← Chapters

အခန်း (၄၈၇-၄၈၉)

Vol. 33 Ch. 487-489

အခန်း (၄၈၇-၄၈၉)

Vol. 33 Ch. 487-489

အပိုင်း ( 487 )

ဒုံးပျံကဲ့သို့ မြင့်တက်ခြင်း၊ ဆင့်ကဲပြောင်းလဲမှု ၂

“ အခု ငါက အဆင့်ထပ်တက်လို့ရနေပြီ။ ကလီစာငါးခု နတ်သန္ဓေသား ယွမ်ဆေးလုံးတွေက ငါ့ကို အဆင့်အလယ်လောက် တက်သွားစေမလဲဆိုတာကို ငါသိချင်နေမိပြီ “ ရှုကျိုးသည် မျှော်လင့်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်း နှစ်မျိုးစလုံးကို ခံစားနေခဲ့ရသည် “ ငါအဆင့်တက်နေတဲ့ အချိန်မှာ ကမ္ဘာ့ကြယ်ကကောင်တွေက ထပ်ပြီးတော့ ကျူးကျော်လာမှာကို ငါကြောက်တယ် “

၎င်းကို တွေးတောစဥ်းစားနေရင်းဖြင့် သူသည် ကျုံးချန်ကို ကြည့်ကာ စကားပြောလိုက်သည် “ အစ်ကိုကျုံး၊ ခုနကပြောတဲ့ ကမ္ဘာ့ကြယ်ဘက်ကနေ ပိုစွမ်းတဲ့လူတွေ လွှတ်လာနိုင်တယ်ဆိုတာက သူတို့ရောက်လာဖို့ အချိန်ဘယ်လောက် ယူရမလဲ “

ကျုံးချန်သည် တွေးတွေးဆဆဖြင့် ပြန်ပြောလာခဲ့သည် “ အဲ့တာက ကမ္ဘာ့ကြယ်ဘက်က အခြေအနေပေါ်မှာ မူတည်တယ်။ သူတို့ရဲ့ စစ်တပ်တွေကို စေလွှတ်ဖို့အတွက် ပြင်ဆင်ချိန် တော်တော်လေး လိုအပ်တယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာ့ကြယ်သားတွေနဲ့ သားရဲမျိုးနွယ်စုရဲ့ ဆက်ဆံရေးကလည်း သိပ်မကောင်းလို့ပဲ “

“ သားရဲမျိုးနွယ်စုလား “

ထိုအသုံးအနှုန်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုး၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည် “ ကျွန်တော်ကြားတာတော့ ကွမ်ဟန်တောင်ပိုင်းနယ်မြေအတွက် သားရဲမျိုးနွယ်စုရဲ့ စစ်မြေပြင်ဆို၊ သူတို့က ကျွန်တော်တို့ လူသားမျိုးနွယ်စုရဲ့ ကိစ္စတွေထဲမှာ ဝင်မပါကြဘူးဆို “

ကျုံးချန်မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုနဲ့ ကမ္ဘာ့ကြယ် သိုင်းပညာရှင်တွေရဲ့ ဆက်ဆံရေးက အမြဲတမ်း တင်းမာနေခဲ့တယ်။ သူတို့က မဟာမိတ်တွေ မဟုတ်ဘူး၊ သူတို့က ကြယ်ပြာဂြိုဟ်ကို အတူတူ ကျူးကျော်လာရုံလေးပဲ “

“ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုက လူသားစစ်မြေပြင်တွေမှာ ဝင်ပါမှာ မဟုတ်ဘူး။ အဲ့တာကြောင့် ငါတို့က သူတို့ကို မစော်ကားမိသရွေ့ ဘာပြဿနာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ကမ္ဘာ့ကြယ် သိုင်းပညာရှင်တွေကို ကိုင်တွယ်ရတာကတင် တော်တော်လေးကို ခက်ခဲနေပြီ “

“ ကျွန်တော် နားလည်ပြီ “

ရှုကျိုးမှ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုနဲ့ ကမ္ဘာ့ကြယ် နိုင်ငံသားတွေက တော်တော်ကြီးကို သဘောထား ကွဲလွဲနေကြတာလား

ရဲတင်းသော အကြံအစည်တစ်ခုသည် သူ၏စိတ်ထဲတွင် ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုးမှ ရုတ်တရက် မေးမြန်းလာခဲ့သည် “ အစ်ကိုကျုံး၊ မင်းက မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေနဲ့ ရင်းနှီးလား “

မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေလား

ကျုံးချန်မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ အဲ့တာက ငါတို့ ကြယ်ပြာဂြိုဟ်က သားရဲမျိုးနွယ်စုရဲ့ ပိုင်နက်လေ၊ ဘာဖြစ်လို့လဲ “

“ အဲ့က သားရဲတွေက ကွမ်ဟန်ကို ဘယ်လိုလုပ် ရောက်လာလဲဆိုတာကို သိလား “ ရှုကျိုးသည် ဆက်လက်၍ မေးမြန်းနေခဲ့သည်။

“ အင်း …. သူတို့ဆီမှာ ကိုယ်ပိုင် ပို့ဆောင်ရေး လမ်းကြောင်း ရှိနေတာလားပဲ။ သားရဲမျိုးနွယ်စုက လူသားတွေရဲ့ အာကာသယာဥ်ကို မသုံးနိုင်ကြဘူးလေ။ ဘာလို့ အဲ့မေးခွန်းကို မေးရတာလဲ “

ကျုံးချန်သည် သိလိုစိတ်ဖြင့် ရှုကျိုးကို ကြည့်လာခဲ့သည်။

ရှုကျိုးမှ ပြုံးပြလာခဲ့သည် “ ဘာမှမဟုတ်ဘူး၊ ကျုပ်တို့ကြယ်ပြာဂြိုဟ်က သားရဲတွေက ဒီကို ဘယ်လိုလာကြလဲဆိုတာကို သိချင်လို့ပါ “

ကျုံးချန်မှ ပြန်ပြောလာခဲ့သည် “ ငါကြားတာတော့ တစ်ခါတုန်းက အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်က မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေရဲ့ အလယ်ဗဟိုမှာ ရှေးဟောင်းပို့ဆောင်ရေး လမ်းကြောင်းတစ်ခု တည်ဆောက်ခဲ့တယ်တဲ့။ သားရဲမျိုးနွယ်စုက အဲ့လမ်းကြောင်းကို သုံးပြီးတော့ ကွမ်ဟန်ကို ရောက်လာနိုင်တယ် “

“ ကျွန်တော်သိပြီ “ ရှုကျိုးသည် ခေါင်းတငြိမ်ငြိမ့် ဖြစ်သွားတော့သည်။

…

မကြာခင် အချိန်မှာပင် ရှုကျိုးသည် တဲအတွင်းသို့ ပြန်ရောက်လာခဲ့သည်။ ဤတဲသည် သူအနားယူရန်နှင့် ကျင့်ကြံရန်အတွက် ကျုံးချန်မှ ပြင်ဆင်ပေးထားခဲ့သည့် သီးသန့်တဲဖြစ်သည်။

ရှုကျိုးသည် တလက်လက် တောက်ပနေသည့် မျက်လုံးတို့ဖြင့် မြေပြင်ပေါ်သို့ တင်ပျဥ်ခွေထိုင်ချလိုက်သည်။

လွန်ခဲ့သော မိနစ်ပိုင်းအတွင်းက သူ၏စိတ်ထဲတွင် ရူးသွပ်သော အကြံအစည်တစ်ခု ပေါ်ထွက်လာခဲ့သည်။

အကယ်၍ အဆိုပါ အကြံအစည်ကသာ အကောင်အထည် ပေါ်လာမည်ဆိုပါက၊ ၎င်းသည် ကွမ်ဟန်စစ်မြေပြင်တစ်ခုလုံး၏ အခြေအနေများကို ပြောင်းလဲသွားစေနိုင်သည်။

သို့ရာ၌ ထိုအကြံအစည်က အကောင်အထည် ပေါ်၊ မပေါ်ဆိုသည်မှာ သူ့အပေါ်တွင် မဟုတ်ဘဲ သူ၏ကိုယ်ပွားပေါ်တွင် မူတည်နေလျက်ရှိသည်။

“ ကိုယ်ပွားဆိုမှ ငါ့ရဲ့ကိုယ်ပွားက ဆင့်ကဲပြောင်းလဲမှုကို နောက်ထပ်တစ်ခါ ထပ်ပြီးတော့ ကြုံတွေ့ရတော့မှာပဲ “ ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်။

ထို့နောက်တွင် သူသည် သူ၏စိတ်ထဲမှာပင် ပြီးပြည့်စုံသည့် အစီအစဥ်တစ်ခုကို ရေးဆွဲလိုက်သည်။

ပထမဦးဆုံးအနေဖြင့် ကိုယ်ပွားကို အဆင့်တက်ခွင့်ပေးပြီး၊ ထို့နောက်တွင် အဓိကမစ်ရှင်ကို ဆက်လုပ်မည် ဖြစ်သည်။

ထို့နောက်တွင် သူသည် ကလီစာငါးခု နတ်သန္ဓေသား ယွမ်ဆေးလုံးကို သောက်သုံးကာ တိတ်တဆိတ် ကျင့်ကြံနေတော့သည်။

ထိုစဥ် သူ၏ အသိစိတ်အာရုံသည် ကိုယ်ပွားထံသို့ လုံးဝကျဆင်းသွားခဲ့သည်။

…

မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေ

ချိုင့်ဝှမ်းတစ်ခုအတွင်း၌

မီတာ လေးဆယ်မြင့်ကာ မီတာ ခုနစ်ဆယ်ကျော် ရှည်လျားသည့် ဧရာမ သားရဲကြီးသည် မြေပြင်ပေါ်တွင် ဝပ်တွားနေလျက်ရှိသည်။

၎င်းမှာ ရှုကျိုး၏ ကိုယ်ပွား အထွတ်အထိပ် နဂါးသားရဲကြီးပင် ဖြစ်သည်။

ယခုလက်ရှိ အချိန်၌ နဂါးသားရဲကြီး၏ အလေးချိန်သည် ၄၉၄၀၂၈.၅ ကီလိုဂရမ်အထိ ရောက်ရှိနေပြီ ဖြစ်သည်။

ဆင့်ကဲပြောင်းလဲမှုကို နောက်တစ်ခါ ခံယူရရန်အတွက် ကီလိုဂရမ် တစ်သောင်းအောက်သာ လိုအပ်တော့သည်။

တစ်နည်းဆိုရသော် နောက်တစ်နပ် စားသောက်ရုံဖြင့် ဆင့်ကဲပြောင်းလဲမှုကို ခံယူရတော့မည် ဖြစ်သည်။

နဂါးသားရဲကြီးသည် စနစ်၏စာမျက်နှာကို ဖွင့်ကြည့်နေခဲ့သည်။

အဆင့် : ဆဌမအဆင့် အဆင့်၁ ( ၂၀% )

အသားတင် အလေးချိန် : ၄၉၄၀၂၈.၅ ကီလိုဂရမ်

စွမ်းရည် : နေ့စဥ် ကီလိုဂရမ် တစ်သောင်းရရှိခြင်း (အကန့်အသတ် )၊ အရာအားလုံးဝါးမြိုနိုင်ခြင်း၊ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း(ac)၊ ခုန်ဆင်းခြင်း (pas)၊ ဟင်းလင်းပြင်၊ အင်မော်တယ်၊ အသက်ရှူသံ ဖုံးကွယ်ခြင်း၊ သားရဲတစ်သောင်း တုပခြင်း ……..

ဆင့်ကဲပြောင်းလဲမှု : အလေးချိန်က မျိုးစိတ် အကန့်အသတ်သို့ ရောက်ရှိသွားသောအခါတွင် ဆင့်ကဲပြောင်းလဲမည်

ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ် : ကုဗမီတာ ၁ဘီလီယံ

…

“ ဒီတစ်နပ် စားပြီးရင်တော့ ငါက ဆင့်ကဲပြောင်းလဲမှု နောက်တစ်ခုဆီကို ရောက်သွားသင့်နေပြီ “ နဂါးသားရဲကြီးသည် မျှော်လင့်ချက်များနှင့်အတူ တွေးတောစဥ်းစားနေခဲ့သည်။

ဆင့်ကဲပြောင်းလဲမှု တစ်ခုချင်းစီတိုင်းသည် အဆင့်တက်မှုများထပ် များစွာသာလွန်နေခဲ့သည်။

ယခုလက်ရှိအချိန်တွင် ၎င်း၏ ကြီးထွားမှုအမြန်နှုန်းမှာ အလွန်တရာ နှေးကွေးသွားပြီ ဖြစ်သည်။

အဆင့်သည် တစ်နေ့လျှင် ၃%အထိသာ တိုးတက်လာတော့သည်။

ဆင့်ကဲပြောင်းလဲမှုကို နောက်ထပ်တစ်ကြိမ် ခံယူခဲ့ရပြီးသည့်နောက်တွင် အရာအားလုံးက ကွဲပြားသွားမည် ဖြစ်သည်။

“ ဟစ် “

နဂါးသားရဲကြီးသည် ၎င်း၏ ဧရာမလက်ကြီးကို ဝေ့ရမ်းကာ ကိုယ်ပိုင်ဟင်းလင်းပြင်ထဲတွင် သိုလှောင်ထားသည့် အစာများကို ထုတ်ယူကာ စတင်၍ စားသောက်နေတော့သည်။

“ ဂျွတ် ဂျွတ် “

နာရီဝက်အကြာတွင်

နတ်သားရဲအသား ကီလိုဂရမ်တစ်သောင်းကို စားသောက်ခဲ့ပြီးပြီ ဖြစ်ပြီး၊ နဂါးသားရဲကြီး၏ ဆဲလ်များသည် အာဟာရဓာတ်များကို လောဘတကြီး စုပ်ယူနေကြတော့သည်။

မကြာခင်အချိန်မှာပင် ၎င်း၏ ခန္ဓာကိုယ်သည် သာမန်မျက်လုံးတို့ဖြင့် မြင်နိုင်သည့် အမြန်နှုန်းနှင့် စတင်၍ ကြီးထွားလာခဲ့သည်။

၁၀စင်တီမီတာ၊ ၂၀ …… ၃၀ စင်တီမီတာ

တစ်ပြိုင်နက်ဆိုသလိုပင် စနစ်၏စာမျက်မှာတွင် ရှိနေသည့် အလေးချိန်ကိန်းဂဏန်းမှာလည်း စတင်၍ မြင့်တက်လာခဲ့သည်။

၄၉၅၀၀၀ ကီလိုဂရမ်၊ ၄၉၆၀၀၀၊ ၄၉၇၀၀၀ ……

၅၀၀၀၀၀ ကီလိုဂရမ်

အလေးချိန်က ကီလိုဂရမ် ၅၀၀၀၀၀အထိ ရောက်ရှိသွားသောအခါတွင်

“ ဗွီ “

စနစ်၏မျက်နှာပြင်သည် လုံးဝအမှောင်ကျသွားခဲ့ပြီး၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် တောက်ပသော အဖြူရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

သိပ်မကြာခင် အချိန်မှာပင် စာတန်းများ ဆက်တိုက် ပေါ်ထွက်လာခဲ့သည်။

[ မျိုးစိတ် အကန့်အသတ်သို့ ရောက်ရှိပါပြီ၊ ပြောင်းလဲမှုသုံးခု ရွေးချယ်နိုင်သည် ]

[ ဆင့်ကဲပြောင်းလဲမှု ၁ : အသက်ဓာတ် ဆင့်ကဲတိုးတက်ခြင်း၊ အသက်ဓာတ်၏ အရင်းအမြစ်ကို မြှင့်တင်ပေးမည်။ နိယာမအားလုံးကို ခံနိုင်ရည်ရှိပြီး၊ မသေဆုံးနိုင်သော၊ မဖျက်စီးနိုင်သော ကိုယ့်ကိုကိုယ် အပြည့်အဝ ထိန်းချုပ်နိုင်သည်အထိ မြှင့်တင်ပေးမည်၊ အခြေခံ အသက်သက်တမ်းသည် နှစ်တစ်သိန်းအထိ တိုးတက်သွားမည်( နယ်ပယ်တိုးလာသည်နှင့် အသက်သက်တမ်းမှာလည်း လိုက်ပါ၍ မြင့်တက်လာမည် ]

[ ဆင့်ကဲပြောင်းလဲမှု ၂ : စွမ်းရည်အရင်းအမြစ် တိုးတက်ပြောင်းလဲခြင်း၊ စွမ်းရည်အားလုံးကို အကန့်အသတ်အထိ နားလည်သွားစေမည် ]

[ ဆင့်ကဲပြောင်းလဲမှု ၃ : ဉာဏ်အလင်းပွင့်ခြင်း တိုးတက်မှု၊ နိယာမများကို သင်ယူနားလည်နိုင်စွမ်းက ပိုမိုမြန်ဆန်အားကောင်းလာမည် ]

[ ဆင့်ကဲပြောင်းလဲမှု ၄ : သွေးမျိုးဆက် အရင်းအမြစ် ပြောင်းလဲခြင်း၊ သွေးမျိုးဆက် တိုးတက်မှု၊ မျိုးဆက်များ အကျိုးအမြတ်ရမည် ]

[ ဆင့်ကဲပြောင်းလဲမှု ၅ : စိတ်ဝိညာဥ်အရင်းအမြစ် ပြောင်းလဲခြင်း၊ စိတ်ဝိညာဥ်ပင်လယ်ကို ချဲ့ထွင်နိုင်မည်၊ နယ်ပယ်တိုးတက်လာသည်နှင့်အမျှ စိတ်ဝိညာဥ် ပင်လယ်မှာ နှစ်ဆတိတိ ကြီးထွားလာမည် ]

[ဆင့်ကဲပြောင်းလဲမှု ၆ : … ]

…

မျက်လုံးများ ရှေ့တွင် ဆင့်ကဲပြောင်းလဲမှု ရွေးချယ်စရာများစွာ ပေါ်ပေါက်လာခဲ့သည်။

၎င်းတို့ကို ကြည့်ရှုခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် သူ၏ရွေးချယ်မှုကို ပြုလုပ်လာခဲ့သည်။

“ ဆင့်ကဲပြောင်းလဲမှု ၁၊ ၂နဲ့ ၅ကို ရွေးတယ် “ နဂါးသားရဲကြီးသည် စိတ်ထဲတွင် တိတ်တဆိတ် ကြေညာလိုက်သည်။

ဆင့်ကဲပြောင်းလဲမှု ၁သည် အသက်ဓာတ် အရင်းအမြစ် ပြောင်းလဲခြင်းဖြစ်ပြီး၊ ၎င်းမှာ အင်မော်တယ်စွမ်းရည်နှင့် အနည်းငယ် ဆင်တူသော အရာဖြစ်သည်။

အင်မော်တယ်စွမ်းရည်က ထာဝရရှင်သန်မှုကို ပေးစွမ်းသော်လည်း ၎င်းမှာ ရုပ်ခန္ဓာနှင့်သာ သက်ဆိုင်သော အရာဖြစ်သည်။ အကယ်၍ အသက်စွမ်းအားချုပ်ငြိမ်းကာ၊ စိတ်ဝိညာဥ် ပျောက်ကွယ်သွားမည်ဆိုပါက၊ ခန္ဓာကိုယ်မှာလည်း ညှိုးနွမ်းပျောက်ကွယ်သွားမည် ဖြစ်သည်။

သို့ရာတွင် အသက်ဓာတ် အရင်းအမြစ် ပြောင်းလဲခြင်းကမူ အသက်၏အဆီနှစ်ကို ပြောင်းလဲပေးခြင်း ဖြစ်သည်။

ဘဝသက်တမ်းက နှစ်တစ်သိန်းကို ရောက်ရှိသွားရုံတင် မဟုတ်ဘဲ၊ နိယာမအကုန်လုံးကိုပါ ခုခံနိုင်တော့မည် ဖြစ်သည်။

ဆင့်ကဲပြောင်းလဲမှု ၂ကမူ အသေးစိတ် ရှင်းပြရန် လိုအပ်မည်မဟုတ်ပေ၊ ၎င်းသည် နဂါးသားရဲကြီးက ပိုင်ဆိုင်ထားသည့် စွမ်းရည် အကုန်လုံးကို မြှင့်တင်ပေးမည် ဖြစ်သည်။

ဆင့်ကဲပြောင်းလဲမှု ၅ကမူ ယခုလက်ရှိ နဂါးသားရဲကြီးထံတွင် ပြတ်လပ်နေသည့် အရာတစ်ခုဖြစ်သည်။

ဆဌမအဆင့်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် ၎င်း၏ စိတ်ဝိညာဥ်သည် ထပ်မံ၍ တိုးတက်မလာတော့ဘဲ၊ နယ်ပယ်တူမှ သားရဲများဖြင့် အနည်းမျှသာ ကွာဟနေတော့သည်၊ သို့သော် ဤဆင့်ကဲပြောင်းလဲမှုကြောင့် အရာအားလုံး ကွဲပြားသွားတော့မည် ဖြစ်သည်။

…

နဂါးသားရဲကြီးမှ ရွေးချယ်စရာများ ပြုလုပ်လိုက်သောကြောင့် ၎င်း၏ အရှိန်အဝါသည် တဟုန်ထိုး မြင့်တက်လာခဲ့ပြီး၊ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဥ်မှာလည်း စတင်၍ ဖြစ်ပေါ်လာခဲ့သည်။

အသက်ဓာတ် အရင်းအမြစ်တွင် မှိန်ဖျော့ဖျော့ အလင်းတန်းတစ်ခုဖြစ်တည်လာခဲ့ပြီး၊ အသက်ဝိညာဥ်၏ အနက်ရှိုင်းဆုံးနေရာတွင် ရှေးဟောင်းရုန်းများ ဖြစ်တည်လာခဲ့သည်။

ရုန်တစ်ခုချင်းစီတိုင်း၏ ပေါင်းစည်းမှုနှင့်အတူ အသက်စွမ်းအားသည် ကောင်းကင်ဘုံ စွမ်းအား၏ အားဖြည့်ပေးခြင်းကို ခံယူနေရပုံပေါ်သည်။ နိယာမများကို ခုခံနိုင်သည့် အရှိန်အဝါတစ်ခုသည် ဖြည်းဖြည်းချင်း ပေါက်ထွက်လာခဲ့ပြီး၊ နဂါးသားရဲကြီး၏ ခန္ဓာကိုယ်ကို ထူးဆန်းသော ရောင်ခြည်တစ်ခုဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

ယခုလက်ရှိ အချိန်မှစ၍ ၎င်းသည် အချိန်နှင့် မှော်ပညာတို့၏ တိုက်စားမှုများကို ခံရတော့မည် မဟုတ်သကဲ့သို့ အဆုံးမဲ့ ချောက်နက်ထဲတွင် အုတ်မြစ်ချထားသည့်အလား နှစ်ပေါင်း တစ်သိန်းတိတိ ရှင်သန်နေတော့မည် ဖြစ်သည်။

“ ဇွီ “

နဂါးသားရဲကြီး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ ၎င်း၏ သွေးမျိုးဆက်ထဲတွင် ပုန်းကွယ်နေသည့် စွမ်းအားသည် အိပ်ပျော်နေသည့် ရှေးဟောင်းနဂါးကြီးတစ်ကောင်ကဲ့သို့ နိုးထလာခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ၏စိတ်နယ်ပယ်အတွင်းရှိ စိတ်ဝိညာဥ်ပင်လယ်မှာလည်း ကြယ်တစ်လုံးသကဲ့သို့ ပေါက်ကွဲသွားပြီး၊ တောက်ပသော ကြယ်စနစ်တစ်ခုအဖြစ် ကြီးထွားကျယ်ပြန့်လာခဲ့သည်။

စိတ်ဝိညာဥ်စွမ်းအားသည် ဒီရေလှိုင်းကဲ့သို့ မြင့်တက်လာခဲ့ပြီး၊ အဆုံးမဲ့ အကွာအဝေးဆီသို့ ပျံ့နှံ့ရောက်ရှိသွားခဲ့သည်။

စိတ်ဝိညာဥ် စွမ်းအား၏ မူလအာရုံခံနိုင်စွမ်းသည် မီတာတစ်ရာမျှသာ ရှိနေခဲ့သော်လည်း၊ ယခုတွင် လျင်မြန်စွာ ကြီးမားလာခဲ့သည်။

မိုင်တစ်ရာ၊ မိုင်တစ်ထောင် ……

၎င်း၏ စိတ်ဝိညာဥ်စွမ်းအားသည် ကမ္ဘာတစ်ခုလုံးအထိ ဖုံးလွှမ်းသွားခဲ့ပြီး၊ တောင်များနှင့် မြစ်များ၊ ငှက်နှင့် သားရဲများ၊ အရာအားလုံးသည် သူ့စိတ်ထဲတွင် ပေါ်လာခဲ့ပြီး၊ ၎င်း၏ စိတ်ဆန္ဒသည် ဤနယ်မြေ၏ အရှင်သခင်အဖြစ် ပြောင်းလဲသွားကာ ပုံရိပ်ယောင်များကို မြင်တွေ့နေနိုင်ခဲ့ပြီး၊ အရာရာတိုင်းကို အသေးစိတ်ထိန်းချုပ်နေနိုင်ခဲ့သည်။

“ ဝေါင်းးးးး “

နဂါးသားရဲကြီးသည် မတ်တပ်ထရပ်ကာ ကျယ်လောင်စွာ ဟိန်းဟောက်လာခဲ့ပြီး၊ ၎င်း၏ ကြွက်သားများကလည်း မီးရှူးမီးပန်းများကဲ့သို့ တဖောက်ဖောက် အော်မြည်နေခဲ့သည်။

၎င်း၏ခန္ဓာကိုယ်သည် လျင်မြန်စွာ ပြောင်းလဲလာခဲ့ပြီး၊ ဆင့်ကဲပြောင်းလဲမှုကို နောက်ဆုံးအဆင့်ကို ပုံဖော်နေခဲ့သည်။

ဆယ်မိနစ်

မိနစ်နှစ်ဆယ်

တစ်နာရီ

တစ်နာရီ ကုန်ဆုံးသွားသည့်နောက်တွင် နဂါးသားရဲကြီးမှာ မတ်တပ်ရပ်နေသေးစဲဖြစ်ပြီး ယခင်ကနှင့်များစွာ တူညီနေပုံရသည်၊ သို့သော် ၎င်းခန္ဓာကိုယ်မှ ထုတ်လွှင့်နေသည့် အရှိန်အဝါကမူ မိုင်တစ်ထောင်အတွင်းရှိ အရာအားလုံးကို တိတ်ဆိတ်သွားစေခဲ့သည်။

နဂါးသားရဲကြီးသည် စနစ်၏မျက်နှာပြင်ပေါ်တွင် ရှိနေသည့် ၎င်း၏ အခြေအနေကို ဖွင့်ကြည့်ကာ၊ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။

………………………………………………………………………………………………………………………………………

အပိုင်း ( 488 )

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း

ကိုယ်ပွား : အထွတ်အထိပ် နဂါးသားရဲ

အဆင့် : ဆဌမအဆင့် အဆင့်၂ ( ၂၀% )

အသားတင် အလေးချိန် : ၅၀၄၀၂၈.၅ ကီလိုဂရမ်

စွမ်းရည် : နေ့စဥ် ကီလိုဂရမ် ၅သောင်း ရရှိခြင်း( အကန့်အသတ် )၊ အရာအားလုံးကို ဝါးမြိုနိုင်ခြင်း၊ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း(ac)၊ ခုန်ဆင်းခြင်း(pas)၊ ဟင်းလင်းပြင်၊ အင်မော်တယ်၊ အသက်ရှူသံဖုံးကွယ်ခြင်း၊ သားရဲတစ်သောင်း တုပခြင်း …………

ဆင့်ကဲပြောင်းလဲမှု : အလေးချိန်က မျိုးစိတ်အကန့်အသတ်သို့ ရောက်ရှိသွားသောအခါတွင် ဆင့်ကဲပြောင်းလဲမည်

ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ် : ကုဗမီတာ ၁ထရီလီယံ

…

“ ဒီဆင့်ကဲပြောင်းလဲမှုက ငါ့ရဲ့အဆင့်ကို အဆင့်သေးတစ်ခုတိတိ မြင့်တက်သွားစေခဲ့တာပဲ “

နဂါးသားရဲကြီးမှာ တိတ်တဆိတ် တွေးတောနေတော့သည်။

အသက်ဓာတ် ဆင့်ကဲပြောင်းလဲခြင်းကြောင့် ၎င်း၏ခန္ဓာကိုယ်သည် အလုံးစုံမြှင့်တင်မှုကို ရရှိခဲ့ပြီး၊ ၎င်း၏နယ်ပယ်ကပါ တစ်ပြိုင်နက် အဆင့်မြင့်သွားခဲ့သည်။

နဂါးသားရဲကြီးသည် သူ၏ခွန်အား၊ ချီ-သွေးနှင့် တစ်ခြားသောအရာများက သိသိသာသာ မြင့်တက်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားနေခဲ့ရသည်။

“ ပြီးတော့ နေ့တိုင်းကြီးထွားတဲ့ နှုန်းထားကလည်း ကီလိုဂရမ် တစ်သောင်းကနေ ငါးသောင်းအထိ တိုးသွားတယ် “

တစ်ခြားသော ဆင့်ကဲပြောင်းလဲမှုများနှင့် ယှဥ်လိုက်မည်ဆိုပါက ဤတိုးတက်မှုကသာလျှင် အရေးအကြီးဆုံး ဖြစ်သည်။

ငါးဆမြင့်တက်လာခြင်း၊ ၎င်းက မည်သည့်အရာကို ဆိုလိုသနည်း

ယခင်က တစ်နေ့လျှင် ၃%အထိသာ တိုးတက်ခဲ့သော်လည်း ယခုတွင် ၁၅%အထိ နေ့စဥ်တိုးတက်လာတော့မည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

၎င်းသည် နဂါးသားရဲကြီးက ရက်သတ္တပတ်တစ်ခုလျှင် အဆင့်သေးတစ်ခုအထိ မြင့်လာတက်တော့မည်ဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။

ထိုသတင်းသာ ပျံ့နှံ့သွားမည်ဆိုပါက အစစ်အမှန် နတ်သားရဲများကပင် တအံ့တဩ ဖြစ်သွားကြမည်ဖြစ်သည်။

“ ဒီနှုန်းအတိုင်းဆိုရင် အဆင့်၇ကို ရောက်ပြီး၊ အဆင့်မြင့် သားရဲတစ်ကောင်ဖြစ်လာဖို့က သိပ်မဝေးတော့ဘူးပဲ “

နဂါးသားရဲကြီးမှ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ ငါက ဒီမှာ တကယ်ဆက်နေချင်ပြီးတော့ တိုးတိုးတိတ်တိတ် တိုးတက်လာချင်တယ်၊ ဒါပင်မဲ့ အချိန်က ဘယ်သူ့ကိုမှ မစောင့်ဘူး “

ယခုလက်ရှိအချိန်တွင် ကမ္ဘာနှစ်ခုသည် ကမ္ဘာအဆင့် စစ်ပွဲကြီးကို ဆင်နွှဲနေကြသည်။

“ ကွမ်ဟန်မှာ အခြေအနေ ပြင်းထန်နေတယ်၊ ကိုယ်ပွားဖြစ်တဲ့ငါက ပြဿနာ ပင်လယ်ပြင်မှာ ငါးဖမ်းနိုင်မှာ သေချာတယ် “

“ ငါ့ရဲ့ သားရဲတစ်‌သောင်းတုပခြင်းနဲ့ ကျောက်စိမ်း မီးဖိုတွေနဲ့ဆိုရင် ငါက တစ်ခြားမျိုးနွယ်စုက အကောင်တွေအဖြစ် ပြောင်းလဲပြီးတော့ ငါ့လှုပ်ရှားမှုတွေကို ဖုံးကွယ်နိုင်တယ် “

“ တောင်ပိုင်း ကွမ်ဟန်စစ်မြေပြင်ကို သွားမယ် “

နဂါးသားရဲကြီးသည် ၎င်း၏တောင်ပံများကို ခတ်ကာ ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ ကောင်းကင်ထက်သို့ ပျံသန်းသွားတော့သည်။

…

ရက်ပေါင်းများစွာ ကြာခဲ့ပြီးသည့်နောက်၌

မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေ အလယ်ဗဟိုတွင် ကျွန်းငယ်တစ်ခုသည် ကောင်းကင်ထက်တွင် မျောလွင့်နေလျက်ရှိသည်။

ကျွန်းသည် မကြီးမားဘဲ လုံးပတ်အားဖြင့် မိုင်ဒါဇင် အနည်းငယ်မျှသာ ကျယ်ဝန်းသည်၊ သို့သော် အစောင့်အကြပ် ထူထပ်နေပြီး၊ အားကောင်းသည့် အရှိန်အဝါများက ကင်းလှည့်နေလျက်ရှိကာ အရာအားလုံးကို စောင့်ကြည့်နေခဲ့သည်။

ထိုကဲ့သို့ ဖြစ်နေရခြင်းမှ ဤကျွန်းပေါ်တွင် ကွမ်ဟန်စစ်မြေပြင်ဆီသို့ တိုက်ရိုက်လမ်းပေါက်သည့် ရှေးဟောင်းပို့ဆောင်ရေး အစီအရင်တစ်ခု ရှိနေသောကြောင့် ဖြစ်သည်။

ကွမ်ဟန်သို့ သွားရောက်လိုသည့် သားရဲတိုင်းသည် ဤပို့ဆောင်ရေး လမ်းကြောင်းမှသာ သွားကြရမည် ဖြစ်သည်။

ထို့အပြင် ကွမ်ဟန်မှ ဤနေရာသို့ လူ/ပစ္စည်းများကို ပြန်လည်ပို့ဆောင်ပေးသည့် ပို့ဆောင်ရေး အစီအရင်တစ်ခုလည်း ရှိနေသေးသည်။

ထို့ကြောင့်ပင် ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုများက ဤနေရာသို့ ကျူးကျော်ဝင်ရောက်လာမည်ကို တားဆီးရန်အတွက် အစောင့်အကြပ် ထူထူထဲထဲ ချထားရခြင်း ဖြစ်သည်။

နဂါးသားရဲကြီးသည် အနက်ရောင် ကျားသားရဲအဖြစ် အသွင်ပြောင်းကာ ကျွန်းဆီသို့ ချဥ်းကပ်ရောက်ရှိလာခဲ့သည်။

“ ဒီပို့ဆောင်ရေး အစီအရင်ထဲ ဝင်နိုင်ဖို့အတွက် အထောက်အထား အတည်ပြုရမယ်။ မျိုးနွယ်စုတစ်သောင်း ခွင့်ပြုချက် ရှိမှဖြစ်မယ် “

နဂါးသားရဲကြီးသည် တိတ်တဆိတ် အပျော်လွန်သွားခဲ့သည်။

သူ့ထံတွင် မျိုးနွယ်စု တစ်သောင်းခွင့်ပြုချက် မရှိပေ၊ သို့သော် ကံကောင်းထောက်မစွာဖြင့် မကြာသေးခင် အချိန်ကမှ သူအမဲလိုက်ခဲ့သည့် အနက်ရောင် ကျားသားရဲထံတွင် ထိုကဲ့သို့သော အရာမျိုး ရှိနေခဲ့သည်။

ထို့ကြောင့်သာလျှင် နဂါးသားရဲကြီးက အနက်ရောင် ကျားသားရဲကြီးအဖြစ် အသွင်ပြောင်းလိုက်ခြင်း ဖြစ်သည်။

“ ရပ်စမ်း “

ဆဌမအဆင့် ဧရာမ ဆင်သားရဲကြီးသည် နဂါးသားရဲကြီးကို တားဆီးလာခဲ့သည် “ ဒါက စစ်မြေပြင်ကို ပို့ပေးတဲ့ ပို့ဆောင်ရေး အစီအရင်ပဲ။ တကယ်လို့ မင်းဝင်ချင်တယ်ဆိုရင် ခွင့်ပြုချက်ကို အရင်ပြ “

နဂါးသားရဲကြီးမှ ခွင့်ပြုချက်ကို ထုတ်ပြလိုက်သည်။

၎င်းကို ကြည့်ရှု စစ်ဆေးခဲ့ပြီးသည့်နောက်တွင် ဆင်သားရဲကြီးမှ ချက်ချင်း စကားပြန်ပြောလာခဲ့သည် “ ဒီအစီအရင်က စစ်မြေပြင်နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာ၊ မင်းဝင်သွားလိုက်တာနဲ့ သေခြင်းရှင်ခြင်းက ကံကြမ္မာအပေါ်မှာပဲ မူတည်နေတော့မှာ “

၎င်းမှာ သွေးဆူလွယ်သည့် လူများကို အသက်များ အချည်းနှီး မဆုံးရှုံးသွားရစေရန်အတွက် ကောင်းကောင်းမွန်မွန် သတိပေးခြင်း ဖြစ်သည်။

နဂါးသားရဲကြီးမှ မေးမြန်းလာခဲ့သည် “ ဒီအစီအရင်က စစ်မြေပြင်ရဲ့ ဘယ်အပိုင်းကို ပို့ပေးတာလဲ။ ငါတို့ဘက်က တပ်စခန်းတစ်ခု ရှိလား “

ဆင်သားရဲကြီးမှ အေးအေးလူလူ ပြောလာခဲ့သည် “ ဒီအစီအရင်က ကွမ်ဟန်တောင်ပိုင်းမှာရှိတဲ့ မျိုးနွယ်စုတစ်သောင်းရဲ့ တပ်စခန်းကို ပို့ပေးမှာ။ အထဲကို ဝင်လိုက်တာနဲ့ မင်းက စစ်တပ်ထဲကို ကိုယ်ပိုင်ဆန္ဒအလျောက် ဝင်တာဖြစ်သွားပြီးတော့ စစ်ပွဲအမှတ် လုံလုံလောက်လောက် မရမချင်း ပြန်လာလို့မရဘူး “

“ စစ်ထဲကို ကိုယ့်သဘောဆန္ဒအလျောက် ဝင်တာလား။ ပြန်လာဖို့ အခြေအနေတွေ ရှိတာလား “

နဂါးသားရဲကြီးသည် အနည်းငယ် မှင်သက်သွားခဲ့သည်။ ထိုပြောဆိုမှုသည် စစ်မြေပြင်သို့ သွားသည့် လူများက မသွားလျှင်မဖြစ်သော လိုအပ်ချက်များကြောင့် သွားရောက်ကြသည်ဟု ဆိုလိုနေပုံရသည်။

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက မည်သည့်အတွက်ကြောင့် လိုအပ်ချက်များပြားနေရသနည်း။

ထို့အပြင် မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေအတွင်းတွင် မရှင်သန်နိုင်သည့် လူများကသာ စစ်မြေပြင်သို့ သွားကြခြင်း ဖြစ်သည်။

ဆင်သားရဲကြီးသည် သူ၏အတွေးများကို လျစ်လျူရှုထားပြီး အေးအေးလူလူ ပြောလာခဲ့သည် “ မင်းအဆင်သင့်ဖြစ်ပြီလား “

နဂါးသားရဲကြီးသည် ခေါင်းငြိမ့်ပြလိုက်ကာ အစီအရင်ပေါ်သို့ တက်လှမ်းသွားတော့သည်။

“ ဗွီ “

အလင်းတန်းတစ်ခုသည် ကောင်းကင်ပေါ်သို့ ထောင်တက်သွားပြီး၊ နဂါးသားရဲကြီး၏ ပုံရိပ်မှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ဆင်သားရဲကြီးသည် ပျောက်ကွယ်သွားသည့် အလင်းတန်းကို ကြည့်ကာ ဦးခေါင်းကို ခါရမ်းနေတော့သည် “ နောက်ထပ် သင်းကွဲတစ်ကောင်ပဲ ဖြစ်ရမယ်၊ အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက်ကို ဒေါသထွက်အောင် လုပ်မိလို့၊ ရွေးချယ်စရာ မရှိဘဲ၊ ကွမ်ဟန်မှာ သွားပုန်းမလို့ထင်တယ် “

ကွမ်ဟန်သို့ ရောက်သွားသည့် လူများသည် ဒေသတွင်းတွင် ပြဿနာတက်ထားသည့် လူများသာ ဖြစ်သည်။

အမဲလိုက်ခံရခြင်းကို ရှောင်ရှားရန်အတွက် ရွေးချယ်စရာ မရှိဘဲ ကွမ်ဟန်သို့ သွားရောက် တိုက်ခိုက်ကြရသည်။

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေကို စွန့်ခွာ၍ သွေးစွန်းသော ကွမ်ဟန်စစ်မြေပြင်ဆီသို့ မည်သူက သွားကြမည်နည်း။

“ ကွမ်ဟန်မှာ အခြေအနေ ဘယ်လိုရှိလဲဆိုတာကို ငါသိချင်မိတယ် “ ဆင်သားရဲကြီးမှာ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ ကွမ်ဟန်ကနေ တစ်ယောက်ယောက် ပြန်လာတာက နှစ်တောင် ဆွေးနေပြီ။ အဲ့က အခြေအနေတွေက ပြောင်းလဲသွားပြီလား “

…

ဗွီ

နဂါးသားရဲကြီးသည် ကျယ်ဝန်းသော ခန်းမတစ်ခုကို မမြင်တွေ့ရသေးခင် အချိန်အထိ အဖြူရောင် အလင်းတန်းကိုသာ မြင်တွေ့ခဲ့ရသည်။

ဤခန်းမသည် မီတာ ရာနှင့်ချီ၍ မြင့်မားပြီး၊ အတွင်းပိုင်း နေရာမှာလည်း အံ့ဖွယ်ကောင်းလောက်သည်အထိ ကျယ်ဝန်းနေခဲ့သည်။

မီးခိုးရောင် ဝံပုလွေတစ်ကောင်သည် အတွင်းတွင် စောင့်ဆိုင်းနေလျက်ရှိပြီး၊ တစ်စုံတစ်ဦး ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသောအခါတွင် အေးအေးလူလူ စကားပြောလာခဲ့သည် “ အနက်ရောင် ကျားသားရဲ၊ အစောပိုင်း အဆင့်၆၊ မင်းရဲ့နံပါတ်က ၅၃၂၄၊ နယ်မြေ ၃၃ကို သွားရမယ် “

“ ဒါက မျိုးနွယ်စု တစ်သောင်း တံဆိပ်ပြားပဲ၊ အထဲမှာ စစ်မြေပြင်ရဲ့ မြေပုံနဲ့ ကွမ်ဟန်အကြောင်းကို အသေးစိတ် မိတ်ဆက်ချက်ပါတယ် “

ထိုကဲ့သို့ ပြောလာခဲ့ပြီးသည့်နောက်တွင် ဝံပုလွေသားရဲသည် တံဆိပ်ပြားကို ရှုကျိုးထံသို့ လွှဲပြောင်းပေးအပ်လာခဲ့သည်။

နဂါးသားရဲကြီးသည် ၎င်းကို ယူလိုက်ပြီး၊ စိတ်စွမ်းအားကို တံဆိပ်ပြားအတွင်းသို့ ထည့်သွင်းလိုက်သည်။

မီးခိုးရောင် ဝံပုလွေ ပြောခဲ့သည့် အတိုင်းပင် တံဆိပ်ပြားသည် ကွမ်ဟန်တောင်ပိုင်း စစ်မြေပြင်၏ မြေပုံနှင့် နယ်မြေ ၃၃၏ တည်နေရာတို့ကို ပြသထားခဲ့သည်။

“ ကွမ်ဟန်တောင်ပိုင်း စစ်မြေပြင်မှာ ကြယ်ပြာဘက်က သားရဲမျိုးနွယ်စုက ငါးထောင်ကျော်ကျော်ပဲ ရှိတာလားဟ “

အသေးစိတ်အချက်အလက်များကို ကြည့်ရှုစစ်ဆေးခဲ့ပြီးသည့်နောက်တွင် နဂါးသားရဲကြီးမှာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

……………………………………………………………………………………………………………………………………………

အပိုင်း ( 489 )

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ၂

လူသားတို့၏ စစ်မြေပြင်ဘက်တွင်မူ အင်အား သောင်းနှင့်ချီ၍ ရှိနေခဲ့ပြီး၊ သားရဲမျိုးနွယ်စု စစ်မြေပြင်၌ စုစုပေါင်း အင်အား ၅ထောင်ကျော်ကျော်မျှသာ ရှိနေခဲ့သည်။

နဂါးသားရဲကြီးသည် မီးခိုရောင် ဝံပုလွေကို ကြည့်ကာ မေးမြန်းလာခဲ့သည် “ စစ်ပွဲမှာပါတဲ့ သားရဲမျိုးနွယ်စုတွေက ဘာလို့ဒီလောက်တောင် နည်းနေရတာလဲဗျ “

မီးခိုရောင် ဝံပုလွေသည် သူ့ကို ကြည့်ကာ အေးအေးလူလူ စကားပြောလာခဲ့သည် “ အရေအတွက် နည်းပင်မဲ့ အဲ့တာက ကမ္ဘာ့ကြယ်သားရဲမျိုးနွယ်စုကို ကိုင်တွယ်ဖို့ လုံလောက်တယ်။ တကယ်လို့ စွမ်းအားကြီး ရန်သူက တိုက်ခိုက်လာမယ်ဆိုရင်၊ ငါက မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေကို အကြောင်းကြားလိုက်မှာ။ အဲ့အချိန်ကျရင် စစ်ကူတွေ ရောက်လာလိမ့်မယ် “

နဂါးသားရဲကြီးသည် ခေါင်းငြိမ့်ပြလိုက်ကာ သိလိုသည့် အသေးစိတ် အချက်အလက်များ ထပ်မံ၍ မေးမြန်းနေခဲ့ပြီး၊ ထို့နောက် တစ်ခဏအကြာတွင် ခန်းမထဲမှ ထွက်သွားခဲ့သည်။

…

ခန်းမအပြင်ဘက်၌

နဂါးသားရဲကြီးသည် ခန်းမအပြင်ဘက်သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် မီးခိုးရောင် လွင်ပြင်တစ်ခုကို မြင်တွေ့လိုက်ရသည်။

ထိုအခိုက်အတန့်တွင် သူသည် မူလကိုယ်၏ တည်နေရာကို အာရုံခံမိသွားသည်။

“ နယ်မြေ ၃၃ …… “ နဂါးသားရဲကြီးသည် တံဆိပ်ပြားကိုကြည့်ကာ သူတာဝန်ကျရာ နေရာသို့ အရင်ဦးဆုံး သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ဝှစ်

နဂါးသားရဲကြီးသည် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ ကောင်းကင်ထက်သို့ ပျံသန်းသွားတော့သည်။

မိနစ်ပေါင်းများစွာ ကြာခဲ့ပြီးသည့်နောက်တွင်

နဂါးသားရဲကြီးသည် ချိုင့်ဝှမ်းတစ်ခုအတွင်းသို့ ဆင်းသက်လာခဲ့သည်။

“ ဒါက နယ်မြေ ၃၃လား “ နတ်နဂါးသားရဲကြီးမှ အရှေ့သို့ ငေးမောကြည့်ရှုလိုက်ရာ လှိုဏ်ဂူပေါင်းများစွာဖြင့် ပြည့်နှက်နေသည့် ချိုင့်ဝှမ်းတစ်ခုကို မြင်တွေ့သွားခဲ့သည်။

သားရဲမျိုးနွယ်စု၏ အခြေစိုက်စခန်းသည် ၎င်း၏ ကြီးမားသော အရွယ်အစားများကြောင့် လူသားမျိုးနွယ်စုနှင့် အတော်လေးကွာခြားလွန်းနေခဲ့သည်။ ထို့အပြင် သူတို့သည် တဲများ မတည်ဆောက်ကြပေ၊ ထို့ကြောင့် တဲအစား လှိုဏ်ဂူများ(သို့) တွင်းများကို အသုံးပြုကာ အခြေချနေထိုင်ကြသည်။

“ ဒီလောက်တောင် အားကောင်းတဲ့ အသက်စွမ်းအားက ……. “

ယခုတွင် နဂါးသားရဲကြီး စိတ်ဝိညာဥ်စွမ်းအားသည် အံ့မခန်း အားကောင်းနေပြီဖြစ်သောကြောင့်၊ သူသည် တစ်ခဏခန့် အာရုံခံကြည့်ရှုလိုက်ရုံဖြင့် အဆိုပါ လှိုဏ်ဂူများထဲတွင် အလွန်အားကောင်းသော အသက်စွမ်းအားများစွာ တည်ရှိနေသည်ကို ခံစားနေနိုင်ခဲ့သည်။

မကြာခင်အချိန်မှာပင် နဂါးသားရဲကြီးသည် အကြီးဆုံး လှိုဏ်ဂူထံသို့ ဦးတည်သွားနေတော့သည်။

ဤနေရာတွင် လူသစ်ဖြစ်နေသောကြောင့် သူသည် နယ်မြေ ၃၃၏ တပ်မှူးနှင့် အရင်ဦးဆုံး ဆက်သွယ်ရန် စီစဥ်လိုက်သည်။

“ ဘုတ် ဘုတ် ဘုတ် “

နဂါးသားရဲကြီးသည် လှိုဏ်ဂူထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားတော့သည်။

“ ထူးဆန်းတယ်၊ ဒီအသက်ဓာတ်က ဟောင်းလောင်းပေါက်ကြီးဖြစ်နေတယ်လို့ ဘာလို့ ခံစားနေရတာလဲဟ “ နဂါးသားရဲကြီးသည် ဤလှိုဏ်ဂူမှ ထုတ်လွှတ်သည့် အသက်စွမ်းအားကို အာရုံခံမိသွားကာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ဆင့်ကဲပြောင်းလဲမှုကို ခံယူခဲ့ရပြီးသည့်နောက်တွင် သူ၏ စိတ်စွမ်းအား အရင်းအမြစ်သည် အပြည့်အဝ ပြောင်းလဲတိုးတက်သွားပြီး၊ အသက်စွမ်းအားအပေါ်တွင် ရှိနေသည့် သူ၏အာရုံခံနိုင်စွမ်းမှာ အလွန်တရာ အားကောင်းလွန်းနေခဲ့သည်။

သို့သော် တပ်မှူးလှိုဏ်ဂူ အတွင်းမှ အသက်ဓာတ်သည် ရေမရှိသည့် ပင်လယ်ကို မြင်တွေ့နေရသည့်အလား သူ့ကို ခံစားသွားရစေခဲ့သည်။

နဂါးသားရဲကြီးသည် များများစားစား တွေးတောစဥ်းစားမနေဘဲ တစ်ဖက်လူက ဒဏ်ရာ အပြင်းအထန် ရရှိထားသောကြောင့်သာလျှင် ထိုကဲ့သို့ အားနည်းနေရခြင်းဖြစ်သည်ဟု ယူဆလိုက်ကာ လှိုဏ်ဂူထံသို့ ဆက်၍လျှောက်လှမ်းလာခဲ့သည်။

လှိုဏ်ဂူဝင်ပေါက်ဝသို့ ရောက်ရှိလာသောအခါတွင်

နဂါးသားရဲကြီးမှ အော်ဟစ်ပြောဆိုလာခဲ့သည် “ အနက်ရောင်ကျားသားရဲမျိုးနွယ်စု၊ နံပါတ် ၅၃၂၄ သတင်းလာပို့ပါတယ် “

သူသည် တစ်ခဏခန့် စောင့်ဆိုင်းနေခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုကိုမှ မရရှိခဲ့ပေ။

အနည်းငယ် ထူးဆန်းလွန်းနေသည်ဟု ခံစားသွားရကာ ရှေ့တက်ရန် ပြင်လိုက်သည့်အချိန်တွင် သူ၏မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။

“ ဝှစ် “

အနီရောင် အလင်းတန်းတစ်ခုသည် လျှပ်စီးကဲ့သို့သော အမြန်နှုန်းဖြင့် လှိုဏ်ဂူအတွင်းမှ ပြေးထွက်လာခဲ့ကာ သူ၏နဖူးကို ချိန်ရွယ်တိုက်ခိုက်လာခဲ့သည်။

အဆိုပါ အနီရောင်အလင်းတန်းသည် အလွန်တရာ မြန်ဆန်နေခဲ့ပြီး၊ ပုံမှန် ဆဌမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးကပင် ၎င်းကို ရှောင်တိမ်းနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ဤတစ်ကြိမ်တွင် နဂါးသားရဲကြီးမှာ ဆင့်ကဲပြောင်းလဲခဲ့ပြီးပြီ ဖြစ်ပြီး၊ သူ၏အသက်ဓာတ်မှာလည်း သိသိသာသာ အားကောင်းလာခဲ့ကာ သူ၏အာရုံငါးပါးကလည်း အလွန်တရာ ထက်မြက်လာခဲ့သည်။

သူသည် ချက်ချင်း တုံ့ပြန်လိုက်ပြီး၊ အဆိုပါ အနီရောင် အလင်းတန်းကို ရှောင်ရှားလိုက်သည်။

“ ဘုမ်းးးး “

အနီရောင် အလင်းတန်းသည် အနီးအနားရှိ တောင်တစ်လုံးပေါ်သို့ ကျရောက်သွားပြီး ၎င်းအား ချက်ချင်းပြိုကွဲသွားစေကာ အမှုန့်ကြိတ်လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသည့် အဆိုပါ တိုက်ခိုက်မှုသည် နဂါးသားရဲကြီး၏ အမူအရာကို အေးစက်သွားစေခဲ့သည်။

ဘာတွေ ဖြစ်နေတာလဲဟ

ငါက အနက်ရောင် ကျားသားရဲ မဟုတ်ဘူးဆိုတာကို သိသွားလို့များလား။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် သေစေနိုင်တဲ့ တိုက်ကွက်ကို ဘာကိစ္စ ထုတ်သုံးလာရတာလဲ။

နဂါးသားရဲကြီး၏ စိတ်နှလုံးသား လှုပ်ခတ်နေခဲ့သည်။ သို့သော် ထို့နောက်တွင် သူသည် ကြောက်မက်ဖွယ်ရာ ပုံရိပ်တစ်ခုက အရှေ့ဘက်ရှိ လှိုဏ်ဂူထဲတွင် ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်ကို မြင်တွေ့သွားခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် နဂါးသားရဲကြီးမှာ မှင်သက်သွားခဲ့ရသည်။

၎င်းမှာ အနက်ရောင် အကြေးခွံများဖြင့် ပြည့်နှက်နေသည့် မီတာ တစ်ရာကျော် မြင့်မားသည့် ဧရာမ သားရဲကြီးတစ်ကောင် ဖြစ်နေခဲ့ပြီး၊ ၎င်း၏ ဦးခေါင်းသည် မြွေနှင့် တူညီနေကာ၊ သွေးနီရောင် အမှတ်အသားတို့ဖြင့် ဖုံးလွှမ်းနေခဲ့သည်၊ သို့သော် ၎င်း၏ နဖူးအလယ်တည့်တည့်တွင် ရှိနေသည့် အလွန်တရာဆိုးယုတ်သည့် ပုံစံကွက်သည် ကြည့်မိသူတိုင်းကို ဆိုးယုတ်သော အတွေးများ ပေါ်ထွက်လာစေခဲ့သည်။

၎င်း၏ ကြီးမားသော ခြေလက်များသည် မြင့်မားသော ထောက်တိုင်လေးခုကဲ့သို့ ဖြစ်နေခဲ့ကာ၊ ၎င်း၏ခန္ဓာကိုယ် အပြင်ပိုင်းပုံသဏ္ဍာန်မှာလည်း အလွန်တရာ ကြမ်းတမ်းနေပြီး၊ ဆင်မျိုးနွယ်စုနှင့် အနည်းငယ် တူညီနေခဲ့သည်။

၎င်းမှာ မြွေဦးခေါင်းနှင့် ဆင်ခန္ဓာကိုယ်ကို ရောစပ်ထားသည့် ထူးဆန်းသော သားရဲကြီးတစ်ကောင် ဖြစ်သည်။

သို့သော် နဂါးသားရဲကြီးက မှင်သက်သွားရသည်မှာ ၎င်း၏ အသွင်သဏ္ဍာန်ကြောင့် မဟုတ်ပေ။

၎င်း၏ခန္ဓာကိုယ်ထံမှ ထုတ်လွှတ်နေသည့် အသက်စွမ်းအားက ကြယ်ပြာဂြိုဟ်ပေါ်ရှိ မည်သည့်သားရဲမျိုးနွယ်စုနှင့်မှ မတူသောကြောင့် ဖြစ်သည်။

ဆန့်ကျင်ဘက်အနေဖြင့် အဆိုပါ အရှိန်အဝါသည် မူလကိုယ်က ကြုံတွေ့ခဲ့ရသည့် ကမ္ဘာ့ကြယ် သိုင်းပညာရှင်တို့၏ အရှိန်အဝါနှင့် အနည်းငယ် တူညီနေခဲ့သည်။

“ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုလား “

နဂါးသားရဲကြီး၏ စိတ်နှလုံးသား လေးလံသွားခဲ့သည်၊ ဒါက ကြယ်ပြာသားရဲမျိုးနွယ်စုရဲ့ ပိုင်နက်မဟုတ်ဘူးလား။ ကမ္ဘာ့ကြယ် သားရဲကောင်တွေက ဘယ်လိုလုပ် ရောက်နေရတာလဲ

“ ဝေါင်းးး “

“ ဝေါင်းးးး “

သားရဲဟိန်းသံများ တစ်သံပြီးတစ်သံ ပေါ်ထွက်လာခဲ့သည်။

ထို့နောက်တွင် ပတ်ပတ်လည်ရှိ လှိုဏ်ဂူများထံမှ ကြောက်မက်ဖွယ်ကောင်းသည့် ပုံရိပ်များ ပေါ်ထွက်လာခဲ့သည်၊ ၎င်းတို့အားလုံးသည် ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုဝင်များသာ ဖြစ်နေခဲ့သည်။

သူတို့သည် လှောင်ပြောင်သရော်နေသည့် အမူအရာများဖြင့် နဂါးသားရဲကြီးကို ဝိုင်းရံလာခဲ့ပြီး၊ ကြောင်ကကြွက်ကို ကစားနေသည့်အလား ရက်စက်ကြမ်းကြုတ်သည့် အကြည့်တို့ဖြင့် ကြည့်လာကြသည်။

နဂါးသားရဲကြီး၏ အမူအရာမှာ အေးစက်သွားခဲ့သည်။

“ ကြည့်ရတာတော့ ဒီနေရာကို ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုက သိမ်းလိုက်နဲ့ပြီ တူတယ် “ နဂါးသားရဲကြီးသည် သက်ပြင်းတချချ ဖြစ်သွားတော့သည်။

ဒီနေရာရဲ့ အသက်ဓာတ်က ဟာလာဟင်းလင်းဖြစ်နေတယ်လို့ ခံစားနေခဲ့ရတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ

ဟန်ဆောင်နေခဲ့ကြတာကိုး

သူ့အား ဇဝေဇဝါ ဖြစ်သွားစေခဲ့သည့် အရာမှာ အကယ်၍ ဤနေရာကို ကမ္ဘာ့ကြယ်သားရဲမျိုးက သိမ်းပိုက်လိုက်သည်ဆိုပါက ခန်းမအစောင့်က ၎င်းကို မည်သည့်အတွက်ကြောင့် မသိရှိရလဲဆိုသည်ပင် ဖြစ်သည်။

“ ဒီကောင်တွေက အဲ့ဒီအစောင့်ကိုပါ ဒီလိုမျိုး လှည့်စားထားကြတာလား “

အကယ်၍ ၎င်းကသာ မှန်ကန်နေမည်ဆိုပါက၊ ဤကိစ္စက အတော်လေး ပြင်းထန်လေးနက်နေမည် ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ဤကဲ့သို့ ဖြစ်နေသည်မှာ နယ်မြေ ၃၃တစ်ခုတည်းလား၊ တစ်ခြားသော နယ်မြေများကပါ ဤကဲ့သို့ ဖြစ်နေသည်လားဆိုသည်ကို အသေအချာ မသိရသေးသောကြာင့် ဖြစ်သည်။

“ ဝေါင်းးး “

သားရဲဟိန်းသံသည် အတွေးများနေသည့် နဂါးသားရဲကြီးကို သတိပြန်ဝင်သွားစေခဲ့သည်။

ခေါင်းဆောင်ဖြစ်သည့် မြွေဦးခေါင်းနှင့် ဆင်ခန္ဓာကိုယ်သားရဲကောင်သည် နဂါးသားရဲကြီးကို ပြုံးဖြဲဖြဲ ဖြစ်နေသည့် အမူအရာဖြင့် စိုက်ကြည့်လာခဲ့သည် “ ရက်ပိုင်းအတွင်းမှာပဲ လတ်လတ်ဆတ်ဆတ် အသားအပိုင်းအစလေးက ငါတို့ရဲ့တံခါးဝကို ထပ်ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး “

တစ်ခြားသော ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုဝင်တစ်ကောင်မှာလည်း ရယ်ရယ်မောမောဖြင့် စကားဝင်ပြောလာခဲ့သည် “ ဒါက အနက်ရောင် ကျားသားရဲမျိုးနွယ်စုဝင်မလား။ ဒီကောင့်ရဲ့ အရသာက ဘယ်လိုနေမလဲဆိုတာကို သိချင်နေမိပြီ “

“ ပေါက်ကရ လုပ်နေတာတွေ တော်လိုက်တော့၊ သူ့ကို မြန်မြန်ဖမ်း၊ သေတော့မသေစေနဲ့၊ အရှင်လတ်လတ်စားရတာက အရသာပိုရှိတယ် “

ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုဝင် တော်တော်များများသည် ၎င်းတို့၏ အရှိန်အဝါများကို ထုတ်လွှင့်ကာ နဂါးသားရဲကြီးကို စိုက်ကြည့်နေကြသည်။

“ အခုလက်ရှိ ပြဿနာကို အရင်ရှင်းလိုက်တာက ပိုကောင်းပါတယ်လေ “

နဂါးသားရဲကြီးသည် သူ့အရှေ့ရှိ သားရဲကြီးကို ကြည့်ကာ အကြည့်များ အေးစက်သွားခဲ့သည်။

“ ဝေါင်းးး “

သူသည် ဟိန်းဟောက်၍ အမြှောက်ဆံတစ်ခုကဲ့သို့ အရှေ့သို့ ပြေးဝင်ကာ လက်သီးတစ်လုံး ပစ်သွင်းလာခဲ့သည်။

“ ဝုန်းးး “

လေထုသည် ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး၊ များပြားသော ဟင်းလင်းပြင် အက်ကွဲကြောင်းများပင် ပွင့်ထွက်လာခဲ့သည်။

“ ဘာကြီး “

ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါတွင် မြွေဦးခေါင်းနှင့် ဆင်ခန္ဓာကိုယ်ရှိသည့် ခေါင်းဆောင်သားရဲကြီးမှာ အံ့ဩမှင်သက်သွားခဲ့သည် “ တော်တော်ကြီးကို အားကောင်းလွန်းတဲ့ ဟင်းလင်းပြင်စွမ်းရည်ပဲ ………. အားလုံးပဲ အတူတူတိုက်ကြ။ အဲ့ကောင်ရဲ့ စွမ်းအားက မရိုးရှင်းဘူး “

ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ကမ္ဘာ့ကြယ်သား သားရဲမျိုးနွယ်စုဝင်အားလုံးမှာ ချက်ချင်း လှုပ်ရှားလာခဲ့သည်။

ကြီးမားသော နတ်ဆိုးစွမ်းအင်များ ပေါက်ထွက်လာခဲ့ပြီး၊ နဂါးသားရဲကြီးကို ဖိနှိပ်လာခဲ့သည်။

ယခုဤနေရာတွင် ရှိနေကြသည့် သားရဲအကုန်လုံးသည် ဆဌမအဆင့်အထက်မှဖြစ်ပြီး၊ ဤကဲ့သို့ များပြားလွန်းလှသည့် တိုက်ခိုက်မှုများအောက်တွင် ဆဌမအဆင့် အထွတ်အထိပ် သားရဲကောင်ကပင် ကျဆုံးသွားရမည် ဖြစ်သည်။

“ ဟင်းလင်းပြင် ဖြတ်တောက်ခြင်း “

နဂါးသားရဲကြီးမှ ၎င်း၏တောင်ပံများကို ခတ်လာခဲ့ရာ၊ သူ့အရှေ့ရှိ ဟင်းလင်းပြင် အကာအရံသည် ဖန်သားကဲ့သို့ ချက်ချင်းပြိုကွဲသွားသည်။

ဤတစ်ကြိမ် ဆင့်ကဲပြောင်းလဲခဲ့ပြီးသည့်နောက်တွင် သူ၏ ဟင်းလင်းပြင်စွမ်းရည်သည် အံ့ဖွယ်ကောင်းသော အမြင့်တစ်နေရာအထိ ရောက်ရှိသွားခဲ့သည်။

ဟင်းလင်းပြင် ဖြတ်တောက်ခြင်းကို ကြည့်ပါလေ၊ ၎င်းသည် ယခင်ကကဲ့သို့ မဟုတ်တော့ဘဲ ထိတွေ့ကိုင်တွယ်၍ရသော အရာအားလုံးကို ဖြတ်တောက်နေနိုင်ပြီ ဖြစ်သည်။

နတ်ဆိုးစွမ်းအင်ကဲ့သို့သော၊ နတ်စွမ်းရည်ကဲ့သို့သော ….

အကယ်၍ အဆင့်ပိုမြင့်သွားမည်ဆိုပါက ၎င်းသည် အချိန်ကိုပင် တစ်ချက်တည်းဖြင့် ဖြတ်တောက်နိုင်မည် ဖြစ်သည်။

“ ဘုမ်း ဝုန်းး ဝုန်းးးး “

နဂါးသားရဲကြီးသည် ဟင်းလင်းပြင် အတားအဆီးများကို တစ်လွှာပြီးတစ်လွှာ ရိုက်ချိုးနေခဲ့ကာ၊ သူ၏ခန္ဓာကိုယ်သည် ရွှေရောင်လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ မြွေဦးခေါင်းနှင့် ဆင်ခန္ဓာကိုယ် သားရဲကြီးဆီသို့ တဟုန်ထိုး ပြေးဝင်လာခဲ့သည်။

“ မင်းးး …….. “

မြွေဦးခေါင်းနှင့် ဆင်ခန္ဓာကိုယ် သားရဲကြီးသည် တအံ့တဩဖြစ်သွားခဲ့သည်။

ဒီကောင်က အစောပိုင်း ဆဌမအဆင့် သားရဲကောင်ရော ဟုတ်ရဲ့လားဟ။ အတားအဆီး အများကြီးကို ဘယ်လိုလုပ် ချိုးဖျက်နိုင်ခဲ့ပြီးတော့ ငါ့အရှေ့ကို ဘယ်လိုလုပ် မြန်မြန်ဆန်ဆန် ရောက်လာရတာလဲ

“ သေ “

နဂါးသားရဲကြီးသည် အေးစက်စက် ဟန်အမူအရာဖြင့် လက်သီးတစ်လုံး ပစ်သွင်းလာခဲ့သည်။

ဝုန်းးးးး

အဆိုပါ လက်သီးချက်သည် တောင်ပြိုကွဲသွားစေသည့်အလား မြွေဦးခေါင်းနှင့် ဆင်ခန္ဓာကိုယ် သားရဲကြီး၏ ဦးခေါင်းကို ချေမွလာခဲ့သည်။

“ ခရက် “

ဆူနာမီကဲ့သို့သော အားတစ်ခုသည် ဦးခေါင်းနှင့် ထိတွေ့သွားကာ ၎င်းကို ပေါက်ထွက်သွားစေခဲ့သည်။

ချက်ချင်းဆိုသလိုပင် ဦးခေါင်းခွံ ကွဲအက်သွားခဲ့သည်။

နဂါးသားရဲကြီးမှ တောင်ပံများ ထပ်ခတ်လာခဲ့ရာ နတ်ဆိုးစွမ်းအင်များ လှိုက်တက်လာခဲ့ပြီး၊ ကြီးမားသော လက်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားကာ သားရဲဦးခေါင်းကို ရိုက်ချလာခဲ့သည်။

ထို့နောက်တွင် ၎င်းသည် ဖရဲသီးတစ်လုံး ချေမွခံလိုက်ရသည့်အလား ဘမ်းဟုအော်မြည်ကာ ပေါက်ကွဲထွက်သွားသည်။

မြွေဦးခေါင်းနှင့် ဆင်ခန္ဓာကိုယ် သားရဲကြီး သေဆုံးသွားခဲ့သည်

…

အရာအားလုံးက ရှည်လျားထွေပြားကာ နှေးကွေးနေပုံရသော်လည်း၊ ၎င်းတို့အားလုံးမှာ မျက်စိတစ်မှိတ်အတွင်းမှာတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နဂါးသားရဲကြီးက စတင်၍ လှုပ်ရှားကာ မြွေဦးခေါင်းနှင့် ဆင်ခန္ဓာကိုယ် သားရဲကြီး၏ ဦးခေါင်းကို ဖြတ်ချလိုက်သည့် အချိန်အထိ အရာအားလုံးသည် စက္ကန့်ပိုင်းမျှသာ ကြာခဲ့သည်။

တစ်ခြားသော ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုများက မည်သို့မျှ မတုံ့ပြန်နိုင်လောက်သည်အထိ အလွန်တရာ မြန်ဆန်နေခဲ့သည်။

သူတို့ သတိဝင်လာသည့် အချိန်တွင် မြွေဦးခေါင်းနှင့် ဆင်ခန္ဓာကိုယ် သားရဲကြီးက လဲကျသွားသည်ကိုသာ မြင်တွေ့လိုက်ရပြီး၊ သူတို့အားလုံး တအံ့တဩ ဖြစ်သွားကြသည်။

“ မကောင်းတော့ဘူး၊ ဒီကောင့်ရဲ့ စွမ်းအားက ငါတို့ကိုင်တွယ်နိုင်တာထပ် ကျော်လွန်နေတယ် “

“ ပြေး၊ စစ်ကူသွားခေါ်ကြ “

ချက်ချင်းဆိုသလိုပင် ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုများသည် အရပ်မျက်နှာအနှံ့ ပြန့်ကျဲသွားခဲ့သည်။

၎င်းက အတော်လေး ဉာဏ်ပြေးရာကျသည်ဟု ပြောရပေမည်။

နဂါးသားရဲကြီးက မည်မျှပင် သန်မာအားကောင်းနေပါစေ၊ ဆဌမအဆင့်တွင်သာ ရှိနေသေးစဲဖြစ်ပြီး၊ သူတို့အကုန်လုံးကို သတ်ရန်မှာ မဖြစ်နိုင်လှပေ။

တစ်စုံတစ်ဦးကသာ လွတ်မြောက်သွားသရွေ့ နဂါးသားရဲကြီးသည် အဆုံးမဲ့ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုဝင်များနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

နဂါးသားရဲကြီးမှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ အေးစက်စွာ ပြုံးနေတော့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ ပုံရိပ်မှာ ရုတ်တရက် လှုပ်ခတ်သွားခဲ့သည်။

“ ဝှစ် ဝှစ် ဝှစ် “

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ခန္ဓာကိုယ်ထံမှ ကိုယ်ပွားများ ပေါ်ထွက်လာခဲ့ပြီး၊ ဘက်ပေါင်းစုံသို့ လိုက်လံဖမ်းဆီးနေတော့သည်။

ဘိုးဘေးနဂါး အရိပ်တစ်သောင်း နယ်မြေချိုးဖျက်ခြင်း ကိုယ်ပွားနည်းစနစ်

All Chapters