← Chapters

အခန်း (၂၃၀)

Vol. 21 Ch. 230

အခန်း (၂၃၀)

Vol. 21 Ch. 230

ယွမ်ထျန်းကန်းက လက်ကိုယှက်၍ ဂါရဝပြုရင်း "အရှင်မင်းကြီး... ကျွန်တော်မျိုးမှာ ကျွန်ုပ်တို့ရဲ့ မဟာရှ နိုင်ငံအတွက် အကျိုးအမြတ်အများဆုံး ရစေမယ့် နည်းဗျူဟာတစ်ခု ရှိပါတယ် အရှင်ဘုရား" ဟု လျှောက်တင်လိုက်သည်။

လင်းပိုင်ဖန်က ရယ်မောကာ "ဝန်ကြီးယွမ်... မောင်မင်းမှာ ဘယ်လိုအစီအစဉ်ရှိလို့လဲ၊ မြန်မြန်ပြောစမ်းပါဦး" ဟု ဆိုလိုက်သည်။

ယွမ်ထျန်းကန်းက အပြုံးဖြင့် "အရှင်မင်းကြီး... အခုအချိန်မှာ နိုင်ငံသုံးခုက စစ်ဖြစ်နေကြတာဆိုတော့ ကျွန်တော်မျိုးတို့ မဟာရှရဲ့ ရပ်တည်ချက်က အလွန်အရေးကြီးပါတယ်။ ကျွန်တော်မျိုးတို့ဘက်က ဘယ်ဘက်ကို ကူညီကူညီ အဲဒီဘက်က ဧကန်မုချ အနိုင်ရမှာပါ။ ဒါကြောင့်... ဘာလို့ နိုင်ငံသုံးခုလုံးဆီကနေ တစ်ပြိုင်နက်တည်း ခြိမ်းခြောက်ငွေမတောင်းရမှာလဲ အရှင်ဘုရား"

လူတိုင်း အံ့အားသင့်သွားကြသည်။ နိုင်ငံသုံးခုလုံးဆီက တစ်ပြိုင်နက်တည်း ငွေညှစ်မည် ဟုတ်လား။

ဒီယွမ်ထျန်းကန်းသည် တကယ်ကို အကြံကြီးသူပေတည်း။

သို့သော်လည်း သူပြောသည်မှာ အကျိုးအကြောင်းရှိလှသည်။

အဓိကမှာ မည်သို့အကောင်အထည်ဖော်မည်နည်း ဆိုသည်သာ ဖြစ်ပေသည်။

"ဝန်ကြီး... မောင်မင်းရဲ့နည်းလမ်းကို အသေးစိတ် ရှင်းပြစမ်းကွဲ့"

"မှန်လှပါ အရှင်မင်းကြီး" ယွမ်ထျန်းကန်းက သူ၏အကြံအစည်များကို စတင်တင်ပြတော့သည်။

နားထောင်ပြီးနောက် လင်းပိုင်ဖန်မှာ အလွန်ကျေနပ်သွားပြီး "ဒီနည်းလမ်းက ကောင်းတယ်။ ဒါပေမဲ့ တောင်းတဲ့ ပမာဏက နည်းနည်းနည်းနေသလားလို့။ ဒီလိုလုပ်မယ်... နိုင်ငံ တစ်နိုင်ငံကို ငွေတေး ဆယ်သန်းစီ တောင်းဖို့ ငါကိုယ်တော် ဆုံးဖြတ်လိုက်တယ်"

"ဆယ်သန်း" လူတိုင်း ထိတ်လန့်ကုန်ကြသည်။

ဘုရားရေ... အရှင်မင်းကြီးကတော့ တကယ်ကို ဈေးကြီး ပေးခိုင်းနေတာပဲ။ မဟာရှီ၊ မဟာကျူးနဲ့ မဟာရွှယ် နိုင်ငံတွေဟာ အင်အားတောင့်တင်းတယ်ဆိုပေမဲ့ သူတို့ရဲ့ ဘဏ္ဍာတိုက်ထဲမှာတောင် ငွေတေးဆယ်သန်း ပြည့်ချင်မှ ပြည့်မှာ။ အစကတည်းက ဒီလောက်အများကြီး တောင်းတာဟာ သူတို့ရဲ့ အုတ်မြစ်ကို တူးထုတ်လိုက်သလို ဖြစ်မနေဘူးလား။

"အရှင်မင်းကြီး... ဒါက များလွန်းမနေဘူးလား ၊ ကျွန်တော်မျိုး စိုးရိမ်တာက..."

"စိုးရိမ်မနေနဲ့၊ သူတို့ ပေးနိုင်ပါတယ်။ ငါကိုယ်တော် သူတို့အပေါ် အပြည့်အဝ ယုံကြည်မှုရှိတယ်" ဟု လင်းပိုင်ဖန်က အပြုံးဖြင့် ပြောလိုက်သည်။ စစ်ဘက်၊ အရပ်ဘက် အရာရှိများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အရှင်မင်းကြီးက မိန့်ကြားပြီးဖြစ်၍ ခေါင်းညိတ်သဘောတူရုံသာ တတ်နိုင်တော့သည်။

လင်းပိုင်ဖန်က ဆက်လက်၍ "မဟာရှီ နဲ့ မဟာကျူး နိုင်ငံတွေအတွက်ကတော့ ပြဿနာမရှိနိုင်ဘူး။ သူတို့နိုင်ငံတွေက ပျက်သုဉ်းလုနီးပါး ဖြစ်နေပြီဆိုတော့ ငါတို့ရဲ့ စည်းကမ်းချက်တွေကို သဘောတူမှာပါ။ ဒါပေမဲ့ မဟာရွှယ်ကတော့ မတူဘူး"

"မဟာရွှယ်နိုင်ငံရဲ့ အင်အားက အထွတ်အထိပ်ကို ရောက်နေတာ၊ သူတို့က အလွယ်တကူ အရှုံးပေးမှာ မဟုတ်ဘူး။ ပြီးတော့ မဟာရွှယ်ကို သွားရမယ့် ခရီးကလည်း အလွန်အန္တရာယ်များနိုင်တယ်။ ငါကိုယ်တော်က သူတို့ရဲ့ သံတမန် နှစ်ယောက်ကို ကွပ်မျက်ခဲ့ဖူးတယ်လေ။ မဟာရွှယ်ဧကရာဇ်က အညှိုးကြီးတဲ့သူဆိုတော့ လက်စားချေဖို့ ကြိုးစားလိမ့်မယ်။ ကဲ... ဘယ်သူက ငါကိုယ်တော်ကိုယ်စား သွားချင်လဲ"

ထိုအခါ အရာရှိများမှာ ကြောက်လန့်တကြား တစ်ဦးကိုတစ်ဦး ကြည့်နေကြပြီး မည်သူမျှ ရှေ့မထွက်ဝံ့ကြချေ။ အကယ်၍ ဆွေးနွေးပွဲသာ ပျက်ပြားသွားပါက အသတ်ခံရနိုင်သည်ဟု အားလုံးက တွေးတောနေကြသည်။

ထိုစဉ် ယွမ်ထျန်းကန်းက ကျယ်လောင်စွာ ပြောလိုက်သည်။ "အရှင်မင်းကြီး... ဒီအကြံကို ကျွန်တော်မျိုးက စတင် ပေးခဲ့တာမို့ ဒီတာဝန်ကို ကျွန်တော်မျိုးကိုသာ အပ်နှင်းပါ။ ကျွန်တော်မျိုးအနေနဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး အထိအခိုက်မရှိ ပြန်လာနိုင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်"

လင်းပိုင်ဖန်က ယွမ်ထျန်းကန်း၏ ယုံကြည်မှုကို မြင်သောအခါ "ကောင်းပြီ... ဒါဆို ဝန်ကြီးယွမ်ကိုပဲ ဒီတာဝန်ပေးလိုက်မယ်။ ပြန်လာတဲ့အခါ မောင်မင်းအတွက် ဆုလာဘ်တွေကို ငါကိုယ်တော်တို့ ဆွေးနွေးကြတာပေါ့။ ပြီးတော့ မောင်မင်းရဲ့ လုံခြုံရေးအတွက် ဟန်နှင့်ဟာ စစ်သူကြီးတွေကိုပါ ထည့်ပေးလိုက်မယ်"

နံနက်ခင်း ညီလာခံအပြီးတွင် ယွမ်ထျန်းကန်းသည် ဟန်နှင့်ဟာ စစ်သူကြီးတို့နှင့်အတူ မဟာရှီနိုင်ငံဆီသို့ လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ခရီးထွက်ခဲ့ရာ သုံးရက်အတွင်းမှာပင် မဟာရှီနန်းတော်သို့ ရောက်ရှိသွားသည်။

မဟာရှီဧကရာဇ်မှာ အလွန်အံ့အားသင့်သွားပြီး "မဟာရှ နိုင်ငံက ဒီလိုအချိန်မှာ ဘာလို့ သံတမန်လွှတ်ရတာလဲ" ဟု တွေးတောရင်း "မဟာရှရဲ့ကိုယ်စား ဘယ်လို အရေးကြီးကိစ္စမျိုး ပြောဖို့ လာခဲ့တာလဲ" ဟု မေးမြန်းလိုက်သည်။

ယွမ်ထျန်းကန်းက အရိုအသေပေးကာ "မဟာရှီဧကရာဇ်မင်းကြီး... အခုအချိန်မှာ မဟာရှီ၊ မဟာကျူးနဲ့ မဟာရွှယ်တို့ဟာ စစ်ဖြစ်နေကြတယ်။ မဟာရှီနဲ့ မဟာကျူးတို့က ဆက်တိုက်ရှုံးနိမ့်နေပြီး အခြေအနေက အလွန်ဆိုးရွားနေပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ အရှင်မင်းကြီးက စိုးရိမ်စိတ်နဲ့ အရေးပေါ်ကိစ္စတစ်ခု ဆွေးနွေးဖို့ လွှတ်လိုက်တာပါ"

"အရေးပေါ်ကိစ္စ ဟုတ်လား" မဟာရှီဧကရာဇ်က ခဏလောက် စဉ်းစားပြီး မျက်လုံးများ တောက်ပလာကာ "မဟာရှက ငါတို့နဲ့ ပူးပေါင်းပြီး မဟာရွှယ်ကို တိုက်ထုတ်ဖို့ စစ်ကူ လွှတ်ပေးမလို့လား" ဟု အလောတကော မေးလိုက်သည်။

ယွမ်ထျန်းကန်းက ခေါင်းခါပြကာ "အရှင်မင်းကြီး... အများကြီး တွေးနေပါပြီ။ ကျွန်ုပ်တို့ အရှင်မင်းကြီးက စစ်တပ်လွှတ်ဖို့ ပြင်နေတာ မှန်ပါတယ်။ ဒါပေမဲ့ မဟာရွှယ်ကို တိုက်ဖို့မဟုတ်ဘူး။ မဟာရှီနဲ့ မဟာကျူးကို တိုက်ဖို့ပါ"

ထိုစကားကြောင့် မဟာရှီဧကရာဇ်နှင့် အရာရှိအားလုံး၏ မျက်နှာများ ပျက်သွားကြသည်။ မဟာရှနိုင်ငံက သူတို့ကိုပါ တိုက်တော့မည်ဆိုသည်မှာ အဆိုးဆုံးသတင်းပင် ဖြစ်ချေသည်။

မဟာရှီဧကရာဇ်မှာ ဒေါသကို ထိန်းချုပ်ရင်း "ဒါ မဟာရှရဲ့ ရပ်တည်ချက်လား။ ငါကိုယ်တော် သိပြီ။ ပြန်သွားပြီး မင်းတို့ ဧကရာဇ်ကို ပြောလိုက်... ငါ အဆုံးထိ ရင်ဆိုင်ဖို့ အသင့်ပဲလို့"

"အဆုံးထိ ရင်ဆိုင်မယ်" ဟု အရာရှိများကလည်း တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။

ယွမ်ထျန်းကန်းက ရယ်မောကာ "အရှင်မင်းကြီးနဲ့ အရာရှိတို့... မလောကြပါနဲ့ဦး။ ကျွန်ုပ်တို့ အရှင်မင်းကြီးက ကရုဏာစိတ်ရှိလို့ အခွင့်အရေးတစ်ခု ပေးထားပါတယ်။ မဟာရှီကသာ ငွေတေး ဆယ်သန်း ပေးမယ်ဆိုရင် မဟာရှစစ်တပ်က တိုက်ခိုက်မှာ မဟုတ်ပါဘူး"

မဟာရှီဧကရာဇ်က စားပွဲကို ဒေါသတကြီး ရိုက်လိုက်ပြီး "မင်းတို့က မီးလောင်ရာ လေပင့်ပြီး အခွင့်ကောင်း ယူနေတာပဲ။ ငွေတေး ဆယ်သန်း ငါတို့မှာ ဘယ်ရှိမလဲ။ ရှိရင်တောင် ငါကိုယ်တော် ဘယ်တော့မှ သဘောမတူဘူး"

ယွမ်ထျန်းကန်းက စိတ်ပျက်သလိုဖြင့် "နှမြောစရာပဲ။ ကျွန်ုပ်တို့ အရှင်မင်းကြီးက အဲဒီငွေတေး ဆယ်သန်းအတွက် အရှင်မင်းကြီးရဲ့ တော်ဝင်မိသားစုဝင်တွေကို အသက်ချမ်းသာပေးဖို့ ပြောထားတာ။ အခုတော့ မလိုတော့ဘူးထင်တယ်။ ကျွန်ုပ်တို့ကို သွားခွင့်ပြုပါဦး..."

"နေဦး... မင်း အခု ဘာပြောလိုက်တာလဲ" မဟာရှီဧကရာဇ်က အလောတကြီး ပြန်မေးလိုက်သည်။ "မဟာရှက ငါတို့ တော်ဝင်မိသားစုကို အသက်ချမ်းသာပေးမယ်လို့ ပြောနေတာလား"

ယွမ်ထျန်းကန်းက "မှန်ပါတယ်။ ငွေသာ ရရင် ကျွန်ုပ်တို့ရဲ့ ဧကရာဇ်က အရှင်မင်းကြီးတို့ရဲ့ အသက်ဘေးကို အာမခံထားပါတယ်။ မဟာရှကိုသာ လာခဲ့မယ်ဆိုရင် ဘယ်သူမှ ရန်မပြုနိုင်အောင် စောင့်ရှောက်ပေးမှာပါ"

မဟာရှီဧကရာဇ်မှာ စဉ်းစားစရာ ဖြစ်သွားခဲ့သည်။ သူ၏ နိုင်ငံမှာ ရှုံးနိမ့်ဖို့ သေချာနေပြီ ဖြစ်ရာ သူ့အသက်ရှင်ဖို့ လမ်းစကို ရှာရမည်ဖြစ်သည်။ အကယ်၍ ငွေသာ ပေးလိုက်လျှင် အသက်ရှင်ခွင့်ရမည့်အပြင် မဟာရှစစ်တပ်၏ ရန်ကိုလည်း ရှောင်လွှဲနိုင်မည်ဖြစ်သည်။

"မင်းတို့ရဲ့ မဟာရှက တကယ်ကော ကတိတည်ရဲ့လား"

ယွမ်ထျန်းကန်းက ပြုံးကာ "အရှင်မင်းကြီး... စိုးရိမ်စရာ မလိုပါဘူး။ အခု မဟာရှမှာ ခိုလှုံနေတဲ့ ဧကရာဇ်ဟောင်း ငါးပါးလုံး ဘေးကင်းကင်းနဲ့ စည်းစိမ်ခံနေကြတာကို ကြည့်လို့ရပါတယ်"

မဟာရှီဧကရာဇ်မှာ ခေါင်းညိတ်လိုက်သည်။ ၎င်းမှာ အမှန်ပင် ဖြစ်သည်။ ဧကရာဇ်ဟောင်းများသည် အာဏာမရှိတော့သော်လည်း ချမ်းသာကြွယ်ဝစွာ နေထိုင်နေကြသည်မှာ လူတိုင်းအသိပင် ဖြစ်သည်။

နောက်ဆုံးတွင် မဟာရှီဧကရာဇ်မှာ ဆုံးဖြတ်ချက် ချလိုက်သည်။ "ဘဏ္ဍာတိုက်ထဲက ရွှေ၊ ငွေ၊ ရတနာတွေကို ရေတွက်ပြီး မဟာရှကို ပို့ဖို့ ပြင်ကြ"

အရာရှိများက ကန့်ကွက်ကြသော်လည်း ဧကရာဇ်က "မောင်မင်းတို့တွေလည်း ထွက်ပြေးဖို့ လမ်းစရှာနေကြတာ ငါကိုယ်တော် သိတယ်။ ငါလည်း အသက်ရှင်ချင်တာပဲ။ ဘယ်သူမှ ထပ်မပြောနဲ့၊ ပြောတဲ့သူကို ခေါင်းဖြတ်ပစ်မယ်" ဟု ဟိန်းဟောက်လိုက်သည်။

ဘဏ္ဍာရေးဝန်ကြီးက "ဒါပေမဲ့ အရှင်မင်းကြီး... ဘဏ္ဍာတိုက်ထဲမှာ ငွေတေး ဆယ်သန်း မပြည့်ပါဘူး" ဟု လျှောက်တင်သောအခါ ဧကရာဇ်ရဲ့ အကြည့်များမှာ စူးရှသွားပြီး "ဒါဆိုရင် ချမ်းသာတဲ့ မိသားစုတွေဆီက သိမ်းဆည်းလိုက်။ ဘယ်သူ့ဆီမှာ ငွေရှိရှိ အကုန်သိမ်း။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဆယ်သန်း ပြည့်အောင် စုဆောင်းရမယ်" ဟု အမိန့်ပေးလိုက်သည်။

အရာရှိများမှာ ကြောက်စိတ်ကြောင့် တုန်ရင်နေပြီး “ မှန်လှပါ အရှင်မင်းကြီး”

All Chapters