← Chapters

အခန်း (၁၂၇-၁၂၈)

Vol. 7 Ch. 127-128

အခန်း (၁၂၇-၁၂၈)

Vol. 7 Ch. 127-128

အပိုင်း (၁၂၇) မင်းငါ့ကိုပဲတာဝန်ခံရမယ်

ဝူယင်တစ်ယောက် ဗလုံးဗထွေးဖြင့် ပြောဆိုနေမှုက လင်းယွမ်အား ပို၍ စိတ်မရှည်ဖြစ်စေသည်။

သူက ဝမ်အန်းကို လှမ်းကြည့်လိုက်ပြီး အော်ပြောလိုက်သည်။ "မင်း ပြောစမ်း"

ဝမ်အန်းက ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ပြောလာသည်။ "လင်းယွမ်... ဘာပဲဖြစ်ဖြစ် အဲ့ဒါက ကျွန်တော်တို့ ကင်းလှည့်အဖွဲ့ထဲက"

လင်းယွမ်၏ မျက်ခုံးများ ပင့်တက်သွားပြီး မျက်နှာထား တင်းမာသွားလေ၏။ "ကင်းလှည့်အဖွဲ့... ကင်းလှည့်အဖွဲ့က ဘာဖြစ်လဲ"

သူတို့နှစ်ဦး လန့်ဖျပ်သွားကြပြီး ဝူယင်က အလျင်အမြန် ဝင်ပြောလေသည်။ "တကယ်တော့ ဘာမှမဟုတ်ပါဘူး... ခေါင်းဆောင်တင်းယန် လက်အောက်က စွန်းတ ဆိုတဲ့လူအကြောင်းပါ"

"စွန်းတ... သူ ဘာဖြစ်လို့လဲ" ဘေးနားရှိ ကျောက်ခိုင်ကလည်း စူးစမ်းလိုစိတ်ဖြင့် ဝင်မေးလိုက်သည်။

ဝူယင်က လက်ကာပြလိုက်ပြီး "စွန်းတ မဟုတ်ဘူး... အစ်ကိုစွန်းက တကယ်တော့ ရိုးသားအေးဆေးသူပါ... ဒါပေမဲ့ သူ့သားကို အရမ်း အလိုလိုက်လွန်းတယ်"

ဝမ်အန်းက စိတ်မထိန်းနိုင်စွာ ဝင်ပြောသည်။ "အဲ့ဒါကို အလိုလိုက်တာလို့ ခေါ်သလား... သူ့သားက တိရစ္ဆာန်ထက်ဆိုးတဲ့ အလုပ်ကို လုပ်ထားတာတောင် အလိုလိုက်တာလို့ ခေါ်နိုင်သေးလား"

ဝူယင်က အလျင်စလို တားလိုက်ပြီး "ဝမ်အန်း... လျှောက်မပြောနဲ့... ဒီကိစ္စက အတည်ပြုလို့မရသေးဘူး... စွန်းရှုက ပြောတယ်လေ... ဟိုအအမလေးက သူ့ကို စွပ်စွဲတာပါဆို"

ဝမ်အန်းက ဒေါသတကြီးဖြင့် "ဒါက အသိသာကြီးကို... ဟိုကောင်က အအမလေး စကားမပြောတတ်တာကို အခွင့်ကောင်းယူပြီး အနိုင်ကျင့်တာ... ပြီးတော့ အဖြူအမည်း ပြောင်းပြန်လှန်နေတာလေ"

လင်းယွမ် နားထောင်လေ ပို၍ ထူးဆန်းလေ ဖြစ်နေသည်။ စွန်းတကို သူသိသည်။

ငါးသတ်အဖွဲ့ထဲက ကျန်းလန်ကျွမ်း၏ ယောကျ်ားဖြစ်သည်။

ကျန်းလန်ကျွမ်း ဆိုသည်မှာ ယခင်က သူ့ယောကျ်ားကို ကင်းလှည့်အဖွဲ့ထဲ ထည့်ပေးဖို့အတွက် အမမေကို အဖော်များပေးပြီး လာဘ်ထိုးဖူးသည့် အမျိုးသမီးပင်။

ထိုစဉ်က ချိုင်ကြည်၏ မိန်းမ ဝူချင်းကလည်း အကျိုးအမြတ်ရသဖြင့် ကူညီပေးခဲ့ပြီး ရန်မေကို လင်းယွမ်ထံ ခေါင်းအုံးနားကပ် ပိုပြောပေးရန် တိုက်တွန်းခဲ့ဖူးသည်။

နောက်ပိုင်းတွင် ချိုင်ကြည် ကိုယ်တိုင် လင်းယွမ်ကို လာရောက် တောင်းပန်ခဲ့သေးသည်။

ထိုကိစ္စကို လင်းယွမ် ကောင်းကောင်း မှတ်မိနေသည်။ ထို့ကြောင့် စွန်းတဆိုသူကို သူ အထူးတလည် သွားကြည့်ဖူးပြီး ရိုးသားသူတစ်ယောက်မှန်း သိခဲ့ရသည်။

သို့သော် ဒီ စွန်းရှုဆိုတာက ဘယ်သူလဲ။

စွန်းတနှင့် ကျန်းလန်ကျွမ်းတို့၏ သားလော။

သူက ထပ်ဆင့်မေးခွန်းထုတ်လိုက်သည်။ "ဘာတွေဖြစ်နေတာလဲ... မင်းတို့ ငါ့ကို အစအဆုံး ရှင်းရှင်းလင်းလင်း ပြောစမ်း"

ဝူယင်က မတတ်သာသည့်အဆုံး အခြေအနေမှန်ကို ထုတ်ပြောရတော့သည်။

"လင်းယွမ်... ဒီစွန်းရှုက စွန်းတရဲ့ သားပဲ... တိုက်ခန်းပိုင်ရှင်တစ်ယောက်က တိုင်ကြားလာတယ်... သူက သူ့အဖေ ကင်းလှည့်အဖွဲ့ဝင် ဖြစ်တာကို အခွင့်ကောင်းယူပြီး နေရာတကာ လိုက်အနိုင်ကျင့်နေတယ်တဲ့"

"ညနေစောင်းတုန်းက တိုက်ခန်းပိုင်ရှင်တစ်ယောက်နဲ့ ဒီစွန်းရှုတို့ စင်္ကြံလမ်းမှာ စကားများကြတယ်... ကိုယ်ထိလက်ရောက်တောင် ဖြစ်ခဲ့ကြသေးတယ်... အဲ့ဒီ တိုက်ခန်းပိုင်ရှင်က စွန်းရှုဟာ သူ့အဖေ စွန်းတရဲ့ နာမည်ကိုသုံးပြီး အမျိုးသမီးတွေကို စော်ကားနေပါတယ်ဆိုပြီး လာတိုင်တယ်"

လင်းယွမ် ထိုစကားကို ကြားလိုက်သည်နှင့် မျက်ဝန်းအိမ်တွင် အေးစက်ခက်ထန်သော အရိပ်အယောင်များ ဖြတ်သန်းသွားသည်။

သူက ချက်ချင်း မေးလိုက်သည်။ "မင်း စစ်ဆေးပြီးပြီလား... အဲ့ကိစ္စ အမှန်ပဲလား"

ဝူယင်က သက်ပြင်းချကာ "တိုက်ခန်းပိုင်ရှင်က စွန်းရှု သူ့သမီးကို အနိုင်ကျင့်တယ် ပြောလို့ ကျွန်တော်တို့ သူ့သမီးကို သွားမေးကြည့်တော့မှ ကောင်မလေးက ဆွံ့အနားမကြား ဖြစ်နေတာ သိလိုက်ရတယ်... စကားမပြောနိုင်ရှာဘူး"

"စွန်းရှုကတော့ ပြောတယ်... အဲ့ဒီ အအမလေးက စားစရာလိုချင်လို့ သူ့ကို လာမြှူဆွယ်တာတဲ့"

"ပြီးတော့ အဲ့ဒီကောင်မလေးက ပြန်စွပ်စွဲနေတာပါ ဆိုပြီး ပြောတယ်"

"တိုက်ခန်းပိုင်ရှင်နဲ့ သူနဲ့ ငြင်းကြခုန်ကြတာပေါ့... နှစ်ဖက်စလုံးက သူမှန်တယ် ငါမှန်တယ် ငြင်းနေကြတာ... ကောင်မလေးကလည်း ငိုပဲငိုနေတော့ ကျွန်တော်တို့လည်း ဘယ်သူမှန်လဲ ချက်ချင်း မခွဲခြားနိုင်ဘူး ဖြစ်သွားတယ်"

"နောက်ပိုင်း စွန်းတနဲ့ သူ့မိန်းမ ကျန်းလန်ကျွမ်းတို့ ရောက်လာကြတာနဲ့... ကျွန်တော်တို့လည်း ခင်ဗျားပြန်လာမှပဲ အဆုံးအဖြတ်ပေးဖို့ စောင့်နေလိုက်တော့တာ"

ဝူယင်က အကျဉ်းချုပ် ပြောလိုက်သော်လည်း လင်းယွမ်မှာမူ ထိုစဉ်က မြင်ကွင်းကို မျက်လုံးထဲ မြင်ယောင်နေပြီ ဖြစ်သည်။

ဝူယင်နှင့် ဝမ်အန်းတို့နှစ်ယောက် တရားမျှတမှုကို မဖော်ထုတ်ချင်၍ မဟုတ်ဘဲ ကျန်းလန်ကျွမ်းနှင့် စွန်းတတို့၏ အရှိန်အဝါကြောင့် တွန့်ဆုတ်သွားခြင်း ဖြစ်လိမ့်မည်။

ကျန်းလန်ကျွမ်းက ငါးသတ်အဖွဲ့မှ လူဟောင်းဖြစ်ပြီး ရန်မေ၊ ဝူချင်းတို့နှင့် ရင်းနှီးကျွမ်းဝင်သူများ ဖြစ်ကြသည်။ လင်းယွမ်ရှေ့တွင်ပင် မျက်နှာပန်းလှသူများ ဖြစ်သဖြင့် ဝူယင်အနေနှင့် သူတို့ကို အငြိုးအတေး မခံချင်သည်မှာ သေချာသည်။

စွန်းတကလည်း ကင်းလှည့်အဖွဲ့ဝင်ဖြစ်ရာ ဝူယင်မှာ တင်းတင်းကြပ်ကြပ် စစ်ဆေးရန် အခက်တွေ့နေပုံရသည်။

ကင်းလှည့်အဖွဲ့ တစ်ခုလုံးတွင် ဦးလေးမာနှင့် ချိုင်ကြည်တို့ နှစ်ယောက်မှလွဲ၍ ကျန်သည့် ခေါင်းဆောင်အားလုံးမှာ အစွမ်းကိုယ်စီ ရှိကြသူများ ဖြစ်သည်။

ဝူယင်မှာ သာမန်လူတစ်ယောက်ဖြစ်ပြီး ဤကင်းလှည့်ခေါင်းဆောင် ရာထူးကို မနည်းရယူထားရသဖြင့် မဆင်မခြင် မလုပ်ရဲသည်မှာ သဘာဝပင်။

လင်းယွမ်က သူ့အခြေအနေကို နားလည်ပေးနိုင်သော်လည်း သူ၏ လုပ်ရပ်အပေါ်တွင်မူ စိတ်ပျက်မိသည်။

သူက ဝူယင်ကို အေးစက်စွာ စိုက်ကြည့်ရင်း မေးလိုက်သည်။ "အဲ့ဒီ စွန်းရှုကရော"

ဝူယင်က လက်လျော့လိုက်သည့်ပုံစံဖြင့ "စွန်းတနဲ့ ကျန်းလန်ကျွမ်းတို့ ပြန်ခေါ်သွားပြီ"

လင်းယွမ်၏ မျက်နှာထား ချက်ချင်း မည်းမှောင်သွား၏။ "ပြန်ခေါ်သွားပြီ ဟုတ်လား... သူ့သံသယက မရှင်းသေးဘဲနဲ့ ဘယ်သူက မင်းကို လွှတ်ခိုင်းတာလဲ"

"ဟင်... ဒါ... ဒါက... လင်းယွမ်... ကျွန်တော်မှာလည်း သူ့ကိုဖမ်းဖို့ သက်သေမှ မရှိတာ"

လင်းယွမ်က ဝူယင်ကို စိတ်ပျက်လက်ပျက် ကြည့်လိုက်ပြီး "ဝူယင်... တိုက်တွဲ ခြောက်တွဲမှာ ကင်းလှည့်အဖွဲ့ ခြောက်ဖွဲ့ရှိတာတောင် ဘာအစွမ်းမှမရှိ၊ တိုက်ခိုက်နိုင်စွမ်းလည်းမရှိတဲ့ မင်းလိုလူကိုမှ ငါဘာလို့ ကင်းလှည့်ခေါင်းဆောင် ခန့်ထားလဲဆိုတာ မင်းသိလား"

ဝူယင်၏ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားပြီး နဖူးတွင် ချွေးစေးများ ပြန်လာသည်။ နှုတ်ခမ်းများ လှုပ်ရွသွားသော်လည်း ဘာပြောရမှန်း မသိတော့ချေ။

လင်းယွမ်က လေးနက်သော အသံဖြင့် ဆက်ပြောသည်။ "ချန်ဟုန်ရဲ့ ပစ္စည်းတွေကို မင်းကိုယ်တိုင် လာဆက်သပြီး ငါ့ကို သစ္စာခံတုန်းက မင်းကို လူလည်တစ်ယောက်လို့ ငါထင်ခဲ့တာ"

"ဒါပေမဲ့ အခုကြည့်ရတာ... ငါ မင်းကို အထင်ကြီးလွန်းသွားတဲ့ပုံပဲ"

"လင်းယွမ်... ကျွန်တော်"

ဝူယင်မှာ နဖူးမှ ချွေးစေးများ ဒလဟော စီးကျလာပြီး ရှင်းပြချင်သော်လည်း စကားလုံး ရှာမရ ဖြစ်နေသည်။

လင်းယွမ်က အေးစက်စွာ ရယ်မောလိုက်ပြီး "မင်းကို ငါကိုယ်တိုင် နေရာပေးခဲ့တာ... မင်းရဲ့ ဒီကင်းလှည့်ခေါင်းဆောင် ရာထူးက တိုက်တွဲ ၅ တစ်ခုလုံးရဲ့ လုံခြုံရေးကို တာဝန်ယူရတာကွ... ဒီလောက်ကြီးမားတဲ့ အာဏာကို လက်ထဲထည့်ပေးထားတာတောင် မင်းက ဒီမှာ ရေလိုက်ငါးလိုက် လုပ်နေတုန်းလား"

"မင်း ဘာကိစ္စပဲလုပ်လုပ် ငါ့ကိုပဲ တာဝန်ခံရမယ်ဆိုတာ မင်း မသိဘူးလား"

" ငါ့ကိုပြောစမ်း... မင်း ဘာကို ကြောက်နေတာလဲ"

"ဒီ စွန်းတကို ကြောက်တာလား... ဒါမှမဟုတ် ကျန်းလန်ကျွမ်းကို ကြောက်တာလား"

"ဒါမှမဟုတ် ငါက အမှားအမှန် မခွဲခြားတတ်ဘဲ လူတွေလှည့်စားသမျှ ခံရလောက်အောင် တုံးအတဲ့လူလို့ မင်းထင်နေတာလား"

လင်းယွမ်၏ အသံမှာ မကျယ်လောင်သော်လည်း စကားလုံးတိုင်းမှာ အေးစက်ခက်ထန်နေသည်။

ဝူယင် မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး အလျင်အမြန် ခေါင်းခါလိုက်သည်။ "လင်းယွမ်... တောင်းပန်ပါတယ်... ကျွန်တော်... ကျွန်တော် မှားသွားပါတယ်... စွန်းတကို ခင်ဗျားကိုယ်တိုင် ခေါင်းဆောင်တင်းယန် လက်အောက်ကို ထည့်ပေးခဲ့တာဆိုတော့ သူက ခင်ဗျားလူပဲ ဖြစ်မယ်ထင်ပြီး"

သူ ကြောက်လန့်နေသည်မှာ အမှန်ပင်။ စွန်းတကို လင်းယွမ်ကိုယ်တိုင် နှုတ်ဆက်ပြီး တင်းယန်လက်အောက်သို့ ထည့်ပေးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် စွန်းတ၏ နောက်ခံကို ကြောက်ရွံ့ပြီး လင်းယွမ် စိတ်ငြိုငြင်သွားမည်ကို စိုးရိမ်ခဲ့ခြင်း ဖြစ်သည်။

လင်းယွမ် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ဤအကြောင်းများကြောင့်ပင် သူ ကိုယ်ပိုင်အင်အားစု မထူထောင်ချင်ရခြင်း ဖြစ်သည်။

ပြဿနာများလွန်းလှသည်။

သူ့နာမည်ကိုသုံးပြီး အပြင်တွင် ဗိုလ်ကျချင်သူများ ရှိလာတတ်သည်။

ဝူယင် ကြောက်ရွံ့နေသည်မှာ စွန်းတ သို့မဟုတ် ကျန်းလန်ကျွမ်း မဟုတ်ဘဲ မိမိကိုသာ ကြောက်ရွံ့နေခြင်း ဖြစ်ကြောင်း လင်းယွမ် နားလည်လိုက်သည်။

ထို့ကြောင့် မျက်နှာထား အနည်းငယ် လျှော့လိုက်ပြီး "မင်း မှတ်ထားလိုက်... ငါကိုယ်တိုင် ပါးစပ်က ထုတ်မပြောသရွေ့ ဒီတိုက်အဆောက်အအုံထဲမှာ အရာရာတိုင်း လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ရမယ်"

"အခု မင်းကို ငါ အခွင့်အရေးတစ်ခု ပေးမယ်... ပါဝင်ပတ်သက်သူ အားလုံးကို အခန်း ၃၂၀၁ ဆီ ခေါ်လာခဲ့... ငါအဲ့ဒီမှာ စောင့်နေမယ်"

ဝူယင်က ခေါင်းကို တဆတ်ဆတ် ညိတ်ရင်း "နားလည်ပါပြီ... ကျွန်တော် အခုပဲ သွားခေါ်လိုက်ပါ့မယ်"

ထို့နောက် သူက ဝမ်အန်းကို ခေါ်၍ အခန်းထဲမှ အလျင်အမြန် ထွက်ခွာသွားကြသည်။

လင်းယွမ်က ထွက်ခွာသွားသော နှစ်ယောက်၏ ကျောပြင်ကို ကြည့်ရင်း စိတ်ရှုပ်ထွေးနေမိသည်။

မီးခိုးကြွက်လျှောက် နေရာလေးမှာ ဘာလို့များ ပြဿနာတွေ ဒီလောက်များနေရတာလဲ။

တချို့လူတွေက လက်ထဲ အာဏာလေး နည်းနည်းရလာတာနဲ့ သူတို့ကိုယ်သူတို့ ဘယ်သူမှန်း မသိကြတော့ချေ။

ကိုယ့်ဘာသာ အေးအေးဆေးဆေး ငါးဖမ်းပြီး အမှတ်ရှာကြရင် မရဘူးလား။

"တောက်"

သူ မနေနိုင်ဘဲ တောက်တစ်ချက် ခေါက်လိုက်မိသည်။

ဘေးမှ ကျောက်ခိုင်က "အစ်ကိုလင်း... ကျွန်တော် လိုက်သွားကြည့်ပေးရမလား"

လင်းယွမ် ခေါင်းညိတ်လိုက်ပြီး "မင်း လိုက်ကြည့်လိုက်... ဝူယင်နဲ့ ဝမ်အန်းက သာမန်လူတွေဆိုတော့ တကယ်တမ်း စကားများကြရင် လူခေါ်လာနိုင်ပါ့မလား မသေချာဘူး... ငါ အရင်ပြန်နှင့်မယ်"

"သိပြီ"

ကျောက်ခိုင်လည်း အလျင်အမြန် ထွက်ခွာပြီး နောက်မှ လိုက်သွားလေသည်။

လင်းယွမ်လည်း အခန်းမှ ထွက်ကာ ၃၂၀၁ သို့ ပြန်လာခဲ့သည်။

တံခါးဖွင့်လိုက်သည်နှင့် အခန်းထဲမှ မာထန်သော အသံတစ်သံ ထွက်ပေါ်လာသည်။

"ဘယ်သူလဲ"

တင်းယန်၏ အသံပင်။

ထိုတော့မှ လင်းယွမ် သတိရလိုက်သည်။ ရန်မေကို အဖော်ပြုပေးရန် တင်းယန်ကို အိမ်သို့ လာခိုင်းထားခဲ့ခြင်း ဖြစ်သည်။

သူက အလျင်အမြန် ပြန်ဖြေလိုက်သည်။ "ငါပါ... လင်းယွမ်"

ပြောရင်းဆိုရင်း မီးခြစ်ကို ခြစ်လိုက်သည်။

မီးခြစ်ဆံ မီးတောက်လေးက ဧည့်ခန်းကို လင်းလက်သွားစေသည်။

အိပ်ခန်းဘက်တွင် တံခါးပွင့်နေသည်ကို တွေ့လိုက်ရ၏။

တင်းယန်၏ လက်ထဲတွင် ဒူးလေးတစ်လက် ကိုင်ထားပြီး သူ့ဘက်သို့ ချိန်ရွယ်ထားလျက် ရှိသည်။

လင်းယွမ် ဖြစ်နေသည်ကို မြင်လိုက်ရမှ သူမ၏ ခက်ထန်သော မျက်နှာထား ပျောက်ကွယ်သွားပြီး အံ့အားသင့် ဝမ်းသာသွားသည့်ပုံ ပေါ်လာသည်။ "လင်းယွမ်... ရှင် ဒီအချိန်ကြီး ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ"

လင်းယွမ်က တင်းယန်ကို ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားသည်။

တင်းယန်မှာ အသံကြားသည်နှင့် အခြေအနေ ကြည့်ရန် ချက်ချင်း ပြေးထွက်လာခြင်း ဖြစ်သဖြင့် ညအိပ် အဝတ်အစားများ ဝတ်ဆင်ထားဆဲ ဖြစ်သည်။

သူမ၏ ခန္ဓာကိုယ် အချိုးအစားက အလွန်လှပသည်။ အထူးသဖြင့် ရင်ဘတ်ရှိ မို့မောက်နေသော အရာများပင်။

ရင်သားကြီးသော ချစ်သူရည်းစား ရှိဖူးသူတိုင်း သိကြသည့်အတိုင်း ထိုကဲ့သို့ အချိုးအစားရှိသော မိန်းကလေးများသည် အိပ်သည့်အခါ ဘရာဝတ်ရသည်ကို မကြိုက်ကြပေ။

သူတို့က ချည်နှောင်မှုများကို ဖြေလျော့ပြီး လွတ်လပ်ပေါ့ပါးစွာ ထားရသည်ကိုသာ သဘောကျကြသည်။ ထိုသို့နေမှ သက်သောင့်သက်သာ ရှိသည်မလား။

တင်းယန်ကလည်း ထိုနည်းတူပင်... ပွယောင်းယောင်း တီရှပ်အင်္ကျီတစ်ထည်သာ ဝတ်ဆင်ထားပြီး အောက်ပိုင်းတွင် စပန့်သား ဘောင်းဘီတိုလေး ဝတ်ထားသည်။

တီရှပ်အင်္ကျီက မို့မောက်နေသဖြင့် မှိန်ဖျဖျ မီးရောင်အောက်တွင် ထင်ရှားသော အမှတ်အသားနှစ်ခုကို ရှင်းလင်းစွာ မြင်နေရသည်။

တင်းယန်က လင်းယွမ်၏ အကြည့်ရောက်ရာသို့ ငုံ့ကြည့်လိုက်မိပြီး မျက်နှာတစ်ခုလုံး ချက်ချင်း နီရဲသွားလေသည်။

လင်းယွမ်လည်း မီးခြစ်ကို အလျင်အမြန် လွှတ်လိုက်ရာ အခန်းက အမှောင်ထုထဲ ပြန်လည် ကျရောက်သွားသည်။

သူတို့နှစ်ယောက်ကြား ခေတ္တမျှ တိတ်ဆိတ်သွား၏။

ထိုစဉ် အိပ်ခန်းထဲမှ ရန်မေ၏ အသံ ထွက်ပေါ်လာသည်။ "တင်းယန်... မောင်လေး ပြန်လာတာလား"

အမှောင်ထဲမှ တင်းယန်က ပြန်ဖြေလိုက်သည်။ "အင်း"

"ဟယ်... တကယ်ကြီးလား"

ရန်မေမှာ ဝမ်းသာအားရ ဖြစ်သွားပြီး အခန်းထဲမှ အလျင်အမြန် ပြေးထွက်လာသည်။ သူမလက်ထဲတွင် ညမီးအိမ်လေး တစ်လုံး ပါလာ၏။

ဒါက လင်းယွမ် အရင်က ပစ္စည်းရှာထွက်ရင်း အိမ်တစ်အိမ်မှ တွေ့ခဲ့သည့် အားသွင်းစနစ်သုံး မီးအိမ်ဖြစ်သည်။

ညမီးအိမ်လေးက အိပ်ခန်းကို လင်းသွားစေသည်နှင့် ရန်မေက တံခါးဝရှိ လင်းယွမ်ကို သေချာမြင်လိုက်ရပြီး မျက်နှာတွင် အပြုံးပန်းများ ဝေသွားသည်။

"မောင်လေး"

သူမက ငှက်ငယ်လေး အသိုက်ပြန်ဝင်သကဲ့သို့ လင်းယွမ်ဆီသို့ ပြေးဝင်လာတော့သည်။

လင်းယွမ်ကလည်း လက်နှစ်ဖက် ဆန့်တန်းကာ သူမကို ပွေ့ဖက်လိုက်သည်။

ပြည့်ဖြိုးသော ခန္ဓာကိုယ်လေး၏ အထိအတွေ့ကြောင့် လင်းယွမ်၏ ရမ္မက်မီးများ တောက်လောင်လာသည်။

စောစောက တင်းယန်ကြောင့် ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားမှုများက ပို၍ ထိန်းမရ ဖြစ်လာသလိုပင်။

ရန်မေက သူ၏ ပုံမှန်မဟုတ်သော အခြေအနေကို ချက်ချင်း သတိထားမိလိုက်ပြီး စိတ်လှုပ်ရှားနေမှုများ ရပ်တန့်သွားသည်။

သူမမျက်နှာတွင် ရှက်သွေးများ ဖြာသွားပြီး လင်းယွမ်ကို အလျင်အမြန် လွှတ်လိုက်ကာ မသိမသာ ဆိတ်လိုက်ရင်း ညှို့ဓာတ်ပြင်းသော မျက်ဝန်းများဖြင့် မျက်စောင်းထိုးလိုက်သည်။

ထို့နောက် သူမက လေသံအေးအေးလေးဖြင့် "ဒီတစ်ခေါက် အပြင်ထွက်ရတာ ပင်ပန်းနေရောပေါ့... ဘာလို့ မိုးလင်းမှ ပြန်မလာတာလဲကွယ်"

လင်းယွမ်က ပြုံးရင်း "အမကို စိတ်ပူလို့ပေါ့"

"အို... သူများကြားရင် ရှက်စရာကြီး... တင်းယန် ရှိနေတာကို" ရန်မေက ရှက်သွေးဖြာနေသော်လည်း မျက်ဝန်းထဲတွင်မူ ကြည်နူးရိပ်များ အပြည့်ပင်။

တင်းယန်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲ တစ်မျိုးဖြစ်သွားကာ "ရှင် ပြန်ရောက်ပြီဆိုတော့လည်း ပြီးတာပါပဲ... ကျွန်မ ပစ္စည်းတွေ သိမ်းပြီး ပြန်သွားအိပ်တော့မယ်"

ရန်မေက အလျင်အမြန် တားလိုက်ပြီး "အို... မိုးချုပ်နေပြီဟာကို... နင် ပြန်သွားရင် အမဝူနဲ့ ယောင်ယောင်တို့ နိုးကုန်မှာပေါ့... ဒီမှာလည်း အခန်းလွတ် မရှိတာမှ မဟုတ်တာ... အိပ်ခန်းကျဉ်းမှာပဲ အိပ်လိုက်ပါလား"

တင်းယန်က ဘာမှပြန်မပြောဘဲ လင်းယွမ်ကို လှမ်းကြည့်လိုက်သည်။

လင်းယွမ်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး "အမမေ ပြောတာ အမှန်ပဲ... ဒီမှာ နေရာမရှိတာမှ မဟုတ်တာ"

တင်းယန်က နှုတ်ခမ်းကို ကိုက်လိုက်ပြီး လင်းယွမ်ကို နက်နက်နဲနဲ ကြည့်ကာ "ရှင် ပြောတာနော်"

လင်းယွမ် ကြောင်သွားသည်။ ဘာကို ဆိုလိုမှန်း နားမလည်။

သို့သော် ရန်မေက သဘောပေါက်လိုက်ပြီး စိတ်ထဲတွင် ရှုပ်ထွေးသွားသော်လည်း "ကဲပါ... အိပ်ရုံပဲဟာကို... အမ ဆုံးဖြတ်လိုက်ပြီ... နင် ဒီမှာပဲ အိပ်လိုက်တော့"

လင်းယွမ်က မိန်းမနှစ်ယောက်ကြား ဘာစကားဝှက်တွေ ပြောနေကြမှန်း နားမလည်ပေ။ ဝူယင်တို့ ရောက်လာတော့မည်ကို သတိရလိုက်သဖြင့ "နင်တို့ အဝတ်အစား အရင် သွားဝတ်လိုက်ဦး... ခဏနေ လူတွေ ရောက်လာလိမ့်မယ်... ကျွန်တော် ရှင်းစရာ ကိစ္စလေးရှိလို့"

ရန်မေက အံ့သြသွားပြီး "ဒီအချိန်ကြီး ဘာကိစ္စ ဖြေရှင်းမလို့လဲ"

တင်းယန်လည်း နားမလည်နိုင် ဖြစ်သွားသော်လည်း စကားနားထောင်ကာ အခန်းထဲ ဝင်၍ အဝတ်အစား သွားလဲလေသည်။

နှစ်ယောက်သား ပြင်ဆင်ပြီး၍ ပြန်ထွက်လာကြသည်။

လင်းယွမ်က ဆိုဖာပေါ်ထိုင်ကာ မုန့်စားရင်း တင်းယန်ကို မေးလိုက်သည်။ "စွန်းတ ကိစ္စ နင် သိလား"

တင်းယန် ကြောင်သွားပြီး "စွန်းတ... ဘာကိစ္စလဲ"

ရန်မေလည်း အနည်းငယ် ကြောင်သွားပြီးမှ စွန်းတ ဆိုသည်မှာ ဘယ်သူမှန်း သတိရသွားသည်။ "အမကျန်းရဲ့ ယောကျ်ား စွန်းတလား... မောင်လေး... ဘာဖြစ်လို့လဲဟင်"

လင်းယွမ်က သူတို့နှစ်ဦးကို သေချာကြည့်ပြီး ပြုံးလိုက်သည်။ "ကြည့်ရတာ နင်တို့ မသိကြသေးဘူးပဲ"

သူက ဆက်ပြောလိုက်သည်။ "စောစောက ကျွန်တော် ပြန်ရောက်တော့ ဝူယင်က ကိစ္စတစ်ခု တင်ပြလာတယ်"

"တိုက်ခန်းပိုင်ရှင်တချို့က တိုင်ကြတယ်... စွန်းတရဲ့သား စွန်းရှုက သူ့အဖေ ကင်းလှည့်အဖွဲ့မှာ ရှိတာကို အခွင့်ကောင်းယူပြီး အပြင်မှာ လူတွေကို လိုက်အနိုင်ကျင့်နေတယ်တဲ့"

"အဲ့လိုကိစ္စမျိုး ရှိတယ်လား" တင်းယန်၏ မျက်နှာထား ချက်ချင်း တင်းမာခက်ထန်သွားသည်။

သူမက အမှောင်လောကကို ဖြတ်သန်းဖူးသူဖြစ်ရာ ဤကဲ့သို့ ကိစ္စမျိုးကို လုံးဝ သည်းမခံနိုင်သူ ဖြစ်သည်။

ရန်မေလည်း အံ့အားသင့်သွားပြီး "မဖြစ်နိုင်တာ... အမကျန်း ယောကျ်ားက ရိုးသားအေးဆေးတဲ့လူ မဟုတ်ဘူးလား... သူတို့သားက ဒီလောက်တောင် ဆိုးတာလား"

လင်းယွမ်က "အဲ့ဒီ တိုက်ခန်းပိုင်ရှင်ရဲ့ သမီးက ဆွံ့အနားမကြား ဖြစ်နေတယ်... တစ်ဖက်လူက စကားမပြောနိုင်တော့ ဝူယင်တို့လည်း ဒီကိစ္စကို အဆုံးအဖြတ် မပေးနိုင်ဘဲ ဘယ်လိုလုပ်ရမှန်း မသိဖြစ်နေကြတာ"

"ကျွန်တော်သာ ပြန်မရောက်လာရင် ဒီကိစ္စက ဒီလိုပဲ ပြီးသွားလောက်တယ်"

"ဒါပေမဲ့ ကျွန်တော် အစကတည်းက ပြောထားဖူးတယ်... ကျွန်တော်တို့နေတဲ့ ဒီအဆောက်အအုံထဲမှာ ဒီလိုကိစ္စမျိုး ဖြစ်ခွင့် လုံးဝမပြုနိုင်ဘူး"

ပြောရင်းနှင့် သူက ရန်မေကို ကြည့်ကာ "အမမေ... ခဏနေ ကျန်းလန်ကျွမ်း ပါလာရင် အမ ရှောင်နေလိုက်နော်"

ရန်မေ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး အလျင်အမြန် ပြောလိုက်သည်။ "မောင်လေး... ဒီကိစ္စ အမ တကယ် မသိဘူးနော်"

သူမ ပျာယာခတ်သွားသည်။ အကယ်၍ ကျန်းလန်ကျွမ်း၏ သားသာ ထိုကဲ့သို့ ယုတ်မာမှုမျိုး တကယ်လုပ်ခဲ့လျှင် အရင်းစစ်လိုက်ပါက ကိုယ့်ဘက်က ပြဿနာ ဖြစ်မလာပေဘူးလား။

ကိုယ့်ကြောင့် ကျန်းလန်ကျွမ်းနှင့် ရင်းနှီးပြီး ကျန်းလန်ကျွမ်း၏သားက အရှိန်အဝါပြ ဗိုလ်ကျရဲသည်အထိ အားကိုးရသွားခြင်းလော။

အကယ်၍သာ ထိုသို့ဖြစ်ခဲ့လျှင် လင်းယွမ်က မိမိကို ဘယ်လိုမြင်မည်နည်း။

သူမ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများနှင့် နောင်တများ ဖြစ်ပေါ်လာသည်။ ကျန်းလန်ကျွမ်းက ကျေးဇူးကန်းမည့်ပုံ မပေါ်သော်လည်း ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။

လင်းယွမ်က သူမ၏ စိတ်ကို ရိပ်မိသဖြင့် ပြုံးကာ "အမမေ... ဒီကိစ္စက အမနဲ့ မဆိုင်ပါဘူး... အရမ်း တွေးမနေပါနဲ့... အမ ရှိနေရင် စိတ်ကသိကအောက် ဖြစ်မှာစိုးလို့ပါ"

ရန်မေက ခေါင်းကို အလျင်အမြန် ခါလိုက်ပြီး "ဟင့်အင်း... အမ ဘာမှ မဖြစ်ဘူး... အမ ပြောဖူးတယ်လေ မောင်လေး... အမက အရာရာ မောင်လေးကိုပဲ အဓိကထားတာပါ... ဟိုတုန်းက အမကျန်း လာပြောတုန်းကလည်း အမ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးသားပါ"

"မောင်လေးကို အခက်တွေ့အောင် အမ မလုပ်ချင်ဘူး... အမကြောင့်နဲ့ မောင်လေး အနေရခက်တာမျိုး ပိုလို့တောင် မဖြစ်စေချင်ဘူး... အမ မောင်လေးဘက်ကနေ ခိုင်ခိုင်မာမာ ရပ်တည်တယ်ဆိုတာ လူတိုင်းသိအောင် လုပ်ပြရမယ်"

လင်းယွမ် ရယ်မောလိုက်ပြီး "ကောင်းပြီလေ... ဒါဆို ခဏနေကျရင် ကျွန်တော့်ဘေးမှာပဲ နေတော့"

"အင်း" ရန်မေက လိမ္မာစွာ ခေါင်းညိတ်လိုက်သည်။

တင်းယန်၏ မျက်နှာကမူ တင်းမာနေဆဲပင်။ "ဒီ စွန်းတကို ဒီရက်ပိုင်း ကင်းလှည့်ရင်း ကျွန်မ သတိထားကြည့်မိတယ်... တကယ့်ကို ရိုးသားအေးဆေးတဲ့ ပုံစံပါ"

"အလုပ်လုပ်တာလည်း တက်ကြွတယ်... ခိုကပ်တဲ့ပုံစံ မရှိဘူး... ဘယ်လိုလုပ် ဒီလိုသားမျိုး ရှိနေရတာလဲ"

လင်းယွမ်က ခေါင်းခါလိုက်ပြီး "လူတစ်ကိုယ် စိတ်တစ်မျိုးတဲ့... လူစိတ်ဆိုတာ ရှုပ်ထွေးတယ်... သူက ရိုးသားကောင်း ရိုးသားလိမ့်မယ်... ဒါပေမဲ့ သူ့သားကတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့"

"ထားလိုက်ပါတော့... တကယ့်အခြေအနေက ဘာလဲဆိုတာ ခဏနေ လူရောက်လာရင် သိရမှာပဲ"

"ဒါနဲ့ ဒီတစ်ခေါက် အပြင်ထွက်တဲ့ကိစ္စ နင်တို့ကို ပြောစရာ ရှိသေးတယ်"

တင်းယန်က စိတ်ဝင်စားသွားပြီး "ဘယ်လိုလဲ... ဟိုဘက်က ခွန်အားအစွမ်းပိုင်ရှင်က အရမ်းတော်နေလို့လား"

လင်းယွမ်က ခေါင်းခါလိုက်သည်။ "အဲ့ဒါ မဟုတ်ဘူး... အဲ့ဒီလူကို ရှင်းပြီးသွားပြီ... ဒီတစ်ခေါက် တိုက် (၇၅) ဘက်မှာ အဆောက်အအုံထဲ ကျူးကျော်လာတဲ့ သန္ဓေပြောင်း သတ္တဝါတွေနဲ့ တွေ့ခဲ့ရတယ်"

"ရှင်"

ဒီတစ်ကြိမ်တွင်တော့ တင်းယန်ရော ရန်မေပါ ထိတ်လန့်တုန်လှုပ်သွားကြသည်။

အဆောက်အအုံထဲ ကျူးကျော်လာတဲ့ သန္ဓေပြောင်း သတ္တဝါတွေ ဟုတ်လား။

အရင်တုန်းက ရေကြီးမှု ဘယ်လောက်ဆိုးဆိုး အနည်းဆုံးတော့ အပေါ်ထပ်ထိ ရေမရောက်လာသဖြင့် အားလုံး အေးအေးဆေးဆေး နေနိုင်ခဲ့ကြသည်။

ယခု လင်းယွမ်က သန္ဓေပြောင်း သတ္တဝါတွေ အဆောက်အအုံထဲ ကျူးကျော်လာနိုင်ပြီ ပြောလိုက်ရာ မည်သူက မကြောက်ဘဲ နေမည်နည်း။

"ဘာသတ္တဝါလဲ... ဘာတွေ ဖြစ်ခဲ့တာလဲဟင်" တင်းယန်က အလျင်အမြန် မေးလိုက်သည်။

လင်းယွမ်က သန္ဓေပြောင်း ဖားများအကြောင်း ပြောပြလိုက်ပြီး သူ၏ ခန့်မှန်းချက်ဖြစ်သော ကုန်းနေရေနေ သတ္တဝါများအကြောင်းပါ ထည့်ပြောလိုက်သည်။

"ဒီ သန္ဓေပြောင်းဖားတွေက အစပဲ ရှိသေးတယ် ထင်တယ်... နောက်ဆို ကုန်းပေါ်တက်ပြီး နေရာရှာမယ့် ကုန်းနေရေနေ သတ္တဝါတွေ ပိုများလာလိမ့်မယ်"

"အဆောက်အအုံကြီးက မလုံခြုံတော့ဘူး... ဒီနေရာကနေ ထွက်ခွာမယ့် အစီအစဉ်ကို အမြန်ဆုံး လုပ်ကြမှ ဖြစ်မယ်"

တင်းယန် မျက်နှာ ပျက်သွားပြီး "သန္ဓေပြောင်း ဖားတွေ... အပြင်က ရေတွေက ပင်လယ်ရေလား ရေချိုလား... ပင်လယ်ငါးတွေလည်း ရှိတယ်... ဖားတွေလည်း ရှိတယ်ဆိုတော့"

လင်းယွမ်က ခေါင်းခါလိုက်ပြီး "ကမ္ဘာကြီးက ပြောင်းလဲသွားပြီ... ဒီသတ္တဝါတွေ အကုန်လုံးက ပုံစံမျိုးစုံ သန္ဓေပြောင်းလဲကုန်ကြပြီ... ရေငန်လား ရေချိုလား ဆိုတာ အရေးမကြီးတော့ဘူး... အရေးကြီးတာက ဒီသတ္တဝါတွေ အားလုံး ပတ်ဝန်းကျင် အပြောင်းအလဲနဲ့ လိုက်လျောညီထွေ နေနိုင်လာကြပြီ ဆိုတာပဲ"

"ဒါပေမဲ့ ငါတို့ လူသားတွေကတော့ ဒီပြဿနာကို မကျော်လွှားနိုင်ကြသေးဘူး"

"ငါတို့တွေ ကုန်းပေါ်မှာ နေလာတာ ကြာလွန်းသွားပြီလေ"

တင်းယန်နှင့် ရန်မေတို့၏ မျက်နှာတွင် စိုးရိမ်မှုများ အပြည့်ဖြစ်နေပြီး အနာဂတ်အတွက် ပို၍ စိတ်ပျက်အားငယ်လာကြသည်။

ဤကမ္ဘာကြီး ဘာဖြစ်ကုန်တာလဲ။

လင်းယွမ်က သူတို့နှစ်ဦး၏ ပုံစံကိုမြင်သော် နှစ်သိမ့်လိုက်သည်။ "စိတ်ဓာတ် မကျကြပါနဲ့... ငါတို့ လူသားတွေလည်း ဆင့်ကဲပြောင်းလဲနေကြတာပဲ မဟုတ်လား"

"ငါတို့ဆီမှာလည်း အစွမ်းမျိုးစုံ နိုးထလာနေပြီ... ဒီရေကြီးတဲ့ခေတ်ကြီးနဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေနိုင်လာကြပြီလေ"

"ကုန်းနေရေနေ သတ္တဝါတွေ၊ ရေထဲက သတ္တဝါတွေက ငါတို့ထက် တစ်လှမ်းအရင် စောပြီး ပြောင်းလဲသွားကြရုံပဲ... ငါတို့လည်း သူတို့ကို မမီနိုင်ဘူးလို့ ပြောလို့မရဘူး"

တင်းယန်လည်း အားတက်သွားပြီး ခေါင်းညိတ်ကာ "နင်ပြောတာ ဟုတ်တယ်... တစ်နေ့ကျရင် ကျွန်မတို့လည်း ရေအောက်မှာ နေနိုင်တဲ့ စွမ်းရည်တွေ ရရင် ရလာနိုင်တာပဲ"

ရန်မေက ရုတ်တရက် အတွေးပေါက်သွားပြီး "အနောက်ဘက်က ကုန်းမြင့်ဒေသတွေရော ရေမြုပ်သွားပြီလား မသိဘူးနော်"

"မမြုပ်လောက်ပါဘူး... ဒီမှာက မြေနိမ့်ပိုင်းမို့လို့ ပင်လယ်ရေ ဝင်ပြီး ရေကြီးတာ... အနောက်ဘက်က မြေမျက်နှာသွင်ပြင် မြင့်တယ်ဆိုတော့ အဲ့ဒီထိသာ ရေလွှမ်းရင် ဒီနေရာဆို ရေအောက်ရောက်နေလောက်ပြီ" တင်းယန်က ဝင်ပြောလိုက်သည်။

လင်းယွမ်က ဘာမှ ဝင်မပြောပေ။ ဒီကမ္ဘာကြီး၏ အရာရာတိုင်းက ပြောင်းလဲနေပြီ ဖြစ်သည်။

သူတို့၏ အသိပညာ ဗဟုသုတ အားလုံးက စိမ်းသက်စ ပြုလာနေပြီ။

အနောက်ဘက်ဒေသက အရင်တုန်းကတော့ ကုန်းမြင့်ဒေသ ဟုတ်သည်။ အခုရော ဟုတ်သေးရဲ့လား။

အကယ်၍ ထိုနေရာက မြင့်နေသေးသည် ထားဦး... ကမ္ဘာလုံးဆိုင်ရာ သန္ဓေပြောင်းလဲမှု ဖြစ်စဉ်အတွင်း ရေမကြီးခဲ့လျှင်တောင် အခြား ဘေးအန္တရာယ်များ မရှိနိုင်ဘူးလား။

အနောက်ဘက်ဒေသသာ ဘေးအန္တရာယ် မကျရောက်လျှင် ထိုဘက်ရှိ စစ်တပ်ကြီး ကျန်ရှိနေဦးမည် ဖြစ်သည်။

ဒါဆို ဘာကြောင့် ကယ်ဆယ်ရေးအဖွဲ့ တစ်ဖွဲ့မှ ရောက်မလာကြသနည်း။

ဒါတွေအားလုံးက ကိစ္စတစ်ခုကို ညွှန်ပြနေသည်။ နိုင်ငံတော်ယန္တရားကြီး ရပ်တန့်သွားခဲ့ပြီ။

အနောက်ဘက်ဒေသလည်း ကြီးမားသော ဘေးအန္တရာယ် ကြုံတွေ့နေရပြီ ဆိုတာ သေချာသည်။

စကားပြောနေစဉ် ရုတ်တရက် တံခါးခေါက်သံ ထွက်ပေါ်လာသည်။

"ရန်မေ... ရန်မေ... ကျေးဇူးပြုပြီး ငါ့သားကို ကယ်ပါဦး... ငါ့သားကို ကယ်ပါဦးဟယ်"

တံခါးခေါက်သံနှင့်အတူ အပြင်ဘက်မှ ကျန်းလန်ကျွမ်း၏ စိုးရိမ်တကြီး အကူအညီတောင်းသံ ထွက်ပေါ်လာသည်။

ရန်မေ မျက်နှာပျက်သွားပြီး လင်းယွမ်ကို လှမ်းကြည့်လိုက်သည်။

လင်းယွမ်က မတ်တပ်ရပ်လိုက်ပြီး "ကျွန်တော် ပြောသားပဲ... အိပ်ခန်းထဲ ဝင်နေပါလို့"

ရန်မေက ခေါင်းခါလိုက်ပြီး "အမ သူ့ကို ရှင်းရှင်းလင်းလင်း ပြောပြလိုက်မယ်"

ပြောရင်းနှင့် သူမက တံခါးနားသို့ ဦးအောင်ပြေးသွားပြီး အပြင်မှ ကျန်းလန်ကျွမ်းကို လှမ်းပြောလိုက်သည်။ "အမကျန်း... အမသားကိစ္စကို ကျွန်မ မကူညီနိုင်ပါဘူး... ကျွန်မကို လာမရှာပါနဲ့"

ကျန်းလန်ကျွမ်းမှာ အလွန်တရာ ပူပန်သောက ရောက်သွားပြီး... "ရန်မေ... ရန်မေရယ်... အမကျန်း တောင်းပန်ပါတယ်... ဒီတစ်ခါ ညီမသာ မကူညီရင် အမသား တကယ် သေလိမ့်မယ်"

"ကျေးဇူးပြုပြီး အရင်က သံယောဇဉ်ကို ထောက်ထားပြီး အမသားကို ကယ်ပါဦး"

ဆက်ရန်...

အပိုင်း (၁၂၈) လျှိုဖိန်ဖိန်၏ အစွမ်းအား လက်တွေ့အသုံးချခြင်း

"ကျွီ"

တံခါးပွင့်သွားသည့် အသံနှင့်အတူ ကျန်းလန်ကျွမ်းမှာ တံခါးခေါက်နေဆဲ လက်ကို ရပ်တန့်လိုက်သည်။ အထဲမှ လှုပ်ရှားသံကို ကြားလိုက်ရသဖြင့် သူမ ဝမ်းသာသွားကာ ခေါင်းကို အလျင်အမြန် မော့ကြည့်လိုက်မိ၏။

သို့သော် ကြည့်လိုက်မိသည်နှင့်တပြိုင်နက် သူမ၏ မျက်နှာထားမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။

အကြောင်းမှာ တံခါးလာဖွင့်သူက ရန်မေ မဟုတ်ဘဲ လင်းယွမ် ဖြစ်နေသောကြောင့်ပင်။

ညမီးအိမ်၏ အလင်းရောင်အောက်တွင် လင်းယွမ်၏ မျက်နှာထားမှာ အလွန်အမင်း တည်တင်းခက်ထန်နေသည်။

လင်းယွမ်က အေးစက်စက် လေသံဖြင့် မေးခွန်းထုတ်လိုက်သည်။

"အမကျန်း... ခင်ဗျားနဲ့ အမမေကြားမှာ ဘယ်လို သံယောဇဉ်ကြွေးတွေ ရှိနေလို့လဲ"

"အရင်တုန်းက ဒီငါးသတ်တဲ့ အလုပ်ရဖို့ ခင်ဗျားကို အမဝူ ခေါ်လာပေးခဲ့လို့သာ ရခဲ့တာ မဟုတ်ဘူးလား"

"အခုကျမှ အမမေနဲ့ သံယောဇဉ်ကြွေး လာစကားပြောနေတာလား... ပြောလို့ရမယ့် အခြေအနေလို့ ထင်နေလား"

"ပြီးတော့ ကျွန်တော် ခင်ဗျားကို အစကတည်းက သတိပေးခဲ့ဖူးတယ်နော်... ခင်ဗျားယောက်ျား ကင်းလှည့်အဖွဲ့ထဲ ဝင်ချင်တယ်ဆိုလို့ အမဝူကို မျက်နှာထောက်ပြီး ကျွန်တော် လက်ခံပေးခဲ့တယ်... ဒါပေမဲ့ ကင်းလှည့်အဖွဲ့ထဲ ဝင်ခွင့်ပေးလိုက်တာက ခင်ဗျားတို့မိသားစု ဒီရာထူးကို အခွင့်ကောင်းယူပြီး သူများအပေါ် ဗိုလ်ကျစိုးမိုးဖို့ မဟုတ်ဘူး"

စကားပြောနေစဉ်မှာပင် တစ်ဖက်စင်္ကြံလမ်းမှ လူအုပ်ကြီးတစ်အုပ် ဝင်ရောက်လာကြသည်။

ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ကျောက်ခိုင် ဖြစ်သည်။

ကျောက်ခိုင်သည် လက်တစ်ဖက်ဖြင့် လူတစ်ယောက်ကို ဖမ်းချုပ်ဆွဲခေါ်လာခဲ့ရာ ထိုသူမှာ ရိုးသားပါသည်ဟု နာမည်ကြီးသော စွန်းတ ပင်ဖြစ်သည်။

သို့သော် ယခုအချိန်တွင် စွန်းတမှာ အသည်းအသန် ရုန်းကန်နေပြီး ဒေါသတကြီး အော်ဟစ်နေတော့သည်။

"လွှတ်... ငါ့ကို လွှတ်စမ်း... ငါ့သားကို လွှတ်ပေး... မင်းတို့ကောင်တွေ ငါ့သားကို ထိရဲထိကြည့်... ငါ မင်းတို့နဲ့ အသေခံ ပစ်လိုက်မယ်"

ကျောက်ခိုင်၏ နောက်တွင် ဝူယင်၊ ဝမ်အန်း နှင့် ချောမောလှပသော မိန်းကလေးတစ်ဦး ပါလာသည်။

လင်းယွမ် ထိုမိန်းကလေးကို သိပါသည်။ သူမသည် ရွှေအိုရောင် စပါးအုံးမြွေကို မွေးမြူထားသူ ဟွမ်ဟန် ဆိုသည့် မိန်းကလေးပင်။

ဝူယင် နှင့် ဝမ်အန်းတို့ နှစ်ယောက်ပေါင်းကာ လူငယ်တစ်ယောက်ကို လက်ပြန်ကြိုးတုပ် ဖမ်းချုပ်ထားကြသည်။

ဟွမ်ဟန်၏ ဘေးတွင် သားအဖ နှစ်ယောက်ကို ခေါ်ဆောင်လာသည်ကို တွေ့ရသည်။

ဖခင်ဖြစ်သူမှာ ဆံပင်များ ဖြူဖွေးနေပြီး မျက်နှာပေါ်တွင် နှစ်ကာလများ၏ ဒဏ်ရာဒဏ်ချက် အရေးအကြောင်းများ ထင်ဟပ်နေသည်။

သမီးဖြစ်သူ မိန်းကလေးမှာမူ အသက် ၂၀ မပြည့်သေးသည့် ပုံစံရှိပြီး ရုပ်ရည်သန့်ပြန့်ကာ ဆံပင်နှစ်ဖက်ခွဲစည်းထားပြီး မင်းသမီးလေး ဝတ်စုံကို ဝတ်ဆင်ထားသည်။

သို့သော် သူမ၏ အသားအရေမှာ ဖြူဖျော့လွန်းနေပြီး နေရောင်ခြည်နှင့် ကာလကြာရှည် မထိတွေ့ခဲ့ရသည့်ပုံ ပေါက်နေသည်။ ညအချိန်ဖြစ်သော်လည်း သူမ၏ အသားအရေမှာ အခြားသူများနှင့်မတူဘဲ သိသိသာသာ ကွာခြားနေသည်ကို မြင်နိုင်သည်။

သူမသည် ထိတ်လန့်တုန်လှုပ်နေပုံရပြီး ဖခင်ဖြစ်သူ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ ခေါင်းကို ပခုံးကြားထဲ မြှုပ်နှံထားပြီး လူများကို မော့မကြည့်ရဲရှာပေ။

သူတို့၏ နောက်တွင် သတင်းကြား၍ ရောက်လာကြသော အိမ်ပိုင်ရှင် အများအပြားလည်း ပါလာကြသည်။

"ဘာဖြစ်တာလဲဟ"

"စွန်းရှု ဘာလို့ အဖမ်းခံရတာလဲ"

"အဖမ်းခံရတာ နည်းတောင်နည်းသေးတယ်... ဒီကောင်က လူစိတ်ရှိတာ မဟုတ်ဘူး... စကားမပြောနိုင်တဲ့ အအမလေးကိုတောင် အနိုင်ကျင့်တာ"

"နေ့ခင်းတုန်းက ရန်ဖြစ်ကြသေးတယ် မဟုတ်လား... ဝူယင်တို့တောင် သူတို့ကို ဘာမှမလုပ်နိုင်ဘူး ဆို"

"စွန်းတ နဲ့ ကျန်းလန်ကျွမ်းက လင်းယွမ်ရဲ့ လူရင်းတွေလေ... ဝူယင်က ဘယ်လိုလုပ် လူဖမ်းရဲမှာလဲ... နေ့ခင်းတုန်းကတော့ သူ သတ္တိမရှိပါဘူး"

"ရှူး... တိုးတိုးနေစမ်းပါ... ကျောက်ခိုင်ပါ ပါလာတာ မမြင်ဘူးလား... လင်းယွမ် ပြန်ရောက်နေပြီ"

"ဟေ... လင်းယွမ်က အအမလေးဘက်ကနေ တရားမျှတမှု ဖော်ထုတ်ပေးမလို့လား"

"လင်းယွမ်က လျှိုအားလုံတို့ ဝမ်ကျဲတို့လို လူစားမျိုး မဟုတ်ဘူး... ငါတို့ တိုက် (၇၆) တစ်ခုလုံးရဲ့ စည်းကမ်းကို ထိန်းသိမ်းပေးမယ်လို့ သူ ပြောထားဖူးတယ်လေ"

...

လူအုပ်ကြီးထဲတွင် တီးတိုးဝေဖန်သံများ ဆူညံနေသည်။ ပြောဆိုနေကြသူများပြားသည့်အပြင် စွန်းရှု၏ ရုန်းကန်သံများ၊ စွန်းတ၏ ဒေါသတကြီး အော်ဟစ်သံများ၊ ကျန်းလန်ကျွမ်း၏ အော်ဟစ်ငိုယိုသံများကြောင့် ခဏချင်းအတွင်း ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့သည်။

အခန်း ၃၂၀၂ ၏ တံခါး ပွင့်လာပြီး ဦးလေးမာ၊ ချိုင်ကြည်၊ ဝူချင်းနှင့် အခြားသူများလည်း အခြေအနေကို ကြည့်ရှုရန် ထွက်လာကြသည်။

အောက်ထပ်မှ ဆုန့်ဝမ်၊ လျှိုဖိန်ဖိန်၊ လျှိုတနန်၊ ဟူဝေမင်တို့ မိသားစုလည်း အခြေအနေ မေးမြန်းရန် အပေါ်သို့ ပြေးတက်လာကြသည်။

တစ်ခဏအတွင်းမှာပင် လင်းယွမ်အိမ်ရှေ့တွင် လူများ စုဝေးရောက်ရှိလာကြပြီး အထဲသို့ လှမ်းမျှော်ကြည့်နေကြသည်။

လင်းယွမ်က တံခါးကို အကုန်ဖွင့်လိုက်ပြီး ဧည့်ခန်းထဲတွင် ဝင်ထိုင်လိုက်သည်။

ဦးလေးမာ၊ ချိုင်ကြည်နှင့် အခြားသူများ အခန်းထဲသို့ ဝင်လာကြသည်။ ကျန်းလန်ကျွမ်းသည် ဝူချင်းကို မြင်လိုက်သည်နှင့် မျှော်လင့်ချက်ရောင်ခြည် သန်းသွားကာ ဝူချင်း၏ လက်ကို အပြေးအလွှား ဆွဲကိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောဆိုတော့သည်။

"ညီမလေး... ငါ့ကို ကူညီပါဦး... တောင်းပန်ပါတယ်ဟာ... လင်းယွမ်ကို ပြောပေးပါဦး... ငါ့သားက တကယ် ဘာမှမလုပ်ခဲ့ပါဘူး"

ဝူချင်းမှာ လန့်ဖျပ်သွားသည်။ လက်ရှိ အခြေအနေကို ကြည့်ရုံဖြင့် သူမ မဆင်မချင်ပြော၍ မဖြစ်မှန်း သိသဖြင့် လက်ကို အမြန်ပြန်ရုတ်လိုက်ပြီး "အမကျန်း... ဘာတွေဖြစ်ကုန်တာလဲ... ကျွန်မ ဘာမှလည်း မသိရသေးဘူး" ဟု ပြောလိုက်သည်။

ချိုင်ကြည်က အခြေအနေ မဟန်မှန်းသိသဖြင့် သူ့မိန်းမ ဝူချင်းကို ချက်ချင်း ဆွဲယူလိုက်ပြီး ကျန်းလန်ကျွမ်းအား "အမကျန်း... ခင်ဗျား စိတ်မလောပါနဲ့... ကျွန်တော်တို့ အထဲဝင်ပြီး အခြေအနေ အရင်မေးကြည့်လိုက်ဦးမယ်" ဟု ပြောလိုက်သည်။

ထို့နောက် သူသည် ဝူချင်းကို အမြန်ဆွဲခေါ်ကာ ကျန်းလန်ကျွမ်းနှင့် ခပ်ခွာခွာနေစေပြီး လင်းယွမ်အိမ်ထဲသို့ ဝင်သွားကြသည်။

လင်းယွမ်က ဧည့်ခန်းထဲတွင် ထိုင်နေပြီး တင်းယန်က ကျန်းလန်ကျွမ်းနှင့် ကျောက်ခိုင် ဆွဲခေါ်လာသော စွန်းတတို့ကို တည်ငြိမ်အေးစက်သော မျက်နှာထားဖြင့် ကြည့်နေသည်။

စွန်းတသည် ကျန်းလန်ကျွမ်း ရှေ့တွင် ယောက်ျားပီသချင်ယောင်ဆောင်ကာ အော်ဟစ်နေသော်လည်း သူ့အထက်လူကြီး တင်းယန်ကို မြင်လိုက်ရသည့်အခါ သူ၏ လေလုံးများ ချက်ချင်း ပျောက်ရှသွားတော့သည်။ ရုန်းကန်အော်ဟစ်မည့် စကားလုံးများကို ချက်ချင်း မျိုချလိုက်ရပြီး အသံတောင် မထွက်ရဲတော့ပေ။

လင်းယွမ့်ဘက်ကိုမူ သူ လှည့်ပင် မကြည့်ရဲချေ။

လင်းယွမ်က "ကင်းလှည့်အဖွဲ့ဝင် အားလုံးကို အထဲဝင်ခိုင်းလိုက်" ဟု အမိန့်ပေးလိုက်သည်။

တင်းယန်က ချက်ချင်းပင် တံခါးဝသို့ လျှောက်သွားပြီး အပြင်တွင် ဝိုင်းကြည့်နေသော ဆုန့်ဝမ်နှင့် အခြားသူများကို လှမ်းခေါ်လိုက်သည်။ "ကင်းလှည့်အဖွဲ့ ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေအားလုံး အထဲဝင်ခဲ့ကြ"

လူအုပ်ကြီးက လမ်းဖယ်ပေးလိုက်ကြသဖြင့် ဆုန့်ဝမ်၊ လျှိုဖိန်ဖိန်၊ ဟူဝေမင်၊ လျှိုတနန်နှင့် အခြားသူများ အိမ်ထဲသို့ ဝင်လာကြသည်။

ရင်းနှီးပြီးသား မျက်နှာများအပြင် စိမ်းသက်နေသော မိန်းကလေး မျက်နှာသစ် အချို့လည်း ပါလာသည်။ ထိုသူများမှာ ဆုန့်ဝမ်နှင့် လျှိုဖိန်ဖိန်တို့၏ ကင်းလှည့်အဖွဲ့ထဲသို့ အသစ်ဝင်ရောက်လာသူများ ဖြစ်ကြသည်။

ထိုမိန်းကလေးများမှာ အသက်အရွယ် စုံလင်သော်လည်း ဆုန့်ဝမ်နှင့် လျှိုဖိန်ဖိန်တို့၏ နောက်တွင် လိမ္မာစွာ လိုက်ပါလာကြပြီး အခန်းထဲရှိ လင်းယွမ်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြသည်။

လူစုံသွားသောအခါ တင်းယန်က တံခါးပိတ်ရန် ပြင်လိုက်သည်။

လင်းယွမ်က ချက်ချင်း တားလိုက်သည်။ "တံခါးကို ဖွင့်ထားလိုက်... ဒီနေ့ကိစ္စကို လူတိုင်းသိအောင် ရှင်းပြပေးရမယ်"

တင်းယန်လည်း တံခါးကို ပြန်ဖွင့်လိုက်ပြီး အပြင်မှ အိမ်ပိုင်ရှင်များကို ကြည့်ခွင့်ပေးလိုက်သည်။

လင်းယွမ် ထိုင်ရာမှ ထလိုက်သည်။ စွန်းရှုနှင့် စကားမပြောနိုင်သော သားအဖကို မကြည့်ဘဲ တံခါးအပြင်ဘက်ရှိ လူအုပ်ကြီးကို ကြည့်လိုက်သည်။

သူက လေးနက်သော လေသံဖြင့် လူအများကို ပြောကြားလိုက်သည်။

"တိုက် (၇၆) က အိမ်ပိုင်ရှင်တို့... ဒီနေ့ နေ့ခင်းပိုင်းမှာ ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့တယ်... တချို့လည်း ကြားပြီးလောက်ပြီ... တချို့လည်း မသိကြသေးဘူး"

"တိုက်တွဲ (၅) က ကင်းလှည့်ခေါင်းဆောင် ဝူယင်ဆီကို တိုင်ကြားချက်တစ်ခု ရောက်လာတယ်... တိုက်တွဲ (၁) က ကင်းလှည့်အဖွဲ့ဝင် စွန်းတရဲ့ မိသားစုဝင် စွန်းရှုက သူ့အဖေ ကင်းလှည့်အဖွဲ့မှာ လုပ်တာကို အခွင့်ကောင်းယူပြီး အပြင်လူတွေအပေါ် အာဏာပြ အနိုင်ကျင့်တယ် ဆိုတဲ့ တိုင်ကြားချက်ပဲ"

"ဝူယင်... မင်း ရှင်းပြလိုက်"

ဝူယင်က လူအုပ်ရှေ့သို့ ထွက်လာပြီး နေ့ခင်းက ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြသည်။

"ဒီနေ့ နေ့ခင်း ကျွန်တော် ကင်းလှည့်နေတုန်း စွန်းရှု နဲ့ လုတရုံတို့ လုံးထွေးသတ်ပုတ်နေတာကို တွေ့လိုက်ရတယ်... ကျွန်တော်တို့လည်း သူတို့ကို ချက်ချင်း လူချင်းခွဲလိုက်ပြီး မေးမြန်းကြည့်တဲ့အခါ... လုတရုံက ပြောတယ်... စွန်းရှုက သူ့သမီးကို အနိုင်ကျင့်တယ်တဲ့... ပြီးတော့ သူ့အဖေက ကင်းလှည့်အဖွဲ့ဝင်မို့လို့ ပြန်မပြောနဲ့ဆိုပြီး လုတရုံကို ခြိမ်းခြောက်တယ်တဲ့"

အပြင်မှ လူများက ထိုစကားကို ကြားသည်နှင့် ပွက်လောရိုက်သွားကြသည်။

"စွန်းရှု ဒီကောင်... တိရစ္ဆာန်ပဲ... ဒီလိုကိစ္စမျိုး လုပ်ရဲတယ်ပေါ့"

"စွန်းမျိုးရိုးတွေက ယုတ်မာလိုက်တာ"

"လင်းယွမ်... ဒီခွေးမသားကို ကောင်းကောင်း ပညာပေးလိုက်ပါ"

ဒေါသထွက်နေသူ အချို့က အော်ဟစ်ဆဲဆိုကြတော့သည်။

သူတို့အားလုံးသည် လျှိုအားလုံ၊ ဝမ်ကျဲတို့ လူစု၏ အနိုင်ကျင့်မှုကို ခံခဲ့ရဖူးသူများ ဖြစ်သဖြင့် ယခုလို အဖြစ်အပျက်မျိုးကို ကြုံတွေ့ရသည့်အခါ ကိုယ်ချင်းစာစိတ် ဖြစ်ပေါ်လာပြီး ဒေါသပေါက်ကွဲကြခြင်း ဖြစ်သည်။

မြေကြီးပေါ်တွင် အဖိခံထားရသော စွန်းရှုမှာ ကြောက်လန့်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။ လူတိုင်းက သူ့ကို ဝိုင်းဆဲနေကြသည်ကို မြင်သောအခါ သူ အသည်းအသန် အော်ဟစ်ငြင်းဆိုတော့သည်။

"မလုပ်ဘူး... မလုပ်ဘူး... ကျွန်တော် အစွပ်စွဲခံရတာပါ... အဲ့ဒီ အအမက ကျွန်တော့်ကို ဖြားယောင်းသွေးဆောင်တာပါ"

"ပြီးတော့ လုတရုံ... လုတရုံက သူ့သမီးနဲ့ စားစရာ လဲချင်လို့ပါ... ကျွန်တော် သူတို့ကို အတင်းအကြပ် မလုပ်ခဲ့ပါဘူး"

စွန်းရှုက အော်ဟစ်ပြောဆိုလိုက်ရာ စွန်းတလည်း သူ့သားကို ဝိုင်းဝန်းဆဲဆိုနေကြသည်ကို မြင်ပြီး ရင်နာလွန်းသဖြင့် သတ္တိမွေးကာ အော်ဟစ်လိုက်သည်။

"လင်းယွမ်... ငါ့သားက အစွပ်စွဲခံရတာပါလို့ ပြောနေတယ်လေ... ငါ့သားက လိမ်တတ်တဲ့ကောင် မဟုတ်ဘူး... သူ မလုပ်ဘူးဆိုရင် မလုပ်တာ သေချာတယ်"

ကျန်းလန်ကျွမ်းလည်း မြေကြီးပေါ် ဒူးထောက်ချလိုက်ပြီး လင်းယွမ်ကို တောင်းပန်တိုးလျှိုးတော့သည်။ "လင်းယွမ်ရယ်... ကျွန်မယောက်ျားက ရိုးသားတဲ့သူပါ... ကျွန်မသားကလည်း အမြဲတမ်း လိမ္မာပြီး စကားနားထောင်တဲ့ကလေးပါ... ဒီလိုကိစ္စမျိုး ဘယ်လုပ်ပါ့မလဲ"

"ခင်ဗျားတို့ ပါးစပ်ပိတ်ထား... ခင်ဗျားတို့ လိမ်နေတာ"

ထိုမိသားစု ဖြေရှင်းချက် မပေးနိုင်ခင်မှာပင် သမီးဖြစ်သူ၏ လက်ကို ဆုပ်ကိုင်ထားသော လုတရုံက ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူ၏ မျက်နှာအိုစာစာပေါ်တွင် အရေးအကြောင်းများ ပြည့်နှက်နေသည်။ အမှန်တကယ်တော့ သူက အသက် လေးဆယ်ဝန်းကျင်သာ ရှိသေးသော်လည်း ဆံပင်နှင့် မုတ်ဆိတ်များ ဖြူရောနေပြီး ဘဝ၏ ခါးသီးမှုများကို အလူးအလဲ ခံစားခဲ့ရကြောင်း သိသာလှသည်။

သူက တစ်ချက်အော်ဆဲလိုက်ပြီးနောက် လင်းယွမ့်ဘက်သို့ လှည့်ကာ ဒူးထောက်ချလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလေသည်။

"လင်းယွမ်... ကျွန်တော် ဒီနေ့ တခြားသူတွေနဲ့အတူ ငါးဖမ်းထွက်ရင်း သမီးလေးကို အိမ်မှာ တစ်ယောက်တည်း ထားခဲ့မိတယ်"

"နေ့လယ်လောက်ကျတော့ ငါး တော်တော်များများ ရတာနဲ့ မတော်တဆ တစ်ခုခု ဖြစ်မှာစိုးလို့ ရတဲ့ငါးတွေကို အိမ်အရင်ပြန်ထားပြီးမှ ပြန်ထွက်လာမယ်လို့ စိတ်ကူးလိုက်တယ်"

"အိမ်ပြန်ရောက်ရောက်ချင်း မြင်လိုက်ရတာက ဒီခွေးမသားက ကျွန်တော့်အိမ်ထဲရောက်နေပြီး ကျွန်တော့်သမီးကို ဖက်ထားတာပဲ"

"ကျွန်တော့်သမီးက အအမလေးပါ... စကားလည်း မပြောတတ်ဘူး... ဒါပေမဲ့ သူ အသည်းအသန် ရုန်းကန်နေတာ မြင်တော့ ကျွန်တော် ဒေါသထွက်ပြီး ဒီကောင်ကို ဝင်လုံးပြီး ရိုက်နှက်မိတော့တာပဲ"

"အစအဆုံး ကျွန်တော် သူ့ကို နှစ်ခွန်းလောက်ပဲ ဆဲခဲ့တာ... စားစရာနဲ့ လဲတယ်ဆိုတဲ့ တိရစ္ဆာန်စကားမျိုး ကျွန်တော် ဘယ်တုန်းကမှ မပြောခဲ့ဘူး"

"ကျွန်တော့်သမီးက နားမကြား စကားမပြောတတ်တဲ့ ကလေးပါ... ဒီကောင်နဲ့ ဒီလိုကိစ္စမျိုး ပြောဆိုဆွေးနွေးဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ဒီကောင် အစအဆုံး လိမ်နေတာ... သူ ကျွန်တော့်သမီးကို အနိုင်ကျင့်တာပါ... လင်းယွမ်... ကျွန်တော်တို့ကို ကယ်ပါဦး... တရားမျှတမှု ရှိအောင် ဆုံးဖြတ်ပေးပါ"

လုတရုံ၏ မျက်လုံးများ နီရဲနေပြီး မျက်ရည်များ ဝဲနေသည်။

လင်းယွမ် ခေါင်းညိတ်လိုက်ပြီး "စိတ်မလှုပ်ရှားပါနဲ့... ဦးလေး လုတရုံ... ဦးလေးပြောတာသာ မှန်မယ်ဆိုရင် ကျွန်တော် ဘယ်သူ့ကိုမှ ညှာမှာ မဟုတ်ပါဘူး... ဦးလေးအတွက် တရားမျှတမှု ရစေရပါမယ်" ဟု ပြောလိုက်သည်။

ထို့နောက် သူသည် အပြင်ဘက်ရှိ လူအုပ်ကြီးဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ကျွန်တော်တို့ ဒီတိုက်ထဲမှာ လျှိုအားလုံလို လူယုတ်မာမျိုးတွေ ရှိခဲ့ဖူးသလို ဝမ်ကျဲတို့လို တိရစ္ဆာန်ကောင်တွေလည်း ရှိခဲ့ဖူးတယ်"

"ကျွန်တော် သူတို့ကို မသတ်ခင်ကတည်းက လူတိုင်းကို ပြောခဲ့ပြီးသားပါ"

"ကျွန်တော်က သူတော်စင် မဟုတ်ဘူး... သူတို့ကို သတ်ရတာက ဒီလိုကောင်တွေ ကြီးစိုးနေတာကို မကြည့်ရက်လို့ပဲ"

"ကျွန်တော်က လူတိုင်းအတွက် ငြိမ်ဝပ်ပိပြားပြီး လုံခြုံမှုရှိတဲ့ နေထိုင်မှု ပတ်ဝန်းကျင်တစ်ခုကို ပြန်ပေးချင်တာ"

"ကံကောင်းလို့ အားလုံးက ကျွန်တော့်ကို ထောက်ခံပေးကြတယ်... ကျွန်တော် လျှိုအားလုံကို သတ်ခဲ့တယ်... ဝမ်ကျဲတို့အဖွဲ့ကို ရှင်းပစ်ခဲ့တယ်... အားလုံးက ကျွန်တော့်ကို ယုံကြည်ပြီး ဒီတိုက်ကို စီမံခန့်ခွဲခွင့် ပေးခဲ့ကြတယ်"

"ဒါပေမဲ့ အခုတော့ ကျွန်တော့် မျက်စိအောက်မှာတင် တိရစ္ဆာန်လို အပြုအမူမျိုး လုပ်တဲ့သူ ပေါ်လာပြန်ပြီ"

"ခင်ဗျားတို့ ပြောကြည့်ကြစမ်း... ကျွန်တော် ဘယ်လို လုပ်သင့်လဲ"

သူ့စကားဆုံးသည်နှင့် လူအုပ်ကြီးထဲမှ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။ "ဒီတိရစ္ဆာန်ကောင်ကို ရိုက်သတ်ပစ်သင့်တယ်"

"ဘာပြောစရာ လိုသေးလို့လဲ... စကားမပြောနိုင်တဲ့ ကလေးကိုတောင် မရှောင်ဘူး... တကယ့် တိရစ္ဆာန်ပဲ"

"စွန်းရှုက ဒီလိုကိစ္စမျိုး လုပ်ရဲလိမ့်မယ်လို့ ထင်မထားဘူး... သောက်ကျိုးနည်း... လျှိုအားလုံတို့ ကြီးစိုးတုန်းကကျတော့ ဒီခွေးမသားက ဘာလို့ ခေါင်းမထောင်ရဲတာလဲ"

"လူကိုသာ မြင်ရပြီး စိတ်ကို မမြင်ရဘူး ဆိုတာ ဒါမျိုးပဲ... စွန်းတကတော့ ရိုးသားပါရဲ့... သူ့သားကျမှ ဘယ်လိုဖြစ်တာလဲ"

လူအုပ်ကြီးမှာ ဝေဖန်သံများ ဆူညံနေပြီး ဒေါသထွက်သူများ ရှိသလို စိတ်ပျက်လက်ပျက် ဖြစ်သူများလည်း ရှိကြသည်။

သို့သော် စွန်းရှုကတော့ သေတာတောင် ဝန်မခံဘဲ ဆက်လက်အော်ဟစ်နေသည်။ "မတရားခံရတာ... လင်းယွမ်... ကျွန်တော် တကယ် မတရား စွပ်စွဲခံရတာပါ... အဖေ... အဖေနဲ့ အမေ... ကျွန်တော့်ကို ကယ်ကြပါဦး"

စွန်းတလည်း သူ့သား၏ အဖြစ်ကိုမြင်ပြီး အော်ဟစ်လိုက်သည်။ "လင်းယွမ်... ငါ လက်မခံဘူး... ငါတို့ လက်မခံဘူး... သူခိုးဖမ်းရင် သက်သေအထောက်အထား ရှိရမယ်လေ... သူတို့ ပြောသမျှ အဟုတ် ထင်လို့ မရဘူး"

"ငါ့သားက အဲ့လိုလူမျိုး လုံးဝ မဟုတ်ဘူး... ဒီလိုကိစ္စမျိုး လုပ်လိမ့်မယ်လို့ ငါ မယုံဘူး"

ကျန်းလန်ကျွမ်းကလည်း ထပ်ဆင့်ပြောသည်။ "လင်းယွမ်... ကျွန်မသားက ဒီလိုကိစ္စမျိုး ဘယ်လုပ်ပါ့မလဲ... သူက ဘာအရည်အချင်းမှ မရှိလို့ ကျောင်းပြီးကတည်းက အိမ်မှာပဲ နေနေရတာ... အလုပ်တောင် ရှာမရတဲ့ကောင်က ဒီလို ရိုင်းစိုင်းတဲ့လုပ်ရပ်မျိုး ဘယ်လုပ်ရဲပါ့မလဲ"

"ဒါ အထင်လွဲနေတာ သေချာတယ်... သူ အစွပ်စွဲခံနေရတာပါ"

လုတရုံက ဒေါသတကြီး ပြန်အော်သည်။ "ငါ့မျက်စိနဲ့ တပ်အပ် မြင်ခဲ့တာ... ဘယ်လိုလုပ် စွပ်စွဲရမှာလဲ"

နှစ်ဖက်စလုံး အပြင်းအထန် ငြင်းခုံနေကြတော့သည်။

လူတိုင်း ဘယ်သူ့စကားကို နားထောင်ရမှန်း မသိ ဖြစ်ကုန်ကြသည်။

အရင်တုန်းကသာဆိုလျှင် စောင့်ကြည့်ကင်မရာတွေ ရှိမည်၊ ဖုန်းတွေ ရှိမည်၊ ကိစ္စတစ်ခုခုဖြစ်လျှင် ဓာတ်ပုံရိုက်ထားနိုင်မည်၊ သက်သေအထောက်အထား ရှာဖို့ လွယ်ကူသည်။

သို့သော် ယခုလို အခြေအနေမျိုးတွင် ပါးစပ်ပြောစကားကိုသာ အားကိုးနေရသည့် အဖြစ်ပင်။

လင်းယွမ်၏ မျက်နှာထားမှာ တည်ငြိမ်နေပြီး စိတ်လောပုံ မရပေ။

နှစ်ဖက်စလုံး သူတို့အကြောင်းပြချက်နှင့် သူတို့ ငြင်းခုံနေကြသည်ကို သူ ကြည့်နေလိုက်သည်။

စကားမပြောတတ်သော ကောင်မလေး တစ်ယောက်တည်းသာ ခေါင်းငုံ့ပြီး ကြောက်ရွံ့နေသည့် မျက်နှာဖြင့် လုတရုံကို တွဲခိုထားရှာသည်။

လင်းယွမ့်မျက်လုံးများ အရောင်လက်သွားပြီး တစ်စုံတစ်ခုကို သတိရသွားကာ မလှမ်းမကမ်းတွင် ရပ်နေသော လျှိုဖိန်ဖိန် ဘက်သို့ လှည့်ကြည့်လိုက်သည်။

"လျှိုဖိန်ဖိန်"

လျှိုဖိန်ဖိန်မှာ စွန်းရှုနှင့် လုတရုံ ဘယ်သူလိမ်နေသလဲ စဉ်းစားနေစဉ် လင်းယွမ် ခေါ်လိုက်သံကြောင့် လန့်သွားသည်။

သူမ လင်းယွမ့်ကို အမြန်ကြည့်လိုက်ပြီး "အစ်ကိုလင်း... ကျွန်မကို ခေါ်လိုက်တာလား" ဟု မေးလိုက်သည်။

လင်းယွမ်က လက်ယပ်ခေါ်လိုက်သည်။ "နင် ဒီကို လာခဲ့"

လျှိုဖိန်ဖိန် အမြန်လျှောက်လာခဲ့ပြီး လင်းယွမ်က ဒီအချိန်ကြီး သူမကို ဘာလို့ခေါ်တာပါလိမ့်ဟု စိတ်ထဲတွင် တွေးနေမိသည်။

"နင့်ရဲ့ အစွမ်းကို ဘယ်လောက်ထိ သုံးတတ်နေပြီလဲ" လင်းယွမ်က မေးလိုက်သည်။

လျှိုဖိန်ဖိန် ကြောင်အသွားသည်။ ဒီလိုအချိန်ကြီးမှ လင်းယွမ်က ဒီမေးခွန်းကို မေးလိမ့်မည်ဟု သူမ မထင်ထားခဲ့။

သူမက အားနာသလိုဖြင့် "အခုလောလောဆယ်တော့ ကျွန်မရဲ့ မှတ်ဉာဏ်ပေါ် မူတည်ပြီး ရိုးရှင်းတဲ့ စိတ်စွမ်းအင် ဝင်္ကပါလောက်ပဲ ဖန်တီးနိုင်ပါသေးတယ်" ဟု ဖြေလိုက်သည်။

လင်းယွမ်က စဉ်းစားဟန်ဖြင့် "နင့်ရဲ့ ဝင်္ကပါထဲ ရောက်နေတဲ့သူနဲ့ နင် စကားပြောလို့ ရလား" ဟု မေးလိုက်သည်။

လျှိုဖိန်ဖိန် အံ့ဩသွားသည်။ "အဲ့ဒါတော့... ကျွန်မလည်း မစမ်းဖူးသေးဘူး"

လင်းယွမ်က အအမလေးကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။ "ဒီကလေးမလေးက စကားမပြောတတ်ဘူး... နားလည်း မကြားဘူး... ဒါပေမဲ့ သူ့ရဲ့ စိတ်ကမ္ဘာကတော့ ပြည့်စုံနေမှာ သေချာတယ်"

"နင့်ရဲ့ အစွမ်းကိုသုံးပြီး သူ့ကို နင့် စိတ်ဝင်္ကပါထဲ ဆွဲခေါ်စေချင်တယ်... ပြီးရင် ဖြစ်ပျက်ခဲ့တဲ့ အကြောင်းစုံကို သေချာ မေးကြည့်ပေး"

"ဟင်... အဲ့လိုလုပ်လို့ ရတယ်လား"

လျှိုဖိန်ဖိန် အံ့ဩမှင်သက်သွားသည်။ သူမ၏ စိတ်စွမ်းအင် ဝင်္ကပါကို ဒီလိုနည်းနဲ့ အသုံးပြုလို့ ရနိုင်မှန်း သူမ လုံးဝ မတွေးမိခဲ့။

လင်းယွမ်သည် သူမ၏ ဝင်္ကပါထဲသို့ ရောက်ဖူးသဖြင့် သူမ၏ အစွမ်းသတ္တိကို ကောင်းကောင်း နားလည်ထားသည်။

လျှိုဖိန်ဖိန်၏ စိတ်စွမ်းအင် ဝင်္ကပါသည် ပြိုင်ဘက်၏ ဝိညာဉ်စိတ်အာရုံကို သူမ၏ စိတ်ကမ္ဘာထဲသို့ တိုက်ရိုက် ဆွဲခေါ်သွားနိုင်စွမ်း ရှိသည်။

သူမ စိတ်ကူးဖြင့် ဖန်တီးထားသော ဝင်္ကပါကမ္ဘာထဲတွင် ရန်သူ၏ စိတ်အာရုံကို ပိတ်လှောင်ထားနိုင်ခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်အတွင်း ရန်သူ၏ စိတ်ထဲတွင် တွေးတောနေမှုများနှင့် စိတ်အာရုံ လှုပ်ရှားမှုများကို သူမ ရှင်းရှင်းလင်းလင်း ခံစားသိရှိနိုင်သည်။

ထို့ကြောင့် စိတ်ချင်းဆက်သွယ် ပြောဆိုခြင်းမှာ မဖြစ်နိုင်စရာ အကြောင်းမရှိပေ။

ဤအချက်သည် သူ၏ စိတ်စွမ်းအင် နှင့် မတူညီပေ။

သူ၏ စိတ်စွမ်းအင်သည် ရန်သူ၏ စိတ်ခံစားချက်ကို ယေဘုယျလောက်သာ အာရုံခံနိုင်သည်။

ဥပမာ ဟွမ်ဟန် မွေးထားသော ရွှေအိုရောင် စပါးအုံးမြွေနှင့် တွေ့ဆုံစဉ်က သူ၏ စိတ်စွမ်းအင်ဖြင့် စူးစမ်းကြည့်ရာ မြွေ၏ ရွံရှာမုန်းတီးသော စိတ်ခံစားချက်ကိုသာ ခံစားခဲ့ရသည်။

ထိုသို့သော စိတ်စွမ်းအင်၏ အပြောင်းအလဲများမှာ လူတစ်ဦးစီ နိုးထလာသော စွမ်းရည်အပေါ် မူတည်ပုံရသည်။

လင်းယွမ်၏ စိတ်စွမ်းအင်မှာ တိုက်ခိုက်ခြင်းဘက်သို့ ပိုမို အားသန်သည်။

စိတ်စွမ်းအင်ဟူသည် ရှုပ်ထွေးနက်နဲပြီး အသုံးပြုပုံ နည်းလမ်းပေါင်းစုံ ရှိနိုင်ကြောင်း၊ မည်သည့် စွမ်းရည်မျိုး ပြောင်းလဲဖြစ်ပေါ်လာမည်ကို အတိအကျ ပြောရန် ခက်ခဲကြောင်း သူ သံသယ ရှိနေသည်။

စိတ်ချင်းဆက်သွယ် ပြောဆိုခြင်းသည်လည်း စိတ်စွမ်းအင်မှ ခွဲထွက်လာသော စွမ်းရည်များထဲမှ တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။

ဒါကို ပညာရပ် တစ်ခုအနေဖြင့် သတ်မှတ်နိုင်လောက်သည်။

"ဒါဆို ကျွန်မ စမ်းကြည့်လိုက်မယ်"

လျှိုဖိန်ဖိန် ခေါင်းညိတ်လိုက်ပြီး စိတ်အားထက်သန်သွားသည်။

သူမ သန္ဓေပြောင်း အစွမ်းများ ရရှိလာပြီးနောက်ပိုင်း လင်းယွမ်အပေါ် အသုံးပြုခဲ့သည်မှလွဲ၍ အခြားသူများအပေါ် မသုံးဖူးသေးပေ။

တစ်ချက်က သူမ ကောင်းကောင်း မထိန်းချုပ်နိုင်ဘဲ သူများကို ဒုက္ခပေးမိမှာ ကြောက်၍ ဖြစ်ပြီး၊ နောက်တစ်ချက်က လက်ရှိ အခြေအနေ တည်ငြိမ်နေသဖြင့် သူမ၏ စွမ်းရည်ကို ထုတ်သုံးစရာ နေရာမရှိသောကြောင့် ဖြစ်သည်။

လင်းယွမ် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။ "ဒါနဲ့... နင့်ရဲ့ ဒီအစွမ်းက လူဘယ်နှယောက်ကို တစ်ပြိုင်နက်တည်း သုံးလို့ရလဲ"

"ဟင်... ကျွန်မလည်း မသိဘူး"

"ငါ့ကိုပါ အထဲဆွဲခေါ်ကြည့်... ငါ နင့်ရဲ့ ဝင်္ကပါထဲ လိုက်ခဲ့ပြီး ဒီကောင်မလေးကို ကောင်းကောင်း မေးမြန်းကြည့်ချင်တယ်"

"ဟုတ်... ကျွန်မ စမ်းကြည့်ပါ့မယ်"

နှစ်ဦးသား တိုင်ပင်ပြီးနောက် လင်းယွမ်က လူအုပ်ကြီးဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ခင်ဗျားတို့ ဒီကမ္ဘာပေါ်မှာ သန္ဓေပြောင်း အစွမ်းပိုင်ရှင်တွေ ရှိတယ်ဆိုတာ သိကြတယ်မလား"

ထို့နောက် သူ စွန်းရှုကို ငုံ့ကြည့်လိုက်သည်။ "ဒီကောင်မလေးက နားမကြား စကားမပြောတတ်မို့လို့ မင်းပြောသမျှ ဟုတ်ပြီလို့ မထင်လိုက်နဲ့... ဒီကမ္ဘာကြီးက အရင်လို မဟုတ်တော့ဘူး"

"ခင်ဗျားတို့အားလုံး... ကျွန်တော့်မှာ ဒီကောင်မလေးနဲ့ ဆက်သွယ်လို့ရမယ့် နည်းလမ်းရှိတယ်... ဖြစ်ပျက်ခဲ့တဲ့ အကြောင်းစုံကို အစအဆုံး ကျွန်တော့်ကို ပြောပြခိုင်းလို့ ရတယ်"

ထိုစကားကို ကြားလိုက်ရသည်နှင့် လူတိုင်း အံ့အားသင့်သွားကြသည်။

လူအုပ်ကြီးထံမှ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။

"စကားမပြောတတ်တဲ့သူကို စကားပြောခိုင်းလို့ ရတယ်ဟုတ်လား... ဒါ... ဒါ ဘယ်လို အစွမ်းမျိုးလဲ"

"လင်းယွမ်မှာ ဒီလို စွမ်းရည်မျိုး ရှိသေးတာလား"

"ဒါက တော်တော် အံ့သြဖို့ကောင်းတာပဲ"

...

လူတိုင်း အံ့ဩနေကြသော်လည်း စွန်းရှု၏ မျက်နှာပေါ်တွင် ထိတ်လန့်ရိပ် သန်းသွားသည်။

ထိုထိတ်လန့်မှုကို လင်းယွမ် မြင်လိုက်ရသဖြင့် စိတ်ထဲတွင် အဖြေပေါ်သွားတော့သည်။

ဒီကိစ္စက စွန်းရှု ယုတ်မာပြီး နားမကြားတဲ့ ကောင်မလေးကို အနိုင်ကျင့်ခဲ့တာ ဆယ်ပုံ ကိုးပုံလောက် သေချာနေပြီ။

လင်းယွမ် အသံကို နှိမ့်ကာ ပြောလိုက်သည်။ "စွန်းရှု... မင်း အခု ဝန်ခံရင် ငါ ပြစ်ဒဏ် လျှော့ပေါ့ပေးမယ်"

စွန်းရှု ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားသော်လည်း ချက်ချင်း ပြန်လည် တုံ့ပြန်လိုက်သည်။

"မလုပ်ပါဘူး... ကျွန်တော် ပြောတာ အမှန်တွေပါ... လင်းယွမ်... ကျွန်တော့်ကို ယုံပေးပါ"

လင်းယွမ့် မျက်နှာထား ချက်ချင်း အေးစက်သွားသည်။

စွန်းရှုက ဒီအခြေအနေ ရောက်နေတာတောင် ဘူးခံ ငြင်းနေသေးသည်။

လင်းယွမ် ဘာမှ ဆက်မပြောတော့ဘဲ ကောင်မလေးရှိရာသို့ လျှောက်သွားလိုက်သည်။

ဦးစွာ လုတရုံကို သူ ပြောလိုက်သည်။ "ကျွန်တော် ဦးလေးသမီးနဲ့ ဆက်သွယ်ပြီး ဖြစ်စဉ်ကို မေးဖို့ လိုတယ်... အဆင်ပြေမလား"

လုတရုံက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် မေးသည်။ "ဒီနေရာမှာပဲလား"

လင်းယွမ် ခေါင်းညိတ်ပြလိုက်သည်။

လုတရုံ စိတ်အေးသွားပြီး ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ လင်းယွမ်... ကျွန်တော် ခင်ဗျားကို ယုံပါတယ်"

လင်းယွမ် သူ့ကို ခေါင်းအသာညိတ်ပြလိုက်သည်။ "စိတ်ချပါ... လူဆိုးတစ်ယောက်ကို ကျွန်တော်တို့ လွှတ်ပေးမှာ မဟုတ်သလို လူကောင်းတစ်ယောက်ကိုလည်း မတရား စွပ်စွဲမှာ မဟုတ်ပါဘူး"

လုတရုံက "ကျွန်တော် ဘယ်သူ့ကိုမှ မတရား မစွပ်စွဲပါဘူး... လုပ်ပါ" ဟု ပြောသည်။

ထို့နောက် သူသည် ဘေးမှ သမီးဖြစ်သူကို လက်ဟန်ခြေဟန်ဖြင့် စကားပြောကာ လင်းယွမ့်ကို ညွှန်ပြလိုက်သည်။

ကောင်မလေးက လုတရုံကို ကြည့်လိုက်၊ လင်းယွမ့်ကို ကြည့်လိုက်နှင့် နောက်ဆုံးတွင် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ခေါင်းညိတ်လိုက်သည်။

လုတရုံက ပြောသည်။ "ကျွန်တော့်သမီး နာမည်က လုယွီယန် ပါ... လင်းယွမ်... ခင်ဗျားကိုပဲ အပ်ပါတယ်"

လင်းယွမ် ခေါင်းညိတ်ကာ လုယွီယန်နှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီး လျှိုဖိန်ဖိန် ဘက်သို့ လှည့်ကာ "စမယ်" ဟု ပြောလိုက်သည်။

ထို့နောက် တင်းယန်နှင့် ကျောက်ခိုင်တို့ကို "သေချာ စောင့်ကြည့်ထား" ဟု မှာကြားလိုက်သည်။

"စိတ်ချပါ"

"ကျွန်တော့် တာဝန်ထားလိုက် အစ်ကိုလင်း"

လျှိုဖိန်ဖိန် ရှေ့ထွက်လာပြီး လင်းယွမ်နှင့် လုယွီယန်တို့ နားသို့ တတ်နိုင်သမျှ ကပ်ရပ်လိုက်သည်။

သူမ၏ စိတ်စွမ်းအင်က မမြင့်မားလှသဖြင့် လင်းယွမ်ကဲ့သို့ ပေ ၃၀ - ၄၀ ပတ်လည်အထိ ဖြန့်ကျက်ပြီး ဝင်္ကပါ ဖန်တီးနိုင်စွမ်း မရှိသေးပေ။

ယခု လင်းယွမ်နှင့် လုယွီယန်တို့ ရှေ့တွင် ရပ်လိုက်ပြီး နှစ်ဦးသား၏ လက်မောင်းကို ဆုပ်ကိုင်လိုက်ရာ သူမ၏ မျက်လုံးများတွင် ထူးဆန်းသော အလင်းရောင်များ တောက်ပလာသည်။

လင်းယွမ်သည် သူမ၏ ခန္ဓာကိုယ်မှ စိတ်စွမ်းအင် လှိုင်းများ စီးဆင်းထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

ထိုစိတ်စွမ်းအင် လှိုင်းမှာ အလွန် အားနည်းပြီး သူ့ စိတ်စွမ်းအင်နှင့် ယှဉ်လျှင် ပြောပလောက်စရာပင် မရှိပေ။

ထိုစိတ်စွမ်းအင်က သူ၏ စိတ်အာရုံကို အသည်းအသန် ဆွဲယူနေသည်။

တစ်ဖက်လူ၏ စွမ်းအား နည်းပါးမှုကို လင်းယွမ် ခံစားမိသည်။ သူသာ စိတ်တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် ထိုစိတ်စွမ်းအင် ဆွဲအားကို ချက်ချင်း တွန်းကန်ပစ်နိုင်မည့် အနေအထား ရှိသည်။

သို့သော် သူ ထိုသို့ မလုပ်ဘဲ စိတ်အာရုံ တစ်စွန်းတစ်စကို ခွဲထုတ်ပေးလိုက်ပြီး လျှိုဖိန်ဖိန်၏ ဆွဲခေါ်ရာ ဝင်္ကပါလမ်းကြောင်းနောက်သို့ လိုက်ပါသွားစေလိုက်သည်။

တစ်ချိန်တည်းမှာပင် တစ်ဖက်မှ လုယွီယန်၏ စိတ်အာရုံသည်လည်း လျှိုဖိန်ဖိန်၏ စိတ်စွမ်းအင် ဝင်္ကပါထဲသို့ ကျရောက်သွားပြီ ဖြစ်သည်။

ဖြူဖွေးနေသော အခန်းလွတ် တစ်ခုထဲတွင် လင်းယွမ်၏ စိတ်အာရုံ အစိတ်အပိုင်းက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။

သူ အနည်းငယ် အံ့ဩသွားပြီး ဘေးကို ကြည့်လိုက်ရာ အအမလေး လုယွီယန်သည် သူ့ဘေးတွင် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

လျှိုဖိန်ဖိန်၏ ပင်မစိတ်အာရုံ ခန္ဓာကိုယ်လည်း ပေါ်လာသည်။

လင်းယွမ်က ရယ်မောရင်း မေးလိုက်သည်။ "နင့်ရဲ့ ဝင်္ကပါက ဘာလို့ ဒီလောက် ရိုးရှင်းနေရတာလဲ"

လျှိုဖိန်ဖိန်က မတတ်နိုင်သည့် ပုံစံဖြင့် ပြောလိုက်သည်။ "စိတ်စွမ်းအင် ဝင်္ကပါက ရှုပ်ထွေးလေလေ ကျွန်မရဲ့ စိတ်စွမ်းအင် ကုန်တာ များလေလေမို့ပါ... အခု ကျွန်မရဲ့ စိတ်စွမ်းအင်က အရမ်း နည်းနေသေးတော့ ရှင့်ကိုရော ကောင်မလေးကိုပါ နှစ်ယောက်စလုံး ဆွဲခေါ်ဖို့အတွက် ပိုရှုပ်ထွေးတဲ့ ဝင်္ကပါကို ဖန်တီးဖို့ ဘယ်လိုမှ မတတ်နိုင်တော့ဘူးလေ"

ဆက်ရန်...

All Chapters