← Chapters

အခန်း (၁၇၀)

Vol. 17 Ch. 170

အခန်း (၁၇၀)

Vol. 17 Ch. 170

🥝 Chapter 170

တပည့်တွေက မမြင်နိုင်ကြပေမယ့် အကြီးအကဲတွေကတော့ သူတို့ရဲ့ မဟာကျင့်ကြံသူအဆင့်နဲ့ စုကျိုအရည်အချင်းဟာ အခြေခံတည်ဆောက်ခြင်းအဆင့်ရဲ့ ထိပ်သီးတစ်ဆယ့်ခြောက်သင်းမှာတင် ရပ်တန့်သွားမှာ မဟုတ်ဘူးဆိုတာကို တစ်ချက်တည်းနဲ့ မြင်လိုက်ကြသည်။

စုကျိုနဲ့သာဆိုရင် တခြားသူတွေ နည်းနည်းပျင်းနေရင်တောင် စုကျိုပါတဲ့အဖွဲ့ဟာ ပြိုင်ပွဲမှာ တိုက်ခိုက်ဖို့အတွက် 'ရွှယ်ရွေ့ကျင်' ကိုးယောက်ကို ချက်ချင်းရနိုင်ပါလိမ့်မည်။

ရွှေအမြုတေအဆင့်တွေကို တိုက်ခိုက်တဲ့နေရာမှာ စုကျိုနဲ့ဆိုရင် နှစ်ဆပိုပြီးထိရောက်လိမ့်မည်သာ။

စုကျိုကို ရတဲ့သူဟာ ဒီပြိုင်ပွဲရဲ့ထိပ်သီး ဆယ်သင်းစာရင်းထဲကို သေချာပေါက်ဝင်ပါလိမ့်မည်!

[ထိပ်သီးဆယ်သင်း အခြေခံတည်ဆောက်ခြင်းအဆင့် စိန်ခေါ်မှု — ဖီးနစ်မြို့အတွင်းမှာရှိတဲ့ ဒီနှစ် ရွှေအမြုတေအဆင့် ပြိုင်ပွဲဝင်နေတဲ့ ဘယ်တပည့်ကိုမဆို လိုက်လံဖမ်းဆီးပါ!]

[ရွှေအမြုတေအဆင့် တပည့်တစ်ယောက်ကိုဖမ်းမိရင် အမှတ် ၁၀၀ ရပါမယ်! ]

အခြေခံတည်ဆောက်ခြင်းအဆင့်တပည့်တွေက ကောင်းကင်ယံက မေးခွန်းကို နောက်တစ်ကြိမ်ကြည့်လိုက်ပြီး ဘာဖြစ်နေတယ် ဆိုတာကို ချက်ချင်းသဘောပေါက်သွားကြသည်။

"စုကျိုကို လုကြစမ်း!"

"သူ့ကို ငါတို့အခန်းထဲ ယူသွားကြရအောင်!"

စုကျိုရဲ့တံခါးဝမှာ လက်ပိုက်ပြီး ကောင်းကင်ကိုကြည့်နေတဲ့ ရှန့်ဝူချင်းဟာ ရုတ်တရက် လူအုပ်ကြီးပြေးဝင်လာပြီး ကန်ထုတ်ခြင်းကို ခံလိုက်ရသည်!

ရှန့်ဝူချင်း : "..."

စုကျို : "..."

ယင်လီ : "..."

"နေဦး"

စုကျိုဟာ ချန်ယွမ်ရဲ့ချီပိုးခြင်းကို ချက်ချင်းခံလိုက်ရပြီး ပြတင်းပေါက်ကနေ ခုန်ထွက်သွားသည်။

ချန်ယွမ်က အိမ်ခေါင်မိုးပေါ်မှာ ရပ်လိုက်ပြီး စုကျိုကို သူ့ရင်ခွင်ထဲမှာ နေခိုင်းကာ သူမ အခန်းကိုဝိုင်းထားတဲ့ အဖွဲ့တွေကို ငုံ့ကြည့်လိုက်သည်။

"ညီမလေးစုကျို၊ မနက်ဖြန်ကျင်းပမယ့် ထိပ်သီးဆယ်သင်း ပြိုင်ပွဲက အမှတ်ပေးစနစ်ဖြစ်တဲ့အတွက် ဖမ်းမိတဲ့ ရွှေအမြုတေအဆင့် တပည့်အရေအတွက်က အကန့်အသတ်မရှိပါဘူး"

"ပြိုင်ပွဲရဲ့ ဆုလာဘ်တွေကလည်း အကန့်အသတ်မရှိဘူး"

"ဒါကြောင့် ငါတို့ အဖွဲ့နှစ်ဖွဲ့က လုံးဝပူးပေါင်းလို့ရပါတယ်!"

"ညီမလေးစုကျို၊ မင်း အစွမ်းအထက်ဆုံးသူနဲ့ မဟာမိတ်မဖွဲ့ချင်ဘူးလား"

"မင်းက အစွမ်းအထက်ဆုံးဟုတ်လား?"

"တောက်~ မင်းထက်တော့ အစွမ်းထက်တာပေါ့—"

ဖြောင်း ဖြောင်း ဖြောင်း!

မကြာခင်မှာပဲ အောက်က အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့တွေဟာ သူမကို အော်ပြောရင်းနဲ့ အချင်းချင်း တိုက်ခိုက်ကုန်ကြသည်။

"အရူးတွေ၊ ဗိုလ်လုပွဲတောင် မရောက်သေးဘူး၊ မင်းတို့ကိုယ်မင်းတို့ ထိပ်သီး တစ်ဆယ့်ခြောက်သင်းမှာ အစွမ်းအထက်ဆုံးလို့ ပြောရဲတယ်ပေါ့?"

"တောက်… မင်းတို့လည်း ငါတို့လိုပဲ ထိပ်သီး တစ်ဆယ့်ခြောက်သင်းထဲ ပါတာပဲ၊ ငါတို့က အစွမ်းမထက်ဘူးဆိုတာ မင်း ဘယ်လိုသိလဲ"

"ဒါဆိုရင် ငါတို့ အခုပဲ အပြတ်အသတ်ရှင်းကြရအောင်!"

ဂိုဏ်းအသီးသီးက အကြီးအကဲတွေရဲ့ နောက်ကို လိုက်ရင်း ဂိုဏ်းအသီးသီးက အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်တွေလည်း အချင်းချင်း တိုက်ခိုက်ကုန်ကြသည် ဒါကတကယ်ကို လွန်လွန်းလှသည်။

စုကျိုက လက်လှမ်းလိုက်ပြီး တစ်ခုခုပြောသင့်သလားဆိုတာ သူမ မဝေခွဲနိုင်ဖြစ်နေသည်။

သူ မဟာမိတ်ဖွဲ့ဖို့ ရည်ရွယ်ချက်မရှိပါဘူး၊ ဒါပေမဲ့ သူ တကယ် မဟာမိတ်ဖွဲ့ချင်တယ်ဆိုရင်တော့…

"ဘယ်သူက ပိုက်ဆံပိုပေးနိုင်မလဲ..."

စုကျိုက အားမပါတဲ့ အသံနဲ့ထပ်ပြောလိုက်ပေမယ့် ကံမကောင်းစွာနဲ့ပဲ အောက်ကတိုက်ပွဲ အရမ်းပြင်းထန်နေလို့ ဘယ်သူမှ သူမကို မကြားကြပါဘူး။

ဒါကတကယ်ကို ရယ်စရာကောင်းလှသည်။

ယင်လီ၊ လိုကျား နဲ့ တခြားသူတွေ အားလုံး ပြတင်းပေါက်ကနေထွက်လာကြပြီး အောက်ကို ငုံ့ကြည့်ဖို့ အိမ်စွန်းမှာ ရပ်လိုက်ကြသည်။

"ဒါကိုသာ မသိတဲ့သူသာဆိုရင် မနက်ဖြန် ပြိုင်ပွဲက ရှောင်ကျိုကို ဝိုင်းရိုက်ရမှာလို့ ထင်နေကြလိမ့်မယ်"

"..."

စုကျိုနှုတ်ခမ်းတွေ လှုပ်ခတ်သွားသည်။

သူမ လှည့်ကြည့်လိုက်တဲ့အခါ ခြေရာတွေပေကျံနေပြီး အားကိုးရာမဲ့နေတဲ့ ရှန့်ဝူချင်းကိုတွေ့လိုက်ရသည်။ သူ သူမကို ရွှေနီရောင် တပည့်တံဆိပ်တစ်ခု ကမ်းပေးလိုက်သည်။

"ညီမလေးစုကျို၊ ကျွန်တော့်ရဲ့ ဝိညာဉ်ကုန်သည်အသင်း အခြေခံတည်ဆောက်ခြင်းအဆင့်အဖွဲ့ကလည်း မင်းနဲ့ စကားပြောချင်နေ တယ်"

"ဩော်၊ အဖွဲ့ခေါင်းဆောင်လည်း မင်းရဲ့အနာဂတ်စီနီယာပဲ ငါ့ဆရာဝူလိုင်၊ အင်း ရှန့်လိုင်လိုင်ရဲ့ တပည့် အဆင့် တစ်ဆယ့်နှစ်ပေါ့"

"သူက ဝိညာဉ်ကျောက်တုံး ၃၀၀,၀၀၀ ပေးမယ်တဲ့ မနက်ဖြန်ကျရင် ဝိညာဉ်ကုန်သည်အသင်းအခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့နဲ့ပူးပေါင်းပေးဖို့ သူ တောင်းဆိုထားတယ်၊ ဒါ ငါတို့ရဲ့ညီမလေးအတွက် ကြိုဆိုတဲ့ လက်ဆောင်ပါတဲ့!"

ရှန့်ဝူချင်းက အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေပါတဲ့ အိတ်တစ်အိတ်ကို ပစ်ပေးလိုက်သည်။

အိတ်က အရမ်းလေးလံလွန်းလို့ စုကျိုတောင် သေသေချာချာမဖမ်းနိုင်ခဲ့ပါဘူး။

ပြင်းထန်တဲ့အရှိန်ကြောင့် သူမဟာ သူ့နောက်က ချန်ယွမ်ရဲ့သန်မာတဲ့ ရင်ခွင်ထဲကို အိတ်ကြီးကို ပွေ့ပိုက်ရင်းရုတ်တရက် ပြုတ်ကျသွားသည်။

"!"

စုကျိုရဲ့ နှလုံးခုန်သံတွေ မြန်သွားရသည်။

ဝိညာဉ်ကျောက်တုံး ၃၀၀,၀၀၀၊ တကယ် လေးတာပဲ!

ကျင်းယွီထန်ရဲ့ မြေအောက်ထောင်ထဲတွင်

ဖီးနစ်မြို့ထဲက ဂိုဏ်းအသီးသီးဟာ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ ကျင်းချန် သိလိုက်တဲ့ စတုတ္ထမြောက်လူရောက်လာသည်

"ဂျူနီယာညီလေး ကျင်းချန်?"

"လျောင်...ချွမ်း?"

ရောက်လာတဲ့သူက ဈေးပေါတဲ့ မီးခိုးရောင်အဝတ်အစားကို ဝတ်ထားပြီး သူ့မျက်နှာမှာလည်း ဖုန်တွေပေကျံနေသည် သူကတော့ အခြားသူမဟုတ်ဘဲ ထိပ်သီးတစ်ဆယ့်ခြောက်သင်း ပြိုင်ပွဲမှာနာမည်ကြီးခဲ့တဲ့ စုကျိုရဲ့ နံပါတ် ၂ ငါးကြီးနဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူ ရွှယ်ရွေ့ကျင်ပင်။

"စီနီယာအစ်ကိုရွှယ်"

ကျင်းချန်၊ လျောင်ချွမ်းနဲ့ ချန်ကျိုးတို့ အားလုံးရဲ့ အမူအရာတွေက တော်တော်လေးထူးဆန်းနေသည်။

သူတို့ဟာ တစ်ချိန်က ဝိညာဉ်ပိုးဖလံဂေဟာရဲ့ဂုဏ်ယူရတဲ့ ပါရမီရှင်တွေလို့ သတ်မှတ်ခံခဲ့ရသူတွေပါ။

သူတို့ရဲ့ နောက်တစ်ကြိမ်ဆုံတွေ့မှုက ထောင်ထဲမှာ ဖြစ်လိမ့်မယ်လို့ မထင်ခဲ့ကြပါဘူး။

"မင်းတို့... မင်းတို့ ဘာတွေ ဖြစ်ကုန်ကြတာလဲ"

ရွှယ်ရွေ့ကျင်က အံ့ဩတကြီး မေးလိုက်သည်။

လျောင်ချွမ်းအား မိစ္ဆာကျင့်ကြံသူအဖြစ် အရှက်ရစရာကောင်းအောင် ဖမ်းဆီးခဲ့တာကို သူ သိထားသည်၊ ကျင်းချန် အကြောင်းကို လည်း သူ အနည်းငယ်ကြားထားသည်။

ဒါပေမဲ့ သူတို့အားလုံး ကျင်းယွီထန် ရဲ့...ထောင်ထဲကို ဘယ်လိုရောက်ကုန်တာလဲ ??

သူ ချန်ကျိုးကို အရင်က မတွေ့ဖူးပါဘူး။

"စီနီယာအစ်ကိုရွှယ် အစ်ကိုကော ဘာလို့ ဒီရောက်နေတာလဲ"

အဖွဲ့နှစ်ဖွဲ့လုံးက ဆုံဆုံချင်းမှာပဲ တစ်ပြိုင်နက်မေးလိုက်ကြသည်။

ရွှယ်ရွေ့ကျင်က အသာအယာ ချောင်းဟန့်လိုက်သည်။

"ငါ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဂျူနီယာညီမလေးတစ်ယောက်ဆီကနေ ဝိညာဉ်ကျောက်တုံးတွေချေးခဲ့တာ၊ အဲ့ဒါ တစ်သိန်း လိုနေလို့ တစ်ညတည်းနဲ့မရှာနိုင်ခဲ့ဘူး"

"ဒါကြောင့် မှောင်ခိုဈေးကွက်ကနေချေးလိုက်တာ"

"သူတို့က ပိုက်ဆံရှာဖို့ ငါ့မှာ ဘာအရည်အချင်းရှိလဲလို့မေးတော့ ငါက ထောင်ချောက်ဆင်တာ ကျွမ်းကျင်တယ်လို့ ပြောလိုက်မိတယ်"

"ဒါနဲ့ သူတို့က ငါ့ကို ကျင်းယွီထန်ရဲ့ထောင်ထဲကို ပို့လိုက်တာ...သံထည်သွန်းဖို့တဲ့"

သူက အဲ့ဒီ အကြွေးတစ်သိန်းကိုဆပ်ဖို့အတွက် နေ့တိုင်း သံခြေကျင်း ဝတ်တစ်ရာလုပ်ပေးရသည် သူသာ သံခြေကျင်း အလုံအလောက်မလုပ်နိုင်ရင် သံသွန်းဖိုမှာ မီးထိုးပေးရသလို၊ လိုအပ်ရင် သွေးတွေပါဖောက်ထုတ်ပြီး ပေးဆပ်ရသည်။

"နားလည်ပြီ"

ကျင်းချန်၊ လျောင်ချွမ်းနဲ့ ချန်ကျိုးတို့အားလုံး ခေါင်းညိတ်လိုက်ကြပြီးမှ ပျော်ရွှင်သွားကြသည်။

"ကောင်းတယ်! ငါတို့ ပြန်ဆုံကြပြီ စီနီယာအစ်ကိုရွှယ်!"

"ချန်ကျိုးက အစ်ကိုကျင်းယွီထန်ရဲ့ ထောင်ထဲမှာ ပိတ်မိနေမှာကိုစိုးရိမ်နေတာ၊ ငါတို့ အစ်ကို့ကိုမတွေ့ရတော့ဘူးလို့ ထင်နေတာ!"

"အစ်ကိုက ပိုက်ဆံရဖို့အတွက် ကိုယ့်ကိုယ်ကိုယ် မှောင်ခိုဈေးကွက်မှာရောင်းပြီး သံသွန်းနေရမယ်လို့မထင်ခဲ့ဘူး!"

"ကောင်းတယ်၊ အခုတော့ ငါတို့အားလုံး အတူတူရှိနေကြပြီ"

"လာပါ စီနီယာအစ်ကိုရွှယ်၊ ဒီနေရာမှာထိုင်ပါ ကျွန်တော်တို့ စုကျိုရဲ့တိုက်ပွဲကို ကြည့်မလို့"

ရွှယ်ရွေ့ကျင် : "?"

လျောင်ချွမ်းက ပြုံးပြီးလက်ဝေ့ယမ်းလိုက်သည်။

"စီနီယာအစ်ကို ရွှယ်ကတော့ မနေ့ညက မှောင်ခိုဈေးကွက်မှာ ဒီနေ့ကျင်းပမယ့် ထိပ်သီးဆယ်သင်း ပြိုင်ပွဲအကြောင်းမကြားခဲ့ဘူး ထင်တယ်"

"နောက်ထပ် လူတစ်ယောက်လည်း မကြာခင်မှာ အဆုံးသတ်သွားပြီး ငါတို့ဆီရောက်လာတော့မှာပါ"

"စီနီယာအစ်ကိုရှုဝမ်ယီကို အစ်ကို သိတယ်မလား"

"အစ်ကိုကတော့ လွတ်လပ်နေတာပဲ၊ သူ့ကို အမြန်ဆက်သွယ်လိုက်ပါ အကြွေးမဆပ်နိုင်ရင် ဒီထောင်ထဲကိုလာပြီး သံသွန်းပြီး သွေးရောင်းဖို့ပြောလိုက်ပါ!"

ရွှယ်ရွေ့ကျင် : "...!"

စုကျိုရဲ့ငါးကြီးလေးကောင်လုံး ဒီမှာ လာဆုံကြပြီ

မကြာခင်မှာပဲ ရွှယ်ရွေ့ကျင်နဲ့ကျင်းချန်တို့ဟာ ဒီနေ့ ထုတ်လွှင့်ပြသနေတဲ့ ထိပ်သီးဆယ်သင်း ပြိုင်ပွဲကို အာရုံစိုက်ပြီး ကြည့်နေကြသည်။

"ရှုဝမ်ယီလည်း သူ့ကို ပိုက်ဆံကြွေးတင်နေတာလား"

"သူ အဆင်ပြေရဲ့လား ? အခုထိ ပိုက်ဆံမဆပ်သေးဘူး၊ တကယ့် အရူးပဲ!"

"ငါတို့မှာ ပိုက်ဆံရှာဖို့ အချိန်အများကြီးမကျန်တော့ဘူး!"

"ငါတော့ မစောင့်နိုင်တော့ဘူး! စုကျို သူ့ကို နှိမ်နင်းလိုက်စမ်း! သူ့ကို ငါတို့ဆီ လာပြီးအဖော်လုပ်ခိုင်းလိုက်စမ်း!"

သူတို့ လေးယောက်လုံး စိတ်လှုပ်ရှားစွာနဲ့ အော်ဟစ်နေကြသည်။

ဖီးနစ်မြို့မနက်ခင်းနေရောင်ခြည်ဟာ ခြံဝင်းတိုင်းအပေါ်မှာထွန်းလင်းနေသည်။

တည်းခိုဆောင်အထက်မှာရှိတဲ့ မဟာကျင့်ကြံသူတွေဟာ နောက်ဆုံးတော့ သူတို့ရဲ့ တိုက်ပွဲကို အဆုံးသတ်လိုက်ကြပြီဖြစ်သည်။

ဒါက တပည့်တွေရဲ့ ပြိုင်ပွဲကို မထိခိုက်စေဘူးလို့ သူတို့က အခိုင်အမာပြောကြသည်။

အကြီးအကဲတွေ အားလုံးဟာ ကောင်းကင်ယံထက်လွင့်ပျံနေကြပြီး တစ်ဦးကိုတစ်ဦး ထိန်းချုပ်နေကြသည်၊ ဘယ်သူမှ စုကျိုကို လုယူဖို့ ထွက်မသွားရသလို၊ ဘယ်သူမှလည်း ရွှေအမြုတေအဆင့်အဖွဲ့တွေကို သတင်းမပေးရဘူးလို့ တားမြစ်ထားကြသည်။

【ရွှေအမြုတေအဆင့် ထိပ်သီးဆယ်သင်း ပြိုင်ပွဲ စတင်ပါပြီ!】

【အခြေခံတည်ဆောက်ခြင်းအဆင့် ထိပ်သီးဆယ်သင်း ပြိုင်ပွဲ စတင်ပါပြီ!】

【အခြေခံတည်ဆောက်ခြင်းအဆင့် ပြိုင်ပွဲ အကြောင်းအရာ — အမဲလိုက်ခြင်း! လူငါးယောက်ပါတဲ့ အဖွဲ့တွေ၊ ဖမ်းမိတဲ့ ရွှေအမြုတေအဆင့် တပည့်တစ်ယောက်စီအတွက် အမှတ် ၁၀၀ ရပါမယ်။】

【ရွှေအမြုတေအဆင့် ပြိုင်ပွဲအကြောင်းအရာ — အသက်ရှင်ကျန်ရစ်ခြင်း! လူငါးယောက်ပါတဲ့ အဖွဲ့တွေ၊ အခြေခံတည်ဆောက်ခြင်း အဆင့်ရဲ့ အမဲလိုက်ခြင်းကိုမခံရဘဲ အသက်ရှင်ကျန်ရစ်တဲ့ အဖွဲ့ဝင်တစ်ယောက်စီအတွက် အမှတ် ၁၀၀ ရပါမယ်။】

【အမှတ်အများဆုံးရတဲ့ ရွှေအမြုတေအဆင့်နဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့ ဆယ်ဖွဲ့စီဟာ သက်ဆိုင်ရာ ထိပ်သီး ဆယ်သင်းဖြစ်ပါလိမ့်မယ်!】

【အမဲလိုက်ပွဲ စတင်ပါပြီ!】

"ဤအချိန်တွင် သားကောင်များဖြစ်ကြသော — ဂိုဏ်းအသီးသီးက ရွှေအမြုတေအဆင့်အဖွဲ့များသည် သူတို့၏အခန်းထဲမှ မထွက်ရသေးပါဘူး၊ သူတို့ အားလုံးသည် ဖီးနစ်မြို့မရဲ့ မြေအောက်တည်းခိုဆောင်မှာ ရှိနေကြဆဲဖြစ်ပြီး တုန်းလိုင်ဂူထဲကနေ မထွက်ကြသေးပါဘူး "

"ဒီနေ့မှာတော့ ရွှေအမြုတေအဆင့်အဖွဲ့တွေကို မြေအောက်မြို့တော်တစ်ခုလုံးမှာ လွတ်လပ်စွာ သွားလာခွင့်ပြုထားပါတယ်"

ဒီပွဲရဲ့ ဝေဖန်သုံးသပ်သူကတော့ မနေ့ညကပြုတ်သွားခဲ့တဲ့ ဝူချင်းချန်းပင်။

သူမက အလွန်လူချစ်လူခင်များပြီး နာမည်ကြီးသူဖြစ်သည်။

သူမဟာ အခုဖန်သားပြင်ပေါ်မှာပေါ်လာပြီး ပြိုင်ပွဲဖြစ်စဉ်ကို ပရိသတ်တွေကို ရှင်းပြနေသည်။

"တစ်နည်းအားဖြင့်ပြောရရင် အမဲလိုက်မယ့်သူတွေဟာ မြေအောက်မြို့တော်ထဲကိုဝင်ပြီး ရွှေအမြုတေအဆင့် အဖွဲ့ ၁၆ ဖွဲ့ကို လိုက်လံ ဖမ်းဆီးရမှာ ဖြစ်ပါတယ်"

"အမဲလိုက်မယ့် ဧရိယာက မြေအောက်မြို့တော်ဧရိယာ တစ်ခုလုံးပါပဲ"

"ဒီမနက် အစောပိုင်းကတည်းက မြေအောက်မြို့တော်ထဲကသားကောင်တွေ ရွှေအမြုတေအဆင့် အဖွဲ့ ၁၆ ဖွဲ့၊ စုစုပေါင်း ရွှေအမြုတေအဆင့် ကျင့်ကြံသူ ၂၀၀ ကျော်ကို ပြိုင်ပွဲရဲ့ဘယ်ထုတ်လွှင့်မှု ပြကွက်ကိုမှ မကြည့်ရဘူးလို့ တားမြစ်ထားပါတယ်"

"သူတို့ဟာ ပြိုင်ပွဲပြင်ပက ဘယ်သူ့ကိုမှဆက်သွယ်ရေးကျောက်တုံးနဲ့ မဆက်သွယ်ရဘူးလို့လည်း တားမြစ်ထားပါတယ်"

"အခုတော့ မြေအောက်မြို့တော်ရဲ့အရပ်လေးမျက်နှာလုံးက ဆင်းသွားတဲ့ ကျောက်လှေကားတွေကို ဖွင့်ပေးလိုက်ပါပြီ၊ အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့ ၁၆ ဖွဲ့ထဲက အချို့အဖွဲ့ဝင်တွေဟာ အောက်ကိုဆင်းသွားကြပါပြီ"

ဝူချင်းချန်းဟာ အရှေ့ဘက်ကဆင်းသွားတဲ့ ကျောက်လှေကားမှာ ရပ်နေပြီး ပထမဆုံး ဆင်းလာတဲ့ အဖွဲ့ကိုပြသနေသည်။ သူမ

ချက်ချင်းပဲ စိတ်လှုပ်ရှားစွာနဲ့ အော်ဟစ်လိုက်သည်။

"ပထမဆုံး ရောက်ရှိလာတာကတော့ စုကျိုရဲ့ ဝိညာဉ်ပိုးဖလံဂေဟာပါပဲ!"

စုကျို လှည့်ကြည့်လိုက်ပြီး ဝူချင်းချန်းကို ပြုံးပြကာ ခေါင်းညိတ်ပြလိုက်သည်။

သူမဟာ ကျောက်လှေကားအတိုင်း အမြန်ဆင်းသွားသည်။ သူ့နောက်မှာတော့ အခြေခံတည်ဆောက်ခြင်းအဆင့်ရဲ့ အထွတ်အထိပ် မှာရှိတဲ့ ကျင့်ကြံသူငါးယောက်ဖြစ်တဲ့ တောက်ဟယ်၊ လိုကျား၊ လဲ့ကျယ်နှင့် မူချင်းချိုးတို့ ပါဝင်လာသည်။

"ဒါက ဒီပြိုင်ပွဲအတွက် သူတို့ရဲ့ လူငါးယောက်ပဲ!"

"ဟင် ယင်လီက ဒီပွဲမှာမပါဘူးလား"

ဝူချင်းချန်း သိချင်စိတ်နဲ့ မေးလိုက်သည်။

ဒါပေမဲ့ သူမက သူမရဲ့ ကော်လာမှာရှိတဲ့ ဝေဖန်သုံးသပ်ရေးအဆောင်ကိုအမြန်ဖုံးလိုက်ပြီး မှတ်တမ်းတင်နေတဲ့ နေရာကိုကွယ်ကာ စိတ်လှုပ်ရှားစွာနဲ့ တိုးတိုးလေးပြောလိုက်သည်။

"ဆရာမ စု၊ ကြိုးစားပါနော်!"

သူမက စုကျိုကို လက်သီးချင်း အသာအယာတိုက်လိုက်သည်။

စုကျို ပြုံးပြီး သူမနဲ့လက်သီးချင်း တိုက်လိုက်သည်။

"မနေ့က ရှင်တို့ တော်တော်လေး စွမ်းဆောင်နိုင်ခဲ့ပါတယ်"

ဝူချင်းချန်းရဲ့ မျက်လုံးထဲ မျက်ရည်တွေဝဲသွားရသည်။

သူမ မနေ့က ရှုံးခဲ့တာလေ..

ဒါပေမဲ့ ဆရာမစုက သူ့တိုက်ပွဲကို တကယ်ကြည့်ခဲ့တယ်ဆိုတော့ သူမ အရမ်းဝမ်းသာသွားသည်။

"အားလုံးပြီးရင် လက်ဖက်ရည် အတူတူသောက်ကြတာပေါ့"

စုကျို ကျောက်လှေကားအတိုင်း ဆင်းသွားရင်း သူ့ နောက်ကို လက်ဝေ့ယမ်းပြလိုက်သည်။

"ကောင်းပါပြီ!"

ဝူချင်းချန်း အလေးအနက် ခေါင်းညိတ်လိုက်သည်။

ဝေဖန်သုံးသပ်ချက်က အမြန်ဆက်သွားသည်။

"ဝိညာဉ်ပိုးဖလံဂေဟာက လူငါးယောက်ပါတဲ့ အမဲလိုက်အဖွဲ့ဟာ မြေအောက်ထောင်ထဲကိုအကုန်ဝင်သွားပါပြီ ဒါပေမဲ့ တခြားအဖွဲ့က အမဲလိုက်မယ့်သူတွေကော ဘယ်မှာလဲ? သူတို့ အခုထိ ရောက်မလာသေးတာ ထူးဆန်းလိုက်တာ…"

"သူတို့တွေ ပြင်ဆင်နေကြတာလား"

မကြာခင်မှာပဲ ထုတ်လွှင့်ပြသနေတဲ့ ပုံရိပ်က တဖျတ်ဖျတ်လင်းလာပြီး စုကျိုရဲ့ ခြံဝင်းကို အမဲလိုက်ရမယ့် အခြေခံတည်ဆောက်ခြင်း အဆင့်အဖွဲ့တွေ ဝိုင်းထားတာကိုပြသနေသည်!

"ညီမလေးစုကျို ဘယ်သူနဲ့ မဟာမိတ်ဖွဲ့မလဲဆိုတာ မဆုံးဖြတ်ရသေးဘူးလား"

နတ်လက်နက်လမ်းစဉ်က လူငါးယောက်ပါတဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့က တံခါးဝကနေအော်ပြောလိုက်သည်။

"စုကျို" ဆေးလုံးဂိုဏ်းက အဖွဲ့ဝင်လည်း ရှေ့တက်လာသည်။

ခြံဝင်းထဲမှာတော့ 'စုကျို' က အေးအေးဆေးဆေး လှဲနေပြီး 'ဟောင်ယို့လု' နဲ့ တခြားသူတွေလည်း ရှိနေကြသည်။

ဒါပေမဲ့ အသာအယာ တွန်းလိုက်တဲ့အခါမှာတော့ 'စုကျို' ဟာ ကုလားထိုင်ပေါ်ကနေ လိမ့်ကျသွားသည်။

အောက်မှာတော့ စာတိုလေးတစ်စောင် ရှိနေသည်။

【ဒါက ကျွန်မရဲ့ ရုပ်သေးရုပ်တင်ပါ】

【ရှင်တို့ ဒီစာကို မြင်တဲ့အချိန်မှာ ကျွန်မ ပြိုင်ပွဲဆီကို ရောက်နေပါပြီ】

【မြေအောက်ထောင်ထဲမှာ ဆုံကြတာပေါ့ အားလုံးပဲ 】

"!"

"..."

ဝူချင်းချန်းကမူ ထုတ်လွှင့်နေတဲ့ ဖန်သားပြင်ကို မြင်တဲ့အခါ အသာအယာချောင်းဟန့်လိုက်သည်။

"ထိပ်သီးဆယ်သင်း အမဲလိုက်ပွဲ စတင်ပါပြီ"

"အမဲလိုက်သူတစ်ယောက်အနေနဲ့ စုကျိုက တခြားအမဲလိုက်သူတွေကို နည်းနည်းအနိုင်ကျင့်လိုက်သလို ဖြစ်သွားတာပေါ့"

"ဟုတ်ပါပြီ၊ အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းပါတယ် အခုတော့ အာရုံစိုက်မှုအများဆုံးရနေတဲ့ စုကျို ဘာလုပ်နေလဲဆိုတာကို ကြည့်လိုက်ကြရအောင်"

"တခြား အမဲလိုက်အဖွဲ့တွေကတော့ အခု အံ့ဩမှင်သက်နေကြတုန်းပါပဲ မြင်ကွင်းကတော့ နည်းနည်းကြည့်လို့မကောင်းဘူးပေါ့"

[...]

[...]

ကူညီကြပါဦး!

[...]

တောက်…

စုကျိုနဲ့ သူ့လူငါးယောက်အဖွဲ့ဟာ မြေအောက်မြို့တော်ထဲကို ဝင်လိုက်တဲ့အခါ မြေအောက်နှင့်မြေပေါ်က ဖီးနစ်မြို့ဟာ တစ်ထပ်တည်းကျနေတဲ့ ပြိုင်ဆိုင်နေတဲ့ ကမ္ဘာနှစ်ခုလိုဖြစ်နေတာကို ချက်ချင်းသိလိုက်ရသည်။

တုန်းလိုင်တည်းခိုဆောင်၊ ပြိုင်ပွဲကွင်း၊ ဝိညာဉ်စွမ်းအင်ပါတဲ့ ဖရဲစေ့ရောင်းတဲ့ဆိုင်တွေရဲ့ တည်နေရာတွေကအစ အကုန်လုံး တူတူပါပင်။

မြေအောက်မြို့တော် တစ်ခုလုံးမှာရှိတဲ့ ဈေးသည်တွေနဲ့ လမ်းသွားလမ်းလာတွေဟာ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေ ဖြစ်နေတာကလွဲရင် မြေအောက်အဆောက်အဦးတွေရဲ့တည်ဆောက်ပုံက အကုန်တူတူပါပဲ…

"ဒါက ငါတို့ အမဲလိုက်ဖို့အတွက် အဆင်ပြေတာပေါ့"

ငါးမျှားတံကို ကိုင်ထားတဲ့ တောက်ဟယ်က ရယ်မောလိုက်သည်။

"သွားကြရအောင်၊ စုကျိုရဲ့ နောက်ကလိုက်မယ်" လဲ့ကျယ် တိုးတိုးလေး ပြောလိုက်သည်။

စုကျိုက ရှေ့ဆုံးကနေ ဦးဆောင်ပြီး အောက်ထပ်အဝင်ဝဘေးမှာရှိတဲ့ တုန်းလိုင် တည်းခိုဆောင် မြေအောက်မြို့တော်ဗားရှင်းဆီကို တန်းတန်းမတ်မတ် သွားလိုက်သည်။

ဒီနေရာက ရွှေအမြုတေအဆင့် အဖွဲ့တွေ နားခိုတဲ့နေရာဖြစ်သည်။

[...]

ရွှေအမြုတေအဆင့်တွေ စုဝေးတဲ့နေရာကို တိုက်ရိုက်သွားတာလား?

[...]

လူငါးယောက်တည်းနဲ့ ရွှေအမြုတေအဆင့် ၁၆ ဖွဲ့ရဲ့ ဂူကို ဝိုင်းမလို့လား?

【ဝါး၊ သတ္တိရှိလိုက်တာ!】

ဒါပေမဲ့ စုကျို ရပ်လိုက်ပြီး တုန်းလိုင်တည်းခိုဆောင်ထဲ မဝင်ခင်မှာ လဲ့ကျယ်နဲ့ တခြားသုံးယောက်ရဲ့နောက်ကို ဆုတ်လိုက်သည်။

သူတို့က သူမကို ချက်ချင်း ဝိုင်းလိုက်ကြပြီး သူမကို ဖုံးကွယ်ပေးလိုက်ကြသည်။

【?】

စက္ကန့်အနည်းငယ်အကြာမှာတော့ လေးယောက်သားလူစုခွဲလိုက်တဲ့အခါ ထွက်ပေါ်လာတဲ့ စုကျိုဟာ — စုကျို မဟုတ်တော့ဘဲ ခန့်ညားထည်ဝါပြီး မျက်နှာလေးထောင့်ကျကျနဲ့လူတစ်ယောက် — လုကျိကျောင်းဖြစ်နေသည်!

“ဘယ်လိုလဲ”

စုကျို သူ့လုကျိကျောင်း မျက်နှာကိုစမ်းကြည့်လိုက်သည်။

“တစ်ခုခု မှားနေတာကို သိသာလား”

“ဟင့်အင်း၊ လုံးဝမသိသာဘူး ဘုရားရေ… အရမ်းတူလွန်းတယ်”

တောက်ဟယ် အံ့ဩသွားသည်။

“မင်းက အခုတော့ ကြောက်စရာကောင်းနေပြီ ညီမလေးစုကျို”

[...]

[...]

စုကျို သူ့လည်ချောင်းကို ထပ်ပြီး စမ်းကြည့်လိုက်ပြီး လုကျိကျောင်းရဲ့နက်ရှိုင်းတဲ့ အသံအတိုင်းပြောင်းလဲလိုက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျွန်မရဲ့ ကျင့်ကြံမှုအဆင့်က အခု ဘယ်လောက်လဲ အခြေခံတည်ဆောက်ခြင်းအဆင့်မှာပဲ ရှိနေသေးတာလား တစ်ခုခု ပြဿနာရှိမလား”

လဲ့ကျယ်က သဘောတူတဲ့အနေနဲ့ အသံပြုလိုက်သည်။

“ရပါတယ် ငါတို့တွေက ပုံမှန်ဆိုရင် ဆရာ့ရဲ့အစွမ်းကို စမ်းသပ်ဖို့ မဝံ့ရဲကြပါဘူး”

“ကောင်းပြီ”

သူမရဲ့ လုကျိကျောင်းအသွင်အပြင်ကို ကျေနပ်သွားတဲ့ စုကျိုဟာ တုန်းလိုင် တည်းခိုဆောင်ထဲကို ဝင်သွားသည်။

"ကျွန်တော့်ရဲ့ ဝိညာဉ်ပိုးဖလံဂေဟာက ရွှေအမြုတေအဆင့်တပည့်တွေ ဘယ်အခန်းမှာလဲ"

သူမက အသာအယာချောင်းဟန့်လိုက်ပြီး သူ့လည်ချောင်းကို စမ်းကာ တည်းခိုဆောင် မန်နေဂျာရှေ့မှာ တည်ငြိမ်စွာ ရပ်ပြီး မေးလိုက်သည်

【!!!】

【???】

【သူမက သူ့တို့ဆရာအဖြစ် ဟန်ဆောင်ပြီး ဘယ်သူ့ကို ရှာနေတာလဲ? ငါ ကြားတာ မှားလို့လား?】

【မဟုတ်ဘူး၊ သူမက ဝိညာဉ်ပိုးဖလံဂေဟာရဲ့ ရွှေအမြုတေအဆင့်အဖွဲ့ကို ရှာနေတာ...?】

ဝေဖန်သုံးသပ်ချက်ပေးနေတဲ့ ဝူချင်းချန်းဟာ အံ့ဩလွန်းလို့ သူမရဲ့ပန်းရောင်နှုတ်ခမ်းလွှာလေးတွေ အသာအယာပွင့်ဟသွားသည်။

"ဝိညာဉ်ပိုးဖလံဂေဟာက စုကျို၊ သူက ဝိညာဉ်ပိုးဖလံဂေဟာရဲ့ရွှေအမြုတေအဆင့်အဖွဲ့ကို အမဲလိုက်နေတာလား?"

【!!!】

【!!】

All Chapters