← Chapters

အခန်း (၁၃၁-၁၃၂)

Vol. 7 Ch. 131-132

အခန်း (၁၃၁-၁၃၂)

Vol. 7 Ch. 131-132

အပိုင်း (၁၃၁) ဆုန့်ဝမ်၏ အစွမ်းအသုံးပြုနည်း

လင်းယွမ်က မိမိ၏ အရေအသွေးမှတ်များကို တစ်ချက်ကြည့်လိုက်သည်။

အကယ်၍ ခရီးဝေးထွက်ရမည်ဆိုပါက ဤရေပြင်ကျယ်ကြီး၌ ခွန်အားနှင့် အလျင်တို့မှာ သိပ်အရေးမပါလှပေ။

စိတ်စွမ်းအင်ကမူ စိတ်ဖြင့် အရာဝတ္ထုများကို ထိန်းချုပ်နိုင်သည့်အပြင် ရန်သူများကို အစုလိုက်အပြုံလိုက် တိုက်ခိုက်နိုင်သဖြင့် ပို၍ အသုံးဝင်လေသည်။

ခန္ဓာကိုယ်ကြံ့ခိုင်မှုကမူ ဆိုဖွယ်ရာပင် မရှိတော့။

ယင်းမှာ မိမိ၏ ခံနိုင်ရည်၊ သက်လုံ၊ ပြန်လည်ကုစားနိုင်စွမ်းနှင့် ခုခံကာကွယ်နိုင်စွမ်း စသည့် အထွေထွေ အရည်အသွေးများနှင့် သက်ဆိုင်နေသည်။

မိမိ၏ အစွမ်းကို ရေရှည်အသုံးပြုနိုင်ရန် အဓိကသော့ချက်ဖြစ်သဖြင့် လုံးဝ လျစ်လျူရှုထား၍ မရပေ။

လင်းယွမ်၏ စိတ်ထဲ၌ ရှင်းလင်းပြတ်သားသော အစီအစဉ်တစ်ခု ပေါ်ပေါက်လာသည်။

"မကြာခင် ခရီးဝေးထွက်ဖို့ ပြင်ဆင်တဲ့အနေနဲ့ ငါ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ စိတ်စွမ်းအင်ကို အဓိကထားပြီး မြှင့်တင်ရမယ်"

"ဒါ့အပြင် ငါ့ရဲ့ အဝေးပစ်တိုက်ခိုက်မှု နည်းလမ်းတွေကလည်း နည်းလွန်းနေတယ်... စိတ်ဝိညာဉ်ရိုက်ခတ်သိုင်းက စိတ်စွမ်းအင် မမြင့်မားတဲ့ ရေအောက်သတ္တဝါတွေအတွက်လောက်ပဲ အသုံးဝင်တာ"

"စိတ်စွမ်းအင်မြင့်တဲ့ သတ္တဝါတွေနဲ့ တွေ့ရင်တော့ ဒီလောက်နဲ့ လုံလောက်မှာ မဟုတ်ဘူး"

"ငါ့ရဲ့ စိတ်စွမ်းအင် တိုက်ခိုက်တဲ့နည်းလမ်းတွေကို တိုးမြှင့်ဖို့ နည်းလမ်းရှာရမယ်"

လင်းယွမ်က မိမိ၏ အမှတ်များကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ "စိတ်စွမ်းအင်အမျိုးအစား ပညာရပ်တစ်ခု ထပ်မံရယူချင်ရင် အမှတ် ၁၀၀၀၀ တန် ကံစမ်းမဲဘီးကို လှည့်မှ ရနိုင်မှာ"

"အမှတ်တွေက အရမ်းနည်းသေးတယ်"

လင်းယွမ် စိတ်ညစ်သွားရသည်။ ဤအမှတ်များမှာ မည်မျှပင် ရှာဖွေစေကာမူ လုံလောက်သည်ဟူ၍ မရှိပေ။

"အရေအသွေးမှတ်တွေလည်း တိုးမြှင့်ရဦးမယ်... ပညာရပ်တွေလည်း မဲနှိုက်ရဦးမယ်... ဟူး"

လင်းယွမ် သက်ပြင်းတစ်ချက် ချလိုက်သည်။ အချိန်သာ လုံလောက်ပါက သူ ဤမျှ စိတ်လောနေမည် မဟုတ်။

တိုက်ခန်းတွင်းရှိ လူများကို ငါးဖမ်းခိုင်းပြီး ဖြည်းဖြည်းချင်း စုဆောင်း၍ ရနိုင်သည်။

သို့သော် အဓိကပြဿနာမှာ အချိန်မရှိခြင်းပင်။

မိုးသည်းထန်စွာ ရွာသွန်းမှုမှာ ရပ်တန့်မည့် အရိပ်အယောင်မပြဘဲ ဆက်လက်ရွာသွန်းနေဆဲ။

ရေကြီးမှုမှာလည်း ပိုမိုဆိုးရွားလာပြီး ရေမျက်နှာပြင်မှာ တစ်ရိပ်ရိပ် တက်လာနေသည်။

ထိုမျှမက ရေထဲ၌ ပေါ်လာတတ်သည့် သန္ဓေပြောင်း သတ္တဝါအမျိုးအစားများမှာလည်း တစ်နေ့တခြား ပို၍ များပြားလာသည်။

အချိန်ကြာလာသည်နှင့်အမျှ ရေမျက်နှာပြင် မြင့်တက်လာမည်ဖြစ်ပြီး ရေထဲရှိ သန္ဓေပြောင်း သတ္တဝါများလည်း ပိုများလာမည်ကို လင်းယွမ် ကောင်းစွာ သိရှိထားသည်။

ထိုအချိန်ကျမှ တိုက်ခန်းမှ ထွက်ခွာမည်ဆိုပါက ပို၍ ခက်ခဲကြမ်းတမ်းပေလိမ့်မည်။

ယခုမူ သူသည် ရေဘေးနှင့် အပြိုင်လုကာ အချိန်ကို လုနေရခြင်း ဖြစ်သည်။

"စနစ်... သတ်မှတ်ထားတဲ့ အရေအသွေးမှတ်အတွက် ကံစမ်းမယ်"

လင်းယွမ်က စိတ်ထဲမှ အရှုပ်အထွေးများကို ဖယ်ရှားလိုက်ပြီး ကံစမ်းမဲ နှိုက်လိုက်သည်။

ကံစမ်းမဲ နှိုက်ပြီးသည်နှင့် သူသည် စိတ်စွမ်းအင် ၁ မှတ် ရရှိလိုက်သည်။

ခွန်အားနှင့် အလျင်တို့ကို မဲမပေါက်သွားသဖြင့် လင်းယွမ် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

ထို့နောက် ကံစမ်းမဲဘီးကို တစ်ချက်ဝေ့ကြည့်လိုက်ပြန်သည်။

"ငါ့ရဲ့ အခု သန္ဓေပြောင်းလဲနှုန်းက ၂၈% အထိ ရောက်နေပြီ... တကယ်လို့ အစွမ်းနိုးထဖို့ ရွေးချယ်လိုက်ရင် အလွယ်တကူ ဖြစ်သွားလောက်တယ်"

"ငါ့ရဲ့ လက်ရှိ စိတ်စွမ်းအင် ပမာဏနဲ့ဆိုရင် အစွမ်းနိုးထတဲ့အချိန်မှာ ဖြစ်လာမယ့် စိတ်ဝိညာဉ် ကမောက်ကမဖြစ်တာကို ခံနိုင်ရည် ရှိပါ့မလား မသိဘူး"

"သန္ဓေပြောင်း အသီးတစ်လုံးလောက် ရှာစားဖို့ လိုမယ်ထင်တယ်"

လင်းယွမ်က မိမိ၏ စွမ်းအားကို မြှင့်တင်ရန် နောက်ထပ်နည်းလမ်းတစ်ခုကို စဉ်းစားမိလိုက်သည်။

သို့သော် သန္ဓေပြောင်းအသီး ဆိုသည်မှာ ကံစမ်းမဲဘီးမှ မဲပေါက်သည်မှလွဲ၍ လက်တွေ့ဘဝတွင် ရှာဖွေတွေ့ရှိရန် အခွင့်အလမ်း အလွန်နည်းပါးလှသည်။

ယခင်က အိမ်ခေါင်မိုးပေါ်၌ တွေ့ခဲ့ရသော အသီးတစ်လုံးမှာလည်း ကံကောင်းလွန်း၍သာ ဖြစ်သည်။

"အဒေါ်ကြီးလီတို့ စိုက်ပျိုးရေး လုပ်နေတာ ဘယ်လိုအခြေအနေ ရှိလဲ မသိဘူး"

ပါတီဝင်ဟု ကိုယ့်ကိုယ်ကိုယ် ကြွေးကြော်ထားသော အဒေါ်ကြီးလီတို့အဖွဲ့ ဖန်လုံအိမ်စိုက်ပျိုးရေး လုပ်နေသည်ကို သတိရသွားသည်။

ကုတင်ပေါ်၌ တွေးတောနေရင်း မကြာမီမှာပင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။

ရန်အေမှာမူ အိပ်မောကျနေဆဲပင်။ မနေ့ညက သူမသည် ရှိသမျှ ခွန်အားကို ထုတ်သုံးကာ လင်းယွမ် စိတ်ကျေနပ်စေရန် ပြုစုခဲ့ရှာသည်။

သို့သော် သူမကိုယ်တိုင်လည်း ခြောက်ကြိမ်မက ပြီးမြောက်ခဲ့ရသဖြင့် အားကုန်ခန်းကာ ယခု မနက်ပိုင်း လင်းယွမ်က သူမ၏ ခန္ဓာကိုယ်ကို ပွတ်သပ်ကိုင်တွယ်နေသည့်တိုင် နိုးမလာတော့ပေ။

မနေ့ညက သူမ ပင်ပန်းသွားမှန်း သိသဖြင့် လင်းယွမ်လည်း မနှိုးတော့ဘဲ ကုတင်ပေါ်မှ ဖွဖွလေးထကာ ဆင်းလာခဲ့သည်။

အဝတ်အစားဝတ်ပြီး အိပ်ခန်းတံခါးကို သော့ခတ်ကာ ဧည့်ခန်းသို့ ထွက်လာလိုက်သည်။

တံခါးဖွင့်လိုက်သည်နှင့် အပေါက်ဝ၌ လူအများအပြား တန်းစီနေကြသည်ကို တွေ့လိုက်ရသည်။

ထိုအခန်းပိုင်ရှင်များမှာ အစားအသောက် လဲလှယ်ရန် ရောက်လာကြခြင်း ဖြစ်သည်။

သူတို့လက်ထဲတွင် ကိုင်ဆောင်ထားသော ငါးများကို ကြည့်ရင်း လင်းယွမ်၏ စိတ်အခြေအနေမှာ ချက်ချင်း ကြည်လင်သွားတော့သည်။

ထို့နောက် တစ်ချက်ဝေ့ကြည့်လိုက်ရာ ဝူချင်းက သမီးဖြစ်သူ ချိုင်ယောင်ကို ခေါ်ဆောင်လာသည်ကို မြင်လိုက်ရသည်။

ဝူချင်း၏ မျက်လုံးများမှာ ငိုထားသဖြင့် အနည်းငယ် ရောင်ရမ်းနေသည်။

လင်းယွမ် အနည်းငယ် အံ့အားသင့်သွားသော်လည်း ချိုင်ကြည် အိမ်ပြန်ရောက်ပြီးနောက် တစ်ခုခု ပြောဆိုလုပ်ကိုင်လိုက်ခြင်း ဖြစ်မည်ဟု တွေးမိလိုက်သည်။

သူက ထွေထွေထူးထူး မပြောတော့ဘဲ နှုတ်ဆက်လိုက်သည်။ "အမဝူ ရောက်လာပြီလား... လာ လာ... အထဲဝင်... အမမေ ဒီနေ့ သိပ်နေမကောင်းလို့ ဒီနေ့ စာရင်းမှတ်တဲ့အလုပ်ကို အမပဲ ကူလုပ်ပေးပါဦး"

လင်းယွမ်က သူမအပေါ် ယခင်အတိုင်း ဆက်ဆံသည်ကို မြင်မှ ဝူချင်းတစ်ယောက် သက်ပြင်းချနိုင်တော့သည်။

သူမက အပြုံးတစ်ခုကို အတင်းဆင်မြန်းရင်း "ရန်မေ နေမကောင်းဘူးလား... ဘာဖြစ်တာလဲ... အမဆီမှာ ဆေးသေတ္တာရှိတယ် ယူလာပေးရမလား"

လင်းယွမ်က ပြုံးလိုက်ရင်း "အမမေ... ရပါတယ်... ဒီတိုင်း ပင်ပန်းပြီး အိပ်ပျော်နေတာပါ... ခဏလောက် ထပ်အိပ်လိုက်ရင် သက်သာသွားမှာပါ... ချိုင်ယောင်လည်း ပါလာတာလား"

ဝူချင်းက ချိုင်ယောင်ကို အမြန်ဆွဲခေါ်လိုက်ပြီး "ဟဲ့ ယောင်ယောင်... နင့်အကို ကို နှုတ်ဆက်လိုက်ဦးလေ"

"ကိုကိုလင်းယွမ် မင်္ဂလာပါ" ချိုင်ယောင်က အလျင်အမြန် နှုတ်ဆက်လိုက်သည်။

ဝူချင်းက လင်းယွမ်ကို ပြုံးပြရင်း "ဒီကလေးလည်း အသက်ပြည့်တော့မှာ... အမနဲ့ သူ့အဖေလည်း တိုင်ပင်ပြီးပြီ... သူလည်း မငယ်တော့ဘူးဆိုတော့ အိမ်ထဲမှာပဲ အောင်းနေလို့ မဖြစ်တော့ဘူးလေ... အပြင်ထွက်ပြီး အလုပ်လေးဘာလေး လုပ်ခိုင်းမလို့"

"လင်းယွမ်... အမ အရင်ကလုပ်ခဲ့တဲ့ ငါးသတ်တဲ့အလုပ်ကို သူ့ကို ပေးလုပ်လို့ ရမလား... ဒီမှာပဲ အားလုံးနဲ့အတူတူ ကူလုပ်ခိုင်းချင်လို့"

လင်းယွမ် အံ့သြသွားပြီး ချိုင်ယောင်နှင့် ဝူချင်းကို တစ်လှည့်စီ ကြည့်လိုက်သည်။ "ငါးသတ်ရတာ ညစ်ပတ်ပြီး ပင်ပန်းတယ်... ချိုင်ယောင်က ငယ်သေးတော့ အဆင်ပြေပါ့မလား"

ဝူချင်းက အလျင်အမြန်ပင် "ဒီလိုကာလကြီးမှာ အလုပ်ရှိတာပဲ ကျေးဇူးတင်လှပါပြီ... ညစ်ပတ်တာ ပင်ပန်းတာ သူ ညည်းရဲညည်းကြည့်... သူ့အဖေနဲ့ပေါင်းပြီး ရိုက်နှက်ဆုံးမပစ်မယ်"

ချိုင်ယောင်က နှုတ်ခမ်းဆူထားပြီး မျက်ရည်ဝဲနေသည်။

မနေ့ညက အဖေနှင့်အမေ ရန်ဖြစ်ပြီးနောက် သူမအပေါ် ဘာကြောင့် မဲနေမှန်း သူမ နားမလည်ပေ။

ဒီမနက် စောစောစီးစီး အမေဖြစ်သူက သူမကို ဆွဲခေါ်လာပြီး ကိုကိုလင်းယွမ်ဆီမှာ အလုပ်လုပ်ရမယ်ဟု ဆိုသည်။

အရင်က သူမကို အလွန်အလိုလိုက်သော အဖေဖြစ်သူကလည်း ဒီကိစ္စကို မကန့်ကွက်သည့်အပြင် ထောက်ခံနေသဖြင့် သူမ ဝမ်းနည်းနေရခြင်း ဖြစ်သည်။

အတည်ပြောရလျှင် သူမသည် အိမ်တွင် မိဘများအတွက် ထမင်းဟင်းချက်ပေးရသည်ကို ပိုလိုလားသည်။ ငါးသတ်ရသည်ကို မလိုလားပေ။

ငါးသတ်ရသည်မှာ ညှီစော်နံပြီး အလွန်ညစ်ပတ်လှသည်။

သို့သော် စွန်းတ၊ ကျန်းလန်ကျွမ်းတို့ မိသားစုအဖြစ်အပျက်ကို ကြုံတွေ့ပြီးနောက် ချိုင်ကြည်နှင့် ဝူချင်းတို့သည် သားသမီးကို အလိုလိုက်ခြင်းက ဒုက္ခပေးရာရောက်ကြောင်း ကောင်းကောင်းကြီး နားလည်သွားကြပြီ ဖြစ်သည်။

ထို့ကြောင့် သူတို့နှစ်ဦးသည် ချိုင်ယောင်ကို လောကအကြောင်း သိမြင်စေရန် အလုပ်ထွက်လုပ်ခိုင်းဖို့ ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။

လင်းယွမ်က လင်မယားနှစ်ယောက်၏ အတွေးကို မသိသော်လည်း ချိုင်ယောင်တစ်ယောက် ငါးသတ်ရမည်ကို မလိုလားကြောင်း ရိပ်မိသည်။

ထို့ကြောင့် ခေတ္တမျှ စဉ်းစားလိုက်ပြီး "ဒီလိုလုပ်ပါလား အမဝူ... ငါးသတ်ရတာက တကယ်ပဲ ညစ်ပတ်ပြီး ပင်ပန်းတယ်... ကလေးကို မခိုင်းသင့်ဘူး"

"အမမေက ဒီနေ့ နားရက်ဆိုတော့ ယောင်ယောင်ကို သူ့အစား ဝင်လုပ်ခိုင်းလိုက်မယ်လေ... ဒီနေ့ ငါးတွေနဲ့ ပစ္စည်းတွေကို စာရင်းကူမှတ်ပေးပေါ့... ဒါက သိပ်မခက်ပါဘူး... ဘယ်လိုလဲ"

"ဟင်... တကယ်... တကယ်ပဲ ရလို့လား"

ဝူချင်း မျက်နှာတွင် အံ့သြဝမ်းသာရိပ်များ ယှက်သန်းသွားပြီး လက်အချင်းချင်း ပွတ်တိုက်မိလိုက်သည်။

ပစ္စည်းစာရင်းမှတ်သည့်အလုပ်က ငါးသတ်သည်ထက် အများကြီး သက်သာသည် မဟုတ်ပါလော။ ပြီးတော့ ဒီအလုပ်က အရင်က ရန်မေ လုပ်နေကျ အလုပ်ဖြစ်သည်။

စားနပ်ရိက္ခာနှင့် ပတ်သက်သည့် အရေးကြီးကိစ္စဖြစ်သဖြင့် လင်းယွမ်က မယုံကြည်လျှင် ပြင်ပလူကို ပေးလုပ်မည် မဟုတ်။

လင်းယွမ်က သူတို့မိသားစုကို ယုံကြည်နေသေးသည်ပဲ။

ဝူချင်း စိတ်ထဲတွင် လှိုက်ခနဲ ခံစားလိုက်ရပြီး ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်မိသွားသည်။

ငါ အရင်တုန်းက ဘာလို့ ဦးနှောက်မရှိဘဲ ကျန်းလန်ကျွမ်းဘက်က ပါပြီး ပြောပေးခဲ့မိပါလိမ့်။

လင်းယွမ်က သူတို့ကို ဒီလောက် ဂရုစိုက်ပေးတာတောင် သူမက လင်းယွမ်၏ ပစ္စည်းများကို အသုံးချပြီး မျက်နှာလုပ်ချင်ခဲ့သည်။ တကယ်ကို တုံးအလွန်းသည်။

သူမ ယောက်ျားက သူမကို ဆူပူကြိမ်းမောင်းသည်မှာ နည်းပင်နည်းသေးသည်ဟု သူမ ခံစားလိုက်ရသည်။

"ယောင်ယောင်... မြန်မြန်... ကိုကိုလင်းယွမ်ကို ကျေးဇူးတင်ကြောင်း ပြောလေ" ဝူချင်းက ဘေးနားမှ အံ့သြနေသော ချိုင်ယောင်ကို တိုက်တွန်းလိုက်သည်။

ချိုင်ယောင်လည်း သတိဝင်လာပြီး ဝမ်းသာသွားသည်။

သူမက အသက်ငယ်သော်လည်း စာရင်းမှတ်သည့်အလုပ်က ငါးသတ်ရသည်ထက် အများကြီး သက်သာကြောင်း သိသည်။

ထို့ကြောင့် အလျင်အမြန်ပင် "ကျေးဇူးတင်ပါတယ် ကိုကိုလင်းယွမ်"

လင်းယွမ်က ပြုံးလိုက်ပြီး "ကောင်းကောင်း လုပ်နော်... မိဘတွေ စိတ်ပျက်အောင် မလုပ်နဲ့"

"ဒီပစ္စည်းတွေက ရဖို့ မလွယ်ဘူး... စာရင်း အမှားစေနဲ့"

"ကိုကိုလင်းယွမ် စိတ်ချပါ... ညီမလေးက အတန်းထဲမှာ စာလုပ်တာ အတော်ဆုံးပဲ" ချိုင်ယောင်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

"ဟားဟားဟား... အေးပါ... ကိုကို ယုံတယ်... ကဲ အလုပ်စလိုက်ကြတာပေါ့"

သူက နှုတ်ဆက်လိုက်ပြီး အခန်းတံခါးမှ ဖယ်ပေးကာ ချိုင်ယောင်နှင့် အမဝူတို့ကို အလုပ်စခိုင်းလိုက်သည်။

ကျောက်ခိုင်ကိုတော့ အပြင်ဘက်၌ အခြေအနေကြည့်ရှုရန် တာဝန်ပေးထားလိုက်သည်။

ထို့နောက် လင်းယွမ်သည် ခေါင်မိုးထပ်သို့ တက်လာပြီး ဖောင်ဖွဲ့စည်းတည်ဆောက်မှု အခြေအနေကို လာရောက်စစ်ဆေးသည်။

ဦးလေးမာနှင့် ချိုင်ကြည်တို့၏ ဖောင်ဖွဲ့စည်းသည့် လက်ရာမှာ ပိုမိုကျွမ်းကျင်လာပြီ ဖြစ်သည်။

ဖောင်တစ်ခုလုံးမှာ ပုံဖော်ထားပြီးဖြစ်၍ ပြီးစီးလုနီးပါး ဖြစ်နေပြီ။

ပင်လယ်မျှော့ကော်ရည်ဖြင့် ကပ်ထားသော ဖောင်အောက်ခြေမှာ အလွန်ခိုင်ခံ့ပြီး အလွယ်တကူ ပြိုကွဲမည့်ပုံ မပေါ်ပေ။

အပေါ်ဘက်ရှိ ရွက်တိုင်နှင့် ရွက်ဖျင်စမှာလည်း တပ်ဆင်ပြီးစီးနေပြီဖြစ်ကာ ယခုအခါ မိုးဒဏ်လေဒဏ်ကာကွယ်ရန် အမိုးအကာကို ပြုလုပ်နေကြသည်။

လင်းယွမ်၏ တောင်းဆိုချက်အရ အမိုးမှာ မိုးဒဏ်လေဒဏ် ကာကွယ်နိုင်လျှင် ပြီးရော၊ သိပ်လှပသေသပ်နေစရာ မလိုပေ။

သူတို့၏ ရည်ရွယ်ချက်မှာ ခရီးသွားရန်ဖြစ်ပြီး ဇိမ်ခံရန် မဟုတ်ချေ။

ဦးလေးမာနှင့် ချိုင်ကြည်တို့က ပြီးစီးမှုအခြေအနေကို ရှင်းပြပြီးနောက် ချိုင်ကြည်က "အခု အင်ဂျင်မော်တာနဲ့ ပန်ကာ တပ်ဖို့ပဲ ကျန်တော့တယ်"

"မင်းပြောတဲ့အတိုင်းပဲ ငါတို့ လျှပ်စစ်ပန်ကာ အတော်များများကို ဖြုတ်ထားတယ်... ရှေ့၊ နောက်၊ ဘယ်၊ ညာ ဘက်ပေါင်းစုံမှာ မော်တာ ၃ လုံးစီ တပ်ဖို့ ပြင်ဆင်ထားတယ်... ဒါမှ ဘယ်ဘက်ကိုပဲ သွားသွား အရှိန်မြှင့်လို့ ရမှာ"

ဦးလေးမာကလည်း ဝင်ပြောသည်။ "အခု စိုးရိမ်ရတာက ဘက်ထရီ မလုံလောက်တာပဲ"

"လောလောဆယ် ငါတို့ တိုက်တစ်တိုက်လုံး ရှာထားတာတောင် ဘက်ထရီ ၁၀ လုံးပဲ ရှိသေးတယ်... နည်းလွန်းတယ်"

လင်းယွမ် ကြားသောအခါ ခေတ္တစဉ်းစားလိုက်ပြီး "ဒါဆို မျက်နှာချင်းဆိုင် တိုက် (၇၅) က တာအိုဆရာလင်းတို့ကို လှမ်းမေးကြည့်မယ်... သူတို့ဆီမှာ ဘက်ထရီ ပိုတာ ရှိမလားလို့"

ဦးလေးမာက ခေါင်းခါလိုက်ပြီး "ငါ မေးပြီးပြီ... သူတို့ဆီမှာလည်း အပိုမရှိဘူးတဲ့"

လင်းယွမ်က "မရရင်တော့ တခြားတိုက်တွေဘက် ကူးပြီး သွားရှာရမှာပဲ"

ချိုင်ကြည်က အလျင်အမြန် တားလိုက်သည်။ "မလုပ်နဲ့... ရေထဲမှာ သန္ဓေပြောင်းသတ္တဝါတွေ အရမ်းများတယ်... အရမ်း အန္တရာယ်များလွန်းတယ်"

လင်းယွမ် ခေါင်းခါလိုက်သည်။ "ကိစ္စမရှိဘူး... ကျွန်တော် ရေထဲကနေ မသွားဘူး... ကြိုးတန်းတွေသုံးပြီး အပေါ်စီးကနေ ကူးသွားမှာ"

"တိုက် (၇၇) ကို သွားမလို့လား... အကွာအဝေးကတော့ တိုက် (၇၅) လောက်ပဲ ရှိတာ... ဒါပေမဲ့ ဟိုတစ်ခါ ရဟတ်ယာဉ်လာတုန်းက တိုက် (၇၇) က လူတွေ ခေါင်မိုးပေါ် တက်မလာကြဘူး... မကြားလို့လား တခြား ပြဿနာ တစ်ခုခု ရှိနေလားတော့ မသိဘူး" ချိုင်ကြည်က သတိပေးလိုက်သည်။

လင်းယွမ် ခေါင်းညိတ်လိုက်သည်။ "ရပါတယ်... ကျွန်တော် သတိထားပါ့မယ်"

အတည်ပြောရလျှင် ရေထဲတွင် မဟုတ်သရွေ့ လင်းယွမ်သည် မိမိ၏ လက်ရှိစွမ်းအားကို ယုံကြည်မှု ရှိသည်။

တစ်ဖက်လူက ကောင်းကင်ဘုံကိုပင် တုန်လှုပ်စေနိုင်သော အစွမ်းမျိုး နိုးထမထားသရွေ့ပေါ့။

မဟုတ်လျှင် တိုက် (၇၇) တွင် သူ့ကို ခြိမ်းခြောက်နိုင်သူ ရှိမည်မထင်။

နှစ်ဖက် စကားအနည်းငယ် ထပ်ပြောပြီးနောက် လင်းယွမ်သည် ခေါင်မိုးပေါ်မှ ဆင်းလာကာ အောက်ထပ်ရှိ အဒေါ်ကြီးလီတို့၏ စိုက်ပျိုးရေးအခန်းသို့ ထွက်လာခဲ့သည်။

အဒေါ်ကြီးလီတို့ဘက်က ရလဒ်ထွက်မထွက် သိချင်တာလည်း ပါသည်။

အဒေါ်ကြီးလီနှင့် မတွေ့ရသည်မှာလည်း ရက်အနည်းငယ် ကြာပြီဖြစ်သည်။

၂၈ ထပ်သို့ ရောက်သည်နှင့် အဝေးကပင် အနံ့ဆိုးတစ်ခု ရလိုက်သည်။

လင်းယွမ် နှာခေါင်းကို အုပ်လိုက်မိသည်။ ၂၈ ထပ် အပေါက်ဝတွင် အမျိုးသမီးနှစ်ဦး ရေခပ်၍ ဝင်သွားသည်ကို တွေ့လိုက်ရသည်။

လင်းယွမ်က လှမ်းမေးလိုက်သည်။ "အဒေါ်ကြီးကျောက်၊ အဒေါ်ကြီးဝမ်... အလုပ်ရှုပ်နေကြတာလား"

အမျိုးသမီးကြီးနှစ်ဦးက လင်းယွမ်ကို မြင်သည်နှင့် ချက်ချင်း နှုတ်ဆက်ကြသည်။

"မောင်လင်းယွမ် ရောက်လာတာလား"

"မောင်လင်းယွမ်... ဘာကိစ္စရှိလို့လဲ... ဒီမှာက အနံ့ နည်းနည်း ဆိုးတယ်... အနံ့ အမွှန်စေနဲ့ဦး"

လင်းယွမ်က ပြုံးလိုက်ပြီး "ကျွန်တော် လာကြည့်တာပါ... အဒေါ်ကြီးလီရော"

"အဒေါ်ကြီးလီနဲ့ ဆုန့်ဝမ်တို့ အထဲမှာ မြေဩဇာ ကျွေးနေကြတယ်... လာ အဒေါ် လိုက်ပို့မယ်" အဒေါ်ကြီးကျောက်က လင်းယွမ်ကို အခန်းထဲသို့ လမ်းပြခေါ်ဆောင်သွားသည်။

အထဲရောက်သည်နှင့် အနံ့ဆိုးက ပို၍ ပြင်းထန်လာသည်။

လင်းယွမ် နှာခေါင်းကို မဖြစ်မနေ ပိတ်ထားလိုက်ရသည်။ သူ၏ အာရုံခံစားမှုများက သာမန်လူထက် ပိုမို ထက်မြက်သဖြင့် အနံ့ကို ပို၍ ခံစားရသည်။

အသက်ကို အောင့်ထားပြီး အခန်းထဲသို့ ဝင်လိုက်သည်။

ဝင်ဝင်ချင်းပင် ဧည့်ခန်းမှ ဝရံတာဘက်အထိ မြေကြီးလွှာတစ်ထပ် ခင်းထားသည်ကို တွေ့လိုက်ရသည်။

ထိုမြေကြီးများကို ဖော့ဘူးများဖြင့် ကန့်ထားပြီး ပေါင်များ ပြုလုပ်ထားသည်။

အလယ်တွင် လမ်းလျှောက်ရန်နှင့် ရေလောင်းရန် လမ်းကြားလေးများ ချန်ထားသည်။

လင်းယွမ် အိမ်သာဘက်သို့ လှမ်းကြည့်လိုက်ရာ အနံ့ဆိုးများ ထိုနေရာမှ ထွက်ပေါ်နေခြင်းဖြစ်ပြီး ရေပုံးအများအပြားကို ထိုနေရာတွင် စီထားသည်ကို တွေ့ရသည်။ သဘာဝမြေဩဇာ ပြုလုပ်နေပုံရသည်။

ယခုခေတ်ကာလတွင် မြေကြီးဟူသည် ရှာဖွေရ ခက်ခဲလှသည်။

ရေက ၁၄ ထပ်အထိ ရောက်ရှိနေပြီး မြေပြင်နှင့် ရေမျက်နှာပြင်မှာ ပေ ၂၀၀ ခန့် ကွာဝေးနေပြီ ဖြစ်သည်။ မြေကြီး တူးချင်သည်ဆိုပါက အိပ်မက်မက်နေသည်နှင့် တူပေလိမ့်မည်။

ထို့ကြောင့် ဤမျှ သေးငယ်သော မြေကွက်လေးကို မထီမဲ့မြင် ပြုလို့မရ။ ဤမြေကြီးများမှာ လင်းယွမ်က တိုက် (၇၆) တစ်ခုလုံးရှိ အိမ်တိုင်းစေ့မှ ပန်းအိုးများနှင့် အပင်များကို လိုက်လံစုဆောင်းပြီးမှ ရရှိလာသော ပမာဏ ဖြစ်သည်။

ဧည့်ခန်းထဲတွင် အဒေါ်ကြီးလီနှင့် ဆုန့်ဝမ်တို့သည် မြေပုံတစ်ခုနားတွင် ကုန်းကွနေကြပြီး တက်ကြွပျော်ရွှင်စွာ ဆွေးနွေးနေကြသည်။

နှစ်ယောက်စလုံး ရိုးရိုးရှင်းရှင်းသာ ဝတ်ဆင်ထားသည်။ အခန်းထဲတွင် အလွန်ပူအိုက်နေသဖြင့် သူတို့၏ အဝတ်အစားများမှာ ချွေးဖြင့် စိုရွှဲနေပြီး ခန္ဓာကိုယ်၌ ကပ်နေသည်။

လင်းယွမ် လျှောက်သွားလိုက်ရာ သူတို့ ပြောစကားများကို ကြားလိုက်ရသည်။

"ဆုန့်ဝမ်ရေ... ညည်းရဲ့ အစွမ်းက တကယ် အံ့သြဖို့ကောင်းတာပဲ... ဒီမုန်ညင်းဖြူပင်တွေဆို ငါတို့ပျိုးလာတာ ရက်အတော်ကြာပြီ... နေ့တိုင်း စောင့်ကြည့်နေတာတောင် အညှောင့် မထွက်လာဘူး"

"ညည်းက ဒီလိုလေး ကိုင်လိုက်တာနဲ့ အညှောင့်ထွက်လာတယ်"

အဒေါ်ကြီးလီ၏ လေသံထဲတွင် အံ့သြဝမ်းသာမှုများ ပြည့်နှက်နေသည်။

ဆုန့်ဝမ်က နဖူးမှ ချွေးများကို သုတ်လိုက်ရင်း စိတ်လှုပ်ရှားစွာဖြင့် "ကျွန်မလည်း မထင်ထားဘူး... ကျွန်မရဲ့ အစွမ်းက ဟင်းသီးဟင်းရွက်တွေကို ကြီးထွားအောင် ကူညီပေးနိုင်မယ်လို့လေ"

"အစ်ကိုလင်းယွမ်က အဒေါ်ကြီးဆီ လာလေ့လာဖို့ တကူးတက မှာတုန်းက ကျွန်မ သိပ်အလေးမထားမိဘူး... ကျွန်မရဲ့ အစွမ်းကို တိုက်ခိုက်ရေးမှာ ဘယ်လိုသုံးရမလဲ ဆိုတာပဲ တွေးနေမိတာ"

"အခုကြည့်ရတာ ကျွန်မရဲ့ အစွမ်းက စိုက်ပျိုးရေးမှာ သုံးရမယ့်ပုံပဲ"

အဒေါ်ကြီးလီက ချက်ချင်း ထောက်ခံလိုက်သည်။ "ညည်းက မွေးရာပါ စိုက်ပျိုးရေးသမားပဲ... ရန်ဖြစ်တိုက်ခိုက်တာတွေက မိန်းကလေးတွေ လုပ်ရမယ့်အလုပ်မှ မဟုတ်တာ"

"အဲဒီ သတ်တာဖြတ်တာတွေကို မောင်လင်းယွမ်တို့လို ယောက်ျားလေးတွေ လုပ်ပါစေ... ညည်းရဲ့ အစွမ်းနဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်နိုင်ရင် လူတိုင်းအတွက် နတ်သုဒ္ဓါပဲ"

ဆုန့်ဝမ်မှာ မျက်နှာပွင့်လန်းသွားပြီး ခေါင်းတငြိမ့်ငြိမ့် လုပ်နေသည်။

"ဘာတွေများ ဒီလောက် ပျော်နေကြတာလဲ"

လင်းယွမ်က ပြုံးရယ်ကာ မေးလိုက်သည်။

အဒေါ်ကြီးလီနှင့် ဆုန့်ဝမ်တို့ မော့ကြည့်လိုက်ရာ လင်းယွမ်ဖြစ်နေသဖြင့် ချက်ချင်း ထရပ်လိုက်ကြသည်။

အဒေါ်ကြီးလီက စိတ်လှုပ်ရှားစွာဖြင့် "မောင်လင်းယွမ်... နင် လာတာ အချိန်ကိုက်ပဲ... လာကြည့်ပါဦး... ဆုန့်ဝမ်ရဲ့ အစွမ်းက ငါတို့ကို အများကြီး အကူအညီဖြစ်စေတယ်"

လင်းယွမ် သူတို့အနားသို့ လျှောက်သွားပြီး ဆုန့်ဝမ်ကို ဦးစွာ ကြည့်လိုက်သည်။

ဆုန့်ဝမ်မှာ ပူလွန်းသဖြင့် ချွေးများ ရွှဲနစ်နေသည်။ သူမ ဝတ်ဆင်ထားသော တီရှပ်အွပွမှာ ခန္ဓာကိုယ်၌ ကပ်နေပြီး သူမ၏ ဖွံ့ထွားသော ကိုယ်ခန္ဓာအလှကို ပေါ်လွင်စေသည်။

နဖူးမှ ဆံနွယ်များမှာလည်း စိုစွတ်နေပြီး ဖြူဝင်းသော အသားအရေပေါ်တွင် ကပ်နေသည်။

ပူအိုက်လွန်းသောကြောင့် သူမ၏ မျက်နှာလေးမှာ ပန်းသီးကဲ့သို့ နီရဲနေသည်။

သူမ၏ နှာခေါင်းပေါက်ထဲတွင် ဂွမ်းစနှစ်ခုကို ပိတ်ဆို့ထားသေးသည်။

ထိုပုံစံလေးမှာ ချစ်စရာကောင်းသလို ဆွဲဆောင်မှုလည်း ရှိနေသည်။

လင်းယွမ် ရယ်ချင်စိတ်ကို မနည်းထိန်းလိုက်ရပြီး "ဒီမှာ အနံ့ နည်းနည်းဆိုးတယ်မလား"

ဆုန့်ဝမ်က ခေါင်းခါလိုက်ပြီး "ကျွန်မက သိပ်အကျင့်မဖြစ်သေးလို့ပါ... အဒေါ်ကြီးလီတို့ကတော့ ကျင့်သားရနေပါပြီ"

အဒေါ်ကြီးလီက ရယ်မောရင်း "ဖန်လုံအိမ် စိုက်ပျိုးရေးဆိုတာ ဒီလိုပါပဲ... အစိုဓာတ်နဲ့ အပူချိန်ကို ထိန်းသိမ်းဖို့အတွက် ပြတင်းပေါက်တွေကို မဖွင့်ထားဘူး... ညဘက်ကျမှ လေနည်းနည်း ပေးဝင်တာ"

"ကဲ ဒါတွေ ထားလိုက်ပါဦး... မောင်လင်းယွမ်... ဒီ ဟင်းရွက်ပင်ပေါက်လေးတွေကို လာကြည့်ပါဦး"

လင်းယွမ် ငုံ့ကြည့်လိုက်ရာ အဒေါ်ကြီးလီ ညွှန်ပြသော နေရာကို ကြည့်လိုက်သည်။

တစ်ပေခန့်ကျယ်သော မြေကြီးထဲမှ စိမ်းလန်းစိုပြည်သော အပင်ပေါက်လေးများ ထိုးထွက်လာသည်ကို တွေ့ရသည်။

ထိုအပင်ပေါက်လေးများမှာ ပဲပင်ပေါက်စလေးများကဲ့သို့ သေးငယ်လှသည်။

လင်းယွမ် ထိုင်ချလိုက်ပြီး ဝမ်းသာအားရဖြင့် "အညှောင့်ပေါက်လာပြီပဲ"

အဒေါ်ကြီးလီက ဝမ်းသာစွာဖြင့် "ဟုတ်ပါ့တော်... နင် ပေးတုန်းက မျိုးစေ့တွေကို ရေထဲစိမ်ပြီး အညှောင့်ဖောက်ဖို့ ကြိုးစားသေးတယ်... ဘယ်လောက် လုပ်လုပ် မအောင်မြင်ဘူး"

"အာဟာရ မလုံလောက်လို့လား ဆိုပြီး မြေကြီးထဲ တိုက်ရိုက်ချစိုက်ကြည့်တော့လည်း ရက်အတော်ကြာတဲ့အထိ ဘာမှ ထူးမလာဘူး"

သူမ ခေါင်းခါလိုက်ပြီး "မျိုးစေ့တွေများ ပျက်နေပြီလားလို့တောင် ထင်မိတယ်... နည်းလမ်းပေါင်းစုံ သုံးကြည့်တာတောင် မရဘူး"

"နောက်ဆုံးတော့ ငါ့အမျိုးသားက ပြောတယ်... ဆုန့်ဝမ်က သန္ဓေပြောင်းအစွမ်း နိုးထားတယ်... အပင်တွေ ကြီးထွားအောင် လုပ်ပေးနိုင်တယ်ဆိုလို့ သူ့ကို ခေါ်ပြီး စမ်းခိုင်းကြည့်တာ"

"မထင်မှတ်ထားဘူး... ဆုန့်ဝမ်ရဲ့ အစွမ်းက သိပ်စွမ်းတာပဲ... သူ လုပ်လိုက်တာနဲ့ တကယ် ဖြစ်လာရော"

"အရင်က သေနေပြီထင်ရတဲ့ မျိုးစေ့တွေက နှစ်ရက်အတွင်းမှာပဲ အညှောင့်ထွက်ပြီး ကြီးလာကြတယ်"

"မောင်လင်းယွမ်... အဒေါ်ကြီး တစ်ခုလောက် တိုင်ပင်ချင်လို့... ဆုန့်ဝမ်ကို ဒီဘက်မှာပဲ ထားပေးပါလား... ကင်းလှည့်တဲ့အဖွဲ့ထဲကိုတော့ တခြားကောင်လေးတစ်ယောက်ယောက် ရှာထည့်လိုက်ပါ"

"ဆုန့်ဝမ်ရဲ့ အစွမ်းက မွေးရာပါ စိုက်ပျိုးရေးသမားပဲ"

လင်းယွမ် ကြားလိုက်ရသဖြင့် အားရပါးရ ရယ်မောလိုက်သည်။ "အဒေါ်ကြီးလီရယ်... အဲဒီစကားသာ ရေမကြီးခင်တုန်းက ဆုန့်ဝမ်ကို သွားပြောရင် သူ စိတ်ဆိုးမှာ သေချာတယ်"

"ကြည့်ပါဦး... သူ့ပုံစံက ရေဆေးငါးလေးလို နုနုနယ်နယ်လေး... မွေးရာပါ စိုက်ပျိုးရေးသမား ဖြစ်ပါ့မလား... သူက အွန်လိုင်း တိုက်ရိုက်ထုတ်လွှင့်သူ လုပ်ခဲ့တာဗျ"

အဒေါ်ကြီးလီကလည်း ဟားတိုက်ရယ်မောလိုက်ပြီး "တိုက်ရိုက်ထုတ်လွှင့်သူက ဘာကောင်းလို့လဲ... အခုလို ခေတ်ပျက်ကြီးထဲမှာ နာမည်ကြီး မင်းသမီးဖြစ်နေရင်တောင် စိုက်ပျိုးရေးတတ်တာလောက် အသုံးမဝင်ဘူး... ဟုတ်တယ်မလား ဆုန့်ဝမ်"

ဆုန့်ဝမ်က ပါးစပ်ကိုအုပ်ကာ ရယ်မောရင်း "ဟုတ်ပါတယ်... ဟုတ်ပါတယ်... အဒေါ်ကြီးလီ ပြောတာ မှန်ပါတယ်... ကျွန်မလည်း အရင်တုန်းက မတတ်သာလို့ တိုက်ရိုက်ထုတ်လွှင့်သူ လုပ်ခဲ့ရတာပါ... ဒီခေတ်ကြီးမှာ ကျွန်မတို့လို အနုပညာကျောင်းဆင်းတွေက သရုပ်ဆောင်မလုပ်ရရင် တိုက်ရိုက်ထုတ်လွှင့်သူပဲ လုပ်စရာရှိတာကိုး"

"တခြားဟာတွေလည်း ကျွန်မတို့က မတတ်ဘူးလေ... ကျွန်မလည်း မထင်ထားဘူး... စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ အစွမ်း နိုးထလာလိမ့်မယ်လို့... ဟီးဟီး"

ပြောရင်းဆိုရင်းနှင့် သူမကိုယ်တိုင်လည်း သဘောကျသွားသည်။

ကိုယ့်မှာ ဒီလိုပါရမီရှိမှန်း စောစောစီးစီးသာ သိခဲ့ရင် သူမ ဘယ်ငတ်ပါ့မလဲ။

အိမ်မှာ ဟင်းသီးဟင်းရွက်လေးတွေ၊ အာလူးလေးတွေ စိုက်စားရင်တောင် ငတ်သေမည့်ဘေးမှ လွတ်နိုင်သည် မဟုတ်ပါလော။

အားလုံး ရယ်မောပြောဆိုလိုက်ကြသဖြင့် စိတ်လက်ပေါ့ပါးသွားကြသည်။

မှောင်မိုက်နေသော အခန်းကျဉ်းလေးထဲတွင် စိမ်းလန်းသော အရောင်အဆင်းလေး ပေါ်ထွန်းလာခြင်းသည် မျှော်လင့်ချက်ကင်းမဲ့နေသော ရေလွှမ်းမိုးသော ကမ္ဘာကြီးထဲ၌ မျှော်လင့်ချက်ရောင်ခြည်တစ်ခုကို မြင်တွေ့လိုက်ရသည်နှင့် တူပေသည်။

လင်းယွမ်က ဆက်ပြောလိုက်သည်။ "ဆုန့်ဝမ်... အဒေါ်ကြီးလီ ပြောတာ မှန်တယ်... နင့်ရဲ့ အစွမ်းက ထူးခြားတယ်... ကင်းလှည့်ခိုင်းတာက နှမြောစရာကောင်းတယ်... ဒီတော့ နင် အဒေါ်ကြီးလီနဲ့အတူတူ ဟင်းသီးဟင်းရွက်တွေကို ကူစိုက်ပေးပါ"

"အခု တိုက်ခန်းထဲက လူတွေ အစာဝနေပေမဲ့ ဗီတာမင်ဓာတ် မရတာကြာပြီ... အာဟာရ မညီမျှရင် ရေရှည်မှာ ပြဿနာတက်နိုင်တယ်"

"ဒီဟင်းသီးဟင်းရွက်တွေ ထွက်လာရင် နင့်ကို နည်းပညာ ရှယ်ယာရှင်အဖြစ် သတ်မှတ်ပေးမယ်... အခန်းပိုင်ရှင်တွေကို ရောင်းပြီးရတဲ့အထဲက နင့်အတွက် ဝေစုတစ်ခု ဖယ်ပေးမယ်"

ဆုန့်ဝမ်က အလျင်အမြန်ပင် "အစ်ကိုလင်းယွမ် စိတ်ချပါ... ကျွန်မ အဒေါ်ကြီးလီဆီကနေ စိုက်ပျိုးနည်းတွေကို သေချာ သင်ယူပါ့မယ်"

လင်းယွမ် ပြုံး၍ ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။ "ဒါနဲ့ အဒေါ်ကြီးလီ... ကျွန်တော် ပြီးခဲ့တဲ့တစ်ခေါက်က ပေးလိုက်တဲ့ နေကြာပန်းစေ့တွေရော... ဘယ်မှာ စိုက်ထားလဲ... အညှောင့်ပေါက်တာတွေ ရှိလား"

ဆက်ရန်...

အပိုင်း (၁၃၂) အမှတ်များ ထပ်မံတိုးပွားခြင်းနှင့် တုံမောင်နှမ

ဒေါ်ကြီးလီက လင်းယွမ်၏ စကားကို ကြားသည်နှင့် လျင်မြန်စွာ ပြောလိုက်သည်။

"နေကြာစေ့တွေလား... နင် သေချာ မှာထားကတည်းက ဒေါ်ကြီး သေချာ ဂရုစိုက်ထားပါတယ်... ပြတင်းပေါက်နားမှာ စိုက်ထားတယ်လေ"

ထိုသို့ပြောရင်း သူမက လင်းယွမ်ကို ပြတင်းပေါက်ရှိရာဘက်သို့ ခေါ်ဆောင်သွားကာ ဆက်ပြောလိုက်သည်။

"ဒီနေရာက ပြတင်းပေါက်နဲ့ နီးတော့ မိုးတွေကြီးနေပေမယ့် အလင်းရောင် နည်းနည်းတော့ ရသေးတယ်... နင် မျိုးစေ့တွေ ပေးတုန်းကလည်း ဒေါ်ကြီး ရေအရင်စိမ်ပြီးမှ စိုက်တာပါ... မျိုးစေ့တွေက အရည်အသွေး ကောင်းတယ်... တော်တော်များများတောင် အညှောင့်ထွက်လာသေးတယ်... ဒါပေမဲ့ မြေကြီးထဲ ထည့်စိုက်ပြီးတဲ့နောက် ဘာသံမှ မကြားရတော့ဘဲ ငြိမ်သွားတာပဲ... ဘာဖြစ်လို့လဲတော့ မသိဘူး"

"ဒီမှာလေ... ဒီနေရာလေးမှာ စိုက်ထားတာ"

လင်းယွမ်က ပြတင်းပေါက်အနီးရှိ မြေကြီးပုံဘေးသို့ လျှောက်သွားကာ ကြည့်ရှုလိုက်သည်။ မြေကြီးထဲတွင် မည်သည့် အစိမ်းရောင် အညှောင့်လေးမျှ ထွက်မလာသည်ကို မြင်လိုက်ရသဖြင့် သူ၏ မျက်မှောင်များ တွန့်ကွေးသွားရသည်။

ထိုစဉ်က သန္ဓေပြောင်း နေကြာစေ့များကို ရရှိခဲ့ချိန်တွင် ရှင်သန်နှုန်း ၂၀% သာ ရှိကြောင်း စနစ်က သတိပေးခဲ့ဖူးသည်။ ထို့ကြောင့် အညှောင့်ပေါက်လာလျှင်ပင် ကြီးပြင်းလာရန် မျှော်လင့်ချက်မှာ မများလှချေ။ သို့သော် နေကြာစေ့ အစေ့ ၂၀ လုံးတွင် တစ်ပင်မှ ပေါက်လာမည်မဟုတ်ဟုတော့ လင်းယွမ် ထင်မထားခဲ့မိချေ။

လင်းယွမ် စိတ်ပျက်သွားသည့်ဟန်ကို မြင်လိုက်ရသဖြင့် ဒေါ်ကြီးလီခမျာလည်း စိုးရိမ်ပူပန်သွားရှာသည်။

သို့သော် ဤနေကြာစေ့များသည် သန္ဓေပြောင်း အပင်မျိုးစေ့များ ဖြစ်သည့်အတွက် သာမန် စိုက်ပျိုးနည်းများဖြင့် အောင်မြင်ရန် ခက်ခဲမည်မှာ အမှန်ပင်ဖြစ်ကြောင်း လင်းယွမ် ကောင်းစွာ သိနားလည်ထားသည်။

ဒေါ်ကြီးလီက မနေနိုင်စွာဖြင့် အကြံပြုလာသည်။

"ဒါနဲ့... ဆုန့်ဝမ်လေး ဒီမှာရှိနေတာပဲ... သူ့ရဲ့အစွမ်းနဲ့ စမ်းကြည့်ခိုင်းရင် မကောင်းဘူးလား"

လင်းယွမ်လည်း ထိုစကားကို ကြားလျှင် ဆုန့်ဝမ်ကို လှမ်းကြည့်ကာ မေးလိုက်သည်။

"ဆုန့်ဝမ်... နင့်မှာ အား ကျန်သေးရဲ့လား"

ဆုန့်ဝမ်က ခေါင်းကို လျင်မြန်စွာ ညိတ်ပြလိုက်သည်။

"ကျွန်မ အဆင်ပြေပါတယ်"

နှာခေါင်းထဲတွင် ဂွမ်းဆို့ထားရသဖြင့် သူမ၏ အသံမှာ နှာသံပေါက်နေသော်လည်း အလျင်အမြန်ပင် ပြန်ဖြေရှာသည်။

လင်းယွမ်က ဆက်ပြောလိုက်သည်။

"ဒါဆိုရင် နင် တစ်ချက်လောက် ကြည့်ပေးပါဦး... ဒီမျိုးစေ့တွေက ငါ့အတွက် အရမ်းအရေးကြီးလို့"

"ဟင်... အရေးကြီးတာလား... ကျွန်မ စမ်းကြည့်ပေးမယ်လေ"

ဆုန့်ဝမ်သည် ချက်ချင်းပင် အလေးအနက်ထားကာ လျှောက်လာခဲ့သည်။ လင်းယွမ်နှင့် ဒေါ်ကြီးလီတို့၏ အကြည့်အောက်၌ပင် သူမက မြေကြီးပေါ်သို့ လက်ကို ဆန့်တန်းလိုက်သည်။

သဘာဝမြေသြဇာ နံ့များကြောင့် နံစော်နေသော်လည်း သူမ ဂရုမစိုက်နိုင်တော့ပေ။ လေးနက်သော အမူအရာဖြင့် မျက်လုံးများကို မှိတ်လိုက်ပြီး မြေကြီးထဲရှိ အပင်များ၏ အသက်ဓာတ်ကို သေချာစွာ အာရုံခံလိုက်သည်။

သူမ၏ ခန္ဓာကိုယ်ထဲမှ အစွမ်းများ စတင်လှုပ်ရှားလာသည်နှင့်အမျှ အစိမ်းရောင် အလင်းတန်းများက သူမ၏ လက်ဝါးပြင်မှ စီးဆင်းလာပြီး မြေကြီးထဲသို့ စိမ့်ဝင်သွားကြသည်။

မကြာမီမှာပင် ဆုန့်ဝမ်၏ နဖူးထက်၌ ချွေးသီးချွေးပေါက်များ စတင်ကျဆင်းလာသည်။ ထို အစိမ်းရောင် စွမ်းအင်များကို မောင်းနှင်အသုံးပြုခြင်းက သူမ၏ ခန္ဓာကိုယ် ခွန်အားကို များစွာ ကုန်ဆုံးစေသည်။

ခေတ္တမျှ ကြာပြီးနောက် သူမလက်မှ အစိမ်းရောင် အလင်းများ မှေးမှိန်သွားပြီး မျက်လုံးများ ပြန်ပွင့်လာချိန်တွင် သူမ၏ မျက်နှာ၌ မောပန်းနွမ်းနယ်မှု အရိပ်အယောင်များ ထင်ဟပ်နေသည်။

"အစ်ကိုလင်း... ခုနက ကျွန်မ အာရုံခံကြည့်တာ... အောက်က မျိုးစေ့တွေ အကုန်လုံး သေကုန်တာတော့ မဟုတ်ဘူး... နှစ်စေ့ သုံးစေ့လောက်က အသက်ဓာတ် ကျန်နေသေးတယ်"

"ခုနက ကျွန်မရဲ့ စွမ်းအင်နဲ့ ပြုစုပျိုးထောင်ပေးလိုက်တော့... မနက်ဖြန်လောက်ဆို အညှောင့်ထွက်တာ မြင်ရလောက်ပါပြီ"

ထိုသို့ပြောရင်း သူမ၏ မျက်နှာထားက အားနာစိတ်ဖြင့် ညှိုးငယ်သွားကာ ဆက်ပြောသည်။

"တောင်းပန်ပါတယ် အစ်ကိုလင်းရယ်... ကျွန်မရဲ့ အစွမ်းက သိပ်မကောင်းတော့... မျိုးစေ့ နှစ်စေ့ သုံးစေ့လောက်ပဲ ကယ်ပေးနိုင်ခဲ့တယ်"

လင်းယွမ်ကမူ စိတ်ထဲ၌ တွက်ချက်လိုက်သည်။ ဤမျိုးစေ့များ၏ ရှင်သန်နှုန်းမှာ ၂၀% သာရှိကြောင်း စနစ်က ပြောထားပြီးဖြစ်သည်။ စုစုပေါင်း အစေ့ ၂၀ တွင် ထိုနှုန်းထားအတိုင်းဆိုလျှင် နှစ်ပင် သုံးပင် ရှင်သန်ခြင်းက တကယ်တမ်းတွင် များပြားလှသော ပမာဏပင် ဖြစ်သည်။

သူက ချက်ချင်းပင် နှစ်သိမ့်လိုက်သည်။

"ဆုန့်ဝမ်... နင့်အပြစ် မဟုတ်ပါဘူး... ဒီမျိုးစေ့တွေက သာမန် မဟုတ်ဘူးလေ... နင့်အနေနဲ့ နှစ်စေ့ သုံးစေ့လောက် ကယ်တင်ပေးနိုင်တာကိုက တကယ့်ကို တော်လှပါပြီ"

သူ၏ စကားကြောင့် ဆုန့်ဝမ်ရော ဒေါ်ကြီးလီပါ စူးစမ်းလိုစိတ် ဖြစ်ပေါ်လာကြသည်။

"ဒီမျိုးစေ့တွေက သာမန် မဟုတ်ဘူးလား"

"လင်းယွမ်... ဒါက နေကြာစေ့တွေ မဟုတ်ဘူးလား"

လင်းယွမ်က ခေါင်းခါရင်း နှစ်ယောက်စလုံးကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

"ဒေါ်ကြီးလီ... ဆုန့်ဝမ်... ကျွန်တော် ခင်ဗျားတို့ကို အမှန်အတိုင်း ပြောပြမယ်... ဒီမျိုးစေ့တွေက သန္ဓေပြောင်း အပင်မျိုးစေ့တွေဗျ... ရှင်သန်နှုန်း သိပ်မမြင့်ဘူး... ဒါကြောင့် ဆုန့်ဝမ်... နင် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်နဲ့"

"နင်သာ မရှိရင် ဒီမျိုးစေ့တွေက တစ်စေ့မှတောင် ရှင်မှာ မဟုတ်ဘူး"

ဒေါ်ကြီးလီနှင့် ဆုန့်ဝမ်တို့မှာ မျက်လုံးများ ပြူးကျယ်သွားပြီး အံ့သြမှင်သက်သွားကြသည်။

ဆုန့်ဝမ်က မေးလိုက်သည်။

"သန္ဓေပြောင်း အပင်မျိုးစေ့လား... အစ်ကိုလင်း... ဘယ်က ရလာတာလဲဟင်... ဒီနေကြာပန်းတွေက သန္ဓေပြောင်း အပင်တွေ ဖြစ်လာမှာလား"

ဒေါ်ကြီးလီကလည်း အာမေဋိတ်သံဖြင့် ဝင်ပြောသည်။

"သန္ဓေပြောင်း အပင်မျိုးစေ့ ဖြစ်နေတာကိုး... ဒါကြောင့် ငါ့အတွေ့အကြုံနဲ့တောင် တစ်ပင်မှ အဖတ်မတင်တာပါလား... လင်းယွမ်... ဒီနေကြာပန်းတွေက ဘာထူးခြားချက် ရှိမှာလဲ"

လင်းယွမ်က ခေါင်းခါလိုက်သည်။

"အတိအကျ ဘာအသုံးဝင်မလဲ ဆိုတာတော့ ကျွန်တော်လည်း လောလောဆယ် မသိသေးဘူး... သူတို့ ကြီးလာမှပဲ သိရမှာ"

"ဒါပေမဲ့ သန္ဓေပြောင်း အပင်ဆိုမှတော့ ထူးခြားမှု တစ်ခုခုတော့ ရှိမှာ သေချာတယ်"

"ဆုန့်ဝမ်... ဒေါ်ကြီးလီ... ဒီမျိုးစေ့တွေသာ အညှောင့်ပေါက်လာရင် အထူးဂရုစိုက်ပြီး ကြည့်ပေးကြပါ"

သူက ထပ်မံ၍ မှာကြားလိုက်သည်။

ဒေါ်ကြီးလီနှင့် ဆုန့်ဝမ်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး လေးနက်စွာ ခေါင်းညိတ်လိုက်ကြသည်။

ဒေါ်ကြီးလီက ပြတ်သားစွာ ပြောသည်။

"စိတ်ချပါ... ဒေါ်ကြီး မျက်ခြေမပြတ် ကြည့်ပေးထားပါ့မယ်"

ဆုန့်ဝမ်ကလည်း ကတိပေးသည်။

"ကျွန်မ နောက်ရက်တွေကျရင် နေ့တိုင်း လာပြီး အစွမ်းနဲ့ ပြုစုပေးမယ်နော်"

လင်းယွမ်က ပြုံးလိုက်မိသည်။

"ကောင်းပြီလေ... ခင်ဗျားတို့ ဒီလိုပြောမှတော့ ကျွန်တော် စိတ်ချရပြီ"

ထို့နောက် လင်းယွမ်သည် ထိုနေရာတွင် ခေတ္တမျှ ဆက်နေပြီး ပစ္စည်းသိုလှောင်ခန်းထဲမှ အချိုရည်ပုလင်း အနည်းငယ်ကို ထုတ်ယူကာ ဆုန့်ဝမ်နှင့် အခြားသူများကို လက်ဆောင် ပေးလိုက်သည်။

သို့သော် ဒေါ်ကြီးလီက နှမြောတသသံဖြင့် သူမတွင် ဆီးချိုရောဂါ ရှိသဖြင့် အချိုရည် သောက်၍မရကြောင်း ပြောလာသည်။ ထိုအခါမှ လင်းယွမ်လည်း ဒေါ်ကြီးလီ၌ နာတာရှည်ရောဂါ ရှိနေသည်ကို သတိရသွားသည်။

"ဒေါ်ကြီးလီ... အိမ်မှာ အင်ဆူလင် ကျန်သေးလား... ဆီးချိုက စိုးရိမ်ရလား"

ဒေါ်ကြီးလီက သက်ပြင်းတစ်ချက် ချလိုက်သည်။

"အင်ဆူလင်က ကုန်တာကြာပြီ... ဒီရောဂါက နာတာရှည်ဆိုတော့ အစားအသောက် ဆင်ခြင်ပြီး အချိုတွေ မစားရင် သွေးတွင်းသကြားဓာတ်ကို ထိန်းထားလို့ ရပါတယ်"

"ဒီနှစ်ဝက်အတွင်းမှာ အစားအသောက်ကလည်း နည်းလာတော့ သွေးချို တက်မယ် မထင်ဘူး... ဒါပေမဲ့ အိမ်က သွေးချိုတိုင်းစက်က ဘက်ထရီကုန်သွားတော့ တိုင်းလို့ မရတော့ဘူးလေ"

လင်းယွမ်က ချက်ချင်းပင် ပြောလိုက်သည်။

"ဒေါ်ကြီးလီ... နောက်ဆို သွေးချိုတိုင်းစက်လိုမျိုး အားသွင်းဖို့ လိုတဲ့ ပစ္စည်းတွေရှိရင် ကျွန်တော့်ဆီ ယူလာခဲ့... အမမေကို ပေးလိုက်ရင် သူ အားသွင်းပေးလိမ့်မယ်"

"ဟူး... အားသွင်းလို့ ရလည်း အလကားပါပဲကွယ်... သွေးချိုသာ တက်လာခဲ့ရင် သွေးချိုကျဆေး ရှာစရာနေရာမှ မရှိတာ" ဒေါ်ကြီးလီက သက်ပြင်းချပြန်သည်။

ထို့နောက် သူမက ရယ်မောလိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။

"ထားလိုက်ပါတော့လေ... ဒေါ်ကြီးလည်း အသက်ကြီးပြီပဲ... နေရသလောက်လည်း တန်နေပါပြီ"

"ရှေးလူကြီးတွေ ပြောသလိုပေါ့... လူ့သက်တမ်းဆိုတာ ကံတရားပဲလေ... ဒေါ်ကြီးလည်း ခြောက်ဆယ် နားကပ်နေပြီ... ရှေးခေတ်သာဆိုရင် အသက်ရှည်တယ်လို့တောင် ပြောလို့ရနေပြီ"

ဆုန့်ဝမ်မှာ မျက်ရည်များ ဝဲတက်လာပြီး ဒေါ်ကြီးလီ၏ လက်မောင်းကို ဆုပ်ကိုင်ကာ ပြောရှာသည်။

"ဒေါ်ကြီးလီရယ်... မပြောပါနဲ့... ဒေါ်ကြီး ဘာမှမဖြစ်စေရပါဘူး... သွေးချိုထိန်းပြီး နေကောင်းကျန်းမာနေတဲ့သူတွေ အများကြီး ရှိပါတယ်"

ဒေါ်ကြီးလီက ပြုံးလိုက်သည်။

"ဟုတ်ပါတယ်ကွယ်... ဒေါ်ကြီးကလည်း တစ်ရက် အသက်ရှင်ရင် တစ်ရက် အမြတ်ထွက်တာပဲလို့ သဘောထားပါတယ်... ဟားဟားဟား"

လင်းယွမ်က ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

"ဒေါ်ကြီးလီ... တကယ်တော့ ဒေါ်ကြီးရောဂါက ပျောက်ဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး"

ဒေါ်ကြီးလီနှင့် ဆုန့်ဝမ်တို့ ကြောင်အသွားကြသည်။

ဒေါ်ကြီးလီက အံ့သြစွာဖြင့် မေးသည်။

"လင်းယွမ်... နင် ဒေါ်ကြီးလို အဘွားအိုကို လာနှစ်မသိမ့်ပါနဲ့... ဆီးချိုရောဂါဆိုတာ ပျောက်ကင်းအောင် ကုလို့မရဘူးလို့ ဒေါ်ကြီး ဆေးရုံတွေအများကြီး တက်ဖူးလို့ သိပါတယ်"

လင်းယွမ်က ရယ်မောလိုက်ပြီး ပြောသည်။

"ဒေါ်ကြီးလီ... ကျွန်တော် နှစ်သိမ့်နေတာ မဟုတ်ဘူးဗျ... ရေဘေးကြီး မဖြစ်ခင်တုန်းကသာဆိုရင် ကျွန်တော် ဒီလိုစကားမျိုး ပြောရဲမှာ မဟုတ်ဘူး... ဒါပေမဲ့ အခုခေတ်က မတူတော့ဘူးလေ"

"ဒေါ်ကြီး မေ့နေပြီလား... အခု လူသားတွေလည်း သန္ဓေပြောင်းလဲပြီး ဆင့်ကဲဖြစ်စဉ်တွေ ဖြစ်လာကြပြီလေ... တစ်နေ့ကျရင် ဒေါ်ကြီး ကိုယ်တိုင် အစွမ်းတစ်ခုခု ရလာခဲ့ရင် ဒီဆီးချိုရောဂါက အလိုလို ပျောက်သွားနိုင်တာပဲ မဟုတ်လား"

လင်းယွမ်၏ စကားကြောင့် ဒေါ်ကြီးလီ မှင်သက်သွားသည်။

ဆုန့်ဝမ်ကလည်း ဝမ်းသာအားရ ဝင်ပြောသည်။

"ဟုတ်တယ်နော်... အစ်ကိုလင်း ပြောတာ ဟုတ်တယ်... ဒေါ်ကြီးလီ... အခုခေတ်က အရင်နဲ့ မတူတော့ဘူး... ဒေါ်ကြီးကိုယ်တိုင် အစွမ်းမရရင်တောင် နောက်ကျရင် ကုသရေးစွမ်းအင် ရထားတဲ့ သူတွေနဲ့ တွေ့ချင်တွေ့လာနိုင်တာပဲ"

"အဲ့ဒီလူတွေက ဆီးချိုရောဂါကို ကုပေးနိုင်ချင် ကုပေးနိုင်မှာ"

"ကမ္ဘာကြီးက ပြောင်းလဲနေပြီဆိုတော့ အရာရာ ဖြစ်နိုင်ချေ ရှိတယ်လေ"

ဒေါ်ကြီးလီ၏ မျက်လုံးများ အရောင်တောက်ပလာပြီး မျှော်လင့်ချက် ရောင်ခြည်များ သန်းလာသည်။

"ဒါ... ဒါ... နင်တို့ ပြောသလိုသာ တကယ်ဖြစ်လာရင်တော့... သိပ်... သိပ်ကောင်းမှာပဲကွယ်"

"ဒေါ်ကြီး ရင်ထဲမှာ ဒေါ်ကြီးမရှိတော့ရင် ကျန်ခဲ့မယ့် နင်တို့ ဦးလေးမာကိုပဲ စိတ်မချ ဖြစ်နေရတာ"

ထိုသို့ ပြောရင်း သူမ၏ မျက်ဝန်းအိမ်များ နီရဲလာသည်။

လင်းယွမ်နှင့် ဆုန့်ဝမ်တို့က သူမကို ဝိုင်းဝန်းနှစ်သိမ့်ပေးလိုက်ကြရာ ဒေါ်ကြီးလီ၏ စိတ်အခြေအနေလည်း ပြန်လည် ကောင်းမွန်လာသည်။

ထိုနေရာ၌ ခေတ္တမျှ ဆက်နေပြီးနောက် အလုပ်ရှုပ်နေကြသော ဒေါ်ကြီးလီနှင့် ဆုန့်ဝမ်တို့ကို ကြည့်ရင်း လင်းယွမ်၏ စိတ်ထဲတွင် တက်ကြွမှုများ ပြည့်နှက်လာသည်။

"မျိုးစေ့တွေ ထပ်ရအောင် ကံစမ်းမဲ နှိုက်ကြည့်ဦးမှ... ဟင်းသီးဟင်းရွက်တွေက အရမ်း အရေးကြီးတယ်"

လင်းယွမ် စိတ်ထဲတွင် တေးမှတ်ထားလိုက်သည်။ ထို့အပြင် သန္ဓေပြောင်း နေကြာပင်များ ကြီးထွားလာပါက မည်သို့သော ထူးခြားချက်များ ရှိလာမည်ကိုလည်း သူ မျှော်လင့်နေမိသည်။

"သန္ဓေပြောင်း အသီးတွေများ သီးလာမလား"

"တကယ်လို့သာ သန္ဓေပြောင်း အသီးတွေ သီးလာခဲ့ရင် နေကြာပွင့် တစ်ပွင့်ထဲမှာ နေကြာစေ့တွေ အများကြီး ပါတာလေ"

"နေကြာစေ့ တစ်စေ့ကို သန္ဓေပြောင်း အသီးတစ်လုံးလို့ သတ်မှတ်လို့ ရမလား"

"ဒါဆိုရင် သန္ဓေပြောင်း အသီးတွေ ဘယ်လောက်တောင် များလိုက်မလဲ"

သူ၏ စိတ်ကူးယဉ်မှုများ လွန်ကဲလာကာ မျက်နှာတွင် အပြုံးများ ဝေဆာလာသည်။

အဆောက်အဦးထဲတွင် တစ်ပတ်မျှ လှည့်ပတ်ကြည့်ရှုပြီးနောက် ၁၉ လွှာသို့ သူ သွားလိုက်သည်။

တစ်ဖက် အဆောက်အဦးမှ တာအိုဆရာလင်းတို့ ပို့လာသော ငါးများကို စစ်ဆေးကြည့်ရှုလိုက်သည်။

တာအိုဆရာလင်းတို့ အုပ်စုသည် ယခုတစ်ခေါက်တွင် ငါးအမြောက်အမြား ပို့လာခဲ့သည်။ လင်းယွမ် မေးမြန်းကြည့်ရာ အကောင်ရေ ၂၀၀ ကျော် ရှိသည်ဟု သိရသည်။

ဤငါးများအားလုံးကို သတ်လိုက်ပါက အနည်းဆုံး အမှတ် ၁၆၀၀ ခန့် ရရှိနိုင်ပေသည်။

လင်းယွမ် ပို၍ ပျော်ရွှင်လာသည်။

"တိုက် (၇၅) ဘက်က ငါ့ဆီကို နေ့တိုင်း ငါး ၂၀၀၊ ၃၀၀ လောက် ပို့ပေးနေတယ်... ငါ့ဘက်က အခန်းပိုင်ရှင်တွေ ရှာပေးတာကလည်း တစ်နေ့ကို အကောင် ၂၀၀ ကျော်လောက် ရှိတယ်"

"အရင် အတွေ့အကြုံအရဆိုရင် သန္ဓေပြောင်း ငါးတစ်ကောင်ကို ပျမ်းမျှ အမှတ် ၈ မှတ်လောက် ရတတ်တယ်"

"ငါး အကောင် ၄၀၀ နဲ့ တွက်ရင်တောင် တစ်နေ့ကို အမှတ် ၃၂၀၀ လောက် ဝင်နေပြီ"

"အားလုံးကို အရည်အသွေးမှတ်တွေနဲ့ လဲမယ်ဆိုရင် တစ်နေ့ကို အနည်းဆုံး အရည်အသွေးမှတ် ၃ မှတ်လောက် ရနိုင်တယ်"

လင်းယွမ် စိတ်ထဲတွင် အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်သော်လည်း နှေးကွေးလွန်းသည်ဟု ခံစားနေရဆဲပင်။

ဒါက အရည်အသွေးမှတ်အတွက် သီးသန့် ကံစမ်းမဲ နှိုက်ရုံသာ ရှိသေးသည်။

အကယ်၍ မိမိအနေဖြင့် သိုင်းပညာ ကို သီးသန့် နှိုက်လိုလျှင် အမှတ် တစ်သောင်း အရင်းအနှီး လိုအပ်ပေမည်။

အမှတ် တစ်သောင်း ပြည့်ရန်အတွက် အနည်းဆုံး ၃၊ ၄ ရက်ခန့် စောင့်ရဦးမည် ဖြစ်သည်။

ထို ၃၊ ၄ ရက်အတွင်း ရေကြီးမှု အခြေအနေက မည်မျှ ဆိုးရွားလာမည်ကို မည်သူမျှ မသိနိုင်ချေ။

"အချိန် မလောက်ဘူး"

လင်းယွမ် မျက်မှောင်ကြုတ်လိုက်မိပြီး တိုက် (၇၇) အဆောက်အဦးဘက်သို့ လှမ်းကြည့်လိုက်သည်။

"တိုက် (၇၇) နဲ့ တိုက် (၇၅) က ငါတို့ တိုက် (၇၆) နဲ့ အကွာအဝေး သိပ်မကွာဘူး"

"ငါ့ရဲ့ လက်ရှိ ခွန်အားနဲ့ဆိုရင် ကြိုးပစ်ပြီး ကူးဖို့ဆိုတာ ခက်ခဲတဲ့ ကိစ္စ မဟုတ်ဘူး"

"ဟိုဘက်မှာ လူ ဘယ်လောက်ကျန်သေးလဲ မသိရသေးဘူး... တိုက် (၇၇) က လူတွေနဲ့ အဆက်အသွယ်ရဖို့ နည်းလမ်းရှာပြီး အခြေအနေ စုံစမ်းကြည့်မှ ဖြစ်မယ်"

စိတ်ထဲတွင် အစီအစဉ် ချပြီးနောက် လင်းယွမ်သည် ရေပြင်ကြီးကို ငေးကြည့်နေလိုက်သည်။

ရေထဲတွင် သန္ဓေပြောင်း ငါးများ လျော့နည်းသွားခြင်း မရှိဘဲ အခန်းပိုင်ရှင်များက ငါးများကို မကြာခဏ ဖမ်းမိနေကြသည်။

တချို့က ပိုက်ကွန်ပစ်ကာ ကျောက်ပုစွန်များ၊ ဂဏန်းများနှင့် ခရုများကို ဖမ်းမိကြသည်။

လင်းယွမ်သည် နံရံထောင့်နေရာများကို အထူးဂရုပြု ကြည့်ရှုနေသည်။ ခရုခွံများ ရှိမရှိ သိလို၍ ဖြစ်သည်။

အဓိကအားဖြင့် တာအိုဆရာလင်းတို့ တွေ့ရှိခဲ့သော စွမ်းအင်ကျောက်တုံးမျိုး ရှိမရှိ ရှာဖွေလိုခြင်း ဖြစ်သည်။

သို့သော် ထူးဆန်းသည်မှာ လင်းယွမ်တို့ အဆောက်အဦးအနီးတွင် စွမ်းအင်ကျောက်တုံး၏ အရိပ်အယောင်မျှပင် မတွေ့ရပေ။

ခရုခွံများပင် တွေ့ရခဲလှသည်။

လင်းယွမ် အံ့သြမိသည်။ တစ်ဖက် တိုက် (၇၅) တွင်မူ ခရုခွံများ ပေါများပြီး စွမ်းအင်ကျောက်တုံးများပင် ရှိနေသည်။

"အဆောက်အဦး နှစ်ခုက သိပ်လည်း မဝေးဘဲနဲ့ ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ"

လင်းယွမ် သံသယ ဖြစ်မိသည်။ ထို့နောက် သန္ဓေပြောင်း ဖားများ ကိစ္စကို သတိရသွားသည်။

သူတို့ဘက်တွင် သန္ဓေပြောင်း ဖားများ ပေါ်မလာသော်လည်း ဟိုဘက် တိုက် (၇၅) အနီးတွင်မူ သန္ဓေပြောင်း ဖားများ မကြာခဏ တွေ့ရသည်။

"ဒါက ဘာကြောင့်များလဲ"

လင်းယွမ် စဉ်းစား၍ မရချေ။ ရေအောက်ခြေကို ဆင်းပြီး စူးစမ်းနိုင်စွမ်း မရှိသဖြင့် အကြောင်းရင်းမှန်ကို ရှာဖွေရန် မဖြစ်နိုင်ပေ။

"ထားလိုက်ပါတော့... အမှတ် ဘယ်လိုရှာရမလဲ ဆိုတာပဲ စဉ်းစားတာ ကောင်းပါတယ်"

သူ ခေါင်းခါလိုက်ပြီး အိမ်သို့ ပြန်လာခဲ့သည်။

အခန်းထဲတွင် အရောင်းအဝယ် ကိစ္စများ ပြီးစီးလုနီးပါး ဖြစ်နေပြီး ဧည့်ခန်းထဲတွင် သန္ဓေပြောင်း ငါးများ ပုံထားသည်ကို တွေ့ရသည်။

လင်းယွမ် ပြန်ရောက်လာသည်ကို မြင်လျှင် ချိုင်ယောင်၊ ဝူချန်းနှင့် ရန်မေတို့က နှုတ်ဆက်ကြသည်။

ချိုင်ယောင်က စာအုပ်လေး တစ်အုပ်ကို ကိုင်ကာ ပြေးလာပြီး အော်ပြောသည်။

"ကိုကိုလင်းယွမ်... ကြည့်ပါဦး... သမီး မှတ်ထားတဲ့ စာရင်းလေ... မမရန်မေလည်း စစ်ပေးပြီးပြီ... သမီး တွက်ထားတာ မှန်တယ်တဲ့"

လင်းယွမ်က ပြုံးရယ်လျက် စာအုပ်လေးကို လှမ်းယူကာ မှတ်တမ်းများကို ဝေ့ဝဲကြည့်ရှုလိုက်ရာ မျက်နှာပေါ်တွင် အပြုံးများ ယှက်သန်းသွားသည်။

"သန္ဓေပြောင်းငါး ၃၁၈ ကောင်တောင်လား... များလိုက်တာ"

ရန်မေကလည်း လျှောက်လာပြီး ပြောသည်။

"ဒီရက်ပိုင်း လူတွေက စားကောင်းအိပ်ပျော် ရှိကြတော့ စိတ်ဓာတ်တွေ တက်ကြွနေကြတယ်လေ... တော်တော်များများက တစ်ညလုံး မအိပ်ဘဲ အောက်ဆင်းပြီး ငါးဖမ်းကြတာ... ငါးတွေ တော်တော်လေး ရလာတယ်"

လင်းယွမ် သဘောပေါက်သွားသည်။ အစကတည်းက စည်းကမ်းသတ်မှတ်ပြီး လူတိုင်း စိတ်ချလက်ချ ငါးဖမ်းနိုင်အောင် စီစဉ်ပေးခဲ့သည့် သူ၏ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း တွေးမိလိုက်သည်။

ဝမ်ကျဲတို့၊ လျှိုအားလုံတို့ ဂိုဏ်းတွေသာ ရှိနေသေးလျှင် ဘယ်သူက အပြင်ထွက်ပြီး ငါးဖမ်းရဲပါ့မလဲ။

သူသည် အခြားပစ္စည်းများကို ဆက်လက် စစ်ဆေးကြည့်ရာ ဂဏန်း ၅၀၊ ၆၀ ခန့်နှင့် ကျောက်ပုစွန် အကောင်ရေ ၁၀ ကောင်ခန့် ရှိသည်ကို တွေ့ရသည်။

ခရုခွံက နှစ်ခုသာ ပါပြီး ပင်လယ်ခရုက အကောင် ၂၀ ခန့် ပါရှိသည်။

ဤ အခွံမာ သတ္တဝါများက အမှတ်ပိုရပြီး တစ်ကောင်လျှင် ငါးအများအပြားနှင့် ညီမျှသည်။

လင်းယွမ် ပို၍ပင် ပြုံးပျော်သွားပြီး ချိုင်ယောင်ကို ချီးကျူးစကား ဆိုကာ ပစ္စည်းသိုလှောင်ခန်းထဲမှ မာလာချောင်း တစ်ထုပ်ကို ထုတ်ယူ၍ ဆုချလိုက်သည်။

ချိုင်ယောင်မှာ ပျော်လွန်းသဖြင့် အော်ဟစ်ခုန်ပေါက်တော့သည်။ သူမ မာလာချောင်း မစားရသည်မှာ မည်မျှကြာခဲ့ပြီနည်း။

ဝူချန်းပင်လျှင် မာလာချောင်းကို မြင်လိုက်ရသည့်အခါ မသိစိတ်က တံတွေးမြိုချမိလိုက်ပြီး အလျင်အမြန် တားဆီးလိုက်သည်။

"လင်းယွမ်... ဒါက တန်ဖိုးကြီးလွန်းပါတယ်... အရမ်းများနေပြီ... သမီး ချိုင်ယောင်... ကိုကိုလင်းယွမ်ကို ပြန်ပေးလိုက်"

ချိုင်ယောင်မှာ မပေးချင်ပေးချင် ဖြစ်နေသော်လည်း လိမ္မာစွာဖြင့် ပြန်ကမ်းပေးလိုက်သည်။

သူမက ဘာမှနားမလည်သည့် ကလေးငယ် မဟုတ်ပေ။ အပြင်လောကတွင် အစားအစာ မည်မျှ ရှားပါးနေကြောင်း သူမ ကောင်းစွာ သိသည်။

ဤမာလာချောင်း တစ်ထုပ်သည် အပြင်တွင်ဆိုလျှင် လူပေါင်းများစွာ လုယက်သတ်ဖြတ်ချင်စရာ ပစ္စည်းဖြစ်သည်။

လင်းယွမ်က ပြုံးကာ ပြောလိုက်သည်။

"ရပါတယ် အစ်မဝူရဲ့... ကျွန်တော် ကလေးကို ပေးတာပဲ... ဒီလောက်လေးနဲ့ ပြန်ပေးနေစရာ မလိုပါဘူး"

ချိုင်ယောင်က သူမအမေကို လှည့်ကြည့်ကာ ဘာလုပ်ရမှန်း မသိ ဖြစ်နေရှာသည်။

ဝူချန်းသည် လင်းယွမ် နောက်ပြောင်နေခြင်း မဟုတ်မှန်း သိလိုက်ရသဖြင့် ပြုံးရွှင်သွားသည်။

"ဒါဆိုလည်း ကျေးဇူးပါပဲကွယ်... သမီး ချိုင်ယောင်... ကိုကိုလင်းယွမ်ကို ကျေးဇူးတင်စကား ပြောလိုက်ဦး"

"ကျေးဇူးတင်ပါတယ် ကိုကိုလင်းယွမ်" ချိုင်ယောင်က စိတ်လှုပ်ရှားစွာ အော်ပြောသည်။ "သမီး မာလာချောင်း မစားရတာ တော်တော်ကြာပြီ"

လင်းယွမ်က ပြုံးလျက် ပြောသည်။

"နေ့လယ်စာကို သားအမိနှစ်ယောက်လုံး ဒီမှာပဲ စားသွားကြလေ"

"ကျွန်တော် ငါး အရင်သတ်လိုက်ဦးမယ်"

ချိုင်ယောင်က ချက်ချင်း ပြောသည်။

"သမီး ငါးလုပ်ပေးမယ်... ခုနက မေမေ လုပ်တာ သမီး ကြည့်ထားတယ်... သမီး လုပ်တတ်တယ်"

လင်းယွမ်က ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီး ရန်မေ၏ ဘေးသို့ လျှောက်သွားကာ တိုးတိုးလေး မေးလိုက်သည်။

"ခါး နာနေသေးလား"

ရန်မေ၏ ဖြူဝင်းသော မျက်နှာလေးမှာ ချက်ချင်းပင် ရဲတက်သွားပြီး ရှက်သွေးဖြာကာ ပြောလိုက်သည်။

"လူတွေ ရှိနေတယ်လေ"

လင်းယွမ်က ရယ်မောလိုက်ပြီး သူမကို ဆက်မစတော့ဘဲ သန္ဓေပြောင်း ငါးများ ရှိရာသို့ လျှောက်သွားလိုက်သည်။

ဤငါးများကို ကြာရှည်ထား၍ မရပေ။ သေသွားပါက သူသတ်သည်ဟု မမည်တော့သဖြင့် စနစ်က အမှတ်ပေးမည် မဟုတ်ချေ။

စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း ကဲ့သို့သော ဧရိယာလိုက် တိုက်ခိုက်နိုင်သည့် စွမ်းရည် ရှိထားသဖြင့် လင်းယွမ်၏ ငါးသတ်သည့်နှုန်းမှာ အလွန် မြန်ဆန်လှသည်။

ပေ ၃၀ ပတ်လည် အတွင်းသို့ စိတ်စွမ်းအင်ဖြင့် တစ်ချက် တိုက်ခိုက်လိုက်သည်နှင့် သန္ဓေပြောင်း ငါးအားလုံး၏ ၉၀% မှာ ချက်ချင်း သေဆုံးသွားကြသည်။

မသေဘဲ ကျန်ရစ်နေသော ငါးများလည်း ဒုတိယအကြိမ် တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိတော့ဘဲ သေဆုံးကုန်သည်။

ဆယ်မိနစ်ခန့် ကြာသောအခါ သန္ဓေပြောင်း ငါးအားလုံးကို သတ်ပြီးသွားပြီ ဖြစ်သည်။

ကျန်ရှိသော အလုပ်များကို ဝူချန်းတို့ ငါးကိုင်အဖွဲ့အား လွှဲပေးလိုက်ပြီး လင်းယွမ် ဝင်မပါတော့ပေ။

ရန်မေကမူ နေ့လယ်စာအတွက် အလုပ်ရှုပ်နေသည်။

ထိုအချိန်တွင် လင်းယွမ်သည် သူ၏ လက်ရှိ အမှတ်စာရင်းကို စစ်ဆေးကြည့်လိုက်သည်။

"တာအိုဆရာလင်းဆီက ငါး ၂၀၀ ကျော်... အခု ငါး ၃၀၀ ကျော်... စုစုပေါင်း ငါး ၅၆၀"

"ဂဏန်းတွေ၊ ကျောက်ပုစွန်တွေ၊ ခရုခွံတွေ၊ ပင်လယ်ခရုတွေပါ ပေါင်းလိုက်ရင်"

"စုစုပေါင်း အမှတ် ၆၇၈၉ မှတ်"

လင်းယွမ် ကျေနပ်စွာ ပြုံးလိုက်သည်။

သူ ချက်ချင်း ကံစမ်းမဲ မနှိုက်သေးပေ။ အမှတ် တစ်သောင်း ပြည့်အောင် စုပြီးမှ ၁၀ ကြိမ် ဆက်တိုက် နှိုက်ရန် စီစဉ်ထားသည်။

အိပ်ခန်းထဲသို့ ပြန်ဝင်ကာ ကြာမြင့်စွာ အသုံးမပြုရသေးသော ဒရုန်း ကို ရှာပုံတော် ဖွင့်လိုက်သည်။

လင်းယွမ်သည် ဒရုန်းကို ယူဆောင်လျက် မြောက်ဘက် စာကြည့်ခန်းသို့ သွားလိုက်သည်။

စာကြည့်ခန်းသည် တိုက် (၇၇) နှင့် မျက်နှာချင်းဆိုင် ဖြစ်သည်။ ဤဒရုန်း၏ ပျံသန်းနိုင်သော အကွာအဝေးအရဆိုလျှင် ဟိုဘက် အဆောက်အဦးသို့ ပျံသန်းရန်မှာ မခဲယဉ်းလှပေ။

လင်းယွမ် ဒရုန်းကို စတင် မောင်းနှင်လိုက်သည်။

တဝီဝီ မြည်သံနှင့်အတူ ဒရုန်းသည် လျင်မြန်စွာ ပျံတက်သွားပြီး စာကြည့်ခန်း ပြတင်းပေါက်မှတဆင့် အပြင်သို့ ထွက်ခွာသွားသည်။

ပြောစရာရှိသည်မှာ လင်းယွမ်သည် သူ၏ စွမ်းရည်များ မြင့်တက်လာသည်နှင့်အမျှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာသဖြင့် စာကြည့်ခန်း ပြတင်းပေါက်တွင် ကာရံထားသော သစ်သားပျဉ်ပြားများကို ဖြုတ်ပစ်လိုက်ပြီ ဖြစ်သည်။

ဒရုန်းသည် မိုးသည်းထန်စွာ ရွာသွန်းနေသော မိုးရေစက်များကြားနှင့် ရေလွှာများကို ဖြတ်သန်းကာ မျက်နှာချင်းဆိုင် တိုက် (၇၇) ဘက်သို့ ဦးတည် ပျံသန်းသွားလေသည်။

...

"မမ... သား ဗိုက်အရမ်း ဆာတယ်"

တိုက် (၇၇) ၊ အခန်း ၃၂၀၁ တွင် ၇ နှစ်၊ ၈ နှစ်အရွယ် ကောင်လေးတစ်ယောက်သည် ကုတင်ပေါ်တွင် လဲလျောင်းနေသည်။ သူသည် အလွန်အမင်း ပိန်လှီနေပြီး အရိုးပေါ်အရေတင် ဖြစ်နေကာ သွားနှစ်ချောင်းပင် ကျိုးနေရှာသည်။

သူသည် ဗိုက်ကို ဖိထားရင်း အခန်းဝရှိ မိန်းကလေးကို ညည်းညူ ပြောဆိုလိုက်သည်။

ထိုမိန်းကလေးမှာ ၁၈၊ ၁၉ နှစ်အရွယ်ခန့် ရှိပြီး သူမလည်း ပိန်လှီချည့်နဲ့နေသည်။

သူမ၏ ဆံပင်များကို တိုတိုညှပ်ထားပြီး အဆီအညစ်အကြေးများဖြင့် ရှုပ်ပွနေသည်။

ဝတ်ဆင်ထားသည်မှာလည်း ယောက်ျားလေးဝတ် အဝတ်အစားများ ဖြစ်သည်။

မောင်လေး၏ ညည်းညူသံကို ကြားလိုက်ရသောအခါ တုံယန်၏ မျက်ဝန်းများ နီရဲလာပြီး အနားသို့ လျှောက်သွားကာ တိုးတိုးလေး ပြောလိုက်သည်။

"မောင်လေးရယ်... နည်းနည်းလောက် ထပ်သည်းခံပါဦး... ဝမ်ဆုန့်က မသွားသေးဘူး... သူ ထွက်သွားတာနဲ့ မမ အပြင်ထွက်ပြီး ငါးဖမ်းပေးမယ်နော်... ဟုတ်ပြီလား"

တုံကျဲက လိမ္မာစွာ ခေါင်းညိတ်လိုက်သော်လည်း စိုးရိမ်တကြီး မေးရှာသည်။

"မမ... သူက ဘီလူးကောင်ကြီး ဖြစ်နေပြီနော်... လူတွေကိုတောင် အများကြီး စားထားတာ... သူ ထွက်သွားပါ့မလားဟင်"

တုံယန် ပါးစပ်ဟလိုက်သော်လည်း မည်သို့ ပြန်ဖြေရမည်မသိ ဖြစ်သွားသည်။

တကယ်တမ်းတွင်မူ ဝမ်ဆုန့်သည် သူမတို့ မောင်နှမ၏ အနံ့ကို ရနေသဖြင့် အပြင်ဘက်တွင် စောင့်နေသည်မှာ ရက်အတော်ကြာနေပြီ ဖြစ်သည်။

သူမ ယခင်က ဖမ်းထားသော ငါးများလည်း ကုန်စင်သွားပြီ ဖြစ်ရာ ယခု တကယ်ပင် တောင့်ခံထားနိုင်စွမ်း မရှိတော့ပေ။

သူမ အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ်... ဒီညနေအထိ သူ မသွားသေးရင် မမ အပြင်ထွက်ပြီး သူ့ကို မျှားခေါ်သွားလိုက်မယ်"

တုံကျဲ၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ပေါ်လာပြီး သူမလက်ကို အတင်း ဆွဲကိုင်လိုက်သည်။

"မလုပ်ပါနဲ့ မမရယ်... မမ မသွားပါနဲ့"

"မောင်လေး... နင် မမရဲ့ အစွမ်းကို သိသားပဲ... သူ မမကို နိုင်ချင်မှ နိုင်မှာပါ"

"ဟင့်အင်း... မမက အရမ်း အားနည်းနေပြီ... မမရဲ့ စိတ်စွမ်းအားက သုံးလို့ရတော့တာ မဟုတ်ဘူး... သူ့ကို တားထားနိုင်မှာ မဟုတ်ဘူး... မမ မသွားပါနဲ့... သား ဘာမှ မစားချင်တော့ဘူး"

တုံကျဲ၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာပြီး မျက်နှာလေးပေါ်တွင် ကြောက်ရွံ့မှုနှင့် အသနားခံမှုများ ပြည့်နှက်နေသည်။

တုံယန်လည်း မျက်ရည်ဝဲလာသည်။ သို့သော် အခြားနည်းလမ်း မရှိတော့ပေ။ ဘာမှ မစားရလျှင် မောင်လေး တကယ် ငတ်သေသွားလိမ့်မည်။

တုံယန် မျက်နှာလွှဲလိုက်ရာ မျက်ရည်များ ပါးပြင်ပေါ်သို့ စီးကျလာသည်။ သူမ၏ အားနည်းချက်ကို မောင်လေးအား မမြင်စေလိုပေ။

ရုတ်တရက် အပြင်ဘက်တွင် တစ်စုံတစ်ခု လှုပ်ရှားနေသည်ကို သူမ အာရုံခံလိုက်မိသည်။

သူမ ချက်ချင်း သတိဝင်သွားပြီး ပြတင်းပေါက်ဘက်သို့ မော့ကြည့်လိုက်သည်။

ပြတင်းပေါက်ကို သစ်သားပြားများဖြင့် ပိတ်ထားသော်လည်း အက်ကြောင်းများ ရှိနေသေးသည်။

အက်ကြောင်းမှတဆင့် အပြင်သို့ ချောင်းကြည့်လိုက်ရာ တောက်ပနေသော အနီရောင် မီးလုံးလေး တစ်လုံး လက်ခနဲ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

တုံယန်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။

"ဘာလို့ မီးရောင် ရှိနေတာလဲ"

သူမ ပြတင်းပေါက် မှန်ကို အလျင်အမြန် သုတ်လိုက်သော်လည်း ရေငွေ့များက အပြင်ဘက်တွင် ရှိနေသဖြင့် ရှင်းလင်းအောင် မမြင်ရပေ။

စဉ်းစားလိုက်ပြီးနောက် သစ်သားပြား တစ်ချပ်ကို အတင်း တွန်းဖယ်ကာ အပြင်သို့ ကြည့်လိုက်သည်။

မြင်လိုက်ရသော မြင်ကွင်းကြောင့် သူမ အကြီးအကျယ် အံ့သြသွားရသည်။

"ဒရုန်း... ဒါ ဒရုန်းပဲ"

ဤကဲ့သို့ မုန်တိုင်းထန်သော ရာသီဥတုမျိုးတွင် အပြင်ဘက်၌ သူမအား ချောင်းကြည့်နေသော ဒရုန်းတစ်စင်း ရှိနေလိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့မိပေ။

ထို့နောက် အချက်တစ်ချက်ကို သူမ ချက်ချင်း သဘောပေါက်လိုက်သည်။

"ဒီအဆောက်အဦးထဲက လူတွေက ဟို သန္ဓေပြောင်း ဘီလူးကောင်တွေလက်ချက်နဲ့ သေကုန်ကြပြီ... ဒီဒရုန်းက ငါတို့ အဆောက်အဦးက မဖြစ်နိုင်ဘူး"

"ဒါ တခြား အဆောက်အဦးကနေ ပျံလာတဲ့ ဒရုန်းပဲ"

သူမ၏ စိတ်ထဲတွင် ရုတ်ချည်း လှုပ်ရှားတက်ကြွလာသည်။ အကယ်၍သာ အခြား အဆောက်အဦးမှ အသက်ရှင်ကျန်ရစ်သူများနှင့် အဆက်အသွယ် ရခဲ့လျှင်... သူမတို့အတွက် စားစရာ အနည်းငယ်လောက်များ အကူအညီ တောင်းခံနိုင်မည်လော"

ဆက်ရန်...

All Chapters