← Chapters

အခန်း (၁၆၅)

Vol. 17 Ch. 165

အခန်း (၁၆၅)

Vol. 17 Ch. 165

🥝 Chapter 165

ယင်လီသည် အသေအချာ နားထောင်လိုက်ပြီး စုကျီကျီကို လက်မထောင်ပြလိုက်သည်။

"ဟန်တာယွမ်ဂိုဏ်းရဲ့ လူငါးယောက်နဲ့ ခွေးငါးကောင်က ယပ်တောင်ပုံစံ ဖြန့်ပြီး ကျွန်မတို့ဆီကို အရှိန်နဲ့ လာနေကြပြီ အခု မီတာ ၅,၀၀၀ လောက်ပဲ ဝေးတော့တယ်..."

"အမဲလိုက်ခွေးတွေက ငါတို့ အနံ့ကို ရသွားပြီဖြစ်လို့ ငါတို့ရဲ့ ခန့်မှန်းခြေ တည်နေရာကို သိနေကြပြီ"

"သူတို့ နောက်ထပ် စက္ကန့် ၁၂၀ လောက်ဆိုရင် ရောက်လာကြလိမ့်မယ်"

စုကျိုက ခေါင်းညိတ်လိုက်ပြီး ကောင်းကင်တွင် လွင့်ပျံနေဆဲဖြစ်သော ရှန့်ဝူချင်းကို မော့ကြည့်လိုက်သည်။

"စီနီယာကိုကို ဝူချင်း နောက်ဆိုရင် ကျွန်မကို သေချာကြည့်ပြီး သက်သေလိုက်ပေးပါ—"

"ဒါတွေက ကျွန်မ ယူလာတာ မဟုတ်ဘဲ ဒီနေရာမှာတင် လုပ်တာပါဆိုတာကို"

ရှန့်ဝူချင်း : "?"

စုကျိုသည် ချက်ချင်းဆိုသလို သူ့ဘယ်ဘက်လက်ကို ညာဘက်လက်အင်္ကျီထဲ ထည့်လိုက်ပြီး ရှန့်ဝူချင်းဘက်သို့ ချိန်လိုက်သည်။

သူ သေသေချာချာ မြင်နိုင်အောင်ဖြစ်သည်။

သူ့အနီရောင် နှုတ်ခမ်းလွှာများ အသာအယာပွင့်ဟလာသည်။

"ပုံတူပွားခြင်း - ရွှယ်ရွေ့ကျင်"

[?]

[??]

စုတ်ပြဲသံတစ်ခုနှင့်အတူ

သူ့ ညာဘက်လက်အင်္ကျီသည် ပြဲထွက်သွားပြီး လက်မောင်းများ၊ သစ်သားခြေထောက်များ၊ လည်ပင်းများ၊ ခေါင်းများ စသည်တို့နှင့် တူသော လေးလံသော ပစ္စည်းများအစုလိုက်အပုံလိုက် မြေပြင်ပေါ်သို့ ပြုတ်ကျလာကာ မြေပြင်တစ်ခုလုံးဖုံးလွှမ်းသွားသည်။

ရှန့်ဝူချင်း : "!"

စုကျိုသည် ချက်ချင်းပင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး စတင် တပ်ဆင်တော့သည်။

ကျူးပိုင်ယွီသည်လည်း သူ့အမိန့်ပေးနိုင်စွမ်းကိုသုံး၍ သစ်သားများတပ်ဆင်ရာတွင် ကူညီပေးသည်!

"ဩော် ခြေထောက် ဘယ်နဲ့ညာတပ်တာ မှားသွားပြီ"

"ဟီး လည်ပင်းက ဘယ်မှာလဲ...?"

ကျူးပိုင်ယွီ၊ စုကျီကျီ နှင့် ယင်လီ တို့ အားလုံး ဒူးထောက်ကာကူညီပေးကြပြီး တပ်ဆင်ရင်း ညည်းညူနေကြသည်။

"ရပါတယ်" စုကျိုက လက်ကို ပေါ့ပေါ့ပါးပါး ဝေ့ယမ်းလိုက်သည်။

"လည်ပင်းက အသုံးမဝင်ပါဘူး ခေါင်းနဲ့ဝိညာဉ်အမြုတေကိုပဲ တပ်လိုက်ပါ"

"ခြေဖဝါးတွေက ဘယ်မှာလဲ"

"အဲ့ဒါတွေ မလိုပါဘူး"

"အင်း သူ့အရည်အချင်းက တွေ့တဲ့သစ်သားနဲ့ ကိရိယာတွေလုပ်တာပဲ နောက်ပိုင်းမှာ သူက လက်နက်သွန်းလုပ်ရေးဂိုဏ်းမှာ ထပ်ပြီး ပညာသင်ခဲ့လို့ထောင်ချောက်ဆင်တဲ့နေရာမှာ ကျွမ်းကျင်လာတာ၊ ဒါကြောင့် ဟန်တာယွမ်ဂိုဏ်းက သူ့ကို ငှားထားတာလေ"

"ဩော် နားလည်ပြီ၊ မမက အရမ်းတော်တာပဲ ထောင်ချောက်ဆင်တဲ့ အရည်အချင်းရှိရင် ခြေဖဝါးနဲ့လည်ပင်းက ဘာလုပ်ဖို့လဲ!"

"ဟုတ်တယ် သူက သူ့လက်တွေနဲ့ထောင်ချောက်ဆင်တာ"

ကျူးပိုင်ယွီ ရုတ်တရက် သဘောပေါက်သွားသည်။

"ဒါဆိုရင်တော့ ရပါတယ်"

ဖြောက်၊ စုကျို လက်ဖျောက်တီးလိုက်သည်။

အရပ်အမောင်းချင်း တူညီသော ပုံရိပ်ကိုးခုသည် ချက်ချင်း မတ်တပ်ရပ်လာကြသည်။ ၎င်းတို့သည် အခြားသူများ မဟုတ်ဘဲ လည်ပင်းမပါ၊ ခြေဖဝါးမပါသော ဟန်တာယွမ်ဂိုဏ်း၏အခြေခံတည်ဆောက်ခြင်းအဆင့် နည်းပြကိုးဦး၊ ရွှယ်ရွေ့ကျင်၏ စစ်မှန်သော ပုံစံများပင်!

"သူ့ကို အင်္ကျီတွေ ဘာတွေဝတ်ပေးရမလား"

"ကျီကျီ၊ နင် နောက်နေတာလား လူတစ်ယောက်စီက တတိယအဆင့် ဝိညာဉ်လက်နက်သုံးခုပဲ ယူလာလို့ရတာ ပြိုင်ပွဲထဲကို အပိုအင်္ကျီတွေ ယူလာစရာမရှိဘူး အိတ်တွေလည်း ယူလာလို့မရဘူးလေ"

"ဩော် ဟုတ်သားပဲ"

ရှန့်ဝူချင်းသည် ထုတ်လွှင့်ပြသခြင်းမပြုသင့်သော ခန္ဓာကိုယ်ကိုးခုကို ကြည့်ကာ မျက်လုံးများပြူးသွားသည်!

[!]

[...?]

ကွင်းပြင်ပတွင် ရှိနေပြီး မဟာကျင့်ကြံသူလုကျိကျောင်း၏စောင့်ကြည့်ခြင်းကိုခံနေရသော ရွှယ်ရွေ့ကျင်သည် ကောင်းကင်ရှိ ကြီးမားသော ထုတ်လွှင့်ရေး ဖန်သားပြင်ကိုကြည့်ကာ မေ့လဲလုနီးပါးဖြစ်သွားသည်။

ဒါ ဘာကြီးလဲ

သူမမှာ သူနဲ့ ဒီလောက်တူတဲ့ ရုပ်သေးရုပ် ဘယ်လိုလုပ်ရှိနေရတာလဲ!

မဟုတ်ဘူး အဲ့ဒါ မဟုတ်သေးဘူး!

ဒါက သာမန် ရုပ်သေးရုပ်မဟုတ်ဘူး!

"ကျီကျီ နင် ဒီကောင်ကို ခြေထောက် ဘယ်ညာ ပြောင်းပြန်တပ်လိုက်မိပြီ"

"အာ ကျွန်မက သူက ခြေထောက်နဲ့တိုက်တာ မဟုတ်ဘူးလို့ တွေးမိလို့ပါ ပြောင်းပြန်တပ်လိုက်လည်း ဘာမှ မဖြစ်ပါဘူး..."

"တုံးလိုက်တာ ဒီလိုလမ်းလျှောက်ရင် ဒီ [ရွှယ်ရွေ့ကျင် မျိုးဆက် ၁] က ကျန်တဲ့ ရှစ်ယောက်ထက် ပိုနှေးနေလိမ့်မယ်"

"ဩော် တောင်းပန်ပါတယ် ကျဲ၊ ကျွန်မ အခုပဲ ဖြတ်ပြီး ပြန်တပ်လိုက်ပါ့မယ်!"

ရွှယ်ရွေ့ကျင် : "??"

နေဦး—

ရွှေအမြုတေအဆင့် ကျင့်ကြံသူများသည် ကောင်းကင်ဘုံ၏လျှို့ဝှက်ချက်များကို တစ်ခါတစ်ရံ မြင်တွေ့နိုင်ကြပြီး၊ ဤအချိန်တွင် သူသည် အလွန်ဆိုးရွားသော နိမိတ်တစ်ခုကိုခံစားလိုက်ရသည်။

သေချာပါသည်၊ နောက်တစ်ခဏတွင် ဖန်သားပြင်ပေါ်၌ စုကျီကျီသည် သူ့ဓားကို အလျင်အမြန်မြှောက်လိုက်သည်။

ပြင်းထန်သော နာကျင်မှုတစ်ခုသည် ပြိုင်ပွဲကွင်းပြင်ပရှိ ရွှယ်ရွေ့ကျင်ကို လွှမ်းမိုးသွားသည်!

"အား—!"

ရွှယ်ရွေ့ကျင်သည် ပရိသတ်ထိုင်ခုံမှနေ၍ နာကျင်စွာအော်ဟစ်လိုက်သည်။

စုကျိုနှင့် အခြားလေးဦးတို့က သစ်သားရုပ်သေးများ ပြုလုပ်နေသည်ကို ကြည့်နေသော ရှန့်ဝူချင်းသည် 'ပြင်ပဆက်သွယ်ရေး အဆောင်' မှ သတင်းကို ကြားလိုက်ရသည့်အခါ သူ့ အမူအရာ ချက်ချင်းပြောင်းလဲသွားသည်။

သူ မျက်နှာဖုံးကိုဖိကာ သူက တုန်လှုပ်စွာဖြင့် ကြေညာလိုက်သည်။

"ကျွန်တော်တို့ ခုနတင် ပြိုင်ပွဲကွင်း ပြင်ပကနေ သတင်းရရှိပါတယ်"

"ဝိညာဉ်ပိုးဖလံဂေဟာ အဖွဲ့က [ရွှယ်ရွေ့ကျင် မျိုးဆက် ၁] ရဲ့ မှားနေတဲ့ ခြေထောက်နေရာကိုပြန်တပ်နေတဲ့ အချိန်မှာပဲ ပြိုင်ပွဲကွင်း ပြင်ပက ဟန်တာယွမ်ဂိုဏ်းရဲ့နားနေဆောင်မှာရှိနေတဲ့ ရွှယ်ရွေ့ကျင်ဟာ သွေးပျက်မတတ်အော်ဟစ်လိုက်ပါတယ်"

[???]

[...]

[!]

ရှန့်ဝူချင်း အသံသည် မြေပြင်ပေါ်တွင် သစ်သားတုံးများကိုတပ်ဆင်နေသော စုကျိုကို ကြည့်ရင်း အလွန်အမင်းတုန်လှုပ်နေသည်။

"ဝိညာဉ်ပိုးဖလံဂေဟာက စုကျို ထုတ်လိုက်တဲ့ ဒါမှမဟုတ် ဒီနေရာမှာတင် လုပ်လိုက်တဲ့ [ရွှယ်ရွေ့ကျင် မျိုးဆက် ၁] ဟာ ရွှယ်ရွေ့ကျင် ကိုယ်တိုင်နဲ့ တစ်နည်းနည်းနဲ့ ဆက်နွှယ်နေတယ်လို့ ကျွန်တော်တို့ သံသယဖြစ်စရာရှိပါတယ်"

[တောက်]

[...ကိုးခု... တတိယအဆင့် ရုပ်သေးတွေက မူရင်းလူနဲ့ ဆက်နွှယ်နေတာလား]

[ကခုန်တဲ့ခန်းမက ကချေသည် ငါးယောက်က တကယ်ပဲ ဒီကနေဆင်းသက်လာတာလား?!]

[သူတို့မှာ မူရင်းလူရဲ့ခွန်အားတွေ အကုန်ရှိနေတာလား]

လူတိုင်း အပြင်းအထန်မေးမြန်းနေကြသော်လည်း ရှန့်ဝူချင်းသည် အဖြေကို မသိပေ။

သို့သော် သူ မကြာခင်မှာပင် သိလိုက်ရသည်။

ဟန်တာယွမ်ဂိုဏ်းမှ အဖွဲ့ဝင် ငါးဦးသည် ၎င်းတို့ဝိညာဉ်ခွေးများနှင့်အတူ စုကျို၏မီတာတစ်ရာအတွင်းသို့ ချဉ်းကပ်လာကြပြီ ဖြစ်သည်။

သို့သော် စုကျိုနှင့် အခြားငါးဦးတို့သည် ခေါင်းတလားများထဲတွင် လှဲအိပ်လိုက်ကြသည်။ ထိုနေရာမှာတင် အနားယူရန် ဖြစ်သည် ခေါင်းတလား အဖုံးများကိုပိတ်လိုက်သည်နှင့် သူတို့သည် ဟန်တာယွမ်ဂိုဏ်း၏လေးပစ်ချက် အားလုံးကိုကာကွယ်နိုင်သည်။

ဟန်တာယွမ်ဂိုဏ်းမှ ငါးဦးနှင့် ၎င်းတို့၏အမဲလိုက်ခွေးများသည် လည်ပင်းမပါသော [ရွှယ်ရွေ့ကျင် မျိုးဆက် ၁] ပုံရိပ် ကိုးခု၏ ဝန်းရံခြင်းကို ချက်ချင်းခံလိုက်ရသည်!

"ဆ-ဆရာလား" ဟန်တာယွမ်ဂိုဏ်းမှ ငါးဦးသည် တုန်လှုပ်သွားကြသည်။

"ရွှယ်ရွေ့ကျင် သွားတော့!"

စုကျိုသည် ခေါင်းတလားအဖုံးကို တွန်းဖွင့်ကာ အမိန့်ပေးလိုက်သည်။

"ကိုးကိုး ရှစ်ဆယ့်တစ် ထောင်ချောက်များ၊ စတင်စေ!"

ခဏအတွင်းမှာပင် [ရွှယ်ရွေ့ကျင်] ပုံရိပ်ကိုးခုသည် တစ်ပြိုင်နက် ကုန်းကာ မြေပြင်ကိုထိလိုက်ကြသည် ဒုန်းခနဲ အသံနှင့်အတူ မြေပြင် ကိုးနေရာ ပြိုကျသွားပြီး သစ်သားဆူးချွန်များနှင့် သားရဲထောင်ချောက်များထွက်ပေါ်လာသည်!

ဝိညာဉ်ခွေး ငါးကောင်သည် ချက်ချင်းထိမှန်သွားပြီး သူတို့၏ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းကာ သူတို့ပုံစံများ ပျောက်ကွယ်သွားပြီး ဟန်တာယွမ်ဂိုဏ်း အဖွဲ့ဝင် ငါးဦး၏ ခါးပတ်တွင် အမှတ်အသားများအဖြစ်သာကျန်ရစ်တော့သည်။

ဟန်တာယွမ်ဂိုဏ်းဝင် ငါးဦးသည် ထိတ်လန့်မှုမှ နိုးထလာကာ ချက်ချင်း ကုန်း၍ထောင်ချောက်များဖြင့် အပြင်းအထန် ပြန်လည် တိုက်ခိုက်ကြသည်။

သို့သော် သူတို့အမူအရာများသည် အလွန်ထူးဆန်းနေသည်။

သူတို့ ဘယ်လို ပြန်တိုက်ခိုက်ရမှာလဲ ?

ရွှယ်ရွေ့ကျင်က သူတို့ဆရာလေ! သူက သူတို့ အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့အတွက် ထောင်ချောက်ဆင်နည်း သင်ပေးတဲ့ နည်းပြလေ!

ဒါက ဘယ်လိုဖြစ်ပြီး သူတို့ ဟန်တာယွမ်ဂိုဏ်းအတွက် သူတို့ဆရာကို ပြန်တိုက်ခိုက်ရတဲ့ လေ့ကျင့်ရေးပွဲဖြစ်သွားရတာလဲ ?

"ပိုက်ကွန်လွှတ် ထောင်ချောက်!"

"ဝါးဆူးချွန် တိုက်ပွဲထောင်ချောက်!"

"ကြိုးနှစ်ပင် ထောင်ချောက်!"

"အဖွဲ့နှစ်ဖွဲ့လုံးက တိုက်ခိုက်မှုတွေ အပြန်အလှန်ပြုလုပ်နေကြပါတယ်!"

"အသုံးပြုတဲ့ နည်းဗျူဟာတွေက ရွှယ်ရွေ့ကျင်ရဲ့ထောင်ချောက်နည်းပညာတွေကို ရွှယ်ရွေ့ကျင်ရဲ့ ထောင်ချောက်နည်းပညာတွေနဲ့ ပြန်တိုက်နေတာပါ၊ အတိအကျထပ်တူညီနေပါတယ်!"

"လွန်ခဲ့တဲ့ တစ်နှစ်အတွင်းမှာ ဆရာရွှယ်ကိုယ်တိုင်လေ့ကျင့်ပေးခဲ့တဲ့ တပည့်တွေဆိုတာ တကယ်ပဲ သိသာပါတယ်!"

ရှန့်ဝူချင်း စိတ်လှုပ်ရှားစွာ ရှင်းပြနေသည်။

"ထောင်ချောက်နည်းပညာ ပေါင်းစုံပတ်ရှုပ်နေတဲ့ ကြားထဲမှာ ဆရာရွှယ်ရဲ့ထောင်ချောက်ကိုးခုကပဲ အသာရနေပါသေးတယ်!" "

ဟန်တာယွမ်ဂိုဏ်းဝင် ငါးယောက်ကတော့ နည်းနည်းပင်ပန်းလာပြီး နောက်ဆုတ်နေကြပါပြီ... ဒါပေမဲ့ သူတို့နောက်မှာ ဆရာရွှယ် ခုနတင် ပစ်လိုက်တဲ့ ထောင်ချောက် ကိုးခုရှိနေပါသေးတယ်!"

"ကဲ တစ်ယောက်တော့ မိသွားပြီ!"

"ဟန်တာယွမ်ဂိုဏ်း ခေါင်းဆောင်ကလည်း အနောက်မြောက်ဘက်က ဆရာရွှယ်ကို ထောင်ချောက်သုံးစုံနဲ့ ပြန်တိုက်ပါတယ်၊ ဒါပေမဲ့ သူက ဒေါသထွက်လွန်းလို့ သတိမထားမိလိုက်ဘူး၊ ဒီ ရွှယ်ရွေ့ကျင် ကိုးယောက်မှာ ခြေဖဝါးနဲ့ခြေကျင်းဝတ်တွေ မပါဘူး"

"ခြေထောက်မရှိတဲ့သူတွေအတွက် ထောင်ချောက်တွေက အလုပ်မဖြစ်ပါဘူး!"

"ဟုတ်ပါပြီ စုကျိုရဲ့ ရွှယ်ရွေ့ကျင်ကိုးယောက်ကတော့ ဘေးကင်းသွားပါပြီ၊ သူတို့ရဲ့ ခြေကျင်းဝတ်တွေ တစ်ခုမှမထိပါဘူး!"

[...]

[...]

[ဒီတိုက်ပွဲကတော့...]

[ကျွန်တော်... တကယ်ပဲ မျက်စိပွင့်သွားပါပြီ...]

ခဏအတွင်းမှာပဲ လူတိုင်းက ဘယ်သူကဟန်တာယွမ်ဂိုဏ်းကို တိုက်နေတာလဲဆိုတာ ဝေခွဲမရဖြစ်သွားကြသည်!

ကြည့်ရတာ ဟန်တာယွမ်ဂိုဏ်းက သူတို့ကိုယ်သူတို့ ပြန်တိုက်နေသလိုပဲ..

"ဟုတ်ပါပြီ ဟန်တာယွမ်ဂိုဏ်းက လူငါးယောက်ကတော့ ထောင်ချောက်အမျိုးမျိုးအသုံးပြုပုံနဲ့ ပတ်သက်လို့ သူတို့ သင်ယူစရာတွေ အများကြီး ကျန်သေးတယ်ဆိုတာကို သိသွားကြပါပြီ"

"နောက်ဆုံးတော့ သူတို့ဟာ ဆရာရွှယ်ကိုးယောက် လုပ်ထားတဲ့ ထောင်ချောက်အမျိုးပေါင်း သုံးဆယ်ကျော်ကြားမှာ မြေပြင်ပေါ် လဲကျသွားပါပြီ "

"ဒါပေမဲ့ ဆရာရွှယ်ကိုးယောက်လည်း ဒဏ်ရာ အပြင်းအထန်ရသွားပါတယ်၊ တချို့ဆို လက်တွေတောင် ပြတ်သွားကြပြီ"

ရှန့်ဝူချင်း၏ရှင်းပြချက်သည် အနိမ့်အမြင့် အတက်အကျများဖြင့် ပြည့်နှက်နေသည်။

သူသည် သူ၏မျက်နှာဖုံးကို ပြန်ပြင်လိုက်ပြီး အရှက်ရမှာကို ဂရုမစိုက်တော့ပေ။

"ဒီတိုက်ပွဲကတော့ ပြီးဆုံးတော့မှာပါ"

"ပြီး...ဆုံးတော့မှာပါ!"

သူက အသံကျယ်ကျယ်ဖြင့် ထပ်ပြောလိုက်ပြီး မြေပြင်ပေါ်က ငြိမ်သက်နေတဲ့ ခေါင်းတလား ငါးလုံးကိုကြည့်လိုက်သည်!

မျက်နှာဖုံးနဲ့ ဝေဖန်သုံးသပ်ရေး အဆောင်ကိုခွာလိုက်ပြီး သူက မြေပြင်ဘက်ကို အားကိုးရာမဲ့စွာအော်ပြောလိုက်သည်။

"တိုက်ပွဲက ပြီးတော့မှာလို့!"

"ဟမ်"

စုကျို အပေါက်လေးကနေ အသာအယာတွန်းဖွင့်ပြီး ချောင်းကြည့်လိုက်သည်။

"ပြီးသွားပြီလား"

ကျူးပိုင်ယွီနဲ့ တခြားသူတွေက တံခါးကို တွန်းဖွင့်ပြီး ထိုင်လိုက်ကြသည်။

"စီနီယာအစ်ကို လဲ့ကျယ်ရော"

"သူက ခုနက ဘာမှလုပ်စရာမရှိဘူးဆိုပြီး ဒီကွင်းထဲက မိစ္ဆာသားရဲတွေကို သွားတိုက်မယ်ဆိုပြီး ထွက်သွားတယ်"

[...]

[...]

စုကျိုနှင့် အခြားသူများ နောက်ဆုံးတွင် အပြင်သို့ထွက်လာကြပြီး မြေပြင်ရှိ ငါးမီတာ သို့မဟုတ် ခြောက်မီတာခန့်နက်သော ကျင်းကြီးဘေးတွင် ရပ်ကာ အောက်သို့ငုံ့ကြည့်လိုက်ကြသည်

"ဟန်တာယွမ်ဂိုဏ်း အရှုံးပေးမှာလား" စုကျို ပြုံးလိုက်ပြီးမှ အံ့ဩသွားသည်။

"ဟယ် ဟန်တာယွမ်ဂိုဏ်းက လူတွေ ဘယ်ရောက်ကုန်တာလဲ"

စုကျိုက အောက်ကို ကြည့်လိုက်ရာ သူမ အော်ပြောနေတဲ့ ကျင်းထဲမှာ ဘယ်သူမှ ရှိမနေတာကို တွေ့လိုက်ရသည်!

"ထောင်ချောက်ထဲမှာ ကြိတ်ခံလိုက်ရတာလား"

ကျူးပိုင်ယွီ ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်သည်။

ယင်လီက သူမရဲ့ အရည်အချင်းကို သုံးပြီး ခဏလောက် ရှာဖွေပြီးမှ နောက်ဆုံးမှာ ကျင်းပေါင်း ကိုးဆယ်ကျော်ထဲက ဟန်တာယွမ်ဂိုဏ်းမြှုပ်ခံထားရတဲ့ ကျင်းကိုရှာတွေ့သွားသည်!

စုကျို အသာအယာ ချောင်းဟန့်လိုက်ပြီး မျက်နှာလေးနီလျက်နှင့် လျှောက်သွားသည်။

သူမက သူမရဲ့ စကားကို ဆက်ပြောလိုက်သည်။

"အဟမ်း ဟန်တာယွမ်ဂိုဏ်း ကျွန်မမှာ ရှင်တို့အပေါ်ရန်ငြိုးမရှိပါဘူး ရှင်တို့ဆရာအပေါ်မှာပဲ ရှိတာပါ"

"ငြိမ်းငြိမ်းချမ်းချမ်းပဲ နေကြရအောင်၊ ရှင်တို့ဘာသာ အရှုံးပေးလိုက်ကြရင် ဘယ်လိုလဲ"

"ကျွန်မ ရှင်တို့ကို မရိုက်ပါဘူး"

ဟန်တာယွမ်ဂိုဏ်းမှ ငါးဦး : "..."

ဟန်တာယွမ်ဂိုဏ်း ပရိသတ်များ : "…………"

သူမက အခုထိ မရိုက်သေးဘူးလား ??

သူတို့ နှစ်နာရီကြာအောင်တိုက်ခဲ့ရပြီး ထောင်ချောက် ဆယ့်သုံးခုထဲ ပြုတ်ကျခဲ့တာလေ!

ဩော်... သူမ ရိုက်တာ မဟုတ်ပါဘူး

သူတို့ဆရာက သူတို့ကို ရိုက်တာပါ..

ဟန်တာယွမ်ဂိုဏ်းခေါင်းဆောင်သည် မျက်စိရှေ့တွင် အမှောင်ကျသွားသည်။

ကျေးဇူးပြုပြီး သူတို့ကို ဖယ်ရှားပေးလိုက်ပါ!

ကျေးဇူးပြုပြီး!

"ကျွန်တော်တို့ သဘောတူညီချက်တစ်ခု လုပ်လို့ရမလား"

ဟန်တာယွမ်ဂိုဏ်း ခေါင်းဆောင်က တောင်းပန်လိုက်သည်။

စုကျိုက မျက်ခုံးပင့်လိုက်သည်။

"ကျွန်တော်တို့ကို အလဲထိုးလိုက်ပါ၊ ခုနက ဘာဖြစ်သွားလဲဆိုတာ လူတိုင်းမေ့သွားတဲ့အထိ အလဲထိုးပေးပါ"

"ဒါနဲ့ စုကျို မင်းရဲ့အရည်အချင်းက ဘာလဲ"

ဒီလောက်အကြာကြီး တိုက်ပြီးတာတောင် သူတို့ အခုထိ မသိသေးဘူး!

[...]

[...]

All Chapters