အခန်း (၁၆၆)
Vol. 17 Ch. 166
🥝 Chapter 166
“ဝိညာဉ်ပိုးဖလံဂေဟာ အနိုင်ရရှိပါသည်”
ပြိုင်ပွဲကွင်းအတွင်းတွင် စုကျိုနှင့် သူမ၏ အပေါင်းအပါ ငါးဦးတို့သည် ဟန်တာယွမ်ဂိုဏ်းမှ အဖွဲ့ဝင်ငါးဦးနှင့်အတူ နှုတ်ဆက်စကား လဲလှယ်လိုက်ကြသည်>
ထို့နောက် သူတို့အားလုံးကို အပြင်သို့ ပြန်လည်ပို့ဆောင်ပေးလိုက်သည်>
[ဝိညာဉ်ပိုးဖလံဂေဟာဟာ သမိုင်းတစ်လျှောက် အဆန်းကြယ်ဆုံးသော နည်းလမ်းနဲ့ ထိပ်သီး တစ်ဆယ့်ခြောက်သင်းစာရင်းထဲကို ဝင်သွားပါပြီ]
[သူတို့ ထိပ်သီး တစ်ဆယ့်ခြောက်သင်းထဲ ရောက်သွားပေမဲ့ သူတို့ရဲ့ အရည်အချင်းကို ဘယ်သူမှနားမလည်နိုင်ကြသေးဘူး]
[သေသေချာချာ ကြည့်စမ်းပါ၊ အဲ့ဒီကောင်မလေးမှာ အချိန်ကို ထိန်းချုပ်နိုင်တဲ့စွမ်းအား၊ သစ်သားဓာတ်သုံး ခေါင်းတလားလုပ်တဲ့ စွမ်းရည်၊ လျှပ်စီးတိုက်ခိုက်မှုတွေနဲ့ သစ်ပင်ပန်းမန်တွေကနေ ဆင်းသက်လာတဲ့အရာမှန်သမျှကို သိမြင်နိုင်စွမ်းတွေ ရှိနေတာလေ အခုထိ နားမလည်သေးဘူးလား]
[သူမ အခုလေးတင် ပြောလိုက်တာကို မကြားလိုက်ဘူးလား — ရွှယ်ရွေ့ကျင်၊ ပုံတူပွားစမ်း!]
[အရည်အချင်းတွေကို ပုံတူပွားတာ... ဒါက မကြုံစဖူးပဲ]
[မွေးရာပါ ဝိညာဉ်စွမ်းအား ငါးမျိုးလုံးကို... သူက ပုံတူပွားလိုက်တာလား]
[ပွဲမစခင်က ဟန်တာယွမ်ဂိုဏ်းရဲ့ဆရာကို ဝါးမြိုလိုက်တဲ့ ခြင်္သေ့ဖြူကြီးလိုမျိုးပိုးကောင်ကြီးက သူ့ရဲ့ ပုံတူပွားခြင်းအတွက် အစပျိုးမှုများလား]
ပြိုင်ပွဲပြီးသွားသော်လည်း အပြင်းအထန်ဆွေးနွေးငြင်းခုံမှုများမှာ ရပ်တန့်မသွားပေ။
ယနေ့တွင် အမြင်အာရုံကြည်လင်စေသည့်ဆေးနှင့် အကြားအာရုံကောင်းမွန်စေသည့်ဆေးများ အကုန်ရောင်းထွက်သွားသည်။
"ကျွန်မတို့ ငါးယောက်ရဲ့အရည်အချင်းတွေက ဘာလဲဆိုတာလား"
စုကျိုက ဟန်တာယွမ်ဂိုဏ်းခေါင်းဆောင်ကို ပြုံးပြလိုက်သည်။
"ရှင်တို့ အချိန်ရရင် ကျွန်မတို့နဲ့ အချိန်မရွေး လေ့ကျင့်ရေးပွဲ လာဆော့လို့ ရပါတယ်"
ဒီတစ်ခါတော့ သူမအနေနဲ့ [ရွှယ်ရွေ့ကျင် မျိုးဆက် ၁] ကို အသုံးပြုဖို့ မလိုတော့ပေ။
ဝိညာဉ်ပိုးဖလံဂေဟာအဖွဲ့ရဲ့ စစ်မှန်တဲ့ အစွမ်းကို ဟန်တာယွမ်ဂိုဏ်းကို ပြသချင်နေသည်။
ဟန်တာယွမ်ဂိုဏ်းခေါင်းဆောင်က စမ်းကြည့်ချင်စိတ်ပြင်းပြနေသည်။
"ကောင်းပါပြီ"
"ငါတို့ မင်းတို့ကို အလဲထိုးပေးရမလား" ကျူးပိုင်ယွီလည်း တစ်ခုခုလုပ်ချင်နေသည်
"...မလိုပါဘူး"
"ဒါဆို ကျွန်မ အချိန်ကိုနောက်ပြန်ဆွဲပေးမယ်၊ ရှင်တို့အားလုံး ပြိုင်ပွဲမစခင် အချိန်ကိုပြန်သွားပြီး အရာအားလုံးကို မေ့ပစ်လိုက်ကြမလား"
စုကျီကျီက စေတနာဖြင့်အကြံပြုလိုက်သည်။
"!"
"!!"
ဟန်တာယွမ်ဂိုဏ်းမှ အဖွဲ့ဝင် ငါးဦးသည် ခုနက သူတို့ ဘာတွေ ကြုံတွေ့ခဲ့ရသည်ကို နောက်ဆုံးတွင် နားလည်သွားကြသည်။
အချိန်ကို ပြန်လည်ပြင်ဆင်နိုင်ပြီး လူတွေကို ဒုတိယအကြိမ် အခွင့်အရေးပေးနိုင်တဲ့ အရည်အချင်းမျိုးနဲ့ဆိုရင် တိုက်ခိုက်ဖို့ တကယ်ကို ခက်ခဲပါလိမ့်မည်။
"ကောင်းပါပြီ" ဟန်တာယွမ်ဂိုဏ်းမှ အဖွဲ့ဝင်ငါးဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
"ဒီကို ရောက်နေမှတော့ အဲ့ဒီအတွေ့အကြုံကို ခံစားကြည့်ကြရအောင်"
မျက်စိတစ်မှိတ်အတွင်းမှာပင် အဓိကဒိုင်လူကြီးသည် ပြိုင်ပွဲမြင်ကွင်းကို မူလအခြေအနေအတိုင်း ပြန်လည်ပြုပြင်ပေးလိုက်ပြီး သူမ၏တာဝန်ချိန်အတွက် ပြင်ဆင်ရန် ပြိုင်ပွဲကွင်းအတွင်းမှ ထွက်ခွာသွားတော့သည်။
သူမကို ဟန်တာယွမ်ဂိုဏ်းမှ အဖွဲ့ဝင် ငါးဦးက တားဆီးလိုက်သည်။
"စီနီယာမမဒိုင်လူကြီး၊ ကျွန်တော်တို့ ပြိုင်ပွဲ ဘယ်တော့စမှာလဲ"
"ပြိုင်ပွဲကွင်းက ဘယ်မှာလဲ ဘယ်လိုတက်ရမှာလဲ"
စီနီယာမမ ဒိုင်လူကြီး : "...???"
ရှန့်ဝူချင်းသည် သူ့ခေါင်းကို ဖိလိုက်သည်။
စုကျိုနှင့် သူမ၏အပေါင်းအပါ ငါးဦးတို့သည် ၎င်းတို့အောင်မြင်မှုများကို ဖုံးကွယ်လျက် ဆိတ်ဆိတ်ငြိမ်ငြိမ်ပင် လှည့်ထွက်သွားကြပြီး နားနေဆောင်သို့ ဦးတည်သွားကြသည်။
"ဝိညာဉ်ပိုးဖလံဂေဟာက စုကျို၊ သူမက သူမရဲ့ညာဘက်လက်ကို ခဏခဏသုံးလေ့ရှိတယ်၊ ဒါက သူမ အသုံးပြုတဲ့ ပုံစံလား"
နတ်လက်နက်လမ်းစဉ်နှင့် ဆေးလုံးဂိုဏ်းတို့ အပါအဝင် နာမည်ကြီးအဖွဲ့များမှ တပည့်များသည် စုကျိုနှင့် အဖွဲ့ကို အလေးအနက် လေ့လာနေကြသည်
"ဟန်တာယွမ်ဂိုဏ်းက တော်တော်လေးအစွမ်းထက်ပေမဲ့ ဒီလိုမျိုးအခြေပျက်သွားတာပဲ"
"စုကျို..."
"နောက်အဆင့်မှာ ဝိညာဉ်ပိုးဖလံဂေဟာနဲ့ တွေ့ရင် ငါတို့ စုကျိုကိုပဲ အဓိကထားတိုက်ခိုက်ရမယ်"
"ပုံတူပွားနိုင်တဲ့ အရည်အချင်း... နောက်တစ်ခါကျရင် ပွဲစတာနဲ့ သူ့ကို ဖမ်းရမယ်၊ သူ့ကို ပုံတူပွားဖို့ အချိန်မပေးရင် အဲ့ဒါက လုံလောက်ပြီ"
"သူ့ကို ချက်ချင်း လက်ရဖမ်းဆီးပြီး ထိတ်လန့်သွားအောင်လုပ်တာက သူမရဲ့ အရည်အချင်းကို တုံ့ပြန်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ"
ဤအချိန်တွင် အဖွဲ့အားလုံးက စုကျိုကို အာရုံစိုက်နေကြပြီး သူမကို ဝိညာဉ်ပိုးဖလံဂေဟာ၏အဓိက ပစ်မှတ်အဖြစ် သတ်မှတ်လိုက်ကြသည်။
ဝိညာဉ်ပိုးဖလံဂေဟာ၏နားနေဆောင်သို့ ရောက်ရှိနေသော စုကျိုသည် သူ့လည်ပင်းကို အသာအယာ စမ်းကြည့်မိသည်
"တစ်ယောက်ယောက်က ငါ့ကို ကျိန်ဆဲနေတာလား"
စုကျိုက တိုးတိုးလေး သက်ပြင်းချလိုက်သည်။
ယင်လီက မနာလိုသလို ကြည့်လိုက်သည်။
"ဟုတ်တယ်၊ လူတိုင်းက နင့်ကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ဆွေးနွေးနေကြတာ"
"ဟူး ဒါက အရမ်းတော်လွန်းရင်ဖြစ်တတ်တဲ့ သဘောပါပဲ"
စုကျိုက ခေါင်းယမ်းလိုက်သည်။
ခုနက သူမ နည်းနည်း နာမည်ကြီးအောင် လုပ်မိသွားသည်။
သတိမထားမိဘဲ စိတ်လိုက်မာန်ပါ လုပ်မိသွားခြင်းဖြစ်ပြီး စင်ပေါ်က ဆင်းလာပြီးမှသာ သူ သတိဝင်လာသည်။
အကြွေးတောင်းတဲ့ ကိစ္စနဲ့ ပတ်သက်လာရင် သူ ထိန်းချုပ်ရ ခက်ခဲသွားတတ်သည် ဒုတိယမြောက် ငါးကြီးက ဒီလောက် အနီးအနားမှာရှိနေတာကို မြင်လိုက်ရတဲ့အခါ စိတ်လိုက်မာန်ပါနဲ့ အကြွေးကို ချက်ချင်းတောင်းချင်မိသွားသည်။
ကုန်ကျစရိတ်တွေ အကုန်ပေါင်းလိုက်ရင် ဒုတိယမြောက်ငါးကြီးဖြစ်တဲ့ ရွှယ်ရွေ့ကျင်က သူမကို ဝိညာဉ်ကျောက်တုံး ၃၃၀,၀၀၀ ကြွေးတင်နေသည်။
ဒါက တကယ်ကို စိတ်ပူစရာကောင်းတဲ့ ကိန်းဂဏန်းတစ်ခုပဲ။
ဒီလောက်များတဲ့ ပိုက်ဆံတွေကို ဘယ်လို ပြန်တောင်းရမလဲလို့ တွေးကြည့်ရုံနဲ့တင် သူ ဘယ်တော့ ပြန်ရမလဲဆိုတာကို တွေးမိသွားသည်
ခုနက ပြိုင်ပွဲကွင်းထဲမှာ သူမအနေနဲ့ သူ့ရဲ့ ကိုယ်ပွားဆီကနေ နောက်ဆုံးလက်ကျန်တန်ဖိုးအထိ ညှစ်ထုတ်ဖို့ သူ့ရဲ့ ထောင်ချောက်နည်းပညာကို မသုံးဘဲမနေနိုင်ခဲ့ပေ။
ဟန်တာယွမ်ဂိုဏ်းနဲ့ ယှဉ်ပြိုင်တဲ့ ဒီအဆင့်မှာတော့ စုကျိုအနေနဲ့ သူမ အလျင်စလို အနိုင်ယူမိသွားတယ်လို့ ဝန်ခံလိုက်သည်။
"ကျွန်မ ဝန်ခံပါတယ် နည်းဗျူဟာအဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ အဲ့ဒီအဆင့်က နည်းဗျူဟာပိုင်းဆိုင်ရာမှာ လုံးဝ မပြည့်စုံခဲ့ဘူး"
စုကျို သက်ပြင်းချလိုက်သည်။
"တောက်~ ကျွန်မ စိတ်လိုက်မာန်ပါ လုပ်မိသွားတယ်"
စိတ်လိုက်မာန်ပါ လုပ်မိတာက မမှားပေမယ့်လည်း ဟန်တာယွမ်ဂိုဏ်း ပြုတ်သွားပြီဆိုတာနဲ့ သူတို့ အိမ်ပြန်ကြရတော့မှာဖြစ်သည် အဲ့ဒီအချိန်ကျရင် ရွှယ်ရွေ့ကျင်က အဖွဲ့ခေါင်းဆောင်အနေနဲ့ သူတို့နဲ့အတူထွက်သွားလိမ့်မည် အဲ့ဒီအချိန်ကျရင် သူမ ဘယ်သူ့ဆီက ပိုက်ဆံတောင်းရတော့မှာလဲ!
ဒါပေမဲ့ ဒါက အဖွဲ့လိုက်ပြိုင်ပွဲဖြစ်ပြီး စုကျို သတိဝင်လာတဲ့အချိန်မှာတော့ သူမအနေနဲ့စင်ပေါ်က တခြားလူလေးယောက်ရဲ့ သဘောထားကိုတောင် မမေးခဲ့မိဘူးဆိုတာကို သိလိုက်ရသည်
"ဘာတွေ ပြောနေတာလဲ"
ကျူးပိုင်ယွီက နှာခေါင်းရှုံ့လိုက်ပြီး ပရိသတ်နေရာကနေ တောက်ဟယ် ပစ်ပေးလိုက်တဲ့ ဝတ်ရုံကို လှမ်းဖမ်းလိုက်သည်။
ဘာလို့လဲဆိုတော့ သူ့ရဲ့ ဝတ်ရုံမှာ ဒေါသကို ထိန်းချုပ်ဖို့အတွက် ကျောက်စိမ်းခါးပတ် ရှစ်ခုကိုချုပ်ထားလို့ဖြစ်ပြီး အဲ့ဒါတွေ အားလုံးက လွန်ခဲ့တဲ့ နှစ်လကမှ တတိယအဆင့်ကိုမြှင့်တင်ထားတာ ဖြစ်သည်။
ဒါကြောင့်မို့လို့ အရင်ပြိုင်ပွဲရဲ့ စည်းကမ်းချက်တွေအရ အဲ့ဒီအဝတ်အစားကို စင်ပေါ်မှာ ဝတ်လို့မရခဲ့ဘဲ အခုမှသာ တတိယအဆင့် ကျောက်စိမ်းခါးပတ်ရှစ်ခုပါတဲ့ ဒီလို အပြာရောင်ဝတ်ရုံကို လဲဝတ်နိုင်တော့သည်။
"ဘာပဲဖြစ်ဖြစ် ငါတော့ တော်တော်လေးပျော်နေတာပဲ"
သူသာ ဟန်တာယွမ်ဂိုဏ်းကဆိုရင် ဒေါသထွက်မိမှာဖြစ်ပေမယ့် စုကျိုနဲ့ဆိုရင်တော့ အဆင်ပြေပါတယ် သူ
စိတ်အခြေအနေ ကောင်းနေသည်။
ကျူးပိုင်ယွီက သီချင်းတိုးတိုးလေး ညည်းဆိုလိုက်ပြီး လျန်ဟော့ကျီရဲ့ ဘေးမှာ ထိုင်လိုက်သည်။
"ကျွန်တော်တို့ တော်တော်လေး စွမ်းဆောင်နိုင်ခဲ့တယ် မဟုတ်လား အစ်ကိုဟော်"
"ထွက်သွားစမ်း!"
"အတိအကျပဲ၊ သူ့ရဲ့ သနားစရာကောင်းတဲ့ အခြေအနေကိုကြည့်လိုက်ပါဦး"
ယင်လီက စုကျိုရဲ့ ပုခုံးကို ဖက်လိုက်သည်။
"သူ ပြန်ရောက်လာတာနဲ့ သူ့ရဲ့ ခေါင်းတလားလုပ်တဲ့ အတတ်ပညာအသစ်ကို ထုတ်ပြဖို့ မစောင့်နိုင်တော့ဘူး"
"ဒါသာ နတ်လက်နက်လမ်းစဉ်အဖွဲ့ဆိုရင် သူ ဓားတစ်ချက်နဲ့တင် အသတ်ခံလိုက်ရမှာ"
"အဲ့လောက်တော့ မဆိုးပါဘူး" လဲ့ကျယ် တိုးတိုးလေး ပြောလိုက်သည်။
ဒါက စုကျိုကို ပြောတာဖြစ်ပြီး ယင်လီကို ပြောတာ မဟုတ်တာ သိသာလှသည်။
"မင်း အများကြီးတွေးမနေနဲ့"
"အဲ့ဒီ နောက်ဆုံးအဆင့်မှာ ငါတို့က ငါတို့ရဲ့အစွမ်းကို ထိန်းထားခဲ့တာလေ၊ မတိုက်ခိုက်ဘဲ အနိုင်ရတာက စစ်သေနင်္ဂဗျူဟာရဲ့ အမြင့်ဆုံးအဆင့်ပဲ"
သူနဲ့ ပြိုင်ပွဲကွင်းထဲက မိစ္ဆာသားရဲတွေကတော့ တော်တော်လေးပျော်ခဲ့ကြသည်။
စုကျိုက မျက်တောင်လေး ခတ်လိုက်သည်။
"အင်း"
ကမ္ဘာပျက်ကပ်ထဲမှာ သူမက တခြားသူတွေအပေါ် အားကိုးခဲလှသည်၊ အမြဲတမ်း ပြဿနာတွေကို သူမဘာသာ ဖြေရှင်းဖို့ ကြိုးစားလေ့ရှိပြီး တစ်ခုခုလုပ်ပြီဆိုတာနဲ့ ခြိမ်းခြောက်မှုအားလုံးကို အမြစ်ပြတ်အောင် ဖယ်ရှားပစ်တတ်သည်။
ဒါကြောင့်မို့လို့ သတိမထားမိဘဲ သူမဟာ အပြင်းထန်ဆုံးသော တိုက်ခိုက်ရေးပုံစံကို အသုံးပြုမိသွားခြင်း ဖြစ်သည်။
သူမက ကျင်းချန် ကို တိုက်ဖို့အတွက် ပထမမျိုးဆက် ကျင်းချန်ကိုးယောက်ကို သုံးခဲ့သည်။
ဟန်တာယွမ်ဂိုဏ်းကိုလည်း ထိုသို့ လုပ်ခဲ့သည်။
"ကျေးဇူးတင်ပါတယ်"
စုကျိုက ယင်လီရဲ့ ပုခုံးကို ဖက်လိုက်ပြီး လဲ့ကျယ်ကို ခေါင်းညိတ်ပြလိုက်သည်။
သူမ ကျူးပိုင်ယွီကိုလည်း ခေါင်းညိတ်ပြလိုက်သည်
"ကောင်းပါပြီ၊ နောက်တစ်ဆင့်ကျရင် ရှင်တို့ အားလုံးသွားလို့ရပါတယ်"
"ကျွန်မတော့ အနားယူတော့မယ်"
"!"
"..."
"မလုပ်ပါနဲ့ ရှောင်ကျို"
"ညီမလေးစုကျို ဘာဖြစ်လို့လဲ ဒါ အရမ်းစိတ်ဝင်စားဖို့ ကောင်းနေတာကို"
"ဟင် ကျွန်မက ဘေးကနေကြည့်ရတာကို သဘောကျလို့ပါ"
"ရန်သူတွေကို ဒီလိုမျိုးချေမှုန်းရတဲ့ ခံစားချက်ကို ငါသဘောကျတယ်"
စုကျို အံ့ဩသွားသည်။
သူတို့တွေက သူမရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်ရေးပုံစံကို တကယ်ပဲ သဘောကျနေကြတာပဲ…
သူတို့က သူမကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံနေတာပဲလို့ သူမ ထင်ခဲ့မိတာ…
စုကျိုက ခေါင်းတလားထဲမှာ လှဲအိပ်နေရင်းနဲ့ပဲ အနိုင်ရချင်ကြတဲ့ သူမရဲ့ အရှက်မရှိတဲ့ အသင်းဖော်တွေကို နောက်တစ်ကြိမ်ပြန်ပြီး အကဲဖြတ်လိုက်သည်။
"ရှောင်ကျို မင်းပါဝင်တာက နောက်ထပ် အားသာချက်တစ်ခု ရှိသေးတယ်"
"အခုတော့ အဖွဲ့အားလုံးက ဆူညံနေကြပြီ၊ နောက်ဆိုရင် သူတို့ မင်းကိုပဲ အရင်ဆုံးပစ်မှတ်ထားကြလိမ့်မယ်"
"မင်းက ငါတို့အဖွဲ့ရဲ့ ငါးစာပဲ"
"ဟုတ်တယ်၊ နောက်တစ်ခါကျရင် ညီမလေးစုကျိုကို ငါးမျှားတံနဲ့ ရန်သူ့အဖွဲ့ထဲ ပစ်ထည့်လိုက်မယ်"
စုကျို : "..."
လူတိုင်းက တော်တော်လေးတိုးတက်လာကြပြီပဲ
အထူးသဖြင့် မသန့်ရှင်းတဲ့ နည်းဗျူဟာတွေ သုံးတဲ့နေရာမှာပေါ့
ပရိသတ်တွေက တခြားပွဲတွေကို ကြည့်နေတုန်းမှာပဲ ဝိညာဉ်ပိုးဖလံဂေဟာအဖွဲ့က အမြန်ထွက်ခွာလာပြီး တည်းခိုဆောင်ကို ပြန်လာခဲ့ကြသည်။
ဒါပေမဲ့လည်း လူအတော်များများက စုကျိုရဲ့ ဘေးမှာ စုဝေးနေကြဆဲပင်ဖြစ်သည် ဂိုဏ်းအသီးသီးက အကြီးအကဲတွေလည်း လာရောက်ကြည့်ရှုကြသည်။
သို့သော်လည်း သူတို့သည် မနေသင့်မှန်းသိသဖြင့် အမြန်ပြန်သွားကြသည်။
ဝိညာဉ်ပိုးဖလံဂေဟာ၏ ခြံဝင်းအတွင်း၌ ဟန်တာယွမ်ဂိုဏ်း၏အကြီးအကဲများနှင့် တပည့်များ၊ ပြီးတော့ မျက်နှာဖြူလျော်နေတဲ့ ရွှယ်ရွေ့ကျင် တို့သည် စုကျိုအခန်းထဲတွင် ရှိနေကြသည်။
ရွှယ်ရွေ့ကျင်က စိတ်ပျက်အားငယ်နေပုံရပြီး တစ်ချိန်က သန့်ရှင်းခဲ့တဲ့ဝတ်ရုံတွေမှာလည်း ခြေရာတွေ ပေကျံနေသည်။
ခုနက ပြိုင်ပွဲဝင်ခဲ့တဲ့ ဟန်တာယွမ်ဂိုဏ်းက တပည့်ငါးယောက်က အကြီးအကဲတွေရဲ့နောက်မှာ လိုက်ပါလာကြပြီး ရွှယ်ရွေ့ကျင်ကို ထူးဆန်းတဲ့ အမူအရာတွေနှင့် ကြည့်နေကြသည်။
"ဆရာရွှယ်၊ ဘာတွေ ဖြစ်ခဲ့တာလဲဆိုတာကို ညီမလေးစုကျိုကို ရှင်းပြပေးပါဦး"
ဟန်တာယွမ်ဂိုဏ်းရဲ့အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့ခေါင်းဆောင်ကတော့ ထောင်ချောက်ထဲပြုတ်ကျလို့ ရခဲ့တဲ့ ဒဏ်ရာတွေကို ကုသပြီးပါပြီ..
တခြားသူတွေ ပြောပြတာကို နားထောင်ပြီး သူတို့ငါးယောက် အရှုံးပေးခဲ့ရတယ်ဆိုတာကို သိလိုက်ရသည်၊ စုကျီကျီ မထွက်ခွာခင်က 'မှတ်ဉာဏ်ဖျောက်ဖျက်ခြင်း' ကြောင့် သူတို့ အနည်းငယ် ပြန်လည်သက်သာလာကြသည်။
ဒါပေမဲ့ သူတို့ရှုံးနိမ့်ခဲ့ရတဲ့ အရှက်ရစရာ အသေးစိတ်အချက်အလက်တွေကို မမှတ်မိတော့ရင်တောင် ဟန်တာယွမ်ဂိုဏ်း ခေါင်းဆောင်ရဲ့အမူအရာကတော့ တစ်ခုခုအတွက် ပြင်ဆင်ထားသလိုမျိုး တည်ငြိမ်နေဆဲပင်။
သူ့အသံကတုန်ယင်နေပြီး နောက်ဆုံး မျှော်လင့်ချက်လေးတစ်ခုကို ဆုပ်ကိုင်ထားသလိုပါပဲ
"ဆရာရွှယ်၊ ဒါက နားလည်မှုလွဲတာဆိုရင် ဆရာ ညီမလေးစုကျိုကို ရှင်းပြပေးပါ သူမက အကျိုးအကြောင်း နားမလည်တဲ့သူ မဟုတ်ပါဘူး"
ဟန်တာယွမ်ဂိုဏ်းက တပည့်ငါးယောက်က တစ်ပြိုင်နက်ခေါင်းညိတ်လိုက်ကြသည်။
ပွဲအပြီးမှာ အချိန်ကို နောက်ပြန်ဆွဲနိုင်ခဲ့လို့ တိုက်ပွဲရဲ့ အသေးစိတ်အချက်အလက်တွေကို မမှတ်မိကြတော့ပေမယ့် နောက်မှ တခြားလူတွေရဲ့ မှတ်တမ်းတင်ထားတဲ့ ပြကွက်တွေကိုပဲ ကြည့်နိုင်တော့မှာပါ…
ဒါပေမဲ့ ဝိညာဉ်ပိုးဖလံဂေဟာကို သူတို့ရဲ့နာကျင်စရာကောင်းတဲ့ တိုက်ပွဲကို မေ့သွားအောင်အလဲထိုးပေးဖို့ စုကျိုဆီမှာ တောင်းဆိုခဲ့တာကို သူတို့ ကြားခဲ့ကြရသည်။