှိနေသော အကြွေးရှင်သုံးဦး၏ အမည်များကို ရှန်းဝူချင်းထံသို့ ပျော်ရွှင်စွာပေးလိုက်သည်။

"တကယ်တော့ ကျွန်မကို အကြွေးတင်နေတဲ့ ဒုတိယနဲ့ တတိယအကြွေးရှင်တွေကလည်းပြိုင်ပွဲဝင်ဖို့ ဖီးနစ်မြို့ကို ရောက်နေကြတာလေ”

"..."

ဒါက ဘယ်လိုတောင် အကြွေးတောင်းရမယ့် ကံဇာတာမျိုးလဲ ??

ရှန်းဝူချင်း အကြွေးစာရင်းကို လေးစားစွာဖြင့် ယူဆောင်ကာ သူ့ဆရာကို သွားရှာတော့သည်။

နောက်တစ်နေ့တွင် ထိပ်ဆုံး ၁၆ သင်းစာရင်းကို သတ်မှတ်မည့် ပြင်းထန်သော ပြိုင်ပွဲများကို ဖီးနစ်မြို့ရှိ ကောင်းကင်ယံ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ပြိုင်ပွဲကွင်းနှင့် မြေအောက် ရွှေအမြုတေပြိုင်ပွဲကွင်းတို့၌ မရပ်မနားကျင်းပခဲ့သည်။

[မနေ့ညက ပွဲစဉ်အစဉ်လိုက်ကို သတ်မှတ်ဖို့ မဲနှိုက်တာမျိုး မရှိခဲ့ဘူးလို့ ကြားတယ်]

[! စီစဉ်သူဖြစ်တဲ့ ငွေမက်တဲ့ဝိညာဉ်ကုန်သည်ဂိုဏ်းက ပြဿနာထပ်ရှာဦးမလို့လား]

[ထိပ်ဆုံး ၃၂ သင်း အဖွဲ့တွေ သတိထားကြဦးနော်]

All Chapters