အခန်း (၁၂၃-၁၂၄)
Vol. 7 Ch. 123-124
အပိုင်း (၁၂၃) စိတ်ဝိညာဉ်ရိုက်ခတ်သိုင်းနှင့် ဖားမိစ္ဆာအား သတ်ဖြတ်ခြင်း
"ပြေးကြဟေ့... ပြေးကြ"
တာအိုဆရာလင်းက ထူးဆန်းသောအသံကြီးဖြင့် အော်ဟစ်လိုက်ရာ လူတိုင်း အသိဝင်လာပြီး အပေါ်ထပ်သို့ အလုအယက် ပြေးတက်ကြတော့သည်။
ရန်ဆန်းမင်က မနေနိုင်ဘဲ အော်ပြောလိုက်သည်။ "တာအိုဆရာလင်း... ခင်ဗျား အဲ့ကောင်ကြီးကို ခဏလောက် တားထားပါဦးလား"
သို့သော် တာအိုဆရာလင်းက ခြေလှမ်းကျဲကြီးဖြင့် လူအုပ်ကို ကျော်တက်သွားကာ ပြန်အော်လေ၏။ "ဒီကောင်က မကောင်းဆိုးဝါး ဖြစ်နေပြီကွ... ငါ့ပညာနဲ့ မနိုင်တော့ဘူး... ဆရာလင်းတို့ဆီ မြန်မြန်သွားကြ"
လူတစ်စုသည် လှေကားအတိုင်း အပေါ်ထပ်သို့ တရကြမ်း ပြေးတက်သွားကြသည်။
၁၄ လွှာရှိ ဖားမိစ္ဆာကြီးသည် လှုပ်ရှားသံများကို ကြားသည်နှင့် တုန်ခါခုန်ပေါက်၍ လိုက်လာတော့သည်။
၎င်းက မပြေးနိုင်သော်လည်း တစ်ခါခုန်လျှင် တစ်ထပ်ခန့် ရောက်သဖြင့် အလျင်မှာ မနှေးကွေးလှပေ။
တော်သေးသည်မှာ တာအိုဆရာလင်းတို့အဖွဲ့က ဉာဏ်များသည်။ ၁၅ လွှာသို့ ရောက်သည်နှင့် လူစုခွဲလိုက်ကြပြီး စင်္ကြံလမ်းအတိုင်း တစ်ဖက်စီ ပြေးကြတော့သည်။
လှေကားတက်ရသည်မှာ နှေးကွေးသဖြင့် ပြင်ညီအတိုင်း ပြေးခြင်းက ပိုမြန်ပေမည်။
တာအိုဆရာလင်း၊ ရန်ဆန်းမင်နှင့် ရှီဟိုင်ကျူးတို့ သုံးဦးသည် တိုင်ပင်မထားဘဲ တိုက် (၄) ဘက် စင်္ကြံလမ်းအတိုင်း ပြေးလိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော် လင်းယွမ်နှင့် ကျောက်ခိုင်တို့က တိုက် (၄)၊ အခန်း ၃၂၀၈ တွင် နေထိုင်သောကြောင့် ဖြစ်သည်။
ကျန်လူများကမူ အိမ်ပြန်စိတ်စောလျက် တိုက် (၁) နှင့် (၂) ဘက်သို့ မသိစိတ်ဖြင့် ပြေးမိသွားကြသည်။ သို့သော် ထိုလူများသည် တိုက် (၂) စင်္ကြံလမ်းသို့ ရောက်သည်နှင့် အသိပြန်ဝင်လာကြသည်။
"မဖြစ်ဘူး... မဖြစ်ဘူး... ငါတို့အိမ်ဘက်ကို ဒီသတ္တဝါကြီး ခေါ်သွားလို့ မဖြစ်ဘူး... အပေါ်ထပ် မြန်မြန်တက်ကြ... တိုက် (၄) ဘက်က ဆရာလင်းတို့ဆီ သွားကြမယ်"
လူတစ်ယောက်က သတိဝင်လာပြီး အော်ဟစ်လိုက်ရာ ကျန်လူများကလည်း လှည့်ပြန်ကာ အပေါ်ထပ်သို့ အပြေးအလွှား တက်ကြပြန်သည်။
ထိုသို့ အချိန်ကြန့်ကြာသွားသည့်အတွက် ဖားမိစ္ဆာကြီးမှာ ၁၄ လွှာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
၎င်းက အသံကြားရာ တိုက် (၃) ဘက်သို့ လိုက်သွားရာ မကြာမီပင် သွေးပျက်ဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။
တာအိုဆရာလင်း၊ ရန်ဆန်းမင်နှင့် ရှီဟိုင်ကျူးတို့သည် တိုက် (၃) နှင့် (၄) ကြားရှိ စင်္ကြံလမ်းကို ဖြတ်ကျော်ပြီးသည်နှင့် အပေါ်ထပ်သို့ ပြေးတက်ရန် ပြင်လိုက်ကြသည်။
သို့သော် စင်္ကြံလမ်းကို ဖြတ်ကျော်လိုက်သည်နှင့် မျက်နှာချင်းဆိုင်တွင် မင်အစိမ်းရောင် ဖားမိစ္ဆာကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။ ၎င်းက လူသေအလောင်း တစ်ပိုင်းတစ်စကို လျှာဖြင့်ရစ်ပတ်ကာ ပါးစပ်ထဲသို့ ဆွဲသွင်းနေ၏။
သုံးဦးသား မျက်နှာပျက်သွားကြသည်။
"သောက်ကျိုးနည်း... ဒီမှာလည်း တစ်ကောင် ရှိနေတာပဲ"
"ဖားမိစ္ဆာက တစ်ကောင်တည်း မဟုတ်ဘူးဟ"
"မြန်မြန်... မြန်မြန်ပြေး"
ရှီဟိုင်ကျူးက အပေါ်ထပ်သို့ အတင်းတိုးဝှေ့ တက်လိုက်ရာ ရန်ဆန်းမင်လည်း သူ့နောက်မှ ကပ်လိုက်သွားသည်။
ဖားမိစ္ဆာကြီးသည် သူတို့သုံးဦးကို မြင်လိုက်သည်နှင့် လျှာကိုဖြေလျော့ကာ အလောင်းတစ်ပိုင်းကို ချလိုက်ပြီး လျှာကိုလိပ်၍ ပစ်လွှတ်လိုက်တော့သည်။
"ဝှီးးးးးးး"
ပန်းရောင်လျှာကြီးသည် ဓားသွားတစ်လက်ကဲ့သို့ လေထုကို ခွင်းလျက် အရှိန်ပြင်းစွာ ပစ်လွှတ်လိုက်၏။
တာအိုဆရာလင်းမှာ လှေကားထောင့်သို့ ကွယ်ရန် အချိန်မမီတော့သဖြင့် မျက်နှာဖြူဖပ်ဖြူရော ဖြစ်သွားပြီး သူ၏ သန္ဓေပြောင်းအစွမ်းကို အလျင်အမြန် ထုတ်သုံးလိုက်ရသည်။
ရုတ်ခြည်းပင် သူ၏ ခန္ဓာကိုယ်အတွင်းမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ခေါင်းပေါ်တွင် ရွှေရောင်ဓားရိပ်တစ်ခု ဖြစ်တည်လာသည်။
"အား"
သူက အော်ဟစ်လျက် လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင်အလင်းတန်းက ဖားမိစ္ဆာကြီး၏ မျက်လုံးဆီသို့ ပျံသန်းသွားသည်။
ဖားမိစ္ဆာကြီးမှာ လန့်သွားပြီး ခေါင်းကို ရုတ်တရက် လှည့်လိုက်ရာ ပစ်လွှတ်ထားသော လျှာကြီးမှာ လေထဲတွင် ကွေးညွတ်သွားပြီး ရွှေရောင်ဓားအလင်းတန်းကို ပြင်းထန်စွာ ရိုက်ခတ်မိသွားသည်။
"ဘုန်း"
ပန်းရောင်လျှာကြီးက ရွှေရောင်ဓားအလင်းတန်းကို ရိုက်ချလိုက်ရာ ရွှေရောင်အလင်းများ ကွဲက်သွားပြီး လျှာကြီးမှာ အရှိန်မသတ်နိုင်ဘဲ မျက်နှာကြက်ကို ထိုးဖောက်သွားတော့သည်။
ဖားမိစ္ဆာကြီး၏ မျက်လုံးထဲတွင် သံသယ အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ထိုရွှေရောင်ဓားအလင်းတန်းမှာ မည်သည့် အတားအဆီးမျှ မရှိသကဲ့သို့ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
၎င်းက မျက်လုံးကို ကစားကြည့်လိုက်ရာ ရှေ့ဘက်စင်္ကြံလမ်း၌ တာအိုဆရာလင်းတို့ သုံးဦးမှာ အရိပ်အယောင်ပင် မတွေ့ရတော့ပေ။
"အွမ်... အွမ်"
၎င်းက အသံနက်ကြီးဖြင့် အော်မည်လိုက်ပြီး ခုန်ပျံလိုက်ရာ ဝုန်းခနဲ အသံနှင့်အတူ လှေကားထစ်ပေါ်သို့ ကျရောက်လာသည်။
ထို့နောက် ခြေထောက်ကို ကန်ကျောက်လျက် နောက်ထပ် ခုန်တက်ကာ တာအိုဆရာလင်းတို့ သုံးဦးနောက်သို့ လိုက်ပါသွားတော့သည်။
၃၂ လွှာ၊ အခန်း ၃၂၀၈ ထဲတွင် လင်းယွမ်က မျက်လုံးမှိတ်ကာ အနားယူနေသည်။
ရုတ်တရက် သူ မျက်လုံးဖွင့်ကြည့်လိုက်၏။
အားကောင်းသော စိတ်စွမ်းအင်ကြောင့် သူ၏ အာရုံခံစားမှုများမှာ အလွန်ထက်မြက်နေသည်။
အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း ပုံမှန်မဟုတ်သော လှုပ်ရှားသံများကို သူ ကြားနေရသည်။
"ဘာသံလဲ"
သူ အမြန်ထကာ ပြတင်းပေါက်နားသို့ သွားပြီး အပြင်သို့ ကြည့်လိုက်သည်။
အပြင်ဘက်တွင် မှောင်မဲနေပြီး ရေပြင်နှင့် နီးကပ်နေသော ၁၄ လွှာ၌သာ မီးရောင်များ တွေ့ရသည်။
သို့သော် ထိုမီးရောင်များမှာ လှုပ်ခါနေပြီး အခြေအနေ ရှုပ်ထွေးနေပုံ ရသည်။
မိုးသည်းထန်နေသည့်ကြားမှ သွေးပျက်ဖွယ် အော်ဟစ်သံများ ထွက်ပေါ်နေ၏။
"ဘာဖြစ်တာလဲ"
သူ မျက်မှောင်ကြုတ်လိုက်ပြီး တံခါးဖွင့်ရန် လှည့်ထွက်လိုက်သည်။
"ကျောက်ခိုင်... ထ... ထဦး"
သူက ကျောက်ခိုင်၏ အခန်းတံခါးကို ပုတ်လိုက်သည်။
ကျောက်ခိုင်လည်း တံခါးအမြန်ဖွင့်လာပြီး "အစ်ကိုလင်း... ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။
"အပြင်မှာ အခြေအနေ မကောင်းဘူး... သတိထား"
ကျောက်ခိုင်၏ မျက်နှာထား တင်းမာသွားပြီး ပြတင်းပေါက်မှတစ်ဆင့် အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ ၁၄ လွှာမှ ရုန်းရင်းဆန်ခတ် အခြေအနေကို မြင်လိုက်ရသည်။
သူက မျက်မှောင်ကြုတ်လျက် "တိန့်ဟူရဲ့ အဖွဲ့တွေများလား" ဟု မေးလိုက်သည်။
လင်းယွမ်က ခေါင်းခါရင်း "မသေချာသေးဘူး... တကယ်လို့ တိန့်ဟူရဲ့ လူတွေသာဆိုရင် တာအိုဆရာလင်းတို့က သိပ်ညံ့လွန်းရာ ကျနေပြီ"
"တိန့်ဟူအဖွဲ့ထဲမှာ တိန့်ဟူတစ်ယောက်ပဲ သန္ဓေပြောင်းအစွမ်း ရှိတာ... ကျန်တဲ့လူတွေက သာမန်လူတွေပဲလေ... တာအိုဆရာလင်းသာ ဒီလောက်နဲ့ မနိုင်ဘူးဆိုရင် တိုက် (၇၅) ကို သူ ထိန်းချုပ်ထားနိုင်မှာ မဟုတ်တော့ဘူး"
"ဒါဆို ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ... အပြင်ထွက်ကြည့်ကြမလား" ကျောက်ခိုင်က မေးလိုက်သည်။
လင်းယွမ်က ခေတ္တစဉ်းစားပြီးနောက် "သွားကြည့်ကြတာပေါ့" ဟု ပြောလိုက်သည်။
သူက တိုက် (၇၅) မှ လူများကို အမြန်ဆုံး တည်ငြိမ်စေချင်သည်။ သို့မှသာ သူ့အတွက် ငါးဖမ်းပေးမည့်သူများ ရှိလာမည် ဖြစ်သည်။
အခုလို ရှုပ်ပွနေလျှင် သူ့အတွက် ဘယ်သူက ငါးဖမ်းပေးနိုင်မည်နည်း။
ထို့ကြောင့် သူနှင့် ကျောက်ခိုင်တို့ တံခါးဖွင့်ကာ အပြင်သို့ ထွက်လာကြသည်။
၃၂ လွှာရှိ လူအတော်များများလည်း အခန်းပြင် ထွက်လာကြပြီး အောက်ဘက်မှ အော်ဟစ်သံများကို ကြားရသဖြင့် ထိတ်လန့်တကြား ဖြစ်နေကြသည်။
လင်းယွမ်တို့နှစ်ဦး ထွက်လာသည်ကို မြင်လိုက်ရသောအခါ အားကိုးရာ ရှာတွေ့သွားသကဲ့သို့ ဖြစ်သွားကြသည်။
လူအများက အခြေအနေကို ဝိုင်းမေးကြတော့သည်။
"ဆရာလင်း... ဘာတွေ ဖြစ်ကုန်ကြတာလဲဗျာ"
"ဆရာလင်း... အောက်က အော်သံတွေ ကြားနေရတယ်... ကျွန်မယောက်ျား အောက်မှာ ငါးသွားဖမ်းနေတာ... ဘာမှ မဖြစ်လောက်ပါဘူးနော်"
"ဒါ ဘာတွေဖြစ်နေတာလဲ"
...
လင်းယွမ်က တည်ငြိမ်စွာဖြင့် "ခင်ဗျားတို့ အခန်းထဲ အရင်ပြန်ဝင်ပြီး တံခါးသော့ခတ်ထားကြ... လျှောက်ထွက်မလာကြနဲ့... ကျွန်တော်နဲ့ ကျောက်ခိုင် သွားကြည့်လိုက်မယ်" ဟု ပြောလိုက်သည်။
လူအားလုံးက သူ၏ စကားကို နာခံကာ အိမ်ထဲသို့ ပြန်ဝင်ပြီး တံခါးများကို အသီးသီး ပိတ်လိုက်ကြသည်။
ခဏချင်းတွင် လှေကားခွင်၌ လင်းယွမ်နှင့် ကျောက်ခိုင်တို့သာ ကျန်ရစ်တော့သည်။
နှစ်ယောက်သား လှေကားအတိုင်း အောက်သို့ ဆင်းလာကြသည်။
၂၈ လွှာသို့ ရောက်သည်နှင့် အသက်လုပြေးလာသော ခြေသံများကို ကြားလိုက်ရသည်။
ထို့နောက် ရန်ဆန်းမင်၏ စိုးရိမ်တကြီး အသံထွက်ပေါ်လာသည်။ "ရှောင်ကျူး... ဘယ်နှထပ် ကျန်သေးလဲကွ"
ရှီဟိုင်ကျူးက အမောတကောဖြင့် "ကျွန်တော်လည်း မသိတော့ဘူး... တာအိုဆရာလင်းရော ရောက်ပြီလား မသိဘူး" ဟု ပြန်ဖြေသည်။
"သူ့ကိုမတွေ့သေးဘူး... မြန်မြန်... ဆက်တက်... အဲ့ကောင်ကြီး နောက်က ပါလာပြီ"
ရန်ဆန်းမင်မှာ အသည်းအသန် လှေကားတက်နေရသော်လည်း ခြေကုန်လက်ပန်း ကျနေပြီဖြစ်၍ ခြေထောက်များမှာ ကိုက်ခဲ နာကျင်နေပြီ ဖြစ်သည်။
ရှီဟိုင်ကျူးကမူ ခန္ဓာကိုယ်ကြံ့ခိုင်မှု ကောင်းသဖြင့် "ဒေါက်တာရန်... မြန်မြန်လေး" ဟု တိုက်တွန်းနေသည်။
"ငါ... ငါ မပြေးနိုင်တော့ဘူး"
"ဒါဆိုရင် အခန်းလွတ် တစ်ခုခုထဲ အရင်ဝင်ပုန်းကြမလား"
စကားပြောနေစဉ်မှာပင် အောက်ဘက်မှ ဝုန်းခနဲ လေးလံသော အသံကြီး ထွက်ပေါ်လာသည်။
ကြမ်းခင်းတစ်ခုလုံး တုန်ခါသွားသကဲ့သို့ပင်။
"မဖြစ်ဘူး... အဲ့ကောင်ကြီး မီလာပြီ" ရှီဟိုင်ကျူး မျက်နှာပျက်သွားပြီး ရန်ဆန်းမင်ကို အတင်းဆွဲကာ အပေါ်ထပ်သို့ ဆက်တက်ရန် ကြိုးစားသည်။
ထိုအချိန်တွင် မင်အစိမ်းရောင် ဖားမိစ္ဆာကြီး၏ ကိုယ်လုံး ပေါ်လာပြီး လှေကားထစ်ပေါ်သို့ ခုန်တက်ကာ အော်ဟစ်လိုက်သည်။
"အွမ်... အွမ်"
ထူးဆန်းသော အော်သံကြောင့် ရန်ဆန်းမင်နှင့် ရှီဟိုင်ကျူးတို့ မျက်နှာ ဖြူဖပ်ဖြူရော ဖြစ်သွားကြသည်။
ရန်ဆန်းမင်က တုန်လှုပ်စွာဖြင့် "ရှောင်ကျူး... မင်း အရင်ပြေး... မြန်မြန်ပြေးတော့" ဟု အော်ပြောလိုက်သည်။
ပြောပြောဆိုဆိုနှင့် သူက ရှီဟိုင်ကျူးကို တွန်းထုတ်လိုက်သည်။
ထိုအချိန်မှာပင် ဖားမိစ္ဆာကြီးက ပါးစပ်ဟကာ ပန်းရောင်လျှာကြီးကို ပစ်လွှတ်လိုက်တော့သည်။
ပန်းရောင် ကြာပွတ်ရှည်ကြီးကဲ့သို့ လျှာကြီးသည် ကြောက်မက်ဖွယ်ကောင်းသော လေခွင်းသံနှင့်အတူ ရန်ဆန်းမင်ထံသို့ တည့်တည့် ဝင်ရောက်လာသည်။
ရန်ဆန်းမင်မှာ ကြောက်လန့်တကြားဖြင့် လှေကားပေါ်သို့ တွားသွားကာ တက်ပြေးသည်။
"ဘုန်း"
ကွန်ကရစ် လှေကားထစ်များမှာ လျှာရိုက်ချက်ကြောင့် ပေါက်ကွဲထွက်သွားပြီး အပိုင်းအစများ လွင့်စဉ်ကုန်သည်။
ရန်ဆန်းမင်မှာ လှေကားတစ်ထစ် အကွာလောက်ကြောင့်သာ ကိုယ်အောက်ပိုင်း ထိုးဖောက်မခံလိုက်ရခြင်း ဖြစ်သည်။
သူ့မျက်နှာမှာ သွေးဆုတ်ကာ အလွန်အမင်း ကြောက်လန့်နေသည်။
ဖားမိစ္ဆာကြီးက လျှာကို ပြန်သိမ်းကာ နောက်တစ်ကြိမ် ပစ်လွှတ်ရန် ပြင်နေသည်ကို တွေ့လိုက်ရသည်။
ထိုအရေးကြီးသော အခိုက်အတန့်တွင် ရှီဟိုင်ကျူးက "ဒေါက်တာရန်... ခင်ဗျား ပြေးတော့" ဟု အော်ဟစ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်မှ အဝါရောင် အလင်းတန်းများ ဖြာထွက်လာပြီး အရေပြားတစ်ခုလုံးကို ဖုံးအုပ်သွားတော့သည်။
"ဝူး"
ဖားမိစ္ဆာကြီးက ပါးစပ်ဟလိုက်ရာ ပန်းရောင်လျှာကြီး ပစ်လွှတ်လိုက်သည်။
ရှီဟိုင်ကျူးက ခုန်တက်လိုက်ပြီး လျှာကို ဖက်တွယ်လိုက်သည်။
"ဝုန်း"
လျှာကြီး၏ ကြီးမားသော တွန်းကန်အားကြောင့် ရှီဟိုင်ကျူးပါ လွင့်ပါသွားပြီး လှေကားထစ်များနှင့် ဝင်ဆောင့်မိသွားသည်။
ရုတ်ခြည်းပင် လှေကားထစ်များ ကွဲအက်သွားပြီး ကွန်ကရစ်စများ လွင့်စဉ်သွားသည်။
ရှီဟိုင်ကျူး၏ ခန္ဓာကိုယ်ပေါ်မှ အဝါရောင် အလင်းတန်းများ ပြင်းထန်စွာ တုန်ခါသွားသော်လည်း သူ မသေဆုံးပေ။
ရန်ဆန်းမင် အသိပြန်ဝင်လာသည်။ "ရှောင်ကျူး"
သူ့မျက်လုံးများ နီရဲသွားကာ မတ်တပ်ထရပ်ပြီး ထိုလျှာကြီးဆီသို့ အသက်စွန့်၍ ပြေးဝင်သွားသည်။
ဖားမိစ္ဆာကြီးက ရှီဟိုင်ကျူးကို လွှတ်ပေးလိုက်ပြီး လျှာကို ပြန်သိမ်းရန် ပြင်နေချိန် ဖြစ်သည်။
ရန်ဆန်းမင်က လျှာကြီးကို ဖက်လိုက်ပြီး အချွဲများဖြင့် ပြည့်နေသော လျှာကို မျက်နှာနီရဲသည်အထိ အားကုန်သုံး၍ ဆွဲထားလိုက်သည်။
"တိရစ္ဆာန်ကောင်... မင်းနဲ့ငါ အသေခံ ချမယ်ကွ... အား"
သူ့လက်ထဲတွင် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသော ဓားမြှောင်တစ်ချောင်းကို ကိုင်ထားပြီး ပန်းရောင်လျှာကြီးကို ရူးသွပ်စွာ ထိုးစိုက်လိုက်သည်။
"ဖောက်... ဖောက်... ဖောက်"
ဓားမြှောင်မှာ တိုလွန်းသဖြင့် လူခေါင်းအရွယ်အစားခန့်ရှိသော လျှာကြီးပေါ်တွင် ဒဏ်ရာသေးသေးလေးများသာ ရစေသည်။
ရန်ဆန်းမင်မှာ ဤလျှာကြီးကို ဖြတ်တောက်ချင်စိတ်များဖြင့် ရူးမိုက်နေပြီ ဖြစ်သည်။
သူ့မျက်လုံးများတွင် သွေးကြောများ ယှက်သန်းနေ၏။
လင်းယွမ်နှင့် ကျောက်ခိုင်တို့ ရောက်လာချိန်တွင် ဤမြင်ကွင်းကို တွေ့လိုက်ရသည်။
ကျောက်ခိုင် မျက်နှာပျက်သွားပြီး "ဟို ဖားကောင်ကြီးပဲ" ဟု ရေရွတ်လိုက်သည်။
ပြောပြီးသည်နှင့် လူသွားကယ်ရန် ပြေးဆင်းတော့မည့်ဆဲဆဲ လင်းယွမ်က ရုတ်တရက် တားလိုက်သည်။ "ခဏနေဦး"
ကျောက်ခိုင် ခြေလှမ်းတန့်သွားပြီး "အစ်ကိုလင်း" ဟု လှမ်းကြည့်လိုက်သည်။
"သူ့ခန္ဓာကိုယ်ကို ကြည့်လိုက်"
ကျောက်ခိုင်က ရန်ဆန်းမင်ကို ကြည့်လိုက်ရာ ရန်ဆန်းမင်၏ လက်မောင်းများပေါ်တွင် သတ္တုရောင် အလင်းတန်းများ ဖြာထွက်နေသည်ကို တွေ့လိုက်ရသည်။
ထိုသတ္တုရောင် အလင်းတန်းများသည် လက်ထဲမှ ဓားမြှောင်ပေါ်သို့ စီးဆင်းသွားပြီး ဓားမြှောင်ကို တစ်လက်မခန့် ရှည်ထွက်လာစေသည်။
ဓားသွားများလည်း ပိုမိုထက်ရှလာ၏။
"ရွှပ်... ရွှပ်"
ရန်ဆန်းမင်က ဓားမြှောင်ကို ဝှေ့ယမ်းလိုက်သည့်အခါ ယခုတစ်ကြိမ်တွင် ဖားမိစ္ဆာကြီး၏ လျှာကို အမှန်တကယ် စုတ်ပြဲသွားစေသည်။
ရုတ်ခြည်းပင် လျှာပေါ်မှ သွေးများ ပန်းထွက်လာပြီး အသားစိုင်များ ပေါ်လာသည်။
"အွမ်... အွမ်"
ဖားမိစ္ဆာကြီးမှာ နာကျင်သွားပြီး လျှာကို ဆောင့်ရမ်းလိုက်သည်။
ရန်ဆန်းမင်၏ အားဖြင့် ထိုလျှာကြီးကို မည်သို့ ဖက်တွယ်ထားနိုင်မည်နည်း။ ချက်ချင်းပင် လွင့်စင်သွားပြီး လှေကားပေါ်ရှိ ကွန်ကရစ်ကြမ်းခင်းပေါ်သို့ ပြုတ်ကျတော့မည့် အခြေအနေ ဖြစ်နေသည်။
တကယ်လို့သာ ပြုတ်ကျသွားလျှင် အရိုးကျေမွသွားမည်မှာ သေချာသည်။
ထိုအရေးကြီးသော အချိန်တွင် လင်းယွမ်၏ မျက်လုံးများမှ အရောင်များ လက်ခနဲ ဖြစ်သွားပြီး စိတ်စွမ်းအင်ကို ချက်ချင်း ထုတ်သုံးလိုက်သည်။
"ဝုန်း"
မြင်ကွင်းမရသော စွမ်းအင်တစ်ခုက ရန်ဆန်းမင်ကို ပင့်မလိုက်ပြီး အတင်းဆွဲထားလိုက်သည်။
"ဖြောင်း"
သို့သော် ထိုဆောင့်တွန်းအားမှာ ကြီးမားလွန်းလှသဖြင့် လင်းယွမ်၏ စိတ်စွမ်းအင်ဖြင့် ပင့်မထားသောအားက ထိုအရှိန်ကို မတားဆီးနိုင်ပေ။
ထို့ကြောင့် ရန်ဆန်းမင်မှာ လှေကားပေါ်သို့ ပြုတ်ကျသွားပြီး အရိုးကျိုးသံ ကဲ့သို့သော အသံတစ်ခု ထွက်ပေါ်လာသည်။
လင်းယွမ်က ချက်ချင်း အမိန့်ပေးလိုက်သည်။ "လူကယ်မယ်"
ကျောက်ခိုင်က စကားတစ်ခွန်းမျှ မဆိုဘဲ ခုန်ဆင်းလိုက်ပြီး လေပေါ်မှနေ၍ လက်ဝါးနှစ်ဖက်ဖြင့် ဖားမိစ္ဆာကြီးကို ရိုက်ချလိုက်သည်။
ရေခဲမြူမှုန်များ အလုံးအရင်းနှင့် ထွက်ပေါ်လာသည်။
"အွမ်"
ဖားမိစ္ဆာကြီးက အော်ဟစ်လိုက်ပြီး ခုန်ပျံလိုက်ကာ ရေခဲမြူများကို ရှောင်တိမ်းလိုက်သည်။
တစ်ချိန်တည်းမှာပင် ဒဏ်ရာရထားသော လျှာဖြင့် ကျောက်ခိုင်ကို ပစ်လွှတ် တိုက်ခိုက်လိုက်သည်။
ကျောက်ခိုင်မှာ အောက်သို့ ငုံ့ရှောင်လိုက်သော်လည်း လျှာအလျင်မှာ မြန်လွန်းလှသည်။ ကျောက်ခိုင်၏ အမြန်နှုန်း အရေအသွေးမှာ သာမန်လူထက် သာလွန်ရုံသာ ရှိသေးသဖြင့် လျှာ၏ အမြန်နှုန်းကို မမီပေ။
လျှာနှင့် ရိုက်မိတော့မည့် ဆဲဆဲတွင်...
"ဝှီး"
ပြင်းထန်သော လေခွင်းသံတစ်ခု ရောက်ရှိလာသည်။
"ဖောက်"
သံချောင်းတစ်ချောင်းသည် ပန်းရောင်လျှာကြီးကို ထိုးဖောက်သွားတော့သည်။
"ဒေါက်" ခနဲ အသံနှင့်အတူ လျှာကြီးမှာ ကွန်ကရစ် လှေကားထစ်ပေါ်တွင် ကပ်လျက်သား စိုက်ဝင်သွားသည်။
ထို့နောက် လင်းယွမ်က လှေကားပေါ်မှ ခုန်ဆင်းလာသည်။
လေထဲတွင် ရှိနေစဉ်မှာပင် သူ့လက်ထဲ၌ သံချောင်းအများအပြား ရောက်ရှိနေပြီ ဖြစ်သည်။
"ဒေါက်... ဒေါက်... ဒေါက်"
သူက လက်ကို ဝှေ့ယမ်းလိုက်ရာ သံချောင်းသုံးချောင်းက ဖားမိစ္ဆာကြီး၏ လျှာပေါ်သို့ ဆက်တိုက် စိုက်ဝင်သွားသည်။
ကြည့်ရသည်မှာ ပန်းရောင်သားရေပတ်ကြီးကို သံမှိုစွဲထားသည်နှင့် တူနေသည်။
လျှာတစ်ခုလုံး ကွန်ကရစ်ကြမ်းပြင်ပေါ်တွင် တွယ်ကပ်နေတော့သည်။
"အွမ်... အွမ်"
ဖားမိစ္ဆာကြီး၏ ပါးစပ်မှာ ဖောင်းပွနေပြီး ကြီးမားသော မျက်လုံးများမှာ သွေးစများဖြင့် နီရဲနေသည်။
နာကျင်လွန်းသဖြင့် ကြမ်းပြင်ပေါ်တွင် လူးလိမ့်နေပြီး သွားရည်များ စီးကျနေသော်လည်း လျှာကို ပြန်သိမ်း၍ မရပေ။
လျှာကို နည်းနည်းလေး လှုပ်လိုက်သည်နှင့် နာကျင်မှုက ဆောင့်တက်လာသည်။
သံချောင်း စိုက်ဝင်ထားသော နေရာများမှာ သွေးများဖြင့် ရဲရဲတောက်နေသည်။
လင်းယွမ်က "ကျောက်ခိုင်... လျှာကို ခဲသွားအောင် လုပ်လိုက်" ဟု အော်ပြောလိုက်သည်။
"လာပြီ"
ကျောက်ခိုင်က အော်ဟစ်လျက် လက်နှစ်ဖက်ဖြင့် လျှာကို ဖိချလိုက်သည်။
ရုတ်ခြည်းပင် ရေခဲမြူများ ထွက်ပေါ်လာပြီး အချွဲများဖြင့် ပြည့်နေသော လျှာကြီးမှာ အလွန်လျင်မြန်စွာ တောင့်တင်းခဲသွားတော့သည်။
ဖားမိစ္ဆာကြီးမှာ အော်ဟစ်နေသော်လည်း ရေခဲမြူများ လွှမ်းခြုံသွားပြီး ခဏချင်းမှာပင် ပါးစပ်ပေါက်ထဲထိ ရေခဲများ ပြန့်နှံ့သွားသည်။
ပါးစပ်အတွင်း အေးခဲသွားပြီ ဖြစ်သည်။
လင်းယွမ်က အခွင့်ကောင်းကို အသုံးချကာ စိတ်စွမ်းအင်ကို ထုတ်လွှတ်လိုက်ပြီး ဖားကြီး၏ ဦးခေါင်းထဲသို့ အရှိန်ဖြင့် ဝင်ဆောင့်လိုက်သည်။
"အတော်ပဲ... မလှုပ်နိုင်တုန်း ဒီကောင်ရဲ့ စိတ်စွမ်းအင် ဘယ်လောက်ရှိလဲ စမ်းကြည့်ရမယ်"
စိတ်ဝိညာဉ်ရိုက်ခတ်သိုင်းကို ထုတ်သုံးလိုက်ရာ ကြမ်းတမ်းသော စိတ်စွမ်းအင်လှိုင်းများက ဖားကြီး၏ ဦးနှောက်ကို ဝင်ဆောင့်လိုက်တော့သည်။
"ဘုန်း"
ဖားမိစ္ဆာကြီး၏ ခေါင်းထဲတွင် တုန်ခါသွားပြီး မျက်လုံးအိမ်များ ပြူးကျယ်လာသည်။
မျက်လုံးထဲမှ သွေးကြောများ ပေါက်ထွက်သွားပြီး ဖောင်းကားနေသော ဖားမျက်လုံးများမှ သွေးများ စီးကျလာသည်။
"သေသွားပြီ"
လင်းယွမ် ဝမ်းသာသွားသည်။ စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း ကြောင့် ဖားမိစ္ဆာကြီး၏ စိတ်ဝိညာဉ် ပြိုလဲပျက်စီးသွားပြီ ဖြစ်သည်။
"ကြည့်ရတာ ဒီဖားကောင်ရဲ့ စိတ်စွမ်းအင်က သိပ်မမြင့်ဘူးပဲ... ငါ့ရဲ့ ၁၀.၇ ရှိတဲ့ စိတ်စွမ်းအင်နဲ့ တိုက်ခိုက်လိုက်တာ ခဏလေးနဲ့ ကိစ္စပြတ်သွားတယ်"
"ဒီလိုမှန်းသိရင် နေ့ခင်းတုန်းက စိတ်စွမ်းအင် နဲ့ တိုက်လိုက်ပါတယ်... ဒါဆို ဒီလောက်ထိ အမောခံနေစရာ မလိုတော့ဘူး"
လင်းယွမ် မတ်တပ်ရပ်လိုက်ပြီး "ဒီဖားသေသွားပြီ... သူတို့နှစ်ယောက် ဘာဖြစ်သွားလဲ ကြည့်လိုက်ပါဦး" ဟု ကျောက်ခိုင်ကို ပြောလိုက်သည်။
ကျောက်ခိုင်က ရန်ဆန်းမင်ဆီသို့ ပြေးသွားပြီး လင်းယွမ်က ရှီဟိုင်ကျူးကို သွားကြည့်လိုက်သည်။
ရှီဟိုင်ကျူးဘေးသို့ ရောက်သောအခါ သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာမရှိသည်ကို လင်းယွမ် အံ့သြစွာ တွေ့လိုက်ရသည်။
ထို့ပြင် ရှီဟိုင်ကျူး၏ ရင်ဘတ်ပေါ်တွင် ကျောက်တုံးတစ်တုံးက အလင်းရောင်မှိန်မှိန် ထွက်ပေါ်နေပြီး ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း စီးဝင်နေသည်။
လင်းယွမ်က ကျောက်တုံးကို ကြည့်ပြီး မျက်ခုံးပင့်လိုက်သည်။ "စွမ်းအင်ကျောက်တုံးလား"
ထိုအဖြူရောင် ကျောက်တုံးမှာ တာအိုဆရာလင်း ပြဖူးသော စွမ်းအင်ကျောက်တုံး ဖြစ်သည်။
ထိုကျောက်တုံးတွင် စွမ်းအင်များ ပါဝင်ပြီး သန္ဓေပြောင်းသူများက စုပ်ယူကာ ကုန်ဆုံးသွားသော စွမ်းအင်များကို ပြန်လည်ဖြည့်တင်းနိုင်သည်။
လင်းယွမ်က စောစောက ရှီဟိုင်ကျူး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အဝါရောင် အလင်းတန်းများကို ပြန်သတိရလိုက်သည်။
"ဒီ ရှီဟိုင်ကျူးက သန္ဓေပြောင်းအစွမ်း နိုးထလာပုံပဲ"
"ဒီစွမ်းအင်ကျောက်တုံးက လူတွေကို သန္ဓေပြောင်းအစွမ်း နိုးထဖို့လည်း ကူညီပေးနိုင်တာလား"
သူက စွမ်းအင်ကျောက်တုံးကို ပို၍ စိတ်ဝင်စားသွားသည်။
"အစ်ကိုလင်း... ဒေါက်တာရန်ကို လာကြည့်ပါဦး"
တစ်ဘက်မှ ကျောက်ခိုင်က လှမ်းခေါ်လိုက်သည်။
လင်းယွမ် အမြန်သွားကြည့်လိုက်ရာ ရန်ဆန်းမင်၏ ကျောကုန်းတွင် အရိုးငေါထွက်နေသည်ကို တွေ့လိုက်ရသည်။ ကျောရိုးကျိုးသွားပုံ ရသည်။
သူ့မျက်နှာ တည်သွားပြီး "ရေခဲကပ်ပေးထားလိုက်... ပြီးရင် ငါတို့အခန်းထဲ ခေါ်သွားကြမယ်"
"သူက ဆရာဝန်ပဲ... သူ့ကို သတိရအောင်လုပ်ပြီး ဘယ်လိုလုပ်ရမလဲ မေးကြည့်"
"ဟုတ်ကဲ့"
နှစ်ယောက်သား တစ်ယောက်တစ်ကိုယ်စီ ပွေ့ချီကာ အပေါ်ထပ်သို့ တက်ခဲ့ကြသည်။
ကျောက်ခိုင်က "အစ်ကိုလင်း... သူလည်း သန္ဓေပြောင်းအစွမ်း ရသွားပုံပဲ... ဒါပေမဲ့ ဘာလို့ ဒဏ်ရာမပျောက်တာလဲ" ဟု မေးလိုက်သည်။
လင်းယွမ်က ခေါင်းခါရင်း "သူ့ဒဏ်ရာက စွမ်းအင်နိုးထပြီးမှ ရတာလေ... မင်းတုန်းက အခြေအနေနဲ့ မတူဘူး"
"ကျောရိုးမကြီး ထိသွားလား မသိဘူး... လမ်းလျှောက်တာတွေ ဘာတွေ မထိခိုက်ရင် တော်ပါသေးတယ်"
လင်းယွမ် သက်ပြင်းချလိုက်သည်။ ကျောက်ခိုင်လည်း ရန်ဆန်းမင်အတွက် စိတ်မကောင်း ဖြစ်သွားသည်။
သန္ဓေပြောင်းအစွမ်း ရခါမှ ပြင်းထန်သော ဒဏ်ရာကြီး ရသွားသည် မဟုတ်ပါလော။
၃၂ လွှာသို့ ရောက်သည်နှင့် အခန်း ၃၂၀၈ ရှေ့၌ တာအိုဆရာလင်းနှင့် လူအများ စုဝေးနေသည်ကို တွေ့လိုက်ရသည်။
သူတို့နှစ်ဦးကို မြင်သောအခါ တာအိုဆရာလင်းက ဝမ်းသာအားရဖြင့် "ဆရာလင်း... ပြဿနာတက်ပြီဗျ... တိုက်ထဲကို သတ္တဝါတွေ ဝင်လာပြီ" ဟု အော်ပြောသည်။
ထို့နောက် အနားရောက်လာပြီး "ဟာ... ဒေါက်တာရန်နဲ့ ရှောင်ကျူးပါလား... ဒါ... ဒါ ဘယ်လိုဖြစ်တာလဲ... အဲ့ကောင်ကြီး လက်ချက်လား" ဟု မျက်နှာပျက်ကာ မေးလိုက်သည်။
လင်းယွမ်က "ခင်ဗျား သူတို့နဲ့အတူတူ ပြေးတာ မဟုတ်ဘူးလား" ဟု မေးလိုက်သည်။
"ကျွန်တော် စောစောက ၁၆ လွှာလောက်မှာ အဲ့ကောင်ကြီးနဲ့ မတိုးအောင်လို့ တိုက် (၃) ဘက် ပြန်ပြေးပြီး အဲ့ဒီက လှေကားကနေ တက်လာတာဗျ"
"ထားလိုက်တော့... အဲ့ဒီ ဖားမိစ္ဆာကြီးကို ကျွန်တော်တို့ ရှင်းပြီးပြီ... အရင်ဆုံး လူကယ်ကြရအောင်"
လင်းယွမ်က ပြောပြောဆိုဆို ရှီဟိုင်ကျူးနှင့် ရန်ဆန်းမင်တို့ကို အခန်းထဲသို့ သွင်းလိုက်သည်။
တာအိုဆရာလင်းက "ဆရာလင်း... ဖားမိစ္ဆာကြီးက တစ်ကောင်တည်း မဟုတ်ဘူးဗျ... တိုက် (၄) လှေကားဘက်မှာ တစ်ကောင် ရှိသေးတယ်... တိုက် (၅) နဲ့ (၆) ဘက်မှာလည်း ရှိတယ်... ကျွန်တော် ခုနက တက်လာတုန်း ဟိုဘက်က အော်သံတွေ ကြားခဲ့ရတယ်" ဟု အလောတကြီး ပြောလိုက်သည်။
လင်းယွမ် မျက်ခုံးပင့်သွားသည်။ "ရှိသေးတယ် ဟုတ်လား... စုစုပေါင်း ဘယ်နှကောင်လဲ"
"အာ... ကျွန်တော်လည်း မသိဘူး... ဒါပေမဲ့ နှစ်ကောင်ထက်တော့ ပိုတယ်"
လင်းယွမ်နှင့် ကျောက်ခိုင် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် လင်းယွမ်က "ကျွန်တော်နဲ့ ကျောက်ခိုင် သွားကြည့်လိုက်မယ်... တာအိုဆရာလင်း... ခင်ဗျား ဒီမှာပဲ နေပြီး သူတို့ကို ကြည့်ပေးထား" ဟု ပြောလိုက်သည်။
"ကျေးဇူးပါဗျာ... ကျေးဇူးတင်ပါတယ်"
တာအိုဆရာလင်းက ကျေးဇူးတင်စကား ဆိုလိုက်သည်။ လင်းယွမ်သာ မရှိလျှင် ယနေ့ည၌ ထိုဖားမိစ္ဆာကြီးများက တိုက်တစ်ခုလုံးရှိ လူများကို သတ်ဖြတ်စားသောက်သွားပေလိမ့်မည်။
လင်းယွမ်က ကျောက်ခိုင်ကို ခေါ်ပြီး အခန်းပြင်သို့ အမြန်ထွက်လာခဲ့သည်။
ကျောက်ခိုင်က "အစ်ကိုလင်း... ဒီရေတွေက ပင်လယ်ရေတွေ မဟုတ်ဘူးလား... ဘယ်လိုလုပ် ဖားလို အကောင်မျိုးတွေ ရှိနေတာလဲ" ဟု မနေနိုင်ဘဲ မေးလိုက်သည်။
လင်းယွမ်က ခေါင်းခါလိုက်သည်။ "ငါးတွေတောင် သန္ဓေပြောင်းကုန်ပြီပဲ... ပင်လယ်ရေထဲမှာ ဖားတွေ ရှိလာတာ ဘာဆန်းလို့လဲ"
"အခု ပြဿနာက ဖားမိစ္ဆာ သုံးလေးကောင်လောက်ပဲ မဟုတ်ဘူး... ရေထဲက သတ္တဝါအမျိုးအစားတွေ ပိုပိုများလာတာကို... မင်း သတိမထားမိဘူးလား"
"အရင်တုန်းက သန္ဓေပြောင်း ငါးတွေ၊ ဂဏန်းတွေ၊ ပုစွန်တွေလောက်ပဲ ရှိတာ... အခု သန္ဓေပြောင်းဖားတွေပါ ထွက်လာပြီ"
"ငါတို့ ဖောင်လုပ်တဲ့ကိစ္စ ပိုမြန်မြန်လုပ်မှ ရမယ်... ဒီကနေ မြန်မြန် ထွက်နိုင်လေ ကောင်းလေပဲ"
"ရေထဲက သတ္တဝါတွေ ပိုများလာတာနဲ့အမျှ ငါတို့ ကြုံရမယ့် အကောင်တွေလည်း ပိုများလာမှာ... အဲ့ကျရင် ဒီကနေ ထွက်ဖို့ ပိုခက်ခဲသွားလိမ့်မယ်"
ကျောက်ခိုင်က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ လင်းယွမ်၏ စိုးရိမ်မှုကို သူ နားလည်သွားပြီ ဖြစ်သည်။
ရေလွှမ်းမိုးခြင်း မဖြစ်မီကတည်းက ရေနေသတ္တဝါ အမျိုးအစားသည် ကုန်းနေသတ္တဝါများထက် များပြားခဲ့သည်။
ယခုလို ရေကြီးပြီး ကုန်းမြေဧရိယာ နည်းပါးလာချိန်တွင် ရေထဲမှ သတ္တဝါများက သန္ဓေပြောင်းလဲမှု ပိုမိုမြန်ဆန်လာကြသည်။
နောင်ဆိုလျှင် ရေနေသန္ဓေပြောင်းသတ္တဝါများ ပိုမိုများပြားလာနိုင်ဖွယ် ရှိသည်။
သူတို့နှစ်ဦး စကားပြောရင်း တိုက်တွဲ (၅) ဘက်သို့ ရောက်ရှိလာကြသည်။
လှေကားခွင်ထဲမှ သဲ့သဲ့ကြားနေရသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။
နှစ်ယောက်သား အကြည့်ချင်းဖလှယ်လိုက်ပြီး လှေကားအတိုင်း ပြေးဆင်းလိုက်ကြသည်။
သူတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုများက သာမန်လူထက် သာလွန်သဖြင့် တစ်ခါခုန်လျှင် လှေကားတစ်ပိုင်းခန့် ရောက်ရှိပြီး အောက်သို့ လျင်မြန်စွာ ဆင်းသက်သွားကြသည်။
၁၉ လွှာသို့ ရောက်သောအခါ ဖားမိစ္ဆာကြီးနှင့် ပက်ပင်းတိုးတော့သည်။
ကြမ်းပြင်ပေါ်တွင် သွေးသံရဲရဲ လူသေအလောင်းများ ပြန့်ကျဲနေသည်။
ထိုဖားမိစ္ဆာကြီးက လူများကို နင်းခြေသတ်ဖြတ်ပြီးနောက် ကျန်ရှိနေသော အလောင်းများကို လျှာဖြင့်ရစ်ပတ်ကာ မျိုချနေခြင်း ဖြစ်သည်။
ထိုမြင်ကွင်းသည် အလွန် ရက်စက်ကြမ်းကြုတ်လှပေသည်။
ဆက်ရန်...
အပိုင်း (၁၂၄) ပုံမှန်မဟုတ်သောဖားမိစ္ဆာနှင့် ခန္ဓာကိုယ်တွင်းမှ ကျောက်တုံး
ထိုကဲ့သို့ သွေးသံရဲရဲ မြင်ကွင်းကြောင့် နှစ်ယောက်သား၏ မျက်နှာထားများမှာ ချက်ချင်းဆိုသလို အုံ့မှိုင်းသွားကြသည်။
ကျောက်ခိုင်၏ မျက်နှာမှာ ဒေါသကြောင့် မဲမှောင်နေပြီး ချက်ချင်းပင် ဝင်ရောက်တိုက်ခိုက်ရန် ပြင်လိုက်သည်။
လင်းယွမ်က သူ့ကို လှမ်းဆွဲတားလိုက်ပြီး "မင်း လူတွေကို သွားကယ်လိုက်... ဒီတိရစ္ဆာန်ကောင်ကို ငါ့တာဝန်ထား" ဟု ပြောလိုက်သည်။
ကျောက်ခိုင်က အော်ဟစ်နေကြသည့် လူအုပ်ကြီးကို လှမ်းကြည့်လိုက်ရာ အချို့မှာ ခြေထောက်များ ကျိုးနေပြီး အချို့မှာမူ ကြောက်လန့်လွန်းသဖြင့် ကြမ်းပြင်ပေါ်တွင် ပုံလျက်သား ဖြစ်နေကြကာ မလှုပ်ရှားနိုင်ကြတော့ပေ။
သူက အလျင်အမြန်ပင် "ဒါဆို အစ်ကိုလင်း... ဂရုစိုက်နော်" ဟု ပြောလိုက်သည်။
လင်းယွမ်က လက်ကာပြလိုက်ပြီး ဖားမိစ္ဆာကြီးရှိရာသို့ ခြေလှမ်းကျဲကြီးများဖြင့် ပြေးဝင်သွားလိုက်သည်။
ထိုဖားမိစ္ဆာကြီးမှာ အလောင်းများကို မျိုချနေဆဲဖြစ်ရာ လှုပ်ရှားသံကြားသည်နှင့် ချက်ချင်း ခေါင်းလှည့်ကြည့်လာသည်။
"အွမ်... အွမ်"
ထူးဆန်းသည့် အသံဆိုးကြီး ပြုလုပ်လိုက်ပြီးနောက် ပါးစပ်ဟကာ လျှာဖြင့် ရုတ်တရက် ပစ်ပေါက်တိုက်ခိုက်လိုက်သည်။
လင်းယွမ်က ကိုယ်ကို ချက်ချင်းနှိမ့်ချလိုက်ပြီး ခြေထောက်နှစ်ဖက်ဖြင့် ကြမ်းပြင်ကို စောင့်ကန်ကာ ခုန်ရှောင်လိုက်သည်။
ဝေါခနဲ လေတိုးသံနှင့်အတူ... သူက လေပေါ်သို့ ခုန်တက်လိုက်သဖြင့် ဖားလျှာ၏ တိုက်ခိုက်မှုမှ သီသီလေး လွတ်မြောက်သွားသည်။
"ဒုန်း" ခနဲ အသံနှင့်အတူ ဖားမိစ္ဆာ၏ လျှာက နံရံကို ရိုက်မိသွားရာ တမဟုတ်ချင်းပင် နံရံတစ်ခုလုံး ပေါက်ကွဲထွက်သွားသကဲ့သို့ ဖြစ်သွားပြီး အက်ကွဲကြောင်းများ ပင့်ကူအိမ်သဖွယ် ဖြစ်ပေါ်လာကာ အုတ်ခဲများ လွင့်စဉ်ကုန်ကြသည်။
လင်းယွမ် သတိထားမိလိုက်သည်မှာ ဤဖားမိစ္ဆာ၏ လျှာပေါ်တွင် အချွဲအကျိများ ပြည့်နှက်နေပြီး နံရံဆေးသား အများအပြားကိုပါ ကပ်ပါသွားအောင် ဆွဲခွာနိုင်သည်ဟူသော အချက်ဖြစ်သည်။
အကယ်၍သာ မိမိကို ထိမှန်ခဲ့ပါက မိမိ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု ၈ မှတ် ရှိနေ၍ ဖားလျှာ၏ ရိုက်ချက်ဒဏ်ကို ခံနိုင်ရည်ရှိသည့်တိုင်အောင် ထိုအချွဲများဖြင့် ကပ်ငြိသွားလိမ့်မည် ဖြစ်သည်။
"တော်သေးတာပေါ့... ဒီကောင်တွေရဲ့ စိတ်စွမ်းအင် အရည်အသွေးမှတ်က မမြင့်လို့"
လင်းယွမ်က စကားအပိုဆိုမနေတော့ဘဲ မျက်လုံးအိမ်မှ နက်ရှိုင်းသော အလင်းရောင်တစ်ခု ရုတ်တရက် လက်ခနဲ ဖြစ်သွားသည်။
အားကောင်းလှသော စိတ်စွမ်းအင် ရိုက်ခတ်မှုတစ်ခုကို ရုတ်ခြည်း ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။
လေထုထဲတွင် မျက်စိဖြင့် မမြင်နိုင်သော လှိုင်းဂယက်များ ထသွားသည်။
နောက်တစ်ခဏတွင် ထို သန္ဓေပြောင်း ဖားမိစ္ဆာကြီး၏ စက်ဝိုင်းပုံ မျက်လုံးကြီးများမှာ ရုတ်တရက် ပြူးကျယ်လာသည်။
မျက်လုံးအိမ်များထဲမှ သွေးများ ပန်းထွက်လာပြီး မျက်လုံးမှတဆင့် အရည်များ ယိုစီးကျလာသည်။
၎င်း၏ ဦးခေါင်းထဲရှိ စိတ်ဝိညာဉ်ပင်လယ်မှာ ချက်ချင်း ပြိုလဲပျက်စီးသွားပြီး ဦးနှောက်တစ်ခုလုံး ကြေမွသွားရသည်။
မျက်နှာချင်းဆိုင်လိုက်ရုံမျှဖြင့် စိတ်စွမ်းအင် ရိုက်ခတ်မှုက ထိုတိရစ္ဆာန်ကောင်ကို ပွဲချင်းပြီး အသေကောင် ဖြစ်သွားစေခဲ့သည်။
လင်းယွမ်သည် ဆယ်စက္ကန့်ခန့် အနားယူလိုက်ပြီး ဦးနှောက်ထဲမှ စိတ်စွမ်းအင်များ တဖြည်းဖြည်း ပြန်လည်ပြည့်ဖြိုးလာသည်ကို ခံစားလိုက်ရမှ ဖားမိစ္ဆာအလောင်းဆီသို့ လျှောက်သွားလိုက်သည်။
"ဒီဖားမိစ္ဆာတစ်ကောင်က ဝပ်နေတာတောင် လူခါးလောက် မြင့်ပြီး အရှည်က ၇ ပေလောက် ရှိတာပဲ"
"ဒီ အစိမ်းရင့်ရောင် အရေပြားက အဆိပ်ရှိမရှိတော့ မသိဘူး"
လင်းယွမ်က တိတ်တဆိတ် တွေးတောနေမိသည်။ ဤသတ္တဝါမှာ ဖားနှင့် တူသော်လည်း ဖားမျိုးစိတ်များမှာ အများအပြား ရှိသည်။
အပူပိုင်းမိုးသစ်တောထဲရှိ ဖားများမှာမူ ပြင်းထန်သော အဆိပ်ရှိတတ်ကြသည်။
လင်ကျောင်းမြို့မှာ အပူပိုင်းဒေသ မဟုတ်သဖြင့် ပုံမှန်အားဖြင့်ဆိုလျှင် အပူပိုင်းမိုးသစ်တော အဆိပ်ဖားများ ရှိလာစရာ အကြောင်းမရှိပေ။
သို့သော် ယခုအချိန်တွင် ဇီဝဗေဒဆိုင်ရာ သန္ဓေပြောင်းလဲမှုများပင် ဖြစ်ပေါ်နေပြီဖြစ်ရာ မဖြစ်နိုင်ဘူးဟူ၍ ဘာရှိဦးမည်နည်း။
ထို့ကြောင့် လင်းယွမ်သည် လုံးဝ ပေါ့ပေါ့ဆဆ မနေရဲပေ။ ဖားမိစ္ဆာကြီး လုံးဝ သေဆုံးသွားပြီ ဖြစ်ကြောင်း အတည်ပြုပြီးမှ ၎င်း၏ ကြီးမားသော လျှာကြီးကို လေ့လာလိုက်သည်။
ဖားမိစ္ဆာ သေဆုံးသွားသည်နှင့်အမျှ ပန်းရောင်လျှာကြီးမှာလည်း ဖြူဖပ်ဖြူရော် အရောင်သို့ ပြောင်းလဲသွားသည်။ သွေးလည်ပတ်မှု ရပ်တန့်သွားသောကြောင့် ဖြစ်ပုံရသည်။
လျှာပေါ်တွင် စေးကပ်သော အရည်များဖြင့် ပြည့်နှက်နေသည်။ လင်းယွမ်က ၎င်း၏လျှာ နံရံကို ရိုက်မိစဉ်က နံရံဆေးသား တစ်ခုလုံး ကပ်ပါလာသည်ကို မှတ်မိနေသေးသည်။
သူ့စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာသည်။ "ဒီအချွဲတွေက အရမ်းကပ်အားကောင်းတယ်... သစ်သားတွေကို ကပ်တဲ့နေရာမှာ သံမိုအစားထိုး သုံးလို့ရလောက်တယ်"
ထိုသို့ တွေးမိသည်နှင့် လင်းယွမ်က ပစ္စည်းသိုလှောင်ခန်းထဲမှ ပလတ်စတစ်ပုံးတစ်ပုံးကို ထုတ်ယူလိုက်ပြီး ဓားမြောင်တစ်ချောင်းဖြင့် လျှာပေါ်ရှိ အချွဲများကို အလျင်အမြန် ခြစ်ယူလိုက်သည်။
ဖားမိစ္ဆာ သေဆုံးသွားပြီ ဖြစ်သောကြောင့် အချွဲများမှာ တဖြည်းဖြည်း ခြောက်သွေ့စပြုနေပြီ ဖြစ်သည်။
မကြာမီအချိန်အတွင်းမှာပင် လင်းယွမ်သည် ပုံးတစ်ဝက်ခန့် ရရှိအောင် စုဆောင်းနိုင်လိုက်ပြီး လျှာတစ်ခုလုံးမှာလည်း လုံးဝ ခြောက်သွေ့သွားလေသည်။
လင်းယွမ်က အချွဲပုံးကို ပစ္စည်းသိုလှောင်ခန်းထဲသို့ ပြန်ထည့်လိုက်ပြီး ဖားမိစ္ဆာ၏ အလောင်းကို ခွဲစိတ်လေ့လာရန် ပြင်လိုက်သည်။
ထိုစဉ် ဘေးကပ်လျက် တိုက်တွဲ (၅) ဘက်မှ ကျောက်ခိုင်၏ ဒေါသတကြီး အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
"ဒုန်း... ဒုန်း" ဟူသော တိုက်ခိုက်သံများနှင့်အတူ လင်းယွမ်၏ မျက်နှာထား ပြောင်းလဲသွားသည်။
"သေစမ်း... နောက်ထပ် ဖားမိစ္ဆာတွေ ရှိသေးတာပဲ"
သူသည် လက်ရှိ ဖားမိစ္ဆာကို လေ့လာရန် စိတ်ကူးကို စွန့်လွှတ်လိုက်ပြီး တိုက်တွဲ (၅) ဘက်သို့ အလျင်အမြန် ပြေးသွားလိုက်သည်။
စင်္ကြံလမ်းအတိုင်း ပြေးဝင်ကာ လှေကားမှတဆင့် အပေါ်သို့ အမြန်ဆုံး တက်သွားသည်။
၂၄ ထပ်သို့ ရောက်သည်နှင့် အစိမ်းရင့်ရောင် ကိုယ်လုံးကြီးတစ်ခု စင်္ကြံလမ်းတွင် ဝပ်နေပြီး "အွမ်... အွမ်" ဟု အသံဆိုးများ ပေးနေသည်ကို တွေ့လိုက်ရသည်။
လင်းယွမ် မျက်နှာ တည်သွားသည်။ ဖားမိစ္ဆာ လျှာပစ်ထုတ်နေသည့် ဘက်ကို ကြည့်လိုက်ရာ ၂၄ ထပ် စင်္ကြံလမ်းတဖက်တွင် လူရိပ်လူယောင် အများအပြား လှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။
ကျောက်ခိုင်၏ အသံမှာလည်း ထိုနေရာမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။
"အွမ်"
အသံဆိုးကြီး ထပ်မံထွက်ပေါ်လာပြီး ဖားမိစ္ဆာက နောက်တစ်ကြိမ် လျှာဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်သည်။
"ဒုန်း"
လျှာက ပန်းရောင်အရိပ်တစ်ခုအသွင် ပြောင်းလဲသွားပြီး ကျောက်ခိုင် ဖန်တီးထားသော ရေခဲနံရံကို တမုဟုတ်ချင်း ရိုက်ခွဲပစ်လိုက်ရာ ဝုန်းခနဲ ပေါက်ကွဲသံကြီး ပေါ်ထွက်လာသည်။
ကျောက်ခိုင်က ခါးကို ကွေးညွတ်ကာ အသည်းအသန် ရှောင်တိမ်းလိုက်သော်လည်း သူ့အနောက်မှ သူကာကွယ်ပေးထားသော လူများမှာမူ ထိုမျှလောက် တုံ့ပြန်နိုင်စွမ်း မရှိကြပေ။
မျက်စိတစ်မှိတ် အတွင်းမှာပင် မိန်းကလေးတစ်ဦးမှာ ထို ပန်းရောင်အရိပ်၏ ရစ်ပတ်ဆွဲယူခြင်းကို ခံလိုက်ရသည်။
"အား"
"ညီမလေး"
စင်္ကြံလမ်းရှိ မြင်းမြီးဆံပင်နှင့် မိန်းကလေးက ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ထိုလျှာကြီးကို ဖမ်းဆွဲထားရန် အသည်းအသန် ကြိုးစားလေသည်။
သို့သော် သူမက သာမန်လူတစ်ယောက်သာ ဖြစ်ရာ ဖားမိစ္ဆာ၏ လျှာကို မည်သို့ ဖမ်းဆွဲထားနိုင်မည်နည်း။
ဖားမိစ္ဆာက ထိုမိန်းကလေးကို လျှာဖြင့်ရစ်ပတ်ကာ ပါးစပ်ထဲသို့ အရှိန်ဖြင့် ဆွဲယူလိုက်သည်။
သို့သော် ၎င်းက ထိုလူသားမိန်းကလေးကို မမျိုချနိုင်ခင်မှာပင် ဦးနှောက်ထဲတွင် ရုတ်တရက် တုန်ခါသွားသည်။
နောက်တစ်ခဏတွင် ၎င်း၏ ဦးခေါင်းထဲတွင် "အုန်း" ခနဲ မြည်သံနှင့်အတူ တစ်စုံတစ်ခု ပေါက်ကွဲထွက်သွားသကဲ့သို့ ဖြစ်သွားသည်။
ချက်ချင်းဆိုသလို ဖားမိစ္ဆာ၏ မျက်လုံးများ ပြူးထွက်လာပြီး မျက်လုံးအိမ်ထဲမှ အရည်များ စီးကျလာသည်။
ကြောက်မက်ဖွယ်ကောင်းသော လျှာကြီးမှာလည်း ချက်ချင်း အားပျော့ခွေကျသွားပြီး "ဘုတ်" ခနဲ မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။
လျှာဖြင့် ရစ်ပတ်ခံထားရသော မိန်းကလေးမှာလည်း မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။
"ညီမလေး"
မြင်းမြီးပုံဆံပင်နှင့် မိန်းကလေးမှာ မျက်ရည်များ ဝဲကာ အန္တရာယ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ထိုလျှာကြီးရှိရာသို့ ပြေးဝင်သွားသည်။
ကျောက်ခိုင်လည်း အမြန်ထလိုက်ပြီး "နေဦး" ဟု အော်ပြောလိုက်သည်။
သူက ဖားမိစ္ဆာ၏ အခြေအနေကို သေချာမသိသေးသဖြင့် မိန်းကလေးကို တားဆီးရန် ပြင်လိုက်ခြင်း ဖြစ်သည်။
ထိုအချိန်တွင် လင်းယွမ်၏ ပုံရိပ်က ဖားမိစ္ဆာ၏ အနောက်ဘက်မှ ထွက်ပေါ်လာပြီး "ကျောက်ခိုင်... ဘာမှမဖြစ်ဘူးမလား" ဟု လှမ်းမေးလိုက်သည်။
"အစ်ကိုလင်း"
ကျောက်ခိုင် ဝမ်းသာသွားပြီး ခုနက လင်းယွမ် လက်စွမ်းပြလိုက်မှန်း ချက်ချင်း နားလည်လိုက်သည်။
"အစ်ကိုလင်း... ဒီဖားမိစ္ဆာက"
"ကိစ္စမရှိဘူး... သေသွားပြီ"
ကျောက်ခိုင် ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားပြီး လင်းယွမ်၏ အစွမ်းကိုပို၍ အံ့သြသွားသည်။
ဤဖားမိစ္ဆာ မည်မျှကြောက်ဖို့ကောင်းသနည်း ဆိုသည်ကို သူကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။
ထူးဆန်းသော လျှာကြီးမှာ အမြန်နှုန်းရော အားပါ မိမိထက် အများကြီး သာလွန်သည်။
သူ့ဘက်က ရေခဲအစွမ်းသုံးပြီး လျှာကို ခဲပစ်လိုက်လျှင်တောင် ဤဖားမိစ္ဆာက အလွယ်တကူ ရုန်းထွက်နိုင်ခဲ့သည်။
သို့သော် အစ်ကိုလင်းကတော့ ဒီဖားမိစ္ဆာကို လွယ်လွယ်လေး သတ်ဖြတ်လိုက်နိုင်သည်... ဘယ်လိုလုပ်လိုက်တာလဲ ဆိုတာ သူစဉ်းစားလို့ပင် မရတော့ပေ။
သူ့မျက်နှာပေါ်တွင် ဝမ်းသာရိပ်များ ယှက်သန်းသွားပြီး "တော်သေးတာပေါ့... အစ်ကိုလင်း ရောက်လာလို့ တော်သေးတယ်... မဟုတ်ရင် ကျနော်တို့ ဒုက္ခရောက်ကုန်တော့မှာ" ဟု ပြောလိုက်သည်။
ထို့နောက် မြင်းမြီးပုံဆံပင်နှင့် မိန်းကလေးနားသို့ ပြေးသွားကာ "နင့်ညီမလေး အခြေအနေ ဘယ်လိုနေလဲ" ဟု မေးလိုက်သည်။
ထိုမိန်းကလေးက မော့ကြည့်လာရာ မျက်ရည်များဖြင့် ပြည့်နှက်နေပြီး "ကျေးဇူးပြုပြီး... ကယ်ပါဦး... ကျွန်မ ညီမလေးကို ကယ်ပေးကြပါဦးရှင်" ဟု ငိုယိုတောင်းပန်လေသည်။
ကျောက်ခိုင်လည်း လျှာဖြင့် ရစ်ပတ်ခံထားရသော မိန်းကလေးကို ကြည့်လိုက်သည်။
ထို့နောက် လျှာကို အားကုန်သုံး၍ ဆွဲဖယ်ကာ ထိုမိန်းကလေးကို ဆွဲထုတ်ရန် ကြိုးစားသည်။
လင်းယွမ်လည်း ဝင်ကူညီလိုက်ရာ နှစ်ယောက်ပေါင်းအားဖြင့် ရစ်ပတ်ထားသော လျှာကြီး ပြေလျော့သွားသည်။
သို့သော် မြင်လိုက်ရသော မြင်ကွင်းကြောင့် အစ်မဖြစ်သူ မိန်းကလေးမှာ စိတ်ဓာတ်ကျိုးပဲ့ကာ ပြိုလဲသွားလေတော့သည်။
ရစ်ပတ်ခံထားရသော မိန်းကလေးမှာ ရင်ခေါင်းနှင့် ဝမ်းဗိုက်တစ်ခုလုံး ချိုင့်ဝင်ကာ လိမ်တွန့်နေပြီး အတွင်းကလီစာများပင် ထွက်ကျလုနီးပါး ဖြစ်နေသည်။ ပါးစပ်နှင့် နှာခေါင်းမှ သွေးများ ထွက်ကျနေပြီး အသက်ရှူသံပင် မရှိတော့ပေ။
သူမသည် ဖားမိစ္ဆာလျှာ၏ ရစ်ပတ်ညှစ်သတ်မှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။
"ညီမလေး... ညီမလေးရေ... အီးဟီး"
အစ်မဖြစ်သူမှာ သည်းထန်စွာ ငိုကြွေးရင်း ညီမဖြစ်သူ၏ အလောင်းပေါ်သို့ မှောက်ချကာ အော်ဟစ်ငိုယိုလေတော့သည်။
လင်းယွမ်လည်း သက်ပြင်းတစ်ချက် ချလိုက်ပြီး ကျောက်ခိုင်ဘက်သို့ လှည့်ကာ "တိုက်ထဲမှာ တခြားဖားမိစ္ဆာတွေ ရှိနေဦးမယ် ထင်တယ်... မင်း ကျန်တဲ့လူတွေကို ခေါ်ပြီး အပေါ်ထပ် တက်နှင့်တော့... ငါ တခြားတိုက်တွဲတွေဘက် သွားကြည့်လိုက်ဦးမယ်" ဟု ပြောလိုက်သည်။
ကျောက်ခိုင်က ခေါင်းညိတ်လိုက်ပြီး "သိပြီ... စိတ်ချအစ်ကိုလင်း" ဟု ပြောသည်။
လင်းယွမ် ခေါင်းညိတ်ကာ ထွက်ခွာရန် ပြင်လိုက်စဉ် အစ်မဖြစ်သူ မိန်းကလေးက ခေါင်းမော့လာပြီး "အစ်ကိုလင်းယွမ်... ရှင်... ရှင် ကျွန်မညီမလေးကို ကယ်ပေးလို့ မရဘူးလားဟင်... ကျွန်မမှာ ဒီညီမလေး တစ်ယောက်ပဲ ရှိတာပါ... ကျွန်မမိဘတွေ ဆုံးတုန်းက သူ့ကို သေချာစောင့်ရှောက်ပါလို့ မှာခဲ့တာ... တောင်းပန်ပါတယ်ရှင်... တောင်းပန်ပါတယ်" ဟု ငိုယိုပြောဆိုလေသည်။
လင်းယွမ် ခြေလှမ်းတုံ့သွားပြီး ထိုမိန်းကလေးကို ကြည့်လိုက်သည်။
ရုပ်ရည်သန့်သန့်ပြန့်ပြန့်ရှိပြီး မျက်နှာတွင် ရုပ်ဖျက်ရန် မိတ်ကပ်များ လိမ်းကျံထားသည်ကို တွေ့လိုက်ရသည်။
အသက် ၂၀ ဝန်းကျင်လောက်သာ ရှိဦးမည်ဖြစ်ပြီး တက္ကသိုလ်တက်ကာစ အရွယ်လောက်သာ ရှိသေးသည်။
လင်းယွမ်က အရိုးများကျိုးကြေပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော အလောင်းကို ကြည့်ကာ သက်ပြင်းချရင်း "ဒီလောက် ဒဏ်ရာပြင်းထန်နေမှတော့ ငါလည်း မတတ်နိုင်တော့ဘူး" ဟု ပြောလိုက်သည်။
မိန်းကလေး၏ မျက်ဝန်းများ အရောင်မှိန်ကျသွားပြီး ကျောက်ခိုင်ဘက်သို့ မျှော်လင့်ချက်ဖြင့် ကြည့်လိုက်သည်။
ကျောက်ခိုင်တစ်ယောက် သူမ၏ အသနားခံနေသော မျက်ဝန်းများနှင့် ဆုံလိုက်ရသောအခါ ရင်ထဲ တုန်သွားသည်။
သူ့မျက်လုံးများ နီရဲလာသည်။ ဒီမျက်ဝန်းတွေက သူ့ကောင်မလေး ရှောင်မန်နှင့် အရမ်းတူလွန်းသည်။
သူ ခေါင်းငုံ့လိုက်ပြီး အကြောင်းမဲ့ သက်သက် အပြစ်ရှိသလို ခံစားလိုက်ရသည်။
"တောင်းပန်ပါတယ်ဗျာ"
ယခုလိုအချိန်မျိုးတွင် သူရရှိထားသည့် ရေခဲအစွမ်းက ဘာလုပ်ပေးနိုင်သနည်း... ဘယ်သူကိုမှ မကယ်နိုင်ပါလားဟု တွေးမိလိုက်သည်။
လင်းယွမ်က သူ့အခြေအနေ မကောင်းသည်ကို မြင်သောအခါ ထိုမိန်းကလေးကို တချက်ကြည့်ရင်း တစ်စုံတစ်ခု တွေးမိသွားသည်။
သူ ရှေ့သို့ တိုးသွားပြီး ရင်ဘတ်ရိုးများကျိုးကြေကာ သွေးများထွက်နေသော မိန်းကလေးအလောင်းကို စမ်းသပ်ကြည့်လိုက်သည်။
အသက်လက္ခဏာ လုံးဝ မရှိတော့ပေ။
သူ ခေါင်းခါလိုက်ပြီး ကျောက်ခိုင်ကို "သူတို့ကို ခေါ်ပြီး ဒီကနေ အမြန်သွားတော့... ဒီကောင်မလေးက"
သူ ဆက်မပြောတော့ဘဲ သက်ပြင်းချလိုက်သည်။ ထို့နောက် အစ်မဖြစ်သူ မိန်းကလေးကို ကြည့်ကာ "သေပြီးသားလူက ပြန်မရှင်နိုင်တော့ဘူး... ကျန်တဲ့သူတွေကတော့ ဆက်ပြီး ရှင်သန်ရဦးမှာပဲ... ညီမလေး... ဒီကနေအမြန်သွားတော့" ဟု ပြောလိုက်သည်။
ထိုမိန်းကလေးမှာ အော်ဟစ်ငိုကြွေးလိုက်ပြီး စိတ်ဓာတ်တစ်ခုလုံး ပြိုလဲသွားသကဲ့သို့ ကြမ်းပြင်ပေါ်တွင် ပုံလျက်သား ဖြစ်သွားသည်။
ကျောက်ခိုင်က ပြေးထူလိုက်သော်လည်း ထိုမိန်းကလေးမှာ ဝမ်းနည်းလွန်းသဖြင့် သတိလစ်မေ့မြောသွားလေသည်။
ကျောက်ခိုင်က သူမကို ပွေ့ချီလိုက်ပြီး အလောင်းကိုပါ သယ်ဆောင်ကာ ကျန်ရစ်သူများကို "အားလုံး ငါ့နောက်လိုက်ခဲ့ကြ... အပေါ်ထပ် တက်မယ်... မြန်မြန်လုပ်ကြ" ဟု ပြောလိုက်သည်။
ထို့နောက် လင်းယွမ်ကို ကြည့်ကာ "အစ်ကိုလင်း... သေချာဂရုစိုက်နော်" ဟု မှာကြားသည်။
လင်းယွမ် ခေါင်းညိတ်ပြလိုက်သည်။ သူ့စိတ်ထဲတွင်လည်း စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေသည်။
ဒီဖားမိစ္ဆာတွေက ၇၅ ဆောင်ထဲအထိ ဝင်လာနိုင်တယ်ဆိုရင် ၇၆ ဆောင်ထဲကိုရော ဘာလို့ မဝင်နိုင်ရမှာလဲ။
အမမေတို့အဖွဲ့ ၇၆ ဆောင်မှာ ရှိနေကြတာ... ဘာမှ မဖြစ်ကြပါစေနဲ့ ဆုတောင်းရမည်။
သူက စိတ်ပူပန်မှုကို ဖိနှိပ်ထားလိုက်ပြီး ဖားမိစ္ဆာ၏ လျှာကို အမြန်လှီးဖြတ်ကာ အလောင်းကိုပင် ခွဲစိတ်မနေတော့ဘဲ တခြား တိုက်တွဲများဆီသို့ အမြန်ပြေးထွက်လာခဲ့သည်။
"ရေကြီးတာက ပိုဆိုးလာသလို သန္ဓေပြောင်း သတ္တဝါတွေလည်း ပိုများလာပြီ"
"ဒီတိုက်တွေက ကြာကြာခံနိုင်မှာ မဟုတ်ဘူး... ငါ့ရဲ့ ခွန်အားတိုးဖို့အတွက် အားလုံးကို ဝိုင်းပြီး ငါးဖမ်းခိုင်းမှ ဖြစ်မယ်... အမှတ်တွေရှာ၊ အရည်အသွေးမှတ်တွေ မဲနှိုက်ပြီး ငါ့စွမ်းရည်ကို မြှင့်တင်မှ ရမယ်"
"ဒီအတိုင်း ဆက်သွားနေရင် ဒီနေရာကနေ ထွက်ဖို့တောင် ခက်ခဲသွားလိမ့်မယ်"
လင်းယွမ် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သန္ဓေပြောင်း ဖားမိစ္ဆာများ ပေါ်လာခြင်းက သူ့ကို ပို၍ အရေးတကြီး ဖြစ်လာစေသည်။
အရင်ကတော့ ဖားမိစ္ဆာတွေက ရေထဲမှာပဲ နေပြီး တိုက်ပေါ်က လူတွေကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူးလို့ ထင်ခဲ့သည်။
သို့သော် ယခုကြည့်ရသည်မှာ ဤသန္ဓေပြောင်း သတ္တဝါတွေက တိုက်ထဲအထိ ဝင်လာနိုင်နေချေပြီ။
ဖားမိစ္ဆာပင် ဝင်လာနိုင်ပါက တခြား သန္ဓေပြောင်း သတ္တဝါတွေကရော... ရေဘဝဲ၊ မြွေ၊ ဂဏန်း... ထိုသတ္တဝါတွေ သန္ဓေပြောင်းသွားလျှင် ကုန်းပေါ်တက်နိုင်သည့် စွမ်းရည်တွေ ရှိလာနိုင်သည်။
ထိုအခါကျမှ ဤအကောင်တွေ တိုက်ထဲ ဝင်လာလျှင် လူတွေ ခံနိုင်ပါ့မလား။
လင်းယွမ် လှေကားအတိုင်း အပြေးဆင်းရင်း ပတ်ဝန်းကျင် အသံများကို နားစွင့်နေလိုက်သည်။
တိုက်တွဲ (၆) ဘက်တွင် အော်ဟစ်သံနှင့် ထူးခြားသော အသံများ မကြားရသဖြင့် လှည့်ပြန်လာကာ (၁) နှင့် (၂) ဘက်သို့ ဦးတည်လိုက်သည်။
မကြာမီ တိုက်တွဲ (၂) တွင် နောက်ထပ် ဖားမိစ္ဆာတစ်ကောင်ကို တွေ့လိုက်ရသည်။
ထိုဖားမိစ္ဆာက လင်းယွမ်ကို မြင်လိုက်သည်နှင့် ကြီးမားသော မျက်လုံးကြီးများက ချက်ချင်း ပြူးကျယ်လာသည်။
"အွမ်"
လင်းယွမ်လည်း ထိုဖားမိစ္ဆာကို မြင်သည်နှင့် နေ့လည်က ရေမျက်နှာပြင်ပေါ်တွင် မိမိနှင့် ကျောက်ခိုင်ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့သော ကောင်မှန်း ချက်ချင်း သိလိုက်သည်။
"ဒီတိရစ္ဆာန်ကောင်ပဲ"
သူ့ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်သွားသည်။ "ဒီဖားမိစ္ဆာတွေ အကုန်လုံးကို ဒီကောင်ကြီး ခေါ်လာတာလား"
"ဒီကောင်က ဒီလောက်တောင် အငြိုးကြီးတာလား"
"နေ့ခင်းက ငါတို့ကို မဖမ်းနိုင်လို့ ညကျတော့ တခြားကောင်တွေပါ ခေါ်ပြီး တိုက်ပေါ်ထိ တက်လာတာပေါ့လေ"
သူ အံ့သြဒေါသဖြစ်သွားသည်။ အကယ်၍ ဒါသာ မှန်ခဲ့လျှင် ဤဖားမိစ္ဆာက အငြိုးကြီးရုံသာမက ဉာဏ်ရည်ဉာဏ်သွေးပါ ရှိနေသည်ဟု ဆိုရမည်။
"အွမ်... အွမ်"
ထိုဖားမိစ္ဆာက လင်းယွမ်ကို မြင်သည်နှင့် ရန်သူတော်ကြီးကို တွေ့လိုက်ရသကဲ့သို့ မျက်လုံးများ နီရဲလာသည်။
စက်ဝိုင်းပုံ မျက်လုံးကြီးများတွင် ဒေါသအငွေ့အသက်များ ပြည့်နှက်သွားပြီး ပါးစပ်ကြီးကို ဟလိုက်သည်။
"ဝှီး"
ပန်းရောင် အရိပ်တစ်ခု လေထုကို ခွင်း၍ ပျံသန်းလာသည်။
လင်းယွမ်က ကိုယ်ကို ရုတ်တရက် တိမ်းရှောင်လိုက်သည်။ ၅.၈ ရှိသော အလျင်နှုန်းကို ထုတ်သုံးလိုက်ရာ သူ့အမြန်နှုန်းက ဖားလျှာထက် လုံးဝ မနှေးကွေးပေ။
"ရွှပ်"
လူရိပ်တစ်ခု လက်ခနဲ ဖြစ်သွားပြီး လင်းယွမ်က ရှေ့သို့ အရှိန်ဖြင့် ပြေးဝင်သွားသည်။
အကွာအဝေးမှာ တဖြည်းဖြည်း နီးကပ်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ၃၃ ပေ ဝန်းကျင်သို့ ရောက်ရှိလာသည်။
ဤအကွာအဝေးက လင်းယွမ်၏ စိတ်စွမ်းအင် လှမ်းမီသော အကွာအဝေးဖြစ်သည်။
"စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း"
"ဝုန်း"
ကြမ်းတမ်းသော စိတ်စွမ်းအင်များက လင်းယွမ်၏ ဦးနှောက်ထဲမှ အလုံးအရင်းနှင့် ထွက်ပေါ်လာပြီး မျက်စိဖြင့် မမြင်နိုင်သော လှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲသွားသည်။
ဧရာမ ရေလှိုင်းကြီးတစ်ခုအလား ဖားမိစ္ဆာကြီးဆီသို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။
"အုန်း"
အသံမဲ့ ပေါက်ကွဲမှုတစ်ခု ဖားမိစ္ဆာကြီး၏ ဦးနှောက်ထဲတွင် ဖြစ်ပေါ်သွားသည်။
သို့သော် လင်းယွမ် အံ့သြသွားသည်မှာ ဤဖားမိစ္ဆာကြီးက ချက်ချင်း လဲကျ မသွားခြင်းပင် ဖြစ်သည်။
၎င်း၏ ခေါင်းမှာ မူးဝေသွားပုံရပြီး ခေါင်းကို တွင်တွင် ခါရမ်းနေသည်။
ထိုအခါမှ လင်းယွမ် သတိထားမိလိုက်သည်မှာ ဖားမိစ္ဆာ၏ မျက်ခုံးနှစ်ခုကြားမှ အနီရောင် အစင်းအရာတစ်ခု ထွက်ပေါ်နေပြီး ကျောဘက်ရှိ အစိမ်းရင့်ရောင် အစင်းအရာများနှင့် ဆက်စပ်နေခြင်း ဖြစ်သည်။
"ထူးဆန်းတယ်"
ဤဖားမိစ္ဆာက သာမန်မဟုတ်ကြောင်း ချက်ချင်း ရိပ်မိလိုက်သည်။
မိမိ၏ စိတ်စွမ်းအင် တိုက်ခိုက်မှုကိုပင် ခံနိုင်ရည် ရှိနေသည်။
ပြီးတော့ တကိုယ်လုံး အစိမ်းရင့်ရောင် မဟုတ်ဘဲ အနီရောင် အစင်းရာများ ပါဝင်နေသည်။
လင်းယွမ် သတိထားလိုက်သည်။ တဖက်ရန်သူက မိမိ၏ စိတ်စွမ်းအင် တိုက်ခိုက်မှုကြောင့် ခေါင်းမူးဝေနေခိုက်တွင် သူက ခြေထောက်နှစ်ဖက်ကို စောင့်ကန်ကာ အရှိန်မြှင့်လိုက်ပြီး ချက်ချင်း အနားသို့ ကပ်သွားလိုက်သည်။
"ခွမ်း"
သူ့ခြေကန်အားကြောင့် ကြမ်းပြင်က ကြွေပြားများ ကွဲကြေသွားသည်။ ကြမ်းပြင် ပေါက်ကွဲထွက်သွားသည်နှင့် တပြိုင်နက် လင်းယွမ် လက်ထဲတွင် သံချောင်းတစ်ချောင်း ရောက်ရှိနေပြီ ဖြစ်သည်။
သူက ညာလက်ဖြင့် သံချောင်းကို မြှောက်လိုက်ရာ ကြွက်သားများ ဖောင်းကြွလာပြီး အားကုန် ထုတ်လိုက်သည်။
"ကြွက်သားပေါက်ကွဲသိုင်း"
သူ့တွင် ရှိသော နောက်ထပ် အဖြူရောင် စွမ်းရည်တစ်ခုကို ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။
ကြွက်သားပေါက်ကွဲသိုင်း... တိုတောင်းသော အချိန်အတွင်း ခွန်အားကို နှစ်ဆ တိုးမြှင့်ပေးနိုင်သည်။
လက်ရှိ သူ၏ ခွန်အားမှာ ၅.၉ ရှိရာ နှစ်ဆ ပေါက်ကွဲလိုက်ပါက ၁၀ မှတ်ကျော်သွားမည် ဖြစ်သည်။
သံချောင်းက သူ့လက်မောင်း ရိုက်ချက်နှင့်အတူ သန္ဓေပြောင်း ဖားမိစ္ဆာ၏ ဦးခေါင်းတည့်တည့်သို့ ကျဆင်းသွားသည်။
ပြင်းထန်သော လေတိုးသံကြီး ပေါ်ထွက်လာသည်။
ထို သန္ဓေပြောင်း ဖားမိစ္ဆာမှာ တကယ်ပင် သာမန်မဟုတ်ပေ။ ခေါင်းမူးဝေနေသည့်ကြားမှ အလိုအလျောက် ဘေးဘက်သို့ ခုန်ရှောင်လိုက်သည်။
"ဒုန်း"
သို့သော် ၎င်း၏ အမြန်နှုန်းမှာ အနည်းငယ် နောက်ကျသွားသဖြင့် အသံအကျယ်ကြီး မြည်ဟည်းသွားသည်။
လင်းယွမ်၏ သံချောင်းက ဖားမိစ္ဆာ၏ ဘယ်ဘက်ခြေထောက်ကို စိုက်ဝင်သွားသည်။
ခွန်အား အလွန်ပြင်းထန်လွန်းသဖြင့် သံချောင်းတစ်ခုလုံးမှာ ဘိလပ်မြေ ကြမ်းခင်းထဲသို့ တဝက်ကျော်ကျော်လောက်အထိ နစ်ဝင်သွားလေသည်။
သန္ဓေပြောင်း ဖားမိစ္ဆာမှာ နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်သည်။
၎င်းက ရုန်းကန်လိုက်ပြီး လူကြီးတစ်ယောက် ပေါင်လုံးခန့်ရှိသော ခြေထောက်ကြီးများဖြင့် ကန်ကျောက်လိုက်သည်။
"ဗြွက်" ခနဲ အသံနှင့်အတူ သံချောင်းပါ တပါတည်း ကျွတ်ထွက်လာပြီး ခြေထောက်ဒဏ်ရာ ပြဲသွားကာ လွတ်မြောက်သွားသည်။
၎င်းက ပါးစပ်ကို ဟပြီး လျှာဖြင့် ပစ်ရန် ပြင်လိုက်သည်။
သို့သော် နောက်တစ်ခဏတွင် လင်းယွမ်က နောက်ထပ် စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း ကို ထပ်မံ အသုံးပြုလိုက်သည်။
"ဝုန်း"
သန္ဓေပြောင်း ဖားမိစ္ဆာ၏ ပါးစပ်မှာ ရပ်တန့်သွားပြီး ပစ်လွှတ်ရန် ပြင်နေသော လျှာမှာလည်း တောင့်တင်းသွားသည်။
လင်းယွမ်က ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ ကြမ်းပြင်ပေါ်က သံချောင်းကိုပင် ပြန်မကောက်တော့ဘဲ ပစ္စည်းသိုလှောင်ခန်းထဲမှ သံချောင်းအသစ်တစ်ချောင်းကို ထုတ်ယူလိုက်သည်။
ထို့နောက် ခါးကို နောက်သို့ ကွေးညွတ်ကာ လက်မောင်းကို မြှောက်ပြီး လှံတံပစ်သကဲ့သို့ အနေအထား ပြင်လိုက်သည်။
"ဟိတ်"
လင်းယွမ်က အားကုန်အော်ဟစ်ပြီး လက်ထဲမှ သံချောင်းဖြင့် ပစ်ပေါက်လိုက်သည်။
"ဝှီးးးးးးးးးးးး"
ကြောက်မက်ဖွယ်ကောင်းသော လေခွင်းသံ ပေါ်ထွက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သံချောင်းက အရိပ်တစ်ခုအသွင် ပြောင်းလဲသွားကာ "စွပ်" ခနဲ ဖားမိစ္ဆာ၏ ပါးစပ်ထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားလေသည်။
"ဗြွက်"
ကြီးမားသော ခွန်အားကြောင့် သံချောင်းက ဖားမိစ္ဆာ၏ ပါးစပ်အတွင်းပိုင်းကို ဖောက်ထွင်းသွားပြီး အာခေါင်ကိုပါ ဖောက်ထွက်ကာ "ဖောက်" ခနဲ ဦးခေါင်းထိပ်မှ ပြန်ထွက်လာပြီး ဦးခေါင်းခွံတွင် တန်းလန်း ကပ်ငြိနေလေသည်။
ဧရာမ ဖားမိစ္ဆာကြီးမှာ နာကျင်စွာ ရုန်းကန်ရင်း ကြမ်းပြင်ပေါ်တွင် လူးလှိမ့်နေသည်။
လင်းယွမ်က ခုန်တက်လိုက်ပြီး ၎င်း သတိလစ်မေ့မြောနေစဉ် ခေါင်းပေါ်သို့ ခွစီးလိုက်သည်။
ထို့နောက် ဦးခေါင်းခွံတွင် စိုက်ဝင်နေပြီး အရည်များ ပေကျံနေသော သံချောင်းကို လက်ဖြင့် ဆွဲကိုင်ကာ အားကုန် ဆောင့်ဆွဲလိုက်သည်။
"ခွပ်"
အရှိန်ပြင်းလွန်းသဖြင့် ဖားမိစ္ဆာ၏ ဦးခေါင်းခွံပါ ကွာကျလာသည်။
"အွမ်"
ဖားမိစ္ဆာမှာ နောက်ဆုံးအနေဖြင့် အော်ဟစ်လိုက်ပြီးနောက် ကြီးမားသော ဦးခေါင်းကြီးမှာ ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲ ကျသွားလေတော့သည်။
ထပ်မံ လှုပ်ရှားခြင်း မရှိတော့ပေ။
လင်းယွမ်က ကိုယ်ကိုလှိမ့်ကာ ဖားမိစ္ဆာခေါင်းပေါ်မှ ခုန်ဆင်းလိုက်သည်။
သူသည် စင်္ကြံလက်ရန်းကို ကိုင်ပြီး အမောဖြေလိုက်သည်။
"ကြွက်သားပေါက်ကွဲသိုင်း" က သုံးရတာ ကောင်းသလောက် စွမ်းအင်ကုန်ခမ်းမှုလည်း များလှသည်။
"ငါ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု မြင့်ထားလို့သာပဲ... မဟုတ်ရင် ဒီသိုင်းရဲ့ ဒဏ်ကို ခံနိုင်မှာ မဟုတ်ဘူး"
သူ့စိတ်ထဲတွင် ကျိတ်ပြီး ဝမ်းသာနေမိသည်။ အခြေခံ အရည်အသွေး (၄) မျိုးလုံးတွင် ခန္ဓာကိုယ်ကြံ့ခိုင်မှုကလည်း လျစ်လျူရှုထား၍ မရကြောင်း သိလိုက်ရသည်။
စိတ်စွမ်းအင်များလည်း တဖြည်းဖြည်း ပြန်လည်ပြည့်ဖြိုးလာသဖြင့် လင်းယွမ် အနည်းငယ် အနားယူပြီးနောက် ဖားမိစ္ဆာအလောင်းနားသို့ သွားလိုက်သည်။
ကြမ်းပြင်ပေါ်က သံချောင်းကို သိမ်းဆည်းလိုက်ပြီး လျှာကိုဖြတ်ကာ အချွဲယူရန် ပြင်လိုက်သည်။
ရုတ်တရက် သူ့အကြည့်က အစောပိုင်းက သူဆွဲခွာလိုက်သော ဦးခေါင်းခွံ အပိုင်းအစပေါ်သို့ ရောက်သွားသည်။
"ဟမ်... ဒါက ဘာကြီးလဲ"
ထို ဦးခေါင်းခွံခွံတွင် အနီရောင် အသားလုံးတစ်ခု ကပ်ပါနေပြီး ထိုအသားလုံးမှတဆင့် သွေးကြောကြီးတစ်ခုက ကျောဘက်အထိ ဆက်သွယ်နေကာ ကျောဘက်ရှိ အနီရောင် အစင်းအရာများကို ဖြစ်ပေါ်စေခြင်း ဖြစ်သည်။
လင်းယွမ်၏ ခန္ဓာကိုယ်ထဲတွင် ရုတ်တရက် တက်ကြွလာသလို ခံစားလိုက်ရပြီး တစ်စုံတစ်ခုကို လိုချင်တပ်မက်နေသလို ဖြစ်ပေါ်လာသည်။
သူ့စိတ်ထဲ ထူးခြားသွားပြီး အမြန် လျှောက်သွားလိုက်သည်။
လက်ကို ဝှေ့ယမ်းလိုက်ရာ ပစ္စည်းသိုလှောင်ခန်းထဲမှ ဓားမြောင်တစ်ချောင်း ရောက်လာပြီး ထို အနီရောင် အသားလုံးကို လှီးထုတ်လိုက်သည်။
အနီရောင် အသားလုံးထဲတွင် သွေးကြောများ ယှက်နွယ်နေသည်ကို တွေ့ရသည်။
၎င်း၏ အတွင်းပိုင်းတွင် ပုံသဏ္ဍာန်မမှန်သော အဖြူရောင် ကြည်လင်သည့် ကျောက်လေး တစ်ခု ရှိနေသည်။
လင်းယွမ် ရင်ခုန်သွားသည်။ "ဒါ... ဒါက တာအိုဆရာလင်းတော် ပြောဖူးတဲ့ ဝိညာဉ်ကျောက်တုံးနဲ့ တူနေပါလား"
ထို ပုံသဏ္ဍာန်မမှန်သော အဖြူရောင် ကျောက်လေးမှာ တာအိုဆရာလင်းတော် ပေးခဲ့ဖူးသော အစွမ်းပိုင်ရှင်သုံး ဝိညာဉ်ကျောက်တုံးနှင့် အတော်လေး တူညီနေသည်။
လင်းယွမ်က ဓားမြောင်ဖြင့် အသားလုံးကို ခွဲစိတ်လိုက်ပြီး အတွင်းမှ ကျောက်ကို ထုတ်ယူလိုက်သည်။
ကျောက်တုံးလေးမှာ လက်နှင့်ထိလိုက်သောအခါ နွေးထွေးမှု မရှိဘဲ အေးစိမ့်သော ခံစားမှုကို ပေးစွမ်းသည်။
ထိုခံစားမှုက သူ၏ စိတ်စွမ်းအင်နှင့် အလွန်တူညီနေသည်။
လင်းယွမ် စိတ်လှုပ်ရှားသွားပြီး ကျောက်ကို နဖူးနှင့် ကပ်ကြည့်လိုက်သည်။
ရုတ်ခြည်းပင် သူ၏ စိတ်စွမ်းအင်များ ထွက်ပေါ်လာပြီး ကျောက်တုံးကို လွှမ်းခြုံထားလိုက်သည်။
"ဝုန်း"
စိတ်စွမ်းအင် လွှမ်းခြုံမှုအောက်တွင် ထိုကျောက်တုံး အတွင်းမှ နို့နှစ်ရောင် အလင်းတန်းများ စီးဆင်းထွက်ပေါ်လာပြီး သူ၏ စိတ်စွမ်းအင်များက အလျင်အမြန် စုပ်ယူလိုက်ကြသည်။
လင်းယွမ် ခံစားလိုက်ရသည်မှာ စောစောက စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း ကို ဆက်တိုက်အသုံးပြုခဲ့၍ ကုန်ဆုံးသွားသော စိတ်စွမ်းအင်များမှာ အလွန်လျင်မြန်သော နှုန်းဖြင့် ပြန်လည်ပြည့်ဖြိုးလာခြင်းပင် ဖြစ်သည်။
ထို့အပြင် စိတ်စွမ်းအင် ပြည့်ဝသွားပြီးနောက်တွင်လည်း ဆက်လက် တိုးပွားနေသေးသည်။
လင်းယွမ် မျက်လုံးမှိတ်ပြီး သေချာ အာရုံခံလိုက်သည်။ ၁၀ စက္ကန့်ခန့် အကြာတွင် ထိုခံစားမှု ပျောက်ကွယ်သွားသည်။
သူ မျက်လုံးဖွင့်ကြည့်လိုက်ရာ ထို အဖြူရောင် ကျောက်တုံးလေးမှာ အမှုန့်များ ဖြစ်သွားပြီး ကျောက်မှုန့်များကဲ့သို့ လေတိုက်ရာ လွင့်ပါသွားလေတော့သည်။
လင်းယွမ် မျက်လုံးမှေးစင်းလိုက်ပြီး စနစ်ကို ချက်ချင်း ခေါ်ယူလိုက်သည်။
"စနစ် အရည်အသွေးဇယားကို ပြပေး"
အမည် - လင်းယွမ်
ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၈.၈
ခွန်အား - ၅.၉
အလျင် - ၅.၈
စိတ်စွမ်းအင် - ၁၁.၁ ......
လင်းယွမ် တစ်ချက်ကြည့်လိုက်ပြီးနောက် စနစ် မျက်နှာပြင်မှ ပြောင်းလဲမှုကို ချက်ချင်း သတိပြုမိလိုက်သည်။
"စိတ်စွမ်းအင် အရည်အသွေးမှတ်က အရင် ၁၀.၇ ကနေ ၁၁.၁ အထိ တက်လာပါလား... ဒီပစ္စည်းက အရည်အသွေးမှတ်ကို တိုးစေတာပဲ"
"တစ်လုံးတည်းနဲ့ ငါ့ကို ဝ.၄ မှတ်တောင် တိုးပေးလိုက်တာပဲ"
ဆက်ရန်...