← Chapters

အခန်း (၁၃၉-၁၄၁)

Vol. 10 Ch. 139-141

အခန်း (၁၃၉-၁၄၁)

Vol. 10 Ch. 139-141

အခန်း (၁၃၉) - နတ်ဆိုးပိတ်လှောင်မျှော်စင်၏ မူမမှန်ခြင်း၊ စွမ်းအားကြီးသော မြေကမ္ဘာနတ်ဆိုး

~"ပြည်နယ်ဘုရင်မြို့တော် အပါအဝင် တောင်ဘက် မြစ်ဝှမ်းဒေသ တစ်ခုလုံးမှာ ကြယ်နှစ်ပွင့်အဆင့် အင်အားစုဆိုတာ လက်ချိုးရေလို့ ရတယ်။ သူတို့တစ်တွေက ကိုယ့်ကိုယ်ကိုယ် အထက်တန်းစားလို့ သတ်မှတ်ထားကြတာ။ ဆိုဟွန်းကျန်းရန် လို လူမိုက်စာရင်းဝင်လောက်ကို သူတို့က ဂရုစိုက်နေမှာ မဟုတ်ဘူး"

"ဒါ့အပြင် ဆိုဟွန်းကျန်းရန် ကလည်း ငတုံးမှ မဟုတ်တာ။ ကြယ်နှစ်ပွင့်အဆင့် အင်အားစုတွေကို သွားမစရကောင်းမှန်း သိတယ်။ ခွေးအိုကြီးလိုပဲ ငြိမ်ကုပ်နေတတ်တယ်လေ"

"မဟုတ်ရင် လေဓားဂိုဏ်းက အတွင်းစည်း အကြီးအကဲ တစ်ယောက်လောက် လွှတ်လိုက်တာနဲ့ ဓားချက်တစ်ချက်တည်းနဲ့ အပြတ်ရှင်းလို့ ရနေပြီ"

မိုယင်က အကြောင်းပြချက်များကို တရစပ် ရှင်းပြလိုက်လေ၏။

ထိုစကားကို ကြားသောအခါမှ ယဲ့ဖုန်း သဘောပေါက်သွားတော့သည်။

"ဒါဆိုရင် ဒီလူတွေက ညကြီးသန်းခေါင် ဒီနေရာမှာ ဘာလာလုပ်ကြတာလဲ"

ယဲ့ဖုန်းသည် လေဓားဂိုဏ်း၏ ဝိညာဉ်လှေနှင့် မီတာရာချီ အကွာအဝေး တစ်ခုကို ထိန်းသိမ်းထားပြီး နောက်မှ တိတ်တဆိတ် လိုက်ပါသွားလိုက်၏။

မလှမ်းမကမ်းတွင် လေဓားဂိုဏ်း၏ အပြင်စည်းအကြီးအကဲ ယွဲ့ သည် ယဲ့ဖုန်းတို့အဖွဲ့ကို လှမ်းကြည့်လိုက်သော်လည်း ယဲ့ဖုန်းထံမှ မည်သည့် အရှိန်အဝါမှ မခံစားရပေ။ မိုယင်နှင့် ယန်ရူယွီတို့မှာလည်း ချီကျင့်ကြံခြင်း အဆင့်သာ ရှိသေးကြောင်း သိလိုက်ရသဖြင့် စိတ်မဝင်စားတော့ဘဲ အကြည့်လွှဲလိုက်လေ၏။

"အကြီးအကဲယွဲ့... ဒီည တာဝန်က နည်းနည်း ထူးခြားပါတယ်။ ဟိုလူတွေကို မောင်းထုတ်လိုက်ရမလားခင်ဗျ" အကြီးအကဲ၏ နောက်တွင် ရပ်နေသော မြင်းမျက်နှာနှင့် တပည့် တစ်ဦးက မေးလိုက်၏။

"ချီကျင့်ကြံခြင်း အဆင့်လောက်နဲ့ ဘာလုပ်နိုင်မှာလဲ။ အရှိန်မြှင့်စမ်း... သဲစီးကြောင်း ရှေးဟောင်းမြို့ကို အမြန်ဆုံး ရောက်မှ ဖြစ်မယ်။ မြေကမ္ဘာနတ်ဆိုး မွေးဖွားလာတော့မယ်လို့ ငါ အာရုံရနေတယ်။ သူ အပြည့်အဝ ပုံသဏ္ဌာန် မပေါ်လာခင် ငါတို့ အရောက်သွားရမယ်"

"ဟုတ်ကဲ့ပါ"

ရုတ်တရက် ဝိညာဉ်လှေ၏ အရှိန်သည် (၅၀) ရာခိုင်နှုန်းခန့် မြင့်တက်သွားပြီး သဲစီးကြောင်း ရှေးဟောင်းမြို့ဆီသို့ မြှားတစ်စင်းအလား တစ်ဟုန်ထိုး ပျံသန်းသွားလေ၏။ မကြာမီ ယဲ့ဖုန်းတို့ကို မိုင်ပေါင်းများစွာ ဖြတ်ကျော်သွားတော့သည်။

နောက်တွင် ကျန်ရစ်ခဲ့သော မိုယင် မျက်မှောင်ကြုတ်လိုက်၏။ "ဂိုဏ်းချုပ်... သူတို့လည်း ကျွန်မတို့သွားမယ့် သဲစီးကြောင်း ရှေးဟောင်းမြို့ဘက်ကို ဦးတည်နေပုံရတယ်"

"တိုက်ဆိုင်လိုက်တာ..." ယဲ့ဖုန်း တိုးညှင်းစွာ ရေရွတ်လိုက်၏။

သူသည် စန်းယွမ်မြို့တော်မှ အရသာရှိသော အစားအသောက်များကို ထုပ်ပိုးလာခဲ့ပြီး သဲစီးကြောင်း ရှေးဟောင်းမြို့ကို ဖြတ်သန်းရင်း ဟိုယွင်ကျဲကို ဝင်ရောက်မျှဝေရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ လေဓားဂိုဏ်း၏ အပြင်စည်း အကြီးအကဲလည်း ထိုနေရာသို့ သွားနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ယခုအချိန်၊ သဲစီးကြောင်း ရှေးဟောင်းမြို့တွင်၊

ဟိုယွင်ကျဲသည် ခါးကို ကိုင်းလျက် သစ်ပင်ပေါ်တွင် ချိတ်ဆွဲထားသော သစ်တုံး တစ်တုံးကို စိုက်ကြည့်နေသည်။ ရုတ်တရက် သူသည် ဓားကို ဆွဲထုတ်လိုက်ပြီး သစ်တုံးပေါ်တွင် တစ်လက်မခန့် နက်သော အရာတစ်ခု ထင်ကျန်ရစ်စေကာ ချက်ချင်း ပြန်သိမ်းလိုက်၏။ လှုပ်ရှားမှုသည် ရေစီးသကဲ့သို့ ချောမွေ့ပြီး ကြည့်ကောင်းလွန်းလှသည်။

"မအိပ်သေးဘူးလား"

တင်းပိုင်ရွှယ်သည် လက်ဖက်ရည် တစ်ခွက်ကို ကိုင်ဆောင်လျက် လျှောက်လှမ်းလာပြီး စိုးရိမ်တကြီး မေးလိုက်၏။

ယမန်နေ့ညက သေရေးရှင်ရေး တိုက်ပွဲကို ဖြတ်သန်းပြီးကတည်းက ဟိုယွင်ကျဲ၏ ခန့်ညားသော မျက်နှာကို ကြည့်မိတိုင်း တင်းပိုင်ရွှယ်၏ ပါးပြင်များ ပူနွေးလာလေ့ ရှိသည်။

"မအိပ်သေးပါဘူး... ခင်ဗျား အရင်သွားအိပ်နှင့်လေ။ ကျွန်တော် ဓားဆက်ကျင့်လိုက်ဦးမယ်" ဟိုယွင်ကျဲသည် ပစ်မှတ်ကို အာရုံစိုက်ထားပြီး ဓားဆွဲထုတ်ခြင်းနှင့် ပြန်သိမ်းခြင်းကို ဆက်လက်လုပ်ဆောင်ရန် ပြင်ဆင်လိုက်၏။

ဓားဆွဲထုတ်ခြင်း သိုင်းကွက်၏ သဘောတရားကို နားလည်ထားပြီး ဖြစ်သော်လည်း အခြေခံအုတ်မြစ် ခိုင်မာစေရန်၊ ဓားချက် တိကျစေရန်နှင့် အားကို ထိန်းချုပ်နိုင်ရန် ဆက်လက်လေ့ကျင့်နေခြင်း ဖြစ်သည်။ ထို့နောက်မှသာ ဝိညာဉ်စွမ်းအင်များကို ပြန်လည်စုစည်းပြီး ပြိုင်ဘက်ကင်းသော ဓားချီကို ထုတ်လွှတ်မည် ဖြစ်သည်။

"ဒါနဲ့... နတ်ဆိုးပိတ်လှောင်မျှော်စင်ကို လာပြင်တဲ့လူ မရှိသေးဘူးလား" ဟိုယွင်ကျဲ စကားစပ်မိရင်း မေးလိုက်၏။

တင်းပိုင်ရွှယ်သည် ခြေဖျားထောက်ပြီး မျှော်စင်ပျက်စီးရာ နေရာသို့ လှမ်းကြည့်လိုက်၏။ "လောလောဆယ်တော့ မရှိသေးဘူး။ ဒါပေမဲ့ မကြာခင် လာပြင်ကြမယ် ထင်ပါတယ်"

သူတို့နှစ်ဦးစလုံး မသိရှိသည်မှာ ထိုအချိန်၊ ထိုအခိုက်အတန့်၌၊

မျှော်စင်အပျက်အစီးများ အောက်။

တောက်ပသော ဝင်္ကပါတစ်ခုသည် နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ချယ်ခံထားရသော နတ်ဆိုးသားရဲများ၏ ဝိညာဉ်အကြွင်းအကျန်များနှင့် သွေးမျိုးဆက် စွမ်းအားများကို တက်ကြွစွာ ဝါးမြိုနေပြီး ညအမှောင်ထုကို အကာအကွယ်ယူလျက် လူပုံသဏ္ဌာန် အရိပ် တစ်ခုအဖြစ် လျင်မြန်စွာ စုစည်းနေခြင်းပင်။

“ဂျိန်း…”

မိုးကြိုးပစ်ချသလို မြည်သံကြီး တစ်ခု ဆိုင်းမဆင့်ဗုံမဆင့် ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလို ရှေးဟောင်းမြို့ တစ်ခုလုံးသို့ လွှမ်းခြုံသွားပြီး ဟိုယွင်ကျဲနှင့် တင်းပိုင်ရွှယ် အပါအဝင် လူတိုင်း၏ ရင်ထဲတွင် အင်အားကြီး နတ်ဆိုးကြီး တစ်ကောင် မွေးဖွားလာတော့မည့်အလား ဖော်ပြမရသော ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာစေသည်။

"ဘာဖြစ်တာလဲ" တင်းပိုင်ရွှယ်၏ အသက်ရှူသံများ မြန်ဆန်လာသည်။

ဟိုယွင်ကျဲသည် မျှော်စင်ဘက်သို့ လှမ်းကြည့်လိုက်ရာ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားစေမည့် မြင်ကွင်း တစ်ခုကို တွေ့လိုက်ရသည်။ "မြန်မြန်ကြည့်... အဲဒါ ဘာကြီးလဲ"

တင်းပိုင်ရွှယ်နှင့် ဟိုယွင်ကျဲသာမက ရှေးဟောင်းမြို့သူမြို့သား အားလုံးသည် ပြတင်းပေါက်များကို ဖွင့်ကာ မျှော်စင်ရှိရာသို့ ကြည့်လိုက်ကြ၏။

ကောင်းကင်ယံတွင် (၁၀) မီတာခန့် မြင့်မားသော လူပုံသဏ္ဌာန် သတ္တဝါကြီး တစ်ကောင်သည် သဘာဝ ဝိညာဉ်စွမ်းအင်များကို မရပ်မနား စုပ်ယူနေသည်ကို တွေ့လိုက်ရသည်။ ၎င်း၏ နောက်တွင် (၅) မီတာခန့် ရှည်လျားသော အမြီး တစ်ခု ပါရှိသည်။ တောက်ပသော အလင်းရောင်များ လွှမ်းခြုံထားပြီး တဖြည်းဖြည်းချင်း ဖိသိပ်ကာ ပုံသဏ္ဌာန် ပိုမိုခိုင်မာလာနေသည်။

ရေစီးကြောင်းမြစ် အထက်တွင်၊

လေဓားဂိုဏ်းမှ အကြီးအကဲယွဲ့သည် ရှေးဟောင်းမြို့အထက်မှ မြင်ကွင်းကို မြင်လိုက်ရသဖြင့် အသက်ရှူရပ်တန့်သွားပြီး အော်ဟစ်လိုက်၏။

"မကောင်းတော့ဘူး... မြေကမ္ဘာနတ်ဆိုး မွေးဖွားလာပြီ။ ငါ အရင်သွားနှင့်မယ်... မင်းတို့ အရှိန်ကုန်တင်ပြီး လိုက်ခဲ့ကြ"

ပြောပြီးသည်နှင့် အကြီးအကဲယွဲ့သည် အမြန်ဆုံးအရှိန်ဖြင့် မျှော်စင်ရှိရာသို့ တစ်ဟုန်ထိုး ပျံသန်းသွားလေ၏။

အနောက်ဘက် အဝေးတွင်၊

ယဲ့ဖုန်းသည်လည်း သူ့ကိုယ်သူ ဖိသိပ်နေသော မြေကမ္ဘာနတ်ဆိုးကို မြင်လိုက်ရပြီး မျက်လုံးများထဲတွင် လေးနက်သော အရိပ်အယောင်များ ပေါ်လာလေ၏။

"ဂိုဏ်းချုပ်... အဲဒါ ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့်နဲ့ ယှဉ်နိုင်တဲ့ သတ္တဝါကြီးပဲ။ ကျွန်မတို့ရဲ့ လက်ရှိ အင်အားနဲ့ဆိုရင် ယှဉ်နိုင်မှာ မဟုတ်ဘူး" မိုယင် တည်ငြိမ်စွာ ပြောလိုက်သော်လည်း သူမ၏ ဓားမှာ ကြောက်ရွံ့မှုကြောင့် အနည်းငယ် တုန်ခါနေလေ၏။

"ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့်လား" ယဲ့ဖုန်း သက်ပြင်းချလိုက်၏။ "အင်း... အဲဒါဆိုရင်တော့ ဖြစ်နိုင်ချေ ရှိပါသေးတယ်။ ငါတို့ ကပ်သီးကပ်သတ်လေးတော့ ကိုင်တွယ်နိုင်လောက်ပါတယ်"

စုပေါင်းအင်အားက ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့်နှင့် ညီမျှသည် ဆိုသော်လည်း ယဲ့ဖုန်း အလွန်အမင်း ယုံကြည်မှု မရှိရဲပေ။

"ရှင်..." မိုယင် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့်ကို ကိုင်တွယ်နိုင်တယ်တဲ့လား...

မိုယင် မသက်မသာ ဖြစ်နေသည်ကို မြင်သောအခါ ယဲ့ဖုန်း ပြုံးလိုက်၏။ "ဒီကာလအတွင်းမှာ မင်းတို့ဂိုဏ်းချုပ်ရဲ့ စွမ်းအားတွေ တော်တော်လေး တိုးတက်လာခဲ့ပါတယ်။ တတိယအဆင့်ကို မနိုင်ရင်တောင် ကိုယ့်ကိုယ်ကိုယ်တော့ ကာကွယ်နိုင်ပါတယ်။ ပြီးတော့ ယွင်ကျဲက အဲဒီမှာ ရှိနေတာ... အန္တရာယ် ရှိရင်တောင် ငါတို့ သွားကယ်ရမှာပဲ"

ထိုစကားကို ကြားသောအခါ မိုယင် ခေါင်းညိတ်လိုက်၏။

သူတို့သုံးဦး စီးနင်းလာသော ဝိညာဉ်လှေသည် ရှေးဟောင်းမြို့နှင့် အတော်လေး ဝေးကွာနေသေးသဖြင့် အရှိန်မြှင့်တင်လိုက်သော်လည်း ချက်ချင်း ရောက်ရှိနိုင်မည် မဟုတ်ပေ။

ထိုအချိန်တွင် ရှေးဟောင်းမြို့၏ ကောင်းကင်ယံ၌...

"ဟီးဟီးဟီး... ငါ နတ်ဆိုးလေး နောက်ဆုံးတော့ မွေးဖွားလာပြီဟေ့"

အလင်းရောင်များ ဖြာထွက်နေသော မြေကမ္ဘာနတ်ဆိုးသည် (၂) မီတာ အမြင့်သို့ ဖိသိပ်သွားပြီ ဖြစ်ပြီး အမြီးမှာ တစ်မီတာကျော်ကျော်သာ ကျန်ရှိတော့သည်။ အမြီးကို ဝှေ့ယမ်းလိုက်တိုင်း လေထုကို ပိုင်းဖြတ်နိုင်သော ဓားတစ်လက်ကဲ့သို့ "ရွှစ်" ဟူသော အသံများ ထွက်ပေါ်နေလေ၏။

မြေကမ္ဘာနတ်ဆိုးသည် လေထဲသို့ ခုန်တက်လိုက်၏။ မုန်တိုင်းတိုက်ခတ်သကဲ့သို့ ပြင်းထန်သည့် ဖိအားများကို ထုတ်လွှတ်လိုက်ရာ မျှော်စင်အပျက်အစီးများသည် လေထဲသို့ လွင့်စင်တက်သွားပြီး ဥက္ကာခဲများအလား မြို့ပေါ်သို့ အဟုန်ပြင်းစွာ ကျဆင်းလာလေတော့သည်။

"အုန်း"

အိမ်ခြေ ရာပေါင်းများစွာ ပျက်စီးသွားပြီး လူအများအပြား ထိခိုက်ဒဏ်ရာ ရရှိကုန်ကြ၏။

"ပြေးကြဟေ့... အသက်လုပြေးကြ"

မြို့သူမြို့သားများသည် ငိုယိုအော်ဟစ်လျက် အသည်းအသန် ထွက်ပြေးနေကြပြီး ပရမ်းပတာ ဖြစ်ကုန်ကြ၏။

ဟိုယွင်ကျဲသည် ကောင်းကင်သို့ ပျံတက်သွားသော မြေကမ္ဘာနတ်ဆိုးကို ကြည့်ရင်း ထိုအရှိန်အဝါကြောင့် မလှုပ်မယှက် ဖြစ်သွားပြီး ဓားကိုပင် ဆွဲမထုတ်နိုင်တော့ပေ။

တင်းပိုင်ရွှယ်၏ အခြေအနေမှာ ပိုဆိုးရွားသည်။ တစ်ကိုယ်လုံး အေးစက်ခဲသွားပြီး နှုတ်ခမ်းများ ထိန်းချုပ်မရအောင် တုန်ရီနေသည်။

"သေကြစမ်း..."

မြေကမ္ဘာနတ်ဆိုးသည် အေးစက်သော အသံကို ပြုလုပ်လိုက်ပြီး လက်ကို ဝှေ့ယမ်းကာ အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်ရာ လမ်းတစ်လမ်းလုံး အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားပြီး အပြစ်မဲ့ အသက်ပေါင်းများစွာ ဆုံးရှုံးသွားရသည်။

"နတ်ဆိုးကောင်... မင်း ဘယ်လောက်တောင် သတ္တိကောင်းနေရတာလဲ"

လူတိုင်း စိတ်ပျက်အားငယ်နေချိန်တွင် လေဓားဂိုဏ်းမှ အပြင်စည်းအကြီးအကဲ ယွဲ့ ရောက်ရှိလာသည်။ လက်ဖြင့် မန္တန် ရေးဆွဲလိုက်ပြီး သန်မာသော အစစ်အမှန်ယွမ်များကို ရွှေရောင်လက်သီးကြီးအဖြစ် စုစည်းလိုက်၏။ ပေါင်ချိန် တစ်သောင်း လေးလံသော လက်သီးကြီးသည် သည်းကြီးမည်းကြီး ထိုးကျလာလေ၏။

"ဓာတ်ကြီးငါးပါး စုစည်းခြင်း ဒုတိယအဆင့်လောက်နဲ့များ ဒီလောက် မောက်မာရဲတယ်ပေါ့"

မြေကမ္ဘာနတ်ဆိုးက မထီမဲ့မြင်ကဲ့ရဲ့ လိုက်၏။ ပုံရိပ်ယောင်အဖြစ် ပြောင်းလဲကာ တိုက်ခိုက်မှုကို တိမ်းရှောင်လိုက်ပြီး လက်ညှိုးတစ်ချောင်း တောက်လိုက်ရုံဖြင့် ရွှေရောင်လက်သီးကြီးကို ကြွေမွစေလိုက်သည်။ ထို့နောက် မျက်နှာလေးနက်နေသော အကြီးအကဲယွဲ့ဆီသို့ ပျံသန်းသွားပြီး လက်သည်းများဖြင့် အဟုန်ပြင်းစွာ ကုတ်ခြစ်လိုက်၏။

"ရွှပ်...

"

အကြီးအကဲယွဲ့ နောက်သို့ ချာခနဲ လှည့်ထွက် လိုက်ရပြီး ရင်ဘတ်တွင် အရိုးပေါ်မတတ် နက်ရှိုင်းသော လက်သည်းရာ သုံးခု ဖြစ်ပေါ်လာသည်။ အကယ်၍ အဆင့်နိမ့် ဝိညာဉ်လက်နက် ချပ်ဝတ်အင်္ကျီသာ မပါခဲ့လျှင် ထိုအခိုက်အတန့်တွင် သူသည် အသားစများအဖြစ် ပြောင်းလဲသွားလောက်ပြီ ဖြစ်သည်။

"ကြောက်စရာကောင်းလိုက်တဲ့ ခွန်အား... တခြား နတ်ဆိုးတွေထက် နှစ်ဆလောက် ပိုသန်မာနေတယ်။ ဘာတွေ ဖြစ်နေတာလဲ" အကြီးအကဲယွဲ့သည် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ရင်ထဲတွင် တုန်လှုပ်ခြောက်ခြားသွားကာ အကွာအဝေးကို အလျင်အမြန် ဆွဲဆန့်လိုက်၏။

"မြင့်မြတ်သော လေဓားအကာအကွယ်... စုစည်းစမ်း"

ကံကောင်းထောက်မစွာဖြင့် အကြီးအကဲယွဲ့တွင် တိုက်ပွဲအတွေ့အကြုံ များပြားသည်။ သူသည် ခံစစ်ကို တိုက်စစ်အဖြစ် ပြောင်းလဲလိုက်ပြီး အလယ်အဆင့် ဝိညာဉ်ဓား တစ်လက်ကို ဆင့်ခေါ်ကာ ခေါင်းပေါ်တွင် ပျံဝဲစေလျက် ဓားအကာအကွယ် အလွှာများစွာကို ဖြန့်ကျက်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်၏။

လေဓားဂိုဏ်း၏ အပြင်စည်းအကြီးအကဲ တစ်ဦးအနေဖြင့် သူသည် ဂိုဏ်း၏ အထောက်အကူပြု ကျင့်စဉ်များကို လေ့ကျင့်ခွင့် ရရှိထားသည်။ သူသည် အတော်အတန် စွမ်းအားကြီးသူ ဖြစ်သည်။ မဟုတ်လျှင် ဒုတိယအဆင့်ဖြင့် တတိယအဆင့် ရှိသော မြေကမ္ဘာနတ်ဆိုးကို ရင်ဆိုင်ရဲမည် မဟုတ်ပေ။

"သေစမ်း..."

မြေကမ္ဘာနတ်ဆိုးသည် ဟိန်းဟောက်လိုက်ပြီး ရိပ်ခနဲ လှုပ်ရှားကာ အကြီးအကဲယွဲ့၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာပြီး လက်သည်းများဖြင့် အားကုန် ရိုက်ချလိုက်၏။

"ဂျုန်း...

"

အပြင်းစား အရှိန်အဟုန်ကြီး ပေါက်ကွဲထွက်လာသည်။ လေဓားဒိုင်းကာသည် ထိန်းချုပ်မရအောင် တုန်ခါသွားပြီးနောက် အပိုင်းပိုင်းအစစ ကွဲကြေသွားလေ၏။ မြေကမ္ဘာနတ်ဆိုးကို ယှဉ်နိုင်စွမ်း မရှိပေ။

"သွားပြီ..."

အကြီးအကဲယွဲ့၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။ မြေကမ္ဘာနတ်ဆိုးသည် ဤမျှ သန်မာပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့် နီးပါး ရောက်ရှိနေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။

"အုန်း"

ရုတ်တရက် မြေကမ္ဘာနတ်ဆိုးသည် ပါးစပ်မှ တောက်ပသော အလင်းတန်း တစ်ခုကို မှုတ်ထုတ်လိုက်၏။ အကြီးအကဲယွဲ့ ဓားဖြင့် ကာကွယ်လိုက်သော်လည်း ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက် ခြင်း ခံလိုက်ရပြီး ခန္ဓာကိုယ် ပျော့ခွေကာ ဥက္ကာခဲတစ်လုံးအလား မြေကြီးပေါ်သို့ ဝုန်းခနဲ ပြုတ်ကျ သွားတော့သည်။

"အကြီးအကဲယွဲ့..."

ဝိညာဉ်လှေပေါ်မှ လေဓားဂိုဏ်း တပည့်များသည် ဒေါသကြောင့် မျက်လုံးများ ကွဲထွက်မတတ် ဖြစ်သွားကြ၏။

တုံ့ပြန်မှု အမြန်ဆုံး တပည့်တစ်ဦးက ချက်ချင်း အော်ဟစ်လိုက်၏။ "မြန်မြန်လုပ်... 'ဓာတ်ကြီးရှစ်ပါး နတ်ဆိုးသတ် ဓားဝင်္ကပါ' ကို ခင်းကျင်းကြ"

စကားဆုံးသည်နှင့် တပည့်ရှစ်ဦးသည် ဝင်္ကပါအလံများကို ထုတ်ယူလိုက်ပြီး အလယ်အဆင့် ဝိညာဉ်ကျောက်တုံးများ ထည့်သွင်းကာ တပြိုင်နက်တည်း အသက်သွင်းလိုက်ကြ၏။

တောက်ပသော ဓားချီကြီး တစ်ခု ရုတ်တရက် သိပ်သည်းလာလေ၏။

မြေပြင်ပေါ်ရှိ ဟိုယွင်ကျဲနှင့် တင်းပိုင်ရွှယ်တို့သည် ထိုမြင်ကွင်းကို ကြည့်ပြီး မျက်စိကျိန်းမတတ် ဖြစ်သွားကြကာ အလွန်ထက်ရှသော ဓားချီများကို ခံစားလိုက်ကြရသည်။

ဒါက စွမ်းအားကြီးတဲ့ သတ်ဖြတ်ခြင်း ဝင်္ကပါပင်...။

"ကျွန်တော်တို့မှာ မျှော်လင့်ချက် ရှိလာပြီ" ဟိုယွင်ကျဲနှင့် တင်းပိုင်ရွှယ်တို့ စိတ်သက်သာရာ ရသွားကြ၏။

"အင်မော်တယ်တွေက စွမ်းအားကြီးပါပေတယ်" အခြား အသက်ရှင်ကျန်ရစ်သူများက အော်ဟစ်အားပေးလိုက်ကြ၏။

သူတို့ မသိလိုက်သည်မှာ ဓားဝင်္ကပါကို ကိုင်တွယ်နေသော တပည့် ရှစ်ဦး၏ မျက်နှာများမှာ လေးနက်နေပြီး နှုတ်ခမ်းများ ဖြူဖျော့နေကာ ကြီးမားသော ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရသကဲ့သို့ ဖြစ်နေခြင်းပင်။

ထိုအချိန်တွင် ယဲ့ဖုန်းသည် ဝိညာဉ်လှေပေါ်၌ လိုက်ပါလာဆဲပင် ဖြစ်လေ၏။

အခန်း (၁၄၀) - မြင့်မြတ်သော လေဓား၏ အရိပ်၊ သေဆုံးခြင်းနှင့် ပြန်လည်မွေးဖွားခြင်း

~"မြန်မြန်မောင်းစမ်းပါဟ... ပိုမြန်အောင် လုပ်ပါဦး"

ယဲ့ဖုန်းသည် လှေဦးတွင် ရပ်လျက် (တရစပ်) တိုက်တွန်းနေလေ၏။

သို့သော် ဝိညာဉ်လှေအိုကြီးမှာ ရှေးဟောင်းပစ္စည်း ဖြစ်နေသဖြင့် ဒီထက်ပိုမြန်အောင် ပျံသန်းနိုင်စွမ်း မရှိရှာပေ။ ယဲ့ဖုန်းမှာမူ ဟိုယွင်ကျဲ တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်လွန်းသဖြင့် ခေါင်းခဲမတတ် ဖြစ်နေရ၏။

မိုယင်နှင့် ယန်ရူယွီတို့၏ မျက်နှာထားများလည်း တဖြည်းဖြည်း လေးနက်တည်ကြည်လာကြ၏။

အဝေးမှ လှမ်းကြည့်လိုက်ရုံဖြင့် မြေကမ္ဘာနတ်ဆိုး၏ ကြောက်မက်ဖွယ် စွမ်းအားကို မြင်တွေ့နေရသည်။ ဓာတ်ကြီးငါးပါး စုစည်းခြင်း ဒုတိယအဆင့်ရှိသော လေဓားဂိုဏ်း အပြင်စည်းအကြီးအကဲကိုပင် အလွယ်တကူ ဒဏ်ရာအပြင်းအထန် ရစေခဲ့သည် မဟုတ်ပါလော။ သူတို့သုံးဦး ရောက်သွားလျှင်ရော အခြေအနေကို ပြောင်းလဲနိုင်ပါ့မလား။

"သူတို့ အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်" မိုယင်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

သဲစီးကြောင်း ရှေးဟောင်းမြို့တွင်၊

"ဓာတ်ကြီးရှစ်ပါး နတ်ဆိုးသတ် ဓားဝင်္ကပါ... အသက်သွင်းစမ်း"

လေဓားဂိုဏ်း တပည့် (၈) ဦးသည် ပြိုင်တူ အော်ဟစ်လိုက်ပြီး ဝင်္ကပါအလံများကို ဝှေ့ယမ်းလိုက်ကြ၏။ သူတို့ တစ်ဦးချင်းစီ၏ ခန္ဓာကိုယ်မှ ဝိညာဉ် အလင်းရောင်များ ထွက်ပေါ်လာပြီး အလံများမှ ဓားချီများ ပေါက်ကွဲထွက်လာကာ ကောင်းကင်ယံတွင် ကြီးမားသော အလင်းဓားကြီးတစ်လက်အဖြစ် စုစည်းသွားလေ၏။

"ဝီ..ဝီ..".

အလင်းဓားကြီးသည် တစ်စက္ကန့်မျှပင် ရပ်တန့်ခြင်း မရှိဘဲ မြေကမ္ဘာနတ်ဆိုး ရှိရာသို့ အဟုန်ပြင်းစွာ ခုတ်ပိုင်းကျလာလေ၏။

"ဟား... ကလေးအကွက်တွေပါကွာ"

မြေကမ္ဘာနတ်ဆိုးက မထီမဲ့မြင်ကဲ့ရဲ့လိုက်၏။ သူ၏ ကျောဘက်မှ အလင်းအတောင်ပံ တစ်စုံ ရုတ်တရက် ထွက်ပေါ်လာပြီး အရှိန်မြှင့်တင်ကာ ဓားချီကို (ရိပ်ခနဲ) ရှောင်တိမ်းလိုက်၏။

"မြေကမ္ဘာနတ်ဆိုး... မင်း ပေါ့ဆလွန်းတယ်" မြင်းမျက်နှာနှင့် လူငယ်က လှောင်ပြုံး ပြုံးလိုက်၏။

မြေကမ္ဘာနတ်ဆိုး ခေါင်းကို ရုတ်တရက် လှည့်ကြည့်လိုက်ရာ ဓားချီသည် လမ်းကြောင်းပြောင်းပြီး သူ့မျက်နှာတည့်တည့်သို့ သည်းကြီးမည်းကြီး ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။

"လမ်းကြောင်းပါ ပြောင်းနိုင်တာလား"

မြေကမ္ဘာနတ်ဆိုး၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူသည် ထပ်ခါတလဲလဲ ကိုယ်ကို ယိမ်းနွဲ့ကာ ရှောင်ရှားလိုက်ပြီး တပည့် (၈) ဦးထံသို့ ချဉ်းကပ်ရန် ကြိုးစားလိုက်၏။ သို့သော် လေဓားဂိုဏ်း တပည့်များသည် ခန္ဓာကိုယ်မှ အလင်းရောင်များကို အသုံးပြု၍ ပွတ်ကာသီကာလေး ရှောင်တိမ်းနေကြသဖြင့် ဖမ်းဆီး၍ မရနိုင် ဖြစ်နေသည်။

“ထန်း..”

ထိုအချိန်တွင် အလင်းဓားကြီးသည် မြေကမ္ဘာနတ်ဆိုး၏ ကျောပြင်ကို ခုတ်ပိုင်းမိသွားပြီး ခန္ဓာကိုယ်ကို နှစ်ပိုင်းပြတ်မတတ် ဖြစ်စေမည့် ဒဏ်ရာကြီး တစ်ခု ဖြစ်ပေါ်လာစေသည်။

"သေစမ်း..."

မြေကမ္ဘာနတ်ဆိုး ဒေါသထွက်သွားပြီ ဖြစ်သည်။ ရှောင်တိမ်းနေသော လေဓားဂိုဏ်း တပည့်များကို စူးစူးရဲရဲကြည့်လိုက်ပြီး မျက်လုံးများထဲတွင် နှစ်ပေါင်းတစ်ထောင်စာ သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာလေ၏။

"နတ်ဆိုးဧကရာဇ် ကောင်းကင်တုန်ခါ ဟိန်းဟောက်သံ"

မြေကမ္ဘာနတ်ဆိုးသည် လက်ဖြင့် မန္တန် ရေးဆွဲလိုက်ရာ သူ၏ နောက်ကျောဘက်တွင် နတ်ဆိုးဧကရာဇ်၏ ဧရာမ ဦးခေါင်းခွံ အရိပ်ကြီး ထွက်ပေါ်လာသည်။ ၎င်းအရိပ်ကြီးက တောက်ပသော အလင်းရောင်များဖြင့် ကောင်းကင်ကို မော့ကာ ဟိန်းဟောက်လိုက်လေ၏။

“အူး….”

စူးရှသော အသံလှိုင်းများသည် ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။

“ဂျွတ်…”

တပည့် (၈) ဦး စုစည်းထားသော ဓားချီများ ချက်ချင်း မွှစာကြဲသွားသည်။ တပည့်တို့၏ နားစည်များ ပေါက်ကွဲထွက်သွားပြီး နတ်ဆိုးစွမ်းအင်၏ ရိုက်ခတ်မှုကြောင့် သွေးများ ပါးစပ်အပြည့် အန်ချလိုက်ရကာ ဥက္ကာခဲများအလား မြေကြီးပေါ်သို့ ပြုတ်ကျကုန်ကြ၏။

"သူတို့... ရှုံးသွားပြီလား" ဟိုယွင်ကျဲ၏ မျက်ဝန်းများ မှေးမှိန်သွားပြီး ခန္ဓာကိုယ် တုန်ရီလာသည်။

အဲဒါက စွမ်းအားကြီးတဲ့ သတ်ဖြတ်ခြင်း ဝင်္ကပါလေ... အဲဒီလောက် လွယ်လွယ်လေး ပျက်စီးသွားတာလား...

"ဝင်္ကပါ အသေးစားလေးလောက်နဲ့ ငါ့ကို သတ်ချင်နေတာလား" မြေကမ္ဘာနတ်ဆိုးသည် လေထဲတွင် ပျံဝဲနေသည်။ သူ၏ မျက်နှာထားသည် ရက်စက်ကြမ်းကြုတ်လှပြီး ကျောပြင်မှ ဒဏ်ရာမှာ သွေးထွက်ခြင်း မရှိဘဲ အလင်းရောင်များဖြင့် ဖုံးလွှမ်းကာ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာနေသည်။

ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။

မြေကမ္ဘာနတ်ဆိုးသည် ကျောချမ်းဖွယ် ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး နောက်သို့ ချက်ချင်း လှည့်ကြည့်လိုက်၏။

ထိုနေရာတွင် ဒဏ်ရာအပြင်းအထန် ရထားသင့်သော အကြီးအကဲယွဲ့သည် မတ်တတ်ရပ်လျက် လက်ဖြင့် မန္တန် ရေးဆွဲနေသည်ကို တွေ့လိုက်ရသည်။

သူ၏ အရှိန်အဝါသည် အရိုင်းဆန်စွာ မြင့်တက်လာပြီး အဆုံးအစမဲ့ မုန်တိုင်းတစ်ခုက ဝါးမြိုတော့မည့်အလား ခံစားလိုက်ရသည်။ အကြီးအကဲယွဲ့ အော်ဟစ်လိုက်၏။

"မြင့်မြတ်သော လေဓားအရိပ်များ"

"မဖြစ်ချေဘူး..." မြေကမ္ဘာနတ်ဆိုး၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး အန္တရာယ်ကို အာရုံခံမိလိုက်၏။

သို့သော် နောက်ကျသွားပြီ ဖြစ်သည်။

အကြီးအကဲယွဲ့၏ ဝိညာဉ်ဓားမှ မရေမတွက်နိုင်သော ဓားအရိပ်များ ဖြစ်တည်လာပြီး မျက်တောင်တစ်ခတ်အတွင်း မြေကမ္ဘာနတ်ဆိုး၏ ကျောဘက်သို့ ရောက်ရှိကာ ဒဏ်ရာဟောင်းနေရာကို ချိန်ရွယ် တိုက်ခိုက်လိုက်လေ၏။

"ရွှပ်...

"

လူအများ၏ အံ့ဩတကြီး ကြည့်ရှုနေမှုအောက်တွင် မြေကမ္ဘာနတ်ဆိုးသည် ဓားအရိပ်များ၏ ခုတ်ပိုင်းမှုကို ခံလိုက်ရပြီး လေထဲတွင် မီးပန်းများ ပွင့်သွားသကဲ့သို့ ဖြစ်သွားပြီး မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ကျဆင်းလာလေ၏။

"နောက်ဆုံးတော့ ရှင်းလို့ ရသွားပြီ" အကြီးအကဲယွဲ့သည် ပြင်းထန်သော နာကျင်မှုကို ကြိတ်မှိတ်ခံစားရင်း ဝိညာဉ်ဓားကို ပြန်သိမ်းလိုက်ကာ သက်ပြင်းချလိုက်၏။

မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော တပည့် (၈) ဦးလည်း စိတ်သက်သာရာ ရသွားကြ၏။

'အကြီးအကဲယွဲ့က တကယ် စွမ်းအားကြီးတာပဲ... စတုတ္ထအဆင့် မန္တန်ဖြစ်တဲ့ လေဓားအရိပ်များ ကိုတောင် ပြီးပြည့်စုံတဲ့ အဆင့်ထိ လေ့ကျင့်ထားနိုင်တာကိုး' ဟု တွေးလိုက်ကြ၏။

"အင်မော်တယ်ကြီးက တန်ခိုးကြီးပါပေတယ်"

သဲစီးကြောင်း ရှေးဟောင်းမြို့သူမြို့သားများသည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြပြီး မျက်နှာပေါ်တွင် ကြည်ညိုလေးစားမှုများ ပြည့်နှက်နေသည်။ သူတို့၏ မျက်လုံးထဲတွင် အကြီးအကဲယွဲ့သည် ကောင်းကင်ဘုံမှ ဆင်းသက်လာသော ကယ်တင်ရှင်ကြီး တစ်ပါးပင် ဖြစ်တော့သည်။

ဟိုယွင်ကျဲနှင့် တင်းပိုင်ရွှယ်တို့သည် မြေကမ္ဘာနတ်ဆိုး၏ ဖိအားများ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရပြီး လွတ်လပ်စွာ လှုပ်ရှားနိုင်လာကြ၏။ သို့သော် ရင်ထဲတွင် ကြောက်ရွံ့မှုများ ကျန်ရှိနေဆဲပင်။

"ဒါက ဝိညာဉ်ပင်လယ်အဆင့် ပုဂ္ဂိုလ်ကြီးတစ်ပါးရဲ့ စွမ်းအားလား... ဒီစီနီယာကြီးက ဘယ်ဂိုဏ်းကလဲ မသိဘူး။ သူ့ရဲ့ ဓားသိုင်းနဲ့ မန္တန်တွေက သိပ်နက်နဲတာပဲ... ငါ တကယ် သင်ယူချင်မိတယ်" ဟိုယွင်ကျဲသည် အေးစက် အလင်းဓားကို တင်းတင်းဆုပ်ကိုင်ထားရင်း မိမိ၏ အားနည်းချက်ကို ခံစားလိုက်ရသည်။

တင်းပိုင်ရွှယ်သည် အကြီးအကဲယွဲ့၏ လက်မောင်းဝတ်ရုံမှ တံဆိပ်ကို ကြည့်ပြီး ပြောလိုက်၏။ "ဒီစီနီယာကြီးက လေဓားဂိုဏ်းရဲ့ အကြီးအကဲပဲ။ ဒါကြောင့် ဒီလောက် စွမ်းအားကြီးနေတာကိုး"

ထိုစကားကို ကြားမှ ဟိုယွင်ကျဲ သဘောပေါက်သွားတော့သည်။

မိုင်အနည်းငယ် အကွာတွင်၊

ယဲ့ဖုန်းသည် ဝိညာဉ်လှေဦးတွင် ရပ်လျက် အကြီးအကဲယွဲ့က မြေကမ္ဘာနတ်ဆိုးကို ဖြိုခွင်းလိုက်သည်ကို မြင်တွေ့လိုက်ရသည်။ သူလည်း အံ့ဩတကြီး ရေရွတ်လိုက်မိ၏။

"ဒါ ဘယ်အဆင့် မန္တန်လဲဟ... ဓားအရိပ်တွေ အများကြီး ထွက်လာပြီး ဘယ်လိုမှ ကာကွယ်လို့ မရအောင် လုပ်လိုက်ပါလား"

"ဒီမန္တန်က သိပ်စွမ်းအားကြီးတယ်။ ပထမအဆင့် မန္တန်ထက် (၈) ဆလောက် ပိုသန်မာတယ်။ ဒါက ပြီးပြည့်စုံတဲ့ အဆင့် ထိ လေ့ကျင့်ထားတဲ့ စတုတ္ထအဆင့် မန္တန် ဖြစ်ရမယ်" မိုယင်က ရှင်းပြလိုက်၏။

ယဲ့ဖုန်း စိတ်ဝင်စားသွားသည်။

"ဒါနဲ့... မန္တန်တွေကို (၉) ဆင့် ခွဲထားတယ် ဆိုရင် အမြင့်ဆုံး ကိုးဆင့်မြောက် မန္တန်က ဘယ်လောက်တောင် စွမ်းအားကြီးမလဲ"

မိုယင်က ကောင်းစွာ နားလည်သူပီပီ ရှင်းပြလေ၏။ "ကျွမ်းကျင်မှု အတူတူပဲ ဆိုရင်တောင် မန္တန်အဆင့် တစ်ဆင့် မြင့်သွားတိုင်း စွမ်းအားက နှစ်ဆတက်သွားပါတယ်။ ဒါကြောင့် ကိုးဆင့်မြောက် မန္တန်ဆိုရင် ပထမအဆင့် မန္တန်ထက် (၂၅၆) ဆ ပိုပြီး သန်မာပါတယ်"

"အဲဒီလောက်တောင်လား" ယဲ့ဖုန်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။ "ဒါဆိုရင် မင်းသာ ကိုးဆင့်မြောက် မန္တန်ကို သုံးနိုင်ရင် ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထ ဒါမှမဟုတ် ပဉ္စမအဆင့်လောက်ကို ယှဉ်နိုင်မှာပေါ့"

မိုယင် ခေါင်းခါပြီး မချိပြုံး ပြုံးလိုက်၏။ "အဆင့်မြင့် မန္တန်တွေက လေ့ကျင့်ဖို့ မလွယ်သလို တတ်မြောက်ရင်တောင် စွမ်းအင်ကုန်ဆုံးမှုက အရမ်းများပါတယ်။ ကျွန်မရဲ့ လက်ရှိ ကျင့်ကြံခြင်း အဆင့်နဲ့ဆိုရင် ကိုးဆင့်မြောက် မန္တန်ကို သုံးလိုက်တာနဲ့ ဝိညာဉ်စွမ်းအင်တွေ ချက်ချင်း ခန်းခြောက်သွားလိမ့်မယ်။ ပြီးတော့ အစွမ်းကုန်လည်း ထုတ်သုံးနိုင်မှာ မဟုတ်ပါဘူး"

"ဪ... ဒီလိုကိုး" ယဲ့ဖုန်း စဉ်းစားခန်း ဝင်နေပြီး ခေါင်းညိတ်လိုက်၏။ "ဒါဆို မင်းရဲ့ ကန့်သတ်ချက်က ဘယ်လောက်လဲ"

"ကျွန်မရဲ့ လက်ရှိ ကျင့်ကြံခြင်း အဆင့်နဲ့ 'ဒုတိယ ချီပင်လယ်' အထောက်အကူပြု ကျင့်စဉ် ပေါင်းလိုက်ရင် စတုတ္ထအဆင့် မန္တန်ကို တစ်ကြိမ် အပြည့်အဝ သုံးနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီနောက်တော့ စွမ်းအင်ကုန်ပြီး ဆက်မတိုက်နိုင်တော့ဘူး" ဟု မိုယင်က ဖွင့်ဟဝန်ခံလိုက်၏။

ထိုသို့ ပြောဆိုသည်ကို ကြားရသောအခါ၊ ယဲ့ဖုန်းက ခန့်မှန်းလိုက်၏။

"အထောက်အကူပြု ကျင့်စဉ် ပါတာတောင်မှ စတုတ္ထ အဆင့် မန္တန်ကို ကပ်သီးကပ်သတ်ပဲ သုံးနိုင်တာလား။ ဒါဆို သာမန် ချီကျင့်ကြံခြင်း ကိုးဆင့်သမားတွေဆိုရင် တတိယ အဆင့် မန္တန်က သူတို့ရဲ့ အကန့်အသတ် ဖြစ်လောက်တယ်"

"ဟုတ်ပါတယ်"

မိုယင် ခေါင်းညိတ်လိုက်၏။

ထိုအချိန်တွင် တိတ်ဆိတ်နေသော ယန်ရူယွီက စပ်စုလိုက်၏။

"အစ်မ... ကိုးဆင့်မြောက် မန္တန်ကို လွတ်လွတ်လပ်လပ်နဲ့ ပြီးပြည့်စုံအောင် သုံးနိုင်ဖို့ ဘယ်အဆင့် ရှိရမလဲဟင်"

မိုယင် ခဏစဉ်းစားလိုက်၏။

"အနည်းဆုံး ဝိညာဉ်ပင်လယ် အဆင့် ရှိရမယ်။ သာမန် ဝိညာဉ်ပင်လယ် အဆင့်တောင် မရဘူး... အနည်းဆုံး စတုတ္ထ အဆင့်လောက် ရှိမှ ဖြစ်မယ်။ သူတို့ရဲ့ အဆင့်နဲ့ ကိုးဆင့်မြောက် မန္တန်ကို သုံးလိုက်ရင် စိတ်ကူးလို့ မရနိုင်လောက်အောင် စွမ်းအားကြီးလိမ့်မယ်။ ခြောက်သွေ့နေတဲ့ ပေါင်းပင်တွေကို ချေမှုန်းသလိုပါပဲ"

မိုယင်၏ ရှင်းပြချက်ကို ကြားပြီးနောက် ယဲ့ဖုန်းနှင့် ယန်ရူယွီတို့သည် ကိုးဆင့်မြောက် မန္တန်၏ စွမ်းအားကို အသေအချာ သဘောပေါက်သွားကြ၏။

အထူးသဖြင့် ဝိညာဉ်ပင်လယ် အဆင့် ပုဂ္ဂိုလ်ကြီးများ သုံးစွဲသည့်အခါ ရေပေါ်ဖြူမြို့တော် တစ်ခုလုံးကို လက်ဝါး တစ်ချက်တည်းနှင့် ပြားကပ်သွားအောင် လုပ်နိုင်သည် မဟုတ်ပါလော။

တွေးမိရုံနှင့် သူတို့ နှစ်ဦး ကျောချမ်းသွားကြ၏။

ထိုအချိန်တွင် သဲစီးကြောင်း ရှေးဟောင်းမြို့ အထက်၌၊

အကြီးအကဲယွဲ့သည် ဒဏ်ရာများကို ကြည့်လိုက်ပြီး အဆင့်နိမ့် 'မူလကုသခြင်း ဆေးလုံး' တစ်လုံးကို ထုတ်ယူ သောက်သုံးလိုက်၏။ ဒဏ်ရာများ တဖြည်းဖြည်း သက်သာလာပြီး မျက်နှာတွင် သွေးရောင် ပြန်လွှမ်းလာသည်။

"အကြီးအကဲ... အဆင်ပြေရဲ့လား"

တပည့်ရှစ်ဦးသည် ဓားပျံများစီး၍ ရောက်ရှိလာကြပြီး ဒဏ်ရာရထားသော အကြီးအကဲယွဲ့ကို စိုးရိမ်တကြီး ကြည့်လိုက်ကြ၏။

"ဘာမှ မဖြစ်ပါဘူး။ ဒဏ်ရာရလို့ (၁၅) ရက်လောက် နားရမယ့်သဘော ရှိပေမယ့် အနည်းဆုံးတော့ မြေကမ္ဘာနတ်ဆိုး သေသွားပြီလေ။ မင်းတို့ နတ်ဆိုးပိတ်လှောင်မျှော်စင်ကို အမြန် ပြန်တည်ဆောက်ကြ။ နတ်ဆိုးအသစ်တွေကို ပြန်ချုပ်နှောင်ပြီးရင် ဂိုဏ်းကို ပြန်ကြမယ်" အကြီးအကဲယွဲ့သည် အလုပ်ကြိုးစားသူ ပီပီ ဒဏ်ရာရနေသည့် ကြားမှ အလုပ်များကို စနစ်တကျ စီစဉ်လိုက်၏။

"ဟုတ်ကဲ့ပါ"

တပည့်များက မျှော်စင်အပျက်အစီးများ ရှိရာသို့ ပျံသန်းသွားကြ၏။

သို့သော် ထိုအချိန်တွင် အကြီးအကဲယွဲ့သည် မြေပြင်ကို မိုး၍ ကြည့်လိုက်ရာ မြေကမ္ဘာနတ်ဆိုး၏ အစအန တစ်ခုမှ မကျန်ရှိတော့သည်ကို တွေ့လိုက်ရသည်။ သူ့မျက်လုံးအိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။

"မဖြစ်ချေဘူး... ဒုက္ခရောက်ပြီ"

အကြီးအကဲယွဲ့ မျက်နှာ ကွက်ခနဲ ပျက် ပြီး အော်ဟစ်လိုက်၏။

"ရွှပ်..."

ဓားတစ်လက်လို ထက်ရှသော အမြီးချွန်ကြီးတစ်ခုသည် အကြီးအကဲယွဲ့၏ နောက်ကျောဘက်မှ ရုတ်တရက် ထွက်ပေါ်လာပြီး ဒဏ်ရာဟောင်းနေရာမှ (ထိုးဖောက်ဝင်ရောက်) လာကာ လေထဲတွင် တံကျင်လျှိုသကဲ့သို့ မြှောက်တင်လိုက်လေ၏။

အားလုံး အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြ၏။

မြေကမ္ဘာနတ်ဆိုးသည် ပြန်လည် အသက်ဝင်လာပြီး ဖြစ်လေသတည်း။

သူ၏ မျက်နှာထားသည် အေးစက်နေပြီး လက်ပိုက်လျက် အမြီး တစ်ချောင်းတည်းဖြင့် အကြီးအကဲယွဲ့ကို ကိုင်တွယ်ထားလေ၏။

"အကြီးအကဲယွဲ့..."

လေဓားဂိုဏ်း တပည့်များသည် ရင်ကွဲမတတ် အော်ဟစ်လိုက်ကြ၏။

သဲစီးကြောင်း ရှေးဟောင်းမြို့ တစ်ခုလုံး သိမ့်သိမ့်ခါသွားရသည်။

ဟိုယွင်ကျဲနှင့် တင်းပိုင်ရွှယ်တို့သည် မြေပေါ်၌၊ သပ်ရိုက်ခံထားရသလို ရပ်နေမိကာ ခန္ဓာကိုယ်များမှာ ပြင်းထန်စွာ တုန်ရီနေကြ၏။

"သေခြင်းမှ ပြန်လည်ရှင်သန်ခြင်း... ဘယ်လောက် ကြောက်ဖို့ကောင်းလဲ"

နောက်ဆုံးတွင်၊ ယဲ့ဖုန်း တစ်ယောက် သဲစီးကြောင်း ရှေးဟောင်းမြို့သို့ ရောက်ရှိလာတော့၏။ သောင်းကျန်းနေသော မြေကမ္ဘာနတ်ဆိုးကို စူးစူးရဲရဲ စိုက်ကြည့်ကာ ဝိညာဉ်သားရဲမျှော်စင်၏ စူးစမ်းရှာဖွေမှု လုပ်ဆောင်ချက်ကို ချက်ချင်း အသက်ဝင်စေလိုက်

လေတော့သည်။

အခန်း (၁၄၁) - ယဲ့ဖုန်း လှုပ်ရှားပြီ၊ လေနှင့်မိုးကို ဆင့်ခေါ်ခြင်း

~သတင်းအချက်အလက်များ တန်းစီ၍ ပေါ်ထွက်လာ၏။

"မြေကမ္ဘာနတ်ဆိုး - အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ်"

"ပါရမီ - ပြန်လည်ရှင်သန်ခြင်း (မန္တန်များကို ဖြိုခွင်းနိုင်သည်)"

"မှတ်ချက် - နတ်ဆိုးပိတ်လှောင်မျှော်စင်က နှစ်ပေါင်းသုံးရာတိုင် စုဆောင်းထားသော နတ်ဆိုးသားရဲများ၏ ဝိညာဉ်အကြွင်းအကျန်များ၊ သွေးမျိုးဆက်များ၊ စွမ်းအားအရင်းအမြစ်များနှင့် ကမ္ဘာမြေစွမ်းအားတို့ ပေါင်းစပ်ဖွဲ့စည်းထားသည့် ဗီဇပြောင်း နတ်ဆိုးသားရဲ ဖြစ်သည်။ တိုက်ခိုက်စွမ်းအား အံ့မခန်း မြင့်မားပြီး ရက်စက်ကြမ်းကြုတ်ကာ သွေးဆာနေတတ်သည်။"

ယဲ့ဖုန်းသည် "မန္တန်များကို ဖြိုခွင်းနိုင်သည်" ဟူသော စာသားကို သတိပြုမိလိုက်ရာ ကျေနပ်အားရ သွားလေ၏။ သူသည် အရှည် မီတာ တစ်ဝက်ခန့်အထိ ကြီးမားလာသော ငှက်ပျောရွက်ယပ်တောင် အသေးစားကို ဆုပ်ကိုင်လိုက်ပြီး လူကယ်ရန် ယုံကြည်မှု ပြည့်ဝသွားတော့သည်။

ယဲ့ဖုန်းသည် မြေကမ္ဘာနတ်ဆိုးကို အနိုင်ယူသတ်ဖြတ်နိုင်မည်ဟု တစ်ခါမှ မတွေးဖူးခဲ့ပေ။

သူ့အမြင်တွင် စတုတ္ထအဆင့် မန္တန်ကို ထုတ်သုံးနိုင်သည့် လေဓားဂိုဏ်း အပြင်စည်းအကြီးအကဲပင် ရှုံးနိမ့်သွားခဲ့သည် မဟုတ်ပါလော။ သူသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့်နှင့်သာ ယှဉ်နိုင်သေးရာ နိုင်ခြေ အလွန်နည်းပါးလှသည်။ လူများကို ကယ်တင်နိုင်ရုံနှင့်ပင် လုံလောက်ပြီဟု ယူဆထား၏။

ကောင်းကင်ယံ၌၊ အကြီးအကဲယွဲ့သည် ရင်ဘတ်ကို ထိုးဖောက်ခံလိုက်ရပြီး တစ်ကိုယ်လုံး အေးစက်ခဲသွားသည်ဟု ခံစားလိုက်ရ၏။ မြေကမ္ဘာနတ်ဆိုး၏ အမြီးဖြင့် ရိုက်ထုတ်လိုက်မှုကြောင့် သူသည် ဥက္ကာခဲ တစ်လုံးအလား မျှော်စင်အပျက်အစီးများကြားသို့ ဝုန်းခနဲ ပြုတ်ကျသွားလေ၏။ ထွက်ပေါ်လာသော စွမ်းအင်ဂယက်များကြောင့် လေဓားဂိုဏ်း တပည့် (၈) ဦးမှာ ချက်ချင်း ဒဏ်ရာအပြင်းအထန် ရရှိသွားကြ၏။

"ဒီနေရာမှာ နတ်ဆိုးပိတ်လှောင်မျှော်စင် ရှိနေမှတော့... အဲဒါကို ဖျက်ဆီးပစ်လိုက်တာ အကောင်းဆုံးပဲ"

မြေကမ္ဘာနတ်ဆိုးသည် မထီမဲ့မြင် ရယ်မောလိုက်ပြီး ကောင်းကင်သို့ ပိုမိုမြင့်မားစွာ ပျံတက်သွား၏။

ကောင်းကင်ကို မထားသကဲ့သို့ လက်နှစ်ဖက်ကို ၎င်း၏ မြှောက်လိုက်သည့်အခိုက်၊ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို မရပ်မနား စုပ်ယူလိုက်လေတော့၏။ ၎င်းတို့အား မီတာ (၁၀၀) အကျယ် ရှိသော မီးလုံးကြီး တစ်ခုအဖြစ် စုစည်းလိုက်လေ၏။ ထိုမီးလုံးကြီးသည် မိုင် (၁၀) ကျော်အကွာအဝေးအထိ လင်းထိန်သွားစေသည်။

ပူပြင်းသော အရှိန်အဝါများ လိမ့်ဆင်းလာရာ လူတိုင်းသည် မီးလောင်ကျွမ်းတော့မည့်အလား ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ကြရသည်။

အကြီးအကဲယွဲ့သည် အပျက်အစီးများကြားတွင် လဲလျောင်းနေပြီး ကျဆင်းလာတော့မည့် မီးလုံးကြီးကို ကြည့်ကာ မျက်နှာတွင် မျှော်လင့်ချက် ကင်းမဲ့နေ၏။

တပည့် (၈) ဦးသည် မြေပြင်ပေါ်တွင် လဲလျောင်းရင်း မကျေမနပ် ဟိန်းဟောက်နေကြသည်။

ဟိုယွင်ကျဲနှင့် တင်းပိုင်ရွှယ်တို့သည် ပခုံးချင်းယှဉ်ကာ ရပ်နေကြပြီး မျက်ဝန်းများထဲတွင် ကြီးထွားလာသော မီးလုံးကြီးကို မမှိတ်မသုန်ကြည့်နေကြ၏။ သူတို့၏ ရင်ထဲတွင် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေပြီး ယခုကဲ့သို့ မသေဆုံးလိုကြပေ။

သေရေးရှင်ရေး အခိုက်အတန့်တွင် ဟိုယွင်ကျဲသည် ယဲ့ဖုန်းကို ရုတ်တရက် သတိရလိုက်မိသည်။

"ဂိုဏ်းချုပ်ဦးလေး... ကျွန်တော် ပြန်မလာနိုင်တော့ဘူး ထင်ပါတယ်"

ထိုအရေးကြီးသော အခိုက်အတန့်တွင် ဝိညာဉ်လှေသည် မျှော်စင်အထက်သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ယဲ့ဖုန်းသည် မီးလုံးကြီးကို စိုက်ကြည့်ရင်း မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားလေ၏။ "မြေကမ္ဘာနတ်ဆိုးက သဲစီးကြောင်း ရှေးဟောင်းမြို့ တစ်မြို့လုံးကို မီးရှို့ပစ်ချင်နေတာပဲ။ မိုယင်၊ ရူယွီ... ဝေးဝေးမှာ နေကြ။ ငါ အန္တရာယ်ရှိရင် မင်းတို့ ချက်ချင်း ထွက်ပြေးကြရမယ်"

ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် ထက်ရှသော ဓားတစ်လက်အလား မြေကမ္ဘာနတ်ဆိုးဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားတော့၏။ ယပ်တောင်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ (၁၀) ကြိမ်ကျော် ယပ် ခတ်လိုက်လေ၏။

"ဘယ်သူက ငါ့ကို တားရဲတာလဲ"

အာရုံခံနိုင်စွမ်း ကောင်းမွန်သော မြေကမ္ဘာနတ်ဆိုးသည် ယဲ့ဖုန်း ရောက်ရှိလာသည်ကို ချက်ချင်း သိရှိလိုက်၏။ မီးလုံးကြီးကို လက်ဖြင့် စုစည်းထားဆဲ ဖြစ်သော်လည်း ပါးစပ်မှ ပူပြင်းသော အလင်းတန်း တစ်ခုကို မှုတ်ထုတ်လိုက်ပြီး ယဲ့ဖုန်းကို တည့်တည့်ချိန်ရွယ်လိုက်၏။

သို့သော် လေပြင်းတစ်ချက် တိုက်ခတ်လာသည်နှင့်တပြိုင်နက်၊ အလင်းတန်းသည် ချက်ချင်း ကွဲပြယ်သွားပြီး ကြယ်တာရာများ ဖြန့်ကျက်ထားသကဲ့သို့ လှပသော အလင်းစများ ဖြစ်သွားလေ၏။

"ဝီ..ဝီ..".

လေမုန်တိုင်းသည် ရပ်တန့်ခြင်း မရှိဘဲ မြေကမ္ဘာနတ်ဆိုး၏ မန္တန်ကို ဖြိုခွင်းလိုက်ပြီး လည်ပတ်နေသော လှံရှည်တစ်ချောင်းအလား မြေကမ္ဘာနတ်ဆိုး၏ ရင်ဘတ်ကို လွယ်ကူစွာ ထိုးဖောက်ဝင်ရောက်

သွားလေ၏။

"ဒါ ဘယ်လို စွမ်းအားမျိုးလဲ"

မြေကမ္ဘာနတ်ဆိုး.. မျက်လုံးပြူးထွက်မတတ် ဖြစ်သွားသည်။

သူ၏ ခန္ဓာကိုယ်သည် အဆင့်နိမ့် ဝိညာဉ်လက်နက်များကိုပင် ခုခံနိုင်လောက်အောင် သန်မာသော်လည်း လေတစ်ချက် တိုက်ရုံဖြင့် အပေါက်ဖောက်ခံလိုက်ရသည်တဲ့လား။

"အုန်း"

မြေကမ္ဘာနတ်ဆိုး အရုပ်ကြိုးပြတ် ပစ်လွှင့်ခံလိုက်ရချိန်တွင် မီးလုံးကြီးသည် ဖောင်းခနဲ ပေါက်ကွဲသွား၏။ မရေမတွက်နိုင်သော ဥက္ကာခဲများ မြေပြင်သို့ ကျဆင်းလာသကဲ့သို့ ဖြစ်သွားပြီး ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ရှေးဟောင်းမြို့ကို ဖျက်ဆီးတော့မည့်ဟန် ရှိလေ၏။

"သွားပြီ..."

လူအုပ်ကြီးသည် ယဲ့ဖုန်း ရောက်ရှိလာပြီး မြေကမ္ဘာနတ်ဆိုးကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်ကို မြင်သောအခါ အခြေအနေ ပြောင်းလဲပြီဟု ထင်မှတ်ခဲ့ကြ၏။ သို့သော် ဝမ်းမသာနိုင်သေးခင်တွင် ကျဆင်းလာသော မီးတောက်များကို မြင်လိုက်ရသဖြင့် ကြောက်ရွံ့မှုများ ရင်ထဲသို့ လှိုက်တက်လာပြန်သည်။

"ဟားဟားဟား... မင်းမှာ လှည့်ကွက်တချို့ ရှိပေမယ့် ဒီမီးတွေ ကျလာရင် ရှေးဟောင်းမြို့တစ်ခုလုံး ပြာကျသွားမှာပဲ"

မြေကမ္ဘာနတ်ဆိုးသည် ခက်ထန်ကြမ်းတမ်းသော အပြုံးဖြင့် ပြောလိုက်၏။

"ဪ... ဟုတ်လား"

ယဲ့ဖုန်းသည် တည်ငြိမ်နေဆဲ ဖြစ်ပြီး ငှက်ပျောရွက် ယပ်တောင်ကို ကိုင်ကာ မြေပြင်ဘက်သို့ ဦးတည်၍ ခတ်လိုက်လေ၏။

ပထမအကြိမ်တွင် လေပြင်းများ တိုက်ခတ်လာ၏။

ဒုတိယအကြိမ်တွင် တိမ်မည်းများ ဖုံးလွှမ်းလာပြီး မိုးစက်များ ကျဆင်းလာသည်။

တတိယအကြိမ်၊ စတုတ္ထအကြိမ်...

ယဲ့ဖုန်းသည် မရပ်မနား ခတ်လိုက်ရာ ဧရိယာ လျင်မြန်စွာ ကျယ်ပြန့်သွားပြီး ရှေးဟောင်းမြို့အထက်တွင် ကြီးမားသော တိမ်မည်းကြီးတစ်ခု စုစည်းလာလေ၏။ သည်းထန်စွာ ရွာသွန်းသော မိုးရေများကြောင့် ခေါင်မိုးများ၊ မြက်ခင်းများနှင့် ချုံပုတ်များပေါ်သို့ ကျရောက်နေသော မီးတောက်များ ငြိမ်းသတ်သွားလေ၏။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" မြေကမ္ဘာနတ်ဆိုး ပါးစပ်အဟောင်းသား

ဖြစ်သွားရသည်။

မျှော်စင် အပျက်အစီးများကြားတွင် အကြီးအကဲယွဲ့သည် တပည့် (၈) ဦး၏ တွဲထူမှုဖြင့် မတ်တတ်ရပ်နေသည်။ ကောင်းကင်ယံ၌ ယပ်တောင်ကို ကိုင်လျက် ရပ်နေသော ယဲ့ဖုန်း၏ ခမ်းနားထည်ဝါသော ပုံရိပ်ကို ကြည့်ရင်း အားလုံး မယုံကြည်နိုင် ဖြစ်နေကြ၏။

တစ်မြို့လုံးကို ကယ်တင်လိုက်သူမှာ အခြား ဝိညာဉ်လှေ တစ်စင်းပေါ်တွင် ပါလာပြီး သူတို့ သာမန်လူဟု ထင်မှတ်ခဲ့သော လူငယ်လေး ဖြစ်နေသည် မဟုတ်ပါလော။

"အကြီးအကဲ... ဒီလူက လေနဲ့မိုးကို ဆင့်ခေါ်နိုင်ပြီး လေထဲမှာတောင် ပျံသန်းနိုင်တယ်။ အနည်းဆုံး ဓာတ်ကြီးငါးပါး စုစည်းခြင်း ပဉ္စမအဆင့်အထက်က ကျွမ်းကျင်သူ ဖြစ်လောက်တယ် နော်" မြင်းမျက်နှာနှင့် တပည့်က တုန်လှုပ်စွာ ပြောလိုက်၏။

"ဒီလူရဲ့ အရှိန်အဝါက သိပ်ကို ဖုံးကွယ်လွန်းတယ်။ ငါတောင် အာရုံမခံနိုင်ဘူး။ ဖြစ်နိုင်တာက ဓာတ်ကြီးငါးပါး စုစည်းခြင်း ပဉ္စမအဆင့်အထက်က ထိပ်တန်း ကျွမ်းကျင်သူ ဖြစ်လောက်တယ်" အကြီးအကဲယွဲ့ ပြောလိုက်ပြီး ဒဏ်ရာသက်သာစေရန် ဆေး တစ်လုံး အမြန်ထုတ်ကာ သောက်သုံးလိုက်၏။

မြေပြင်ပေါ်တွင်၊

ယဲ့ဖုန်းကို မြင်လိုက်ရသောအခါ ဟိုယွင်ကျဲ၏ မျက်နှာပေါ်တွင် မျက်ရည်များ ထိန်းချုပ်မရအောင် စီးကျလာသည်။

'ဒါ ဂိုဏ်းချုပ်ဦးလေးပဲ'

သူ..စိတ်လှုပ်ရှားစွာ တွေးလိုက်မိသည်။

ဝိညာဉ်လှေပေါ်တွင်၊

မိုယင်သည် စိတ်လှုပ်ရှားစွာ မတ်တတ်ရပ်လိုက်ပြီး ယပ်တောင်ကို စိုက်ကြည့်လိုက်၏။

"အဲဒါ ဘယ်လို ဝိညာဉ်လက်နက်မျိုးလဲ... စွမ်းအားကြီးလိုက်တာ"

ထိုအခါ၊ ယန်ရူယွီက ပြောလိုက်၏။ "လွန်ခဲ့တဲ့ ရက်ပိုင်းက ဂိုဏ်းချုပ် အဲ့ဒီယပ်တောင်နဲ့ အပူရှောင်နေတာ ကျွန်မ တွေ့လိုက်တယ်။ လမ်းဘေးကနေ ကြေးပြား (၅) ပြားနဲ့ ဝယ်လာတယ် ထင်နေတာ... ဒီယပ်တောင်က ဒီလောက် စွမ်းမယ်လို့ ဘယ်သူ ထင်ထားမှာလဲ"

"ဂိုဏ်းချုပ်က တဖြည်းဖြည်းနဲ့ နားလည်ရ ခက်လာပြီ" မိုယင်သည် ယဲ့ဖုန်း၏ မတ်မတ်ရပ်နေသော ကျောပြင်ကို ကြည့်ရင်း ခပ်ဖွဖွ ရေရွတ်လိုက်၏။

ကောင်းကင်ယံ အမြင့်တွင်၊

မီးတောက်များ ငြိမ်းသွားပြီး ရှေးဟောင်းမြို့သူမြို့သားများက ယဲ့ဖုန်းကို ဒူးထောက် ကိုးကွယ်နေကြသည်ကို မြင်သောအခါ မြေကမ္ဘာနတ်ဆိုး ဒေါပွသွား၏။

"ငါ့အစီအစဉ်ကို ဖျက်ဆီးရဲတယ်ပေါ့... သေပေတော့" မြေကမ္ဘာနတ်ဆိုးသည် ကျောဘက်မှ အတောင်ပံများကို တဘုန်းဘုန်း ခတ်လိုက်ရာ ယဲ့ဖုန်း၏ နောက်ကျောဘက်သို့ ချက်ချင်း ရောက်ရှိသွား၏။ ၎င်းက ထက်ရှသော အမြီးဖြင့် ယဲ့ဖုန်း၏ ခေါင်းကို ချိန်ရွယ်ကာ ထိုးစိုက်လိုက်၏။

"ဝီ..ဝီ..".

ယဲ့ဖုန်းသည် ရိပ်ခနဲ နောက်ဆုတ်လိုက်ပြီး ယပ်တောင်ကို ခတ်ကာ "မန္တန်ဖြိုခွင်းသော စွမ်းအား" ပါဝင်သည့် လေပြင်းများကို ထုတ်လွှတ်လိုက်၏။

မုန်တိုင်း၏ ဝါးမြိုခြင်းကို ခံလိုက်ရသောအခါ မြေကမ္ဘာနတ်ဆိုးသည် သူ၏ "သေဆုံးပြီး ပြန်လည်ရှင်သန်ခြင်း" ပါရမီ ခေတ္တ ပျက်ပြယ်သွားသည်ကို တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားလေ၏။

"မင်းရဲ့ ယပ်တောင်က တစ်မျိုးကြီးပဲ"

မြေကမ္ဘာနတ်ဆိုးသည် ယဲ့ဖုန်းနှင့် အကွာအဝေးကို လျင်မြန်စွာ ဆွဲဆန့်လိုက်၏။ လက်ဖြင့် မန္တန် ရေးဆွဲလိုက်ရာ ခန္ဓာကိုယ်မှ မျက်စိကျိန်းမတတ် အလင်းရောင်များ ပေါက်ကွဲထွက်လာပြီး မိုင်ဆယ်ချီသော လေဟာနယ် တစ်ခုလုံး လင်းထိန်သွားလေ၏။

တောက်ပနေသော မြေကမ္ဘာနတ်ဆိုးကို အာရုံစိုက်နေသည့် အကြီးအကဲယွဲ့သည် တစ်စုံတစ်ခုကို သတိရသွားပြီး ကပျာကယာ အော်ဟစ် သတိပေးလိုက်၏။

"ရောင်းရင်း... မြေကမ္ဘာနတ်ဆိုးက 'ရူးသွပ်ခြင်း' ကို အစပျိုးနေတာ။ မိုင်ဆယ်ချီအတွင်းက နတ်ဆိုးသားရဲတွေကို ရူးသွပ်သွားအောင် လုပ်နေတာ... မြန်မြန် တားလိုက်ပါ"

"နောက်ကျသွားပြီ" မြေကမ္ဘာနတ်ဆိုး ရူးသွပ်စွာ ရေရွတ်လိုက်၏။

သူ့အသံ မဆုံးခင်မှာပင် ယဲ့ဖုန်းသည် ပတ်ဝန်းကျင် အရပ်ရပ်မှ မရေမတွက်နိုင်သော နတ်ဆိုးသားရဲများ၏ ဟိန်းဟောက်သံများကို ကြားလိုက်ရသည်။

အချို့က တောအုပ်ထဲမှ ပြေးထွက်လာကြ၏။ အချို့က ရေစီးကြောင်းမြစ်ထဲမှ ခုန်ထွက်လာကြ၏။ အချို့က တောင်ပေါ်မှ ပြေးဆင်းလာကြ၏။

မျက်တောင်တစ်ခတ်အတွင်း သဲစီးကြောင်း ရှေးဟောင်းမြို့ကို နတ်ဆိုးသားရဲ ရာပေါင်းများစွာ ဝိုင်းရံလိုက်ကြ၏။ သူတို့၏ ဆိုးရွားသော အရှိန်အဝါများသည် ကောင်းကင်သို့ ထိုးတက်သွားပြီး ကမ္ဘာမြေကို တုန်လှုပ်သွားစေသည်။

"မင်းတို့အားလုံး ထွက်သွားစမ်း"

ယဲ့ဖုန်းသည် ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ ယပ်တောင်ကို ဝှေ့ယမ်းလိုက်ရာ အထူးသဖြင့် ကြမ်းတမ်းသော အဆင့်မြင့် နတ်ဆိုးစစ်သည်အဆင့် သားရဲတစ်ကောင် ခန္ဓာ ကွဲကြေသွားလေ၏။

“ဝေါ…ဝေါ..”

နတ်ဘုရား၏ အမျက်ဒေါသကဲ့သို့ ပြင်းထန်သော လေမုန်တိုင်းကြီး တိုက်ခတ်လာသည်။

ချက်ချင်းဆိုသလို ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။

နောက်တစ်ခဏတွင် ပြသလိုက်သော စွမ်းအားကြောင့် ကြောက်လန့်သွားကြသည့် နတ်ဆိုးသားရဲများသည် ရူးသွပ်မှု ပျက်ပြယ်သွားပြီး (ဖိနပ်မပါဘဲ ပြေးသကဲ့သို့) ထွက်ပြေးကုန်ကြကာ လာရာလမ်းအတိုင်း အမြန်ဆုံး ပြန်ပြေးကြတော့သည်။

"ဒါ..မင်းတတ်တာ အကုန်ပဲလား"

ယဲ့ဖုန်းသည် ထွက်ပြေးသွားသော နတ်ဆိုးသားရဲများကို ကြည့်လိုက်ပြီးနောက် မြေကမ္ဘာနတ်ဆိုးဘက်သို့ လှည့်ကာ ရှုတ်ချသော လေသံဖြင့် မေးလိုက်၏။

မြေကမ္ဘာနတ်ဆိုး၏ မျက်နှာ သွေးမရှိတော့သလို ဖြူဖျော့သွားပြီး လှည့်ပြေးလေတော့၏။

၎င်းသည် မျှော်စင်ထဲမှ အဆင့်မြင့် နတ်ဆိုးစစ်သည်အဆင့် သားရဲ ဒါဇင်ပေါင်းများစွာ၏ မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားသဖြင့် ဉာဏ်ရည်မြင့်မားပြီး "တောင်ကို စိမ်းနေအောင် ထားရင် ထင်းခွေဖို့ မပူရဘူး" (အသက်ရှင်နေရင် ပြန်တိုက်လို့ ရတယ်) ဆိုသော သဘောတရားကို နားလည်လေ၏။

"သူ့ကို လွတ်မသွားစေနဲ့... မဟုတ်ရင် ဒုက္ခရောက်လိမ့်မယ်" အကြီးအကဲယွဲ့ ချက်ချင်း အော်ဟစ်သတိပေးလိုက်၏။

သတိပေးစရာ မလိုဘဲ ယဲ့ဖုန်းလည်း ပြဿနာကို အမြစ်ဖြတ်ရမည်ဟု နားလည်ထားသည်။ သူ၏ ပုံရိပ်သည် လှုပ်ရှားသွားပြီး မြေကမ္ဘာနတ်ဆိုးနောက်သို့ လိုက်ပါသွားကာ ယပ်တောင်ကို နောက်တစ်ကြိမ် ခတ်ရန် ပြင်ဆင်လိုက်၏။

"သောက်ရူး လူသား... မင်း အလိမ်ခံလိုက်ရပြီ"

မြေကမ္ဘာနတ်ဆိုးသည် ရုတ်တရက် လမ်းကြောင်းပြောင်းလိုက်ပြီး ယဲ့ဖုန်း၏ လက်များကို ဖမ်းချုပ်လိုက်ကာ ယပ်တောင်မသုံးနိုင်အောင် တားဆီးလိုက်၏။ ထို့နောက် ထက်ရှသော အမြီးဖြင့် လှံရှည် တစ်ချောင်းအလား ယဲ့ဖုန်း၏ ရင်ဘတ်ကို ထိုးနှက်လိုက်လေ၏။

ထိုအခိုက်အတန့်တွင် လူတိုင်း အသက်ရှူရပ်တန့်သွားကြ၏။

မိုယင်၊ ယန်ရူယွီနှင့် ဟိုယွင်ကျဲတို့၏ နှလုံးသားများ.. လည်ချောင်းဝသို့ ရောက်သွားကြ၏။

All Chapters