← Chapters

အခန်း (၄၉၃-၄၉၅)

Vol. 33 Ch. 493-495

အခန်း (၄၉၃-၄၉၅)

Vol. 33 Ch. 493-495

အပိုင်း ( 493 )

အမှောင်နယ်မြေ လမ်းကြောင်း၊ အံ့ဩဖွယ်ရာ လျှို့ဝှက်ချက်များ ၂

ယခု၌ ၎င်းသည် မြေငလျင်ဒဏ်သင့်သကဲ့သို့ လှုပ်ခါနေခဲ့သည်။

မီးခိုရောင် ဝံပုလွေသည် ၎င်းကို လုံးဝလျစ်လျူရှုထားခဲ့ပြီး၊ နဂါးပုံသဏ္ဍာန် စည်းတံဆိပ်ကြီးကို စိုက်ကြည့်ကာ အမူအရာ မည်းမှောင်သွားခဲ့သည် “ ဘိုးဘေးနဂါး ကောင်းကင်ဖြိုခွင်း စည်းတံဆိပ်လား။ ဒီသားရဲလေးက ဒီနည်းစနစ်ကို သိနေတာလား “

မကြာခင်မှာပင် ရက်စက်ကြမ်းကြုတ်သည့် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည် “ အဲ့လိုဆိုရင်တော့ မင်းကို အသေသတ်သင့်တဲ့ အကြောင်းပြချက်က ပိုများသွားပြီပေါ့ “

သူ၏လက်ကို လှုပ်ရှားလိုက်ရာ သလင်းကျောက် မျှော်စင်ငယ်တစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ၎င်းသည် လေတိုက်တိုင်း ကြီးမားလာခဲ့သည်။

ဗွီ

ရေခဲစွမ်းအင်လှိုင်းတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ ဤနေရာ၏ အပူချိန်ကို သုညဒီဂရီအထိ ကျဆင်းသွားစေခဲ့သည်။

၎င်းမှာ အဆင့်မြင့် ရတနာနောက်တစ်ခု ဖြစ်သည်။

ဘိုးဘေးနဂါး စည်းတံဆိပ်ကပင် အေးခဲသွားပြီး၊ ရှေ့ဆက်မတိုးလာနိုင်တော့ပေ။

၎င်းကို မြင်လိုက်ရသောအခါတွင် နဂါးသားရဲကြီးသည် ကောင်းကင်ဘုံ ဝါးမြိုခြင်းခေါင်းလောင်းကို ချက်ချင်း ထုတ်ယူလိုက်သည်၊ သို့သော် ၎င်းမှာလည်း အကျိုးသက်ရောက်မှု ပျောက်ဆုံးကာ အေးခဲသွားသည်ကိုသာ မြင်တွေ့လိုက်ရသည်။

မီးခိုးရောင် ဝံပုလွေသည် ၎င်းကို သတိပြုမိကာ ဂုဏ်ယူဝင့်ကြွားသွားခဲ့သည် “ ငါ့ရေခဲနယ်မြေ တားမြစ်မျှော်စင်၊ ဒီဟာရဲ့ မူလပုံစံက အဆင့်၉ ရတနာတစ်ခုပဲ၊ အဲ့တာက ကမ္ဘာ့ကြယ်ရဲ့ မြင့်မြတ်ရတနာ ဆယ်ခုထဲက တစ်ခုပဲ။ ငါ့ဟာက ရတနာ အစစ်မဟုတ်တဲ့ ပုံစံတူလေးတစ်ခုဆိုပင်မဲ့၊ မြင်တွေ့ရတဲ့ အရာအားလုံးကို အေးခဲသွားစေဖို့ လုံလောက်တယ် “

ထိုပစ္စည်းသာရှိပါက သတ္တမအဆင့် ပညာရှင်များနှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင်မှ သူသည် သူက ထိုလူများကို ကိုင်တွယ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေခဲ့သည်။

အစောပိုင်း ဆဌမအဆင့် ပညာရှင်ဆိုပါက ပြောနေရန်ပင် မလိုတော့ချေ။

နောက်တစ်ကြိမ် လှုပ်ရှားရန် ပြင်လိုက်သည့် အချိန်၌ မီးခိုးရောင် ဝံပုလွေ၏ အပြုံးမှာ အေးခဲတောင့်တင်းသွားတော့သည်။

“ အဘိုးကြီး၊ ခင်ဗျားဆီမှာ ပစ္စည်းကောင်းလေးတွေ များသားပဲ “

နဂါးသားရဲကြီး၏ မျက်နှာပေါ်တွင် အေးစက်စက် အမူအရာတစ်ခု ရှိနေခဲ့သည်၊ ထို့နောက်၌ သူ၏ခန္ဓာကိုယ်ထဲတွင် ချီ-သွေးစွမ်းအင်များ ဆူပွက်လာခဲ့ပြီး၊ မိုးပြာရောင် အလင်းတန်းတစ်ခုသည် သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းလာခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် မိုးပြာရောင် ပုံစံကွက်များ ပျံ့နှံ့လာခဲ့သည်။

အဆိုပါ ပုံစံကွက်များသည် အစွမ်းထက် စွမ်းအင်များကို သယ်ဆောင်ထားပုံရပြီး၊ နဂါးသားရဲကြီး၏ အရှိန်အဝါကို တဟုန်ထိုး မြင့်တက်သွားစေခဲ့သည်။

ကောင်းကင်ဘုံနဂါး ပြောင်းလဲမှုငါးသွယ်၊ ဒုတိယပြောင်းလဲမှု၊ ရှေးဟောင်းမိုးပြာနဂါး အသွင်ပြောင်းခြင်း

ရက်ပေါင်းများစွာ ကြာခဲ့ပြီးသည့်နောက်တွင် နဂါးသားရဲကြီးသည် ဤနည်းစနစ်ကို နောက်တစ်ကြိမ် ထပ်မံ၍ အသုံးပြုလာခဲ့ပြန်သည်၊ သို့သော် ၎င်းမှာ ယခင်ကနှင့် လုံးဝကွဲပြားနေခဲ့ပြီဖြစ်သည်။

ဤမွေးရာပါ စွမ်းရည်သည် ကလီစာငါးခု လျှို့ဝှက်စွမ်းအားကို ဖွင့်လှစ်ခဲ့ချိန်တွင် နားလည်တတ်ကျွမ်းခဲ့သည့် အရာဖြစ်သည်၊ ထို့ကြောင့် ၎င်းသည် တစ်ခြားသော နည်းစနစ်များထပ် သူနှင့်အလွန်တရာ လိုက်ဖက်ညီနေခဲ့သည်။

ယခုတွင် နဂါးသားရဲကြီး၏နယ်ပယ်မှာလည်း မြင့်တက်သွားခဲ့ပြီဖြစ်သောကြောင့် ကောင်းကင်ဘုံနဂါး ပြောင်းလဲမှုငါးသွယ်၏ ဒုတိယပြောင်းလဲမှုသည် ပြီးပြည့်စုံသည့် အဆင့်အထိ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နဂါးသားရဲကြီး၏ အရှိန်အဝါမှာ တဟုန်ထိုး မြင့်တက်လာခဲ့သည်။

“ မရဘူး၊ မလုံလောက်သေးဘူး “

ဤနည်းစနစ်ကို ထုတ်သုံးထားခဲ့ပြီဖြစ်သော်လည်း ရေခဲ၏ချုပ်နှောင်မှုကို ခံစားနေရစဲသာဖြစ်သည်။

ရေခဲနယ်မြေ တားမြစ်မျှော်စင်၏ စွမ်းအားမှာ အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။

ကံကောင်းထောက်မစွာဖြင့် ၎င်းသည် နဂါးသားရဲကြီး၏ အကန့်အသတ်နှင့် အလွန်တရာ ဝေးကွာနေစဲဖြစ်သည်။

ထို့နောက် စက္ကန့်ပိုင်းမျှ အကြာတွင် နဂါးသားရဲကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ပုံစံကွက်များမှာ ထပ်မံ၍ ပြောင်းလဲသွားပြန်သည်။

မိုးပြာရောင် အလင်းတန်းသည် ရွှေအလင်းတန်းအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားပြီး၊ ရွှေသွန်းလောင်းခံလိုက်ရသည့်အလား တလက်လက် တောက်ပလာခဲ့သည်။

ကောင်းကင်ဘုံနဂါး ပြောင်းလဲမှုငါးသွယ်၊ တတိယပြောင်းလဲမှု၊ လက်သည်းရှစ်ခု ရွှေနဂါး အသွင်ပြောင်းခြင်း

“ ဘုမ်းးးး “

အံ့ဖွယ်ကောင်းသော ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခုသည် လျှပ်စီးကဲ့သို့သော အမြန်နှုန်းဖြင့် ပျံ့လွင့်လာခဲ့ကာ ရေခဲများကို ချက်ချင်း ကွဲအက်သွားစေခဲ့သည်။

တစ်ပြိုင်နက်ဆိုသလိုပင် အားကောင်းပြင်းထန်လွန်းလှသည့် ဖိအားတစ်ခုသည် နဂါးသားရဲကြီးထံမှ ပေါက်ထွက်လာခဲ့သည်။

အဆိုပါ ဖိအားသည် မီးခိုးရောင် ဝံပုလွေကြီး၏ အမူအရာကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။

“ အထွတ်အထိပ် အစစ်အမှန် နတ်သားရဲလား။ …. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “

ဝံပုလွေကြီးသည် နဂါးသားရဲကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် အထွတ်အထိပ် အစစ်အမှန် နတ်သားရဲတစ်ကောင်၏ အရှိန်အဝါကို အာရုံခံမိသွားခဲ့သည်။

အဓိကအချက်ကား သာမန်သားရဲသွေးမျိုးဆက် မဟုတ်ဘဲ၊ အထွတ်အထိပ်အဆင့် အစစ်အမှန် နတ်သားရဲ သွေးမျိုးဆက် ဖြစ်နေခဲ့သည်။

ကောင်းကင်ဘုံနဂါး ပြောင်းလဲမှုငါးသွယ်၏ တတိယပြောင်းလဲမှု၊ လက်သည်းရှစ်ခု ရွှေနဂါး အသွင်ပြောင်းခြင်းသည် ယခုလက်ရှိခေတ်၏ လက်သည်းရှစ်ခု ရွှေနဂါးအဖြစ် ပြောင်းလဲသွားခြင်း မဟုတ်ဘဲ၊ ရှေးခေတ်အခါက လက်သည်းရှစ်ခု ရွှေနဂါးအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။

မျိုးနွယ်တူကြသော်လည်း၊ ၎င်းတို့ကြားရှိ သွေးမျိုးဆက် ကွာဟချက်မှာ အလွန်တရာ ကြီးမားလွန်းနေခဲ့သည်။

ရှေးခေတ်အခါက မူလချီမှာ အလွန်တရာ ပေါများကြွယ်ဝနေခဲ့ပြီး၊ သတ္တဝါအားလုံးသည် စိတ်စွမ်းအား၏ ကောင်းချီပေးမှုအောက်တွင် ကြီးမားသော ခန္ဓာကိုယ်များဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နိုင်ကြသည်။

ဥပမာအားဖြင့် ရှေးခေတ်က သစ်တောကြီးများသည် မီတာထောင်နှင့်ချီ၍ မြင့်မားပြီး၊ နေမင်းကိုပင် ဖုံးကွယ်လေ့ရှိသည်။

ထိုခေတ်က သားရဲများသည် ယနေ့ခေတ် သားရဲများထပ် ပိုမိုကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

ရှေးဟောင်းမှတ်တမ်းများထဲတွင် ခွန်းလွန်တောင်ထိပ်၌ မီတာ ၈ထောင်ရှည်လျားသော ရွှေရောင်နဂါးကြီးများသည် သူရိန်နေမင်း၏ တောက်ပမှုများကို လိမ်းချယ်ထားသကဲ့သို့ တလက်လက် တောက်ပနေသည့် အကြေးခွံများကို ပိုင်ဆိုင်ထားကြသည်။ သူတို့က မြစ်များကို မွှေနှောက်ပြီး၊ ပင်လယ်ကို ဇောက်ထိုးလှန်၍၊ မုန်တိုင်းများ ထန်သွားစေခဲ့ကာ ဖန်ဆင်းရှင်ကိုပင် အံ့အားသင့်သွားစေခဲ့သည်ဟု ဆိုကြသည်။

အဆိုပါ ဖော်ပြချက်သည် ရှေးခေတ်အခါက လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စုကို ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။

ယခု၌ နဂါးသားရဲကြီးသည် ရှေးခေတ်အခါက လက်သည်းရှစ်ခု ရွှေနဂါးကြီးအဖြစ် အသွင်ပြောင်းသွားခဲ့သည်။

“ ချိုးဖျက် “

နဂါးသားရဲကြီးမှ တိုးညှင်းစွာ ရေရွတ်ပြောဆိုလာခဲ့သည်။

မိုင်တစ်ထောင်အထိ ဖုံးလွှမ်းနေသော ရေခဲများသည် ချက်ချင်း ကွာကျပြိုကွဲသွားတော့သည်။

ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ ရေခဲနယ်မြေ တားမြစ်မျှော်စင်ကို တုန်ခါသွားစေခဲ့ကာ နေရာမှာပင် ပြိုကွဲလုနီးပါး ဖြစ်သွားစေခဲ့သည်။

“ သေ “

နဂါးသားရဲကြီးသည် လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အရှေ့ဘက်ရှိ မီးခိုးရောင် ဝံပုလွေကြီးထံသို့ ပြေးဝင်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် နတ်ဆိုးစွမ်းအင်တို့ဖြင့် ဖွဲ့စည်းထားခဲ့သည့် ဧရာမလက်ကြီးတစ်ဖက်သည် ၎င်း၏အရှေ့တွင် ပေါ်လာခဲ့ပြီး၊ လေထုကို ဆုတ်ဖြဲကာ၊ ဝံပုလွေကြီးကို ဖမ်းဆုပ်လာခဲ့သည်။

ရှေးဟောင်းနဂါးကြီးနှင့် ရင်ဆိုင်နေရသောအခါတွင် ဝံပုလွေသားရဲကြီးမှာ တုန်တုန်ရင်ရင် ဖြစ်သွားခဲ့ပြီး၊ မလှုပ်ရှားနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။

၎င်းမှာ သွေးမျိုးဆက် ဖိနှိပ်မှုဖြစ်သည်။

“ ဝုန်းးးး “

နဂါးသားရဲကြီးသည် လက်ကို ဆန့်ထုတ်ကာ မီးခိုရောင် ဝံပုလွေ၏ ခန္ဓာကိုယ်ကို ဆုပ်ကိုင်လိုက်သည်။

ထို့နောက်တွင် …..

အပိုင်းပိုင်း အစစဖြစ်သည်အထိ ဖိညှစ်ချလိုက်သည်။

“ ဘမ်း ဘမ်း ဘမ်း “

ချက်ချင်းဆိုသလိုပင် ဝံပုလွေသားရဲကြီး၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲသံများ ပေါ်ထွက်လာခဲ့ပြီး၊ သွေးကြောနှင့် အရိုးအားလုံး ဖျက်စီးခံလိုက်ရသည်။

တစ်ကွက်တည်းဖြင့်

ဆဌမအဆင့် အထွတ်အထိပ် မီးခိုးရောင် မြေခွေးမှာ သတိမေ့လုမတတ်ဖြစ်သွားခဲ့သည်။

နဂါးသားရဲကြီးသည် ထိုမြင်ကွင်းကို ကျေနပ်အားရစွာဖြင့် စိုက်ကြည့်နေခဲ့သည် “ ငါ့ရဲ့မွေးရာပါ စွမ်းရည်ကတော့ ထင်ထားတဲ့အတိုင်းပဲ၊ တတိယအဆင့် ပြောင်းလဲမှုမှာတင် ဒီလိုစွမ်းအားမျိုးကို ပိုင်ဆိုင်ထားတယ် “

သူသည် သူ၏တိုက်ခိုက်ရေးစွမ်းအားကို ပိုမိုနားလည်သွားခဲ့သည်၊ အကယ်၍ နောင်အနာဂတ်တွင် သတ္တမအဆင့် ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင်မှ သူသည် ကောင်းကင်ဘုံနဂါး ပြောင်းလဲမှုငါးသွယ်၏ တတိယပြောင်းလဲမှုကို အသုံးပြုကာ ရန်သူနှင့် တိုက်ကွက်အနည်းငယ် ဖလှယ်၍ ထွက်ပြေးနိုင်မည်ဟု ယုံကြည်မှု ရှိနေခဲ့သည်။

၎င်းမှာ တတိယပြောင်းလဲမှုသာ ဖြစ်ပြီး၊ ၎င်း၏နောက်တွင် ဘိုးဘေးနဂါး အသွင်ပြောင်းခြင်းနှင့် ဖရိုဖရဲ နဂါးနတ်ဘုရား အသွင်ပြောင်းခြင်းတို့ ရှိနေ‌သေးသည်။

တစ်နေ့ သူက ပဥ္စမအဆင့် ပြောင်းလဲမှုသို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် တွေးလိုက်ရုံဖြင့် ကမ္ဘာကို ဖျက်ဆီးနိုင်လိမ့်မည် ဖြစ်သည်။

ဤအချိန်၌ နဂါးသားရဲကြီးသည် မီးခိုးရောင် ဝံပုလွေကို ကြည့်ကာ အေးစက်စွာ အော်ပြောလာခဲ့သည် “ အဘိုးကြီး “

သူသည် အနည်းငယ် ထိန်းထားခဲ့ကာ ထိုအဘိုးကြီးကို သေသည်အထိ မချေမွခဲ့ပေ။

“ ငါ့ကို ပြော၊ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုက ဘာတွေကြံနေတာလဲ “ နဂါးသားရဲကြီးမှ အေးစက်စွာ မေးမြန်းလာခဲ့သည်။

မီးခိုးရောင် ဝံပုလွေသည် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည့် အမူအရာကို ဆင်မြန်းကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်မေးလာခဲ့သည် “ မင်းးး …. မင်းက ဘယ်သူလဲ “

“ ငါမေးတာကို ဖြေ “ နဂါးသားရဲကြီးမှ အော်ငေါက်လာခဲ့သည်။

ကြီးမားသော လက်ကြီးဖြင့် ပြင်းပြင်းထန်ထန် ဖိညှစ်လာခဲ့သည်။

“ အားးးးးးး “

ထို့နောက်တွင် စက္ကန့်ပိုင်းမျှအကြာတွင် မီးခိုးရောင် ဝံပုလွေကြီးမှ ကြောက်လန့်တကြား အော်ပြောလာခဲ့သည်။

နဂါးသားရဲကြီး၏ အဆင့်မျိုးသို့ ရောက်ရှိနေသည့် တစ်စုံတစ်ယောက်အတွက်၊ လူတစ်ဦးကို နှိပ်စက်ရန်မှာ အလွန်တရာလွယ်ကူလွန်းနေခဲ့သည်၊ သူသည် တစ်ခြားလူတစ်ဦး၏ နာကျင်မှု အမှတ်များကို ရှာဖွေနိုင်ရုံတင် မဟုတ်ဘဲ၊ သေဆုံးသွားခြင်းမှပါ သူ့ကို ကာကွယ်ပေးနိုင်လေသည်။

တစ်နည်းဆိုရသော် သူသည် မီးခိုးရောင် ဝံပုလွေသားရဲကြီးအား အံ့ဖွယ်ကောင်းသည့် နာကျင်မှုကို အချိန်တိုအတွင်း ခံစားသွားရအောင် ပြုလုပ်နိုင်ပေသည်။

ဝံပုလွေသားရဲကြီးမှာ ရာစုနှစ်ပေါင်းများစွာအထိ ရှင်သန်နေထိုင်လာခဲ့ပြီးပြီ ဖြစ်သော်လည်း နာကျင်မှုကို တောင့်မခံနိုင်ခဲ့ပေ။

“ မဟုတ်ဘူး၊ မဟုတ်ဘူး ….. ငါပြောမယ်၊ ငါပြောပါ့မယ် “

နဂါးသားရဲကြီးသည် ထိုအခါမှသာလျှင် ဖိညှစ်ခြင်းကို ဖြေလျော့လိုက်သည်။

မီခိုး‌ရောင် ဝံပုလွေသည် တုန်တုန်ရီရီဖြင့် စကားထပ်ပြောလာခဲ့သည် “ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုက ……… အမှောင်နယ်မြေကို သွားမဲ့ လမ်းကြောင်းတစ်ခုကို ဒီနေရာမှာ တည်ဆောက်ချင်နေတာ “

“ အမှောင်နယ်မြေလား “

နဂါးသားရဲကြီးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်၊ သူထင်ထားခဲ့သည့်အတိုင်းပင် ဤကိစ္စမှာ အမှောင်နယ်မြေနှင့် သက်ဆိုင်နေခဲ့သည်။

သူသည် နယ်မြေ၃၃တွင် အရိပ်မျိုးနွယ်စုကို မြင်တွေ့ခဲ့ရသည့် အချိန်ကတည်းက ၎င်းကို မှန်းဆထားခဲ့ခြင်း ဖြစ်သည်။

“ ဆက်ပြော “

“ အတိအကျတော့ ငါလည်း မသိဘူး၊ သူတို့က အမှောင်နယ်မြေနဲ့ ဒီနယ်မြေကြားမှာ လမ်းကြောင်းတစ်ခု ဖွင့်ချင်နေတာကိုပဲ ငါသိတယ် “

“ ဘယ်အဆင့်ထိ ရောက်နေပြီလဲ “

“ အဆင့်နည်းနည်းလောက်ပဲ ထပ်လိုတော့တယ်၊ လမ်းကြောင်းက ပြီးလုနီးပါးဖြစ်နေပြီ၊ ဒီနေရာက ကြိုတင်ပြင်ဆင်မှုတွေ ပြီးသွားတာနဲ့၊ အမှောင်နယ်မြေ စစ်တပ်က ဒီနေရာကို ချီတက်လာလို့ရပြီ “

“ ဒီနေမှာ ကြိုတင်ပြင်ဆင်မှုတွေ ရှိတာလား။ အဲ့တာက ဘာတွေလဲ “

နဂါးသားရဲကြီးမှ ဝံပုလွေကြီးကို စေ့စေ့စပ်စပ် မေးမြန်းနေခဲ့သည်။

ဝံပုလွေကြီးမှ ပြန်ပြောလာခဲ့သည် “ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုက ဒီတောင်ပိုင်းစစ်မြေပြင်မှာ ပို့ဆောင်ရေး အခြေစိုက်စခန်းတွေ ဆောက်ထားတယ်။ သူတို့က နှစ်အတော်ကြာ ပြင်ဆင်နေခဲ့ကြတာ၊ အစီအရင်ကြီး အသက်ဝင်လာတာနဲ့ အမှောင်နယ်မြေစစ်တပ်က စကြာဝဠာနှစ်ခုရဲ့ ဖိနှိပ်မှုကို မခံရဘဲ၊ ဆင်းသက်လာနိုင်တယ် “

“ ပို့ဆောင်ရေး အခြေစိုက်စခန်းတွေလား။ အဲ့တာတွေက ဘယ်မှာလဲ “ နဂါးသားရဲကြီးမှ ချက်ချင်း မေးမြန်းလာခဲ့သည်။

“ မင်းက အဲ့စခန်းတွေကို ဖျက်ဆီးမလို့လား။ အဲ့တာက အသုံးမဝင်ဘူး၊ မင်းရဲ့ အချိန်တွေကို မဖြုန်းတီးဖို့ ငါအကြံပေးလိုက်မယ် “

မီးခိုးရောင် ဝံပုလွေမှ ဝမ်းနည်းကြေကွဲစွာ ပြောဆိုလာခဲ့သည် “ အဲ့စခန်းတွေကို ပေါင်းစပ်ဒြပ်စင် နယ်ပယ်က ပညာရှင်တွေက ဖန်တီးထားတာ။ အဆင့်၉ ပညာရှင်တွေကပဲ အဲ့တာကို ဖျက်ဆီးနိုင်တယ်၊ နဝမအဆင့် ပညာရှင်ကတောင် အဲ့တာတွေကို အပြတ်ရှင်းဖို့ လပေါင်းများစွာ အချိန်ယူရလိမ့်မယ် “

“ ဒါပင်မဲ့ အခြေစိုက်စခန်းတွေကို ဒီမြေထဲမှာ မြှုပ်ထားတယ်၊ တကယ်လို့ အဆင့်၉ ပညာရှင်တွေ အကုန်လုံးက ပူးပေါင်းလိုက်မယ်ဆိုရင်တောင်မှ နှစ်ရာနဲ့ချီ ဒါမှမဟုတ် နှစ်ထောင်နဲ့ချီပြီးတော့ ကြာနေလိမ့်မယ် “

ပြောနေရင်း သူ၏အမူအရာသည် အပြုံးနှင့် နာကျင်မှုများ ရောပြွန်းနေသည့် အမူအရာမျိုး ဖြစ်နေခဲ့သည် “ ငါကရော အမှောင်နယ်မြေနဲ့ ပူးပေါင်းချင်တယ်လို့ မင်းထင်နေတာလား။ အမှောင်နယ်မြေက ဒီကိစ္စကို စီစဥ်နေတာက နှစ်တော်တော် ကြာနေပြီ။ လမ်းကြောင်းကို တည်ဆောက်ပြီးတာနဲ့၊ သူတို့က ကမ္ဘာနှစ်ခုရဲ့ နိယာမကန့်သတ်ချက်တွေကို လျစ်လျူရှုပြီးတော့ အချိန်မရွေး ကျူးကျော်လာနိုင်တယ်။ ပေါင်းစပ်ဒြပ်စပ်နယ်ပယ်က ပညာရှင်တွေ ရောက်လာမယ်ဆိုရင် သူတို့တွေကို ကြယ်ပြာဂြိုဟ်ပေါ်မှာရှိတဲ့ ဘယ်သူက ယှဥ်တိုက်နိုင်မှာမို့လို့လဲ။ ခုခံမှုအားလုံးက အချည်းအနှီးပဲ “

“ ကောင်လေး၊ ရုန်းကန်နေတာကို ရပ်လိုက်တော့၊ အမှောင်နယ်မြေနဲ့ ဘာလို့ မပူးပေါင်းလိုက်ရတာလဲ။ အဲ့တာဆိုရင် အသက်ရှင်နိုင်ဖို့ အခွင့်အရေး ရှိနေသေးတယ် “

…………………………………………………………………………………………………………………………………

အပိုင်း ( 494 )

စစ်ဆင်ရေး စပြီ။ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် အခိုက်အတန့်

“ ဂျွတ် “

နဂါးသားရဲကြီးသည် မီးခိုးရောင် ဝံပုလွေ၏ လည်ချောင်းကို ဖိချေကာ ပစ်ချလိုက်သည်။

သူသည် နှစ်ပေါင်းများစွာတိုင်အောင် ခန်းမ၏ အစောင့်အရှောက်ဖြစ်နေခဲ့သည့် ဤဆဌမအဆင့် အထွတ်အထိပ် နတ်သားရဲကြီးက အမှောင်နယ်မြေနှင့် တိတ်တဆိတ် ပူးပေါင်းထားလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမှ မတွေးထားခဲ့ဖူးချေ။ သူသည် နဝမအဆင့် ပုဂ္ဂိုလ်ကြီးများကိုပင် လှည့်စားနိုင်ခဲ့သည်။

သို့သော် အဆုံးတွင် အစောပိုင်း ဆဌမအဆင့် ဂျူနီယာတစ်ယောက်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်။

နဂါးသားရဲကြီးသည် ရေခဲနယ်မြေ တားမြစ်မျှော်စင်ကို ကောက်ယူလိုက်သည်။

“ ဒီပစ္စည်းကတော့ တကယ့် ရတနာကောင်းပဲ “ နဂါးသားရဲကြီးမှာ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ ကောင်းကင်ဝါးမြို ခေါင်းလောင်းကတောင် ဒီဟာဖိနှိပ်တာကို ခံလိုက်ရတယ် “

ရေခဲနယ်မြေ တားမြစ်မျှော်စင်သည် ကမ္ဘာ့ကြယ်၏ မြင့်မြတ်ရတနာ ဆယ်ပါးအနက်မှ တစ်ခု၏ ပုံစံတူ ပစ္စည်းဖြစ်ပြီး၊ မြင်တွေ့နိုင်သော အရာအားလုံးကို အေးခဲသွားစေနိုင်သည်။

၎င်းကို အသက်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းသည် ပြိုင်ဘက်၏ လက်နက်များသော်လည်းကောင်း၊ မှော်ပညာ(သို့) သိုင်းပညာနည်းစနစ်များသော်လည်းကောင်း အသုံးပြု၍ မရတော့သည်အထိ အေးခဲစေနိုင်ပေသည်။ သို့သော် ပြိုင်ဘက်၏ နယ်ပယ်က ဤပစ္စည်းကို ကိုင်ဆောင်သူထပ် နိမ့်ကျနေမှသာလျှင် ထိုကဲ့သို့သော အကျိုးသက်ရောက်မှုမျိုး ဖြစ်ပေါ်လာမည် ဖြစ်သည်။

“ မဆိုးဘူး၊ အခုတော့ မင်းက ငါ့ဟာဖြစ်ပြီ “

နဂါးသားရဲကြီးမှာ ပြုံးရွှင်သွားခဲ့သည်။ ကောင်းကင်ဘုံ ဝါးမြိုခြင်း ခေါင်းလောင်းသည် ပြိုင်ဘက်၏ နတ်ဆိုးစွမ်းအင်နှင့် နတ်စွမ်းရည်များကို သိမ်းပိုက်နိုင်ပြီး၊ ရေခဲနယ်မြေ တားမြစ်မျှော်စင်ကမူ ရန်သူ့၏ လက်နက်များနျင့် မှော်ရတနာများကို အေးခဲစေနိုင်သည်။ အကယ်၍ ထိုနှစ်ခုကို ပေါင်းစည်းလိုက်မည်ဆိုပါက အသုံးဝင်မှုမှာ အဆုံးမဲ့သွားမည် ဖြစ်သည်။

ထို့နောက်တွင် နဂါးသားရဲကြီးသည် ရတနာကို သိမ်းဆည်းလိုက်ပြီး၊ မီးခိုးရောင် ဝံပုလွေကြီးကို ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်ထဲသို့ ထည့်လိုက်သည်။

“ အစောင့်ကိုတောင် သိမ်းသွင်းနိုင်တယ်ဆိုတော့၊ ကွမ်ဟန်တောင်ပိုင်းနယ်မြေတစ်ခုလုံးကို တကယ်ကြီးကို ကျဆုံးသွားတဲ့ပုံပဲ “

နဂါးသားရဲကြီးမှာ အတွေးနက်သွားရတော့လေသည် “ ဟိုဘက်က လူသားတွေကရော ဒီကိစ္စကို သိပါ့မလား “

လူသားများက ၎င်းကို သိသည်ဖြစ်စေ၊ မသိဖြစ်စေ၊ မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေက ဤကိစ္စကို မသိဘူးဆိုသည်မှာ သေချာနေခဲ့သည်။

“ အခြေအနေတွေက သိပ်မကောင်ဘူး “

နဂါးသားရဲကြီးသည် မီးခိုးရောင် ဝံပုလွေကြီး ပြောခဲ့သည့် စကားများကို ပြန်၍ ဆင်ခြင်သုံးသပ်နေတော့သည်။

အကယ်၍ အမှောင်နယ်မြေကသာ ကမ္ဘာနှစ်ခုစလုံး၏ နိယာမစည်းမျဥ်းများကို လျစ်လျူရှုထားနိုင်သည့် လမ်းကြောင်းတစ်ခုကို အမှန်ကတယ် တည်ဆောက်နိုင်ခဲ့မည်ဆိုပါက၊ ကြယ်ပြာဂြိုဟ်မှာ အကြီးအကျယ် ဒုက္ခရောက်သွားမည် ဖြစ်သည်။

အမှောင်နယ်မြေသည် နဝမအဆင့်ထပ် ကျော်လွန်သည့် တည်ရှိမှုတစ်ခုဖြစ်သည်။ အကယ်၍ သူတို့ကသာ နယ်မြေကျော်ဖြတ်ခြင်း၏ ဖိနှိပ်မှုကို ရှောင်လွှဲနိုင်မည်ဆိုပါက၊ နဝမအဆင့် ပညာရှင် အကုန်လုံးက အတူတကွ ပူးပေါင်းတိုက်ခိုက်ကြမည်ဆိုလျှင်တောင်မှ သူတို့ကို တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။

နယ်ပယ် မြင့်လေလေ၊ ကွာဟချက်က ပိုမိုကြီးမားလာလေလေပင် ဖြစ်သည်။

အထူးသဖြင့် နဝမအဆင့်နယ်ပယ်တွင်ဖြစ်ပြီး၊ အဆင့်တစ်ဆင့် ထိုးဖောက်ရန်မှာ အလွန်တရာ ခက်ခဲသော ကိစ္စတစ်ရပ်ဖြစ်သည်။

“ ပြီးတော့ ငါက သတင်းအချက်အလက်တွေလည်း ရခဲ့ပါသေးတယ် “

နဂါးသားရဲကြီးသည် မီးခိုးရောင် ဝံပုလွေကို မသတ်ဖြတ်ခင် အချိန်က မေးမြန်းခဲ့သည့် ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုနှင့် သိုင်းပညာရှင်များကြားရှိ အခြေအနေများကို အမှတ်ရသွားခဲ့သည်။

အမှောင်နယ်မြေက လှုပ်ရှားလာတဲ့ဟာကို ကမ္ဘာ့ကြယ်လူမသားတွေက ဘာကိစ္စ ဝင်မပါလာရတာလဲ။

၎င်းမှာ ကမ္ဘာ့ကြယ် သိုင်းပညာရှင်များနှင့် သားရဲမျိုးနွယ်စု၏ နောက်ခံအင်အားက မတူညီသောကြောင့် ဖြစ်သည်။

၎င်းတို့နှစ်ခုစလုံးကို အမှောင်နယ်မြေက ထိန်းချုပ်ထားသော်လည်း၊ ၎င်းတို့ကို ထိန်းချုပ်နေသည့် အင်အားစုများမှာ မတူညီကြပေ။

ကမ္ဘာ့ကြယ်၏ အုပ်စု ၁၂ခုကဲ့သို့ပင် အမှောင်နယ်မြေတွင်လည်း အုပ်စုများစွာ ရှိနေခဲ့သည်။

ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုကို ထိန်းချုပ်နေသည့် အမှောင်နယ်မြေ အင်အားစုမှာ ရှလော်တော်ဝင်မိသားစုဟု အမည်ရပြီး၊ ကမ္ဘာ့ကြယ် သိုင်းပညာရှင်များကို ချုပ်ကိုင်နေသည့် အင်အားစုကိုမူ ပုံရိပ်ယောင်လမင်း တော်ဝင်မိသားစုဟု ခေါ်ဆိုကြသည်။

အဆိုပါ တော်ဝင်မိသားစုနှစ်ခုသည် အမှောင်နယ်မြေ၏ တော်ဝင်မိသားစု ဆယ့်ခြောက်ခုအနက်မှ နှစ်ခုဖြစ်သည်။ သူတို့၏ စွမ်းအားက ဧကရာဇ်မိသားစုများထပ် နိမ့်ကျသော်လည်း သူတို့သည် အလွန်မြင့်မားသည့် ရာထူးအာဏာများကို ချုပ်ကိုင်ထားနိုင်စဲပင် ဖြစ်သည်။

ဝံပုလွေကြီး၏ ပြောစကားများအရ ရှလော်တော်ဝင်မိသားစုနှင့် ပုံရိပ်ယောင် လမင်း တော်ဝင်မိသားစုတို့ကြားတွင် ရန်ငြှိုးများ ရှိနေသောကြောင့် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်ရုပ်များကလည်း မသင့်မမြတ်သာ ဖြစ်နေကြသည်ဟု သိရှိခဲ့ရသည်။

“ ပုံရိပ်ဘောင် လမင်း တော်ဝင်မိသားစုရဲ့ ရည်ရွယ်ချက်က ကွမ်ဟန်စစ်မြေပြင်ရဲ့ ခံစစ်တွေကို ချိုးဖျက်ပြီးတော့ ကြယ်ပြာဂြိုဟ်ကို ကျူးကျော်မလို့ပဲ “

“ ရှလော်မိသားစုကတော့ ကမ္ဘာနှစ်ခုရဲ့ နိယာမတွေကို လျစ်လျူရှုနိုင်တဲ့ လမ်းကြောင်းတစ်ခုကို နှစ်အတော်ကြာ တည်ဆောက်နေခဲ့ပြီးတော့ ကြယ်ပြာဂြိုဟ်ကို တိုက်ခိုက်ဖို့ ပြင်နေတယ် “

နဂါးသားရဲကြီးမှာ တစ်ကိုယ်တည်း တွေးတောစဥ်းစားနေတော့သည် “ ကွမ်ဟန်ရှေ့တန်း စစ်မြေပြင်ရဲ့ ရှုံးနိမ့်မှုကြောင့်၊ လူသားတွေဆီု ကွမ်ဟန်တောင်ပိုင်း စစ်မြေပြင်ကို စောင့်ကြည့်ဖို့နဲ့ တပ်ကူပို့ဖို့အတွက် လူမရှိဘူးဖြစ်နေတယ်။ အဲ့တာကြောင့် ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုက ဒီလိုအခွင့်အရေးကို ရခဲ့တာပဲ “

ကွမ်ဟန်တောင်ပိုငး စစ်မြေပြင်က သားရဲတို့၏ တိုက်ပွဲနယ်မြေ ဖြစ်သော်လည်း၊ လွန်ခဲ့သော နှစ်များအတွင်းတွင် လူသားတို့သည် ဤနေရာတွင် တပ်စခန်းများ လာချထားခဲ့သည်။

နောက်ပိုင်းတွင် ကမ္ဘာစစ်ဖြစ်လာခဲ့သောကြောင့် တစ်ခြားသော အဓိကစစ်နယ်မြေများကို ထောက်ပံ့ပေးရန်အတွက် တောင်ပိုင်းစစ်မြေပြင်မှ တပ်များကို ပြန်၍ ရုတ်သိမ်းသွားခဲ့သည်။

ထို့နောက်၌ တောင်ပိုင်းစစ်မြေပြင်တွင် လူသားတို့ မရှိတော့ဘဲ သားရဲများသာလျှင် ကျန်ရှိနေခဲ့သည်။

ထို့အပြင် မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေမှာလည်း ဤနေရာနှင့် ပတ်သက်ပြီး၊ များစွာအာရုံစိုက်မနေခဲ့ပေ။

အမျိုးမျိုးသော အကြောင်းပြချက်များကြောင့် ဤအခြေအနေထိ ‌ရောက်ရှိလာခဲ့ရခြင်း ဖြစ်သည်။

နဂါးသားရဲကြီးသည် ဦးခေါင်းကို အသာအယာ ခါရမ်း၍ ပို့ဆောင်ရေး အစီအရင်ထဲသို့ လျင်မြန်စွာ လျှောက်လှမ်းသွားတော့သည်။

ယခုလက်ရှိ အခြေအနေသည် သူတစ်ဦးတည်း ကိုင်တွယ်ဖြေရှင်းနိုင်သည့် ကိစ္စတစ်ခု မဟုတ်ပေ၊ ထိုစခန်းများကို ဖျက်ဆီးရန်အတွက် နဝမအဆင့် ပညာရှင်များကိုပင် လိုအပ်နေခဲ့သည်။

“ ဗွီ “

ပို့ဆောင်ရေး အစီအရင်သည် အလင်းတန်းတစ်ခုကို ပစ်လွှတ်လာခဲ့ပြီး၊ နဂါးသားရဲကြီးမှာ ထိုနေရာမှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

…

မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေ၏ အလယ်ဗဟိုရှိ ကျွန်းငယ်တစ်ခုအတွင်း၌

ဤနေရာသို့ ပြန်ရောက်လာခဲ့ပြီးသည့်နောက်တွင် နဂါးသားရဲကြီးသည် အစောင့်ကို လျင်မြန်စွာ ရှာတွေ့သွားခဲ့သည်။

တိုက်ဆိုင်စွာဖြင့် ၎င်းသည် သူထွက်သွားခဲ့သည့်နေ့က မြင်တွေ့ခဲ့ရသော ဆင်သားရဲကြီးပင် ဖြစ်နေခဲ့သည်။

“ မိတ်ဆွေ၊ တောင်ပိုင်းစစ်မြေပြင်က လုံးဝကျရှုံးသွားပြီဆိုတာကို အထက်ကို သတင်းပို့ပေးပါ “

နဂါးသားရဲကြီးသည် အရှေ့သို့တက်ကာ သတင်းပေးလာခဲ့သည် “ ပြီးတော့ အမှောင်နယ်မြေက နှစ်နဲ့ချီပြီးတော့ စီစဥ်ထားတဲ့ ကိစ္စတစ်ခုကို လုပ်နေတယ်လို့ ပြောပေးပါ၊ ကိစ္စကြီးတစ်ခု ဖြစ်လာတော့မယ်၊ အသေးစိတ် အချက်အလက်တွေက မှတ်ဉာဏ်ကျောက်တုံးထဲမှာ ပါပါတယ် “

ထို့နောက်တွင် ၎င်း၏လက်ကို ဝေ့ရမ်းလိုက်ရာ၊ ဆဌဂံပုံစံ သလင်းကျောက်တစ်ခုပေါ်လာခဲ့ပြီး၊ ၎င်းသည် အလင်းတန်းတစ်ခုကို ထုတ်လွှင့်ကာ ပုံရိပ်များကို ပြသလာခဲ့သည်။

အဆိုပါ မှတ်ဉာဏ်ကျောက်တုံးသည် အထွတ်အထိပ်အဆင့် နတ်သားရဲထံမှ ရရှိခဲ့သည့် ပစ္စည်းတစ်ခုဖြစ်ပြီး၊ ၎င်းသည် ဗီဒီယို မှတ်တမ်းတင်ခြင်းကဲ့သို့ ပုံရိပ်များကို အချိန်နှင့်တပြေးညီ ဖမ်းယူနိုင်လေသည်။

ထိုစဥ် ကျောက်တုံးသည် နဂါးသားရဲကြီးနှင့် မီးခိုးရောင် ဝံပုလွေတို့ကြားရှိ စကားဝိုင်းကို ပြသနေခဲ့သည်။

၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် ဆင်သားရဲကြီးမှာ တအံ့တဩ ဖြစ်သွားခဲ့သည် “ ငါ ချက်ချင်း သတင်းပို့လိုက်မယ် “

“ အင်းး “

နဂါးသားရဲကြီးသည် မှတ်ဉာဏ်ကျောက်တုံးကို သူ့ထံသို့ ပစ်ပေးလိုက်သည် “ ဒီကိစ္စက အရေးအကြီးဆုံးပဲ၊ နှောင့်နှေးနေလို့ မဖြစ်ဘူးနော် “

ဤနေရာတွင် ရှိနေသည့် အစောင့်သည် ယုံကြည်နိုင်သေးသည့် တစ်စုံတစ်ဦးဖြစ်သည်။

အကယ်၍ ဤနေရာကပါ အ‌မှောင်နယ်မြေ၏ဆွဲဆောင်မှုကို ခံလိုက်ရမည်ဆိုပါက၊ မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေက ပျက်စီးသွားခဲ့သည်မှာ အချိန်အတော်ကြာနေလိမ့်မည် ဖြစ်သည်။

ထို့အပြင် သူသည် အမှောင်နယ်မြေက ဤနယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးစားနေသည်မှာ နှစ်ပေါင်းများစွာကြာနေခဲ့ပြီဆိုသည်နှင့်၊ အထွတ်အထိပ်အဆင့် အစစ်အမှန် နတ်သားရဲ မျိုးနွယ်စုများမှာ ထိုအချိန်ကတည်းက အမှောင်နယ်မြေအား ဆန့်ကျင်တိုက်ခိုက်နေခဲ့သည် ဆိုသည်ကို ကြားသိထားခဲ့ရသည်။

ရှေ့တန်းစစ်မြေပြင်သည် မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိသည်။

ထို့ကြောင့် သားရဲအများစုမှာ မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေအတွင်းမှာပင် နေထိုင်ကြပြီး၊ သားရဲအနည်းငယ်ကသာလျှင် ကွမ်ဟန်သို့ ရောက်ရှိသွားကြသည်။

…

ဆင်သားရဲကြီး ထွက်သွားသည့်နောက်၌ နဂါးသားရဲကြီးသည် ဤနေရာတွင် ကြာကြာဆက်မနေတော့ဘဲ ပို့ဆောင်ရေး အစီအရင်ပေါ်သို့ ထပ်မံ၍ တက်လှမ်းလာခဲ့ပြန်သည်။

………………………………………………………………………………………………………………………………………..

အပိုင်း ( 495 )

စစ်ဆင်ရေး စပြီ။ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် အခိုက်အတန့် ၂

“ ဇွီ “

အဖြူရောင် အလင်းတန်းတစ်ခု ပေါ်လာခဲ့ပြီး၊ သူသည် ကွမ်ဟန်တောင်ပိုင်း စစ်မြေပြင်ဆီသို့ တစ်ဖန်ပြန်၍ ရောက်ရှိလာခဲ့သည်။

“ အခုတော့ ငါ့ရဲ့ ကိုယ်ပိုင်အစီအစဥ်ကို အကောင်အထည်ဖော်ဖို့ အချိန်ကျပြီ ”

တောင်ပိုင်းစစ်မြေပြင်ကျဆုံးသွားခဲ့သည့် သတင်းကို ကြားခဲ့ရပြီးသည့်နောက်တွင် သားရဲမျိုးနွယ်စု၏ အဆင့်မြင့် အရာရှိများက မည်ကဲ့သို့ တုံ့ပြန်လာကြမလဲဆိုသည်ကို သူမသိချင်သကဲ့သို့ ဂရုစိုက်နေမည်လည်း မဟုတ်ပေ။

အကယ်၍ တစ်ခြားသော ဆဌမအဆင့် သားရဲများသာ ရှိနေမည်ဆိုပါက သူတို့သည် ဤအခြေအနေကြောင့် ပျာယာခတ်သွားလိမ့်မည် ဖြစ်သည်။

သို့သော် နဂါးသားရဲကြီးကမူ အားလုံးနှင့်မတူညီဘဲ၊ သူ၏ကိုယ်ပိုင် ရည်မှန်းချက်များ ရှိနေခဲ့သည်။

“ ဆွစ်ရှ် “

နဂါးသားရဲကြီး၏ အသွင်သဏ္ဍာန်သည် အရိပ်သားရဲမျိုးနွယ်စု၏ ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲသွားပြီး၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် အမှောင်ထုက ကြီးစိုးလာခဲ့သည်။

သို့ရာတွင် ယခုလက်ရှိ အချိန်၌ သူ၏အရှိန်အဝါမှာ ယခင်ကအတိုင်းသာ ဖြစ်နေခဲ့ပြီး၊ အကယ်၍ ကမ္ဘာ့ကြယ်သား ပညာရှင်တစ်ဦးဦးသာ ဤနေရာတွင် ရှိနေမည်ဆိုပါက သူသည် နဂါးသားရဲကြီးက ရုပ်ဖျက်ထားသည်ဆိုသည်ကို ချက်ချင်းသိရှိသွားမည်ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် နဂါးသားရဲကြီးမှာ ကောင်းစွာပြင်ဆင်ထားခဲ့သည်။

သူသည် နက်မှောင်နေသည့် ခြေလေးဖက်ပါ ကျောက်စိမ်း မီးဖိုတစ်ခု ထုတ်ယူလိုက်သည်။

၎င်း၏ မျက်နှာပြင်ပေါ်တွင် ရှုပ်ထွေးသော ရှေးဟောင်းကမ္ပည်းစာများ ရှိနေခဲ့ပြီး၊ ဆိုးယုတ်သော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။

အဆိုပါ မီးဖိုသည် အမှောင်နယ်မြေ၏ တော်ဝင်မိသားစု အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ယဲ့ရှောင်ထံမှ ရရှိခဲ့ခြင်းဖြစ်ပြီး၊ သက်ရှိတစ်ဦးအား အမှောင်နယ်မြေ သက်ရှိအဖြစ် ပြောင်းလဲပေးနိုင်လေသည်။

“ အသွင်ပြောင်း “

နဂါးသားရဲကြီးသည် သူ၏နတ်ဆိုးစွမ်းအင်ကို အဆိုပါ မီးဖိုငယ်ထဲသို့ ထည့်သွင်းလိုက်ကာ စတင်၍ ရုပ်ဖျက်နေတော့သည်။

ဗွီ

ထို့နောက်၌ ချက်ချင်းဆိုသလိုပင် အမှောင်စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ထဲမှ ပေါက်ထွက်လာခဲ့သည်။

အဆိုပါ အရှိန်အဝါသည် အရိပ်သားရဲမျိုးနွယ်စု၏ အငွေ့အသက်နှင့် အတိအကျ တူညီနေခဲ့သည်။

“ သားရဲတစ်သောင်း တုပတာနဲ့ ခြေထောက်လေးခု ကျောက်စိမ်းမီးဖိုကို ပေါင်းစပ်လိုက်မယ်ဆိုရင်၊ ငါက ကမ္ဘာ့ကြယ်သား သားရဲမျိုးနွယ်စုအဖြစ် အပြည့်အဝ ရုပ်ဖျက်လို့ရတယ်၊ ကျန်တဲ့ကောင်တွေက ငါ့ကို ခွဲခြားနိုင်တော့မှာ မဟုတ်ဘူး “

နဂါးသားရဲကြီးသည် အသာအယာ ပြုံးနေတော့သည်။

ယခုလက်ရှိအချိန်တွင် တစ်ခြားသော အရိပ်သားရဲတစ်ကောင်ကောင် ရောက်လာမည်ဆိုပါက ၎င်းသည် သူ့အား ၎င်း၏ မျိုးနွယ်စုဝင်တစ်ဦးအဖြစ်သာ မှတ်ယူသွားမည် ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ယခုတွင် နဂါးသားရဲကြီး၏ အသွင်အပြင်ဖြစ်စေ၊ အရှိန်အဝါဖြစ်စေ၊ အရာအားလုံးမှာ အရိပ်သားရဲမျိုးနွယ်စုနှင့် တူညီနေသောကြောင့် ဖြစ်သည်။

အရိပ်သားရဲမျိုးနွယ်စု ဘိုးဘေးတစ်ဦးက ဤနေရာသို့ ရောက်လာခဲ့မည်ဆိုလျှင်တောင်မှ သူသည် သူ့အား ဂျူနီယာဟုသာ ခေါ်လာလိမ့်မည် ဖြစ်သည်။

အရာအားလုံး ပြင်ဆင်ခဲ့ပြီးသည့်နောက်တွင် နဂါးသားရဲကြီးသည် ကောင်းကင်ထက်သို့ ခုန်တက်လာခဲ့ပြီး၊ ကွမ်ဟန်အနောက်ပိုင်း စစ်နယ်မြေရှိရာဘက်သို့ ဦးတည်သွားတော့သည်။

…

တစ်ရက်တာကုန်ဆုံးသွားသည့်နောက်

အနောက်ပိုင်း ကွမ်ဟန်စစ်မြေပြင်

တောင်ထိပ်တစ်ခုပေါ်၌

မီတာ ၆၀ကျော်မြင့်ကာ မီတာ ၁၀၀နီးပါးရှည်လျားသည့် ဧရာမ သားရဲကြီးတစ်ကောင်သည် မြေပြင်ပေါ်တွင် ဝပ်တွားနေလျက်ရှိသည်။

၎င်းမှာ အထွတ်အထိပ် နဂါးသားရဲကြီးပင် ဖြစ်သည်။

နှစ်ရက်တာ ခရီးထွက်လာခဲ့ပြီးသည့်နောက်တွင် သူသည် အနောက်ပိုင်း စစ်နယ်မြေသို့ ရောက်ရှိလာခဲ့ပြီး၊ နှစ်ရက်တာ ဖွံ့ဖြိုးတိုးတက်မှုကြောင့် ၎င်း၏ အလေးချိန်သည် ကီလိုဂရမ် တစ်သိန်းတိတိ မြင့်တက်လာခဲ့သည်။

ယခုတွင် ၎င်း၏အလေးချိန်သည် ကီလိုဂရမ် ၆သိန်းအထိ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

သူ၏အဆင့်မှာလည်း ဆဌမအဆင့် အဆင့်၂ ( ၅၀% )အထိ မြင့်တက်သွားခဲ့သည်။

“ အနောက်ပိုင်း စစ်နယ်မြေကို ရောက်လာတာနဲ့ မူလကိုယ်နဲ့ ငါ့ကြားမှာရှိတဲ့ ဆက်နွယ်မှုက ပိုပြီးတော့ အားကောင်းလာတယ် “ နဂါးသားရဲကြီးမှ ရေရွတ်ပြောဆိုနေခဲ့သည်။

ဤသည်မှာ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲမှ ထွက်လာခဲ့ပြီးသည့်အချိန်မှစ၍ သူ၏မူလကိုယ်နှင့် အနီးကပ်ဆုံး တည်ရှိဖူးသည့် ပထမဦးဆုံးအကြိမ် ဖြစ်သည်။

သို့ရာ၌ နဂါးသားရဲကြီးသည် ယခုလက်ရှိ အချိန်တွင် မူလကိုယ်နှင့် သွားမတွေ့ချင်သေးပေ။

သူသည် ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုဝင်တစ်ကောင်အဖြစ် ရုပ်ဖျက်ထားသောကြောင့်၊ ဤအသွင်အပြင်ဖြင့် ကြယ်ပြာတပ်စခန်းအတွင်းသို့ ဝင်သွားမည်ဆိုပါက ကြယ်ပြာနိုင်ငံသားတို့ကို ကြောက်လန့်သွားစေမည် ဖြစ်သည်။

သူ့ထံတွင် တတ်နိုင်သမျှ အမြန်ဆုံး ပြုလုပ်ရမည့် အရေးကြီးကိစ္စများ ရှိနေသေးသည်။

“ ဒီနေရာက အနောက်ပိုင်း စစ်မြေပြင်က စစ်နယ်မြေ ၂၃နဲ့ ကီလိုမီတာ ၅၀၀လောက် ဝေးနေသေးတယ်၊ ငါက သိပ်မကြာခင် အချိန်မှာပဲ အဲ့ကိုရောက်သင့်တယ် “

နဂါးသားရဲကြီးသည် မတ်တပ်ထရပ်ကာ အရပ်မျက်နှာကို စစ်ဆေးကြည့်ရှုပြီး၊ အနက်ရောင် လျှပ်စီးအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ တဟုန်ထိုး ပျံသန်းသွားတော့သည်။

…

အနောက်ပိုင်း စစ်မြေပြင်၊ နယ်မြေ ၂၃

တပ်ရင်း ၂၃၏ တပ်စခန်းအတွင်း၌

ရှုကျိုးသည် မြေပြင်ပေါ်တွင် တင်ပျဥ်ခွေထိုင်နေလျက်ရှိပြီး၊ မျက်လုံးများ ရုတ်တရက် ဖွင့်လာခဲ့သည်။

“ ကိုယ်ပွားက ဒီနယ်မြေဆီ ရောက်လာတော့မယ် “

ရှုကျိုးသည် ၎င်းကို အာရုံခံမိသွားကာ ပြုံးနေတော့သည် “ အဲ့တာနဲ့ဆိုရင် အစီအစဥ်ကို အကောင်အထည် ဖော်နိုင်ပြီ “

မကြာခင် အချိန်မှာပင် သူသည် မတ်တပ်ထရပ်ကာ တဲအပြင်ဘက်သို့ ထွက်လာခဲ့ပြီး၊ ကျုံးချန်ကို ရှာနေတော့သည်။

“ ညီအစ်ကိုရှု၊ မင်းထွက်လာပြီလား “

သူ့ကို မြင်လိုက်ရသောအခါတွင် ကျုံးချန်သည် အလောတကြီး ရှေ့တက်ကာ နှုတ်ဆက်လာခဲ့သည်။

ရှုကျိုးသည် ခေါင်းငြိမ့်ကာ ပြုံးပြလိုက်သည် “ တံခါးပိတ်ကျင့်ကြံပြီးတဲ့နောက်မှာ နည်းနည်းလောက် အကျိုးအမြတ် ရခဲ့တယ်လေ “

အမှန်တိုင်း ပြောရမည်ဆိုပါက သူရရှိခဲ့သည့် အကျိုးအမြတ်မှာ အနည်းငယ်မျှသာ မဟုတ်ပေ။

ဤရက်ပိုင်းအတွင်း၌ သူသည် အံ့ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် တိုးတက်လာနေခဲ့သည်။

သူစတင်၍ တံခါးပိတ် ကျင့်ကြံသည့် အချိန်မှစ၍ ယနေ့အထိ စုစုပေါင်း ငါးရက်တာ ကျင့်ကြံခဲ့ပြီး၊ ကလီစာငါးခု နတ်သန္ဓေသား ယွမ်ဆေးလုံး၏ အကူအညီဖြင့် သူ၏ နယ်ပယ်သည် အစောပိုင်း ပဥ္စမအဆင့်မှ အလယ်အလတ် ပဥ္စမအဆင့်ထိ ခုန်တက်သွားခဲ့သည်။

သူသည် နှောင်းပိုင်းပဥ္စမအဆင့်နှင့် ခြေတစ်လှမ်းမျှသာ လိုတော့သည်။

သို့ရာ၌ အဆိုပါ ခြေလှမ်းသည် ဆေးလုံးများ သောက်သုံးရုံဖြင့် ရောက်ရှိသွားနိုင်သည့် အရာမဟုတ်ဘဲ၊ ပြင်းထန်သော တိုက်ပွဲများကို ဆင်နွှဲနေရင်းဖြင့် အဆင့်တက်နိုင်မည့် အခွင့်အလမ်းကို ရှာဖွေရခြင်း ဖြစ်သည်။

ထိုကဲ့သို့ဆိုလျှင်တောင်မှ သူ၏ငါးရက်တာ တိုးတက်မှုမှာ အံ့ဖွယ်ကောင်းနေစဲပင် ဖြစ်သည်။

အကယ်၍ ကျုံးချန်ကသာ ၎င်းကို သိသွားမည်ဆိုပါက၊ သူသည် လုံးဝ အံ့ဩတုန်လှုပ်သွားမည် ဖြစ်သည်။

တစ်ဖက်ရှိ ကျုံးချန်ကမူ များများစားစား တွေးတောမနေဘဲ ရှုကျိုးက သူ၏နယ်ပယ်ကို ခိုင်မာသွားအောင် ပြုလုပ်နိုင်ခဲ့သည်ဟုသာ ထင်နေခဲ့သည်။

ထိုအချိန်၌ သူသည် လေးလေးနက်နက် ဖြစ်နေသည့် အမူအရာမျိုးဖြင့် ပြောလာခဲ့သည် “ ညီအစ်ကိုရှု၊ မင်းတံခါးပိတ်ကျင့်ကြံနေတဲ့ အချိန်တုန်းက ကမ္ဘာ့ကြယ်က ပိုစွမ်းတဲ့ တပ်ရင်းတစ်ခုကို ဒီနယ်မြေ၂၃ဆီ ထပ်ပို့လိုက်တယ် “

“ အို့ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုး၏ မျက်လုံးများ တောက်ပသွားပြီး၊ ချက်ချင်း မေးမြန်းလာခဲ့သည် “ အဲ့တာက ဘယ်နယ်မြေက တပ်ရင်းလဲ “

“ နယ်မြေ ၁၀က တပ်ရင်းပဲ “

ကျုံးချန်မှ လေးလေးနက်နက် ပြောဆိုလာခဲ့သည်။

ရှုကျိုး၏ စိတ်နှလုံးသားမှာလည်း အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။

သူသည် တပ်ရင်း၁၀နှင့် ပတ်သက်သည့် ကောလဟာလများကို ကြားထားခဲ့ဖူးသည်။

အနောက်ပိုင်း စစ်နယ်မြေတွင် ကမ္ဘာ့ကြယ်သည် စုစုပေါင်း တပ်ရင်း အခု၁၀၀အထိ တပ်စွဲခိုင်းထားပြီး၊ တပ်ရင်းတစ်ခုချင်းစီတိုင်း၏ လူအင်အားသည် တပ်သား သုံးထောင်မှ တစ်သောင်းအထိ ရှိသည်။

အကုန်လုံးကို တပ်ရင်းဟု ခေါ်ဆိုကြသော်လည်း၊ ၎င်းတို့ကြားရှိ ကွာဟချက်မှာ အလွန်တရာ ကြီးမားနေခဲ့သည်။

ဥပမာအားဖြင့် ယခင်က ကြယ်ပြာဂြိုဟ်၏ တပ်ရင်း ၂၃နှင့် တိုက်ခိုက်ခဲ့သည့် ကမ္ဘာ့ကြယ်၏ တပ်ရင်း ၃၁တွင် လူအင်အား လေးထောင်မျှသာ ရှိနေခဲ့ပြီး၊ အဆိုပါ တပ်ရင်း၏ အစွမ်းထက် ပုဂ္ဂိုလ်မှာလည်း ပဥ္စမအဆင့် အထွတ်အထိပ်တွင်သာ ရှိနေခဲ့သည်။

သို့သော် ကမ္ဘာ့ကြယ်၏ တပ်ရင်း ၁၀ကမူ ကမ္ဘာ့ကြယ်၏ တပ်ရင်းများအကြားတွင် ကျော်ကြားသော တည်ရှိမှုဖြစ်သည်။

“ ကမ္ဘာ့ကြယ်ရဲ့ တပ်ရင်း ၁၀မှာ တပ်သား ၁သောင်းကျော် ရှိတယ် “ ရှုကျိုးသည် တိုက်ပွဲအစီရင်ခံစာကို လေ့လာကြည့်ရှုနေခဲ့သည် “ အစွမ်းအထက်ဆုံးလူက အလယ်အလတ် အဆင့်၆နယ်ပယ်မှာ ရှိပြီးတော့ အစောပိုင်း အဆင့်၆ လူဆယ်ယောက်ကျော်ရှိတယ် “

“ ဒါကြီးက နည်းနည်းလေးတော့ လွန်မနေဘူးလား။ ငါတို့ကို တိုက်ဖို့အတွက် ဒီလိုတပ်ရင်းကြီးတစ်ခုကို လွှတ်လိုက်တယ်ပေါ့ “

ရှုကျိုးသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ကျုံးချန်မှ လေးလေးနက်နက် ထပ်ပြောလာခဲ့သည် “ ကမ္ဘာ့ကြယ်ရဲ့ တပ်ရင်း ၁၀က တပ်မအဆင့်ရှိတဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့တစ်ခုပဲ။ ငါတို့ကတော့ တပ်ရင်းအဆင့်ပဲ ရှိတယ်၊ အဲ့တာကြောင့် ကမ္ဘာ့ကြယ်တပ်ရင်းက သူတို့ရဲ့ တပ်မှာ လူအင်အားအပြည့် ထည့်ပေးလိုက်မှာ မဟုတ်ဘူး “

“ အဲ့တာကြောင့် ကမ္ဘာ့ကြယ်ဘက်က စေလွှတ်လိုက်တဲ့အဖွဲ့မှာ လူအင်အား လေးထောင်ပဲပါတယ်။ သူတို့ရဲ့ ခေါင်းဆောင်ကတော့ အနက်ရောင်အဆင့်ဇယားက အစောပိုင်း အဆင့်၆နယ်ပယ်မှာရှိတဲ့ ပါရမီရှင်တစ်ယောက်ပဲ “

ကျုံးချန်၏ အမူအရာမှာ အနည်းငယ် လေးနက်သွား၏။

ကမ္ဘာ့ကြယ်၏ တပ်ရင်း၃၁တွင် လူအင်အား ၃ထောင်ကျော်မျှသာ ရှိခဲ့သော်လည်း၊ ၎င်းသည် သူတို့၏ တပ်ရင်း ၂၃ကို ပြိုကွဲသွားစေသည်အထိ ဖိအားပေးနိုင်ခဲ့သည်။

ယခုတွင် ပိုမိုအစွမ်းထက်သော တပ်ရင်း ၁၀က လူအင်အား လေးထောင်ဖြင့် သူတို့ဆီသို့ ချီတက်လာနေပြီ ဖြစ်သည်။

အနက်ရောင်အဆင့်ဇယား၏ ပါရမီရှင်ကိုပင် ထည့်မတွက်ရသေးပေ။

ဤကဲ့သို့သော အခြေအနေများအောက်တွင် အရာအားလုံးက မျှော်လင့်ချက်ကင်းမဲ့နေပုံရသည်။

ကျုံးချန်သည် ရှုကျိုးကို ကြည့်ကာ လေးလေးနက်နက် မေးမြန်းလာခဲ့သည် “ ညီအစ်ကိုရှု၊ မင်းဘယ်လိုထင်လဲ “

ရှုကျိုးသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ စကားပြောလာခဲ့သည် “ ကျွန်တော်တို့ရဲ့ နေရာတွေကိုပဲ အရင်ထိန်းထားမယ်၊ ရှုန်းမာတောင်ကြားနဲ့ ကျူးရွှမ်တောင်ကြောကို အခိုင်အမာ ကာကွယ်ရမယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ကျုံးချန်မှ ခေါင်းငြိမ့်ပြလာခဲ့သည်။

ဆုံးဖြတ်ချက်ချသည့်လူက သူဖြစ်နေမည်ဆိုလျှင်တောင်မှ သူသည်လည်း ထိုကဲ့သို့သာ ပြုလုပ်မည် ဖြစ်သည်။

ရန်သူ၏ ကြောက်မက်ဖွယ်ကောင်းသော စစ်အင်အားကြောင့် တပ်ရင်း ၂၃ဘက်မှ အရင်တိုက်ခိုက်ရန်မှာ မဖြစ်နိုင်လှပေ။

ရှေ့တန်းစစ်မြေပြင်နှင့် ဘေးဘက်စစ်မြေပြင်တို့ကို ထိန်းထားရခြင်းကပင် လွယ်ကူသော တာဝန်များ မဟုတ်ပေ။

ကျုံးချန်သည် ရှုကျိုးထံတွင် တစ်ခြားသော ရည်ရွယ်ချက်တစ်ခုခု ရှိနေသည်ဆိုသည်ကို မသိပေ။

မကြာခင်အချိန်မှာပင် ရှုကျိုးသည် တွေးတောစဥ်းစား၍ အမိန့်ပေးလာခဲ့သည် “ အစ်ကိုကျန်း၊ လူတိုင်းကို တိုက်ပွဲဝင်ဖို့အတွက် အသင့်ပြင်ခိုင်းထားပါ။ အထူးသဖြင့် ရှုန်းမာတောင်ကြားနဲ့ ကျူးရွှမ်တောင်ကြောဘက်တွင်ပဲ၊ ချီတက်ဖို့အတွက် အသင့်ပြင်ခိုင်းထားပါ “

“ ဘာကြီး “

“ ချီတက်ဖို့လား “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ကျုံးချန်မှာ တအံ့တဩ ဖြစ်သွားခဲ့သည်။

ငါနားကြားမှားသွားတာတော့ မဟုတ်ဘူးမလား။

အဲ့လိုတပ်ကြီးနဲ့ ရင်ဆိုင်နေရတာတောင်မှ ချီတက်ဖို့ တွေးနေသေးတာလားဟ

အဲ့တာက တပ်ရင်း ၂၃ကို အပျောက်ရှင်းခံလိုက်ရအောင် လုပ်နေတာ မဟုတ်ဘူးလား

“ ရှု … ရှု၊ ညီအစ်ကိုရှု၊ မင်းက အတည်ပြောနေတာလား “ ကျုံးချန်၏ အသံသည် အနည်းငယ် တုန်ရင်နေလျက်ရှိသည်။

ရှုကျိုးသည် တလေးတနက်ဖြစ်နေသည့် အမူအရာမျိုးဖြင့် ပြန်ပြောလာခဲ့သည် “ အဲ့တာက သေရေးရှင်ရေး ကိစ္စပဲ၊ ကံကြမ္မာကို တစ်ကွက်တည်းနဲ့ ဆုံးဖြတ်မှာ။ ကျွန်တော့်ကို ယုံကြည်လိုက်ပါ “

ကျုံးချန်သည် သူ၏လေးလေးနက်နက် ဖြစ်နေသည့် အမူအရာကို မြင်တွေ့သွားကာ၊ စကားလုံးများကို မြိုချပြီး အံကြိတ်၍ ပြောလာခဲ့သည် “ ကောင်းပြီလေ၊ ညီအစ်ကိုရှု၊ ငါမင်းကို ယုံတယ်။ ဒါပင်မဲ့ မင်းက အခြေအနေကို တည်ငြိမ်သွားအောင် အရင်လုပ်ရမယ်၊ အဲ့လိုမှမဟုတ်ဘူးဆိုရင် အရင်ကတိုက်ပွဲတွေက အလဟာသ ဖြစ်သွားလိမ့်မယ် “

ရှုကျိုးသည် သူ၏ပခုံးကို ပုတ်ကာ နွေးနွေးထွေးထွေး ပြုံးပြလိုက်သည် “ အစ်ကိုကျုံး၊ ကျွန်တော့်ကို ယုံထားလိုက်။ ဒီတိုက်ပွဲက အနောက်ပိုင်း စစ်မြေပြင်ရဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာမှာ သေချာတယ် “

ရှုကျိုး၏ ယုံကြည်ချက်ရှိနေသော အမူအရာကို မြင်တွေ့လိုက်ရသောအခါတွင် ကျုံးချန်သည် မတွေးတောမစဥ်းစားဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။

ရှုကျိုးက ထောက်လှမ်းရေး အချက်အလက်တွေ ရထားတာများလား

စစ်ကူ‌ရောက်လာမှာ မို့လို့လား၊ ဒါမှမဟုတ် အမြင့်ပိုင်းအဆင့်က အခြေအနေတွေ ပြောင်းလဲသွားတာလား။

သူသည် မည်သည့်သတင်းကိုမှ မကြားခဲ့ရပေ။

တစ်ခဏ အကြာတွင် ကျုံးချန်သည် ခေါင်းတခါခါဖြင့် အပြင်သို့ လှည့်ထွက်သွားတော့သည်။

မည်သို့ဆိုဆိုစေကာမူ ရှုကျိုးကြောင့်သာ မဟုတ်ဘူးဆိုပါက ဤတပ်ရင်း ၂၃မှာ လုံးဝချေမှုန်းခံလိုက်ရပြီဆိုသည်ကို သူသိနေခဲ့သည်။

သူ၊ ကျုံးချန်နှင့် တပ်ရင်း ၂၃မှ တပ်သားအကုန်လုံးသည် ရှုကျိုးကို အသက်ကြွေးတင်နေကြသည်။

ယခုတွင် ရှုကျိုးက ထိုကဲ့သို့သောအမိန့်မျိုးကို ထုတ်ပြန်လာခဲ့သောကြောင့် အကြောင်းအရင်းတစ်ခု သေချာပေါက် ရှိနေမည်ဖြစ်သည်။

ထို့ကြောင့် သူ၊ ကျုံးချန်သည် အမိန့်အတိုင်းသာ လိုက်လုပ်ရမည် ဖြစ်သည်။

မကြာခင်အချိန်မှာပင် စစ်ရေးအမိန့်သည် တပ်ရင်းတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားပြီး၊ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။

သို့သော် ရှုကျိုးကမူ ၎င်းတို့ကို လျစ်လျူရှုထားပြီး၊ သူ့ကိုယ်ပွား၏ တည်နေရာကိုသာ အာရုံခံနေလျက်ရှိသည်။

“ အောင်မြင်မှုနဲ့ ကျရှုံးမှု၊ အဲ့တာက ………. “

All Chapters