← Chapters

အခန်း (၁၄၂-၁၄၄)

Vol. 10 Ch. 142-144

အခန်း (၁၄၂-၁၄၄)

Vol. 10 Ch. 142-144

အခန်း (၁၄၂) - ဖိတ်ကြားစာ၊ မြင့်တက်လာသော သူရဲကောင်းဝိညာဉ်စွမ်းအား

~"ချွင်.."

ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။

မြေကမ္ဘာနတ်ဆိုး၏ အမြီးသည် ယဲ့ဖုန်း၏ ရင်ဘတ်နှင့် တစ်ပေအကွာတွင် ရပ်တန့်သွားသည်။

လက်မအရွယ်အစား ရှိသော အနီရောင် ရတနာပုလဲ တစ်လုံးသည် လေထဲတွင် ပျံဝဲနေ၏။ တောက်ပသော အလင်းရောင်များ ထုတ်လွှတ်ကာ ပန်းကန်ပြား အရွယ်အစား ရှိသော ဒိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မြေကမ္ဘာနတ်ဆိုး၏ ထက်ရှသော အမြီးကို တားဆီးထားလိုက်၏။

"ဒါ ဘာရတနာလဲ" မြေကမ္ဘာနတ်ဆိုးသည် အမြီးကို ပြန်ရုပ်သိမ်းရန် ကြိုးစားသော်လည်း ကပ်နေသဖြင့် ဆွဲထုတ်၍ မရနိုင် ဖြစ်နေသည်။

ယဲ့ဖုန်း စိတ်သက်သာရာ ရသွားသည်။

ကံကောင်းထောက်မစွာဖြင့် အရေးကြီးသော အခိုက်အတန့်တွင် "ဓာတ်ကြီးငါးပါး ဝိညာဉ်ပုလဲ" ကို ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။ မဟုတ်လျှင် မြေကမ္ဘာနတ်ဆိုး၏ အမြီးဖြင့် တိုက်ရိုက် အထိုးခံရပါက သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာအပြင်းအထန် ရရှိသွားနိုင်သည်။

ဓာတ်ကြီးငါးပါး ဝိညာဉ်ပုလဲသည် ယခုအခါ သူရဲကောင်းဝိညာဉ်

စွမ်းအားများအတွက် သိုလှောင်ရာနေရာအဖြစ် အသုံးပြုနေသည်။ သူရဲကောင်းဝိညာဉ်စွမ်းအားများဖြင့် ပြုပြင်ပြီးနောက် အလယ်အဆင့် ဝိညာဉ်လက်နက် ဖြစ်သော်လည်း ပိုမိုခိုင်ခံ့လာကာ မြေကမ္ဘာနတ်ဆိုး၏ တိုက်ခိုက်မှုကို မကြောက်ရွံ့တော့ပေ။

"အုန်း"

ယဲ့ဖုန်းသည် အခွင့်ကောင်းယူပြီး ခြေထောက်တွင် အားစိုက်ကာ မြေကမ္ဘာနတ်ဆိုးကို ကန်ထုတ်လိုက်၏။ ထို့နောက် ယပ်တောင်ကို ခတ်လိုက်ပြီး မန္တန်ဖြိုခွင်းနိုင်သော လေပြင်းမုန်တိုင်းကို ထုတ်လွှတ်လိုက်၏။

မြေကမ္ဘာနတ်ဆိုးသည် ယှဉ်နိုင်စွမ်း မရှိကြောင်း သိရှိလိုက်သဖြင့် ညစ်ပတ်သော နည်းလမ်းများကို မသုံးရဲတော့ဘဲ နောက်လှည့်မကြည့်ဘဲ ထွက်ပြေးလေတော့သည်။

"ထွက်ပြေးဖို့ မစဉ်းစားနဲ့"

ယဲ့ဖုန်းသည် ထပ်ကြပ်မကွာ လိုက်ပါသွားသည်။ အနည်းငယ် နှေးကွေးနေသော်လည်း ရုတ်တရက် အကြံတစ်ခု ရသွားသည်။ သူသည် ဆန့်ကျင်ဘက်သို့ ယပ်တောင်ခတ်လိုက်ပြီး အရှိန်မြှင့်တင်လိုက်ရာ လူအုပ်ကြီး၏ အံ့ဩတကြီး ကြည့်ရှုနေမှုအောက်တွင် မြေကမ္ဘာနတ်ဆိုးကို မီသွားပြီး လက်သီးဖြင့် ထိုးချလိုက်လေ၏။

"အုန်း"

ယဲ့ဖုန်း၏ အားကုန်သုံးထားသော လက်သီးချက်သည် အလွန်ပြင်းထန်လှပြီး မြေကမ္ဘာနတ်ဆိုးကို မြေကြီးပေါ်သို့ ရိုက်ချလိုက်ရာ ခန္ဓာကိုယ် ကွဲအက်သွားလေ၏။

"အခုပဲ အခွင့်အရေး" ယဲ့ဖုန်းသည် အခွင့်ကောင်းယူပြီး ငှက်ပျောရွက်ယပ်တောင် အသေးစားကို ဝှေ့ယမ်းလိုက်၏။

တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်...

အားကုန်သုံး၍ ယဲ့ဖုန်းသည် ယပ်တောင်ကို အကြိမ် (၂၀) ခန့် ဝှေ့ယမ်းလိုက်ရာ လေပြင်းမုန်တိုင်းများ ထပ်ဆင့်စုစည်းသွား၏။

ဓားသွားထက် ပိုမိုထက်ရှသော လေဝဲ တစ်ခုအဖြစ် ပြောင်းလဲကာ ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် မြေကမ္ဘာနတ်ဆိုးအပေါ်သို့ ကျရောက်သွားလေ၏။

‘မကောင်းတော့ဘူး…’

မြေကမ္ဘာနတ်ဆိုးသည် ပထမဆုံးအကြိမ် အဖြစ် သေဘေး၏ ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။

သေဆုံးပြီး ပြန်လည်ရှင်သန်နိုင်သော ပါရမီ ရှိသော်လည်း ယခုအခါ ယပ်တောင်၏ မန္တန်ဖြိုခွင်းနိုင်စွမ်းကြောင့် ချုပ်နှောင်ခံထားရသည်။ မုန်တိုင်း၏ ဝါးမြိုခြင်းကို ခံလိုက်ရပါက ပြန်လည်ရှင်သန်နိုင်တော့မည် မဟုတ်ပေ။

သို့သော် မြေကမ္ဘာနတ်ဆိုး ထွက်ပြေးရန် ကြိုးစားလိုက်ချိန်တွင် မမြင်ရသော စွမ်းအား တစ်ခုက ချုပ်နှောင်ထားသကဲ့သို့ ဖြစ်နေပြီး သူ၏ လှုပ်ရှားမှုများ တောင့်တင်းသွားသည်။

"ဝီ..ဝီ..".

မုန်တိုင်းသည် မြေကမ္ဘာနတ်ဆိုးကို ဖြတ်သန်းသွားပြီးနောက် ပြန်လည်မရှင်သန်နိုင်သော ပြာပုံအဖြစ် ပြောင်းလဲပစ်လိုက်၏။ ထို့နောက် မုန်တိုင်းသည် မရပ်တန့်လေဘဲ မြေကြီးပေါ်တွင် အချင်း (၁၀) မီတာ၊ အနက် မီတာ (၁၀) ကျော် ရှိသော တွင်းကြီးတစ်တွင်း တူးဖော်လိုက်လေ၏။

မြင်တွေ့လိုက်ရသူတိုင်း အလွန်အမင်း တုန်လှုပ်သွားကြ၏။

အချိန်အတန်ကြာမှ အကြီးအကဲယွဲ့ တံတွေးမြိုချလိုက်ပြီး အံ့ဩတကြီး ရေရွတ်လိုက်၏။ "ကြောက်စရာကောင်းလိုက်တာ... မြေကမ္ဘာနတ်ဆိုးတောင် ပြန်မရှင်နိုင်တော့ဘူး။ နောက်ဆုံးတိုက်ခိုက်မှုရဲ့ စွမ်းအားက ကြောက်ခမန်းလိမ့်ပဲ... ဓာတ်ကြီးငါးပါး စုစည်းခြင်း ပဉ္စမအဆင့်ထက် မလျော့ဘူး"

ဘေးနားရှိ တပည့် (၈) ဦးလည်း ပြိုင်တူ ပင့်သက်ရှိုက်မိသွားကြ၏။

ဝိညာဉ်လှေပေါ်တွင် ရှိနေသည့်

မိုယင် တစ်ယောက် သက်ပြင်းချလိုက်ပြီး ယဲ့ဖုန်း၏ စွမ်းအား မည်မျှ ကြီးမားကြောင်းအား ကြိတ်၍ အံ့ဩနေမိသည်။

ဒါက သာမန် ကြယ်တစ်ပွင့် အဆင့် ဂိုဏ်းချုပ် တစ်ဦးနှင့် ယှဉ်နိုင်နေပြီ မဟုတ်ပါလော။

"ဂိုဏ်းချုပ်ယဲ့က အရမ်းမိုက်တာပဲ" ယန်ရူယွီသည် မြူးထူးစွာ အော်ဟစ်လိုက်ပြီး သူမ၏ တောက်ပသော မျက်ဝန်းများထဲတွင် လေးစားအားကျမှုများ ပြည့်နှက်နေတော့သည်။

ကောင်းကင်ယံတွင်၊

"ငါ တကယ် လုပ်လိုက်တာလား" ယဲ့ဖုန်းသည် မြေကြီးပေါ်မှ တွင်းကြီးကို ကြည့်လိုက်၊ လက်ထဲမှ ယပ်တောင်ကို ကြည့်လိုက်ဖြင့် သူကိုယ်တိုင်ပင် ကြောင်တောင်တောင် ဖြစ်သွားသည်။

"ကျေးဇူးတင်ပါတယ်၊ အင်မော်တယ်... ကျွန်တော်တို့ အသက်ကို ကယ်တင်ပေးလို့ပါ"

"အင်မော်တယ် ကျန်းမာပါစေ"

သဲစီးကြောင်း ရှေးဟောင်းမြို့မှ အသက်ရှင်ကျန်ရစ်သူများသည် ကျေးဇူးတင်စကားများ တတွတ်တွတ် ဆိုနေကြပြီး ယဲ့ဖုန်းကို ရူးသွပ်မတတ် လေးစားနေကြ၏။ အချို့ဆိုလျှင် ဝက်ခေါင်းများ သယ်လာပြီး အမွှေးတိုင်ထွန်းကာ ဦးခိုက်နေကြ၏။

ယဲ့ဖုန်း အောက်သို့ မိုး၍ ကြည့်လိုက်ရာ နှုတ်ခမ်းထောင့်များ အနည်းငယ် လှုပ်ရွသွားသည်။ 'ငါ မသေသေးပါဘူး... ဘာလို့ ငါ့ကို အမွှေးတိုင် လာထွန်းနေကြတာလဲ'

"အားလုံး စိတ်ချကြပါ... အဲဒီနတ်ဆိုးကောင်ကို ကျွန်တော် ရှင်းပစ်လိုက်ပါပြီ" ခဏစဉ်းစားပြီးနောက် ယဲ့ဖုန်း ကျယ်လောင်စွာ အော်ပြောလိုက်ရာ သူ့အသံသည် ရှေးဟောင်းမြို့ တစ်ခုလုံးသို့ ပဲ့တင်သွားလေ၏။

"ကျေးဇူးတင်ပါတယ် ညီအစ်ကိုယဲ့... အသက်ကယ်ပေးလို့ပါ။ ကျွန်တော်က လေဓားဂိုဏ်းရဲ့ အပြင်စည်းအကြီးအကဲ 'ယွဲ့မူ' ပါ။ ကျေးဇူးရှင်က ဘယ်ဂိုဏ်းကလဲ ဆိုတာ သိခွင့်ရှိမလား" အကြီးအကဲယွဲ့သည် တပည့် (၈) ဦး၏ တွဲထူမှုဖြင့် ကောင်းကင်သို့ ပျံတက်လာပြီး လက်သီးဆုပ်ကာ မေးလိုက်ခြင်းပါ။

"ကျွန်တော်က မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်းပါ"

အစပထမတွင် ယဲ့ဖုန်းသည် မည်သူမည်ဝါ ဖြစ်ကြောင်း ထုတ်မပြောလိုသော်လည်း ပြန်စဉ်းစားလိုက်၏။

အခုမှ ရှိုးထုတ်ပြီးကာစ... ဂုဏ်သတင်းတန်ဖိုး တွေ လိုချင်ရင် ဘယ်က လာမှန်း ပြောပြမှ ရမှာပေါ့။

ထို့ကြောင့် ယဲ့ဖုန်း ချက်ချင်း မိတ်ဆက်လိုက်ရာ သူ၏ အသံသည် ပဲ့တင်ထပ်သွားပြီး ရှေးဟောင်းမြို့ တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားလေ၏။

"တီ..တီ... ဂိုဏ်းဂုဏ်သတင်းတန်ဖိုး +၃၃၇၆"

ထင်ထားသည့်အတိုင်းပင် ယဲ့ဖုန်း မိတ်ဆက်လိုက်သည်နှင့် ဂုဏ်သတင်းတန်ဖိုးများ ရုတ်တရက် မြင့်တက်လာပြီး ဆက်လက်တိုးပွားနေလေ၏။

ဒါတင်မကသေးဘဲ ယဲ့ဖုန်း ဝမ်းသာစရာ တစ်ခုကိုပါ တွေ့ရှိလိုက်ရသည်။

သူရဲကောင်းဝိညာဉ်စွမ်းအားများ မိုးထိအောင် မြင့်တက်သွားခြင်းပင်။

အသက်ရှူချိန် အနည်းငယ်အတွင်း သူရဲကောင်းဝိညာဉ်စွမ်းအားသည် (၅၀) ရာခိုင်နှုန်းခန့် ရုတ်တရက် တိုးပွားလာပြီး ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်။

‘ကောင်းမှုကုသိုလ် လုပ်တာကလည်း သူရဲကောင်းဝိညာဉ်စွမ်းအားကို တိုးတက်စေတာလား။ ငါ လျှို့ဝှက်ချက်ကြီး တစ်ခုကို ရှာတွေ့လိုက်ပြီ ထင်တယ်’

ယဲ့ဖုန်း ရင်ထဲတွင် အလွန် ဝမ်းသာသွားသည်။

"မြူခိုးဂိုဏ်း..."

အကြီးအကဲယွဲ့မူ အချိန်ကြာမြင့်စွာ စဉ်းစားသော်လည်း မည်သည့် နေရာမှန်း စဉ်းစား၍ မရပေ။

သာမန်လူဟု ထင်ရသော်လည်း အလွန် စွမ်းအားကြီးသော ယဲ့ဖုန်း ရှိနေမှတော့ အညတရ ဂိုဏ်းတစ်ခု မဖြစ်နိုင်ပေ။

‘မြူခိုးဂိုဏ်းဆိုတာ လျှို့ဝှက်ဂိုဏ်းတစ်ခု ဖြစ်လောက်တယ်…’

ထိုသို့ တွေးမိပြီး အကြီးအကဲယွဲ့မူ ထပ်မံ ကျေးဇူးတင်စကား ဆိုလိုက်၏။

"ဒီနေ့ လာရောက်ကူညီပေးတဲ့အတွက် ဂိုဏ်းချုပ်ယဲ့ကို ကျေးဇူးတင်ပါတယ်ဗျာ။ အချိန်မီ ရောက်မလာရင် ဘာတွေဆက်ဖြစ်မလဲ တွေးတောင် မတွေးရဲဘူး"

"လမ်းကြုံဖြတ်သွားရင်း မသင်္ကာစရာ တွေ့လို့ ဝင်ကူညီလိုက်တာပါ။ ဘာမှ အရေးတယူ လုပ်စရာ မလိုပါဘူးဗျ" ယဲ့ဖုန်းက လက်ကာပြလိုက်ပြီး "ငါက နှိမ့်ချတတ်တဲ့သူပါ" ဟူသော ပုံစံ ဖမ်းလိုက်၏။

အကြီးအကဲယွဲ့မူသည် လေထဲတွင် ရပ်လျက် တပည့် (၈) ဦးကို ညွှန်ကြားလိုက်၏။

"မင်းတို့.. နတ်ဆိုးပိတ်လှောင်မျှော်စင်ကို အရင်သွားပြန်ဆောက်ကြ"

"ဟုတ်ကဲ့ပါ"

တပည့် (၈) ဦး အလျင်အမြန် ဆင်းသက်သွားကြ၏။

ယခုအခါ ကောင်းကင်ယံတွင် ယဲ့ဖုန်းနှင့် အကြီးအကဲယွဲ့မူတို့သာ ကျန်ရစ်တော့သည်။

မျှော်စင်အပျက်အစီးများကို ကြည့်ရင်း ယဲ့ဖုန်း အတော်လေး နားမလည်နိုင် ဖြစ်နေသည်။ "နတ်ဆိုးပိတ်လှောင်မျှော်စင်က အဆင့်မြင့် နတ်ဆိုးစစ်သည်အဆင့် သားရဲတွေကို ချုပ်နှောင်ဖို့ သီးသန့် လုပ်ထားတာလို့ ကြားဖူးတယ်။ လေဓားဂိုဏ်းအတွက်ဆိုရင် ဒီလို ကောင်တွေကို အလွယ်တကူ သတ်လို့ရတာပဲ... ဘာလို့ ချုပ်နှောင်ထားရတာလဲ"

အကြီးအကဲယွဲ့မူ မျက်နှာပျက်သွားပြီး ပြောလိုက်၏။ "ဒါက မဟာအကြီးအကဲရဲ့ အစီအစဉ်ပါ။ ကျွန်တော်တို့က အမိန့်အတိုင်း လုပ်ရတာပါ... ပြီးတော့ ထုတ်ပြောဖို့ အဆင်မပြေတဲ့ ကိစ္စတချို့ ရှိနေလို့ပါ"

"ဟားဟား... ကျွန်တော်က စကားစပ်မိလို့ မေးကြည့်တာပါ" မျှော်စင်တည်ရှိမှု၏ အဓိပ္ပာယ်ကို သိချင်သော်လည်း လေဓားဂိုဏ်း၏ မဟာအကြီးအကဲနှင့် ပတ်သက်နေသဖြင့် မသိတာက ပိုကောင်းမည်ဟု ယဲ့ဖုန်း ဆုံးဖြတ်လိုက်၏။

ခဏအကြာတွင် ယဲ့ဖုန်း ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ပြောလိုက်၏။ "အချိန်လင့်နေပြီ... ကျွန်တော်လည်း ပြန်မှ ဖြစ်မယ်။ နှုတ်ဆက်ပါတယ်"

"ဂိုဏ်းချုပ်ယဲ့... နေပါဦး" အကြီးအကဲယွဲ့မူ လှမ်းခေါ်လိုက်၏။

"ဘာကိစ္စ ရှိလို့လဲ" ယဲ့ဖုန်း မေးလိုက်၏။

"ကျွန်တော်တို့ လေဓားဂိုဏ်းက ကျင်းပမယ့် ဓားကလေး ခန့်အပ်ပွဲ အခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ကြားစာ ရပြီးပြီလား" အကြီးအကဲယွဲ့မူ မေးလိုက်၏။

"ဓားကလေး ခန့်အပ်ပွဲလား... အကြီးအကဲယွဲ့ ပြောတာ မုရူရွှဲ့အတွက် လုပ်ပေးမယ့် ပွဲကို ဆိုလိုတာလား။ ဒီမနက်တင် သူနဲ့ တွေ့ခဲ့ပေမယ့် ဖိတ်ကြားစာတော့ မရလိုက်ဘူး" ယဲ့ဖုန်း ရေရွတ်လိုက်၏။

"ခင်ဗျား ..ဓားကလေးကို သိတာလား"

"သိသလိုလိုပါပဲ"

"ဟားဟား... ဒါဆို ကွက်တိပဲ။ ကျွန်တော့်မှာ ဖိတ်ကြားစာ ပါလာတယ်။ နောက်လလယ်မှာ ကျင်းပမယ့် ဓားကလေး..ခန့်အပ်ပွဲကို တက်ရောက်ဖို့ ဂိုဏ်းချုပ်ယဲ့ကို လေးစားစွာ ဖိတ်ကြားပါတယ်" အကြီးအကဲယွဲ့မူသည် ရွှေရောင်အဖုံးနှင့် ခမ်းနား ထည်ဝါသော ဖိတ်ကြားစာ တစ်စောင်ကို ထုတ်ပေးလိုက်၏။

"ဒါ သင့်တော်ပါ့မလား။ မုရူရွှဲ့တောင် ကျွန်တော့်ကို မဖိတ်ဘူးလေ..."

ယဲ့ဖုန်း စကားမဆုံးခင် အကြီးအကဲယွဲ့မူ အမြန်ရှင်းပြလိုက်၏။

"ဂိုဏ်းချုပ်ယဲ့... မပူပါနဲ့။ ဖိတ်ကြားစာတွေကို ဒီနေ့မှ အလျင်စလို လုပ်လိုက်ရတာပါ။ ဓားကလေးက မနေ့ညကတည်းက ဂိုဏ်းက ထွက်သွားတာ ဆိုတော့ ဖိတ်ကြားစာ ပါမသွားတာ သဘာဝကျပါတယ်"

"ဪ... အဲလိုလား" ယဲ့ဖုန်း ဖိတ်ကြားစာကို ချက်ချင်း ယူလိုက်၏။

လေဓားဂိုဏ်းကို အလည်သွားရမည့် အခွင့်အရေးကောင်း မဟုတ်ပါလော။

အဓိက အချက်ကတော့ အလကား စား ရသောက်ရမည့် အခွင့်အရေးကို ဘယ်လိုလုပ် ငြင်းပယ်နိုင်ပါ့မည်လဲ။

"ဂိုဏ်းချုပ်ယဲ့... ကျွန်တော့်မှာ အရေးတကြီး ကိစ္စ ရှိသေးလို့ လိုက်မပို့တော့ဘူးနော်"

"နှုတ်ဆက်ပါတယ်"

သူတို့နှစ်ဦး လေထဲတွင် မျောလွင့်လျက် အပြန်အလှန် ဂါရဝပြုလိုက်ကြပြီးနောက် လှည့်ထွက်သွားကြ၏။

အကြီးအကဲယွဲ့မူသည် မျှော်စင်ရှေ့သို့ ဆင်းသက်လိုက်ပြီး ဒဏ်ရာများကို စိတ်အေးချမ်းသာစွာ ကုသလေတော့သည်။

ယဲ့ဖုန်း ထွက်ခွာလာပြီးနောက် သဲစီးကြောင်းဂိုဏ်း၏ ခြံဝန်းလေးသို့ ဦးစွာ ဝင်ရောက်လိုက်၏။

ဟိုယွင်ကျဲနှင့် တင်းပိုင်ရွှယ်တို့၏ အံ့ဩတကြီး ကြည့်ရှုနေမှုအောက်တွင် ကျောက်ကပ်ကင် တစ်ပန်းကန် ချထားပေးခဲ့ပြီး ပြုံးလျက် ထွက်ခွာသွားလေသည်။

"ဂိုဏ်းချုပ်... ကျောက်ကပ်ကင် ထားခဲ့တာ ဘာသဘောလဲဗျ" ဟိုယွင်ကျဲသည် ထွက်ခွာသွားသော ယဲ့ဖုန်းကို လှမ်းအော်မေးလိုက်၏။

ယဲ့ဖုန်း ပြန်မဖြေချင်တော့ဘဲ စိတ်ထဲတွင် ကျိတ်ဆဲလိုက်၏။

'နလပိန်းတုံး လုပ်နေပြန်ပြီ'

တင်းပိုင်ရွှယ်သည် ကျောက်ကပ်ကင် ပန်းကန်ကို ကြည့်ရင်း ခေါင်းငုံ့ထားလိုက်၏။

နှုတ်ခမ်းကို ဖိကိုက်ထားပြီး မျက်နှာတစ်ခုလုံး ရှက်သွေးဖြာကာ ရဲတက်နေလေ၏။

‘ဂိုဏ်းချုပ်ယဲ့က ငါနဲ့ အစ်ကိုဟိုရဲ့ ဆက်ဆံရေးကို အထင်လွဲသွားပြီ ထင်တယ်…’

သူမ စိတ်ထဲတွင် ရေရွတ်လိုက်ပြီး စကားမပြောနိုင်တော့ပေ။

[T.N - တရုတ်ရိုးရာ အယူအဆနဲ့ ဆေးပညာအရ "ကျောက်ကပ်" ဟာ အမျိုးသားတွေရဲ့ ခွန်အား၊ ယန်ဓာတ်နဲ့ မျိုးပွားစွမ်းရည် အတွက် အဓိကကျတဲ့ အင်္ဂါအစိတ်အပိုင်းလို့ ယူဆကြပါတယ်။ ဒါကြောင့် ကျောက်ကပ်ကင် (သို့) ကျောက်ကပ်ဟင်း စားတာဟာ "အမျိုးသားစွမ်းဆောင်ရည်ကို အားဖြည့်ပေးတယ်" လို့ ယုံကြည်ကြပါတယ်။

ယဲ့ဖုန်းက ဟိုယွင်ကျဲနဲ့ တင်းပိုင်ရွှယ်ကို အတွဲတွေလို့ အထင်လွဲနေတာပါ။ ဒါကြောင့် ဟိုယွင်ကျဲကို စွမ်းဆောင်ရည်ကောင်းအောင် ကြိုတင် အားဖြည့်ပေးတဲ့ သဘော" နဲ့ ကျောက်ကပ်ကင် လာချပေးသွားတာ ဖြစ်ပါတယ်။ ]

ဝိညာဉ်လှေပေါ်တွင်၊

ယဲ့ဖုန်း နေရာယူလိုက်ပြီး ဖိတ်ကြားစာကို ဖွင့်ကြည့်လိုက်၏။

"ဂိုဏ်းချုပ်... အဲဒါ ဘာလဲဟင်"

"ကြည့်ပါရစေ"

မိုယင်နှင့် ယန်ရူယွီတို့ သူ့အနားသို့ ဝိုင်းအုံလာကြ၏။

"အကြီးအကဲယွဲ့မူက နောက်လလယ်မှာ ကျင်းပမယ့် လေဓားဂိုဏ်းရဲ့ ဓားကလေး ခန့်အပ်ပွဲကို တက်ရောက်ဖို့ ဖိတ်လိုက်တာ" ယဲ့ဖုန်း ရှင်းပြလိုက်၏။

"မုရူရွှဲ့ရဲ့ ခန့်အပ်ပွဲလား" မိုယင် အံ့ဩသွားသည်။

ရှုဟုန်ယွီလည်း တက်ရောက်မည်လေ။ ယဲ့ဖုန်းသာ တကယ်သွားလျှင် သူတို့နှစ်ဦး ဆုံတွေ့နိုင် ကောင်းသည်။

ထိုစဉ်၊

"ဂိုဏ်းချုပ်... စားစရာ ကောင်းကောင်းတွေ ပါမှာလား" ယန်ရူယွီက မျှော်လင့်တကြီး မေးလိုက်ခြင်းပါ။

စန်းယွမ်မြို့တော်တွင် အစားသောက်ကောင်းများ စားဖူးပြီးကတည်းက သူမသည် အစားအသောက် မက်မောသူ ဖြစ်လာခဲ့သည်။

"ဒါပေါ့... ပါမှာပေါ့" ယဲ့ဖုန်း ပြုံးပြီး ပြောလိုက်၏။

"ဒါဆို ကျွန်မ လိုက်ချင်တယ်" ယန်ရူယွီ ဝိညာဉ်လှေပေါ်တွင် ပျော်ရွှင်စွာ ခုန်ပေါက်လိုက်၏။

"ဖိတ်ကြားစာ တစ်စောင်ကို လူ (၁၅) ယောက် ခေါ်လို့ရတယ်။ မြူခိုးဂိုဏ်းမှာ လူနည်းနည်းလေးပဲ ရှိတာဆိုတော့ အကုန်လုံး လိုက်သွားလို့ ရပါတယ်"

ယဲ့ဖုန်း ဆုံးဖြတ်ချက် ချလိုက်၏။ မြူခိုးဂိုဏ်း တပည့်အားလုံးကို ခေါ်ဆောင်သွားပြီး ကြယ်နှစ်ပွင့်အဆင့် ပွဲတော်ကြီးကို ပြသကာ ဗဟုသုတ တိုးပွားစေမည် ဖြစ်သည်။

စကားမဆုံးခင်မှာပင် ဝိညာဉ်လှေသည် မြူခိုးတောင်ထိပ်ဆီသို့ တည့်မတ်စွာ ပျံသန်းထွက်ခွာသွားပြီး မကြာမီ ဆွဲဆောင်မှုရှိသော ညအမှောင်ထုထဲတွင် ပျောက်ကွယ်သွားလေတော့သည်။

အခန်း (၁၄၃) - အစ်ကိုကြီး ခေါင်းပြား နိုးထလာခြင်း၊ ဘိုးဘေးပုံစံ ပြန်လည်ရရှိခြင်း

~ဝိညာဉ်လှေသည် လေထုထဲတွင် ဖြည်းညှင်းစွာ လျှောတိုက် ပျံသန်းနေလေ၏။

ယန်ရူယွီသည် အလွန် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သဖြင့် ယဲ့ဖုန်း၏ ကျယ်ပြန့်ခိုင်ခံ့သော ကျောပြင်ကြီးကို မှီလျက် နှစ်ခြိုက်စွာ အိပ်ပျော်သွားရှာသည်။

ယဲ့ဖုန်းသည် ယန်ရူယွီကို ဘေးသို့ ရွှေ့လိုက်ချင်သော်လည်း သူမ နိုးသွားမည်ကို စိုးရိမ်သဖြင့် လှေဦးတွင် (တောင့်တင်းစွာ) ထိုင်နေရပြီး တစ်လက်မမျှပင် မလှုပ်ရဲချေ။

မိုယင်သည် ဓားကို ပိုက်လျက် တိတ်ဆိတ်စွာ စောင့်ကြည့်နေ၏။

ခဏအကြာတွင် ယဲ့ဖုန်း စိတ်ထဲမှနေ၍ မေးလိုက်၏။

'စနစ်... ဒီည သူရဲကောင်းဝိညာဉ်စွမ်းအားတွေ ဘာလို့ ဒီလောက်တောင် များပြားလာရတာလဲ။ အခုဆိုရင် (၆၀) ရာခိုင်နှုန်းလောက် တိုးတက်လာပြီ။ ဒီနှုန်းအတိုင်းသာ ဆက်သွားရင် ငါ့ကျင့်ကြံခြင်းအဆင့် မတိုးရင်တောင် သူရဲကောင်းဝိညာဉ်စွမ်းအား သက်သက်နဲ့တင် ဓာတ်ကြီးငါးပါး စုစည်းခြင်း ဒုတိယအဆင့်ကို ယှဉ်နိုင်တော့မယ်’

စနစ်က ချက်ချင်းပင် ရှင်းပြလိုက်သည်။

"ဒီလိုလေ... သူရဲကောင်းဝိညာဉ်စွမ်းအားဆိုတာ ကောင်းကင်နဲ့ မြေကြီးကြားမှာ ကျန်ရစ်ခဲ့တဲ့ ရှေ့လူတွေရဲ့ စွမ်းအားအကြွင်းအကျန်တွေပဲ။ ပုံမှန်ဆိုရင်တော့ ကောင်းကင်တာအို လမ်းစဉ်နဲ့အညီ ကုသိုလ်တွေလုပ်၊ ကံတရားတွေ မိုက်နေမှသာ ဒီစွမ်းအားကို ရပြီး 'ရွေးချယ်ခံရသူ' ဖြစ်လာနိုင်တာ"

စနစ်က ဆက်ပြောသည်။ "ရှင်းရှင်းပြောရရင် ဂိုဏ်းဂုဏ်သတင်း မြင့်တက်လာတာနဲ့အမျှ ဂိုဏ်းချုပ်ရဲ့ ပခုံးပေါ်က ကံတရားကလည်း ကြီးထွားလာတာပေါ့။ ဒီကြားထဲ ဒီညမှာ လူပေါင်းသောင်းချီကို ကယ်တင်လိုက်နိုင်သေးတယ်ဆိုတော့ သူရဲကောင်းဝိညာဉ်စွမ်းအား ပိုရလာတာ မဆန်းပါဘူး"

စနစ်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ယဲ့ဖုန်း ဉာဏ်အလင်းပွင့်သွားလေ၏။

'ဒါဆိုရင် ငါက ကောင်းမှုတွေ ဆက်လုပ်ပြီး ဂိုဏ်းဂုဏ်သတင်းကို မြှင့်တင်နေသရွေ့ ပိုပြီး သန်မာလာမယ် ဆိုတဲ့ သဘောပေါ့’

"ဘင်ဂို! လုံးဝအမှန်ပါပဲ"

ယဲ့ဖုန်း ထပ်မေးလိုက်၏။

'သူရဲကောင်းဝိညာဉ်စွမ်းအားကို သယ်ဆောင်ထားတာက ဓာတ်ကြီးငါးပါး ဝိညာဉ်ပုလဲလေ။ အဲဒါက အလယ်အဆင့် ဝိညာဉ်လက်နက်ပဲ ရှိသေးတာ... ငါ့စွမ်းအားအတွက် အဟန့်အတား ရှိနေမှာ မဟုတ်ဘူးလား’

“နိုးပါ... ကန့်သတ်ချက် လုံးဝမရှိပါဘူး”

'ဘာဖြစ်လို့လဲ’

"ဓာတ်ကြီးငါးပါး ဝိညာဉ်ပုလဲက တစ်ကြိမ် ပျက်စီးခဲ့ဖူးပေမယ့် အခု သူရဲကောင်းဝိညာဉ်စွမ်းအားနဲ့ ပြန်ပြုပြင်လိုက်တော့ ဆင့်ကဲပြောင်းလဲမှု ဖြစ်သွားပြီလေ။ စွမ်းအားတွေကို များများစုပ်ယူလေ ပုလဲ လယ်ဗယ် မြင့်လာလေပဲ။ နောက်ဆို 'ရတနာအထွတ်အထိပ်' အဆင့်ထိတောင် ဖြစ်လာနိုင်ပါတယ်"

'အဲဒီလောက်တောင်လား'

ယဲ့ဖုန်း အံ့ဩသွားရသည်။

ထို့နောက်ပိုင်းတွင် ယဲ့ဖုန်းသည် တိုးပွားလာသော သူရဲကောင်းဝိညာဉ်စွမ်းအားများနှင့် ရင်းနှီးကျွမ်းဝင်စေရန် စတင်လေ့ကျင့်လိုက်၏။

ဒါက ကျင့်ကြံခြင်း အဆင့်ကို ခိုင်မာအောင် လုပ်ဆောင်ခြင်းနှင့် တူညီပြီး စိတ်တိုင်းကျ ထိန်းချုပ်နိုင်သည့် အဆင့်ထိ ရောက်ရှိအောင် ကြိုးစားနေခြင်း ဖြစ်သည်။

*

သဲစီးကြောင်း ရှေးဟောင်းမြို့၌ကား၊

ဟိုယွင်ကျဲနှင့် တင်းပိုင်ရွှယ်တို့သည် မျက်နှာချင်းဆိုင် ထိုင်လျက် ယဲ့ဖုန်း ချန်ထားခဲ့သော ကျောက်ကပ်ကင်များကို အရသာရှိရှိ စားသောက်နေကြသည်။

နှစ်ဦးစလုံး အားမရနိုင်သေးသဖြင့် ကြက်သွန်မြိတ် တစ်စည်းကြီးကို ထပ်မံကင်နေကြလေ၏။

ရှေးဟောင်းမြို့ အလယ်တွင်၊

နတ်ဆိုးပိတ်လှောင်မျှော်စင်၏ အပျက်အစီးများကို ရှင်းလင်းပြီးနောက် တပည့် (၈) ဦးသည် ကြိုတင်ပြင်ဆင်ထားသော သံနက်ကျောက်တုံးများကို သိုလှောင်ခါးပတ်ထဲမှ ထုတ်ယူကာ မျှော်စင်ကို ပြန်လည်တည်ဆောက်လိုက်ကြ၏။ ထို့နောက် အကြီးအကဲယွဲ့မူက ဝင်္ကပါကြီးတစ်ခု ခင်းကျင်းလိုက်၏။

ထိုအချိန်မှစ၍ နတ်ဆိုးပိတ်လှောင်မျှော်စင်သည် မူလအတိုင်း ပြန်လည်ကောင်းမွန်သွားလေသည်။

အကြီးအကဲယွဲ့မူသည် အသစ်စက်စက် ပြန်လည်မွမ်းမံထားသော မျှော်စင်ကို ကြည့်လိုက်၏။ အတွင်းထဲတွင် အခြားသော အဆင့်မြင့် နတ်ဆိုးစစ်သည်အဆင့် သားရဲတစ်ကောင်ကို ထည့်သွင်းချုပ်နှောင်လိုက်ပြီး အိပ်မွေ့ချသော ကျိန်စာတိုက်ကာ နတ်ဆိုးချုပ် ကြိုးများဖြင့် ရစ်ပတ်ထားလိုက်၏။ အရာအားလုံး ပုံမှန်အတိုင်း ဖြစ်သွားလေပြီ။

"တာဝန် ပြီးဆုံးပါပြီ... ဂိုဏ်းပြန်ကြစို့"

အကြီးအကဲယွဲ့မူသည် ဝိညာဉ်လှေပေါ်သို့ ခုန်တက်လိုက်ပြီး တပည့် (၈) ဦးကို ဦးဆောင်ကာ ပြန်လည်ထွက်ခွာသွားလေသည်။

ယဲ့ဖုန်း မြူခိုးတောင်ထိပ်သို့ ပြန်ရောက်သောအခါ သန်းခေါင်ကျော်နေပြီ ဖြစ်သော်လည်း တပည့်များသည် မအိပ်သေးကြဘဲ ခေါင်မိုးပေါ်တွင် ထိုင်လျက် မျှော်လင့်တကြီး စောင့်ဆိုင်းနေကြ၏။

"ဂိုဏ်းချုပ် ပြန်ရောက်ပြီဟေ့"

မျက်စိလျင်သော လုံထျန်းရှင်းက ယဲ့ဖုန်းကို ဦးစွာ မြင်တွေ့လိုက်၏။

"ဟေး... မင်းတို့ မအိပ်ကြသေးဘူးလား။ ကောင်းတယ်... ညစာ အတူတူ စားကြတာပေါ့"

ယဲ့ဖုန်းကဘပြုံးလိုက်ပြီး စန်းယွမ်မြို့တော် သရေစာလမ်းတန်းမှ ထုပ်ပိုးလာသော အစားအသောက်များကို စားပွဲပေါ် ခင်းကျင်းလိုက်၏။ မွှေးပျံ့သော အသားကင်နံ့များ ပျံ့နှံ့သွားရာ ဝိညာဉ်သားရဲများပင် သွားရည်ကျလာကြလေ၏။

"ဂိုဏ်းချုပ်က တကယ် သဘောကောင်းတာပဲ"

တပည့်များက ချီးကျူးလိုက်ကြပြီး ချက်ချင်းပင် အားရပါးရ စားသောက်ကြလေ၏။

တပည့်များ စိတ်တိုင်းကျ စားသောက်နေသည်ကို ကြည့်ရင်း ယဲ့ဖုန်း စိတ်သက်သာရာ ရသွားသည်။

သူကတော့ ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်ပြီး စနစ် မျက်နှာပြင် ကို ဖွင့်ကာ တာဝန်ပြီးဆုံးမှု အခြေအနေများကို စစ်ဆေးလိုက်၏။

'ဂိုဏ်းဂုဏ်သတင်းတန်ဖိုးက (၁၅,၀၀၀) ကျော်သွားပြီ... တကယ် ကြမ်းတာပဲ။ နေ့တိုင်းလိုလို ရာဂဏန်း တိုးနေတယ်... နှမြောစရာက (၁၀၀,၀၀၀) ပြည့်ဖို့ အများကြီး လိုနေသေးတာပဲ'

'ဟေ... မြေခွေးဖြူလေးနဲ့ ခွေးအားဟာတို့က အလယ်အဆင့် နတ်ဆိုးစစ်သည်အဆင့် ရောက်သွားကြပြီ။ တိုးတက်တာ တော်တော်မြန်သားပဲ'

'သံလက်သည်း နဂါးလင်းယုန်နဲ့ မြေခွေး တာ့ဟုန်တို့က အလယ်အဆင့် နတ်ဆိုးစစ်သည် အထွတ်အထိပ် နား ကပ်နေပြီ။ အဆင့်မြင့် နတ်ဆိုးစစ်သည်အဆင့် ရောက်ဖို့ မလိုတော့ဘူး'

'ငါ့လက်အောက်က တပည့် (၁၂) ယောက်ထဲမှာ ရှီလေ့၊ ဟိုယွင်ကျဲနဲ့ လီကျောက်ကျောက်တို့က တာဝန်ပြီးမြောက်မှု သုံးပုံတစ်ပုံ ရောက်နေပြီ... မဆိုးဘူး'

'မိုယင်နဲ့ လုံထျန်းရှင်းက စမ်းသပ်မှုကို အမြန်ဆုံး အောင်မြင်ပြီး အပြင်စည်းဂိုဏ်းသားတွေ ဖြစ်သွားကြပြီ'

'ရူယွီက ယွင်ကျဲကို အောင်မြင်စွာ ကုသပေးနိုင်ခဲ့လို့ သူ့တာဝန်က တစ်ဝက်ကျော် ပြီးသွားပြီ'

'ကျန်တဲ့ ကျားယွိလန်၊ ရှားဟယ်၊ ချိိုကျူ၊ အိုးယန်ဖုန်း၊ အိုးယန်ယွီနဲ့ ကျောက်ကျားရှီးတို့ကတော့ တာဝန်ပြီးမြောက်မှု နည်းနည်း နောက်ကျနေတယ်။ နောက်လလောက်မှ ပြီးမယ့်သဘော ရှိတယ်'

'အထူးသဖြင့် ကျားရှီးပဲ... ကောင်းကင်ဘုံရတနာတွေ မရရင် တစ်လအတွင်း ခန္ဓာကိုယ်ကျင့်ကြံခြင်း ဆဋ္ဌမအဆင့် ရောက်ဖို့ မလွယ်ဘူး'

သို့သော် ယဲ့ဖုန်း မလောပေ။

ဂိုဏ်းချုပ်တာဝန် ဒုတိယအဆင့်၏ အခက်ခဲဆုံး တာဝန်နှစ်ခုကို အခြေခံအားဖြင့် ပြီးမြောက်ထားပြီး ဖြစ်သည်။ အချိန် (၃) လ ရထားရာတွင် လဝက်ခန့်သာ ကုန်ဆုံးသေးသည်။ သူ၏ တိုးတက်မှုနှုန်းမှာ ယုံနိုင်ဖွယ် မရှိအောင် မြန်ဆန်နေပြီ ဖြစ်သည်။

ညဉ့်နက်သန်းခေါင်ယံ အခါ သမယမှာတော့၊

တပည့်များသည် ဗိုက်ဝသွားကြသဖြင့် အခန်းအသီးသီးသို့ ပြန်လည်အနားယူကြလေ၏။

ကျောက်ကျားရှီးကမူ အလွန် လုံ့လဝီရိယ ရှိလှသည်။ ညဉ့်နက်သန်းခေါင် အချိန်မတော်ကြီး ကျောက်တုံးမကာ ခန္ဓာကိုယ် ကျင့်ကြံနေလေ၏။

"နောက်ထပ် ငါးကြိမ်ပဲ... ငါ တောင့်ခံထားရမယ်”

"နောက်ထပ် ငါးကြိမ်ပဲ... ငါ တောင့်ခံထားရမယ်" ဟု တဖွဖွ ရေရွတ် နေလေ၏။

*

ယဲ့ဖုန်းသည် ခေါင်မိုးပေါ်တွင် ထိုင်လျက် မိုယင်က လီကျောက်ကျောက်၏ တံခါးကို ခေါက်နေသည်ကို မြင်လိုက်ရသည်။ မိန်းကလေးချင်း လျှို့ဝှက်ချက်များ ပြောဆိုရန် ဖြစ်လောက်သည်ဟု တွေးလိုက်မိသည်။

ထိုညတွင် ထူးခြားသော ဖြစ်စဉ်များ ထပ်မံ မဖြစ်ပေါ်ခဲ့ပေ။

နောက်တစ်နေ့ မနက်ခင်းတွင် တပည့်များသည် စောစောစီးစီး ထကာ ကျင့်ကြံနေကြ၏။

"ဝါး... ဂရား..."

နားကွဲလုမတတ် ဟိန်းဟောက်သံကြီး တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်၏။

ယဲ့ဖုန်း အလျင်အမြန် ထကြည့်လိုက်ရာ အံ့သြစွားပြီးနောက် အားရပါးရ ရယ်မောလိုက်မိသည်။

နောက်ဖေးခြံဝန်းထဲတွင်၊

အစ်ကိုကြီး ခေါင်းပြား သည် နောက်ခြေနှစ်ချောင်းဖြင့် မတ်တတ်ရပ်နေသည်။ အရပ်အမောင်းမှာ တစ်မီတာခန့် ရှိပြီး ကျောဘက်တွင် အနီရောင် ပန်းထိုး ဝမ်းဗိုက်စည်း (ခါးပတ်) အကြီးစားကြီး တစ်ခုကို ဝတ်ရုံခြုံသကဲ့သို့ လွှမ်းခြုံထားလေ၏။ ထိုဝတ်ရုံကြီးသည် လေတိုက်ခတ်မှုကြောင့် တလွင့်လွင့် ဖြစ်နေပြီး ကြည့်ရသည်မှာ အလွန် ရယ်စရာကောင်းနေ၏။

ဤအချိန်တွင် အစ်ကိုကြီး ခေါင်းပြားသည် အရပ်ပိုရှည်လာပြီး ပိုမိုသန်မာလာကာ အမွှေးအမျှင်များ ပိုမိုတောက်ပလာသည်မှ လွဲ၍ လူအသွင်ပြောင်းလဲခြင်း မရှိပေ။

'စနစ်... ဘာဖြစ်တာလဲ' ယဲ့ဖုန်း ကပျာကယာ မေးလိုက်၏။

"အစ်ကိုကြီး ခေါင်းပြားဟာ ဘိုးဘေးလေ့ကျင့်စဉ်ကို ရွေးချယ်ခဲ့ပြီး နတ်ဆိုးသားရဲ ပုံစံနဲ့သာ အချိန်တိုင်း နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လူစကား မပြောနိုင်ပေမယ့် ဝိညာဉ်အာရုံ ပွင့်သွားပြီ ဖြစ်တဲ့အတွက် လူတွေနဲ့ အတားအဆီးမရှိ ဆက်သွယ်နိုင်ပါတယ်" စနစ် က ရှင်းပြသည်။

'ဘိုးဘေးလေ့ကျင့်စဉ်... အဲဒါ ဘာအသုံးဝင်လို့လဲ' ယဲ့ဖုန်း နားမလည်နိုင် ဖြစ်နေသည်။

"ကြံ့ခိုင်မှု၊ ခံနိုင်ရည်မြင့်မားမှုနဲ့ တိုက်ခိုက်စွမ်းရည် ထက်မြက်မှုတို့ ဖြစ်ပါတယ်"

ထိုရှင်းပြချက်ကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်များ လှုပ်ရွသွားသည်။

အစ်ကိုကြီး ခေါင်းပြားသည် နာမည်နှင့် လိုက်အောင် မိုက်ရူးရဲဆန်ပါပေသည်။ လူအသွင် ပြောင်းမည့် အခွင့်အရေးကို လက်လွှတ်ပြီး တိုက်ခိုက်ရေးတွင် ပိုမိုစွမ်းအား ထက်မြက်စေရန် ဘိုးဘေးကျင့်စဉ်ကို ရွေးချယ်ခဲ့သည် မဟုတ်ပါလော။

"ဝါး... အစ်ကိုကြီး ခေါင်းပြား နိုးလာပြီဟေ့"

"ကြည့်ပါဦး... အနီရောင် ပန်းထိုး ဝမ်းဗိုက်စည်းကြီး ဝတ်ထားတယ်"

"စီနီယာအစ်မ ကျောက်ကျောက်... ဒါ အစ်မဟာကြီးလား"

"လုံထျန်းရှင်း... နင် အသေခံချင်နေတာလား။ ကြည့်ပါဦး... အဲဒါက အကြီးကြီးလေ"

တပည့်များသည် အစ်ကိုကြီး ခေါင်းပြားကို ဝိုင်းအုံကြည့်ရှုပြီး အသွင်အပြင်ကို ဆွေးနွေးနေကြ၏။

ထိုစကားများကို ကြားသောအခါ အစ်ကိုကြီး ခေါင်းပြားသည် ဂုဏ်ယူစွာဖြင့် ခေါင်းမော့လိုက်ပြီး လေထဲသို့ ဖြည်းညှင်းစွာ ပျံတက်သွားသည်။ သူ၏ ဝတ်ရုံ ဝမ်းဗိုက်စည်းသည် လေထဲတွင် တလွင့်လွင့် ဖြစ်နေပြီး စစ်မှန်သော စစ်သည်တော် တစ်ဦးကဲ့သို့ ခမ်းနားထည်ဝါနေလေ၏။

"အရှိန်အဝါက ပြင်းထန်လိုက်တာ... အစ်ကိုကြီး ခေါင်းပြားက အခုဆိုရင် ဓာတ်ကြီးငါးပါး စုစည်းခြင်း ဒုတိယ သို့မဟုတ် တတိယအဆင့်လောက်ကို ကောင်းကောင်း ယှဉ်နိုင်နေပြီ ထင်တယ်" မိုယင် စိတ်ထဲတွင် တွေးလိုက်မိသည်။

အစ်ကိုကြီး ခေါင်းပြားသည် ခံနိုင်ရည်ရှိမှုဖြင့် ကျော်ကြားသည်။ နတ်ဆိုးဗိုလ်ချုပ်အဆင့် သို့ တက်လှမ်းပြီးနောက် လူအသွင်မပြောင်းဘဲ ဘိုးဘေးပုံစံအတိုင်း ဆက်လက်နေထိုင်ခြင်းက သူ၏ ကာကွယ်ရေးစွမ်းအားကို ပိုမိုမြင့်မားစေမည်မှာ သေချာသည်။

မိုယင်၏ အမြင်တွင် သူမသည် အစ်ကိုကြီး ခေါင်းပြားကို လျှော့တွက်မိခဲ့ခြင်း ဖြစ်နိုင်သည်။

"အစ်ကိုကြီး ခေါင်းပြား... ဘာလို့ လူအသွင် မပြောင်းတာလဲ" လုံထျန်းရှင်းက အစ်ကိုကြီး ခေါင်းပြားကို မော့ကြည့်ပြီး စပ်စုလိုက်၏။

"ဟွန့်..."

အစ်ကိုကြီး ခေါင်းပြားသည် မာန်ပါပါ နှာခေါင်းရှုံ့လိုက်ပြီး နက်ရှိုင်းသော ကောင်းကင်ပြာကြီးကို ငေးကြည့်ကာ သူ၏ ဝိညာဉ်အာရုံကို ထုတ်လွှတ်လိုက်လေ၏။

"လူအသွင်ပြောင်းတာက ငါ့ရဲ့ တိုက်ခိုက်မှုကို နှောင့်နှေးစေတယ်"

ဤသတင်းစကားသည် လူတိုင်းနှင့် ဝိညာဉ်သားရဲများ၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာသည်။

"အစ်ကိုကြီး ခေါင်းပြား ပီသပါပေတယ်"

တပည့်များသည် အစ်ကိုကြီး ခေါင်းပြား၏ ဝိညာဉ်အာရုံဖြင့် ဆက်သွယ်နိုင်စွမ်းကို အံ့ဩသွားကြပြီးနောက် ဆွံ့အသွားကြလေ၏။

"ဂရား..."

လေထဲတွင် ပျံဝဲနေသော အစ်ကိုကြီး ခေါင်းပြားသည် ကျယ်လောင်သော ဟိန်းဟောက်သံကြီး တစ်ခု ပြုလုပ်လိုက်ရာ မိုင်အနည်းငယ် ဝေးကွာသော ရေပေါ်ဖြူမြို့တော်အထိ ရောက်ရှိသွားပြီး မြို့သူမြို့သားများကို လန့်ဖျပ်သွားစေတော့သည်။

ကျင့်ကြံသူ အများအပြားသည် ထိုအသံကြောင့် ကြောက်လန့်သွားကြပြီး ခေါင်မိုးများပေါ်သို့ အလျင်အမြန် တက်ကြည့်ကြသည်။

နတ်ဆိုးသားရဲစစ်တပ် လာရောက်တိုက်ခိုက်ခြင်း ရှိမရှိ စောင့်ကြည့်လိုက်ကြ၏။

"ဒါ အစွမ်းထက်တဲ့ နတ်ဆိုးဗိုလ်ချုပ်အဆင့်

သားရဲ တစ်ကောင်ရဲ့ အသံပဲ"

"ဖူယွင် တောအုပ်နက်ထဲက နတ်ဆိုးဗိုလ်ချုပ် ဒေါသထွက်ပြီး ရေပေါ်ဖြူမြို့တော်ကို လာတိုက်တာများလား"

ဂိုဏ်းခေါင်းဆောင်များ ထိတ်လန့်တကြား ဖြစ်ကုန်ကြ၏။

မြို့စားအိမ်တော်တွင် ဒုတိယမြို့စားမင်းနှင့် လုရှန်ယွဲ့တို့သည် အစ်ကိုကြီး ခေါင်းပြား၏ ဟိန်းဟောက်သံကို ကြားလိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်ကြ၏။ အသံက ရင်းနှီးနေသလို ခံစားရပြီး တစ်နေရာရာတွင် ကြားဖူးသကဲ့သို့ ရှိသော်လည်း ချက်ချင်း စဉ်းစား၍ မရနိုင် ဖြစ်နေကြ၏။

“ဖျတ်... ဖျတ်... ဖျတ်”

ထိုအချိန်တွင် ခြေသံများ မြို့စားအိမ်တော်အတွင်းသို့ ပဲ့တင်ထပ်ကာ ဝင်ရောက်လာရာ ဒုတိယမြို့စားမင်းနှင့် လုရှန်ယွဲ့တို့၏ အာရုံကို ဖမ်းစားလိုက်၏။ သူတို့သည် ဘာဖြစ်ပျက်နေသည်ကို သိရှိရန် ဝုန်းခနဲ ထရပ်လိုက်ကြလေ၏။

အခန်း (၁၄၄) - တောင်ပေါ်နားနေဆောင်မှ ကြေးခေါင်းလောင်း၊ တိုးတက်လာသော ဆုတောင်းများ

~"ဒုတိယမြို့စားမင်းက ဘယ်သူပါလဲ"

ချီကျင့်ကြံခြင်း ကိုးဆင့်အထွတ်အထိပ် အဆင့်ရှိသော လူငယ် တစ်ဦးသည် ခန်းမထဲသို့ ဝင်ရောက်လာပြီး မေးမြန်းလိုက်၏။ သူ၏ အသံသည် ကြည်လင်ပြတ်သားပြီး နူးညံ့သိမ်မွေ့ကာ မျက်နှာပေါ်တွင် နွေဦးလေညှင်းလို အပြုံး တစ်ခု ချိတ်ဆွဲထားလေ၏။

"ကျုပ်ပါ"

ဒုတိယမြို့စားမင်း ပြန်ဖြေလိုက်ပြီး လူငယ်ကို လှမ်းကြည့်လိုက်၏။ လူငယ်၏ လက်မောင်းဝတ်ရုံပေါ်တွင် တိမ်တိုက်များ ဝန်းရံထားသော ဓားပျံပုံ တံဆိပ်ကို သတိထားမိလိုက်သဖြင့် သူ၏ မျက်နှာထားသည် ချက်ချင်း လေးနက်သွားသည်။

"မင်းက လေဓားဂိုဏ်းရဲ့ အတွင်းစည်း တပည့် ဖြစ်ရမယ်။ ဘာကိစ္စ ရှိလို့လဲ"

"ဒါ ဖိတ်ကြားစာ လေးစောင်ပါဗျ" လူငယ်သည် ရွှေရောင်စာအိတ် လေးအိတ်ကို ထုတ်ယူပြီး ဒုတိယမြို့စားမင်းထံ ကမ်းပေးလိုက်၏။

စာအိတ်တစ်အိတ်ကို ဖွင့်ကြည့်ပြီးနောက် ဒုတိယမြို့စားမင်း၏ မျက်လုံးများထဲတွင် အံ့ဩရိပ်များ ယှက်သန်းသွားသည်။

"မင်းတို့ဂိုဏ်းရဲ့ ဓားကလေး ခန့်အပ်ပွဲ အခမ်းအနားကိုး... ငါ သေချာပေါက် တက်ရောက်ပါ့မယ်"

"အဆင့်မြင့်ဂိုဏ်းတိုင်း ဖိတ်ကြားစာ တစ်စောင်စီ ရရှိမှာပါ။ ကျန်တဲ့ ဖိတ်ကြားစာ သုံးစောင်ကို ငှက်မွှေးဂိုဏ်း၊ နီရှန်နန်းတော်နဲ့ ဓားသိုင်းအရှင်ဂိုဏ်းဆီ ပို့ပေးဖို့ ဒုတိယမြို့စားမင်းကို မေတ္တာရပ်ခံပါတယ်" ပြောပြီးသည်နှင့် လူငယ်သည် လှည့်ထွက်သွားလေ၏။

"ရောင်းရင်း... နေပါဦး။ ရေပေါ်ဖြူမြို့တော်မှာ နောက်ထပ် အဆင့်မြင့်ဂိုဏ်းတစ်ခု ရှိသေးတယ်" ဒုတိယမြို့စားမင်း လှမ်းခေါ်လိုက်၏။

"မြူခိုးဂိုဏ်းအတွက် ဖိတ်ကြားစာကိုတော့ ကျွန်တော် ကိုယ်တိုင် သွားပို့ပါ့မယ်။ ဒုတိယမြို့စားမင်းကို ဒုက္ခမပေးချင်ပါဘူး" လူငယ်သည် ဒုတိယမြို့စားမင်းကို ရိုသေစွာ ခေါင်းညိတ်ပြပြီး ခန်းမထဲမှ ထွက်ခွာသွားကာ ဓားစီးလျက် မြူခိုးတောင်ထိပ်ဆီသို့ တည့်မတ်စွာ ပျံသန်းသွားလေ၏။

"သူ ကိုယ်တိုင် သွားပို့မယ်တဲ့လား"

"ဘာဖြစ်လို့လဲ"

"လေဓားဂိုဏ်း တပည့်တစ်ယောက်က မြူခိုးဂိုဏ်း အဆင့်မြင့်ဂိုဏ်း ဖြစ်သွားမှန်း ဘယ်လိုသိတာလဲ... မထူးဆန်းဘူးလား"

ဒုတိယမြို့စားမင်းနှင့် လုရှန်ယွဲ့တို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဆွေးနွေးကြည့်သော်လည်း အဖြေရှာမရပေ။

"လေဓားဂိုဏ်းရဲ့ ဓားကလေး ခန့်အပ်ပွဲက နောက်လလယ်မှာ ကျင်းပမှာ။ လဝက်ကျော် လိုသေးတယ်။ အဲဒီအချိန်ဆို ရေပေါ်ဖြူမြို့တော်ရဲ့ နတ်ဆိုးသတ်ဖြတ်ပွဲလည်း ပြီးလောက်ပြီ။ ဂိုဏ်းတွေ ဘယ်လို စွမ်းဆောင်ကြမလဲ ဆိုတာ မသိရသေးဘူး"

ဟု ဒုတိယမြို့စားမင်းက ဖိတ်ကြားစာကို ချလိုက်ပြီး ပြောလိုက်၏။

လုရှန်ယွဲ့က မုတ်ဆိတ်မွေးကို အသာအယာ ပွတ်သပ်ရင်း..

"ဓားသိုင်းအရှင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ကိုယ်တိုင် ထွက်လာပြီး ရေပေါ်ဖြူမြို့တော် အနောက်ဘက် မိုင်တစ်ရာလောက် နေရာကို ရှင်းလင်းလိုက်တယ်လို့ ကြားတယ်။ အဆင့်မြင့် နတ်ဆိုးစစ်သည်အဆင့် သားရဲ အများအပြားကို သတ်ဖြတ်ခဲ့ပြီး လက်ရှိမှာ အဆင့် (၁) နေရာ ရောက်နေတယ်"

"နှမြောစရာပဲ... နီရှန်နန်းတော်နဲ့ ငှက်မွှေးဂိုဏ်းက သိုသိုသိပ်သိပ် နေနေကြတယ်။ ဘာသတင်းမှ မကြားရဘူး။ မြူခိုးဂိုဏ်းလည်း အတူတူပဲ...ကျုပ် သိသလောက် ဆိုရင် ရောင်စုံ ငါးသွယ် မြို့တော်နဲ့.. နန်လု တောင်တန်းမှာပဲ အနည်းအကျဉ်း ဖမ်းမိခဲ့ကြတာ" ဟု လုရှန်ယွဲ့ ထပ်လောင်းပြောလိုက်၏။

ဒုတိယမြို့စားမင်းသည် မြူခိုးတောင်ထိပ် ရှိရာဘက်သို့ လှမ်းငေးကြည့်ရင်း ရေရွတ်လိုက်၏။

"ဂိုဏ်းချုပ်ယဲ့က ဘာတွေများ လုပ်နေတာလဲ။ ဘာလို့ သူ့တပည့်တွေကို မလွှတ်သေးတာလဲ"

ထိုအခိုက်အတန့်၌၊ ခန်းမကြီး အပြင်ဘက်၌...

ရှင်းကွမ်းရွှမ်သည် နံရံထောင့်တွင် ရပ်လျက် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် စီနီယာကြီးနှစ်ဦး၏ စကားဝိုင်းကို နားထောင်နေသည်။ သူ့လက်သီးများ ဆုပ်လိုက်၊ ဖြေလိုက် ဖြစ်နေပြီး စိတ်ထဲတွင် တွေးလိုက်မိသည်။

'ဘယ်သူက ပြောလဲ ဂိုဏ်းချုပ်ယဲ့ မလှုပ်ရှားဘူးလို့... ဖူယွင် တောအုပ်နက်ထဲက နတ်ဆိုးဗိုလ်ချုပ်တွေ အကုန်လုံး သူ့လက်ချက်နဲ့ သေကုန်ပြီ။ ဒါ့အပြင် အဆင့်မြင့် နတ်ဆိုးစစ်သည် အဆင့် သားရဲ ဒါဇင်နဲ့ ချီပြီး ဝိညာဉ် သားရဲအစာ ဖြစ်ကုန်ကြပြီ။ ဂိုဏ်းချုပ်ယဲ့က နှိမ့်ချတတ်လို့သာ... မဟုတ်ရင် ထုတ်ပြောလိုက်တာနဲ့ ခင်ဗျားတို့ ပါးစပ် အဟောင်းသား ဖြစ်ကုန်မှာ‌နော်'

ထိုအတွေးဖြင့် ရှင်းကွမ်းရွှမ် ချောင်းတစ်ချက် ဟန့်လိုက်ပြီး လေးနက်စွာ ပြောလိုက်၏။ "တတိယအကြီးအကဲ... ကျွန်တော် သတင်းပို့စရာ ရှိပါတယ်"

"ဝင်ခဲ့"

မြူခိုးတောင်ထိပ်တွင်၊

လေဓားဂိုဏ်းမှ ဝတ်ရုံဖြူ လူငယ် ရောက်ရှိလာပြီး တောင်ခါးပန်းရှိ နားနေဆောင်အောက်တွင် ရပ်လိုက်၏။ ခြေလှမ်း အနည်းငယ် ထပ်တိုးလိုက်လျှင် မြူခိုးဖုံးလွှမ်းနေသော နေရာသို့ ရောက်ရှိသွားပေလိမ့်မည်။

"ဒီဝင်္ကပါက သာမန် မဟုတ်ဘူး၊ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကျင့်ကြံသူကိုတောင် ဖမ်းချုပ်ထားနိုင်တယ်လို့ ဓားကလေး မှာထားတယ်။ ငါ မဆင်မခြင် မဝင်တာ ကောင်းမယ်"

လူငယ်သည် မြူခိုးများ ဖုံးလွှမ်းနေသော တောင်ထိပ်ကို လှမ်းကြည့်ပြီး အကျယ်ကြီး လှမ်း အော်လိုက်ရန်သာ ပြင်ဆင်လိုက်၏။

ထိုအချိန်တွင် မြူခိုးတောထဲမှ စကားသံများ ထွက်ပေါ်လာသည်။

"ဟားဟား... ဂျူနီယာညီလေး၊ မင်း တကယ် စွမ်းတာပဲ"

"အို... ဘာမှ မဟုတ်ပါဘူး။ ကျွန်တော်က စကားစပ်မိလို့ ပြောလိုက်တာပါ၊ ဂိုဏ်းချုပ် ချီးကျူးလိမ့်မယ်လို့ မထင်ထားဘူး"

စကားပြောသံများ ဆုံးသွားပြီးနောက် ရှီလေ့နှင့် လုံထျန်းရှင်းတို့ မြူခိုးတောထဲမှ ထွက်လာကြ၏။ သူတို့လက်ထဲတွင် ဝက်မီတာခန့် မြင့်မားသော ကြေးခေါင်းလောင်းကြီး တစ်လုံးစီ ကိုင်ဆောင်ထားကြ၏။

"ခင်ဗျားက ဘယ်သူလဲ"

ရှီလေ့သည် ဝတ်ရုံဖြူ လူငယ်ကို စူးစမ်းလိုသော မျက်လုံးဖြင့် ကြည့်ကာ မေးလိုက်၏။

လူငယ်သည် ရိုသေစွာ ဦးညွှတ်လိုက်ပြီး အသိပေးလိုက်သည်။

"လေဓားဂိုဏ်း အတွင်းစည်း တပည့် ကျိဝူရွှမ် ပါ။ ဓားကလေးရဲ့ အမိန့်အရ မြူခိုးဂိုဏ်း ဂိုဏ်းချုပ်ယဲ့ဆီ ဖိတ်ကြားစာ လာပို့တာပါ"

"ဖိတ်ကြားစာ... ငါတို့ ရပြီးသား မဟုတ်ဘူးလား" ရှီလေ့နှင့် လုံထျန်းရှင်းတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ပြိုင်တူ မေးလိုက်ကြ၏။

ကျိဝူရွှမ် အံ့ဩသွားသည်။

"ဂိုဏ်းချုပ်ယဲ့နဲ့ တွေ့ခွင့်ရမလား" နားမလည်နိုင် ဖြစ်နေသော်လည်း ကျိဝူရွှမ် မေးလိုက်၏။

ရှီလေ့ ခေါင်းညိတ်လိုက်၏။

"ရတာပေါ့။ ရောင်းရင်း ရောက်လာတုန်းလေး...ကျွန်တော်တို့ မြူခိုးဂိုဏ်းရဲ့ ပထမဆုံး ခေါင်းလောင်းသံကို တီးခတ်ပေးပါလား"

ပြောပြီးသည်နှင့် ရှီလေ့သည် ကြေးခေါင်းလောင်းကြီးကို နားနေဆောင် အလယ်တွင် ချိတ်ဆွဲလိုက်ပြီး အောက်တွင် ကျောက်စာတိုင် တစ်ခု ထားရှိလိုက်သည်။

"ဆင့်ခေါ်ခေါင်းလောင်း ... လာရောက်လည်ပတ်လိုသူများ ဤခေါင်းလောင်းကို ဦးစွာ တီးခတ်ပါ။ ခေါင်းလောင်းသံ ကြားပါက လမ်းပြမည့်သူ ရောက်ရှိလာပါလိမ့်မည်"

ကျိဝူရွှမ်သည် ကျောက်စာတိုင်ပေါ်မှ စာသားများကို ဖတ်လိုက်ပြီး ဘေးတွင် တင်ထားသော ကြေးတူကို ကောက်ယူလိုက်၏။

"ဒေါင်.."

နက်ရှိုင်းသော ခေါင်းလောင်းသံကြီး ပဲ့တင်ထပ်သွားသည်။

တောင်ထိပ်တွင်၊

ခေါင်းလောင်းသံ ကြားလိုက်ရသည်နှင့် ယဲ့ဖုန်း နှုတ်ခမ်း တွန့်ကွေးသွားသည်။ "ရှီလေ့နဲ့ ထျန်းရှင်းတို့က တကယ် ဆော့ချင်နေတာပဲ။ အလုပ်ခိုင်းလိုက်တာကို ဆော့နေကြတယ်"

ပြောဆိုနေသော်လည်း ယဲ့ဖုန်းမှာ အမှန်တကယ် အပြစ်တင်လိုစိတ် မရှိပေ။

မကြာမီ လူသုံးဦး တောင်ပေါ်သို့ တက်လာပြီး ယဲ့ဖုန်း၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာကြသည်။ ယဲ့ဖုန်း အံ့ဩစွာ မတ်တတ်ရပ်လိုက်ပြီး ကျိဝူရွှမ်ကို အာရုံစိုက်လိုက်၏။ "ဧည့်သည် လာတာကိုး... ဒါကြောင့် ဆင့်ခေါ်ခေါင်းလောင်း တီးတာ ဖြစ်မယ်"

"ကျွန်တော်က လေဓားဂိုဏ်း အတွင်းစည်း တပည့် ကျိဝူရွှမ် ပါ။ ဒါက ဓားကလေး ပေးပို့လိုက်တဲ့ ဖိတ်ကြားစာပါ။ နောက်လလယ်မှာ ကျင်းပမယ့် ဓားကလေး ခန့်အပ်ပွဲ အခမ်းအနားကို တက်ရောက်ဖို့ မြူခိုးဂိုဏ်းကို လေးစားစွာ ဖိတ်ကြားပါတယ်" ကျိဝူရွှမ်သည် အသံဖမ်းစက် တစ်လုံးကဲ့သို့ သူ၏ သတင်းစကားကို ရွတ်ပြလိုက်၏။

"ဖိတ်ကြားစာက နှစ်ခါ ပို့လို့ ရတာလား" ယဲ့ဖုန်း ရေရွတ်လိုက်ပြီး အကြီးအကဲယွဲ့မူ ပေးခဲ့သော ဖိတ်ကြားစာကို ထုတ်ပြလိုက်၏။

ကျိဝူရွှမ် အနည်းငယ် အံ့ဩသွားသော်လည်း ဘယ်သူပေးခဲ့သလဲ ဆိုတာကို မမေးမြန်းတော့ဘဲ လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်၏။ "ဖိတ်ကြားစာ ပို့ပြီးပြီ ဆိုတော့ ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး"

ပြောပြီးသည်နှင့် သူ လှည့်ထွက်သွားသည်။

ကျိဝူရွှမ် မြူခိုးတောထဲတွင် ပိတ်မိမနေစေရန် လုံထျန်းရှင်းက ဦးဆောင် လိုက်ပို့ပေးလိုက်၏။

ခဏအကြာတွင်၊

ကျိဝူရွှမ်သည် ဓားစီးလျက် အဝေးသို့ ပျံသန်းသွားပြီး တိမ်တိုက်များ ဖုံးလွှမ်းနေသော မြူခိုးတောင်ထိပ်ကို ပြန်လည်ငေးကြည့်ကာ ရေရွတ်လိုက်၏။ "ဓားကလေး အလေးထားတဲ့ ဂိုဏ်းဆိုတာ ဒါမျိုးကိုး။ သာမန် အဆင့်မြင့်ဂိုဏ်းတွေထက် အများကြီး ပိုသန်မာတာပဲ။ နတ်ဆိုးဗိုလ်ချုပ်အဆင့် ဂိုဏ်းစောင့် ဝိညာဉ်သားရဲ ရှိရုံတင်မကဘူး... ဝိညာဉ်သွေးကြော အသေးစားလည်း ရှိနေတယ်။ ဂိုဏ်းချုပ်ကတော့... နားလည်ရ ခက်လိုက်တာ"

ပြောပြီးသည်နှင့် ကျိဝူရွှမ်သည် အခြား ဦးတည်ရာသို့ ပျံသန်းသွားပြီး ဤဒေသရှိ အဆင့်မြင့်ဂိုဏ်းများထံ ကျန်ရှိသော ဖိတ်ကြားစာများကို အချိန်မီ ပေးပို့ရန် ထွက်ခွာသွားလေ၏။

မြူခိုးတောင်ထိပ်တွင်၊

ယဲ့ဖုန်းသည် ဖိတ်ကြားစာ နှစ်စောင်ကို သိမ်းဆည်းလိုက်ပြီး တပည့်များကို ဆက်လက်ကျင့်ကြံရန် သို့မဟုတ် ဂိုဏ်းတာဝန်များ ထမ်းဆောင်ရန် ညွှန်ကြားလိုက်၏။

"ဒါနဲ့... ငါ ဒီနေ့အတွက် နေ့စဉ် ဆုတောင်း မလုပ်ရသေးဘူးပဲ။ နူးညံ့တဲ့ ပိုးသားစောင်လေး လိုချင်တယ်"

စကားဆုံးသည်နှင့် ယဲ့ဖုန်း လက်ထဲတွင် စောင်တစ်ထည် ရောက်ရှိလာသည်။ အထိအတွေ့ မဆိုးသော်လည်း လက်ရာမှာ အတော်လေး ပုံတုံးနေပါသည်။

"ကြေးပြား (၁၀၀) အောက် တန်ဖိုးရှိတဲ့ ပစ္စည်းဆိုတော့ အရည်အသွေး သာမန် ဖြစ်နေတာ နားလည်ပေးလို့ ရပါတယ်။ ခေါက် ကုလားထိုင်ပေါ်မှာ ခင်းအိပ်ရင် ပိုသက်တောင့်သက်သာ ရှိမှာပါ"

ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် ပိုးသားစောင်ကို ကုလားထိုင်ပေါ် ခင်းလိုက်ပြီး သက်သောင့်သက်သာ လှဲလျောင်းလိုက်ရာ အလွန် ကျေနပ်နေပုံ ပေါက်နေသည်။

"တီ..တီ... ဂုဏ်သတင်းတန်ဖိုး တိုးလာတာနဲ့အမျှ နေ့စဉ် ဆုတောင်းငယ်ရဲ့ အရည်အသွေးလည်း မြင့်တက်လာပါပြီ" ဟု စနစ်က အသိပေးလာလေ၏။

ယဲ့ဖုန်း အံ့ဩသွားပြီး မေးလိုက်၏။ "ဘယ်လောက် တိုးလာတာလဲ။ ဒါမှမဟုတ် ဘယ်လို တွက်ချက်တာလဲ"

"ဂုဏ်သတင်းတန်ဖိုးနဲ့ တိုက်ရိုက် အချိုးကျပါတယ်။ လက်ရှိ ဂုဏ်သတင်းတန်ဖိုး (၁၅,၀၀၀) ရှိတဲ့အတွက် နေ့စဉ် ဆုတောင်းငယ် တန်ဖိုးက ကြေးပြား (၅၀၀) နဲ့ ညီမျှပါတယ်" စနစ် က ရှင်းပြသည်။

"သေစမ်း... ငါသာ စောစောသိရင် ကူရှင်ပါတဲ့ ထိုင်ခုံ တောင်းလိုက်ပါတယ်" ယဲ့ဖုန်း နောင်တရသွားပြီး ကြီးမားသော အခွင့်အရေး တစ်ခု လက်လွတ်ဆုံးရှုံးလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

*

ချင်းယွင် တောင်တန်း..။

ချင်းယွင် တောင်တန်း ဆိုသည်မှာ ချင်းယွင်ဂိုဏ်း တည်ရှိရာ နေရာ ဖြစ်ပြီး ရှုခင်း အလွန် လှပကာ ပါရမီရှင်များ မွေးဖွားရာ မြေ ဖြစ်သည်။ တစ်နှစ်ပတ်လုံး တိမ်တိုက်များ ဝန်းရံနေသဖြင့် အင်မော်တယ် ကမ္ဘာမြေ အလား ထင်မှတ်ရသည်။

မြင့်မားသော တောင်ထိပ် တစ်ခုပေါ်တွင် လူငယ် တစ်ဦး ဓားသိုင်းကို ကြိုးစားပမ်းစား လေ့ကျင့်နေသည်။

"ရေလှိုင်းနှစ်ထပ် ဓားသိုင်း"

ရုတ်တရက် လူငယ်က ဟစ်ကြွေးလိုက်ပြီး ရှေ့သို့ ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ ရေလှိုင်းသဖွယ် ဓားချီ နှစ်ခု ထွက်ပေါ်လာပြီး မီတာ (၁၀) အကွာရှိ ကျောက်တုံးကြီးကို နှစ်ပိုင်းပြတ်သွားစေသည်။

"ဟူး... ဟူး..."

လူငယ်သည် ဒူးတစ်ဖက် ထောက်ကျသွားပြီး ဓားကို အားပြုလျက် အမောဖြေနေရသည်။ အားကုန်သွားပြီ ဖြစ်သည်။

"နောက်ဆုံးတော့ ငါ အောင်မြင်ပြီ" လူငယ်သည် အားရပါးရ ရယ်မောလိုက်၏။ ပင်ပန်းနေသော်လည်း မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။

"ငါ 'အစိမ်းရောင် တိမ်တိုက် ဓားသိုင်း' ဒုတိယအဆင့်ကို ရောက်ပြီ။ ကျင့်ကြံခြင်း အဆင့်လည်း ချီကျင့်ကြံခြင်း အဋ္ဌမ အဆင့်ကို မကြာခင် ရောက်တော့မယ်။ ဟိုယွင်ကျဲ... နောက်တစ်ခါ တွေ့ရင် မင်းကို ငါ သေချာပေါက် အနိုင်ယူမယ်"

ဤသူမှာ ရှုံးနိမ့်ခဲ့ဖူးသော ရှောင်ဖန်ကူ ဖြစ်လေ၏။

"ဂျူနီယာမောင်လေး ရှောင်က တကယ် တော်တာပဲ။ ဓားသိုင်း ဒုတိယအဆင့်ကို ဒီလောက် မြန်မြန် တတ်မြောက်သွားတာလား။ အကြီးအကဲ အလေးပေးခံရတဲ့ ပါရမီရှင် ဖြစ်ဖို့ ထိုက် တန်ပါပေတယ်"

ရှီးရှင်းယွီသည် ဝိညာဉ်အရည် တစ်ခွက်ကို ကိုင်ဆောင်လျက် လျှောက်လှမ်းလာသည်။ သူမ၏ လှပသော မျက်နှာလေးပေါ်တွင် ရှောင်ဖန်ကူကို အားကျလေးစားမှုများ ပြည့်နှက်နေသည်။

ရှောင်ဖန်ကူ ဓားကို ပြန်သိမ်းလိုက်ပြီး ရှီးရှင်းယွီဘက်သို့ ပြုံးလျက် လှည့်ကြည့်လိုက်၏။

"စီနီယာအစ်မ... ဘာကိစ္စ ရှိလို့လဲ”

All Chapters