အခန်း (၁၆၈)
Vol. 17 Ch. 168
🥝 Chapter 168
အစိတ်အပိုင်းတိုင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး အတိတ်က ပိုက်ဆံသုံးစွဲခဲ့မှုတွေကို ဖော်ပြနေသည်။
ဒါ့အပြင် ကျန်ရှိနေတဲ့ အလင်းတန်းတွေက ဒီဝိညာဉ်ကျောက်တုံးတွေ ဘယ်ကရသလဲဆိုတာကိုပါ ဖော်ပြနေသည်။
[ရွှယ်ရွေ့ကျင်ဟာ ဝိညာဉ်ပိုးဖလံဂေဟာဆီကနေ ထောက်ပံ့ကြေးရရှိခဲ့သည် : ဝိညာဉ်ကျောက်တုံး ၃၉၉,၉၁၃ တုံး (ဝိညာဉ်စွမ်းအင် ပြောင်းလဲမှု အပါအဝင်)]
[ရွှယ်ရွေ့ကျင်ဟာ သူ့မိဘတွေဆီကနေ ထောက်ပံ့ကြေးရရှိခဲ့သည် : ဝိညာဉ်ကျောက်တုံး ၈၄,၈၅၀ တုံး]
[ရွှယ်ရွေ့ကျင်ဟာ စုကျိုဆီကနေ ထောက်ပံ့ကြေးရရှိခဲ့သည်...]
မကြာခင်မှာပဲ သူ့ရဲ့ ရွှေအမြုတေကိုသိုလှောင်ထားတဲ့ ဒန်ထျန်ထဲမှာ စုကျိုရဲ့အတိတ်က ကူညီမှုတွေအတွက် အသေးစိတ် စာရင်းတွေကို ရှာတွေ့လိုက်ကြသည်။
စုစုပေါင်း ပမာဏဟာ ဝိညာဉ်ကျောက်တုံး ၂၁၀,၀၀၀ ကျော် ရှိသည်။
ဝယ်ယူခဲ့တဲ့ စတုရန်းအဆင့် ဆေးလုံးတွေနဲ့ တခြား အားဆေးတွေကို သူ့ရဲ့ ဒန်ထျန်၊ ရွှေအမြုတေနဲ့ သွေးကြောတွေထဲမှာ ပမာဏ အနည်းငယ်စီ ထည့်ထားတာကိုတွေ့ရသည်။
"ဒီ စတုတ္ထအဆင့် အားဆေးတွေကို မင်း အခုထိ လုံးဝမချေဖျက်နိုင်သေးဘူး"
ရှန့်လိုင်လိုင်ရဲ့ ဝိညာဉ်အလင်းဟာ ရွှယ်ရွေ့ကျင်ရဲ့တစ်ကိုယ်လုံးကို ဖြတ်သန်းသွားသည်။
သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ ဝိညာဉ်စွမ်းအင်နဲ့ သွေးတွေထဲမှာ စုကျို ဝယ်ပေးခဲ့တဲ့ အားဆေးတွေရဲ့ အကြွင်းအကျန်တွေ ရှိနေသေးတာကို လူတိုင်း မြင်နိုင်ကြသည်။
တောက်ပတဲ့ အနီရောင်အကြွေးဝိညာဉ်ကျောက်တုံး ကိန်းဂဏန်းတွေဟာ သူ့ရဲ့ ခန္ဓာကိုယ်ပတ်ပတ်လည်မှာ စီးဆင်းနေကြသည်။
ရွှယ်ရွေ့ကျင်က တုန်လှုပ်စွာနဲ့ခေါင်းငုံ့ပြီး အသက်ရှူလိုက်တဲ့ အချိန်မှာပဲ နေရာအသီးသီးက အနီရောင်အကြွေးဂဏန်းတွေဟာ တစ်လုံး ဒါမှမဟုတ် နှစ်လုံးလောက် ချက်ချင်းတိုးလာသည်။
"ရွှယ်ရွေ့ကျင်" ရှန့်လိုင်လိုင်က အမူအရာမရှိဘဲ အေးစက်တဲ့ အသံနဲ့ ပြောလိုက်သည်။
"ဂျီးချွတ် ရဲ့ စိတ်ဓာတ်ထဲက အညစ်အကြေးတွေကို သန့်စင်တဲ့အတွေးအခေါ်ဟာ အစပိုင်းမှာ ကျင့်ကြံသူတွေအနေနဲ့ ဘယ်အရာက သန့်ရှင်းပြီး ဘယ်အရာက မသန့်ရှင်းဘူးလဲဆိုတာကို သိမြင်နိုင်အောင်ကူညီပေးဖို့ပါ"
"လူတစ်ယောက်က သူ့ရဲ့ အမှားတွေကို သိပြီးပြုပြင်မယ်ဆိုရင် သူ အသစ်ကနေပြန်စနိုင်ပြီး ပြန်ပြီး ကျင့်ကြံနိုင်မယ့်အခွင့်အရေး ရှိပါတယ်"
"ဒါက လူဆိုးတွေအတွက် အပြစ်ဖုံးကွယ်ဖို့မဟုတ်ဘူး"
"ဒါမှမဟုတ်ရင် မင်းရဲ့ စိတ်ဓာတ်က ဒါတွေကို မေ့သွားရင်တောင် မင်း ကျင့်ကြံနေသရွေ့ မင်း ပေးဆပ်ရမယ့် ကံကြမ္မာအကြွေးတွေ ဟာ မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ပိုပြီးအားကောင်းလာပါလိမ့်မယ်"
"အသားနဲ့ သွေးတွေထဲမှာစွဲကပ်နေပြီး နောက်ဆုံးမှာ မင်းကိုပဲ ပြန်ပြီးဒုက္ခပေးလိမ့်မယ်"
ရှန့်လိုင်လိုင် စုကျိုနှင့် တခြားသူတွေကို ရှင်းပြလိုက်သည်။
"ဝိညာဉ်ကုန်သည်အသင်းရဲ့ ကျင့်ကြံခြင်းလမ်းစဉ်ဟာ စီးပွားရေးလုပ်ပြီး ပိုက်ဆံရှာတာအပြင် တခြားလူတွေနဲ့ ဝိညာဉ်ကျောက်တုံး ကိစ္စတွေကို ရှင်းလင်းဖို့လည်းပါဝင်ပါတယ်"
"ပတ်သက်မှုတွေ ရှိနေတဲ့သူတွေဟာ ပြန်ပြီးပေးဆပ်ရပါမယ်၊ ဒါမှမဟုတ်ရင် သူတို့ကို အထက်ဘုံကိုတက်ခွင့်ပေးမှာ မဟုတ်ဘဲ အနာဂတ်မှာ လျှပ်စီးဒဏ်ကြောင့် မလွဲမသွေပျက်စီးသွားကြပါလိမ့်မယ်"
ဒါကြောင့်မို့လို့ အကြွေးတွေကိုမဆပ်ဘဲ မနေတာနဲ့ ပိုက်ဆံမဆုံးရှုံးစေတာဟာ ဝိညာဉ်ကုန်သည်အသင်းရဲ့ ကျင့်ကြံသူတွေ လိုက်နာရမယ့် သံမဏိစည်းကမ်းတွေပဲ..
ဒါမှမဟုတ်ရင် မကြာခင်မှာပဲ သူတို့ရဲ့ ကျင့်ကြံမှုတွေဟာ ရှေ့ဆက်ဖို့ လုံးဝမဖြစ်နိုင်တော့ပါဘူး။
ကျောက်မျက်ရတနာတွေ စီခြယ်ထားတဲ့ ဝတ်ရုံကိုဝတ်ထားတဲ့ ရှန့်လိုင်လိုင်က စုကျိုကို ပြုံးပြလိုက်သည်။
"ရှောင်ကျို၊ ငါ့ရဲ့ ဝိညာဉ်ကုန်သွယ်ရေးလမ်းစဉ်က မင်းအတွက် အသင့်တော်ဆုံးကျင့်ကြံခြင်းလမ်းစဉ်ပဲ ငါ အတည်ပြောတာပါ၊ မင်းကို လုံးဝလိမ်နေတာ မဟုတ်ပါဘူး"
စုကျိုက စိတ်လှုပ်ရှားသွားပြီး သူမရဲ့ စကားတွေကိုယုံကြည်သွားသည်။
လုံးဝလိမ်နေတာ မဟုတ်ဘူးဆိုတော့ နည်းနည်းတော့လိမ်နေတယ်ဆိုတဲ့ သဘောပေါ့…
ဝိညာဉ်ကုန်သည်အသင်းက မဟာကျင့်ကြံသူတစ်ယောက်ပီပီ လူတွေကို လိမ်ညာတဲ့အခါမှာတောင် သူမရဲ့ စိတ်ကလုံးဝ ပွင့်လင်းနေပြီး အသိခံရမှာကိုမကြောက်ဘူး။
ဒါ့အပြင် သူမဆီကနေ 'ရွှေ' ရနံ့တွေ ထွက်ပေါ်နေသည်။
ဤအချိန်တွင် ရှန့်လိုင်လိုင်က သူမ လက်ကို အသာအယာတီးလိုက်ရာ ပုလဲစီထားတဲ့ ဂဏန်းပေါင်းစက် ပုတီးစေ့အချို့ဟာ ယင်လီ၊ လိုကျား နဲ့ တခြားသူတွေဆီကိုပျံသွားကြသည်။
သူတို့ အားလုံးက 'ဧည့်သည်တပည့်' ရွှေကမ္ပည်းပြားတွေ ရရှိသွားကြသည်။
"ဝိညာဉ်ကုန်သည်အသင်းက အရည်အချင်းရှိတဲ့သူတွေအတွက် အမြဲတမ်းတံခါးဖွင့်ထားပါတယ် မင်းတို့ တခြားဂိုဏ်းတွေမှာ တပည့်အဆင့် ရှိနေရင်လည်း ကိစ္စမရှိပါဘူး၊ ဝိညာဉ်ကုန်သည်အသင်းက မင်းတို့ရဲ့ ဒုတိယအိမ်ဖြစ်နိုင်ပါတယ်"
"ဒါပေမဲ့ ငါ့ရဲ့ကျင့်ကြံခြင်းနည်းလမ်းက စုကျိုနဲ့ပိုပြီး ကိုက်ညီတယ် မင်းတို့အတွက်တော့ ဝိညာဉ်ကုန်သည်အသင်းထဲမှာ သင့်တော်တဲ့ဆရာတွေ ဒါမှမဟုတ် ကျင့်ကြံခြင်းအရင်းအမြစ်တွေကို ရှာတွေ့နိုင်ပါတယ်"
ဒါက စီးပွားရေးလုပ်တဲ့ပုံစံပါပဲ၊ ဧည့်သည်အားလုံးအတွက် တံခါးတွေကို အမြဲတမ်းဖွင့်ထားသည်။
"ဩော် ဟုတ်သားပဲ"
ရှန့်လိုင်လိုင်က ရွှယ်ရွေ့ကျင်ကို ညွှန်ပြလိုက်ပြီးမှ စုကျိုကို ကြည့်လိုက်သည်။
"မင်းရဲ့ အကြွေးကို ဆပ်ဖို့အတွက် သူ့ရဲ့ အမြုတေကို ငါ ဖြတ်ထုတ်ပေးရမလား၊ ဒါမှမဟုတ် —"
"ကျွန်တော် ဝိညာဉ်ကျောက်တုံးတွေ ပြန်ဆပ်ပါ့မယ်!"
ရွှယ်ရွေ့ကျင်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"စုကျို မင်း ဘယ်လောက် လိုချင်သလဲ? ငါ မင်းအတွက် ဘာမဆို လုပ်ပေးပါ့မယ်၊ ဈေးနှုန်းကို နှစ်ဆပေးပါ့မယ်! ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ကျွန်တော့်ကိုလွှတ်ပေးပါ!"
သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းမှာ ဈေးနှုန်းတွေသတ်မှတ်ခံလိုက်ရတဲ့ အချိန်မှာပဲ သူ့ရဲ့ စွန့်ပစ်ထားတဲ့ စိတ်ဓာတ်ထဲက အညစ်အကြေးတွေဟာ တဖြည်းဖြည်းပြန်ပေါ်လာသည်။
ဝေဝါးနေတဲ့ မှတ်ဉာဏ်တွေလည်း ပြန်လာသည်။
အတိတ်မှာ သူဟာ ဝိညာဉ်ပိုးဖလံဂေဟာရဲ့ အဆင့်တစ်ရာမှာ အငယ်ဆုံးပါရမီရှင်ဖြစ်တဲ့ ကျိုးအောင်ထျန်းကို မနာလိုဖြစ်ခဲ့သည်။
သူက စိတ်မရှည်ဘဲ အမြုတေတည်ဆောက်ဖို့ အလျင်စလို လုပ်ခဲ့လို့ သူ့ရဲ့ အခြေခံ ထိခိုက်သွားခဲ့သည် သူ ပြန်လည်သက်သာ လာဖို့နဲ့ သူ့အရည်အချင်းကို မြှင့်တင်ဖို့အတွက် ပိုက်ဆံအမြောက်အမြားလိုအပ်နေတာကို သိလိုက်ရတဲ့အခါ ရွှယ်ရွေ့ကျင်ဟာ ပါရမီရှင် ကျင့်ကြံသူ ကျိုးအောင်ထျန်းရဲ့ငယ်သူငယ်ချင်းကိုသတိပြုမိသွားသည်။
စုကျို
ဒီမိန်းကလေးဟာ ဝိညာဉ်စွမ်းအားသန့်စင်နေတဲ့အချိန်မှာ ကျိုးအောင်ထျန်းနဲ့အတူ ကြီးပြင်းလာခဲ့ပြီး သူ့ကို တိတ်တဆိတ် ကူညီပေးခဲ့သည်၊ သူမရဲ့ မိဘတွေ ချန်ထားခဲ့တဲ့ ကျင့်ကြံခြင်း ပစ္စည်းအားလုံးကို သူ့အတွက်ပေးထားခဲ့သည်။
သူဟာ ကျိုးအောင်ထျန်းရဲ့ အရည်အချင်းကိုမနာလိုဖြစ်ခဲ့သလို၊ သူ့အတွက် အနစ်နာခံပေးမယ့် ဒီလိုမိန်းကလေးမျိုးရှိနေတာကို ပိုပြီး မနာလိုဖြစ်ခဲ့သည်။
ဒါကြောင့် သူ ဒဏ်ရာရပြီးတဲ့နောက် သူမကို တိတ်တဆိတ် ရှာဖွေခဲ့သည်။
“စုကျို၊ မင်း မှတ်မိလား? ကျိုးအောင်ထျန်းက သူ့အမြုတေ တည်ဆောက်ပြီးရင် မင်းကို သေချာပေါက်ထားခဲ့လိမ့်မယ်လို့ ငါ မင်းကို သတိပေးခဲ့တယ်၊ မင်း သူ့အတွက် သုံးခဲ့တဲ့ ဝိညာဉ်ကျောက်တုံးတွေ အကုန်လုံးအလဟဿ ဖြစ်သွားလိမ့်မယ်လို့ပေါ့”
ရွှယ်ရွေ့ကျင် မျက်နှာနီသွားသည်။
“ကျွန်တော်လည်း အတူတူပါပဲ… ကျွန်တော်လည်း အဲ့ဒီနောက်မှာ လူကောင်းတစ်ယောက်မဟုတ်ခဲ့ပါဘူး၊ မင်းရဲ့ ယုံကြည်မှုကို ကျွန်တော် သစ္စာဖောက်ခဲ့တယ်”
“သူက အမြုတေ တည်ဆောက်ပြီးနောက်မှာ မင်းကိုထားခဲ့တယ်”
“ဒါပေမဲ့! မင်းရဲ့ ဆုံးရှုံးမှုတွေကို အချိန်မီဖြတ်တောက်ဖို့ ငါ မင်းကို သတိပေးခဲ့တာကိုထောက်ထားပြီးတော့ အရာအားလုံးကို ပြန်ပေးဆပ်ဖို့ ငါ့ကို အခွင့်အရေး တစ်ခုလောက် ပေးလို့ရမလား”
ရွှယ်ရွေ့ကျင် တောင်းပန်လိုက်သည်။
စုကျိုကတော့ တိတ်ဆိတ်နေသည် သူ ဝိညာဉ်ကျောက်တုံးတွေကိုပဲ လိုချင်တာပါ…
“ဒီည”
“ကျွန်တော် အခုပဲ ပိုက်ဆံသွားရှာပါ့မယ်! ဒီညကျရင် မင်းကို သေချာပေါက်ပေးပါ့မယ်”
စုကျိုက ခေါင်းညိတ်လိုက်သည်။
"[ရွှယ်ရွေ့ကျင် မျိုးဆက် ၁] ကိုးစုံရဲ့တန်ဖိုးက ဝိညာဉ်ကျောက်တုံး ၂၃၅,၀၀၀ ရှိတယ်"
"ကျန်တဲ့ လက်ကျန်ကိုပဲ ပေးလိုက်ပါ"
"!!!"
ကယ်ကြပါဦး…
ရွှယ်ရွေ့ကျင်ကမူ သူ့ရဲ့ ရုပ်သေးခန္ဓာကိုယ်ကို ပြန်လိုချင်နေသည်။
ဒါပေမဲ့ စုကျို ဒီလိုပြောလိုက်တာကိုကြားတော့ ဒါ မဖြစ်နိုင်တော့ဘူးဆိုတာ သူ သိလိုက်ရသည်။
အရာအားလုံးသာ အသစ်ကနေ ပြန်စနိုင်မယ်ဆိုရင်…
ကံမကောင်းစွာနဲ့ပဲ၊ 'ဆိုရင်' ဆိုတာ မရှိပါဘူး။
သူက ပါရမီရှင် ကျိုးအောင်ထျန်းကို ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့မိတာပါ၊ ကျိုးအောင်ထျန်းက စုကျိုရဲ့ ဝိညာဉ်ကျောက်တုံးတွေကို လောဘတက်ပြီး လမ်းဖြတ်ကိုသုံးခဲ့ရင် သူလည်း လုပ်နိုင်တယ်လို့ထင်ခဲ့မိတာ…
ဟူး…
ရွှယ်ရွေ့ကျင်က စိတ်ပျက်အားငယ်စွာနဲ့ သူ့ပုခုံးတွေကို လျှော့ချလိုက်သည်။
“ထွက်သွားတော့! နေမဝင်ခင်မှာ ငါ့ရဲ့ ချစ်လှစွာသော တပည့်လေးရဲ့ပိုက်ဆံတွေကို ပြန်ယူလာခဲ့!”
ရှန့်လိုင်လိုင်က သူမရဲ့ ဂဏန်းပေါင်းစက်နဲ့ သူ့ကို ရိုက်ထုတ်လိုက်သည်။
ထို့နောက် သူမက ဂဏန်းပေါင်းစက် ပုတီးစေ့တွေကို သုံးပြီး ဟန်တာယွမ်ဂိုဏ်းက အကြီးအကဲတွေနဲ့တပည့်တွေ အားလုံးကို တံခါးအပြင်ကိုရောက်အောင် တွန်းထုတ်လိုက်သည်။
မဟာကျင့်ကြံသူအဆင့်ရှိတဲ့ လုကျိကျောင်းနဲ့ ရုပ်ခန္ဓာပျောက်ဆုံးနေတဲ့ ဝိညာဉ်ပိုးဖလံဂေဟာ အကြီးအကဲတွေရဲ့ ပုံတူကားချပ်တွေသာ ကျန်တော့သည်။
ရှန့်လိုင်လိုင်က သူ့ကို ကြည့်လိုက်ပြီး သူမရဲ့ အနီရောင် နှုတ်ခမ်းတွေက အထက်ကို ကွေးတက်သွားသည်။
“လုကျိကျောင်း၊ ရှင် သိပါတယ် ကျွန်မက ပိုက်ဆံနဲ့ လူကို အမြဲတမ်း သီးခြားစီထားတယ်၊ ရှင်းရှင်းလင်းလင်းပဲ လုပ်တတ်တယ်”
“ရှင်က ကျွန်မရဲ့ တာအိုလက်တွဲဖော်ဖြစ်ဖို့ သဘောတူရင်တောင် ပိုက်ဆံကိစ္စမှာတော့ ကျွန်မ နောက်ဆုတ်မှာမဟုတ်ဘူး”
သူမက လက်ပိုက်လိုက်ပြီး စုကျိုဘက်ကို လှည့်ကြည့်လိုက်သည်။
“ရှောင်ကျို၊ မင်း ငါ့ရဲ့ တပည့်တံဆိပ်ကို လက်ခံလိုက်တာက လောဘကြောင့်ပဲ၊ ငါ့ရဲ့ ဝိညာဉ်ကုန်သည်အသင်းထဲဝင်ပြီး ငါ့ရဲ့ ရင်းနှီးတဲ့ တပည့် ဖြစ်ချင်တဲ့ စိတ်ကြောင့် မဟုတ်ဘူးဆိုတာ ငါ သိပါတယ်”
သူမက စုကျိုကို ကျောက်စိမ်းပြားတစ်ခု ကမ်းပေးလိုက်သည်။
"ယောင်ချန်ယွမ်ရဲ့ အရည်အချင်းစစ်ပွဲမှာ မင်းကို ငါ သတိပြုမိခဲ့တယ်၊ ဒါပေမဲ့ ဝိညာဉ်ကျောက်တုံးတွေအပေါ် ငါ့ရဲ့ထက်မြက်တဲ့ နားလည်မှုအရ မင်းကို ငါ့ဂိုဏ်းထဲဝင်အောင်ဖျောင်းဖျဖို့အတွက် ငါ ဘယ်လောက်တောင် ပေးဆပ်ရမလဲဆိုတာကို ငါ ကြိုမြင်ခဲ့ တယ်"
"ဒါကြောင့် ငါ့ဂိုဏ်းကို ပြန်ပြီး သုံးရက်တိုင်တိုင်တရားထိုင်ပြီး စဉ်းစားခဲ့ရတယ်"
"ပြီးတော့မှ—"
ရှန့်လိုင်လိုင် ပြုံးလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်ရက်က မင်း ငါ့ဆီမှာ တောင်းဆိုစရာ တစ်ခုခုရှိနေတယ်ဆိုတာ ငါ သိလိုက်ရတယ် သေချာတာပေါ့၊ မင်းမှာ ငါ့ကို တွက်ချက်ခိုင်းချင်တဲ့ အကြွေးတွေ အများကြီးရှိတယ်လို့ ဝူချင်း ငါ့ကို ပြောပြတယ်"
ဒါက ဝိညာဉ်ကုန်သည်အသင်းကပဲ ဖြေရှင်းပေးနိုင်တဲ့ ပြဿနာတစ်ခုပါ
"ငါ မင်းကို အလကား ကူညီပေးမယ်"
"ဒီနေ့ ရွှယ်ရွေ့ကျင်ရဲ့ ကိစ္စနဲ့ ဟန်တာယွမ်ဂိုဏ်းနဲ့ မင်းရဲ့တိုက်ပွဲနဲ့ ပတ်သက်လို့၊ ရှောင်ကျို မင်းကိုတပည့်အဖြစ် လက်ခံချင်တဲ့ ငါ့ရဲ့ စိတ်ရင်းမှန်ကို မင်း ကျေနပ်ရဲ့လား"
သူမရဲ့ စကားတွေကြောင့် ရှိနေတဲ့သူတွေ အားလုံးအံ့ဩသွားကြသည်။
ဒီနေ့ကျင်းပတဲ့ တစ်ဆယ့်ခြောက်သင်းအဆင့်၊ ဝိညာဉ်ကျောက်တုံး ပတ်သက်မှု ပြိုင်ပွဲဟာ သူမအတွက် အထူးပြင်ဆင်ထားတာ ဆိုတာကို စုကျို သိလိုက်ရသည်။
"ဟုတ်ပါတယ်၊ ဒါက အစကတည်းက ဆယ်သင်းအဆင့်အတွက် ငါ စီစဉ်ထားတဲ့ ပွဲစဉ်ပါပဲ"
ရှန့်လိုင်လိုင် ပြုံးလိုက်ပြီး ကောင်းကင်ဘက်ကို နောက်ထပ်အချက်ပြတစ်ခု လွှတ်လိုက်ပြန်သည်
"မင်းရဲ့ နောက်ထပ် အကြွေးရှင်လည်းရောက်နေပြီ၊ စုကျို သူက ဝိညာဉ်ပိုးဖလံဂေဟာရဲ့ အစောပိုင်းအဆင့်က ရွှေအမြုတေတပည့် ရှုဝမ်ယီပဲ"
လုကျိကျောင်းရဲ့ နှုတ်ခမ်းတွေ လှုပ်ခတ်သွားသည်။
"ရှောင်ကျို၊ ငါတို့ရဲ့ တွေ့ဆုံမှုအတွက် မင်းကို နောက်ထပ် လက်ဆောင်တစ်ခု ပေးဦးမယ်"
ရှန့်လိုင်လိုင်က ကောင်းကင်ထဲကို သူမရဲ့ လက်ညှိုးနဲ့ ညွှန်ပြလိုက်သည်။
ခဏအတွင်းမှာပဲ စာသားတွေ ထွက်ပေါ်လာသည်။
【ဂိုဏ်းအားလုံးရဲ့ ထိပ်သီးဆယ်သင်း အခြေခံတည်ဆောက်ခြင်းအဆင့် ပြိုင်ပွဲကို မနက်ဖြန် ကျင်းပပါမည်!】
【ထိပ်သီးဆယ်သင်း ပြိုင်ပွဲအတွက် စိန်ခေါ်မှု — ဖီးနစ်မြို့အတွင်းမှာရှိတဲ့ ဒီနှစ် ရွှေအမြုတေအဆင့် ပြိုင်ပွဲဝင်နေတဲ့ ဘယ်တပည့်ကိုမဆို လိုက်လံဖမ်းဆီးပါ!】
【ရွှေအမြုတေအဆင့် တပည့်တစ်ယောက်ကိုဖမ်းမိရင် အမှတ် ၁၀၀ ရပါမယ်!】
"ရှောင်ကျို၊ အရာအားလုံးကို မင်းကိုယ်တိုင် လိုက်လံရှာဖွေရတဲ့ ပျော်ရွှင်မှုကို ခံစားကြည့်လိုက်ပါဦး"