← Chapters

အခန်း (၁၆၉)

Vol. 17 Ch. 169

အခန်း (၁၆၉)

Vol. 17 Ch. 169

🥝 Chapter 169

ဖီးနစ်မြို့တော်တစ်ခုလုံး အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။

တည်းခိုဆောင်မှ ဧည့်သည်များ၊ ပြိုင်ပွဲဝင်အဖွဲ့များနှင့် လမ်းသွားလမ်းလာများပင် ကောင်းကင်ယံရှိ နောက်ဆုံးထုတ်ပြန်လိုက်သော 'ထိပ်သီးဆယ်သင်း အခြေခံတည်ဆောက်ခြင်းအဆင့် ပြိုင်ပွဲ' အကြောင်းအရာကို ကြည့်ကာ အံ့ဩမှုကို မဖုံးကွယ်နိုင်ကြပေ။

"ထိပ်သီးဆယ်သင်း ပြိုင်ပွဲမှာ အခြေခံတည်ဆောက်ခြင်းအဆင့်အဖွဲ့တွေကို ရွှေအမြုတေအဆင့်အဖွဲ့တွေနဲ့ တိုက်ခိုက်ခိုင်းတာ လား"

"အရမ်း ရက်စက်လွန်းတယ်"

"ဒါက ဒဏ်ရာကုသခနဲ့ ပိုက်ဆံရှာဖို့ အခွင့်အရေးယူနေတာလား အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်တွေအနေနဲ့ သတိထားဖို့ ကျွန်တော် အကြံပေးချင်ပါတယ်"

"အခြေခံတည်ဆောက်ခြင်းအဆင့်နဲ့ ရွှေအမြုတေအဆင့်ဆိုတာ ကြက်ဥနဲ့ကျောက်ခဲလို ကွာခြားတာလေ"

အခြေခံတည်ဆောက်ခြင်းအဆင့် ပြိုင်ပွဲရဲ့ ထိပ်သီးတစ်ဆယ့်ခြောက်သင်းစာရင်းထဲက နောက်ဆုံးအဖွဲ့ဟာ ခုနလေးတင်မှ ခက်ခဲတဲ့ အောင်ပွဲတစ်ခုကို ရရှိခဲ့တာဖြစ်သည်။

ပရိသတ်တွေ အားလုံး မပြန်ကြသေးပေ။

ထိပ်သီး တစ်ဆယ့်ခြောက်သင်းရဲ့ တစ်ဝက်လောက်က ပြိုင်ပွဲကွင်းထဲမှာရှိနေဆဲဖြစ်ပြီး ဂုဏ်ပြုစကားတွေကို လက်ခံနေကြတုန်းပါပဲ။

ဒါပေမဲ့ သူတို့မျက်နှာပေါ်က ပျော်ရွှင်မှုတွေဟာ မနက်ဖြန်ကျင်းပမယ့် ထိပ်သီးဆယ်သင်း ဗိုလ်လုပွဲကြောင့် အံ့ဩတုန်လှုပ်ကာ အေးခဲသွားကြသည်။

အထူးသဖြင့် ခုနတင်မှ ဒဏ်ရာတွေနဲ့ ထွက်လာကြတဲ့ နောက်ဆုံးအဖွဲ့နှစ်ဖွဲ့ပေါ့။

ဖျော်ဖြေရေးဂိုဏ်းနဲ့ အကခန်းမတို့ ဖြစ်သည်။

ဖျော်ဖြေရေးဂိုဏ်းရဲ့ ခေါင်းဆောင်ဟာ ဒဏ်ရာတွေနဲ့ သတိလစ်နေပြီး သူ့အသင်းဖော် သုံးယောက်ကလည်း အပြင်းအထန် ဒဏ်ရာရကာ ပြိုင်ပွဲကနေထွက်လိုက်ရသည်။ သူတို့သည် ဝူချင်းချန်း ဦးဆောင်တဲ့ အကအဖွဲ့ကိုအသက်နဲ့ရင်းပြီး ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရတာပါ။

ခုနတင်မှ ကုသမှုခံယူပြီး သတိပြန်ရလာတဲ့ ခေါင်းဆောင်ဟာ အခုတော့ ထပ်ပြီး မေ့လဲသွားချင်နေသည်။

"ရွှေအမြုတေအဆင့်..."

သူ ဘာနဲ့ တိုက်ရမှာလဲ?!

သူတို့ ခုနတင် ဝူချင်းချန်းလေးယောက်ရဲ့ ဝိုင်းရံမှုကို ခံခဲ့ရပြီး အသတ်ခံရလုနီးပါး ဖြစ်ခဲ့တာလေ…

ဒါတောင်မှ အခြေခံတည်ဆောက်ခြင်းအဆင့်ရဲ့ အထွတ်အထိပ်မှာပဲ ရှိနေသေးတာ

ရွှေအမြုတေအဆင့်ရှိတဲ့ အကခန်းမရဲ့စီနီယာအစ်မကို သူ ဘာနဲ့ ရင်ဆိုင်ရမှာလဲ ?

သူ့ရဲ့ အလောင်းနဲ့လား ?

ရွှေအမြုတေအဆင့်ရှိတဲ့ ဝူချင်းချန်းငါးယောက်ရဲ့ ဝိုင်းရံမှုကို ခံရမယ့်အတွေးက ဒဏ်ရာတွေ ကုသပြီးစရာပြည့်ကစားပွဲဂိုဏ်းဝင် ငါးယောက်ကို တိတ်ဆိတ်သွားစေသည်။

"ဝူချင်းချန်းရေ ငါတို့ ထပ်ပြီးတိုက်ကြရင် ကောင်းမလား..."

ဒီတစ်ခါတော့... သရေလို့ သတ်မှတ်ပေးလို့ ရမလား ?

အခြေခံတည်ဆောက်ခြင်းအဆင့်နဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေကြားက ဒီလိုတိုက်ပွဲမျိုးကို အနိုင်ရတဲ့သူပဲ ဘယ်လို ခံစားနိုင်မှာလဲ ?

ဆေးသောက်ပြီးစ ဝူချင်းချန်းက ကောင်းကင်ကိုမော့ကြည့်လိုက်သည် ရှုံးနိမ့်သွားတဲ့အတွက် နောင်တရမှုက သူမမျက်နှာပေါ်မှာ မလျော့ပါးသေးပေမယ့် ကျေနပ်မှု အနည်းငယ်တော့ ခံစားလိုက်ရသည်

"ကြိုးစားကြပါ ရာပြည့်ကစားပွဲဂိုဏ်းက တပည့်တို့ရေ!"

"ကျွန်မတို့ အကခန်းမရဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်တပည့်တွေကို မနက်ဖြန်မှာ ကျွန်မတို့ရဲ့ ရွှေအမြုတေအဆင့် တပည့်တွေဆီ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်နော်"

"..."

ရွှေအမြုတေအဆင့်နဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်ကြားက ကွာဟချက်ဟာ လူငါးယောက်နဲ့ တစ်ယောက် လဲရမယ့်အထိ ပြင်းထန်သည်။

အခြေခံတည်ဆောက်ခြင်းအဆင့် တစ်ဖွဲ့လုံးပေါင်းမှ ရွှေအမြုတေအဆင့် တပည့်တစ်ယောက်ကို ခက်ခက်ခဲခဲ နှိမ်နင်းနိုင်လိမ့်မည်။

အနိုင်ရဖို့ အခွင့်အရေး လုံးဝမရှိတာတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ ပြဿနာက ဘယ်ရွှေအမြုတေအဆင့် တပည့်ကမှ လူအုပ်ကြားမှာ တစ်ယောက်တည်း ရပ်နေပြီး အခြေခံတည်ဆောက်ခြင်း အဆင့် အဖွဲ့ရဲ့ ဝိုင်းရံမှုကို အငြိမ်ခံမယ့် အရူးမဟုတ်တာပဲလေ။

ရွှေအမြုတေအဆင့် တပည့်တွေကလည်း သူတို့သူငယ်ချင်းတွေကို ခေါ်ပြီး အချင်းချင်း ကူညီကြမှာပေါ့။

သူတို့ကို ဖမ်းဖို့က မလွယ်ဘူး!

ဒါက ထိပ်သီးဆယ်သင်း ပြိုင်ပွဲပဲ ရှိသေးတာ၊ အခက်အခဲက ဘာလို့ ဒီလောက်တောင် မျှော်လင့်ချက်မဲ့နေရတာလဲ ?

ထိပ်သီး တစ်ဆယ့်ခြောက်သင်းထဲက အဖွဲ့အတော်များများ တိတ်ဆိတ်နေကြသည်။

စုကျို တစ်ယောက်တည်းသာ ဤအချိန်တွင် တည်းခိုဆောင်၌ ပတ္တမြားများနှင့် ကျောက်စိမ်းများ စီခြယ်ထားပြီး အဖိုးတန်အလင်း တန်းတွေကို မဖုံးကွယ်နိုင်တဲ့ မဟာကျင့်ကြံသူ အကြီးအကဲ ရှန့်လိုင်လိုင်ကို မျက်လုံးလေးတွေ တောက်ပလျက်ကြည့်နေသည်။

ဒီလက်ဆောင်ကြီးက သူမကို တကယ်ပဲ စိတ်လှုပ်ရှားစေသည်။

[ရှုဝမ်ယီ၊ ဝိညာဉ်ပိုးဖလံဂေဟာ အဆင့် ၇၂၊ ဂိုဏ်းချုပ်၏တပည့်အစစ်၊ စုကျို ဆီကနေ ငါးနှစ်တိုင်တိုင် ဝိညာဉ်သွေးတွေရောင်းပြီး ထောက်ပံ့မှု ခံယူခဲ့သည်၊ ဝိညာဉ်ကျောက်တုံး ၂၃၀,၀၀၀ ခန့် (အမာရွတ်ကုသခ အပါအဝင်)]

သူ့ရဲ့ နံပါတ်သုံး ငါးကြီးက ဒီဝိညာဉ်လမ်းစဉ်ပြိုင်ပွဲမှာ ဝိညာဉ်ပိုးဖလံဂေဟာရဲ့ ရွှေအမြုတေအဆင့် အဖွဲ့ခေါင်းဆောင်ဖြစ်နေသည်။

ဒါပေမဲ့ ရွှေအမြုတေအဆင့် အဖွဲ့တွေအတွက် တည်းခိုခန်းနဲ့ ပြိုင်ပွဲနေရာတွေက အခြေခံတည်ဆောက်ခြင်းအဆင့်တွေနဲ့ သီးခြားစီဖြစ်ပြီး မြေအောက်မြို့တော်ထဲမှာရှိကြသည်။

စုကျိုကမူ ဒီပြိုင်ပွဲမှာ ရှုဝမ်ယီကို မတွေ့ရသေးပေ။

ယင်လီရဲ့ ပြောပြချက်အရ ဝိညာဉ်ပိုးဖလံဂေဟာရဲ့ ရွှေအမြုတေအဆင့်အဖွဲ့ဟာ ဒီတစ်ခါမှာ စွမ်းဆောင်ရည် အရမ်းကောင်းနေပြီး ဒီမနက်တင်ပဲ ထိပ်သီးတစ်ဆယ့်ခြောက်သင်းစာရင်းထဲ ဝင်သွားခဲ့သည်။

ဒါဆိုရင် နံပါတ်သုံး ငါးကြီး ရှုဝမ်ယီ အတက်ကြွဆုံးနဲ့အောင်ပွဲခံနေမယ့် အချိန်ဖြစ်မှာပေါ့ ဟုတ်တယ်မလား ?

သူမရဲ့ ပိုက်ဆံတွေကို ပြန်ဆပ်ဖို့အကောင်းဆုံးအချိန်ပါပဲ

စုကျို မျက်လုံးလေးတွေ မှေးစက်သွားတဲ့အထိ ပြုံးရင်းတွေးလိုက်သည်။

ဝိညာဉ်ကုန်သည်အသင်းက သူမအတွက် ကံကောင်းခြင်းတွေကိုယူဆောင်လာပေးနေသလိုပဲ..

"ဒီဧည့်သည်တပည့်ရဲ့ ခါးပတ်တံဆိပ်ကို ရှောင်ကျို သေသေချာချာသိမ်းထားပါ"

ရှန့်လိုင်လိုင်က သူမရဲ့လက်ကိုဝေ့ယမ်းလိုက်ပြီး သူမဘေးက ဝိညာဉ်စွမ်းအင်ပုတီးစေ့တွေကို သိမ်းလိုက်ကာ ပြုံးလိုက်သည်။

"နောက်မှ မင်း ငါ့ရဲ့ ဝိညာဉ်ကုန်သည်အသင်းထဲဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ ဒီရွှေနီရောင်တံဆိပ်ကအစစ်အမှန်ပါပဲ မင်း ဒါကို ဝိညာဉ်ကုန်သည်အသင်းဆီ ယူသွားပြီး ဝိညာဉ်ကျောက်တုံးတွေနဲ့လဲလို့ရတယ်"

စုကျို အဲ့ဒါကို မကြည့်ဘဲ မနေနိုင်တော့ပေ။ အဲ့ဒါက တော်တော်လေး လေးသည် အနည်းဆုံးတော့ တစ်သိန်းလောက်တန်လိမ့်မည် ဒီလောက် ရက်ရောတာ!

တကယ်ကို ဆွဲဆောင်မှုရှိလှသည်။

သို့သော်ငြား…

"ဒါကို ကျွန်မ လက်ခံလိုက်ရင် ဝိညာဉ်ကျောက်တုံး ပတ်သက်မှုတစ်ခု ဖြစ်မသွားဘူးလား"

စုကျိုက သူမရဲ့ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်သည်။

"ရှင် ကျွန်မအတွက် စီစဉ်ပေးထားတဲ့ ရွှေအမြုတေအဆင့်ကို ဖမ်းရမယ့် ပြိုင်ပွဲ အပါအဝင်ပေါ့"

ရှန့်လိုင်လိုင် အသာအယာ ပြုံးလိုက်သည် သူမရဲ့ နဖူးပေါ်က ကျောက်မျက်ဆွဲသီးလေးတောင် တောက်ပနေသည်။

"မကြောက်ပါနဲ့ တပည့်တလေးရယ်၊ မင်းနဲ့ငါနဲ့က ဆုံစည်းဖို့ ကံပါလာတာပါ၊ ငါတို့ အကြွေးတွေကို အချိန်တန်ရင်သေချာပေါက် ဆပ်ကြရမှာပါ"

"ကဲ မနက်ဖြန်က ထိပ်သီးဆယ်သင်း ပြိုင်ပွဲပဲ၊ တပည့်တော်လေးနဲ့ မင်းရဲ့ သူငယ်ချင်းတွေ ကောင်းကောင်းအနားယူကြဦး မနက်ဖြန်ကျရင် ဝူချင်းကို မင်းနဲ့အတူလွှတ်ပေးမယ်၊ သူ့ကို တစ်ဆင့် စကားပါးချင်တာရှိရင်ပြောခိုင်းလိုက်၊ ဒါမှမဟုတ် တပည့်တံဆိပ်ကနေတစ်ဆင့် ငါ့နာမည်ကို တိုက်ရိုက်ခေါ်လို့ရတယ်"

အဲ့ဒီလိုပြောပြီးနောက် သူမရဲ့ ပုံရိပ်က တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

လုကျိကျောင်းက မျက်စိမှိတ်လိုက်ပြီးမှ ပြန်ဖွင့်လိုက်ကာ စုကျို၊ ယင်လီနဲ့ တခြားသူတွေကို အမြန်ပြောလိုက်သည်။

"ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေနဲ့ တိုက်တဲ့အခါ အထူးသတိထားပါ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူထက် ငါးဆကနေ ဆယ်ဆအထိရှိတယ်"

"ဒီပြိုင်ပွဲမှာ ပါဝင်တဲ့သူနှစ်ယောက်က ရွှေအမြုတေအဆင့်ရဲ့အထွတ်အထိပ်မှာ ရှိနေတာ သတိထားကြ၊ ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် မတွန်းအားပေးပါနဲ့"

"တစ်ခုခု ပြဿနာရှိရင် ငါ့ကို ဆက်သွယ်လိုက်"

"ဒီရွှေနီရောင်တံဆိပ်နဲ့ ပတ်သက်လို့ကတော့ ဒါကို သယ်သွားတာက မင်းအတွက် ဝန်ထုတ်ဝန်ပိုးပဲဖြစ်မှာ၊ တခြား ဘာမှ အကျိုးမရှိဘူး"

"မနက်ဖြန်ကျရင် ဒါကို အိမ်မှာပဲ ထားခဲ့လိုက်"

အဲ့ဒီလိုပြောပြီး သူ သက်ပြင်းချကာ ပျောက်ကွယ်သွားသည်။

မကြာခင်မှာပဲ အိမ်အပြင်ဘက်ကနေ တိုက်ခိုက်သံတွေ ထွက်ပေါ်လာသည်။

'လုကျိကျောင်း ရှင်က ကျွန်မ တပည့်ကိုလုယူတယ်ဆိုတော့ ဘာဖြစ်လဲ! ရှင် ကျွန်မကို နိုင်လို့လား?!'

'ကျွန်မကို လက်ထပ်လိုက်လေ၊ ဒါဆိုရင် ဝိညာဉ်ကုန်သည်အသင်းက ရှင့်အိမ်ဖြစ်သွားမှာပေါ့၊ လုကျိကျောင်းရဲ့ အိမ်ဖြစ်သွားမှာပေါ့!'

'တောက်~ ကောင်းပြီ၊ ရှင့်ရဲ့ တပည့်ကို ကျွန်မ ယူမယ်! ရှင် မပေးချင်ရင်လည်း တခြားလူတွေ အများကြီးရှိသေးတယ်!'

"အကြီးအကဲတို့ ခင်ဗျာ၊ ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်! ကျွန်တော့်ရဲ့ ဝိညာဉ်ကုန်သည်အသင်းက မဟာကျင့်ကြံသူအဆင့်ရှိသူတွေက ဝိညာဉ်ပိုးဖလံဂေဟာရဲ့ မဟာကျင့်ကြံသူတွေကို အပြင်းအထန်ရိုက်နှက်နေပါတယ်—"

"ကျွန်တော့်ရဲ့ ဝိညာဉ်ကုန်သည်အသင်းက ပိုက်ဆံရှာရုံတင်တော်တာ မဟုတ်ပါဘူး၊ အစွမ်းလည်း အရမ်းထက်ပါတယ်! ဒီမတ်လမှာ တပည့်သစ်တွေ လက်ခံမှာဖြစ်လို့ ကျွန်တော်တို့ ဝိညာဉ်ကုန်သည်အသင်းမှာလာပြီး စာရင်းပေးကြပါခင်ဗျာ!"

စုကျိုနဲ့ယင်လီတို့ အခန်းထဲမှာ တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီး နှစ်ယောက်လုံးရဲ့မျက်လုံးထဲ အံ့ဩမှုတွေကိုတွေ့နေရသည်။

ဝိညာဉ်ကုန်သည်အသင်းက မဟာကျင့်ကြံသူ အကြီးအကဲရှန့်လိုင်လိုင်က တကယ်ကြမ်းတာပဲ..

ခဏအကြာမှာတော့ အပြင်ဘက်က အော်ဟစ်သံတွေပိုများလာသည်။

"ဘာတွေ လုပ်နေကြတာလဲ ရှန့်လိုင်လိုင်၊ ဘာလို့ တိုက်နေတာလဲ"

"ရပ်လိုက်ကြပါ! မဟာကျင့်ကြံသူအဆင့်တွေ တိုက်ခိုက်တာက တည်းခိုဆောင်က အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်တွေကို ထိခိုက်ကုန်လိမ့်မယ်"

"ဟင် လုကျိကျောင်း၊ ရှင် ဘာပြောလိုက်တာ ? ရှန့်လိုင်လိုင်က ရှင့်ရဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်တွေကို လုနေတာလား"

"ဘာ? ဒီရွှေအမြုတေအဆင့် တိုက်ပွဲဆိုတာ ရှန့်လိုင်လိုင် ရှင်က တပည့်တွေ စုဆောင်းဖို့အတွက် စဉ်းစားထားတာလား"

"လွန်လွန်းတယ်!"

အပြင်ဘက်က ရုတ်တရက် ဆူညံသွားသည်။

စုကျို မော့ကြည့်တော့မယ့်အချိန်မှာပဲ သူမဟာ ဆူညံမှုတွေကြားမှာ ပါသွားလုနီးပါးဖြစ်ခဲ့ရသည်။

တည်းခိုဆောင်ရဲ့ အထက် ကောင်းကင်ယံမှာ ဝိညာဉ်ကျောက်တုံးတွေ၊ ဂဏန်းပေါင်းစက် ပုတီးစေ့တွေ၊ ဓားတွေနဲ့ ပိုးထည်တွေဟာ အပြင်းအထန်ထိတွေ့နေကြပြီး ကောင်းကင်ကြီးကို ခဏအတွင်းမှာပဲပြဲထွက်သွားစေသည်!"

မကြာခင်မှာပဲ လှံရှည်တွေနဲ့ ဝိညာဉ်မျောက်တွေ အပါအဝင်အစွမ်းထက်တဲ့ မန္တန်လက်နက်တွေနဲ့ ဝိညာဉ်တိရစ္ဆာန်တွေဟာ ကောင်းကင်ယံက ဂဏန်းပေါင်းစက်ကြီးနဲ့ ပိုးနတ်သားလေးကို ဝိုင်းပြီးတိုက်ခိုက်လိုက်ကြသည်!

"ဝိညာဉ်ကုန်သည်အသင်း လွန်လွန်းနေပြီ! ပြိုင်ပွဲတောင် မပြီးသေးဘူး၊ သူတို့က တပည့်တွေကို လုနေကြပြီ နတ်လက်နက်လမ်း စဉ်က ခေါင်းဆောင်တောင် ဒါကိုသည်းမခံနိုင်တော့ဘူး!"

"စုကျိုက ဒီနေ့ ဂိုဏ်းပြောင်းလိုက်ပြီ၊ သူ ငါတို့ နတ်လက်နက်လမ်းစဉ်ထဲ ဝင်သင့်တယ်!"

လုကျိကျောင်း : "?"

"ရှန့်လိုင်လိုင်၊ ကျွန်တော် ဖျော်ဖြေရေးဂိုဏ်းက မဟာကျင့်ကြံသူအဆင့်ရှိတဲ့ အဘိုးကြီးက အများကြီးသင်ယူလိုက်ရပါပြီ! သူတို့က တပည့်တွေကို လုနိုင်တယ်ဆိုမှတော့ စုကျိုက ကျွန်တော်တို့ဖျော်ဖြေရေးဂိုဏ်းကပဲ ဖြစ်ရမယ်!"

"ဝိညာဉ်ပိုးဖလံဂေဟာက လုကျိကျောင်း၊ ခင်ဗျား ကျွန်တော်ဆိုတဲ့ ဆေးလုံးဂိုဏ်းကအကြီးအကဲနဲ့ ယှဉ်ပြိုင်ရဲလား"

"နိုင်တဲ့သူက စုကျိုကို တပည့်အဖြစ်ရမယ်!"

"ရှန့်လိုင်လိုင်၊ စုကျိုက စီးပွားရေးသမား လုံးဝမဟုတ်ဘူး၊ သူ့ရဲ့ ပုံတူပွားနိုင်စွမ်းက ရုပ်သေးလမ်းစဉ်ပဲ!"

"လက်နက်ရဲ့လမ်းစဉ်က လှည့်စားခြင်းရဲ့လမ်းစဉ်ပဲ! သူ့ရဲ့ပုံတူပွားနိုင်တဲ့ အရည်အချင်းက ပါးနပ်ပြီးခန့်မှန်းရခက်တယ်၊ အဲ့ဒါက လက်နက်လမ်းစဉ်ပဲ!"

"ဒါက သိသာပါတယ်၊ သူက ဝိညာဉ်လက်မှုပညာရှင်ပဲ!"

"မငြင်းကြပါနဲ့တော့! နိုင်တဲ့သူက တပည့်ကမ္ပည်းပြားကိုရမယ်!"

"အရင်ဆုံး ဝိညာဉ်ပိုးဖလံဂေဟာက လုကျိကျောင်းကိုဝိုင်းရိုက်ကြရအောင်! ဝိညာဉ်ပိုးဖလံဂေဟာက မကောင်းဘူးဆိုတာ စုကျို မြင်သွားအောင်လို့!"

"တပည့်စုကျို! ကြည့်ထား ငါတို့ နတ်လက်နက်လမ်းစဉ်က အစွမ်းအထက်ဆုံးပဲ!"

"မဟုတ်တာ… ကျွန်မတို့ရဲ့ ဝိညာဉ်တွက်ချက်ခြင်းလမ်းစဉ်ကလည်း တော်တော်လေးကောင်းပါတယ်"

"အကခန်းမက မဟာကျင့်ကြံသူတွေ ရောက်လာပြီ!"

"စုကျိုက အရမ်းနာမည်ကြီးနေတာပဲ၊ ဒါကြောင့် ကျွန်မက ယင်လီကိုသဘောကျသွားပြီ၊ သူမကို ကျွန်မဆီ ပေးလို့ရမလား"

"ဟို ငါးမျှားနေတဲ့ တစ်ယောက်လည်းအဆင်ပြေပါတယ်..."

လုကျိကျောင်းရဲ့အင်္ကျီလက်ထဲက ပုံတူကားချပ်တွေကတော့ တော်တော်လေးဒေါသထွက်နေကြသည်။

"လွန်လွန်းတယ်! ကျိကျောင်း၊ သူတို့ကို နှိမ်နင်းလိုက်စမ်း!"

"တိုက်ခိုက်!"

"မင်းရဲ့ပိုးနတ်သားလေးကို ငါ ပူးကပ်ခွင့်ပေးမယ်၊ သူတို့ကို သတ်ပစ်လိုက်စမ်း!"

ဖြောက် ဖြောက် ဖြောက် ဖြောက်

ခဏအတွင်းမှာပဲ တည်းခိုဆောင်၏အထက်ကောင်းကင်ယံမှာ ရေတွက်လို့မရတဲ့ အစွမ်းထက်တဲ့ ဝိညာဉ်စွမ်းအင်လှိုင်းလုံးတွေနဲ့ တိုက်ကွက်တွေ ပြည့်နှက်သွားသည်။

တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်ရောက်လာကြတဲ့ ဂိုဏ်းအသီးသီးကအခြေခံတည်ဆောက်ခြင်းအဆင့်အဖွဲ့တွေဟာ တည်းခိုဆောင်ထဲ ဝင်လိုက်တဲ့အခါ သူတို့မျက်လုံးတွေကို သူတို့ မယုံနိုင်အောင် ဖြစ်သွားကြသည်။

"ဘာတွေ ဖြစ်နေတာလဲ"

တပည့်တွေမော့ကြည့်လိုက်တဲ့အခါ သူတို့ရဲ့အကြီးအကဲတွေ အချင်းချင်းတိုက်ခိုက်နေကြတာကို တွေ့လိုက်ရသည်။

"မနက်ဖြန်က အခြေခံတည်ဆောက်ခြင်းအဆင့်နဲ့ရွှေအမြုတေအဆင့် တိုက်ပွဲလေ၊ အခု အကြီးအကဲတွေ အချင်းချင်းတိုက်ခိုက်နေ တာက ဘယ်သူ အရင်ထွက်ရမလဲဆိုတာ ဆုံးဖြတ်နေတာလား"

"..."

ဒီလိုရှုပ်ထွေးနေတဲ့ တိုက်ပွဲကြားမှာ ကျင့်ကြံမှုနိမ့်တဲ့တပည့်တွေကတော့ အကြီးအကဲတွေရဲ့လှုပ်ရှားမှုကိုတောင် မမြင်နိုင်ကြပါဘူး။

ဒါပေမဲ့ မကြာခင်မှာပဲ မဟာကျင့်ကြံသူ အဆင့်ရှိသူတွေ တစ်ယောက်ပြီးတစ်ယောက် လွင့်ထွက်သွားကြသည်။

ထူးထူးဆန်းဆန်းပါပဲ၊ သူတို့အားလုံးဟာ သူတို့ရဲ့ကိုယ်ပိုင်အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်တွေရဲ့ဘေးနားကို အတိအကျ ဆင်းသက်လာကြသည်။

"ပွဲကြည့်မနေနဲ့၊ ဝိညာဉ်ပိုးဖလံဂေဟာကို အမြန်သွားရှာကြစမ်း မင်းတို့က မနက်ဖြန်ကျရင် ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေကို ခြေထောက်နဲ့တိုက်ကြမှာလား? အရူးတွေ စုကျိုနဲ့ မဟာမိတ်ဖွဲ့ကြစမ်း!"

ဆေးလုံးဂိုဏ်းအကြီးအကဲက ဆူညံမှုတွေကြားကနေ တပည့်တွေကို တိုးတိုးလေးမှာလိုက်သည်။

တွက်ချက်ခြင်းအကြီးအကဲလည်း လွင့်ထွက်လာပြီး တပည့်တစ်ယောက်ရဲ့ဘေးမှာ ဆင်းသက်လာပြီး သူ အမြန်ပြောလိုက်သည်။

"စုကျိုနဲ့ မဟာမိတ်ဖွဲ့၊ ကံကောင်းလိမ့်မယ်!"

စစ်လက်နက်လမ်းစဉ် အကြီးအကဲကတော့ နောက်ကို မှီလိုက်ပြီး သူ့တပည့်ရဲ့နားထဲကို စကားပါးလိုက်သည်။

"အဝေးကသူတွေကို တိုက်ပြီး အနားကလူတွေနဲ့မိတ်ဖွဲ့ပါ၊ ဝိညာဉ်ပိုးဖလံဂေဟာနဲ့ မဟာမိတ်ဖွဲ့စမ်း!"

"အမြန်! တခြားအဖွဲ့က စုကျိုကို အရင်သွားရှာရင် သူတို့ကို သတ်ပစ်လိုက်!"

ဂိုဏ်းအသီးသီးမှ အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်များ : "!"

All Chapters