← Chapters

အခန်း (၁၆၂)

Vol. 17 Ch. 162

အခန်း (၁၆၂)

Vol. 17 Ch. 162

🥝 Chapter 162

[ဖီးနစ်မြို့ကနေ မထွက်ခင်မှာ လူတိုင်းရဲ့ပိုက်ဆံအိတ်တွေ ပါးကုန်တော့မှာပဲ ဟားဟား]

မနက်စောစောတွင် ကျူယွမ် ပြိုင်ပွဲ၌ ယှဉ်ပြိုင်ကြမည့် အသင်းပေါင်း သုံးဆယ့်နှစ်သင်းကို စီစဉ်သူအဖွဲ့မှ စီနီယာအစ်ကို အစ်မများက ပြိုင်ပွဲကျင်းပရာနေရာ … ကောင်းကင်ယံ အားကစားကွင်းသို့ ဦးဆောင်ခေါ်ယူသွားကြသည်။

"၃၂ သင်းကနေ ၁၆ သင်း၊ အခုထိတော့ နှစ်ဖွဲ့ချင်းတိုက်ရတာပဲ”

ယနေ့တွင် တောက်ပပြီးလှပသော အမျိုးသမီးငယ်တစ်ဦးမှာ ကောင်းကင်ယံ၌ ပေါ်လာကာ လေပေါ်တွင် လမ်းလျှောက်နေပုံ ရသည်။

သူမသည် ဓားဖြင့် ပျံသန်းရန်မလိုအပ်ပေ၊ သူ့ လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် ရေတွက်၍မရနိုင်သော ဝိညာဉ်စွမ်းအင်များမှာ ဂဏန်းပေါင်းပေသီးစေ့များအဖြစ်စုစည်းသွားကြသည်။

ထို့နောက် သူ့ ပတ်ဝန်းကျင်၌ ဝိညာဉ်စွမ်းအင်ဖြင့် ပြုလုပ်ထားသော ဂဏန်းပေါင်းစက် ၁၆ လုံးမှာ တပ်ဆင်ပြီးသား ဖြစ်သွားတော့သည်၊

[လိုင်လိုင်နတ်သမီးလား၊ ဝိညာဉ်ကုန်သည်အသင်းက မဟာကျင့်ကြခြင်းအံဆင့်ရှိတဲ့ အကြီးအကဲလေ၊]

[ဒါ သူ ကိုယ်တိုင် တီထွင်ထားတဲ့ အမြင့်ဆုံးနည်းစနစ် "လောကကို တွက်ချက်ခြင်း" လား၊]

ဖြောင်း ဖြောင်း ဖြောင်း

သူမ၏ သွယ်လျသော လက်ချောင်းလေးများက အမှတ်မထင် လှုပ်ရှားလိုက်တိုင်း ဝိညာဉ်စွမ်းအင်စေ့များစွာမှာ ကြည်လင်ပြတ်သားသော အသံများကိုထွက်ပေါ်စေသည်။

အားကစားကွင်းရှေ့တွင် စုကျိုနှင့် ယင်လီတို့သည် အတူတူရပ်ကာ မော့ကြည့်နေကြသည်။

"သူက တော်တော်လေးလန်းတာပဲ” ဟု ယင်လီ အားကျစွာပြောလိုက်သည်။

"ဟင်း၊ ငါလည်း ဝိညာဉ်စွမ်းအင်ကို ငါးဖမ်းကြိုးအဖြစ် သုံးလို့ရမယ်လို့ ရုတ်တရက်သိလိုက်ရသလိုပဲ” ဟု တောက်ဟယ်က ရုတ်တရက် သတိပြုမိသွားသည်။

စုကျို မော့ကြည့်လိုက်ရာ ဤအကြီးအကဲလိုင်လိုင်အပေါ်တွင် မွေးရာပါ နှစ်သက်မှုကို ခံစားလိုက်ရသည်။

တကယ်လို့ သူမသာ ဒီနည်းလမ်းကိုတတ်မယ်ဆိုရင် ငါးခုနစ်ကောင်စလုံးကို သေလုမတတ်ခြောက်လှန့်လို့ ရမှာ မဟုတ်လား၊

"အားကျလိုက်တာ” စုကျိုမှာ သဘောကျသွားမိသည်။

၎င်းတို့ဝိညာဉ်ပိုးဖလံဂေဟာအဖွဲ့မှာ အဖွဲ့များအားလုံး၏နောက်ကွယ်တွင် မထင်မရှားရပ်နေခဲ့ကြသည်။

၎င်းတို့ ယနေ့ နောက်ကျခဲ့ကြသည်။

၎င်းတို့မွေးထားသော ဝိညာဉ်ပိုးဖလံများကို မနက်စောစော အစာကျွေးရန်၊ ပိုးထုတ်ရန်နှင့် သိမ်းဆည်းရန် လိုအပ်သောကြောင့် ဖြစ်သည်။

ထို့ပြင် အခန်းသစ်သို့ ပြောင်းရွှေ့ထားသော ဂိုဏ်းခေါင်းဆောင်နှင့် အကြီးအကဲများ၏ပုံတူ ဆယ်ကားရှေ့တွင်လည်း ဆုတောင်းခြင်း၊ ဆန္ဒပြုခြင်းများ ပြုလုပ်ခဲ့ရသဖြင့် အချိန်ကုန်သွားခဲ့ခြင်းဖြစ်သည်။

အဖွဲ့ကိုဦးဆောင်လာသော ဆရာကြီးလုကျိကျောင်းမှာမူ ဝိညာဉ်ကုန်သည်အသင်းနှင့် သဘောထားကွဲလွဲနေပုံရပြီး အတော်လေး နောက်ဘက်တွင် ရပ်နေခဲ့သည်။

ဤအချိန်တွင် စုကျိုနှင့် အခြားသူများမှာ နောက်ဆုံးတန်းတွင်ရပ်ကာ မိမိတို့ဘာသာ တိုးတိုးတိတ်တိတ် ပြောဆိုနေကြရသည်။

အဖွဲ့များမှာမူ ၎င်းတို့ကို တိတ်တဆိတ်လှည့်ကြည့်နေကြပြီး ၎င်းတို့ စကားများကို ခိုးနားထောင်ရန်နားစွင့်နေကြသည်။

"ရှောင်ကျို၊ နင်ပြောတဲ့ ငါးနှစ်ကောင်လည်း ပါနေတာလား၊ စီနီယာအစ်ကိုရွှယ်ရွေ့ကျင့််က ရွှေအမြုတေပြိုင်ပွဲမှာ မဟုတ်ဘူးလား”

ရွှယ်ရွေ့ကျင့််မှာ သူမ၏ နံပါတ်သုံး ငါး ဖြစ်သည်။

ယင်လီ စူးစမ်းစွာ မေးမြန်းလိုက်သည်။

"နောက်တစ်ယောက်က ဘယ်သူလဲ၊ နင် မြင်လိုက်လား”

စုကျိုက ယင်လီ ပုခုံးကို ပုတ်ကာ၊ လေးရှည်များကိုကိုင်ဆောင်ထားပြီး တိရစ္ဆာန်သားရေများ ဝတ်ဆင်ထားသော အဖွဲ့တစ်ခုရှိရာ ဘေးစောင်းဘက်သို့ ကြည့်ရန်အချက်ပြလိုက်သည်။

"ဟန်တာယွမ်ဂိုဏ်းလား” လဲ့ကျယ်သည်လည်း ၎င်းတို့ကို မြင်တွေ့လိုက်ရသည်။

လုကျိကျောင်းမှာမူ ၎င်းတို့နောက်ကွယ်တွင် လက်နှစ်ဖက်ကို နောက်ပြန်ပူးကာရပ်နေပြီး တိတ်တဆိတ်ပင် သူ့ဝိညာဉ်အာရုံကို မြှင့်တင်ထားသည်။

ရှန်းဝူချင်း ခန္ဓာကိုယ်မှာ ၁၅ ဒီဂရီခန့် အနည်းငယ်စောင်းနေပြီး သူ့နားမှာ စုကျိုဘက်သို့ဦးတည်နေသည်။

သူက ဟန်တာယွမ်ဂိုဏ်းနှင့်ပင် ရန်ငြိုးရှိနေသည်လား ?

၎င်းမှာ နက်နဲလှသော ဂိုဏ်းတစ်ခုဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်ရာအတွင်း ၎င်းတို့ မည်သည့် လမ်းစဉ်ကြီးတွင် ပါဝင်သလဲဆိုသည်ကို ဆွေးနွေးငြင်းခုံမှုများစွာ ရှိခဲ့ဖူးသည်။

ဟန်တာယွမ်ဂိုဏ်း၏တည်ထောင်သူမှာ မုဆိုးတစ်ဦးဖြစ်ပြီး အမဲလိုက်ခြင်းမှတစ်ဆင့် အသိဉာဏ်ပွင့်လင်းလာခဲ့သူဖြစ်သည်။

၎င်းတို့တွင် သားရဲများကိုတိုက်ခိုက်နိုင်သော အင်အားကြီးမားသည့် ခန္ဓာကိုယ်များနှင့်၊ လေးရှည်ပစ်ရာတွင် ကျွမ်းကျင်စေသည့် စူးရှသော ဝိညာဉ်အာရုံများရှိကြသည်။

အစပိုင်းတွင် ၎င်းတို့သည် တိုက်ခိုက်ရေးအမျိုးအစားဖြစ်သော စစ်လမ်းစဉ်တွင် ပါဝင်ခဲ့ကြပြီး ဓားဂိုဏ်းနှင့် အခြားဂိုဏ်းများနှင့် အတူ ရှိခဲ့ကြသည်။

သို့သော်လည်း နောက်ပိုင်းတွင် ၎င်းတို့ ကိုယ်ပိုင်ထောင်ချောက်ခြေရာခံခြင်းနှင့် အမဲလိုက်ခွေးထိန်းကျောင်းခြင်း နည်းစနစ်များကို တီထွင်ခဲ့ကြသည်။

ဝိညာဉ်ရေးရာ ထောက်ပံ့ကြေးများပိုမိုရရှိရန်အတွက် ၎င်းတို့သည် စစ်လမ်းစဉ်၊ စိုက်ပျိုးရေးလမ်းစဉ်၊ လက်မှုပညာလမ်းစဉ်နှင့် ဖျော်ဖြေရေးလမ်းစဉ်တို့တွင် နေရာများ ယူထားခဲ့ကြသည်။

ယခုအခါတွင်မူ နှစ်စဉ်နှစ်တိုင်း မည်သည့်အမျိုးအစားက ထောက်ပံ့ကြေး အများဆုံးပေးသနည်း ဆိုသည်ကို ကြည့်ပြီးမှသာ လှုပ်ရှားမှုများတွင် ရွေးချယ်ပါဝင်ကြတော့သည်။

တကယ့်ကို လိမ္မာပါးနပ်သော မုဆိုးများပါပေ။

"ဟန်တာယွမ်ဂိုဏ်းက ဘယ်လူလဲ” ကျူးပိုင်ယွီက လက်အင်္ကျီကို လိပ်ရင်း မေးမြန်းလိုက်သည်။

"ဒီနှစ်မှာ သူတို့က လုံးဝကို ပြောင်းလဲသွားပြီလို့ ကြားတယ်၊ ကျွမ်းကျင်တဲ့ လက်မှုပညာရှင် တစ်ယောက်က သူတို့အတွက် လေးရှည်တွေ သန့်စင်ပေးထားတယ်ဆိုပဲ”

"သြော်၊ သူတို့က အုပ်စု (B) ရဲ့ အရည်အချင်းစစ်ပွဲတွေမှာ အဆင့်တစ် ရခဲ့တဲ့သူတွေလေ” ဟု ယင်လီက သတင်းအချက်အလက် များကိုစစ်ဆေးပြီးနောက် အမြန် သတင်းပို့လိုက်သည်။

"ကျွန်မ သံသယရှိတာကတော့ သူတို့ထဲက သုံးယောက်ဟာ ရွှေအမြုတေတစ်ဝက်အဆင့်မှာရှိနေကြတာပဲ”

လဲ့ကျယ် မျက်မှောင်ကြုတ်လိုက်သည်။

အင်မတန်အားကောင်းသော ကျင့်ကြံဆင့်ပါတကား…

ယခု ဝိညာဉ်ပိုးဖလံဂေဟာ်၏ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဖွဲ့တွင်မူ သူနှင့် ဟောင်ယို့လုတို့သာ ရွှေအမြုတေတစ်ဝက်အဆင့် တွင် ရှိကြသည်။

သို့သော် ယနေ့တွင် အကြီးအကဲ၏ပုံတူကို အရိုအသေပေးပြီးနောက်၊ ဟောင်ယို့လုမှာ သူ့ ကံဆိုးမှုကို ကံအင်မတန်ဆိုးခြင်းမှ ကံနည်းနည်းဆိုးခြင်းသို့ အနိုင်နိုင်ပြောင်းလဲနိုင်ခဲ့ခြင်းဖြစ်သည်။ သူမသည် ပြိုင်ပွဲဝင်ရန်အတွက် အနည်းငယ်မသင့်တော်သေးပေ။ ပါဝင်ခဲ့လျှင်ပင် အလကား ဖြစ်သွားနိုင်သည်။

လဲ့ကျယ် သက်ပြင်းချလိုက်သည်။

သို့သော် သူ ထိုသို့စဉ်းစားလိုက်စဉ်မှာပင်၊ ကောင်းကင်ယံရှိ တောက်ပသော အမျိုးသမီးငယ်က သူ့ လက်ချောင်းများဖြင့် ဂဏန်းပေါင်းစက်စေ့များကို ကျွမ်းကျင်စွာကိုင်တွယ်ရင်း၊ ပြုံးလျက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်ကို ကြားလိုက်ရသည်။

"ကျွန်မတို့ ဝိညာဉ်ကုန်သည်ဂိုဏ်းတည်ရှိရာ မြို့မကြီးကိုလာရောက်ပြီး ဆယ်နှစ်မှာ တစ်ကြိမ် ကျင်းပတဲ့ ဝိညာဉ်လမ်းစဉ် ပြိုင်ပွဲကြီးမှာ ပါဝင်ကြတဲ့ အားလုံးကိုကြိုဆိုပါတယ်”

"ယနေ့မှာတော့ နောက်ဆုံးအဆင့် ၁၆ သင်းကို သတ်မှတ်သွားမှာ ဖြစ်ပါတယ်၊ စည်းကမ်းကတော့ အသင်းနှစ်သင်း အချင်းချင်း တိုက်ခိုက်ကြရမှာဖြစ်ပြီး ရှုံးတဲ့အသင်းက ပြုတ်သွားမှာပါ”

အသက်အရွယ်ကို လုံးဝ ခန့်မှန်း၍မရနိုင်သော ရှန်းလိုင်လိုင်မှာ မိန်းကလေးငယ်တစ်ဦးနှင့် တူနေသည်။ သူမက ချိုသာစွာ ပြုံးလိုက်ပြီး၊

"နှစ်ဖွဲ့ချင်း တိုက်ရမယ့် ပွဲစဉ်တွေကိုတော့—"

"ကျွန်မ ငယ်စဉ်ကတီထွင်ခဲ့တဲ့ 'လောကကို တွက်ချက်ခြင်း' ဆိုတဲ့ နည်းစနစ်နဲ့ သတ်မှတ်ပေးသွားပါမယ်”

သူမ စကားပြောပြီးသည်နှင့် သူမ၏ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်ဖြင့် ပြုလုပ်ထားသော ဂဏန်းပေါင်းစက်အတု ၁၆ လုံးမှ ကြေးပြားကြိုးများ ပစ်ထုတ်လိုက်ရာ၊ ၎င်းတို့မှာ အဖွဲ့ပေါင်း သုံးဆယ့်နှစ်ဖွဲ့ထံသို့ ကျရောက်သွားတော့သည်၊

အချို့သော ကြေးပြားကြိုးများမှာ လေးလံနေပြီး အချို့မှာမူ ကျဲပြန့်နေသည်။

၎င်းတို့အားလုံးမှာ နှစ်ဖွဲ့စီကို တွဲလျက် ချည်နှောင်ထားခြင်းဖြစ်သည်။

"ကျွန်မက လောကတစ်ခုလုံးကို တွက်ချက်နိုင်သလို၊ ငွေကြေးဆိုင်ရာ ဆက်နွှယ်မှုရှိဖို့ ကံပါလာတဲ့ အဖွဲ့နှစ်ဖွဲ့စလုံးကိုလည်း ကြိုတင်ဟောကိန်းထုတ်နိုင်ပါတယ်”

"ယနေ့မှာတော့ ငွေကြေးဆိုင်ရာ ဆက်နွှယ်မှုအားအကောင်းဆုံး ရှိနေကြတဲ့ အဖွဲ့နှစ်ဖွဲ့ဟာ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ကြရမှာ ဖြစ်ပါတယ်”

ထိုစကားများက အဖွဲ့အားလုံးကိုထိတ်လန့်သွားစေသည်။

[ဒီလို အုပ်စုခွဲတဲ့ နည်းလမ်းကတော့...]

[ဝိညာဉ်ကုန်သည်ဂိုဏ်းဖြစ်နေတာ မဆန်းပါဘူး]

[ငွေကြေးဆိုင်ရာ ဆက်နွှယ်မှုလား၊ အဲဒါကိုတောင် သူတို့က တွက်နိုင်တာလား]

[ကြည့်စမ်းပါဦး၊ ဘုရားရေ၊ အင်အားအကောင်းဆုံး နတ်ဘုရားလက်နက်လမ်းစဉ်က ဝိညာဉ်ကုသရေးဂိုဏ်းနဲ့ကျနေတာပဲ]

[ကချေသည်ခန်းမနဲ့ ဖျော်ဖြေရေးခန်းဆောင်ကလည်း အတူတူပဲလား...]

ကြေးပြားကြိုးများဖြင့် ချည်နှောင်ခံထားရသော အဖွဲ့နှစ်ဖွဲ့မှာကျရောက်လာသော ကြိုးများအတိုင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ လိုက်လံရှာဖွေရင်း တစ်ဦးကိုတစ်ဦး တွေ့ရှိသွားကြတော့သည်။

"ဟင်း၊ မင်းနဲ့ငါက ငွေကြေးဆိုင်ရာ ဆက်နွှယ်မှု ရှိနေတာလား”

ဝိညာဉ်ကုသရေးဂိုဏ်း ခေါင်းဆောင်မှာ သူ့ ကြေးပြားကြိုး၏ အခြားတစ်ဖက်မှာ နတ်ဘုရားလက်နက်လမ်းစဉ်နှင့် ဖြစ်နေသည်ကို သိလိုက်ရသောအခါ ငိုမတတ်ဖြစ်သွားသည်။

မနေ့က သူသည် ဒဏ်ရာရထားသော နတ်ဘုရားလက်နက်လမ်းစဉ်မှ အဖွဲ့ဝင်များကို နေ့တိုင်း နေဝင်ချိန်မှာ အပ်စိုက်ကုသဖို့ လာခဲ့ကြရန် အမှန်တကယ်ပြောခဲ့ဖူးသည်။

ယနေ့တွင်လည်း ၎င်းတို့မှာ နောက်ထပ်အပ်စိုက်ကုသခြင်း တစ်ကြိမ်အတွက် ငွေပေးချေရန်လိုအပ်နေသည်မှာ အမှန်ပင်။

ကယ်ကြပါဦး…

"အခု မင်းတို့ကို အလကားကုပေးလို့ ရမလား၊ နောက်ကျသွားပြီလားဟင်”

ဝိညာဉ်ကုသရေးဂိုဏ်းမှာ မနေ့က ကုသိုလ်ဖြစ်မလုပ်ဆောင်ခဲ့မိသည်ကို တကယ်နောင်တရနေတော့သည်။

နတ်ဘုရားလက်နက်အဖွဲ့ကလည်း "...မလိုပါဘူး” ဟု ပြောလိုက်သည်။

အခြားတစ်ဖက်မှ ဖျော်ဖြေရေးခန်းမဆောင်၏ ခေါင်းဆောင်မှာလည်း ကြေးပြားကြိုး၏အခြားတစ်ဖက်ရှိ ဝူချင်းချန်းကို အားကိုးရာမဲ့စွာ ကြည့်လိုက်သည် "ခေါင်းဆောင်ချင်းချန်း၊ ငါတို့ ပြန်ဆုံကြပြန်ပြီနော်”

မျောက်ဘုရင်ဂိုဏ်းမှာ ဖျော်ဖြေရေးခန်းဆောင်၏လက်အောက်ခံဂိုဏ်းတစ်ခု ဖြစ်သည်။

ဖျော်ဖြေရေးခန်းဆောင်မှာ မနေ့ကတင် မျောက်ဘုရင်၏တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ကချေသည်ခန်းမသို့ လာရောက် တောင်းပန်ခဲ့ကာ မျောက်ဘုရင်ဂိုဏ်းခေါင်းဆောင်ကိုလည်း ခေါ်ဆောင်လာခဲ့သည်။

သို့သော်လည်း ကချေသည်ခန်းမမှ အကြီးအကဲကျောက်ယွီကမူ ပြန်လည်စေ့စပ်ရန်ငြင်းဆိုခဲ့သည်။

ထို့ကြောင့် ယနေ့မနက်တွင် ဖျော်ဖြေရေးခန်းဆောင်မှ အကြီးအကဲသည် တောင်းပန်ခအဖြစ် ဝိညာဉ်ကျောက်တုံး ၃၀,၀၀၀ ကို သူမ တံခါးဝတွင် တိတ်တဆိတ်ထားခဲ့ခြင်း ဖြစ်သည်။

မမျှော်လင့်ဘဲ ယနေ့တွင် ထိုဝိညာဉ်ကျောက်တုံး ၃၀,၀၀၀ ကအဖွဲ့နှစ်ဖွဲ့အား ထိပ်တိုက်ရင်ဆိုင်စေခဲ့ခြင်းဖြစ်သည်။

ဝူချင်းချန်းမှာမူ မကြောက်ရွံ့ပေ။ သူမသည် အခြားအဖွဲ့များ ကိုင်ဆောင်ထားသော ကံကြမ္မာကြိုးများထက် ပိုမိုထူထဲပြီး လေးလံသော ကြေးပြားကြိုးကိုမြှောက်လိုက်ကာ ဖျော်ဖြေရေးခန်းမဆောင် ခေါင်းဆောင်ကို ဦးညွှတ်အရိုအသေပေးလိုက်သည်။

"ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး”

အခြားအဖွဲ့များမှာမူ စိတ်ပျက်သံ၊ ရယ်မောသံ သို့မဟုတ် အားကိုးရာမဲ့သည့် အသံများဖြင့် နှစ်ဖွဲ့၊ သုံးဖွဲ့စီ နှုတ်ဆက်နေကြသည်။

"ဒီလိုဖြစ်မှန်း သိရင်၊ မနေ့က မင်းတို့ရဲ့ အခင်းအကျင်းကိုဖျက်ဆီးပြီး မင်းတို့ကို အပြစ်ပုံချမှာမဟုတ်ပါဘူး”

"???"

"သက်ပြင်းချသံ၊ ငါက မင်းတို့ဆီကအရက်ဖိုးအတွက် ငွေညှစ်ချင်လို့ပါ၊ ဒါပေမဲ့ အဖမ်းခံလိုက်ရတယ်လေ”

"?"

"ဟင်၊ ငါတို့ကြားမှာ ငွေကြေးဆိုင်ရာ ပတ်သက်မှုရှိလို့လား”

"ရှိတာပေါ့၊ မင်းတို့က ဘေးခန်းမှာနေပြီး ဒုက္ခပေးနေတာလေ၊ ငါတို့ မနေ့ညက တားမြစ်မန္တန်တွေ သုံးခုတောင် အပိုသုံးလိုက်ရ တယ်၊ ဒီနေ့ တိုင်စာပို့ဖို့တောင်ပြင်နေတာ”

"..."

အဖွဲ့များအားလုံးမှာ ၎င်းတို့ကြားရှိ ငွေကြေးဆိုင်ရာ ရှုပ်ထွေးမှုများကိုနားလည်ရန် အချိန်အနည်းငယ် ယူလိုက်ကြရသည်။

အနည်းငယ်သော ငွေကြေးပမာဏနှင့် ပတ်သက်နေသူများမှာ အင်မတန်ကျဲပြန့်ပြီး ပါးလွှာသော ကြေးပြားကြိုးများရှိကြသည်။

များပြားသောငွေကြေးပမာဏနှင့် ပတ်သက်နေသူများမှာမူ သာမန်လူတစ်ယောက် လက်နှစ်ဖက်ဖြင့်ပင် မမနိုင်လောက်အောင် ထူထဲပြီး လေးလံသော ကြေးပြားကြိုးများရှိကြသည်။

ထို့နောက် လူတိုင်း၏အာရုံမှာ ဟန်တာယွမ်ဂိုဏ်းနှင့် ဝိညာဉ်ပိုးဖလံဂေဟာအဖွဲ့တို့၏ကြေးပြားကြိုးများဆီသို့ တဖြည်းဖြည်း ရောက်ရှိသွားကြတော့သည်။

အခြားအကြောင်းကြောင့် မဟုတ်ပေ။

၎င်းမှာ စုကျိုနှင့် ဟန်တာယွမ်ဂိုဏ်း ခေါင်းဆောင်တို့ကြားရှိကြေးပြားကြိုးများမှာ အခြားအဖွဲ့များအားလုံး၏ ကြိုးများပေါင်းထား ခြင်းထက်ပင် ပိုမိုထူထဲပြီးလေးလံနေကာ၊ ကျောက်တိုင်ကြီးများကဲ့သို့ လေးလံနေသောကြောင့်ဖြစ်သည်။

စုကျိုမှာ ၎င်းတို့ကို မနိုင်တော့သဖြင့် ချန်ယွမ်အား ကူမခိုင်းလိုက်ရသည်။

"ရှောင်ကျို၊ သူတို့ခေါင်းဆောင်က နင့်ကို အကြွေးတင်နေတာပဲ” ဟု ဟောင်ယို့လုက တစ်ဖက်လူကို မကြည်မသာ စိုက်ကြည့်ရင်း ပြောလိုက်သည်။

ဟန်တာယွမ်ဂိုဏ်းခေါင်းဆောင်မှာမူ ဆွံ့အသွားတော့သည်။

သူ့တွင် နှစ်ပေါင်းများစွာ မိစ္ဆာသားရဲများကိုအမဲလိုက်ရင်း လေ့ကျင့်ထားသော ရိုးသားသည့်မျက်နှာနှင့် ညိုမဲသော အသားအရေ ရှိသည်။

"ဒါ အထင်လွဲတာများလား ? ကျွန်တော် ခင်ဗျားကို မသိပါဘူး”

စုကျို ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါတယ်၊ ကျွန်မတို့လည်း ရှင်ကို တကယ် မသိပါဘူး”

သူမ စီနီယာအစ်မယိုလုကို စိတ်အေးစေရန် သူမ လက်မောင်းကို ပုတ်ပေးလိုက်သည်။

"ဒီခေါင်းဆောင်က ကျွန်မကိုအကြွေးတင်နေတာ မဟုတ်ပါဘူး”

ဟန်တာယွမ်ဂိုဏ်း ခေါင်းဆောင်မှာ ချက်ချင်းသက်ပြင်းချနိုင်သွားသည်။

"ဟန်တာယွမ်ဂိုဏ်းရဲ့နည်းပြကသာ ကျွန်မကိုဝိညာဉ်ကျောက်တုံး ၃၃၆,၂၆၃ တင်နေတာပါ”

ဟန်တာယွမ်ဂိုဏ်း ခေါင်းဆောင်: "?"

ဟန်တာယွမ်ဂိုဏ်း ခေါင်းဆောင်: "!"

သူနှင့် သူ့အဖွဲ့ဝင်များသည် ၎င်းတို့၏နည်းပြလူငယ်လေးဖြစ်သူ ရွှယ်ရွေ့ကျင်ထံသို့ အမြန်လှည့်ကြည့်လိုက်ကြသည်၊ သူသည် ထောင်ချောက်ပြုလုပ်ခြင်း ကျွမ်းကျင်သူဖြစ်ကာ ရွှေအမြုတေအထွတ်အထိပ်ကျင့်ကြံသူဖြစ်ပြီး ယခုနှစ်မှသာ ၎င်းတို့၏ ဟန်တာယွမ်ဂိုဏ်းသို့ ဝင်ရောက်လာခဲ့သူ ဖြစ်သည်၊

[ရွှယ်ရွေ့ကျင်၊ ဝိညာဉ်ပိုးဖလံမျှော်စင်၏ ၈၉ လွှာမှပါရမီရှင်၊ လွန်ခဲ့သော နှစ်နှစ်ခန့်ကလက်နက်သန့်စင်ရေးဂိုဏ်းသို့ လက်ရွှေးစင် တပည့်အဖြစ် သွားရောက်ခဲ့ကာ၊ ခုနစ်နှစ်တိုင်တိုင် စုကျို၏ဝိညာဉ်သွေးများကို ရောင်းချပြီး ထောက်ပံ့ပေးခြင်းကိုခံခဲ့ရသူ...]

စုကျို အကြွေးစာရင်းတစ်ခုကိုထုတ်ကာ ပစ်ပေးလိုက်သည်။

ဟန်တာယွမ်ဂိုဏ်းအဖွဲ့၏ နောက်ဘက်သို့ ကြည့်လိုက်ရာ၊ မျက်နှာနီမြန်းနေသော်လည်း သူမကို မမှတ်မိဟန်ရှိသည့် ဝတ်ရုံဖြူနှင့် လူငယ်တစ်ဦးကိုတွေ့လိုက်ရသည်။

"စီနီယာအစ်ကိုရွှယ်က ဟန်တာယွမ်ဂိုဏ်းကို ပြန်ရောက်နေလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး”

စုကျို သာယာစွာ ပြုံးလိုက်သည်။

"ချန်ယွမ်”

သူမက ခေါ်လိုက်သည်နှင့် သူမနောက်မှ အနီရောင်ဝတ်စုံနှင့် မိစ္ဆာလူငယ်လေးမှာ ကျောက်တိုင်ကဲ့သို့ ထူထဲသော ကြေးပြားကြိုးကြီးကို ဝှေ့ယမ်းလိုက်သည်။

၎င်းမှာ ဟန်တာယွမ်အဖွဲ့၏နောက်ဘက်ရှိ ရွှယ်ရွေ့ကျင်ထံသို့ ပြေးဝင်သွားတော့သည်၊

သူမက သူ့ထံသို့ အရောင်ခုနစ်မျိုးရှိသော ခြင်္သေ့လည်ဆံမွေးလုံး တစ်ခုကိုလွှတ်လိုက်သည်။

"မင်း ဘာလုပ်တာလဲ”

"ဒီနေရာက တားမြစ်နယ်မြေလေ၊ အားကစားကွင်းအပြင်ဘက်မှာ တိုက်ခိုက်တာကို တားမြစ်ထား—"

စကားပင် မဆုံးသေးမီမှာပင်၊ အရောင်ခုနစ်မျိုးရှိသော အစုအဝေးကြီးမှာ ဟိန်းဟောက်လိုက်ကာ အံ့အားသင့်နေသော ရွှယ်ရွေ့ကျင်ကို တစ်ကိုယ်လုံးမျိုချလိုက်တော့သည်။

"!!!"

[???]

All Chapters