အခန်း (၁၃၇-၁၃၈)
Vol. 7 Ch. 137-138
အပိုင်း (၁၃၇) အသားတောင်ကြီးကို သတ်ဖြတ်ခြင်းနှင့် တုံယန်၏ အစွမ်း
လင်းယွမ်က မျက်လုံးအိမ်ကို ကျဉ်းမြောင်းလိုက်ပြီး ချက်ချင်းပင် စိတ်စွမ်းအင် တံတိုင်းတစ်ခုကို သူ့ရှေ့၌ ကာရံလိုက်၏။
"ဖတ်... ဖတ်" ဟူသော အသံများ ထွက်ပေါ်လာပြီး လွင့်စင်လာသော သွေးစများနှင့် အသားစများသည် လေထုထဲတွင် ရပ်တန့်သွားကြသည်။ ၎င်းတို့သည် ကြည်လင်ပြတ်သားသော မှန်ချပ်တစ်ခုအပေါ် လာရောက် ရိုက်ခတ်မိသကဲ့သို့ လေထဲ၌ပင် တန်းလန်းကြီး ဖြစ်ကာ ရပ်တန့်နေကြသည်။
လင်းယွမ်၏ မျက်လုံးထောင့်များက လှုပ်ခါသွားပြီး မျက်ဝန်းများထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ ယှဉ်တွဲလျက် ပေါ်ထွက်လာ၏။
"တိရစ္ဆာန်ကောင်"
လင်းယွမ်က ဒေါသတကြီး အော်ဟစ်လိုက်ကာ ကြမ်းပြင်ပေါ်ရှိ ကြီးမားသော ကျောက်တုံးကြီးတစ်တုံးကို ကောက်ယူပြီး အောက်ဘက်မှ တရွရွ တက်လာနေသော ဘီလူးကြီးထံသို့ ပစ်ပေါက်ချလိုက်သည်။
"ဝုန်း"
ထိုဘီလူးကြီးက ယပ်တောင်အကြီးစားနှင့် တူသော ၎င်း၏ အသားလက်ဝါးကြီးဖြင့် ဝှေ့ယမ်းလိုက်ရာ ကျလာသော ကျောက်တုံးကြီးမှာ "ဘုန်း" ခနဲ လွင့်စင်သွား၏။
လင်းယွမ်ကလည်း အားလျော့သွားခြင်း မရှိဘဲ အခြားဘိလပ်မြေတုံးကြီး တစ်တုံးကို ခြေထောက်ဖြင့် ကန်ချလိုက်ပြန်သည်။
"ခွမ်း"
ဘိလပ်မြေတုံးကြီးမှာ "ဝုန်း" ခနဲ ကွဲအက်သွားပြီး လင်းယွမ်က ဆက်တိုက်ဆိုသလို ကန်ချလိုက်ရာ ဘိလပ်မြေ အပိုင်းအစများသည် ထိုဘီလူးကြီးထံသို့ ဒုံးကျည်များပမာ ပျံသန်းသွားကြတော့သည်။
ထိုအချိန်၌ပင် တင်းယန်ကလည်း ပြတင်းပေါက်ဘောင်မှနေ၍ အောက်ဘက်သို့ လက်သီးဖြင့်ထိုးကာ လေအမြောက်လက်သီးများဖြင့် ပစ်ခတ်လေသည်။
"ဘုန်း... ဘုန်း... ဘုန်း"
ပြင်းထန်သော ပေါက်ကွဲသံများက ဆက်တိုက်ဆိုသလို ပေါ်ထွက်လာ၏။
အသားတောင်ကြီးနှင့် တူသော ထိုဘီလူးကြီးသည်လည်း ဒေါသထွက်လာပုံ ရသည်။
၎င်းက ခေါင်းကို လိပ်တစ်ကောင်လို ဝင်သွားအောင် လုပ်လိုက်ပြီး ဘိလပ်မြေတုံးများ ကျရောက်လာသည်ကို ဂရုမစိုက်တော့ဘဲ တွားသွားသတ္တဝါ တစ်ကောင်ကဲ့သို့ ခြေလက်လေးချောင်းလုံး အသုံးပြုကာ အပေါ်သို့ အရူးအမူး တွယ်တက်လာတော့သည်။
၎င်း၏ လက်နှင့် ခြေထောက်များက နံရံများကို အလွယ်တကူ ကုတ်ဖဲ့ ထိုးစိုက်နိုင်ပြီး စက္ကန့်ပိုင်း အတွင်းမှာပင် ၂၄ ထပ်သို့ ရောက်ရှိလာ၏။
လင်းယွမ်က အခန်း ၃၂၀၄ ပြတင်းပေါက်ဘက်သို့ လှမ်းအော်လိုက်သည်။
"ကျောက်ခိုင်... သူ့ကို ခဲသွားအောင် လုပ်လိုက်"
ကျောက်ခိုင်က စောစီးစွာကပင် အသင့်ပြင်ထားပြီးဖြစ်ရာ လက်နှစ်ဖက်ကို ပြတင်းပေါက်ဘောင်ပေါ် တင်လိုက်သည်။
ရုတ်ခြည်းပင် ကြီးမားသော ရေခဲမြူနှင်းများ လျင်မြန်စွာ ပျံ့နှံ့သွားလေ၏။
စိုစွတ်နေသော နံရံများပေါ်တွင် ရေခဲလွှာတစ်ထပ် ချက်ချင်း ဖုံးလွှမ်းသွားပြီး အောက်ဘက်သို့ လျင်မြန်စွာ ပြန့်ဆင်းသွားသည်။
အပြင်ဘက်တွင် ရွာသွန်းနေသော သည်းထန်စွာသော မိုးရေများသည် အမှတ် ၇၇ တိုက်၏ နံရံပေါ်သို့ ရိုက်ခတ်မိသည်နှင့် ရေခဲမြူများကြောင့် ချက်ချင်း ခဲသွားကာ ရေခဲချွန်များ ဖြစ်ပေါ်လာတော့သည်။
"ဂျစ်... ဂျစ်... ဂျစ်"
ရေခဲတုံးများသည် ရေခဲဓားများပမာ အောက်ဘက်ရှိ အသားတောင် ဘီလူးကြီးအပေါ်သို့ တရစပ် ပြုတ်ကျလာကြသည်။
အသားတောင်ဘီလူးကြီးက လက်ကိုဆန့်ထုတ်၍ နံရံကို ဆွဲကိုင်ရန် ကြိုးစားလိုက်၏။
သို့သော် လက်က ရုတ်တရက် ချော်ထွက်သွားပြီး ခန္ဓာကိုယ်မှာ ထိန်းချုပ်၍ မရနိုင်ဘဲ အောက်ဘက်သို့ လျှောကျသွားလေသည်။
ရေခဲလွှာ ဖုံးလွှမ်းထားသော နံရံသည် မာကျောရုံသာမက အလွန်လည်း ချောကျိနေပေသည်။
ထိုအသားတောင် ဘီလူးကြီးမှာ ဆွဲကိုင်၍ မရနိုင်တော့ပေ။
၎င်းက ဒေါသတကြီးဖြင့် နံရံကို လက်သီးနှင့် ထုနှက်လိုက်ရာ "ဝုန်း... ဝုန်း" ဟူသော ကျယ်လောင်သည့် အသံများ ထွက်ပေါ်လာသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ၎င်းက နံရံကို အပေါက်ကြီးတစ်ပေါက် ဖြစ်အောင် ထုခွဲလိုက်နိုင်သည်။
ထို့နောက် ၎င်း၏ ခန္ဓာကိုယ်ကြီးက ထိုအပေါက်ထဲသို့ တိုးဝင်ကာ တိုက်အဆောက်အအုံ အတွင်းပိုင်းသို့ ဝင်ရောက်ရန် ကြိုးစားလေသည်။
လင်းယွမ်က ထိုမြင်ကွင်းကို ကြည့်ရင်း မျက်ဝန်းထဲတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်လာ၏။
"သူ့ကို လုံးဝ အဝင်ခံလို့ မဖြစ်ဘူး... တိုက်ထဲကို ဝင်လာတာနဲ့ သူ့ကို သတ်ဖို့ အရမ်းခက်သွားလိမ့်မယ်"
လင်းယွမ်က မျက်မှောင်ကို နှိပ်လိုက်သည်။ သူ့တွင် စိတ်စွမ်းအင် သိပ်မကျန်တော့ပေ။
သို့သော် သူ ဂရုစိုက်မနေနိုင်တော့။ စိတ်ဝိညာဉ်ရိုက်ခတ်သိုင်းကို ထပ်မံ ထုတ်သုံးရပေမည်။
ဤသည်သာလျှင် ဘီလူးကြီးကို ထိခိုက်အောင် လုပ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။
လင်းယွမ်က အသက်ကို ဝဝရှူလိုက်သော်လည်း လက်ကို ချက်ချင်း မလှုပ်ရှားသေးပေ။
သူက ပစ္စည်းသိုလှောင်ခန်းထဲမှ ကြိုးတစ်ချောင်းကို လျင်မြန်စွာ ထုတ်ယူလိုက်ပြီး ကြိုး၏ တစ်ဖက်တွင် ချွန်ထက်သော သံချောင်းတစ်ချောင်းကို ချည်နှောင်လိုက်သည်။
ထို့နောက် ကြီးမားသော ဆိုလာရေစည်ကြီး တစ်ခုကို ပစ္စည်းသိုလှောင်ခန်းထဲမှ ထုတ်ယူလိုက်ပြန်သည်။
ဤရေစည်ကြီးသည် ခေါင်မိုးထပ်မှ ရရှိထားသော စတီးကန်ကြီးဖြစ်ပြီး အလေးချိန်အားဖြင့် တန်ပေါင်းများစွာ လေးလံသည်။
လင်းယွမ်က ကြိုး၏ ကျန်တစ်ဖက်ကို ရေစည်ကြီး၏ သံဘောင်တွင် ချည်နှောင်လိုက်၏။
ထို့နောက် သံချောင်းကို ကိုင်ဆွဲကာ အောက်ဘက်တွင် ကိုယ်တစ်ပိုင်း ဝင်ရောက်နေပြီဖြစ်သော အသားတောင် ဘီလူးကြီးကို ချိန်ရွယ်လိုက်သည်။
"သေစမ်း... ဘီလူးကောင်"
လင်းယွမ်က ဟိန်းဟောက်လိုက်ပြီး လက်မောင်းကို မြှောက်တင်လိုက်ရာ လက်မောင်းပေါ်ရှိ သွေးကြောများ ထောင်ထလာပြီး ကြွက်သားများ ဖောင်းကြွလာသည်။
ထို့နောက် လှံတံပစ်အားကစားသမား တစ်ယောက်ကဲ့သို့ လက်မောင်းကိုလွှဲကာ အရှိန်အကုန်တင်ပြီး လက်ချောင်းများကို လွှတ်လိုက်လေသည်။
လက်ထဲရှိ သံချောင်းသည် ရိပ်ခနဲဖြစ်သွားပြီး လေထုကို ခွင်းလျက် ပျံသန်းသွားတော့၏။
"ဝှီး"
စူးရှသော လေတိုးသံကြီး ပေါ်ထွက်လာသည်။
သံချောင်းသည် ကျည်ဆံတစ်တောင့်ကဲ့သို့ လေထုကို ဆုတ်ဖြဲကာ အောက်ဘက်ရှိ အသားတောင် ဘီလူးကြီးထံသို့ တိုးဝင်သွားသည်။
"ဖောက်"
"ဝေါ"
သံချောင်းက အသားတောင် ဘီလူးကြီး၏ ခြေထောက်ကို ချက်ချင်း ထိုးဖောက်သွားသည်။ ကမ္ဘာ့ဆွဲအား အရှိန်အဟုန်ပေါင်းစပ်လိုက်သောအခါ ယခုတစ်ကြိမ် လင်းယွမ် ပစ်လွှတ်လိုက်သော သံချောင်း၏ အားမှာ သူ၏ အထွတ်အထိပ် စွမ်းရည်ထက်ပင် ကျော်လွန်သွားခဲ့သည်။
သံချောင်းတစ်ချောင်းလုံးမှာ ဘီလူးကြီး၏ ပေါင်သားထဲသို့ ထက်ဝက်ကျော်ခန့် နက်ရှိုင်းစွာ စိုက်ဝင်သွား၏။
ဘီလူးကြီးမှာ နာကျင်စွာ အော်ဟစ်လိုက်ပြီး အခန်းထဲသို့ အလုအယက် တိုးဝင်ရန် ကြိုးစားတော့သည်။
လုံးဝ ဝင်ရောက်သွားတော့မည့် အနေအထားပင်။
လင်းယွမ်က မျက်လုံးကို ပြူးကျယ်လိုက်ပြီး စိတ်စွမ်းအင် ကို ချက်ချင်း အသုံးပြုလိုက်သည်။
သံချောင်း အဆုံးရှိ ကြိုးဖြင့် ဘီလူးကြီး၏ ခြေဖဝါးကို လျင်မြန်စွာ ရစ်ပတ်လိုက်၏။
ဘီလူးကြီး အခန်းထဲသို့ လုံးဝ မဝင်နိုင်ခင်မှာပင် လင်းယွမ်က ဘေးနားရှိ ရေစည်ကြီးကို ခြေထောက်ဖြင့် ကန်ချလိုက်သည်။
"ဂွမ်း"
ရေစည်ကြီးမှာ တစ်ပတ်လည်သွားပြီး ပြတ်တောက်နေသော လူသွားလမ်း လျှောက်လမ်းမှနေ၍ အောက်ဘက်ရှိ ရေပြင်ကြီးထဲသို့ လေတိုးသံများနှင့်အတူ ပြုတ်ကျသွားတော့သည်။
"ဝူး"
ကြီးမားသော ကမ္ဘာ့ဆွဲအားအောက်တွင် တန်ပေါင်းများစွာ လေးလံသော ရေစည်ကြီးသည် လေထုကို ဖိအားပေးလျက် ပြင်းထန်သော လေတိုးသံများ ထွက်ပေါ်စေသည်။
ကြိုးမှာ ချက်ချင်းပင် တင်းသွားပြီး စက္ကန့်ပိုင်းအတွင်း တုတ်တုတ်ခိုင်ခိုင် ဖြစ်သွား၏။
ထိုအချိန်၌ပင် တိုက်ထဲသို့ ဝင်ရောက်ခါစ ဘီလူးကြီးမှာ ခြေထောက်တွင် တင်းကျပ်သွားသည်ကို ခံစားလိုက်ရသည်။
ထို့နောက် ကြီးမားသော ဆွဲအားတစ်ခုက ၎င်း၏ ခြေမျက်စိကို ဆွဲယူလိုက်ပြီး အခန်းပြင်ပသို့ ကြမ်းတမ်းစွာ ဆွဲထုတ်လေတော့သည်။
"ခွီး"
အသားတောင် ဘီလူးကြီးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး အခန်းထဲတွင် လက်ရော ခြေထောက်ပါ အသုံးပြုကာ အသည်းအသန် ကုတ်တွယ်ထားရန် ကြိုးစားသည်။
ကြမ်းခင်းများသည် ၎င်း၏ ကုတ်ဖဲ့မှုကြောင့် ကွဲအက်ကုန်သော်လည်း ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးမှာ ထိန်းချုပ်၍ မရနိုင်ဘဲ အပြင်ဘက်သို့ လျှောကျလာနေသည်။
နောက်ဆုံးတွင် ကွဲအက်နေသော နံရံအစွန်းသို့ ရောက်ရှိလာပြီး ကြမ်းပြင်ကို မသေမသပ် ဖက်တွယ်ထားနိုင်ခဲ့သည်။
ကြိုးမှာ တင်းနေပြီး အောက်ဘက်ရှိ ရေစည်ကြီးမှာ လေထဲတွင် တွဲလွဲခိုနေသည်။
တန်ပေါင်းများစွာ လေးလံသော ရေစည်ကြီးက ဤအသားတောင် ဘီလူးကြီး၏ ခန္ဓာကိုယ်၌ ချိတ်ဆွဲထားသော်လည်း ၎င်းကို ရေထဲသို့ ဆွဲချနိုင်ခြင်း မရှိသေးပေ။
လင်းယွမ်က ထိုမြင်ကွင်းကို ကြည့်လိုက်ပြီး မျက်လုံးများ စူးရှသွား၏။ "အခုပဲ"
သူက ရုတ်တရက် ခုန်ချလိုက်ပြီး ၃၂ ထပ်ရှိ လျှောက်လမ်းမှ တိုက်ရိုက် ခုန်ဆင်းချလိုက်သည်။
"ဘုန်း"
ထိုခုန်ချမှုဖြင့် ၃၀ ထပ်ရှိ လျှောက်လမ်းပေါ်သို့ ရောက်ရှိသွားသည်။
လင်းယွမ်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ၈.၈ ရှိသောကြောင့် ဤမျှ အမြင့်လောက်က သူ့အတွက် ပြဿနာ မဟုတ်ပေ။
သူက ရပ်နားခြင်း မရှိဘဲ နောက်တစ်ကြိမ် ထပ်မံ ခုန်ဆင်းလိုက်ပြန်သည်။
ယခုတစ်ကြိမ်တွင် ၂၈ ထပ်ရှိ အိမ်တစ်အိမ်၏ အဲကွန်းပုံး ပေါ်သို့ ကျရောက်သွားသည်။
သူက လက်တစ်ဖက်ဖြင့် အဲကွန်းပုံးကို ကိုင်ထားပြီး စိတ်စွမ်းအင် ဖြန့်ကျက်လိုက်ရာ ၂၄ ထပ်ရှိ အသားတောင် ဘီလူးကြီးကို လှမ်းမီနိုင်သည့် အကွာအဝေးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူက လက်ကျန် စိတ်စွမ်းအင် အနည်းငယ်ကို ချက်ချင်း စုစည်းလိုက်သည်။
"စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း"
"ဝုန်း"
စိတ်စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး ချက်ချင်းပင် လွှမ်းခြုံသွားသည်။
အသားတောင် ဘီလူးကြီးမှာ အပေါ်သို့တက်ရန် အသည်းအသန် ရုန်းကန်နေဆဲဖြစ်ပြီး တန်ပေါင်းများစွာ လေးလံသော ရေစည်ကြီးကိုပင် ဆွဲတင်ကာ ပြန်တက်လာနိုင်မည့် အခြေအနေ ရှိနေသည်။
သို့သော် ဤအရေးကြီးသော အချိန်တွင် ၎င်း၏ ခေါင်းကို တစ်စုံတစ်ခုက ပြင်းထန်စွာ ဝင်ဆောင့်လိုက်သကဲ့သို့ ဖြစ်သွား၏။
ပြင်းထန်သော နာကျင်မှုကြောင့် ၎င်းမှာ အော်ဟစ်လိုက်ပြီး မသိစိတ်ဖြင့် ခေါင်းကိုကာရန် လက်နှစ်ဖက်ကို လွှတ်လိုက်မိသည်။
လက်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကြီးမားသော ခန္ဓာကိုယ်ကြီးမှာ နံရံပေါ်တွင် ဆက်လက် တွဲခိုထားနိုင်ခြင်း မရှိတော့ပေ။
ရေစည်ကြီး၏ ဆွဲအားကြောင့် ရေမျက်နှာပြင်ဆီသို့ တရိပ်ရိပ် ပြုတ်ကျသွားတော့သည်။
၃၂ ထပ်ရှိ တင်းယန်၊ ကျောက်ခိုင်၊ ကုဖုန်း နှင့် အခြားသူများက ဤမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေကြသည်။
စောစောက အဖြစ်အပျက်များမှာ မြန်ဆန်လွန်းလှသဖြင့် သူတို့မှာ ပြန်လည်တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။
လင်းယွမ်က ဤကဲ့သို့သော နည်းလမ်းဖြင့် ဘီလူးကြီးကို သတ်ဖြတ်လိမ့်မည်ဟု ဘယ်သူမှ ထင်မှတ်မထားခဲ့ကြချေ။
"ဘုန်း... ဘုန်း"
ရေစည်ကြီးနှင့် အသားတောင် ဘီလူးကြီးတို့သည် ရေပြင်ကြီးထဲသို့ ရှေ့ဆင့်နောက်ဆင့် ပြုတ်ကျသွားကြသည်။
တစ်ခဏချင်းတွင် ကြီးမားသော လှိုင်းလုံးကြီးများ ထလာပြီး ရေပန်းများ ပေပေါင်းများစွာ အမြင့်ထိ စင်တက်လာ၏။
အသားတောင် ဘီလူးကြီးသည် ရေလှိုင်းများကြားတွင် အော်ဟစ်ရင်း လက်နှစ်ဖက်ကို အသည်းအသန် ယက်ခတ်နေသည်ကို တွေ့လိုက်ရသည်။
သို့သော် ရေစည်ကြီးက တည့်မတ်စွာ နစ်မြုပ်သွားပြီး ထိုဘီလူးကြီးကိုပါ တရွတ်တိုက် ဆွဲယူကာ ရေထဲသို့ ချက်ချင်း နစ်မြုပ်သွားစေသည်။
မှိန်ဖျော့သော အလင်းရောင်အောက်တွင် ရေများ လှိမ့်ဝင်လာပြီး အရာအားလုံး ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ရေနှင့် မီးသည် ညှာတာခြင်း မရှိပေ။ ဤကြီးမားသော ရေပြင်ကြီးသည် အဆုံးအစမဲ့သော ပါးစပ်ပေါက်ကြီး တစ်ခုကဲ့သို့ အရာအားလုံးကို ဝါးမြိုပစ်လိုက်လေသည်။
လင်းယွမ်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ကိုယ်ကို လှည့်ကာ ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ ဝင်ရောက်လိုက်သည်။
အပေါ်ထပ်မှ တင်းယန်၏ လှမ်းအော်သံကို သဲ့သဲ့ကြားလိုက်ရပြီး သူ့အား ဒဏ်ရာရမရ မေးမြန်းနေပုံရသည်။
မိုးသံလေသံများ ကျယ်လောင်လွန်းသဖြင့် သေချာ မကြားရပေ။
လင်းယွမ်က ဦးနှောက်ထဲမှ စိတ်စွမ်းအင်များ အကြီးအကျယ် ကုန်ခမ်းသွားသည်ကို ခံစားလိုက်ရပြီး စိတ်ထဲ၌ မေးခွန်းတစ်ခု ပေါ်လာသည်။
"ဒီဘီလူးကောင်က သွေးနဲ့ အသားတွေကို အများကြီး စားသောက်ပြီးနောက် ခန္ဓာကိုယ်ကိုတင် မကဘဲ စိတ်စွမ်းအင်ကိုပါ မြှင့်တင်နိုင်တာလား"
"ဒါမှမဟုတ်ရင် ငါ့ရဲ့ စိတ်ဝိညာဉ်ရိုက်ခတ်သိုင်းကို ၅ ကြိမ်၊ ၆ ကြိမ်လောက် ခံရပြီးတာတောင် မသေသေးဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
"ဒီကောင်သာ ရူးသွပ်မသွားဘဲ ခံနိုင်ရည် ရှိသွားမယ်ဆိုရင် နိုးထလာမယ့် အစွမ်းက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်မလဲ"
"အစာတွေ ဆက်တိုက်စားနေရုံနဲ့ ခန္ဓာကိုယ်နဲ့ စိတ်စွမ်းအင်ကို ဆက်တိုက် အားဖြည့်ပေးနိုင်သလို ဖြစ်နေမှာပေါ့"
လင်းယွမ်က ထိုအချက်ကို တွေးမိပြီး အံ့သြမှင်သက်သွားမိသည်။
ကံစမ်းမဲ စနစ် ရှိရုံဖြင့် တခြား သန္ဓေပြောင်း အစွမ်းရှိသူများကို လျှော့တွက်၍ မရနိုင်မှန်း သေချာသွားပြီ ဖြစ်သည်။
ဤသန္ဓေပြောင်း အစွမ်းရှိသူများ နိုးထလာသည့် အစွမ်းများမှာ ထူးဆန်းအံ့သြဖွယ် ကောင်းလှပြီး အလွန် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားရှင်များ ဖြစ်လာနိုင်ပေသည်။
"အစ်ကိုလင်းယွမ်... အဆင်ပြေရဲ့လား"
လင်းယွမ် ၂၉ ထပ်သို့ ပြန်ရောက်သောအခါ ဦးနှောက်ထဲ၌ အသံတစ်ခု ရုတ်တရက် ပေါ်လာသည်။
၎င်းက အမျိုးသမီး တစ်ယောက်၏ အသံဖြစ်သော်လည်း လင်းယွမ် တစ်ခါမှ မကြားဖူးသော အသံဖြစ်သည်။
သူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ခြေလှမ်းကို ချက်ချင်း ရပ်တန့်ကာ ပတ်ဝန်းကျင်ကို သတိထား ကြည့်ရှုလိုက်သည်။
မှောင်မည်းနေသော လှေကားခွင်သည် စိုစွတ်ပြီး အနံ့အသက် ဆိုးရွားလှသည်။
သို့သော် မည်သည့် လူရိပ်လူယောင်မျှ မတွေ့ရပေ။
ထိုအသံမှာ အသံထွက်ရာ နေရာမရှိဘဲ သူ၏ ဦးနှောက်ထဲတွင် ရုတ်တရက် ပေါ်လာခြင်း ဖြစ်သည်။
"ဘယ်သူလဲ"
လင်းယွမ်က လေသံမာမာဖြင့် မေးလိုက်ပြီး စိတ်စွမ်းအင်ကို ချက်ချင်း ဖြန့်ကျက်လိုက်သည်။
သို့သော် စိတ်ထဲတွင် စိုးရိမ်ပူပန်မှု အနည်းငယ် ဖြစ်ပေါ်လာသည်။ စောစောက ဘီလူးကြီးနှင့် တိုက်ခိုက်ရာတွင် သူ၏ စိတ်ဝိညာဉ်ရိုက်ခတ်သိုင်းကို အကြိမ်ကြိမ် အသုံးပြုခဲ့ရသဖြင့် စိတ်စွမ်းအင်မှာ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
ခန္ဓာကိုယ်ကြံ့ခိုင်မှု ၈.၈ ရှိသဖြင့် ပြန်လည်သက်သာနှုန်း မြန်ဆန်သော်လည်း အနားယူချိန် တိုတောင်းလွန်းသဖြင့် စိတ်စွမ်းအင် အပြည့်အဝ ပြန်မပြည့်သေးပေ။
ဤအချိန်တွင် သန္ဓေပြောင်း သတ္တဝါ တစ်ကောင်ကောင်နှင့် တွေ့ကြုံရပါက ဒုက္ခရောက်ပေလိမ့်မည်။
သို့သော် ဦးနှောက်ထဲမှ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်ရာ လင်းယွမ်ကို သက်ပြင်းချနိုင်စေခဲ့သည်။
"အစ်ကိုလင်းယွမ်... ကျွန်မပါ... ကျွန်မ တုံယန်ပါ"
"အားနာပါတယ်... ရှင် လန့်သွားမှာစိုးလို့... ကျွန်မ ပြောဖို့ မေ့သွားတယ်... ကျွန်မက စိတ်စွမ်းအင် သန္ဓေပြောင်းလဲသူပါ... စိတ်ချင်းဆက်သွယ်နိုင်တဲ့ အစွမ်း ရှိပါတယ်... အခု ရှင့်ကို စိတ်ချင်းဆက်သွယ်ပြီး စကားပြောနေတာပါ"
လင်းယွမ် စိတ်သက်သာရာ ရသွားပြီး တုံယန်တွင် ဤအစွမ်းရှိကြောင်း ပြန်သတိရလိုက်သည်။
သူက အပေါ်ထပ်သို့ ဆက်တက်ရင်း လျင်မြန်စွာ ပြောလိုက်သည်။ "မင်းပြောတဲ့ ဝမ်ဆုန့် ဆိုတဲ့ သန္ဓေပြောင်းလူသားက ရေအောက်ကို ကျသွားပြီ... မင်းတို့ အန္တရာယ်ကင်းသွားပြီမို့ အချိန်မရွေး ထွက်လာလို့ ရပါပြီ"
တုံယန်က အလျင်အမြန် ပြန်ပြောသည်။ "ကျွန်မတို့ မြင်လိုက်ပါတယ်... ကျေးဇူးတင်ပါတယ် အစ်ကိုလင်း... ခုနက တကယ်ကို အန္တရာယ်များလွန်းတယ်... ဝမ်ဆုန့်က အဲဒီလောက် ကြောက်ဖို့ကောင်းမယ်လို့ ကျွန်မလည်း မထင်ထားခဲ့ဘူး... ရှင့်ကိုပါ ဒုက္ခပေးသလို ဖြစ်သွားတယ်"
"ကိစ္စတွေ ပြီးသွားပြီပဲ... ငါ ဒီ တိုက် (၇၇) မှာ ခဏ ဆက်နေဦးမယ်... နင်တို့ကို သန္ဓေပြောင်း သတ္တဝါတချို့ ရှင်းလင်းဖို့ ကူညီပေးမယ်"
"ဟင်... တကယ်လား... ဒါ... ဒါ သိပ်ကောင်းတာပဲ... ရှင့်ကို ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ဘူး"
နှစ်ယောက်သား စိတ်ချင်းဆက်သွယ် ပြောဆိုရင်း လင်းယွမ်က လှေကားအတိုင်း တက်လာခဲ့သည်။
မကြာခင်မှာပင် ၃၂ ထပ်သို့ ပြန်ရောက်လာသော်လည်း တုံယန်တို့ မောင်နှမကို မတွေ့ရပေ။
သူ အံ့သြသွားပြီး "မင်းတို့ အခန်းထဲမှာ ရှိနေတုန်းလား" ဟု မေးလိုက်သည်။
တုံယန်က "အစ်ကိုလင်း... ကျွန်မတို့ အခန်းတံခါးက ဝမ်ဆုန့် ဖျက်ဆီးထားလို့ နံရံထဲမှာ ညပ်ပြီး ဖွင့်မရတော့ဘူး... ကျွန်မနဲ့ မောင်လေး ဆွဲဖွင့်လို့ မရဘူး ဖြစ်နေတယ်" ဟု ပြောလိုက်သည်။
လင်းယွမ် အံ့အားသင့်သွားပြီး အသားတောင် ဘီလူးကြီး၏ ကြောက်မက်ဖွယ် ခွန်အားကို ပြန်တွေးမိသွားသည်။ လက်ဖြင့် ရိုက်လိုက်ရုံနှင့် တံခါးကြီး ပုံပျက်သွားခဲ့ခြင်း ဖြစ်သည်။
သူက ၃၂၀၁ အခန်းရှေ့သို့ လျင်မြန်စွာ ရောက်ရှိသွားပြီး တံခါးကြီးမှာ တွန့်လိပ်ပုံပျက်ကာ နံရံထဲတွင် သပ်လျှိုထားသကဲ့သို့ ကြပ်နေသည်ကို တွေ့လိုက်ရသည်။
တုံယန်နှင့် တုံကျဲ မောင်နှမနှစ်ယောက်မှာ သန္ဓေပြောင်း အစွမ်းရှိသူများ ဖြစ်ကြသော်လည်း ခွန်အားအခြေပြုသူများ မဟုတ်ကြပေ။
ထို့ကြောင့် တွန့်လိပ်နေသော တံခါးကြီးက မောင်နှမနှစ်ယောက်အတွက် အခက်အခဲ ဖြစ်နေခြင်း ဖြစ်သည်။
လင်းယွမ်က တံခါးကို ပုတ်လိုက်ပြီး "တုံယန်... ငါ ရောက်ပြီ... တံခါးနားကနေ ဖယ်နေ" ဟု အော်ပြောလိုက်သည်။
အခန်းထဲမှ ကလေးသံလေး ထွက်ပေါ်လာသည်။ "မမ... မမ... အစ်ကိုလင်း ရောက်လာပြီ"
ဒါက တုံကျဲ ဖြစ်ရမည်ဟု လင်းယွမ် တွေးလိုက်သည်။
တုံယန်ကလည်း "အစ်ကိုလင်း... ကျွန်မတို့ ဖယ်လိုက်ပါပြီ... ရှင် ဖွင့်လို့ရပါပြီ" ဟု လှမ်းအော်ပြောသည်။
"ဒုန်း"
လင်းယွမ်က စကားများမနေတော့ဘဲ တံခါးကို ခြေထောက်ဖြင့် ကန်ချလိုက်သည်။
"ဝုန်း" ခနဲ အသံနှင့်အတူ တံခါးကြီး ပြိုလဲသွားပြီး ဖုန်မှုန့်များ ထသွားကာ မလှမ်းမကမ်းတွင် ရပ်နေသော လူအရိပ် အကြီးနှင့်အသေးကို တွေ့လိုက်ရသည်။
လင်းယွမ်က ချက်ချင်း ဝင်မသွားသေးဘဲ စိတ်စွမ်းအင်ဖြင့် အခန်းတွင်း အခြေအနေကို အရင် စစ်ဆေးလိုက်သည်။
ထောင်ချောက် မရှိကြောင်း သေချာမှ "မင်းတို့ အဆင်ပြေကြရဲ့လား" ဟု မေးလိုက်သည်။
တုံယန်က မောင်လေးကို ခေါ်ကာ လျှောက်လာသည်။ သူမ၏ အရပ်မှာ ၅ ပေ ၃ လက်မခန့် ရှိပြီး စံမီသော တောင်ပိုင်းသူ မိန်းကလေး တစ်ယောက် ဖြစ်သည်။
ဖရဲစေ့ ပုံစံ မျက်နှာလေးနှင့် ဆံပင်တိုတို ညှပ်ထားသဖြင့် ယောက်ျားလေး တစ်ယောက်ကဲ့သို့ ထင်ရသည်။
စက္ကူရုပ်ကဲ့သို့ ပါးလွှာသော ခန္ဓာကိုယ် ရှိသော်လည်း ရင်ဘတ် အနည်းငယ် မို့မောက်နေခြင်းက သူမ၏ ကျား၊ မ သဘာဝကို ဖော်ပြနေသည်။
"ကို... အစ်ကိုလင်းယွမ်"
လင်းယွမ်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာတွင် အံ့သြရိပ်များ ထင်ဟပ်သွားသည်။ လင်းယွမ်က ဤမျှ ငယ်ရွယ်လိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
သူမက မောင်လေးကို အမြန်ဆွဲလိုက်ပြီး "မောင်လေး... အစ်ကိုလင်းယွမ်ကို ကျေးဇူးတင်စကား ပြောလိုက်ဦး" ဟု ပြောလိုက်သည်။
"သားနဲ့ မမကို ကယ်ပေးလို့ ကျေးဇူးပါ အစ်ကို" တုံကျဲက လိမ္မာစွာ ပြောလိုက်သည်။
လင်းယွမ်က လက်ကာပြလိုက်ပြီး ပြုံးလျက် ပြောသည်။ "မင်းတို့ အဆင်ပြေရင် ပြီးတာပါပဲ... ဒါတွေ ထားလိုက်ပါတော့... ငါ မင်းတို့ကို ဒီကနေ အရင် ခေါ်ထုတ်သွားမယ်... ငါ့အဖွဲ့သား နှစ်ယောက် တိုက်တွဲ (၂) ဘက်မှာ ရှိသေးတယ်"
ပြောရင်းဖြင့် သူက လှေကားဘက်သို့ ဦးဆောင် ထွက်ခွာလိုက်သည်။
တုံယန်က မောင်လေးကို ဆွဲကာ အနောက်မှ လိုက်လာရင်း "အစ်ကိုလင်းရဲ့ အဖွဲ့သားတွေကို ကျွန်မ မြင်လိုက်တယ်... သူတို့လည်း အရမ်း တော်တာပဲနော်... သူတို့လည်း သန္ဓေပြောင်း အစွမ်းရှိသူတွေပဲလား" ဟု မေးလိုက်သည်။
"အင်း... ဒါနဲ့ တုံယန်... နင် ကုဖုန်းကို သိလား"
ထိုနာမည်ကို ကြားလိုက်သည်နှင့် တုံယန်၏ မျက်နှာတွင် ဝမ်းသာအားရ ဖြစ်သွားမှု ပေါ်လာသည်။ "ကုဖုန်း... ရှင်တို့ သူ့ကို တွေ့ခဲ့လား... သူ အဆင်ပြေရဲ့လားဟင်"
"တွေ့ခဲ့တယ်... သူ ကောင်းကောင်းမွန်မွန်ပါပဲ"
"တော်ပါသေးရဲ့... သူက ကျွန်မရဲ့ ငယ်သူငယ်ချင်းပါ... ငယ်ငယ်ကတည်းက အတူတူ ဆော့ကစားလာတဲ့ သူငယ်ချင်းလေ... ဝမ်ဆုန့် သန္ဓေပြောင်းပြီး လူလိုက်စားတုန်းက ကျွန်မနဲ့ သူ အိမ်ထဲမှာ ပုန်းနေခဲ့ကြတာ"
"ကျွန်မ အပြင်မထွက်တာ ၃ ရက်လောက် ရှိတော့မယ်... သူ့အစွမ်းက မီးခိုးတွေ မှုတ်ထုတ်တာဆိုတော့ ငါးထွက်ဖမ်းလို့လည်း မရတော့... ကျွန်မက သူများ"
ပြောရင်းဖြင့် သူမ မျက်ဝန်းများ နီရဲလာကာ ကုဖုန်း တစ်ခုခု ဖြစ်သွားပြီဟု ထင်မှတ်ထားပုံ ရသည်။
လင်းယွမ် စိတ်အေးသွားသည်။ ကြည့်ရတာ ဒီကုဖုန်းဆိုတဲ့ လူက လူဆိုးမဟုတ်တာ သေချာသည်။
မကြာခင်မှာပင် သူတို့သုံးဦး ၂၉ ထပ်ရှိ လျှောက်လမ်းမှ တစ်ဆင့် တိုက်တွဲ (၂) ဘက်သို့ ရောက်ရှိလာကြသည်။
၃၂ ထပ်ရှိ လျှောက်လမ်းမှာ အသားတောင် ဘီလူးကြီးကြောင့် ပြတ်တောက်သွားပြီး ၃၁ ထပ်နှင့် ၃၀ ထပ် လျှောက်လမ်းများလည်း ပျက်စီးမှုများ ရှိနေသောကြောင့် ဖြစ်သည်။
အပြင်ဘက်တွင် မိုးသက်လေပြင်း ကျရောက်နေသဖြင့် ထိုအပေါ်မှ မသွားရဲဘဲ ၂၉ ထပ် လျှောက်လမ်းမှ သွားခဲ့ရခြင်း ဖြစ်သည်။
၃၀ ထပ်သို့ ရောက်သည်နှင့် သူတို့ကို လာရှာသော တင်းယန်၊ ကျောက်ခိုင်၊ ကုဖုန်း တို့နှင့် ဆုံမိကြသည်။
လူ ၆ ဦး ဆုံစည်းမိကြပြီး တစ်ယောက်နှင့် တစ်ယောက် အခြေအနေ မေးမြန်းကာ ဒဏ်ရာ မရရှိကြောင်း သိရသဖြင့် စိတ်သက်သာရာ ရသွားကြသည်။
"အစ်ကိုလင်း... ကျွန်တော်တို့ ဆက်ပြီး ဘာလုပ်ကြမလဲ"
ကျောက်ခိုင်က မေးလိုက်သည်။
လင်းယွမ်က "တိုက်ကို ရှင်းရအောင်... ဒီမှာ ပရိဘောဂတွေ၊ သစ်သားတွေ အများကြီး သုံးလို့ရတာ ရှိမယ်... အဝတ်အစားတွေ၊ လျှပ်စစ်ပစ္စည်းတွေ ယူလို့ရတာ အကုန်ယူမယ်"
"ပြီးတော့ အသက်ရှင်ကျန်ရစ်သူ ရှိမရှိ ကြည့်မယ်... တစ်ယောက် ကယ်နိုင်ရင် တစ်ယောက်ပေါ့"
"ဒါပေမဲ့ လူစု မခွဲကြနဲ့... အတူတူ သွားကြမယ်... သန္ဓေပြောင်း ဘီလူးတွေနဲ့ တွေ့ရင် ဒုက္ခရောက်လိမ့်မယ်"
"ငါက ရှေ့ဆုံးက သွားမယ်... တင်းယန်... နင်က နောက်ဆုံးက လိုက်... ကျောက်ခိုင်က အလယ်မှာ နေပြီး သူတို့ သုံးယောက်ကို စောင့်ရှောက်ပေး"
"ပုံစံမပျက်စေနဲ့... သွားကြစို့"
လင်းယွမ်က ချက်ချင်း စီစဉ်ညွှန်ကြားလိုက်သည်။
တင်းယန်နှင့် ကျောက်ခိုင်တို့က နေရာယူလိုက်ကြပြီး ထိုအချိန်တွင် တုံယန်က "ကျွန်မ သက်ရှိတွေကို ရှာတဲ့နေရာမှာ ကူညီပေးနိုင်ပါတယ်" ဟု အလျင်အမြန် ပြောလိုက်သည်။
တုံကျဲကလည်း လက်သေးသေးလေးကို မြှောက်ကာ "သားက ဓာတ်မီးတွေကို အားသွင်းပေးနိုင်တယ်... အလင်းရောင် ရအောင် ကူညီပေးမယ်" ဟု အော်ပြောသည်။
ကုဖုန်းကလည်း အားကျမခံ "ကျွန်တော် မီးခိုးတွေ မှုတ်ထုတ်နိုင်တယ်... ကျွန်တော် ကူညီလို့ ရပါတယ်" ဟု အလုအယက် ပြောလေသည်။
သူတို့ သုံးယောက်လုံးသည် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် မိမိတို့၏ အစွမ်းအစကို အပြိုင်အဆိုင် ပြသနေကြခြင်း ဖြစ်သည်။
တင်းယန်နှင့် ကျောက်ခိုင်တို့သည် ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲတွင် ခံစားမိသွားကြသည်။
သူတို့နှစ်ယောက် သာမန်လူ ဖြစ်ခဲ့စဉ်ကလည်း ထိုကဲ့သို့ စိုးရိမ်ပူပန်မှုမျိုး ရှိခဲ့ဖူးသည်။
တင်းယန်သည် ချိုင်ကြည်၊ အစ်ကိုမာ တို့ အဖွဲ့ထဲသို့ မဝင်ရောက်မီက မိမိကိုယ်မိမိ အရေးပါကြောင်း ပြသရန် ဟန်ဆောင် ရက်စက်ခဲ့ဖူးသည်။ ပါးစပ်က ခံစားချက်မရှိသလို ပြောဆိုတတ်သော်လည်း စိတ်ထားက နူးညံ့သည်။ လူတွေက သူမကို ဝန်ထုပ်ဝန်ပိုးဟု ထင်ပြီး ပစ်ထားခဲ့မည်ကို စိုးရိမ်သောကြောင့် ထိုကဲ့သို့ ရက်စက်သော ပုံစံ ဖမ်းခဲ့ခြင်း ဖြစ်သည်။
ကျောက်ခိုင်သည်လည်း လျှိုအားလုံကို သတ်ဖြတ်စဉ်က လက်ကျိုးသွားသဖြင့် လျှောက်လမ်းအဝကို စောင့်ကြည့်ခြင်း အလုပ်သာ လုပ်နိုင်ခဲ့သည်။
ထိုအချိန်က သူ၏ စိတ်ထဲတွင် အမြဲတမ်း စိုးရိမ်ပူပန်မှုနှင့် ရှက်ရွံ့မှုများ ရှိနေခဲ့သည်။
ဝူချင်းက ထမင်းချက်လျှင် သူ့အတွက် တစ်ပွဲ ချန်ထားပေးသည်။ အဒေါ်ကြီးလီက လက်သိုင်းကြိုး ချုပ်ပေးသည်။ တင်းယန်က အိမ်ရှေ့တွင် ထိုင်ပြီး သူနှင့်အတူ လျှောက်လမ်းကို စောင့်ကြည့်ပေးသည်။
ထိုအချိန်က သူသည် အဖွဲ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည်ဟု ခံစားခဲ့ရသည်။
အဖွဲ့လိုက် စားသောက်ပြီးချိန်တွင် လင်းယွမ်က သူ့ကို သီးသန့် ချန်ထားခဲ့သောအခါ သူ အပစ်ပယ်ခံရတော့မည်ဟု ထင်မှတ်ခဲ့ဖူးသည်။
သို့သော် လင်းယွမ်က ထိုသို့မလုပ်ဘဲ သူ့ကံကြမ္မာကို ပြောင်းလဲပေးမည့် သန္ဓေပြောင်း အသီးတစ်လုံးကို ပေးခဲ့သည်။
ထို့ကြောင့် ယခု ရေခဲအစွမ်း ပိုင်ဆိုင်သော ကျောက်ခိုင် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် တုံယန်တို့ သုံးယောက်၏ စိတ်ခံစားမှုကို သူတို့နှစ်ယောက်လုံး နားလည်ပေးနိုင်ကြသည်။
ကျောက်ခိုင်က မနေနိုင်ဘဲ ပြောလိုက်သည်။ "မင်းတို့ စိတ်ပူစရာ မလိုပါဘူး... အစ်ကိုလင်းက လူတွေကို လာကယ်မှတော့ ဘယ်သူ့ကိုမှ ပစ်ထားမှာ မဟုတ်ဘူး"
တင်းယန်က စကားမပြောသော်လည်း လင်းယွမ်ကို ညင်သာစွာ တစ်ချက် ကြည့်လိုက်ပြီး အသက်အငယ်ဆုံး ဖြစ်သော တုံကျဲ၏ အနားတွင် တိတ်တဆိတ် သွားရပ်လိုက်သည်။
အန္တရာယ် တစ်စုံတစ်ရာ ရှိလာပါက ဤကလေးကို သူမ ပထမဆုံး ကယ်တင်မည် ဖြစ်သည်။
လင်းယွမ်က လှည့်မကြည့်ဘဲ မေးလိုက်သည်။ "တုံယန်... နင့်အစွမ်းနဲ့ အနီးနားက သက်ရှိတွေကို ရှာတဲ့အခါ လူနဲ့ သန္ဓေပြောင်း သတ္တဝါကို ခွဲခြားနိုင်လား"
"ရပါတယ်... ကျွန်မ ခွဲခြားနိုင်ပါတယ်" တုံယန်က အလျင်အမြန် ဖြေသည်။
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ "ဘာကောင်လဲ ဆိုတာ ငါတို့ကို ကြိုပြောပေး... ကုဖုန်း... မင်းရဲ့ အစွမ်းက နောက်တန်းအတွက် သင့်တော်တယ်... ရုတ်တရက် အခြေအနေ တစ်ခုခု ဖြစ်လာရင် ကျောက်ခိုင်နဲ့ သေချာ ပူးပေါင်းပြီး ရန်သူကို မြူတွေနဲ့ ဖုံးလိုက်"
ကုဖုန်းက အလျင်အမြန် ခေါင်းညိတ်သည်။ "ဟုတ်... ဟုတ်ကဲ့ပါ အစ်ကိုလင်း"
"အစ်ကိုလင်း... သားရော... သားရော" တုံကျဲက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
အခြားသူများတွင် တာဝန်ကိုယ်စီ ရှိနေပြီး သူ့တွင် မရှိသဖြင့် စိတ်ပူနေပုံ ရသည်။
လင်းယွမ်က လှည့်မကြည့်ဘဲ ပြောလိုက်သည်။ "မပူပါနဲ့... မင်းရဲ့ အစွမ်းက အရမ်း အရေးကြီးတယ်... ဒါပေမဲ့ ဒီနေရာမှာ မဟုတ်ဘူး... နောက်ကျရင် မင်းကို တိုက် (၇၆) ဘက် ခေါ်သွားမယ်... အဲဒီမှာ မင်း အားသွင်းပေးရမယ့် ပစ္စည်းတွေ အများကြီး ရှိတယ်"
ထိုအခါမှ တုံကျဲ သက်ပြင်းချနိုင်ပြီး မျက်နှာတွင် အပြုံးပန်းများ ဝေဆာလာကာ အစ်မဖြစ်သူကို မော့ကြည့်လိုက်သည်။
တုံယန်ကလည်း ပြုံးလိုက်ပြီး မျက်ဝန်းတွင် မျက်ရည်စများ ဝေ့သီလျက် မောင်လေး၏ ခေါင်းကို ပွတ်သပ်ကာ တိတ်တဆိတ် ရယ်မောလိုက်လေသည်။
လူ ၆ ဦးသည် တစ်ထပ်ချင်းစီ စတင် ရှာဖွေကြတော့သည်။
"အစ်ကိုလင်း... ဒီအခန်းထဲမှာ လူ မရှိဘူး... သန္ဓေပြောင်း သတ္တဝါလည်း မရှိဘူး"
တုံယန်က သတိပေးလိုက်ရာ လင်းယွမ် ခေါင်းညိတ်လိုက်သည်။ သူက ချက်ချင်း ဝင်မသွားဘဲ စိတ်စွမ်းအင်ဖြင့် တစ်ချက် စစ်ဆေးလိုက်သေးသည်။
လူမရှိကြောင်း သေချာမှ "မင်းတို့ အပြင်မှာ စောင့်နေ" ဟု ပြောလိုက်သည်။
ထို့နောက် သူ အခန်းထဲ ဝင်သွားပြီး မကြာခင်တွင် ပြန်ထွက်လာသည်။
"သွားမယ်... နောက်တစ်ခန်း"
တင်းယန်နှင့် ကျောက်ခိုင်ကတော့ အထူးအဆန်း မဖြစ်တော့ပေ။ တုံယန်တို့ သုံးယောက်ကတော့ အနည်းငယ် သိချင်စိတ် ဖြစ်မိသည်။ လင်းယွမ် အထဲဝင်ပြီး ဘာလုပ်သည်ကို မသိကြပေ။
သို့သော် သုံးယောက်လုံး ဘာမှ မမေးရဲကြပေ။ ထိုသို့ဖြင့် အခန်း ၃၊ ၄ ခန်းကို ဖြတ်ကျော်လာခဲ့ပြီး လင်းယွမ်က အခန်းတိုင်းကို ဝင်လိုက် ထွက်လိုက် လုပ်နေသည်။
အထဲတွင် လူမရှိသော်လည်း သူက တစ်ပတ် ဝင်ကြည့်ပြီး ပြန်ထွက်လာလေ့ ရှိသည်။
တုံယန် မနေနိုင်တော့ဘဲ သတိပေးလိုက်သည်။ "အစ်ကိုလင်း... အထဲမှာ သုံးလို့ရတဲ့ ပစ္စည်းတွေ အများကြီး ရှိဦးမှာနော်"
သူမ ဆိုလိုသည်က လင်းယွမ်ကို ပစ္စည်း ရှာဖွေစုဆောင်းရန် သတိပေးခြင်း ဖြစ်သည်။
လင်းယွမ် ရယ်လိုက်မိသည်။ ဒီကောင်မလေး၏ စေတနာကို ခံစားမိသဖြင့် ပြုံးလျက် ပြောလိုက်သည်။ "ငါ သိပါတယ်"
တင်းယန်နှင့် ကျောက်ခိုင်လည်း လိုက်ရယ်ကြသည်။ ကျောက်ခိုင်က "ညီမလေး... နင် အထဲဝင်ကြည့်လိုက်ရင် သိပါလိမ့်မယ်" ဟု ပြောလိုက်သည်။
တုံယန် အံ့သြသွားပြီး သံသယဖြင့် လင်းယွမ် ဝင်ခဲ့ဖူးသော အခန်းတစ်ခန်းကို ဖွင့်ကြည့်လိုက်သည်။
မြင်လိုက်ရသော မြင်ကွင်းကြောင့် သူမ ပါးစပ်အဟောင်းသား ဖြစ်ကာ ကြက်သေ သေသွားတော့သည်။
အခန်းထဲတွင် ဟာလာဟင်းလင်း ဖြစ်နေသည်။ ပရိဘောဂများနှင့် လျှပ်စစ်ပစ္စည်းများ မပြောနှင့်... သစ်သား ကြမ်းခင်းများပင် မရှိတော့ပေ။
ဆက်ရန်...
အပိုင်း (၁၃၈) လူရေခွံခြုံထားသည့် တိရစ္ဆာန်များ
"မမ... ဘာလို့ စကားမပြောတော့တာလဲ"
တုန်ကျဲက သံသယဖြစ်စွာဖြင့် အနားသို့ပြေးသွားကာ မေးမြန်းလိုက်သည်။
သို့သော် အခန်းထဲသို့ ခေါင်းပြုကြည့်လိုက်သည်နှင့် သူ၏ မျက်နှာလေးမှာလည်း ရုတ်ခြည်း အံ့အားသင့်သွားရလေ၏။
ကုဖုန်းသည် ထိုမောင်နှမနှစ်ယောက်၏ ထူးဆန်းသော အမူအရာကို မြင်လိုက်ရသဖြင့် စပ်စုချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။
သူသည်လည်း အလျင်အမြန် ပြေးသွားကာ ကြည့်လိုက်လေသည်။
ထိုသို့ ကြည့်လိုက်မိသည်နှင့် သူ၏ မျက်လုံးများ ပြူးကျယ်သွားရတော့၏။ "ဟာ... ဒီအခန်းက အသစ်လား... ဘာမှ မပြင်ဆင်ရသေးတာလား"
တုန်ယန်က အလျင်အမြန် ပြောလိုက်သည်။ "မဟုတ်ဘူး ၃၂၀၈ က ဦးလေးကျန်းတို့ အခန်းပဲ... ငါမှတ်မိတယ် အရင်က လာဖူးတယ်... သူတို့အိမ်က အကောင်းစား ပြင်ဆင်ထားတာပါ... ဒါက ဘယ်လိုဖြစ်ပြီး ကြမ်းခင်းတွေပါ မရှိတော့တာလဲ"
ကုဖုန်းက အံ့သြတကြီး ရေရွတ်လိုက်သည်။ "ဝမ်ဆုန့်က အသားတောင်ကြီး သန္ဓေပြောင်းသတ္တဝါအဖြစ် ပြောင်းသွားပြီး သစ်သားပရိဘောဂတွေကိုပါ စားလိုက်တာများလား"
"ဟားဟားဟား"
သူ၏ စကားကြောင့် ကျောက်ခိုင်မှာ အောင့်မထားနိုင်တော့ဘဲ ဟားတိုက် ရယ်မောလိုက်လေသည်။
ဘေးနားရှိ တင်းယန်ပင်လျှင် "ခစ်" ခနဲ ရယ်မိသွားသည်။
လင်းယွမ်က ခေါင်းကို ခါယမ်းလိုက်ရင်း ပြောလိုက်သည်။ "အထဲက ပစ္စည်းတွေကို ငါ ယူလိုက်တာပါ"
"ဘာ"
"အစ်ကိုလင်းယွမ်... ရှင်လား"
"ဟင်"
တုန်ယန်တို့ သုံးဦးစလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး လင်းယွမ်ကို အံ့သြတကြီး ကြည့်လိုက်ကြလေသည်။
လင်းယွမ်က ပစ္စည်းတစ်ခုခုကို ယူဆောင်သွားသည်ကို သူတို့ လုံးဝ မတွေ့လိုက်ရပေ။
လင်းယွမ်က ရှင်းပြလိုက်သည်။ "ငါ့ရဲ့ အစွမ်းက ဟင်းလင်းပြင် အစွမ်းပဲ... ဟင်းလင်းပြင်တစ်ခု ဖွင့်ပြီး ပစ္စည်းအများကြီး ထည့်ထားလို့ရတယ်"
"ဝိုး... ဒီလိုအစွမ်းမျိုးလည်း ရှိသေးတာလား" တုန်ကျဲ၏ မျက်နှာလေးမှာ အံ့သြဝမ်းသာသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်သွားသည်။
တုန်ယန်၏ မျက်နှာပေါ်တွင်မူ မယုံနိုင်သည့် အမူအရာများ ပေါ်လာသည်။ "ဒီလိုအစွမ်းမျိုးလည်း ရှိသေးတာလား... ဒါဆို အစ်ကိုလင်းယွမ်က စားစရာတွေ အများကြီး ထည့်ထားလို့ရတာပေါ့... ငါးတွေဖမ်းမိရင်လည်း အကြာကြီး သိမ်းထားလို့ ရတာပေါ့နော်"
လင်းယွမ်က ပြုံးလိုက်သည်။ "အဲ့ဒီသဘောပါပဲ"
လင်းယွမ်သည် ဤလူသုံးယောက် သူ့အဖွဲ့ထဲ ဝင်လာစေရန် ဆွဲဆောင်လိုသဖြင့် မိမိ၏ အားသာချက် တစ်စိတ်တစ်ပိုင်းကို ရည်ရွယ်ချက်ရှိရှိ ထုတ်ပြလိုက်ခြင်း ဖြစ်သည်။
ဤသုံးယောက်စလုံးသည် အစွမ်းရရှိထားသူများ ဖြစ်သဖြင့် မိမိဘက်ပါအောင် စည်းရုံးသင့်သူများ ဖြစ်သည်။
သာမန်လူများသာဆိုလျှင် သူ ထုတ်ပြောပြနေမည် မဟုတ်ပေ။
ကုဖုန်းသည် ထိုစကားကို ကြားသောအခါ စိတ်လှုပ်ရှားသွားသည်။ "အစ်ကိုလင်း... ဒါဆို အစ်ကို့ရဲ့ ဟင်းလင်းပြင်နေရာထဲမှာ ပစ္စည်းဘယ်လောက်များများ ထည့်လို့ရလဲ... စားစရာတွေ ထည့်ထားရင်ရော ဘယ်လောက်ကြာကြာ ခံလဲ"
လင်းယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဟင်းလင်းပြင်ထဲမှာ အချိန်တွေ မရှိဘူး... ပစ္စည်းတွေ ထည့်ထားရင် လေဟာနယ်ထဲမှာ သိမ်းထားသလိုမျိုးမို့လို့ ထာဝရနီးပါး မပုပ်မသိုးဘဲ သိမ်းထားလို့ရတယ်"
ထိုစကားကို ကြားသောအခါ တုန်ယန်တို့ သုံးယောက်စလုံး ကြက်သေ သေသွားကြသည်။
ဒါက ရွေ့လျား ရေခဲသေတ္တာတစ်လုံး ရရှိထားသည်နှင့် မတူပေဘူးလော။
အစ်ကိုလင်းယွမ်နောက် လိုက်သွားပါက စားစရာမရှိမည်ကို ပူပန်စရာ မလိုတော့ပေ။
ထိုအခိုက်အတန့်တွင် သုံးဦးစလုံး၏ ရင်ခုန်သံများ မြန်ဆန်လာခဲ့သည်။
သူတို့ ဘယ်လိုကံကောင်းခြင်းမျိုးကြောင့်များ ဒီလို သန္ဓေပြောင်း အစွမ်းပိုင်ရှင်တစ်ယောက်နဲ့ ဆုံတွေ့ခွင့် ရခဲ့ပါလိမ့်။
"အစ်ကိုလင်းယွမ်... ကျွန်မ လမ်းပြပေးမယ်... ဘယ်အခန်းတွေမှာ အစားအသောက် ကျန်နိုင်သေးလဲဆိုတာ ကျွန်မ သိတယ်" တုန်ယန်က အလျင်အမြန်ပင် မိမိကိုယ်ကို ဖော်ပြလိုက်သည်။
ကုဖုန်းကလည်း ချက်ချင်းဝင်ပြောသည်။ "ကျွန်တော်လည်း အခန်းတချို့ကို သိတယ်... ကျွန်တော် လိုက်ပြမယ်"
လင်းယွမ်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။ ဤလူများက မိမိကို မျက်နှာလိုမျက်နှာရ လုပ်လာပြီဖြစ်ကြောင်း သူ သိလိုက်သည်။
"ဟဟ... ဟုတ်ပြီ... မင်းတို့ လမ်းပြကြ"
ထို့နောက် သူတို့တစ်သိုက် အထပ်များကို ဆက်လက်ရှင်းလင်း ရှာဖွေကြသည်။ လမ်းတစ်လျှောက်တွင် အခန်းလွတ်များနှင့် တွေ့ပါက လင်းယွမ်က ပြောင်စင်အောင် သိမ်းဆည်းလိုက်သည်။
အချို့အခန်းများတွင်မူ ပုပ်ပွနေသော အလောင်းများကို တွေ့ရ၏။
ထိုအလောင်းများမှာ သေဆုံးသည်မှာ တစ်ပတ်ခန့်သာ ရှိဦးမည်ဖြစ်ပြီး လောက်ကောင်များ ပြည့်နှက်နေသဖြင့် ပျို့အန်ချင်စရာ ကောင်းလှသည်။
ကြည့်ရသည်မှာ အစာငတ်ပြတ်ပြီး သေဆုံးသွားပုံရသည်။ ခန္ဓာကိုယ်ပေါ်တွင် အသားဟူ၍ မရှိတော့ဘဲ အရိုးပေါ်အရေတင် ပိန်လှီနေကြသည်။
အိပ်ရာပေါ်တွင် အချုပ်အနှောင်ခံလျက် သေဆုံးနေသော အလောင်းအချို့လည်း ရှိပြီး မသေခင်က လူမဆန်စွာ နှိပ်စက်ခံခဲ့ရကြောင်း ထင်ရှားနေသည်။
တိုက် (၇၇) တွင် လျှိုအားလုံကဲ့သို့သော ဗိုလ်ကျစိုးမိုးသူများ ရှိခဲ့ပြီး လူမဆန်သော လုပ်ရပ်များကို ကျူးလွန်ခဲ့ကြမည်မှာ သေချာကြောင်း လင်းယွမ် သိလိုက်သည်။
သန္ဓေပြောင်း သတ္တဝါကြီး မရှိခဲ့လျှင်တောင်မှ ဤနေရာမှ လူများ၏ ဘဝမှာ ကောင်းမွန်လှမည် မဟုတ်ပေ။
အထပ်သုံးထပ်လုံးကို နှံ့နှံ့စပ်စပ် ရှာဖွေခဲ့သော်လည်း အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရပေ။
၂၉ လွှာရှိ အခန်းတစ်ခန်းကို ရှင်းလင်းချိန်တွင်မူ တုန်ယန်က ရုတ်တရက် ဝမ်းသာအားရ ပြောလိုက်သည်။ "လူရှိတယ်... ဒီမှာ လူရှိတယ်"
လင်းယွမ်၏ မျက်နှာထားမှာ ချက်ချင်း တည်သွားပြီး အလျင်အမြန် မေးလိုက်သည်။ "ပုံမှန်လူလား... သန္ဓေပြောင်းလူသားလား"
"ခဏလေး... ကျွန်မမေးကြည့်လိုက်မယ်"
တုန်ယန်သည် စိတ်ချင်းဆက်သွယ်မှုကို အသုံးပြု၍ အခန်းထဲရှိလူများနှင့် စတင် ပြောဆိုလိုက်သည်။
ခဏအကြာတွင် တုန်ယန်က ဝမ်းသာအားရ ပြောလာသည်။ "ပုံမှန်လူတွေပါ... စုစုပေါင်း သုံးယောက်... သူတို့ အသက်ရှင်နေကြသေးတယ်"
လင်းယွမ်က ပြောလိုက်သည်။ "ငါတို့နဲ့အတူ လိုက်ခဲ့ချင်လားလို့ မေးကြည့်လိုက်"
"သူတို့ တိုင်ပင်ကြည့်ဦးမယ်တဲ့"
လင်းယွမ် ခေါင်းညိတ်လိုက်သည်။ ခဏကြာသော် တံခါးပွင့်လာသည်။
ထိပ်ပြောင်ပြောင် ဝဖိုင့်ဖိုင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ခေါင်းပြူထွက်လာပြီး ပြောလိုက်သည်။ "လူကြီးမင်းတို့... ကျုပ်တို့လည်း ခင်ဗျားတို့နဲ့အတူ လိုက်ခဲ့ချင်လို့ပါ... ခေါ်သွားပေးလို့ ရမလား"
လင်းယွမ်က ထိုထိပ်ပြောင်ပြောင် လူဝကြီးကို ကြည့်ကာ ပြောလိုက်သည်။ "ရပါတယ်... အကုန်လုံး ထွက်ခဲ့ကြပါ"
"ဟေး... ဟေး... လီရွှမ်း... ရှောင်ချန်... ထွက်ခဲ့ကြဟေ့... သူတို့က ငါတို့ကို ခေါ်သွားမယ်တဲ့"
ထိပ်ပြောင်ပြောင် လူကြီးက အလျင်အမြန် လှမ်းခေါ်လိုက်သည်။
ထိုအခါ အနောက်မှ လူနှစ်ယောက် ထွက်လာသည်။ တစ်ဦးမှာ မျက်နှာတွင် အမာရွတ်ရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားဖြစ်ပြီး ကျန်တစ်ဦးမှာ မျက်မှန်တပ်ထားကာ စာပေသမားရုပ် ပေါက်နေသော လူငယ်တစ်ဦး ဖြစ်သည်။
သုံးဦးသား ပြေးထွက်လာကြပြီး ထိပ်ပြောင်ပြောင် လူကြီးက အလျင်အမြန် မိတ်ဆက်ပေးသည်။ "လူကြီးမင်းတို့... ကျွန်တော့်နာမည် ကျိုးတာဟိုင်ပါ"
"သူက လီရွှမ်း... ဟိုတစ်ယောက်က ချန်မင်"
လီရွှမ်းဆိုသူမှာ မျက်နှာတွင် အမာရွတ်ရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားဖြစ်ပြီး အတင်းကာရော ပြုံးလိုက်သည်။ "အစ်ကိုကြီး မင်္ဂလာပါဗျာ... ကျုပ်ကို လီရွှမ်းလို့ပဲ ခေါ်ပါ"
ချန်မင်ဆိုသူမှာ မျက်မှန်တပ်ထားသော လူငယ်ဖြစ်ပြီး သူကလည်း နှုတ်ဆက်လိုက်သည်။ "အစ်ကိုကြီး မင်္ဂလာပါ... ကျွန်တော်က ချန်မင်ပါ"
လင်းယွမ်သည် သူတို့၏ အခေါ်အဝေါ်များကို ကြားသောအခါ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။
သူက တဲ့တိုးပင် ပြောလိုက်သည်။ "ငါက အစ်ကိုကြီး၊ ဆရာကြီး ဘာညာ မဟုတ်ပါဘူး... ငါ့နာမည် လင်းယွမ်ပါ... နာမည်ပဲ ခေါ်ကြ... ငါတို့က တခြားသူတွေကို ဆက်ရှာရဦးမယ်... ပြီးတော့ လှေကားခွင်ထဲက သန္ဓေပြောင်း သတ္တဝါတွေကို ရှင်းဖို့ ပြင်ရဦးမယ်... ငါတို့အဖွဲ့ထဲ ဝင်ချင်ရင် အတူတူ လိုက်ခဲ့"
"ဟုတ်ကဲ့... ဟုတ်ကဲ့... ဝင်မှာပါ... ကျုပ်တို့ သေချာပေါက် ဝင်ပါမယ်"
"အစ်ကိုလင်းယွမ်... ကျုပ်တို့ကို စားစရာလေး နည်းနည်းလောက် ပေးလို့ ရမလားဗျာ... ကျုပ်တို့ အစာမစားရတာ ကြာလှပါပြီ... ဗိုက်ဆာလွန်းလို့ပါ" လီရွှမ်းက တောင်းပန်တိုးလျှိုးစွာ ပြောလာသည်။
လင်းယွမ်က သူတို့သုံးယောက်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "လမ်းလျှောက်နိုင်သေးတယ်မလား... ခဏနေ အောက်ထပ်ရောက်ရင် ငါးနှစ်ကောင်လောက် ဖမ်းပြီး မင်းတို့ကို အစာပြေ ကျွေးမယ်"
လီရွှမ်း ကြောင်အသွားသည်။ ချန်မင်နှင့် ကျိုးတာဟိုင်တို့လည်း ကြောင်သွားကြသည်။
"သွားကြစို့"
လင်းယွမ်က သူတို့ကို ဂရုမစိုက်တော့ဘဲ တိုက်တွန်းလိုက်သည်။
လီရွှမ်းနှင့် ကျိုးတာဟိုင်တို့က မျက်မှန်တပ်ထားသော ချန်မင်ကို မသိမသာ လှမ်းကြည့်လိုက်ကြသည်။
ချန်မင်က သတိထားမိရန် ခက်ခဲသော အနေအထားဖြင့် ခေါင်းအနည်းငယ် ညိတ်ပြလိုက်မှ ထိုနှစ်ယောက်က သဘောတူလိုက်ကြသည်။
"ကောင်းပါပြီ... ကောင်းပါပြီ... သွားကြတာပေါ့"
"ဟုတ်တယ်... ဟုတ်တယ်... အသားတောင်ကြီး သတ္တဝါလည်း သေသွားပြီဆိုတော့ အောက်ထပ်ဆင်းပြီး ငါးဖမ်းလို့ ရပြီပဲ"
နှစ်ယောက်သား လူအုပ်စုရှိရာသို့ လျှောက်လာကြသည်။ ချန်မင်ကမူ အခန်းတံခါးကို ပြန်ပိတ်ပြီး လိုက်လာရန် ပြင်လိုက်သည်။
လင်းယွမ်သည် ချန်မင်၏ အပြုအမူကို မြင်လိုက်ရသောအခါ မျက်လုံးများ ရုတ်တရက် လက်ခနဲ ဖြစ်သွားသည်။
သူသည် ချန်မင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထိပ်ပြောင်ပြောင် ကျိုးတာဟိုင်ကို ရုတ်တရက် မေးလိုက်သည်။ "ဒါ ခင်ဗျားရဲ့ အခန်းလား"
ကျိုးတာဟိုင် ကြောင်သွားပြီး အနည်းငယ် တုံ့ဆိုင်းသွားသည်။ ထိုစဉ် ချန်မင်က ချောင်းတစ်ချက်ဟန့်ကာ မျက်မှန်ကို ပင့်တင်ရင်း ဝင်ပြောလိုက်သည်။ "ဒါ ကျွန်တော့်အခန်းပါ"
လင်းယွမ်က ကိုယ်ကို လှည့်လိုက်ပြီး ချန်မင်ကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။ "သူတို့က မင်းရဲ့ ဘာတွေလဲ... ဘယ်လိုလုပ် မင်းဆီမှာ လာနေကြတာလဲ"
ချန်မင်က မျက်နှာမပျက်ဘဲ ပြုံး၍ ပြောသည်။ "အပြင်မှာက အန္တရာယ်များတယ်လေ... ကျွန်တော်တို့အချင်းချင်း အားပြုပြီး နေကြတာပါ... ကျွန်တော့်အိမ်က နည်းနည်းကျယ်တော့ အတူတူ စုနေကြတာ... တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်လို့လည်း ရတာပေါ့"
"အော်... ဟုတ်လား" လင်းယွမ် ပြုံးလိုက်သည်။
ကျောက်ခိုင်နှင့် တင်းယန်တို့သည် အခြေအနေ မဟန်ကြောင်း ချက်ချင်း သတိထားမိလိုက်ကြသည်။
နှစ်ယောက်သား အလိုအလျောက် လင်းယွမ်၏ အနားသို့ ကပ်သွားကြပြီး တုန်ယန်တို့ သုံးယောက်ကို သူတို့၏ နောက်ကျောဘက်တွင် ကာကွယ်ထားလိုက်ကြသည်။
ကျိုးတာဟိုင်နှင့် လီရွှမ်းတို့၏ မျက်လုံးများလည်း ကလပ်ကလပ် ဖြစ်လာပြီး မသိမသာ ခြေတစ်လှမ်း နောက်ဆုတ်လိုက်ကြသည်။
လင်းယွမ်က ရုတ်တရက် မေးလိုက်သည်။ "ငါ အခန်းထဲ ဝင်ကြည့်လို့ရမလား"
ထိုစကားကြောင့် လေထုမှာ ချက်ချင်း တင်းမာသွားသည်။
မျက်မှန်သမား ချန်မင်၏ အပြုံးများလည်း အေးခဲသွားရ၏။
သူ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်လည်ပြုံးကာ ပြောလိုက်သည်။ "အိမ်ထဲမှာ ဘာပစ္စည်းမှလည်း မရှိပါဘူးဗျာ... ညစ်ပတ် ရှုပ်ပွနေတာပါ... အစ်ကိုကြီးရဲ့ မျက်စိရှုပ်သွားမှာ စိုးလို့ပါ"
"အော်... ငါက အထဲကို မဖြစ်မနေ ဝင်ကြည့်ချင်တယ်ဆိုရင်ရော" လင်းယွမ်က ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
ချန်မင်၏ မျက်နှာ အရောင်ပြောင်းသွားပြီး လက်သီးကို အလိုအလျောက် ဆုပ်ကိုင်လိုက်သည်။ "ရပ်လိုက်"
ထို့နောက် သူက လက်သီးကို မြှောက်ကာ လင်းယွမ်၏ မျက်နှာတည့်တည့်သို့ ထိုးချလိုက်တော့သည်။
"မင်း ဘာလုပ်ရဲတာလဲ"
"သေချင်နေတာလား"
တင်းယန်နှင့် ကျောက်ခိုင်တို့ တစ်ပြိုင်နက် အော်ဟစ်လိုက်ကြသည်။
တင်းယန်က ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရာ လေထဲသို့ လက်သီးတစ်ချက် ထိုးလိုက်ပြီး လေအမြောက်လက်သီးကို ပစ်လွှတ်လိုက်သည်။
စွမ်းအင်အလင်းတန်းများ လွှမ်းခြုံထားသော လက်သီးချက်သည် အမြောက်ဆန်တစ်စင်းအလား ပြင်းထန်စွာ ပျံသန်းသွားသည်။
ကျောက်ခိုင်၏ လက်ထဲတွင်လည်း ရေခဲချွန်များ စုစည်းလာပြီး လက်ဝှေ့ယမ်းလိုက်သည်နှင့် တရစပ် ပျံဝဲထွက်သွားကြသည်။
"ဘုန်း... ဘုန်း"
အသံအနိမ့်များ ထွက်ပေါ်လာပြီး ရေခဲချွန်များရော လက်သီးချက်ပါ လမ်းတစ်ဝက်မှာတင် ပေါက်ကွဲသွားကြသည်။
ထိုချန်မင်သည် မျက်မှန်ကို ပင့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင်များ စီးဆင်းသွားပြီး စိတ်စွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာသည်။
ထိုစွမ်းအင်သည် ရှေ့ဘက်လေထဲတွင် မမြင်ရသော နံရံတစ်ခုအဖြစ် ပုံဖော်လိုက်၏။
စိတ်စွမ်းအင်...
ရင်းနှီးနေသော ထိုခံစားချက်ကြောင့် လင်းယွမ် ချက်ချင်း နားလည်လိုက်သည်။
မိမိရှေ့မှ ဤချန်မင်ဆိုသူသည် စိတ်စွမ်းအင် နိုးထလာသော သန္ဓေပြောင်း အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်နေသည်ကိုး။
ထို့အပြင် သူ၏ စိတ်အခြေအနေ ကြည်လင်နေပုံကို ကြည့်ခြင်းအားဖြင့် သန္ဓေပြောင်းလဲခြင်း အန္တရာယ်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သူ ဖြစ်ကြောင်း ထင်ရှားသည်။
"ချကြ"
ချန်မင်က အော်ဟစ်လိုက်ရာ ဘေးနားရှိ လီရွှမ်းနှင့် ကျိုးတာဟိုင်တို့၏ မျက်နှာများမှာ ရုတ်ခြည်း ကြမ်းကြုတ်ခက်ထန်သွားကြသည်။
သူတို့သည် ကျောဘက်မှ ဓားမြှောင်များကို အသီးသီး ထုတ်ယူလိုက်ကြပြီး လင်းယွမ်တို့ လူစုဆီသို့ အတင်း ပြေးဝင်လာကြသည်။
သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့် စွမ်းအင်မှ မရှိသဖြင့် သာမန်လူများသာ ဖြစ်ကြောင်း သိသာလှသည်။
ထိုနှစ်ယောက် ပြေးဝင်လာသည့် ခဏမှာပင် ကျောက်ခိုင်က ချက်ချင်း လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ကြီးမားသော ရေခဲမြူနှင်းများ လေထဲတွင် ဝဲပျံသွားပြီး ထက်ရှသော ရေခဲချွန် (၁၀) ချောင်းကျော်အဖြစ် ပြောင်းလဲကာ ကျိုးတာဟိုင်ထံသို့ တရစပ် ပျံဝဲသွားကြသည်။
"ရွှပ်... ရွှပ်... ရွှပ်"
ကျိုးတာဟိုင်မှာ ရှောင်တိမ်းချိန် မရလိုက်ဘဲ မျက်နှာချင်းဆိုင်မှ ရေခဲချွန်များဖြင့် တည့်တည့်ထိမှန်သွားသည်။
ခဏချင်းမှာပင် သူ့တစ်ကိုယ်လုံး ရေခဲချွန်များ စိုက်ဝင်သွားတော့၏။
ကျိုးတာဟိုင်သည် မျက်နှာကိုအုပ်လျက် အော်ဟစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
ထိုအချိန်မှာပင် တင်းယန်သည် ပြေးဝင်လာသော လီရွှမ်းကို လက်တစ်ဖက်တည်းဖြင့် ဆွဲမလိုက်သည်။
လီရွှမ်းက ဓားမြှောင်ကို မြှောက်ကာ တင်းယန်၏ လက်ဖဝါးကို ရက်ရက်စက်စက် ထိုးစိုက်လိုက်သည်။
"ဒုန်း" ခနဲ အသံမြည်သွားသော်လည်း တင်းယန်က ဓားသွားကို လက်တစ်ဖက်တည်းဖြင့် ဖမ်းဆုပ်ထားလိုက်သည်။
သူမ၏ လက်ပေါ်တွင် စွမ်းအင်အလင်းတန်းများ စီးဆင်းနေသဖြင့် ဓားသွား မည်မျှထက်သည်ဖြစ်စေ သူမ၏ အရေပြားကို ထိုးဖောက်နိုင်ခြင်း မရှိပေ။
တင်းယန်က လက်ကောက်ဝတ်ကို လှည့်၍ ဓားမြှောင်ကို လုယူလိုက်သည်။ လီရွှမ်း ရုန်းကန်ချိန် မရလိုက်မီ သူမ၏ မျက်နှာပေါ်တွင် ရက်စက်သော အမူအရာများ ပေါ်လာသည်။
လက်ကို မြှောက်၍ ဓားမြှောင်ဖြင့် လီရွှမ်း၏ မျက်နှာကို အားကုန် ထိုးစိုက်လိုက်သည်။
ထိုနေရာမှာ တိုက်ဆိုင်စွာပင် လီရွှမ်း၏ မျက်နှာပေါ်ရှိ ဓားခုတ်ရာ အမာရွတ်နေရာ ဖြစ်နေသည်။
"အား"
လီရွှမ်း၏ ပါးစပ်မှ သွေးပျက်စရာ ကောင်းသော အော်ဟစ်သံ ထွက်ပေါ်လာသည်။
တင်းယန်က အေးစက်စွာ ပြုံးလိုက်သည်။ "သေချင်နေတဲ့ ကောင်"
"ရွှပ်"
သူမက ဓားမြှောင်ကို ရက်ရက်စက်စက် ဆွဲချလိုက်ရာ ဓားသွားသည် ထိုအမာရွတ်အတိုင်း အောက်သို့ ပြဲထွက်သွားသည်။
သွေးများ ပန်းထွက်လာသော်လည်း တင်းယန်က လက်မလျှော့ပေ။
ဓားမြှောင်ဖြင့် လီရွှမ်း၏ လည်ပင်းကို ဆက်တိုက် ထိုးစိုက်လိုက်သည်။
"ရွှပ်... ရွှပ်... ရွှပ်"
အချက်ပေါင်းများစွာ ထိုးစိုက်လိုက်ရာ လီရွှမ်း၏ လည်ပင်းသွေးကြောမကြီးမှ သွေးများ ပန်းထွက်လာပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် လီရွှမ်းမှာ လုံးဝ မလှုပ်ရှားတော့ဘဲ ခြေလက်များ တွဲကျကာ အသက်ပါ ပျောက်သွားတော့သည်။
တင်းယန်က အလောင်းကို ပစ်ချလိုက်ပြီးနောက် လင်းယွမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။
သို့သော် လင်းယွမ်ဘက်မှ တိုက်ပွဲမှာ စောစောစီးစီးကပင် ပြီးဆုံးနေပြီ ဖြစ်သည်။
ချန်မင်က 'ချကြ' ဟု အော်လိုက်သည့် ခဏမှာပင်...
လင်းယွမ်က ရုတ်တရက် ခြေတစ်ချက် ကန်ထုတ်လိုက်သည်။
ချန်မင်က အလျင်အမြန် နောက်ဆုတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်ထားသော ဓားမြှောင်တစ်ချောင်းက လင်းယွမ်၏ ဦးခေါင်းနောက်ကျောဘက်သို့ ကွေ့ပတ်ကာ ထိုးစိုက်ရန် ပြင်လိုက်သည်။
သို့သော် လင်းယွမ်က ရုတ်တရက် နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။
နောက်တစ်ခဏတွင် ထိုဓားမြှောင်မှာ လေထဲတွင် ရုတ်တရက် တန့်သွားသည်။
ချန်မင်က စိတ်စွမ်းအင်ကို မည်မျှပင် အားကုန်သုံး၍ ထိန်းချုပ်သော်လည်း ထိုဓားမြှောင်မှာ ရွှံ့နွံထဲ နစ်မြုပ်နေသကဲ့သို့ လုံးဝ မရွေ့လျားတော့ပေ။
လင်းယွမ်က ပြောလိုက်သည်။ "မင်းရဲ့ စိတ်စွမ်းအင်က ဒီလောက် အားနည်းတာတောင် စိတ်စွမ်းအင်သုံးပြီး အလစ်တိုက်ခိုက်ရဲသေးတယ်ပေါ့"
"စိတ်စွမ်းအင်ကို ဘယ်လိုသုံးရမလဲဆိုတာ ငါ သင်ပေးမယ်"
ထိုသို့ ပြောလိုက်သည်နှင့် လင်းယွမ်၏ ဘယ်ညာ ဘေးတစ်ဖက်စီမှ သံချောင်းနှစ်ချောင်းက လေထဲတွင် ပျံဝဲလာသည်။
"မင်း"
ချန်မင်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး လင်းယွမ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
လင်းယွမ်သည်လည်း စိတ်စွမ်းအင် သုံးနိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
သူ စကားဆက်မပြောတော့ဘဲ နောက်လှည့်၍ ထွက်ပြေးတော့သည်။
တစ်ဖက်တွင် သန္ဓေပြောင်း အစွမ်းပိုင်ရှင် သုံးယောက် ရှိနေပြီး သူက တစ်ယောက်တည်း ဖြစ်ရာ အသက်နှင့်ရင်းပြီး တိုက်ခိုက်စရာ အကြောင်းမရှိပေ။
"ရွှပ်... ရွှပ်"
စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်ထားသော သံချောင်းများသည် ကျည်ဆန်ပမာ ပျံသန်းသွားပြီး ချန်မင်၏ ခြေထောက်နှစ်ဖက်ကို ချက်ချင်း ထိုးဖောက်သွားသည်။
ချန်မင်၏ ပါးစပ်မှ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။
သူ မြေပြင်ပေါ်သို့ ပစ်လဲကျသွားပြီး စောစောက စာပေသမားရုပ် ပေါက်နေသော ပုံစံမျိုး မရှိတော့ပေ။
မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ အပြည့်ဖြင့် နောက်လှည့်ကာ အသနားခံလိုက်သည်။ "မလုပ်ပါနဲ့... မသတ်ပါနဲ့... အသက်ချမ်းသာပေးပါ... ကျွန်တော်တို့ကြားမှာ ဘာရန်ငြိုးမှလည်း မရှိပါဘူး... မသတ်ပါနဲ့ဗျာ"
လင်းယွမ် ရယ်လိုက်သည်။ "ဟုတ်တာပေါ့... ငါတို့ကြားမှာ ဘာရန်ငြိုးမှ မရှိဘူး... ငါက အခန်းထဲ ဝင်ကြည့်ချင်ရုံပဲ... မင်းက ငါ့ကို သတ်ချင်နေတာလေ"
"တကယ်ကို ယုတ္တိမရှိလိုက်တာ... ငါ သိချင်နေတာက မင်းရဲ့အခန်းထဲမှာ... အော်... ဒီအခန်းကလည်း မင်းအခန်း မဟုတ်ဘူးမလား"
"ဒီအခန်းထဲမှာ လူမသိစေချင်တဲ့ ဘယ်လိုကိစ္စတွေ ရှိနေလို့လဲဆိုတာ ငါ အရမ်း သိချင်နေပြီ"
"ငါတို့ကို ဝင်ကြည့်ခွင့် မပေးဘဲ စွန့်စားပြီး သတ်ပစ်ချင်လောက်တဲ့အထိ ဘာတွေများ ဖုံးကွယ်ထားတာလဲ"
ချန်မင်၏ ကွဲအက်နေသော မျက်မှန်အောက်ရှိ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပေါ်လာသည်။
သူသည် ကြောက်လန့်တကြား နောက်သို့ တွားသွားရင်း ရေရွတ်လိုက်သည်။ "ကျွန်... ကျွန်တော့်မှာလည်း နည်းလမ်းမရှိလို့ပါ... ကျွန်တော့်မှာလည်း ရွေးချယ်စရာ မရှိလို့ပါ... ကျွန်တော်တို့လည်း အခြေအနေအရ လုပ်ခဲ့ရတာပါ... အားလုံးက အရမ်း ဗိုက်ဆာနေကြတာကိုး... သူတို့လည်း စားခဲ့ကြတာပဲ"
သူ၏ ပါးစပ်မှ ထူးဆန်းသော စကားများ ထွက်ပေါ်လာသဖြင့် လင်းယွမ်တို့အားလုံး မျက်မှောင်ကြုတ်လိုက်ကြသည်။
ထိုအချိန်ကျမှ တုန်ယန်တို့ အသိပြန်ဝင်လာကြသည်။
စောစောက တိုက်ပွဲမှာ ရုတ်တရက်ဆန်လွန်းပြီး ပြီးဆုံးသွားသည်မှာလည်း မြန်ဆန်လွန်းလှသည်။
သူတို့သုံးယောက်မှာ တိုက်ခိုက်ရေးသမားများ မဟုတ်ကြသဖြင့် ရုတ်တရက် အခြေအနေကို တုံ့ပြန်နိုင်စွမ်း နှေးကွေးလွန်းလှသည်။
ယခုမှ တုန်ယန် သတိပြန်ဝင်လာပြီး ပါးစပ်ကို အုပ်ကာ အော်ဟစ်မိမလို ဖြစ်သွားသည်ကို အောင့်အီးထားလိုက်ရသည်။
ထို့နောက် တစ်စုံတစ်ခုကို တွေးမိကာ မောင်ဖြစ်သူ၏ မျက်လုံးများကို အလျင်အမြန် လှမ်းပိတ်လိုက်ပြီး တုန်ယင်စွာ ပြောလိုက်သည်။ "ရှောင်ကျဲ... မကြည့်နဲ့"
ကုဖုန်း၏ မျက်နှာမှာလည်း ဖြူဖျော့နေပြီး လင်းယွမ်တို့ သုံးယောက်ကို ကြောက်ရွံ့စွာ ကြည့်နေမိသည်။
လင်းယွမ်က သူတို့သုံးယောက်ကို ဂရုမစိုက်ပေ။ သူ၏ မျက်နှာထားမှာ မည်းမှောင်နေပြီ ဖြစ်သည်။
ချန်မင်ကို ထပ်မေးလိုက်သည်။ "မင်းတို့ ဘာစားခဲ့ကြတာလဲ"
ချန်မင်၏ နှုတ်ခမ်းများ တုန်ရီနေပြီး ရုတ်တရက် "ဝေါခနဲ" အသံမြည်ကာ မြေကြီးပေါ်သို့ ပျို့အန်ချလိုက်သည်။
သို့သော် သူ အန်ထုတ်လိုက်သည်မှာ အချဉ်ရည်များသာ ဖြစ်သည်။
သို့သော်လည်း သူက အဆက်မပြတ် ပျို့အန်နေဆဲ ဖြစ်ပြီး သူ စားခဲ့သော အရာများကို တွေးမိတိုင်း အန်ချင်နေပုံ ရသည်။
လင်းယွမ်က စကားဆက်မပြောတော့ဘဲ ပိတ်ထားသော တံခါးမကြီးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်သည်။
"ဝုန်း"
တံခါးကြီး ပွင့်ထွက်သွားပြီး ဝင်ပေါက်ရှိ ဗီဒိုနှင့် ရိုက်မိကာ "ဒိုင်း" ခနဲ အသံမြည်သွားသည်။
လင်းယွမ်သည် အခန်းထဲသို့ ဝင်မသွားဘဲ စင်္ကြံလမ်းမှနေ၍ အတွင်းသို့ တစ်ချက် ဝေ့ကြည့်လိုက်သည်။
ထိုတစ်ချက်ကြည့်လိုက်ရုံဖြင့် သူ၏ မျက်နှာထားမှာ လုံးဝ မည်းမှောင်သွားတော့၏။
ထို့နောက် သူက ရုတ်တရက် နောက်လှည့်လိုက်ပြီး ချန်မင်ကို စိုက်ကြည့်လိုက်သည်။
"မင်းတို့... သေသင့်တယ်"
သူသည် ချန်မင်၏ ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။ လေထဲတွင် ပျံဝဲနေသော ဓားမြှောင်သည် စိတ်စွမ်းအင်၏ ထိန်းချုပ်မှုအောက်တွင် သူ၏ လက်ထဲသို့ အလိုအလျောက် ရောက်ရှိလာသည်။
လင်းယွမ်သည် ဓားမြှောင်ကို ကိုင်လျက် ချန်မင်၏ ပေါင်ကို အားကုန် လှီးချလိုက်သည်။
ချန်မင်၏ ပါးစပ်မှ နာကျင်စွာ အော်ဟစ်ညည်းညူသံများ ထွက်ပေါ်လာသည်။
လင်းယွမ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ "နာလား"
"တိရစ္ဆာန်ကောင်... မင်းက နာတတ်သေးတယ်လား"
တုန်ယန်တို့အားလုံး မျက်နှာပျက်သွားကြသည်။
"အထဲမှာ ဘာရှိလို့လဲ... သူ့ကို ဒီလောက်တောင် ဒေါသထွက်စေတာလဲ"
တင်းယန်နှင့် ကျောက်ခိုင်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး အခန်းထဲသို့ ပြေးဝင်သွားကြသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် နှစ်ယောက်စလုံး ချက်ချင်း ပြန်ဆုတ်ထွက်လာကြသည်။ လူအများအပြား သတ်ခဲ့ဖူးသော တင်းယန်ပင်လျှင် မျက်နှာဖြူဖျော့သွားပြီး အစာအိမ်ထဲမှ လှုပ်ရှားလာသလို ခံစားလိုက်ရသည်။
ကျောက်ခိုင်မှာမူ စင်္ကြံလမ်းပေါ်တွင် မှောက်လျက် "ဝေါ့ခနဲ" အန်ချလိုက်တော့သည်။
တုန်ယန်က မနေနိုင်တော့ဘဲ အခန်းထဲသို့ မသိစိတ်ဖြင့် လှမ်းကြည့်လိုက်မိသည်။
တင်းယန်က တားရန် ပြင်လိုက်သည်။ "မကြည့်နဲ့... ဝေါ့"
သူမ စကားမဆုံးခင်မှာပင် ထိန်းမရတော့ဘဲ အန်ချလိုက်ရလေသည်။
တုန်ယန် မြင်လိုက်ရသည်မှာ... အခန်းထဲတွင် အလင်းရောင် မှိန်ပျပျသာ ရှိသည်။
ဧည့်ခန်းထဲတွင် လူတစ်ယောက်ကို ချိတ်ဆွဲထားသည်။
တုန်ယန်၏ မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွားပြီး ဆိုးရွားသော အတွေးများ ဝင်လာသည်။
စောစောက ချန်မင် ပြောခဲ့သော စကားများကို ပြန်တွေးမိပြီး သူမ၏ အစာအိမ်တစ်ခုလုံး ပြောင်းပြန်လှန်သွားသလို ခံစားလိုက်ရသည်။
ရုတ်တရက် စားပွဲပေါ်ရှိ သွေးများပေကျံနေသော ပန်းကန်ပြားများနှင့် ဘေးနားရှိ သွေးစွန်းနေသော တူများကို မြင်လိုက်ရသည်။
ကြမ်းပြင်ပေါ်တွင်လည်း မီးငြိမ်းကာစ မီးဖိုတစ်ခု ရှိနေသည်။
ဤတစ်ကြိမ်တွင်မူ တုန်ယန်သည် သည်းမခံနိုင်တော့ပေ။
"ဝေါ့"
စားထားသော ပေါက်စီများမှာ အစာမကြေနိုင်သေးမီမှာပင် အကုန်အစင် ပြန်အန်ထွက်လာတော့သည်။
လင်းယွမ် ဘာကြောင့် ဒီလောက် ဒေါသထွက်နေရသလဲဆိုတာ သူမ နားလည်သွားပြီ ဖြစ်သည်။
သူမ၏ ရင်ထဲတွင်လည်း ဒေါသများ ဆူပွက်လာသည်။
နေမထိထိုင်မသာ ဖြစ်နေမှုကို အောင့်အီးသည်းခံလျက် မြေကြီးပေါ်တွင် ညည်းညူနေသော ချန်မင်ဘက်သို့ လှည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "တိရစ္ဆာန်တွေ... နင်တို့ ဘယ်လိုလုပ် ဒီလိုကိစ္စမျိုးကို လုပ်ရက်ကြတာလဲ"
"နင်တို့ ဘယ်လိုသတ္တိနဲ့ ဒီလိုအလုပ်မျိုး လုပ်ရဲကြတာလဲ"
"နင်တို့... နင်တို့ ဘယ်လိုလုပ် ရက်စက်နိုင်ကြတာလဲ"
တင်းယန်သည်လည်း သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် လင်းယွမ်၏ ဘေးနားသို့ လျှောက်လာသည်။ "သူ့ကို သတ်လိုက်ရင် ညှာသလိုဖြစ်နေမယ်... သူ့အသားကို အလွှာလိုက်လှီးပြီး အပစ်ပေးရမယ်"
ထိုသို့ပြောရင်း သူမသည် ဓားဖြင့် အကြိမ်ကြိမ် မွှန်းလိုက်ရာ ချန်မင်မှာ မြေကြီးပေါ်တွင် လူးလိမ့်အော်ဟစ်ပြီး အသက်ဘေးအတွက် အသနားခံနေရသည်။
"ကယ်ကြပါဦး... ကယ်ကြပါဦး"
"မသတ်ပါနဲ့... တောင်းပန်ပါတယ်... မသတ်ပါနဲ့... ကျွန်တော်လည်း မလုပ်ချင်ပါဘူး"
"ဒါပေမဲ့ ကျွန်တော်တို့ အရမ်း ဗိုက်ဆာလို့ပါ... အစာမစားရတာ အရမ်း ကြာနေပြီမို့လို့ပါ"
"လူကို ကျွန်တော် ဖမ်းတာ မဟုတ်ဘူး... ကျိုးတာဟိုင် ဖမ်းတာပါ"
"ဓားနဲ့ လှီးတာက အမာရွတ်ကောင် လီရွှမ်း လုပ်တာပါ... ကျွန်တော်နဲ့ မဆိုင်ပါဘူး"
အသက်ရှင်သန်ရေးအတွက် ချန်မင်သည် အပြစ်အားလုံးကို သေဆုံးသွားသော ကျိုးတာဟိုင်နှင့် လီရွှမ်းအပေါ်သို့ ပုံချလိုက်သည်။
သို့သော် ဤနေရာရှိ ဘယ်သူက ယုံကြည်မည်နည်း။
လီရွှမ်းနှင့် ကျိုးတာဟိုင်တို့က သာမန်လူများသာ ဖြစ်ကြပြီး ချန်မင် တစ်ဦးတည်းသာ စိတ်စွမ်းအင် အစွမ်းပိုင်ရှင် ဖြစ်သည်။
ချန်မင် ခွင့်မပြုဘဲ သူတို့ ဒီကိစ္စကို လုပ်ရဲပါ့မလား။
စောစောက အခြေအနေကို ကြည့်လျှင် ချန်မင်သည် ထိုသုံးယောက်အနက် ခေါင်းဆောင်ဖြစ်ကြောင်း ထင်ရှားနေသည်။
လင်းယွမ်သည် ဤလူရေခွံခြုံထားသော တိရစ္ဆာန်၏ လိမ်ညာစကားများကို နားထောင်ချင်စိတ် မရှိတော့ပေ။
သူသည် ချန်မင်၏ ပါးစပ်ကို ဖျစ်ညှစ်လိုက်ပြီးနောက် ဓားမြှောင်ကို ပါးစပ်ထဲသို့ ထိုးထည့်ကာ အားကုန် မွှေနှောက်လိုက်ရာ သွေးများနှင့် အသားစများ ပါးစပ်ထဲမှ ထွက်ကျလာသည်။
ချန်မင် မည်မျှပင် ရုန်းကန် အော်ဟစ်နေပါစေ လင်းယွမ်က သူ၏ မေးရိုးကို သေချာပေါက် ဖျစ်ညှစ်ထားဆဲ ဖြစ်သည်။
ကျောက်ခိုင်လည်း အနည်းငယ် သက်သာလာပြီ ဖြစ်သည်။ မျက်နှာ ဖြူဖျော့နေသော်လည်း မျက်လုံးများထဲတွင် ဒေါသမီးများ တောက်လောင်နေသည်။
ထိုတိရစ္ဆာန်ကောင်အနားသို့ ပြေးသွားကာ ဆဲဆိုကြိမ်းမောင်းရင်း ခြေထောက်ဖြင့် အားကုန် ကန်ကျောက်လိုက်သည်။
ချန်မင်သည် သူ အသက်ရှင်ရန် လမ်းမရှိတော့ကြောင်း သိလိုက်သည်။
ရုတ်တရက် မြေပြင်ပေါ်သို့ ကျနေသော ဓားမြှောင်ကို ထိန်းချုပ်ကာ မိမိ၏ လည်ပင်းကို ထိုးစိုက်လိုက်လေသည်။
"ရွှပ်"
ဓားမြှောင်သည် သွေးလွှတ်ကြောကို ဖြတ်တောက်သွားပြီး သွေးများ ပန်းထွက်လာသည်။
ချန်မင်သည် မျက်လုံးများ ပြူးကျယ်လျက် ကြောက်ရွံ့မှုများဖြင့်...
သူ တုန်ယင်စွာ ပြောလိုက်သည်။ "ငါ... ငါ မလုပ်ချင်ပါဘူး... ငါလည်း ဗိုက်ဆာတာကိုး"
"ခွေးကောင်... တိရစ္ဆာန်ကောင်"
တင်းယန်က ဒေါသတကြီး အော်ဟစ်ရင်း ခြေထောက်ဖြင့် ဆောင့်ကန်လိုက်သော်လည်း ချန်မင်မှာ အသက်မရှိတော့ပေ။
ကျောက်ခိုင်၏ ရင်ထဲတွင် မွန်းကျပ်ပိတ်လှောင်နေသလို ခံစားနေရသည်။ အခန်းထဲမှ လူအတွက်လား၊ ချန်မင်ဆိုသော တိရစ္ဆာန်ကောင်အတွက်လား၊ သို့တည်းမဟုတ် ဤသောက်သုံးမကျသော ကမ္ဘာကြီးအတွက်လား ဆိုတာ သူ မဝေခွဲတတ်တော့။
ဧည့်ခန်းထဲတွင် လူခြောက်ယောက်စလုံး တိတ်ဆိတ်နေကြသည်။
ကုဖုန်းနှင့် တုန်ကျဲတို့သည် အခန်းထဲတွင် ဘာဖြစ်ပျက်ခဲ့သလဲ ဆိုတာ မသိကြသေးပေ။
သို့သော် သူတို့၏ အမူအရာများနှင့် ပြောစကားများကို ကြည့်ပြီး ကုဖုန်း ရိပ်မိလိုက်ပြီ ဖြစ်သည်။
သူသည် ပါးစပ်ကို အုပ်ထားပြီး မယုံကြည်နိုင် ဖြစ်နေသည်။ အခန်းထဲတွင် မည်သို့သော မြင်ကွင်းမျိုး ရှိနေမည်ကို သူ လုံးဝ မကြည့်ရဲပေ။
တုန်ကျဲမှာမူ သိချင်စိတ် ပြင်းပြနေသော်လည်း တုန်ယန်က သူ့ကို အတင်း ဖက်ထားသည်။
အချိန်အတော်ကြာမှ လင်းယွမ်က ရုတ်တရက် ပြောလိုက်သည်။ "သူ့ကို ကောင်းကောင်းမွန်မွန် သွားခိုင်းလိုက်ပါတော့"
သူ၏ စကားကြောင့် လူတိုင်း တုန်လှုပ်သွားကြသည်။
ကျောက်ခိုင်က လေတစ်ချက်ကို ရှူသွင်းလိုက်ပြီး "ကျွန်တော် သွားလုပ်လိုက်မယ်"
တင်းယန်က သူ့ကို တားလိုက်သည်။ သူမ၏ မျက်ဝန်းများ နီရဲနေပြီး "ငါ လုပ်လိုက်မယ်"
ထိုသို့ပြောရင်း သူမ အထဲဝင်ရန် ပြင်လိုက်သည်။
သို့သော် လင်းယွမ်က ရှေ့မှ ဦးအောင် ဝင်သွားနှင့်ပြီ ဖြစ်သည်။
သူသည် ထိုလူ၏ မျက်နှာကို မကြည့်ရက်သဖြင့် လည်ပင်းပေါ်သို့ လက်တင်လိုက်သည်။
"နောက်ဘဝကျရင် ဒီလောကထဲ ထပ်မလာနဲ့တော့"
(ဒီအပိုင်းကို မင်မင် တော်တော်များများ ဆင်ဆာဖြတ်ထားပါတယ်)
ဆက်ရန်...