← Chapters

အခန်း (၁၅၁၆-၁၅၁၈)

Vol. 102 Ch. 1516-1518

အခန်း (၁၅၁၆-၁၅၁၈)

Vol. 102 Ch. 1516-1518

အခန်း(၁၅၁၆) ဆန်းကြယ်နန်း‌ဆောင်သခင်ကို သုတ်သင်ခြင်း

ချူးယွင်ဖန်းသည် လက်ဝဲဘုရင်ကို တစ်ချက်တည်းဖြင့် သတ်လိုက်သောအခါ အနည်းငယ် မယုံနိုင်ဖြစ်ခဲ့သည်။ ထိုစဉ်က သူသည် လက်ယာဘုရင်ကို အနိုင်ယူနိုင်ခြင်းမရှိဘဲ လက်ယာဘုရင်က အပြည့်အဝ နေရာကူးပြောင်းနိုင်သွားခြင်းမရှိနိုင်သော အချက်ကို အခွင့်ကောင်းယူခဲ့ရသည်။ သို့သော် အချိန်ကုန်လွန်ခဲ့ပြီး ယခုအခါ လက်ယာဘုရင်ထက် များစွာပို၍ အစွမ်းထက်သော လက်ဝဲဘုရင်သည် ချူးယွင်ဖန်းကို မတားဆီးနိုင်ခဲ့ပေ။

လှုပ်ရှားမှုအချိန်တို‌လေးအတွင်း၌ ၎င်းတို့အားလုံး သေဆုံးသွားခဲံကြသည်။

သူ၏ လက်ရှိအင်အားနှင့်ဆိုပါက ချူးယွင်ဖန်းသည် ကမ္ဘာ့နံပါတ်တစ်အဖြစ် လူသိများသည့် တခန်းထက်ပင် သာလွန်နေနိုင်သည်။ သူသည် ယခုအချိန်၌ ကမ္ဘာ့နံပါတ်တစ်ဟုပင် မရေမရာဖြစ်လာခဲ့ပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် ရှေးဟောင်းလူ့ဘီလူးများ ရှိမရှိ သူမသိသော်လည်း ရှိခဲ့လျှင် မည်သို့ နည်း။

ကျင့်ကြံမှုနှင့်ပတ်သက်၍ လူများသည် အသက်ကြီးလာရုံနှင့် ပိုမို အစွမ်းထက်လာခြင်းမဟုတ်ပေ။ ချူးယွင်ဖန်းက ကမ္ဘာပေါ်တွင်ရှိသော အမွေအနှစ်များစွာက မပြည့်စုံသည်နှင့် ၎င်းတို့၏အနာဂတ်လမ်းကြောင်းများ ပျက်ဆီးသွားသည်ကိုမြင်နိုင်သည်။

ဤသည်က ပြည်ထောင်စု၏ အခြေအနေနှင့်ဆင်တူသည်။ သို့သော် နှိုင်းယှဥ်ကြည့်ပါက ဝိဉာဥ်နယ်မြေမှ ကြီးမားသော ဂိုဏ်းအမျိုးမျိုးသည် တူညီသော ပုံစံကို လိုက်နာရမည့် ကံကြမ္မာရှိသည်။ ၎င်းတို့၏ ရှေ့ဆက်သွားမည့် လမ်းကြောင်းက ဖြတ်တောက်ခံထားရကာ ရှေ့ဆက်သွားမည့် လမ်းကြောင်းကို ပြန်လည်ထူထောင်ရန် အလွန် ခက်ခဲပေလိမ့်မည်။ ဂိုဏ်းတစ်ခုအတွက် တပည့် သိန်းချည်ရှိရန် လုံလောက်ပြီးသား ဖြစ်သော်လည်း ၎င်းတို့အားလုံး သတိရှိနေကြသောကြောင့် ၎င်းတို့၏ အစွမ်းသတ္တိကို အပြည့်အဝ အသုံးမပြုနိုင်ပေ။ ပြည်ထောင်စုကဲ့သို့ ရှေ့ဆက်သွားးရမည့် လမ်းကြောင်းကို ဆက်လျှောက်ရန် လူသား ဘီလီယံပေါင်းများစွာကို စည်းရုံးရန် ၎င်းတို့အတွက် နည်းလမ်းမရှိပေ။

လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ဝိဉာဥ်နယ်မြေရှိ ဂိုဏ်းများနှင့် ရာစုနှစ်များအကြာတွင် ဂိုဏ်းများအကြား ကွာခြားချက်များ မရှိခဲ့ပေ။ တစ်စုံတစ်ယောက်၏ ခွန်အားသည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားလျှင်ပင် ၎င်းသည် လူတစ်ဦးတွင်သာ ဖြစ်ပွားလိမ့်မည်။

ပြည်ထောင်စုကမူ ကွာခြားသည်။ ၎င်းတို့က အဆင့်တက်ပြီးသည်နှင့် ကျွမ်းကျင်သူ အများအပြားသည် ရေနံတွင်း တစ်တွင်းကဲ့သို့ ပေါ်လာလိမ့်မည်။ ရာစုနှစ်အနည်းငယ်ကြာပါက ပြည်ထောင်စု၏ သိုင်းပညာ ဖွံ့ဖြိုးတိုးတက်မှုတွင် ကမ္ဘာကို တုန်လှုပ်စေမည့် ပြောင်းလဲမှုများ ဖြစ်ပေါ်စေလိမ့်မည်ဖြစ်သည်။ ချူးယွင်ဖန်းသည် ဤလောကတွင် ပုန်းအောင်းနေသော အစွမ်းထက်သော လူ့ဘီလူးအိုများကို မကြောက်ရွံ့ပေ။ ဤသည်မှာ ဝိဉာဥ်နယ်မြေမှ အခြေအနေဖြစ်သည်။

နန်းဆောင်သခင်က ချူးယွင်ဖန်းကို စိုက်ကြည့်နေသည်။ သူသည် ရေခဲဂူထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရကာ ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်၏ ပစ်မှတ်ထားခြင်းကို ခံရသကဲ့သို့တွေးမိသည်။

“ကျန်းဝူချန် မင်း ငါ့ကို သတ်လို့မရဘူး” နန်း‌ဆောင်သခင်က အလျင်အမြန်ပြောလိုက်သည်။

"ငါတို့မှာ တစ်ယောက်နဲ့တစ်ယောက် နက်နက်ရှိုင်းရှိုင်းမုန်းတီးမှု မရှိဘူး”

သူသည် ယခင်ကကဲ့သို့ စိတ်ဓာတ်မကျတော့ပေ။ သူမလာခင်က သူသည် ခွန်အားအပြည့်နှင့် ခရမ်းရောင်မိုးကြိုးမက်မွန်သီးကို သိမ်းပိုက်ပြီး သူ့ရဲ့ကျင့်ကြံမှုကို တိုးတက်အောင်လုပ်နိုင်မည်ဟု ထင်ခဲ့သည်။ သူသည် ကမ္ဘာပေါ်တွင် နံပါတ်တစ် ကျွမ်းကျင်သူ ဖြစ်လာကာ တခန်းနှင့် ယှဥ်ပြိုင်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။

ဤကဲ့သို့ လူ့ဘီလူကြီးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ဤသည်က သူ၏ မျှော်လင့်ချက်များထက် ကျော်လွန်သည်။ သူ တစ်ခါမျှ ဤမျှကြီးမားသော ဆုံးရှုံးမှုမျိုးကို မကြုံခဲ့ဖူးပေ။

တစ်လျှောက်လုံးတွင် သူ၏ တွက်ချက်နိုင်စွမ်းကို အားကိုးခဲ့ကာ ဆုံးရှုံးမှု ရှားရှားပါးပါးသာ ကြုံတွေ့ခဲ့ရသည်။ ပုံမှန်အားဖြင့် ထွက်မသွားခင်တွင် သူ အောင်မြင်မည်လော မအောင်မြင်မည်လောကို သိရန်အတွက် သူ၏ ကံကြမ္မာကို ဖတ်လေ့ရှိသည်။ ဤအစီအစက်က ချူးယွင်ဖန်းကို လုံးဝအောင်မြင်စေလိမ့်မည်ဟု မည်သူက ထင်မည်နည်း။

မူလက သူ၏ ဟောကိန်းများသည် လိုချင်သည့်အရာကို ရရန် အခွင့်အရေးများသည်ဟု ပြသခဲ့သည်။ အသက်အန္တရာယ်ရှိသော ကပ်ဘေးတစ်ခုဖြစ်လာလိမ့်မည်ဟုမူ မဖော်ပြထားပေ။ ဤအခြေအနေအတွက် ဖြစ်နိုင်ခြေတစ်ခုသာ ရှိကာ… ချူးယွင်ဖန်းက အလွန် ကံကောင်းသော လူတစ်ဦးဖြစ်နေသောကြောင့်ဖြစ်သည်။ ဤသို့သောသူမျိုးသည် ကောင်းကင်နှင့်မြေကြီးက ကောင်းချီးပေးခံရခြင်းဖြစ်စသည်။ ထိုအချိန်ကျမှ သူ၏ တွက်ချက်မှုများမှ လွတ်မြောက်နိုင်လိမ့်မည်။

“ဟုတ်တယ် အရင်က ငါတို့မှာ နက်ရှိုင်းတဲ့ အမုန်းတွေမရှိဘူး” ချူးယွင်ဖန်းက ဘာသိဘာသာပြောလိုက်သည်။

သူသည် အတိတ်တွင် ဆန်းကြယ်နန်းဆောင်နှင့် ပဋိပက္ခဖြစ်ခဲ့သော်လည်း လျို့ဝှက်ဆန်းကြယ်သော အဆောက်အဦဌာနခွဲကို ခေါင်းငုံ့ခိုင်းရန်သာ ဖိအားပေးခဲ့သည်။ ၎င်းတို့ကဲ့သို့ ကြီးမားသော ပုဂ္ဂိုလ်များအတွက် ဤသို့သော ပဋိပက္ခက မည်သို့မျှမဟုတ်ပေ။ ဆန်းကြယ်နန်းဆောင်ခွဲကို တာဝန်ယူထားသူသည် မျက်စိကန်းကာ သူ့အဆင့်ရှိသော ကျွမ်းကျင်သူတစ်ဦးကို ဆွပေးခဲ့ခြင်းဖြစ်သည်။ ဆန်းကြယ်နန်းဆောင်မှ လူများတွင် လုံလောက်သော ဉာဏ်ရည်ရှိသရွေ့ ဤကိစ္စကို အတင်းအကြပ် မလုပ်ကြပေ။

ယင်းက ယခင်ကသာဖြစ်သည်။

“မင်းနဲ့ အခြားသူတွေက ငါ့ကို ဝိုင်းရံဖို့ ကြိုးစားလိုက်တဲ့အခါမှာတော့ အားလုံး ပြောင်းလဲသွားတယ်” ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

"ကျန်းဝူချန်၊ အရမ်းလွန်မလာနဲ့” နန်းဆောင်သခင်က အံကြိတ်ကာ ပြောလိုက်သည်။

“လွန်တယ်ဟုတ်လား။ ငါသာ အင်အားနည်းနေရင်ရော မင်း ငါ့ကို လွှတ်ပေးမှာလား” ချူးယွင်ဖန်းက အေးစက်စွာ ပြောလိုက်သည်။ ယခင်က နှစ်ဖက်ကြားတွင် ပြန်လည်သင့်မြတ်ရေးအတွက် နေရာရှိခဲ့လျှင် ယခုတော့ မရှိတော့ပေ။

ဆန်းကြယ်နန်းဆောင်က ထိန်းချုပ်ထားသော စွမ်းအားသည် အံ့အားသင့်ဖွယ်ကောင်းလာက်အောင်ကြီးမားသည်။ ချူးယွင်ဖန်းသည် မကြောက်သော်လည်း ဆန်းကြယ်နန်းဆောင်က သူ့အပေါ်တွင် ယုတ်မာလိုပါက ယုတ်မာနိုင်သည်။ ဤသည်ကို စဥ်းစားကာ ချူးယွင်ဖန်းက တုံ့ဆိုင်းမနေတော့ပေ။

“အဲ့လိုဆိုရင် ငါသေရင်တောင် မင်းကို လွယ်လွယ်နဲ့ လွှတ်ပေးမှာမဟုတ်ဘူး။ မင်းကို ငါနဲ့အတူတူ သေစေချင်တယ်”

ချူးယွင်ဖန်းက သူ့ကို ဘယ်သောအခါမှ အလွှတ်ပေးမည်မဟုတ်ကြောင်း နန်းဆောင်သခင်က နားလည်သည်။ သူသည်လည်း ဤသို့သောအခြေအနေမျိုးတွင်ရှိနေပါက လွှတ်ပေးမည်မဟုတ်ပေ။ ပေါင်းပင်များကို ခုတ်ကာ အမြစ်များကို ဖယ်ရှားပစ်ခြင်းက ပုံမှန်သာဖြစ်သည်။

ဘမ်း

နန်းဆောင်သခင်ထံမှ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ပေါ်ထွက်လာသည်။ အနည်းဆုံး ယခင်ကထက် အဆင့်တစ်ခု မြင့်မားနေသည်။ မရေမတွက်နိုင်အောင် များပြားလှသော မိုးကြိုးစွမ်းအင်များသည် သူ့ပတ်လည်တွင် စီးဆင်းနေသည်။ သူသည် မိုးကြိုးနည်းစနစ်များကို လေ့ကျင့်ခဲ့သောကြောင့် ဤမိုးကြိုးတောင်ကြားသည် သူ၏ဇာတိမြေဖြစ်သည်။

"မိုးကြိုးလက်သည်း!"

နန်းဆောင်သခင်က ကြုံးဝါး၍ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ မိုးကြိုးတစ်ချက်က ချူးယွင်ဖန်းကို တိုက်ရိုက် ထိမှန်သွားသည်နှင့် ကမ္ဘာမြေကြီးတစ်ခုလုံး တုန်ခါသွားသည်။

"သေးငယ်တဲ့ လှည့်ကွက်တွေ!"

ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပတ်လည်တွင် မရေမတွက်နိုင်သော မိုးကြိုးမုန်တိုင်းများ စုဝေးလာပြီး ပျောက်ကွယ်သွားသော ဓားအလင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

မိုးကြိုးမုန်တိုင်းလက်သည်းကို ချူးယွင်ဖန်းက လေထဲတွင် ဖြတ်တောက်လိုက်သည်။

နောက်တစ်ခဏအတွင်း၌ပင် ချူးယွင်ဖန်းက နောက်ထပ်တိုက်ခိုက်မှုတစ်ခုကို စတင်လိုက်သည်။ လျပ်တစ်ပျက်အတွင်း၌ပင် သူသည် နန်းဆောင်သခင်ရှေ့သို့ရောက်ရှိလာသည်။ နန်းဆောင်သင် ပတ်လည်ရှိ အစွမ်းထက်သော စွမ်းအင်သည် ချူးယွင်ဖန်း၏ ချီတက်မှုကို မတားဆီးနိုင်ဘဲ ချက်ချင်း ပြိုကွဲသွားခဲ့သည်။

"ငရဲကိုသွားတော့” ချူးယွင်ဖန်းက ဘာသိဘာသာပြောလိုက်သည်။

သူက ငန်းတစ်ကောင်တမျှ မြန်သော သူ့ဓားနှင့်ချိန်ရွယ်လိုက်သည်။ ခဏတာအတွင်း၌ပင် ယင်းက နန်းဆောင်သခင်၏ လည်ချောင်းကို ထိုးဖောက်ဝင်ရောက်သွားသော ထိတ်လန့်ဖွယ် ဓားအလင်းတစ်ခုအဖြစ်‌ပြောင်းလဲသွားသည်။

နန်းဆောင်သခင်၏ အကာအကွယ်စွမ်းအင်သည် ချက်ချင်း ပေါက်ကွဲသွားကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ

ကာကွယ်ရေးဝိညာဉ်သံချပ်ကာသည် ပေါက်ကွဲသွားသည်။ ဤကာကွယ်ရေးအားလုံးသည် ချူးယွင်ဖန်းရှေ့တွင် စက္ကူကဲ့သို့ဖြစ်သည်။

နန်းဆောင်သခင်က မယုံနိုင်စွာ မျက်လုံးပြူးကျယ်သွားသည်။ ချူးယွင်ဖန်းက အလွန်မြန်လွန်းသည်။ အလွန်မြန်လွန်းသဖြင့် အချိန်မီ မတုံ့ပြန်နိုင်ပေ။ တစ်ချိန်တည်းမှာပင်၊ ဤဓား၏ စွမ်းအားက အလွန်ကြောက်စရာကောင်းကာ သူ့လည်ချောင်းကိုပင် ထိုးဖောက်ဝင်ရောက်သွားသည်။

ဤသာမန်ဓားသည် မည်ကဲ့သို့ ဤမျှ ကြောက်စရာကောင်း‌သော စွမ်းအားရှိနိုင်မည်ကို စိတ်ကူး၍ပင် မရပေ။

ဤအရာအားလုံးကို ဖော်ပြရန် အချိန်အတော်ကြာသော်လည်း ခဏတာအတွင်း ဖြစ်ပျက်သွားခဲ့သည်။ ချူးယွင်ဖန်းသည် နန်းဆောင်သခင်ကို ဓားတစ်ချက်တည်းဖြင့် သတ်လိုက်သည်နှင့် တောင်ငယ်လေးတစ်ခုခန့်ရှိသော အလောင်းတစ်ခု ပျံဝဲလာသည်။ ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးစွမ်းအင်သည် ကောင်းကင်မှ ကျရောက်လာသည်။

ဘမ်း

မိုးကြိုးများသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ကျရောက်သော်လည်း သူရှောင်တိမ်းခြင်း မပြုခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ သူ့ခန္ဓာကိုယ်ပတ်လည်တွင် မိုးကြိုးမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး သူ၏နတ်ဘုရားစွမ်းအားကို ပြန်လည်ဖြည့်တင်းရန် မိုးကြိုးမုန်တိုင်းများကို သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူထားပုံရသည်။

"ငါ မင်းကို လိုက်မရှာတာကို မင်း ဝမ်းသာသင့်တယ်။ မင်းက တကယ်ပဲ ငါ့ကို ပြဿနာရှာရဲတာလား" ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။

"တိရစ္ဆာန်ဆိုတာ အမြဲတမ်း တိရစ္ဆာန်ပဲ ဖြစ်လိမ့်မယ် ထင်တယ်"

အခန်း(၁၅၁၇) တိုက်ပွဲခွန်အား သိသိသာသာ တိုးတက်လာခြင်း

အခြားနည်းလမ်းတစ်ခုခုသာဆိုပါက ချူးယွင်ဖန်းအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်နိုင်သည်။ သို့သော် မိုးကြိုးစွမ်းအင်က သူ့ကို ထိခိုက်စေရန် မလုပ်ဆောင်နိုင်ပေ။ သူက ယင်းတို့အားလုံးကို စုပ်ယူခဲ့သည်။

ချူးယွင်ဖန်း၏ မိုးကြိုးအပေါ် စွဲလမ်းမှုသည် ဤသားရဲထက်ပင် ပိုမိုအားကောင်းသည်။

"အားးးး!"

သားရဲ၏ နောက်ထပ် တိုက်ခိုက်မှုက နီးကပ်စွာ လိုက်ပါလာသည်။ ပြင်းထန်သော ဟိန်းဟောက်သံတစ်ခုထွက်ပေါ်လာပြီးနောက် မရေမတွက်နိုင်အောင် များပြားလှသော မိုးကြိုးစွမ်းအင်များက လှိုင်းများအဖြစ်ပြောင်းလဲသွားကာ ချူးယွင်ဖန်းဆီ ရိုက်ခတ်သွားသည်။ သားရဲသည် မိုးကြိုးလှိုင်းပေါ်တွင် ရပ်နေကာ အလွန် အစွမ်းထက်ပုံပေါ်နေသည်။

အစောပိုင်းက ဝိုင်းရံတိုက်ခိုက်မှုကြောင့် သေလုနီးနီး ဖြစ်ခဲ့ရသော်လည်း ၎င်းသည် နှောင်းပိုင်း ရွှေအမတေပုံစံအဆင့် သားရဲတစ်ကောင်ဖြစ်သောကြောင့် သူ၏ နတ်စွမ်းအားများကို သုတ်လိုက်သည်နှင့် ကြောက်လန့်ဖွယ်ကောင်းလွန်းသည်။ ချူးယွင်ဖန်းသည် အခြားမည်သူမျှ မရှိသောကြောင့် ထိန်းထားရန် မလိုအပ်တော့ပေ။ သူက “အံ့ဖွယ် လက်သီး ရှစ်ချက်!” ဟု အော်လိုက်သည်။

ကျစ်ကျစ်ပါအောင်ဆုပ်ထားသော လက်သီးကို မိမိဘက်သို့ ဆွဲပြီးမှ ခွန်အားအပြည့်နှင့် ပြန်ထိုးလိုက်သည်။

ကောင်းကင်ကြီး ပြိုကျသွားပြီး မြေကြီးလည်း အက်ကွဲသွားသည်။ ဧရာမပုံရိပ် ရှစ်ခုသည် ကောင်းကင်တွင် ကြောက်မက်ဖွယ်ကောင်းသော ရေစီးကြောင်းကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ အရာအားလုံးကို အပိုင်းပိုင်းဆုတ်ဖြဲလိုက်သည်။ မိုးကြိုးစွမ်းအင်ဖြင့် ဖြစ်ပေါ်လာသော ဧရာမလှိုင်းလုံးကြီးသည် ချက်ချင်းပင် ပြိုကွဲသွားသည်။ တိုက်ခိုက်မှုသည် ၎င်း၏အရှိန်အဟုန်ကို လျှော့ချခြင်းမရှိဘဲ သားရဲအပေါ်သို့ ကျရောက်သွားသည်။

ဘမ်း

သားရဲသည် နောက်သို့ ပျံသန်းသွားစဉ် နာကျင်စွာ အော်ဟစ်လိုက်သည်။ ၎င်းနှင့် ချူးယွင်ဖန်းတို့သည် ရွှေအမတေပုံစံ အဆင့်၏ နောက်ဆုံးတိုက်ခိုက်ရေးအစွမ်းကို ပိုင်ဆိုင်ထားသော်လည်း ထိုသားရဲသည် ချူးယွင်ဖန်းထက် များစွာနိမ့်ကျကြောင်း ထင်ရှားသည်။ လက်သီးတစ်ချက်ကြောင့် ပျံသန်းသွားခြင်း ဖြစ်သည်။

ဤအချိန်တွင် ပြင်ပလူများ မရှိသေးသောကြောင့် ချူးယွင်ဖန်းသည် မလိုအပ်သောကြောင့် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်း မရှိပေ။

"အားးးး!"

သားရဲက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ပြန်ခုန်ပေါက်ချင်စိတ်ဖြင့် ထရပ်ရန် ရုန်းကန်လိုက်သည်။

မရဏကမ္ဘာပထမကန်ချက်

ချူးယွင်ဖန်း အော်ဟစ်ပြီး နင်းခြေလိုက်သည်။ တိုက်ခိုက်မှုက မိုးကြိုးသားရဲကို မြေပြင်ပေါ်သို့ သံမှိုရိုက်ထားသည့်နှယ် ထိမှန်သွားသည်။ သားရဲ၏ ခန္ဓာကိုယ်ပေါ်၌ ကြီးမားသော ခြေရာတစ်ခု ပေါ်လာသည်။ တိုက်ခိုက်မှုက သားရဲကို ဖောက်ထွက်သွားလုနီးနီးပင်ဖြစ်သည်။ သာမန်လူတစ်ဦးအနေနှင့်ဆိုပါက ဤကန်ချက်က သူ့ကို ပြင်းထန်စွာ ဒဏ်ရာရစေလိမ့်မည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် လူသားများသည် သွေးသားနှင့်ဖွဲ့စည်းထားခြင်းဖြစ်၍ နင်းခံရပါက ပြင်းထန်စွာ ဒဏ်ရာရကြပေလိမ့်မည်။ သို့သော် ဤသားရဲက ဒြပ်စင်သက်ရှိပုံစံမျိုးဖြစ်ကာ သူ၏ ရှင်သန်နိုင်စွမ်းက ခိုင်မာသဖြင့် ပြန်ထရန် ကြိုးစားသည်။

"မင်း မထရဘူး”

ချူးယွင်ဖန်းက ထပ်မံတိုက်ခိုက်သည်။

"မရဏကမ္ဘာ ဒုတိယကန်ချက်”

သူ တစ်ဖန် ခြေဆောင့်ချလိုက်ပြီး ပြန်ထရန် ကြိုးစားနေသော သားရဲသည် မြေပြင်ပေါ်သို့ တစ်ဖန် နင်းခြေခံလိုက်ရပြန်သည်။

ဘမ်း

မြေကြီးထဲ၌ ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့သည်။

သားရဲထရန်ကြိုးစားတိုင်း ချူးယွင်ဖန်းက ရက်စက်စွာ နင်းချေလေ့ရှိသည်။

ချူးယွင်ဖန်းသည် ဤအခြေအနေတွင် ကြောက်စရာကောင်းလှသည်။ သူသည် တွန့်ဆုတ်ခြင်းမရှိဘဲ သူ၏နည်းစနစ်အားလုံးကို အမှန်တကယ် ထုတ်ဖော်ပြသခဲ့သည်။

ဘမ်း

ဘမ်း

ဘမ်း

ကျယ်လောင်သော ကန်ချက်များနှင့်အတူ သားရဲ၏ ဒေါသတကြီး ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။

အစပိုင်းတွင် သားရဲက ကြွားဝါချင်သော်လည်း တဖြည်းဖြည်းနှင့် သူ့ခန္ဓာကိုယ်ပေါ်မှ မိုးကြိုးများက မှိန်ဖျော့လာသည်။ နောက်ဆုံးတွင် သားရဲကို ချူးယွင်ဖန်းက နောက်ဆုံးတစ်ကြိမ် မြေပြင်ပေါ် ကန်ချလိုက်သည်။

ဤတစ်ကြမ်၌ သူ ပြန်မထနိုင်တော့ပေ။ အလွန်သန့်စင်သော မိုးကြိုးပုံဆောင်ခဲ အမတေတစ်ခုသာ ကျန်ရှိတော့တယ်။

ချူးယွင်ဖန်းသည် သားရဲကို ရိုက်နှက်ပြီးနောက် သူ၏ စွမ်းအင်များစွာကို အသုံးပြုခဲ့သော်လည်း ၎င်းသည် ရှားပါးသော မြင်ကွင်းတစ်ခုဖြစ်သည်။ ဤသည်မှာ မိုးကြိုးသားရဲ၏ အဓိကအစိတ်အပိုင်းဖြစ်သည်။ အလွန်ထူးခြားသော ပတ်ဝန်းကျင်တွင်သာ ဤကဲ့သို့သော သန့်စင်သော ဒြပ်စင်သတ္တဝါကို ဖွဲ့စည်းနိုင်ပြီး ၎င်းသည် အခြေခံအုတ်မြစ်ဖြစ်သည်။

ချူးယွင်ဖန်းက ကျောက်သား အမတေကို ဆွဲကိုင်လိုက်သည်။ အလွန်ရက်စက်ကြမ်းကြုတ်သော သားရဲသည် မိုးကြိုးအဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားသည်။ ချူးယွင်ဖန်းက ၎င်းကို နင်းခြေသတ်ဖြတ်ခဲ့သည်။ မည်သူမျှ မမြင်သော်လည်း တစ်စုံတစ်ယောက်က မြင်တွေ့ပါက ကြီးမားသော ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်စေနိုင်သည်။

ချူးယွင်ဖန်း၏ ခွန်အားက အံ့မခန်းပင်ဖြစ်သည်။ သူသည် နောက်ဆုံး ရွှေအမတေပုံစံအဆင့် သက်ရှိကို သုတ်သင်ပစ်ခဲ့သည်။

ချူးယွင်ဖန်းသည် အမတေ၏ အတွင်းပိုင်းကို လေ့လာကြည့်ရှုခဲ့သည်။ ၎င်း၏ စွမ်းအင်များစွာ ကုန်ဆုံးသွားသော်လည်း အထဲမှ စွမ်းအင်မှာ အလွန်ကြွယ်ဝနေဆဲဖြစ်သည်။ သူသည် ကောင်းကင်ယံ ဝါးမြိုခြင်းစွမ်းအားကို အသုံးပြု၍ အမတေ အတွင်းပိုင်းကို မျိုချလိုက်သည်။

ဘမ်း

အဆုံးမဲ့ မိုးကြိုးစွမ်းအင်သည် အမတေထဲမှ ပေါက်ကွဲထွက်လာပြီး ချူးယွင်ဖန်း၏ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားပြီး အပိုင်းပိုင်းကွဲထွက်ရန် ကြိုးစားသည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ယခင်ကဖြစ်ခဲ့လျှင် ဤမိုးကြိုးစွမ်းအင်သည် အောင်မြင်နိုင်သည်။ သို့သော် ချူးယွင်ဖန်းသည် ကမ္ဘာမြေကြီးကို တုန်လှုပ်စေသော ပြောင်းလဲမှုများ ကြုံတွေ့ခဲ့ရသည်။ သူ့ခန္ဓာကိုယ်ရှိ မရီးဒျန်များက အနည်းငယ် ပိုမိုမာကျောလာရုံသာမကပေ။

ဤစွမ်းအင်က ကြီးမား သန့်စင်သော်လည်း ချူးယွင်ဖန်းအတွက် ပြဿနာမရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် ချူးယွင်ဖန်နး၏ နတ်ဘုရားစွမ်းအားက ဤသန့်စင်သော မိုးကြိုးစွမ်းအင်ကို စုပ်ယူခဲ့သောကြောင့် တိုးလာခြင်းဖြစ်သည်။ သူ၏ လက်ရှိခွန်အားနှင့် သာမန်မိုးကြိုးစွမ်းအင်ကို စုပ်ယူခြင်းသည် အမှိုက်များကို စုပ်ယူသကဲ့သို့ပင်ဖြစစ်သည်။ မည်သည့်အကျိုးကျေးဇူးမျှမရှိပေ။ သူ၏ စွမ်းအားအဆင့်က ကွာခြားလွန်းနေပြီဖြစ်သည်။

ခဏတာအတွင်း၌ပင် ချူးယွင်ဖန်းက အမတေ၏ အတွင်းပိုင်းကို လုံးဝ စုပ်ယူနိုင်ခဲ့ပြီဖြစ်၏။

ဘမ်း

ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ထဲတွင် မရေမတွက်နိုင်သော နတ်ဘုရားစွမ်းအားများ ဆူပွက်လာသည်။ အမတေကို အားကိုးခြင်းဖြင့် သူ၏ခွန်အားသည် သူယခုပင် ချိုးဖျက်နိုင်ခဲ့သော အစောပိုင်းနှောင်းပိုင်း အမတေမဲ့အဆင့်မှ အမတေမဲ့အဆင့် အထွတ်အထိပ်သို့ ချက်ချင်းရောက်ရှိခဲ့သည်။ အမတေမဲ့အဆင့် အထွတ်အထိပ်သို့ ရောက်ရှိရန် သူသည် ဆံချည်မျှင်တစ်မျှင်စာသာ လိုတော့သည်။

သူသည် ယခုအခါ နိုင်ငံတော်စောင့်ရှောက်သူအဆင့်ဖြစ်သည့် ရွှေအမတေပုံစံအဆင့်နှင့် အလွန်ဝေးကွာနေပြီဖြစ်သည်။ သာမန်လူများအတွက်မူ အမတေအတွင်းပိုင်းကို ဤမျှပေါ့ပေါ့ပါးပါး စုပ်ယူဝံ့မည်မဟုတ်ပေ။ ၎င်းတို့သည် အပြည့်အဝပြင်ဆင်ထားရမည်ဖြစ်ပြီး နည်းလမ်းအမျိုးမျိုးကို အသုံးပြုရမည်ဖြစ်သည်။ သို့သော် ချူးယွင်ဖန်းအတွက်မူ ၎င်းသည် လွယ်ကူသောကိစ္စတစ်ခုသာဖြစ်သည်။

ချူးယွင်ဖန်း အနည်းငယ် လှုပ်ရှားသွားပြီး သူ့ခန္ဓာကိုယ်က အက်ကွဲသံများ ဆက်တိုက် ထွက်လာသည်။

“ဒီကိစ္စပြီးသွားရင် ငါတစ်ယောက်တည်း လေ့ကျင့်ဖို့ နေရာတစ်ခု ရှာသင့်တယ်။ ငါ့ရဲ့ လေ့ကျင့်မှုအဆင့်က ရွှေအမတေပုံစံ အဆင့်ကို ရောက်သွားရင် ငါ့ရဲ့ တိုက်ခိုက်ရေးအစွမ်းက ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်ကို ရောက်သင့်တယ်။ အဲဒီလိုဖြစ်လာရင် ငါ ဒီကမ္ဘာရဲ့ နံပါတ်တစ် ဖြစ်လောက်ပြီ” ချူးယွင်ဖန်းက တွေးသည်။

ထိုအချိန်ရောက်ပါက မည်သူမျှ သူ့ကို တားနိုင်မည်မဟုတ်ပေ။ သို့သော် သူ တန်စီယုအတွက် စိတ်ပူနေဆဲဖြစ်သည်။ သူမက ဤနေရာများ၌ မရှိတော့ဟု ယူဆရသောကြောင့် ဤနေရာမှထွက်သွားကာ သူမနောက်သို့လိုက်ရမည်။

ချူးယွင်ဖန်းသည် အလင်းရောင်တစ်ချက်လက်ခနဲ ထရပ်ပြီး ချိုင့်ဝှမ်းမှ ထွက်ခွာသွားကာ ရှုပ်ထွေးသော လမ်းကြားများကို ဖြတ်သန်းကာ ကြယ်ကိုးပွင့်ဂိုဏ်းချုပ်၏ နေရာကို ရှာဖွေနေခဲ့သည်။

ရုတ်တရက် ပြင်းထန်သောတိုက်ပွဲတစ်ခု၏ အသံသည် အဝေးမှ ထွက်ပေါ်လာသည်။

အခန်း(၁၅၁၈) တစ်ချက် တစ်ယောက်

ချူးယွင်ဖန်းက လှမ်းကြည့်လိုက်သောအခါ အဝေးတစ်နေရာ၌ ပြင်းထန်သော တိုက်ပွဲတစ်ခု ရှိနေ၍ ထိတ်လန့်စရာကောင်းသော အမြန်နှုန်းနှင့် သူ့ဆီသို့ ချဥ်းကပ်လာနေသည်ကိုမြင်လိုက်ရသည်။ တိုက်ပွဲကွင်းက ရွေ့လျားနေကာ လူတစ်စုက အခြားအဖွဲ့တစ်ဖွဲ့နောက်သို့လိုက်နေကြသည်။

အမဲလိုက်ခံနေရသော အဖွဲ့ကို သူ ချက်ချင်း မှတ်မိလိုက်သည်။ တဝေမဟုတ်ပါက မည်သူဖြစ်နိုင်မည်နည်း။ ၎င်းတို့ကို ဦးဆောင်နေသော လူနှစ်ဦးမှာ မွန်းစတားသုတ်သင်သူများဂိုဏ်းမှ အဓိက တပည့် ယွင်ထျန်းနှင့် တဝေမှ ဧကရာဇ်မိသားစု၏ အကြီးအကဲတို့ဖြစ်သည်။

၎င်းတို့ နောက်သို့လိုက်လာသူများမှာ ကြယ်ကိုးပွင့်မှတပါး အခြားသူများမဟုတ်ကြပေ။

ချူးယွင်ဖန်းက အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ ယွင်ထျန်းဖြစ်စေ၊ တဝေအကြီးအကဲဖြစ်စေ၊ ၎င်းတို့နှစ်ဦးလုံးသည် ရွှေအမတေပုံစံအဆင့်၌ ရှိကြသည်။ ၎င်းတို့က ကမ္ဘာ့ထိပ်တန်းပညာရှင်များထဲမှ တစ်ဦးဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့ကို ဤမျှ ဝမ်းနည်းဖွယ်ကောင်းသော အခြေအနေတွင် လိုက်လံဖမ်းဆီးနေရသနည်း။ ထို့အပြင်၊ သူတို့နောက်ကွယ်ရှိ ကြယ်ကိုးပွင့်ဂိုဏ်း၏ အခိုင်မာဆုံးပညာရှင်များသည် အမတေမဲ့အဆင့်၏ အထွတ်အထိပ်တွင်သာ ရှိနေသည်။ မည်သို့ပင်ကြည့်စေကာမူ အမတေမဲ့အဆင့်ရှိသူတစ်ဦးက ရွှေအမတေပုံစံအဆင့်ရှိသူကို လိုက်လံဖမ်းဆီးနေခြင်းသည် ပုံမှန်မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်း ပြန်ကြည့်သောအခါ ယွင်ထျန်းနှင့် တဝေအကြီးအကဲတို့သည် ဆိုးဝါးသော အအခြေအနေ၌ ရှိနေသည်ကို သဘောပေါက်လိုက်ရသည်။

၎င်းတို့၏ အဝတ်အစားများသည် စုတ်ပြဲနေသည်။ ၎င်းတို့သည် ကြီးမားသော တိုက်ပွဲတစ်ခုကို တိုက်ခိုက်ခဲ့ပြီး ခန္ဓာကိုယ်တွင် အသက်အန္တရာယ်ရှိသော ဒဏ်ရာများ ရရှိထားသည်မှာ ထင်ရှားသည်။

ယွမ်ထျန်း၏ ခန္ဓာကိုယ်တွင် ကြီးမားသော ဒဏ်ရာတစ်ခုရှိနေကာ သူ့ကို ထက်ခြမ်းကွဲလုနီးနီးဖြစ်စေခဲ့သည်။

တဝေအကြီးအကဲ၏ ရင်ဘတ်တွင် ထိုးဖောက်လုနီးပါးဖြစ်နေသော ဧရာမလက်ရာတစ်ခုဖြစ်နေသည်။

၎င်းတို့၏ လက်ရှိအခြေအနေတွင် ၎င်းတို့သည် ဆယ်ရာခိုင်နှုန်းသာ အသက်စွမ်းအားရှိသည်။ မဟုတ်ပါက အမတေမဲ့အဆင့်များ၏ လိုက်လံဖမ်းဆီးမှုကို ဤမျှထိ ခံရမည်မဟုတ်ပေ။ ဆုတ်ခွာမှုကို ကာမိရန်အတွက် ၎င်းတို့သည် ကြယ်ကိုးပွင့်ဂိုဏ်းကို တိုက်ခိုက်ရန် ရံဖန်ရံခါ ရပ်ကြရသည်။ ထို့ကြောင့် ၎င်းတို့နှစ်ဦးသည် သွေးတစ်ပွက်အန်ကာ ဒဏ်ရာများလည်း ပိုမိုဆိုးလာသည်။

“မကောင်းတော့ဘူး။ တစ်ယောက်ယောက်ကယ်ပါဦး”

၎င်းတို့ အလန့်တကြား ထွက်ပြေးကြစဉ် ရုတ်တရက် အလင်းတန်းတစ်ခုဖြင့် ချဉ်းကပ်လာသော တစ်စုံတစ်ယောက်ကို မြင်လိုက်ရသည်။ သူတို့ ချက်ချင်း အံ့အားသင့်သွားကြသည်။ သူတို့ရှေ့ကလူက ချူးယွင်ဖန်းဖြစ်ကြောင်း သဘောပေါက်လိုက်ကြသည်။

“ချူးယွင်ဖန်း ကူပါဦး” ယွင်ထျန်းက အော်လိုက်သည်။

ချူးယွင်ဖန်းက သူ့ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်ဟူသော အချက်ကို တွေးနေဆဲဖြစ်သော်လည်း ချူးယွင်ဖန်းအပေါ် သူက တင်းမာမနေခဲ့ပေ။ အကြောင်းမှာ ချူးယွင်ဖန်းက အလွန်သန်မာလွန်းသောကြောင့် သူ့ဆရာကပင် သူကို မယှဥ်နိုင်ပေ။

ချူးယွင်ဖန်းက ၎င်းတို့ကို ယခု ကယ်တင်မည်ဆိုသည်ကို ထည့်ပြောရန်ပင်မလိုပေ။

သူသည် ကန္တာရထဲမှ အိုအေစစ်တစ်ခုပင်ဖြစ်သည်။ တဝေကျွမ်းကျင်သူများက

ချူးယွင်ဖန်းကိုမြင်သောအခါ အလွန်ပျော်ရွှင်သွားကြသည်။ ၎င်းတို့အားလုံး ဒဏ်ရာရရှိထားပြီး ဒဏ်ရာများမှာ အတော်အတန် ပြင်းထန်သည်။ ၎င်းတို့ အစွမ်းကုန် ထွက်ပြေးရန်မှာ ခက်ခဲနေပြီဖြစ်သည်။

ချူးယွင်ဖန်းက ဓားအလင်းကို နင်းကာ အပြေးအလွှားတက်လာသည်။ ယခုတစ်ကြိမ်တွင် သူသည် ကျန်းဝူချန်အဖြစ် ဟန်ဆောင်ခြင်းမပြုခဲ့ပေ။ အလျင်အမြန်ထွက်ပြေးနေသော မတဝေ အုပ်စုရှေ့သို့ ရောက်ရှိခဲ့သည်။

တဝေ၏ ကြီးကျယ်သော ပညာရှင်များသည် ၎င်းတို့၏ လမ်းပေါ်တွင် ရပ်ကာ

ချူးယွင်ဖန်း၏ဘေးသို့ ရောက်လာကြသည်။ သူ့ကို မုန်းသည်ဖြစ်စေ၊ ကြိုက်သည်ဖြစ်စေ သူတို့အားလုံး အလွန်ပျော်ရွှင်ခဲ့ကြသည်။ အဆုံးစွန်အားဖြင့် ချူးယွင်ဖန်းသည် သူတို့၏နိုင်ငံတော်၏ နံပါတ်တစ်ဖြစ်သည်။

ဤအချိန်တွင် ကြယ်ကိုးပွင့်လည်း အပြေးအလွှားရောက်လာသည်။ လူများစွာမရှိသော်လည်း သူတို့သည် တဝေအဖွဲ့ကို ဝိုင်းထားကြသည်။

"ယွမ်ထျန်း။ ဝေ့တင်းရှန် မင်းတို့နှစ်ယောက် ဘာလို့ပြေးတာရပ်လိုက်တာလဲ" ကြယ်ကိုးပွင့်ဂိုဏ်းခေါင်းဆောင်က အေးစက်စက်ပြောလိုက်သည်။

သူက နှောင်းပိုင်း အမတေမဲ့အဆင့်သာရှိသေးသော ချူးယွင်ဖန်းကို လှမ်းကြည့်လိုက်သည်။ သူထုတ်လိုက်သော စွမ်းအင်အငွေ့အသက်များသည် ချူးယွင်ဖန်း၏ ကျင့်ကြံမှုအဆင့်ကို ဆုံးဖြတ်ရန် သူ့အတွက် မခက်ခဲပေ။ သူသည် ချူးယွင်ဖန်းကို အလေးအနက်မထားပေ။

နှောင်းပိုင်း အမတေမဲ့အဆင့်ရှိသူကို မည်သည့်နေရာတွင်မဆို ပုံရိပ်တစ်ခုအဖြစ် သတ်မှတ်နိုင်သော်လည်း ဤအခြေအနေတွင် ကောင်းကင်ဘုံကို လှန်ပစ်နိုင်မည်မဟုတ်ပေ။

“သေစမ်း ကြယ်ကိုးပွင့် မင်း ငါတို့ကို ချုံခိုတိုက်ခိုက်ခဲ့တာ။ တဝေရဲ့ ဒေါသကို မင်းတို့ဂိုဏ်းက မခံနိုင်ဘူး” ဝေတင်းရှန်က အံကြိတ်ကာ ပြောလိုက်သည်။

သူ အင်အားကြီးမားခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ကာ ဤမျှကြီးမားသော

ဆုံးရှုံးမှုကို မခံစားခဲ့ရသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ သူသည် တဝေထံ ပြန်ရောက်ပါက ကြယ်ကိုးပွင့်ကို လက်စားချေရန် အကောင်းဆုံးကြိုးစားမည်ဟု ကျိန်ဆိုခဲ့သည်။

ကြယ်ကိုးပွင့်သည် မရေမတွက်နိုင်သော ကျွမ်းကျင်သူများရှိသည့် ဧရာမအဖွဲ့အစည်းတစ်ခုဖြစ်သော်လည်း တဝေနှင့် အလှမ်းဝေးနေဆဲဖြစ်သည်။ ဂိုဏ်းချုပ်သည် စွမ်းအားကြီးသော်လည်း တဝေက ၎င်းတို့ကို

ကိုင်တွယ်ဖြေရှင်းရန် ဆုံးဖြတ်ထားပါက ထိုသို့ပြုလုပ်ရန် နည်းလမ်းများရှိသည်။ အရာအားလုံးသည် ၎င်းသည် ထိုက်တန်မှုရှိမရှိပေါ်တွင် မူတည်သည်။

"ဟားဟားဟား!တဝေဟုတ်လား ငါတို့ဆရာတွေရဲ့ နတ်စွမ်းအားတွေ ပိုမြင့်လာရင် မင်းတို့ ဧကရာဇ်အစောင့်ဆိုတာတွေကို ငါတို့ဂိုဏ်းတံခါးဝဆီလွှတ်ရင်တောင်အသုံးမဝင်ဘူး။

မင်းကိုသတ်တာက ပုရွက်ဆိတ်တစ်ကောင်ကို ချေမှုန်းတာထက် ပိုခက်မှာမဟုတ်ဘူး”

ခေါင်းဆောင်က ရယ်လိုက်သည်။

"မင်းတို့နှစ်ယောက် ပူးပေါင်းပြီးပြီ၊ ဒါပေမယ့် ငါတို့ဆရာကို အနိုင်မယူနိုင်သေးဘူး။ တဝေနံပါတ်တစ် ယွင်ဟွမ်တောင် ငါတို့ကိုယှဥ်လို့မရဘူး”

ဤသည်ကို ကြားသောအခါ ကြယ်ကိုးပွင့်ဂိုဏ်းက ထိန်မနိုင်သိမ်းမရ ရယ်မောလိုက်သည်။

တဝေမှ လူများက မုန်းတီးစွာ အံ့ကြိတ်ထားကြသည်။ သို့သော် ၎င်းတို့ မည်သို့မျှ မတတ်နိုင်ကြပေ။ ကြယ်ကိုးပွင့်ဂိုဏ်းက ပြောသကဲ့သို့ပင် ၎င်းတို့က ဂိုဏ်းချုပ်နှင့်မယှဥ်နိုင်ပေ။

နှစ်ဖက်အသင်းကြား အင်အားကွာခြားချက်က အလွန်ကြီးမားသည်။

ယွမ်ထျန်းသည် ဂိုဏ်းခေါင်းဆောင်က ဤမျှအစွမ်းထက်လိမ့်မည်ဟု ဘယ်သောအခါကမျှ မမျှော်လင့်ထားခဲ့ပေ။ ၎င်းတို့က အဆင့င်တူသော်လည်း အလွယ်တကူ ရှုံးနိမ့်ခဲ့သည်။ ခွန်အားအရ ဂိုဏ်းခေါင်းဆောင်သည် သူ့ဆရာထက်ပင် ပိုအစွမ်းထက်၏။ ဂိုဏ်းချုပ်က ထိုပစ္စည်းကို ရယူနိုင်ခဲ့သောကြောင့် သူ၏ခွန်အားသည် ပိုမိုတိုးတက်လာပြီး နောက်ဆုံး ရွှေအမတေပုံစံအဆင့်သို့ ရောက်ရှိသွားမည်ဟု ဆိုလိုသည်။ အကယ်၍ ထိုသို့ဖြစ်ပါက အခြေအနေမှာ ခက်ခဲလိမ့်မည်။ ကမ္ဘာပေါ်တွင် မည်သူမျှ သူ့ကို ယှဉ်နိုင်မည်မဟုတ်ပေ။ တဝေ၏ အခိုင်မာဆုံး အင်ပါယာအစောင့်များပင် ထိုလူကို မည်သည့်အရာမျှ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။

"ကောင်လေး မင်းရဲ့ကံက ဆိုးလိုက်တာ မင်းလည်း သူတို့နဲ့အတူ သေရတော့မယ့်ပုံပဲ" ခေါင်းဆောင်က ရယ်မောလျက် အထင်သေးစွာပြောသည်။ သူသည်လည်း ချူးယွင်ဖန်းကို အလေးအနက်မထားပေ။

"ငါတို့ အတူတူသေကြမှာလား" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

"ဒီမှာစောင့်။ ဒီခွေးမသားကို ငါကိုင်တွယ်ပြီးရင် ငါတို့ စကားပြောကြမယ်။"

"ဘယ်သူ့ကို ခွေးမသားလို့ပြောတာလဲကွ”

ချူးယွင်ဖန်း၏ စကားများကြောင့် ဒေါသထွက်နေသော ခေါင်းဆောင်က အော်ပြောလိုက်သည်။

"ငါ မင်းအကြောင်း ပြောနေတာ။"

ချူးယွင်ဖန်း၏ တည်ငြိမ်သောအသံသည် ခေါင်းဆောင်၏နားထဲသို့ ပဲ့တင်ထပ်သွားသည်။ ထို့နောက် ချူးယွင်ဖန်းသည် သူ့ရှေ့တွင် ပေါ်လာပြီးဖြစ်ကြောင်း သိလိုက်ရသောအခါ သူ ထိတ်လန့်သွားသည်။

ချူးယွင်ဖန်းက မိုးကြိုးဓားကို ဆွဲယူပြီး ခေါင်းဆောင်၏ လည်ချောင်းကို ထိုးဖောက်လိုက်သည်။

အမတေမဲ့အထွတ်အထိပ်အဆင့်ရှိသူတစ်ဦး သေဆုံးသွားရပေပြီ။

All Chapters