← Chapters

ယန်နတ်ဘုရားဆိုတာ ဒါလား

Vol. 18 Ch. 208

ယန်နတ်ဘုရားဆိုတာ ဒါလား

Vol. 18 Ch. 208

အဝေးတစ်နေရာမှ နှင်းဖုံးတောင်တန်းများပေါ်သို့ အနီရောင်အလင်းတန်းများ ဖြာကျနေ၏။ ဖြူဖွေးသောနှင်းများအပေါ်သို့ အနီရောင်အလင်းဖြင့် ထွန်းလင်းလိုက်သောအခါ အလွန်ပင် ဆွဲဆောင်မှုရှိသော ရီဝေဝေမြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေသည် ။

နှင်းတောင်တန်းများမှထွက်ပေါ်လာသော အနီရောင်နုပြန်လင်းတန်းများက သူမ၏ဖြူလွှသော ပါးပြင်များပေါ်သို့ ရောက်ရှိလာသောအခါ ပန်းနုရောင်သမ်းသော အလှတရားတစ်ခုကို သူမြင်တွေ့ခွင့် ရခဲ့သည်။ သူမကတော့ နှင်းဖုံးတောင်တန်းကြီးများကို အေးစက်စွာမော့ကြည့်နေခဲ့ပြီး လေးနက်စွာသက်ပြင်းချရှာသည်။

မကြာမီတွင် ဤအလှတရားများနှင့် ထာဝရ ခွဲခွာရပေတော့မည်။

မြောက်ပင်လယ်ကလည်း အပြာရောင်ရင့်ရင့်ရှိပြီး ပင်လယ်ပြင်၏ ဟိုးအဝေးဆုံးတစ်နေရာ၌ ရေပြင်နှင့် ကောင်းကင် ထိစပ်နေသော မိုးကုတ်စက်ဝိုင်းကိုလည်း သူမြင်ရသည် ။ အနီရောင်အလင်းတန်းအောက်၌ အပြာရင့်ရောင်လှိုင်းကလေးများကလည်း ညင်သာစွာ လှုပ်ခတ်နေခဲ့သည်။ ပင်လယ်ပြင်ကို ဖြတ်သန်းလာသော လေညင်းများကြောင့် သူမ၏အနီရောင်ဝတ်စုံသည် တိမ်လွှာစလေးများလို့ လေနှင်ရာလွင့်ပျံနေ၏ ။ သူမသည် ကမ်းခြေ၌ ရပ်လျှက် အဆုံးမရှိသော ပင်လယ်ပြင်ကြီးကို တိတ်ဆိတ်စွာ ငေးကြည့်သည် ။

သူမ၏နက်မှောင်သောဆံနွယ်များက လေအဝှေ့တွင် ဦးတည်ရာမဲ့မျောလွင့်လျှက်ရှိ၏။ လှပသော ပင်လယ်ပြင်ကြီးအား နောက်ဆုံးအနေဖြင့် နှုတ်ဆက်နေသည့် အလားပင် ။

အဆုံးမဲ့သော တောအုပ်ကြီးအတွင်းရှိ ရေအိုင်များသည် တစ်ခုနှင့်တစ်ခု ဆက်သွယ်နေပြီး ထိုအိုင်များအနက် တစ်ခုတွင် နဂါးကြီးတစ်ကောင် အိပ်စက်အနားယူနေခဲ့သည်။ လက်ရှိဖြစ်ပေါ်နေသော သွေးသံရဲရဲသတ်ဖြတ်ပွဲများက သူနှင့်လားလားမှ မဆိုင်သည့် အလားရှိ၏ ။ အပူအပင်ကင်း၏ ။ အနှောင်အဖွဲ့ကင်း၏ ။ သောကများလည်း ရှိပုံမရပေ ။

သူမသည် ထိုမြင်ကွင်းကိုလည်း အတန်ကြာငေးကြည့်နေခဲ့သည် ။ အပူအပင်ကင်းစွာ အိပ်စက်နေသော နဂါးကြီး၏ဘဝကို ခေတ္တမျှငှားချင်နေပုံရသည် ။

ထိုအချိန်၌ ကျိယွမ်က အလိုက်သိစွာ တိတ်ဆိတ်နေပေးခဲ့သည်။ သူမ ထမ်းထားရသော ဝန်ထုပ်ဝန်ပိုးကို သူကိုယ်ချင်းစာမိ၏။

မေ့ဘဝ ခဏဘယ်သူယူပါ့မယ် ဟူသော အခြေအနေမျိုးပင် မဟုတ်ပါလား ။

ကျိယွမ်သည် အစားရှောင်မယ်တော်နှင့်အတူ ရှေးဟောင်းကာလ၏ ဖန်ထုန်နယ်မြေအနှံ့ တစ်ရက်တာလုံးလုံး လျှောက်သွားနေခဲ့သည်။

ဆည်းဆာချိန်ရောက်သောအခါမှ အဝေးတစ်နေရာမှရှုခင်းများကို ရပ်တန့်ကာငေးမောရင် သူပြန်လည်သုံးသပ်မိ၏။

"ဒါဟာ တကယ်ကို ခရီးထွက်တာသက်သက်ပဲ ဖြစ်ပုံရတယ်။ ငါ့ရဲ့ ကျင့်ကြံမှုက တိုးတက်မလာခဲ့ဘူး ၊ စိတ်ကတော့ ပိုပြီး ပွင့်လင်းလန်းဆန်းသွားသလို ရှိတယ်"

ဂိမ်းထဲတွင်ဆိုလျှင် ကျိယွမ်သည် ခဏလေးပင် မရပ်နားဘဲ အရာရာကို အမြဲတမ်း အလေးအနက်ထားခဲ့သူတစ်ယောက် ဖြစ်သည်။ သို့သော် ယခုအချိန်၌ သူသည် ပထမဆုံးအကြိမ်အဖြစ် အမှန်တကယ် အပန်းဖြေခွင့်ရခဲ့ပြီး ထူးခြားသော ခရီးစဉ်တစ်ခုကို တွေ့ကြုံခံစားခဲ့ရခြင်းဟုပင်ဆိုရမည်။

"အမှန်အတိုင်းပြောရရင် ဒါဟာ ငါ့ဘဝမှာ ပထမဆုံးရတဲ့ စနစ်ကျကျ အားလပ်ရက်ပဲ ဖြစ်လိမ့်မယ်။ အပေါ်ယံလောက်ပဲ ကြည့်ခဲ့ရပေမဲ့ တကယ်ကို အဓိပ္ပာယ်ရှိပါတယ်"

ကျိယွမ်က နေဝင်ဆည်းဆာရှုခင်းများကို ခံစားရင်းမှ တီးတိုးဆိုသည်။

အစားရှောင်မယ်တော်၏ လှပသော မျက်ဝန်းများတွင် အပြုံးမြမြကလေးတစ်ခု ပေါ်လာပြီး..

"ဒီလောကကို ရှင်နဲ့အတူ နောက်ဆုံးတစ်ခေါက် ကြည့်ခွင့်ရတာလည်း မဆိုးပါဘူး"

"ဒါနဲ့ မင်းက မဟာအုပ်စိုးရှင်အဆင့်ရဲ့ အထွက်အထိပ်ကို ရောက်နေပြီနော်။ 'စစ်မှန်နတ်ဘုရားအဆင့်ရဲ့ အထက်မှာရှိတဲ့ နယ်ပယ်က ဘယ်လိုမျိုးလဲ"

ကျိယွမ်က အမှတ်မထင် ပညာရပ်ဆိုင်ရာ ကိစ္စကို မေးလိုက်သည်။ ခံစားချက်များအကြောင်းပြောခြင်းက လုံလောက်သွားလေပြီ ၊ အလုပ်အကြောင်းကိုလည်း မေ့မထားသင့်ပေ။

သူသည် ယန်နတ်ဘုရားများအကြောင်းကို သိချင်နေ၏။ ယခင်က ၄င်းတို့ကို တစ်ခါမျှ မကြုံဖူးခဲ့ပေ။ကြားဖူးရုံသာရှိခဲ့သည် ။

အစားရှောင်မယ်တော်သည် ဖန်ထုန်နယ်မြေ၏ သမိုင်းတစ်လျှောက်တွင် အင်အားအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး ယန်နတ်ဘုရားအဆင့်သို့ ရောက်ရှိရန် အနီးစပ်ဆုံးသူတစ်ယောက်လည်း ဖြစ်သည်။ထို့ကြောင့် အခြားသူများထက် ထိုနယ်ပယ်အကြောင်းကို ပို၍သိနိုင်၏။

"စစ်မှန်နတ်ဘုရားအထက်က နယ်ပယ်လား..."

သူမသည် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ခေါင်းခါသည်။

"ကျွန်မလည်း မသိဘူး"

သူမသည် ယင်နတ်ဘုရားအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သော်လည်း

ယန်နတ်ဘုရားနယ်ပယ်ကိုတော့ အပြည့်အဝ နားမလည်နိုင်သေးပေ ။တောင်တစ်လုံးကိူ လှမ်းမြင်ရရုံဖြင့် ထိုတောင်အကြောင်းကို ဂဃနဏမသိနိုင်သေးချေ ၊ တောင်ပေါ်သို့ ရောက်ရှိပြီးမှသာ ထိုနေရာအကြောင်း ပြည့်စုံစွာသိရန် အခွင့်ရှိလာပေလိမ့်မည်။

သူမ၏စကားကို ကြားသောအခါ ကျိယွမ်အနည်းငယ် စိတ်ပျက်သွားသည်။

"ယန်နတ်ဘုရားတစ်ပါးက ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ သိဖို့ နောက်ဆုံးဘော့စ်ကို ကိုယ်တိုင်သွားကြည့်ရတော့မယ် ထင်တယ်"

သူ၏စကားကို အစားရှောင်မယ်တော်က တစ်စုံတစ်ရာမှတ်ချက်ပြန်မပေးခဲ့ပါ ။

ထိုအချိန်မှာပင် ပြင်းထန်သော အသံကြီးတစ်ခုက ရုတ်တရက်ထွက်ပေါ်လာသည်။

ဘာဖြစ်တာလဲ။

အသံကြီးနှင့်အတူ သူ၏ အမြင်အာရုံထဲတွင် သွေးရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွား၏။လောကကြီးတစ်ခုလုံးကို သွေးရောင်ခြယ်လိုက်သည့်အလားပင် ။

အပေါ်ကလာတာပဲ။

သူ ကောင်းကင်သို့ မော့ကြည့်လိုက်သောအခါ ဖန်ထုန်နယ်မြေ၏ အထက်တွင် ရှိနေသော အနီရောင်ကြယ်ကြီးတစ်ခုအတွင်းမှ ကြီးမားသော လက်ကြီးတစ်ဖက် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထိုလက်ကြီးသည် ဂြိုဟ်တစ်လုံးနီးပါး ကြီးမားပြီး လောကကြီးကိုဖုံးလွှမ်းတော့မည့်အလား ရှိ၏။

သို့သော် ထိုလက်ကြီးက လောကကြီးကိုဖုံးလွှမ်းရန်အတွက်ဆင်းသက်လာခြင်း ဟုတ်ပုံမရချေ ။ ၄င်း၏ ဦးတည်ချက်က ကောင်းကင်တိုင်လုံးကြီးဆိုသည်မှာ သံသယရှိရန်မလိုပါ။

"မကောင်းတော့ဘူး"

အသာအယာလေး တစ်ချက်တွန်းလိုက်ရုံဖြင့် မိုင်ပေါင်းသောင်းချီ မြင့်မားသော ကောင်းကင်တိုင်လုံးကြီးမှာ ရုပ်သေးစင်ကဲ့သို့ ပြိုလဲပျက်စီးသွားတော့သည်။

"ကောင်းကင်တိုင်ကြီး... ပြိုကျသွားပြီ"

ကျိယွမ်သည် သမိုင်းဝင် အခိုက်အတန့်တစ်ခုအား နေဝင်ဆညိးဆာချိန်ကို ကြည့်နေသကဲ့သို့ ငေးကြည့်ရင်း ရေရွတ်လိုက်မိသည်။ ထိုဖြစ်ရပ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခွင့်ရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ကောင်းကင်တိုင်လုံးကြီး ပြိုလဲသည်နှင့်တပြိုင်နက် ဖန်ထုန်နယ်မြေကြီးတစ်ခုလုံးက ရင်ထုမနာခံစားလိုက်ရသလို ပြင်းထန်စွာတုန်ခါသွား၏ ။ တစ်ချိန်တည်းမှာပင် ကောင်းကင်ယံမှ သွေးရောင်မိုးများကလည်း အငြှိုးကြီးစွာ ချက်ချင်းလိုလိုရွာချလာခဲ့သည်။

ကောင်းကင်ဘုံကြီးကပင် ဖန်ထုန်နယ်မြေအတွက် ငိုကြွေးနေလေပြီ။

"သွားမယ်"

အစာရှောင်မယ်တော်သည် ကျိယွမ်ကို တစ်ချက်ကြည့်ကာ အလင်းတန်းအဖြစ်ပြောင်းလဲကာ အမြန်ဆုံးပျံသန်းသွားသည်။ ကျိယွမ်ကလည်း တုန့်ဆိုင်းမနေဘဲ သူမနောက်သို့ အမြန်ဆုံးလိုက်သွား၏။

သူမသည် ယန်နတ်ဘုရားကို ရင်ဆိုင်ရန် သွားနေခြင်းပင် ။ သူသည်လည်း ဒဏ္ဍာရီထဲမှ ဟုန်ထန်စစ်ပွဲကြီး၏ အပျက်အစီးဆုံး နောက်ဆုံးတိုက်ပွဲကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရပေတော့မည်။

ဝမ်းနည်းစရာမှာ ဖန်ထုန်နယ်မြေ၏ တောက်ပခဲ့သောဒဏ္ဍာရီအားလုံးသည် ယနေ့တွင် လုံးဝအဆုံးသတ်သွားတော့မည် ။

အနီရောင်သွေးမိုးများအောက်တွင် ကျိယွမ်သည် မယ်တော်ထက်နောက်ကျကာ ပျက်စီးနေသော ကောင်းကင်တိုင်၏ ထိပ်ဆုံးသို့ ရောက်ရှိလာသည်။

"အစားရှောင်မယ်တော်၊ အသက်ရှူကြိမ် ၂၀ ပဲ"

"တောင့်ခံထား"

ဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီး ၆ ဦးသည် နတ်ဘုရားအာရုံဖြင့် ဆက်သွယ်ပြောဆိုပြီးနောက် ကောင်းကင်တိုင်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။ သူတို့သည် တိုင်အတွင်းမှ ကမ္ဘာဦးမျိုးစေ့ကို ထုတ်ယူရန် ကြိုးပမ်းရမည်ဖြစ်သည်။

ထိုစဉ်မှာပင် ထိတ်လန့်ဖွယ်သွေးလက်ကြီးထွက်ပေါ်လာသော ကောင်းကင်ကျယ်ကြီးသည် သွေးပင်လယ်ကြီးအဖြစ် လျှင်မြန်စွာပြောင်းလဲသွားသည်ကို ကျိယွမ် မြင်လိုက်ရသည်။ ထူးခြားသည်မှာ ထိုသွေးပင်လယ်ကြီးသည် ရေမရှိဘဲ နီမြန်းသော သွေးအလင်းတန်းများဖြင့်သာ ပြည့်နှက်နေ၏။ ၎င်းသည် အလွန်ပြင်းထန်ကာ စူးရှလှသဖြင့် သာမန်လူများ အမှတ်တမဲ့ကြည့်မိရုံဖြင့်ပင် အသက်ဆုံးရှုံးသွားနိုင်သည်။

"ပျက်သုဥ်းစေ..."

အေးစက်ပြီး ခံစားချက်ကင်းမဲ့သော အသံတစ်ခုက ကောင်းကင်ထက်မှ ကြောက်မက်ဖွယ်ဟိန်းထွက်လာသည်။ သို့သော်ကြောက်မက်ဖွယ်ကောင်းသော သွေးရောင်ပုံရိပ်ကိုတော့ ရှင်းလင်းစွာ မမြင်နိုင်ပေ။ ထိုသွေးပုံရိပ်ကြီး၏ မျက်လုံးထဲတွင် အစားရှောင်မယ်တော်မှာ ပုရွက်ဆိတ်တစ်ကောင်ထက်ပင် မပိုပေ။

ကျိယွမ်၏ မျက်ခုံးများကျုံ့သွားခဲ့သည်။ သူက ထိုပုံရိပ်ကို စူးစိုက်ပြီးကြည့်လိုက်သောအခါ အချက်အလက်များကို မြင်လိုက်ရ၏။

[သွေးနေမင်းသူတော်စင် ဝါးမြိုခြင်းပုံစံ၏ ရောင်ပြန်ဟပ်မှု၊ ယန်နတ်ဘုရားအဆင့်။ ဤပုံစံသည် အရာခပ်သိမ်းနှင့် ကြယ်တာရာများကို ဝါးမြိုနိုင်သည်]

သူကြည့်နေစဥ်မှာပင် ပုံရိပ်ကြီးသည် ကောင်းကင်ထက်မှ မယုံနိုင်လောက်သော အရှိန်ဖြင့် ဥက္ကာပျံတစ်ခုလို ဆင်းသက်လာသည်။ အသက်ရှူကြိမ် ၂၀ ပင် မလိုဘဲ တစ်ချက်အတွင်း ကောင်းကင်တိုင်သို့ ရောက်ရှိလာပေတော့မည်။

"အဲဒါ ဘယ်သူလဲ ရှင်သိလား"

အစားရှောင်မယ်တော်က ကောင်းကင်သို့ မော့ကြည့်ရင်း မေးသည်။ သူမ၏ အနီရောင်ဝတ်စုံသည် သွေးရောင်အလင်းတန်းများအောက်တွင် အစွမ်းကုန်တောက်ပကာ ပို၍ပင် လှပနေ၏။

"သွေးနေမင်းသူတော်စင်ရဲ့ ဝါမြိုခြင်းရောင်ပြန်ဟပ်မှုပဲ..."

ကျိယွမ်က သူမြင်လိုက်ရသော အချက်အလက်များကို လျငိမြန်စွာ ပြောပြလိုက်သည်။

"ဝါးမြိုခြင်း ဟုတ်လား..."

ဝါးမြိုခြင်းဟူသော စကားကိုကြားသောအခါ သူမ၏လှပသောမျက်နှာက အေးစက်သွား၏။ ချက်ချင်း ခေါင်းမော့ကာ ကောင်းကင်မှ ပုံရိပ်ကြီးဆီသို့ အော်ဟစ်လိုက်သည်။

"အဆုံးမဲ့ ကစဥ့်ကလျားဖြစ်စေ..."

"တစ်ဆူတည်းသော အရှင်.."

ကြွေးကြော်သံနှင့်အတူ သူမ၏ ဖြူစင်သော လက်ကလေးမှ အလင်းတန်းများ ထွက်ပေါ်လာပြီး သေမင်းကို ရင်ဆိုင်ရမည်ကို သိလျက်နှင့် မတွန့်မဆုတ်ဘဲ ရှေ့သို့ ပြေးဝင်သွားတော့သည်။

သူမလှုပ်ရှားလိုက်သည်နှင့် ကျိယွမ်၏ အသံမှာလည်း ကောင်းကင်တွင် ပဲ့တင်ထပ်သွား၏။

"အထက်မေးရိုးမှာ ဒဏ်ရာရထားတယ်"

"နတ်ဘုရားစွမ်းအင်တွေက ခေါင်းထဲမှာ အများဆုံး စုနေတာ"

၎င်းသည် ယန်နတ်ဘုရား၏ ရောင်ပြန်ဟပ်မှုမျှသာ ဖြစ်သော်လည်း အကောင်အထည်မရှိသော ကျိယွမ်ကိုပင် သက်ရောက်မှုရှိနေသည်။ သူ၏ ခန္ဓာကိုယ်မှာ တုန်ရင်နေပြီး နတ်ဘုရားပေါက်များမှာလည်း ရန်သူနှင့် ရင်ဆိုင်နေရသကဲ့သို့ တုန်ခါလာ၏။

ရောင်ပြန်ဟပ်မှုကပင် ဤမျှ ကြောက်စရာကောင်းပါက အစစ်အမှန်ယန်နတ်ဘုရားဆိုလျှင်တော့ မည်မျှ အစွမ်းထက်မည်ကို သူတွေးပင် မတွေးရဲပေ။

တိုက်ပွဲသည် ရှုံးနိမ့်ရန် သေချာသော်လည်း ကျိယွမ်သည် မယ်တော်ကို ကူညီရန် အချက်အလက်များကို ဆက်လက်စုဆောင်းပေးနေခဲ့သည်။

ကောင်းကင်ယံမှာတော့ သွေးရောင်အလင်းတန်းနှစ်ခု ထိပ်တိုက်တွေ့ကြပြီး မယ်တော်သည် သူမ၏ နတ်ဘုရားစွမ်းအင်အားလုံးကို လောင်မြိုက်ကာ ရန်သူကို တားဆီးထားသည်။

"ငါ ဘယ်သူလဲဆိုတာ မင်း ဘယ်လိုသိတာလဲ။ ငါ့အထက်မေးရိုးက ဒဏ်ရာကိုရော ဘယ်လိုသိတာလဲ"

အံ့သြသံကြီးတစ်ခုက ထိုအရပ်မှထွက်ပေါ်လာသည်။ ထိုကြောက်မက်ဖွယ် ပုံရိပ်သည် တစ်စုံတစ်ယောက်ကို ရှာဖွေနေသကဲ့သို့ မြေပြင်ကို ဝေ့ဝဲကြည့်လိုက်ရာ တောင်တန်းများပင် ဖယ်ရှားခံလိုက်ရသလိုပျောက်ကွယ်သွားပြီး ကောင်းကင်တိုင်ကြီးတစ်ခုတည်းသာ ထီးတည်းကျန်ရစ်တော့သည်။

သို့သော် ကျိယွမ်သည် ဤကမ္ဘာမှ မဟုတ်သဖြင့် ထိုတိုက်ခိုက်မှုများက သူ့ကို မထိခိုက်စေနိုင်ပေ။

မယ်တော်၏ လှပသော မျက်နှာတွင် သွေးများဖုံးလွှမ်းသွားပြီး သူမ၏ နတ်ဘုရားနယ်ပယ်မှာလည်း ပျက်စီးသွားသည်။ သူမသည် ဒဏ်ရာပြင်းထန်နေသည့်ကြားမှ အားယူကာ ဟစ်အော်လိုက်ပြန်သည်။

"သူ့ရဲ့ မျက်လုံးတွေအကြောင်း ပြောပြဦး..."

"နင် ဘယ်သူနဲ့ စကားပြောနေတာလဲ"

ယန်နတ်ဘုရားပုံရိပ်ကြီးက သူမအား နားမလည်နိုင်စွာ မေးသည်။

ကျိယွမ်ကလည်း ထိုပုံရိပ်ကြီး၏မျက်လုံးနှင့်ပတ်သက်သော အချက်အလက်များကို အမြန်ပြောပြလိုက်သည်။

မယ်တော်က သူပြောသည့်အတိုင်း ချက်ချင်းတိုက်ခိုက်လိုက်သဖြင့် ယန်နတ်ဘုရား၏ ဆင်းသက်မှုကို နှောင့်နှေးသွားစေပြန်သည်။

"ယုတ်ညံ့တဲ့ ပိုးကောင်ကများ..."

ထိုပုံရိပ်သည် သူမမြင်ရသောတည်ရှိမှု (ကျိယွမ်) ကြောင့် ပို၍ ဒေါသထွက်လာပြီး သူမ၏ ဒေါသအားလုံးကို မယ်တော်အပေါ်သို့ ပုံချလိုက်တော့သည်။

ယန်နတ်ဘုရား၏ ဒေါသတကြီးဖိနှိပ်မှုကြောင့် အစားရှောင်မယ်တော်၏ သွယ်လျသောခန္ဓာကိုယ်လေးမှာ ဓားဖြင့်အခုတ်ခံရသကဲ့သ်ု့ အပိုင်းပိုင်းပြတ်ကာ သွေးများ စီးကျလာခဲ့၏။

"သေလိုက်တော့..."

ယန်နတ်ဘုရား၏ ဒေါသတကြီးတိုက်ခိုက်မှုအဆုံးမှာပင် အသက်ရှူကြိမ် ၂၀ ပြည့်သွားခဲ့လေပြီ။

အစားရှောင်မယ်တော်၏ နုနယ်သောခန္ဓာကိုယ်လေးသည် ဝိညာဥ်ပါမကျန်အောင် စုတ်ဖြဲခံလိုက်ရသော်လည်း သူမအောင်မြင်ခဲ့ပါသည်။

မယ်တော်၏ သွေးစွန်းနေသော မျက်နှာတွင် သမားစရာအပြုံးလေးတစ်ခု ပေါ်လာပြီး ကျိယွမ်ရှိနေသော အရပ်သို့နှုတ်ဆက်သလို ကြည့်သည်။

"ငါ... ကောင်းကင်တိုင်လုံးကို စောင့်ရှောက်မယ်ဆိုတဲ့ကတိကို တည်ခဲ့ပြီ။ ငါ အမြဲသိချင်ခဲ့တဲ့ အဆုံးသတ်ကိုလည်း ရှာတွေ့ခဲ့ပြီ။"

"ငါ..ငါ ဒီဘဝအတွက် နောင်တမရှိတော့ဘူး"

"ကျန်တဲ့ ခရီးစဉ်ကတော့... ရှင့်အပေါ်မှာပဲ မူတည်တော့တယ်"

နောက်ဆုံးစကားနှင့်အတူ မယ်တော်၏ လှပသောခန္ဓာကိုယ်မှာ အလုံးစုံကြေမွပျက်စီးသွားပြီး နတ်ဘုရားစွမ်းအင်များမှာ ကြယ်ပွင့်များကဲ့သို့ အရပ်ရပ်သို့ လွင့်စင်သွားတော့သည်။

ကျိယွမ်သည် သူ၏အနီးသို့လွင့်စင်လာသော အပိုင်းအစတစ်ခုကို အမှတ်တမဲ့ ဖမ်းဆုပ်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပါ ။

နောက်ဆုံးတွင် ယန်နတ်ဘုရား၏ ဝါးမြိုခြင်းပုံရိပ်သည် ကောင်းကင်တိုင်လုံးကြီးအား ပြင်းထန်စွာဝင်တိုက်လိုက်ရာ ဖန်ထုန်နယ်မြေကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ဒဏ္ဍာရီလာ ပုဂ္ဂိုလ် ၆ ဦးလည်း ပျောက်ကွယ်သွားကြတော့သည်။

ပျက်စီးသွားသော မြေပြင်ကို ကြည့်ရင်း ကျိယွမ် ကြောင်အ နေခဲ့သည်။

"ဒါဟာ အခုလိုမျိုး ကြေကွဲစရာနဲ့ အဆုံးသတ်မယ်ဆိုတာကို ငါသိသင့်ခဲ့တာ။ ငါ မကြည့်ခဲ့သင့်ဘူး "

သူသည် နောင်တအနည်းငယ် ရမိသော်လည်း တစ်ဖက်တွင်လည်း ကျေနပ်မှုကို ခံစားရ၏။

"အချိန်စေ့ပြီ...ငါလည်း ပြန်ဖို့ အချိန်တန်ပြီ"

ကျိယွမ်သည် ဗလာဖြစ်နေသော ပတ်ဝန်းကျင်အား ဝေ့ဝဲကြည့်လိုက်သည်။

အနီရောင်ဝတ်စုံဖြင့် တောက်ပနေခဲ့သော အေးစက်စက်အလှတရားတစ်ခုက ယခုလိုပင် ပျောက်ကွယ်သွားခဲ့လေပြီလား ...။

နှုတ်ဆက်ပါတယ် မိန်းခလေးရယ်...။

................

ဘိုးဘွားရိပ်သာနယ်မြေ၏ အဝင်ဝသို့ ရောက်လာသော လူထွားကြီးမှာ ယခုတစ်ခေါက် သူ၏ရိတ်သိမ်းမှုက အကောင်းဆုံးဖြစ်မည်ဟု တွေးကာ အလွန်ဝမ်းသာနေသည်။

သို့သော် အနားရှိ မဟာအုပ်စိုးရှင် ၃ ဦး၏ အကြောင်းရင်းမရှိဘဲ ရန်လိုနေသော အကြည့်များကြောင့် သူ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေရသည်။

သူ့ဘာသာ ပြန်မလာသေးတာ ငါနဲ့ဘာဆိုင်လို့လဲ ။

ယခုအချိန်ထိ မူလနတ်ဘုရားပြန်မလာသေးသဖြင့် ထိုမဟာအုပ်စိုးရှင်သုံးဦးက အလွန်စိတ်မရှည်ဖြစ်နေကြပုံပင်။

သူတို့က တည်ငြိမ်စွာပင်ထိုင်မနေနိုင်ကြဘဲ တောင်လျှောက် မြောက်လျှောက် လုပ်နေကြ၏။

သာမန်လူများဆိုလျှင် မျက်စိနောက်တယ် ဟု သူငေါက်ပစိမှာ သေချာသည်။ ယခုတော့ ဘာမှမတတ်နိုင်ဘဲ ငြိမ်ကုပ်နေရုံသာရှိ၏။

နောက်ထပ် တစ်နာရီခန့်အကြာတွင် နယ်မြေအတွင်းမှ လှုပ်ရှားမှုများ ထွက်ပေါ်လာခဲ့သည်။

"မူလနတ်ဘုရား ဖြစ်ပါစေ"

"သူမသေပါစေနဲ့ .."

မဟာအုပ်စိုးရှင်များက ဝင်ပေါက်အားကြည့်ကာ ကျိတ်ပြီးဆုတောင်းနေကြ၏။

မကြာမီမှာပင် မြူခိုးများကြားမှ လူ ၂၁ ဦး ဘွားခနဲ ထွက်ပေါ်လာသည်။

"ပြန်ရောက်ပြီဟေ့...."

"ငါကျူးကြီး ပြန်လာပြီလို့ ..."

အားလုံးမှာ နယ်မြေအပြင်ဘက်သို့ ပျော်ရွှင်စွာ ခုန်ထွက်လာကြ၏။

ကုပ်ချောင်းချောင်းလေး ထိုင်နေခဲ့သော လူထွားကြီးမှာ ထိုလူများ၏အရှိန်အဝါများကို မြင်လိုက်ရသောအခါ အံ့သြတုန်လှုပ်သွားသည်။

"ဘာ..ဘာတွေဖြစ်ကုန်တာလဲ "

သူသိခဲ့သောသူများက သူမသိနိုင်သောသူများအဖြစ်ပြောင်းလဲသွားကြသည် မဟုတ်ပါလား။

"မူလနတ်ဘုရား...မင်းနောက်ဆုံးတော့ ထွက်လာပြီပဲ"

"ကောင်းတယ် အရမ်းကောင်းတယ် "

လီရှန်း မဟာအုပ်စိုးရှင်က ဝမ်းသာအားရ ကြိုဆိုလိုက်သည်။

ကျိယွမ်က ထိုအဘ်ုးအိုသုံးယောက်ကို မသိသဖြင့် ကြောင်တောင်တောင်ဖြစ်နေသည်။

"ခင်ဗျားတို့က ဘယ်သူလဲ"

မဟာအုပ်စိုးရှင်လီရှန်းက သူသည် မိုးကြိုးနတ်ဘုရားကြီးရှန်လဲ့ ၏ မိတ်ဆွေဖြစ်ကြောင်း ရှင်းပြ၏။

တစ်ဆက်တည်းမှာပင် လီရှန်း၏အကြည့်က အရှိန်အဝါများပြင်းထန်နေသော ရွာသားများအပေါ်သို့ ကျရောက်သွားသည်။

အသစ်စက်စက် နတ်ဘုရားတွေ... ။

"မင်း သူတို့ကို ခုနကနတ်ဘုရားပုံရိပ်ဖော်နည်းစနစ်တွေ ပေးလိုက်တာလား"

ကျိယွမ်က အေးဆေးစွာပင် ခေါင်းညိတ်ပြသည်။

"ဟုတ်တယ်၊ ရှစ်ယောက်ဆိုတော့ ရှစ်ခုလုံးပေးလိုက်တယ်"

အတုမရှိသော သူတော်စင်အဆင့် နည်းစနစ်များကို လွယ်လွယ်ကူကူ ပေးလိုက်ခြင်းကြောင့် လီရှန်းမှာ နှမြောတသ ဖြစ်သွားရသည်။

သူကရွာသားများကို ကြည့်ကာသက်ပြင်းချမိမလိုဖြစ်သွားပြီးမှ ၄င်းတို့တစ်ယောက်စီတိုင်းသည် နတ်ဘုရားနယ်ပယ်မျိုးစေ့များ နိုးထနေသည်ကို တွေ့ရသဖြင့် ထိတ်လန့်သွား၏။

"ဒါ..ဒါက ဘယ်လိုဖြစ်နိုင်တာလဲ"

သူက ကျိယွမ်ကို မယုံနိုင်စွာမေးမိသည်။

"သူတို့က အားနည်းနေလို့ အားဆေးရည်တိုက်လိုက်တာပါ"

ကျိယွမ်ကတော့ ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်သည်။

လူထွားကြီးမှာ အံ့သြရာမှ မနာလိုစိတ်များဖြင့် ပေါက်ကွဲလုနီးပါး ဖြစ်နေ၏။ သူသည် နတ်ဘုရားပေါက် ၃ ပေါက် ဖွင့်နိုင်ခဲ့သဖြင့် အလွန်ဝမ်းသာနေခဲ့သည်။ သိူ့သော် နတ်ဘုရားပေါက် ၃ ခုသည် နတ်ဘုရားနယ်နယ်ပယ်မျိုးစေ့များနှင့် ယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။

မနာလိုလွန်းလို့ ရူးတော့မယ် ။ သူတို့က ဘယ်လိုတွေတောင် ကံကောင်းတာလဲ။

လီရှန်းသည် ကျိယွမ်၏နောက်မှ နတ်ဘုရားများကို ကြည့်ကာ ခေါင်းညိတ်၏။ အနာဂတ်တွင် ရရှိလာမည့်အင်အားစုကို တွေးမိသောအခါ တော်တော်လေး အားတက်သွားပြီး ပြုံးလိုက်မိသည်။

"ငါတို့ ပြန်ဖို့ အချိန်တန်ပြီ။ အားလုံးပဲ နှုတ်ဆက်ပါတယ်"

ကျိယွမ်က မဆိုင်သောသူများနှင့် အချိန်မဖြုန်းချင်သောကြောင့် ချက်ချင်း ထွက်ခွာရန် ပြင်လိုက်သည်။

လီရှန်းနှင့်တကွ အခြားမဟာအုပ်စိုးရှင်နှစ်ပါး မျက်လုံးပြူးသွားလေသည်။

ဒီကောင်လေးကလည်း စိတ်မြန်ချက် ။

"မူလနတ်ဘုရား ..ခနနေပါဦး .."

---------------

အခန်း ၂၀၉ - ထွက်ပြေးရမှာလား ၊ဆောရီးပဲ.. ဒါက ငါ့စတိုင်လ် မဟုတ်ဘူး

All Chapters