အခန်း (၁၅၁၉-၁၅၂၁)
Vol. 102 Ch. 1519-1521
အခန်း(၁၅၁၉) ငါ သူ့ကို သတ်မယ်
ဤဓားချက်က သာမန်သာဖြစ်ကာ ထိတ်လန့်စဖွယ် လှုပ်ရှားမှုများ သို့မဟုတ် သိုင်းပညာ အယူအဆများ မပါဝင်ပေ။ ရိုးရှင်းသေား ဓားချက်တစ်ခုသာဖြစ်သည်။ သို့သော် အလွန်အစွမ်းထက်သော အထွတ်အထိပ် အမတေမဲ့အဆင့်က ခုခံနိုင်စွမ်းမရှိသောကြောင့် ချက်ချင်း သေဆုံးသွားခဲ့သည်။
ဤဓားက မြင်ကွင်းတစ်ခုလုံးကို တုန်လှုပ်သွားစေပြီး လူတိုင်းကို ပင့်သက်တစ်ချက် ရှိုက်သွားစေခဲ့သည်။ ချူးယွင်ဖန်းကို အလေးအနက်မထားခဲ့သော ကြယ်ကိုးပွင့်ဂိုဏ်းသားများ၏ မျက်နှာတွင် လေးနက်သော အမူအရာများရှိနေသည်။
သူသည် အလွန်သန်မာလွန်းသည်။
ဤအချိန်၌ အမတေမဲ့အဆင့်နှောင်းပိုင်းအဆင့်ရှိသေးပုံရသည့် ဤလူက အမှန်ပင် ကြောက်စဖွယ်ကောင်းသည်ကို
၎င်းတို့ မည်သို့ မမြင်ဘဲ နေနိုင်ကြမည်နည်း။
၎င်းတို့ရှေ့မှလူက ကြယ်ကိုးပွင့်ဂိုဏ်း၏ ရန်သူ ကျန်းဝူချန်ဖြစ်းနေသည်ကို ၎င်းတို့မသိကြပေ။ သို့သော် ဆက်ဆံရလွယ်ကူမည့်လူမျိုးမဟုတ်သည်ကို ၎င်းတို့ခံစားမိကြသည်။
ဆန့်ကျင်ဘက်အနေနှင့် တဝေ၏ ပညာရှင်များသည် ချူးယွင်ဖန်း၏
တိုက်ခိုက်မှုကို မြင်ပြီးနောက် အလွန်အမင်း တက်ကြွသွားကြသည်။ ချူးယွင်ဖန်း ပိုအားကောင်းလေ သူတို့အတွက် ပိုကောင်းလေဖြစ်သည်။ ယွင်ထျန်း၏ မျက်နှာအမူအရာက အနည်းငယ် တည်ငြိမ်သွားသည်။
သူ့ရှေ့ကလူက သူ့ဆရာကို အနိုင်ယူခဲ့သည့် ခွန်အားကြီးသူတစ်ဦးဖြစ်သည်။
အထွတ်အထိပ် အမတေမဲ့အဆင့်ကို သတ်လိုက်ခြင်းသည် မည်သို့မျှမဟုတ်ပေ။
တကယ်တမ်းတွင် သူ့ကို ကြယ်ကိုးပွင့်ဂိုဏ်းခေါင်းဆောင်က ထက်ခြမ်းကွဲလုနီးနီးဖြစ်စေရန် လုပ်ကာ ပြင်းထန်သော ဒဏ်ရာများ မပေးခဲ့ပါက အမတေမဲ့အဆင့်က သူ့ကို ချောင်ပိတ်မိစေမည်မဟုတ်ပေ။
"ကြယ်ကိုးပွင့်က လူ့ဘီလူးတွေ ငါ မင်းတို့အားလုံးကို သတ်ပစ်မယ်!"
ချူးယွင်ဖန်း၏ မျက်လုံးများသည် သတ်ဖြတ်ချင်စိတ်များနှင့်ပြည့်နေသည်။ သူက ကြယ်ကိုးပွင့်ဂိုဏ်း ပညာရှင်များကို ရှာရန်လုပ်နေသည်။ ၎င်းတို့ သူ့ဆီလာလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
ဝှစ်
ချူးယွင်ဖန်း၏ပုံရိပ်သည် သူရှိနေသည့်နေရာမှ ရုတ်တရက်ပျောက်ကွယ်သွားသည်။ နောက်တစ်ခဏတွင် သူသည် ကြယ်ကိုးပွင့်ပညာရှင်တစ်ဦးရှေ့တွင် ပေါ်လာသည်။ သူသည် သူ့ဓားကိုဝှေ့ယမ်းလိုက်သောအခါ ကြယ်ကိုးပွင့်ပညာရှင်သည် တုံ့ပြန်နိုင်ခြင်းမပြုမီတွင်ပင် သေဆုံးသွားခဲ့သည်။
ဘမ်း
ဘမ်း
ချက်ချင်းပင် အမျိုးမျိုးသော တိုက်မိသံများ ထွက်ပေါ်လာခဲ့သည်။ အသက်ရှူသံအနည်းငယ်နှင့်အတူ အော်ဟစ်သံများနှင့်အတူ ဤကျွမ်းကျင်သူအားလုံးသည် ချူးယွင်ဖန်း၏လက်ချက်ဖြင့် သေဆုံးသွားကြသည်။
ဤအချိန်တွင် တဝေ၏ ကျွမ်းကျင်သူများသည် နောက်ဆုံးတွင် တုံ့ပြန်ခဲ့ကြသည်။ ပေါင်းပင်အချို့ကို ဆွဲထုတ်နေသကဲ့သို့ စိတ်အေးလက်အေးရှိနေသော ချူးယွင်ဖန်းကိုကြည့်ကာ ကိုယ့်တံတွေးကိုယ် မျိုချမိလိုက်ကြသည်။ သူတို့အများစုသည် သူ့ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း မဟုတ်ပေ။ သူတို့အများစုသည် ချူးယွင်ဖန်းနှင့် ယွမ်ဟွမ်တို့၏ တိုက်ပွဲကိုပင် မျက်မြင်ကိုယ်တွေ့ ကြုံဖူးကြသည်။ ထိုစဉ်က သူ၏စွမ်းရည်များကို ပြသခဲ့သော ချူးယွင်ဖန်းနှင့် နှိုင်းယှဉ်ပါက လက်ရှိချူးယွင်ဖန်းသည် အနည်းငယ်ရိုးရှင်းသည်။ သို့သော် ဤချူးယွင်ဖန်းသည် ပို၍ပင် ကြောက်စရာကောင်းသည်။
ချူးယွင်ဖန်း၏ ခွန်အားက အကြီးအကျယ်တိုးတက်လာပြီဖြစ်သောကြောင့်
ကြီးကြီးမားမား လှုပ်ရှားရန်မလိုအပ်ပေ။ သူသည် အခြေခံဓားနည်းပညာကိုသာ အသုံးပြုကာ ဤကြယ်ကိုးပွင့်ဂိုဏ်းသားများအားလုံးကို သတ်ပစ်ခဲ့သည်။ ဤသူများအားလုံးသည် ကြယ်ကိုးပွင့်ဂိုဏ်း၏ အရေးကြီးပုဂ္ဂိုလ်များဖြစ်ကြသည်။ ၎င်းတို့ထဲမှ အင်အားအနည်းဆုံးသူသည် ရွှေအမတေ ထက်ဝက်အဆင့်၌ရှိသည်။ ရွှေအမတေပုံစံအဆင့်ရှိ ယွင်ထျန်း သို့မဟုတ်တ ဝေတင်းရှန်တို့သည် ဤလူများကို ကိုင်တွယ်ချင်သည်ဆိုလျှင်ပင် လွယ်မည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေကာမူ တစ်ဖက်လူအရေအတွက်က အလွန်များသည်။
ချူးယွင်ဖန်းကဲ့သို့ ဤလူများကို အလွယ်တကူသတ်ပစ်ရန် မဖြစ်နိုင်ပေ။
"ကောင်းပြီ၊ ပြီးပြီ" ဟု ချူးယွင်ဖန်းက ပြောသည်။
"အားလုံး အဆင်ပြေရဲ့လား"
"ငါတို့ အဆင်ပြေပါတယ်။ ဒဏ်ရာတွေက ပြင်းပေမယ့် အသက်ကိုတော့ မနှုတ်ယူနိုင်ပါဘူး” ယွင်ထျန်းကပြောသည်။
တကယ်တမ်းတွင် ရွှေအမတေပုံစံအဆင့်၏ အလွန်အင်အားကောင်းးသော စွမ်းအားနှင့်ဆိုပါက ၎င်းတို့ကို အဆက်မပြတ် လိုက်လံဖမ်းဆီးခြင်းမခံရဘဲ ပြန်ကောင်းလာစေရန် အချိန်အနည်းငယ်ရလျှင်ပင် ၎င်းတို့ကိုယ် ၎င်းတို့ ကာကွယ်နိုင်စွမ်းရှိကာ ဤမျှ ဆိုးရွားသည့် အခြေအနေ၌ရှိနေကြမည်မဟုတ်ပေ။
အခြားသူများအတွက်မူ ၎င်းတို့၏ အခြေအနေများသည် အတူတူပင်ဖြစ်စသည်။ ၎င်းတို့ကို လိုက်မဖမ်းသရွေ့ အချိန်အနည်းငယ်ပေးပါက ၎င်းတို့၏ ခွန်အားက အနည်းဆုံး ၅၀မှ ၆၀ ရာခိုင်းနှုန်းထိ ပြန်ကောင်းလာနိုင်သည်။ ၎င်းတို့၏ မူလအခြေအနေသို့ ပြန်မရောက်နိုင်သော်လည်း အချိန်မရွေးအသတ်ခံရမည်ထက်စာပါက များစွာ ပိုကောင်းသည်။
"အဲဒီလိုဆိုရင် ခင်ဗျားတို့ အရင်သက်သာအောင်လုပ်ကြပါ။ နောက်မှပြောကြတာပေါ့"ချူးယွင်ဖန်းကပြောသည်။
အားလုံးက သဘောတူစွာ ခေါင်းညိတ်ကြသည်။ ထို့နောက် သူတို့သည် လေထဲတွင် တင်ပျဥ်ခွေထိုင်ကာ ၎င်းတို့၏ နေရာအိတ်များမှ ကုသဆေးပြားများစွာကို ထုတ်ယူလိုက်ကြသည်။ ၎င်းတို့သည် ၎င်းတို့ကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ ၎င်းတို့ကို အဆက်မပြတ် လိုက်လံဖမ်းဆီးခြင်း မခံရပါကနှင့် ကုသရန် အချိန်မရှိပါက ၎င်းတို့ကို ထုတ်လိုက်ကြမည်မှာ ကြာနှင့်ပြီဖြစ်သည်။
၎င်းတို့က တဝေ၏ ထိပ်တန်းကျွမ်းကျင်သူများဖြစ်ကြသောကြောင့် ၎င်းတို့ ပိုင်ဆိုင်သည့် ကုသဆေးများသည် သဘာဝအတိုင်းပင် အံ့သြဖွယ်ကောင်းလှသည်။ မိနစ်အနည်းငယ်အတွင်း၌ပင် ၎င်းတို့၏ ခွန်အားတစ်ဝက်ကို ပြန်လည်ရရှိသွားကြသည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့၏ပုံပန်းသဏ္ဍာန်နှင့်ကြည့်ပါက ဤမျှပြင်းဒဏ်သော ဒဏ်ရာများ ရခဲ့သည်မှာ မထင်ရှားတော့ပေ။
၎င်းတို့ လုံးဝပြန်ကောင်းချင်လျှင်ပင် ကုသဆေးများ များစွာသောက်သည့်တိုတင် ရက်အတန်ကြာဦးမည်ဖြစ်သည်။ တစ်ရက်တည်းနှင့် လုပ်၍ရသော ကိစ္စမျိုးမဟုတ်ပေ။
"ကြယ်ကိုးပွင့်ရဲ့ ချုံခိုတိုက်ခိုက်မှုကို ဘယ်လိုခံခဲ့ရတာလဲ" သူတို့ ပျောက်ကင်းလုနီးပါးဖြစ်နေသည်ကိုမြင်သောအခါ ချူးယွင်ဖန်းက မေးလိုက်သည်။
ဤမေးခွန်းကိုကြားသောအခါ လူတိုင်း စိတ်ဓာတ်ကျသွားကြသည်။
ထို့နောက် ယွင်ထျန်းက ပြန်ဖြေသည်။
“ငါတို့အားလုံး အဲ့ခွေးမသားရဲ့ လှည့်စားမှုကို ခံခဲ့ရတယ်။ သူက ငါတို့ကို ရတနာကို အတူတူစူးစမ်းဖို့ ဖိတ်ပြီး ထောင်ချောက်တွေကို ဖျက်ဆီးဖို့ အမြောက်စာအဖြစ် အသုံးပြုခဲ့တယ်။ သူ ရတနာကို ယူတော့မယ့်အချိန်မှာ သူက ရုတ်တရက်တိုက်ခိုက်ပြီး ငါတို့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင်လုပ်ခဲ့တယ်”
"ဘာရတနာလဲ" ချူးယွင်ဖန်းက မေးလိုက်သည်။
“ဒါက အစွမ်းထက်တဲ့ စွမ်းအင်တွေ ပါဝင်တဲ့ ဥက္ကာခဲတစ်ခုပါ”
ယွမ်ထျန်းက အံကြိတ်ကာ ပြောလိုက်သည်။
“ဒီဥက္ကာခဲကို ခရမ်းရောင်မိုးကြိုးဓားဂိုဏ်းက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စုဆောင်းခဲ့တယ်။ အစွမ်းထက်တဲ့ စွမ်းအင်တစ်ခု ပါဝင်ပေမယ့် တစ်ခါမှ အသုံးမပြုခဲ့ဖူးပါဘူး။ ဒီဘဏ္ဍာတိုက်ထဲမှာ ထားခဲ့တာပါ။ နောက်ပိုင်းမှာ ကြယ်ကိုးပွင့်က သတင်းရပြီး ငါတို့ကို သူတို့နဲ့အတူ လိုက်ခဲ့ဖို့ ဖိတ်ခဲ့တာ။ ဒီဥက္ကာခဲကို သူတို့တွေ့တာနဲ့ ရုတ်တရက် ရန်လိုလာပြီး ငါတို့ကို တိုက်ခိုက်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ သူတို့က အတွင်းထဲက စွမ်းအင်ကို စုပ်ယူနေပြီလို့ ငါစိုးရိမ်မိတယ်။ သူတို့ သီးသန့်ကျင့်ကြံမှုကနေ ထွက်လာတဲ့အခါ ပိုပြီး ကိုင်တွယ်ရ ခက်ခဲလာမှာပါ။ သူတို့ရဲ့ ဂိုဏ်းချုပ်က ကမ္ဘာပေါ်မှာ နံပါတ်တစ် ကျွမ်းကျင်သူ ဖြစ်လာနိုင်ပါတယ်။”
ချူးယွင်ဖန်းက ယင်းကို ကြားသောအခါ မယုံနိုင်ဖြစ်သွားသည်။ ဤလူများတွင် ကိုယ်ပိုင်အစီအစဥ်များရှိကြသည်။
ယခင်က နန်းဆောင်သခင်ကလည်း ခရမ်းရောင်မိုးကြိုးမက်မွန်သီးကို စားသုံးပြီး သူ့၏ ကျင့်ကြံမှုကို နောက်ဆုံး ရွှေအမတေပုံစံအဆင့်အထိ မြှင့်တင်ချင်ခဲ့သည်။ ကြယ်ကိုးပွင့်ဂိုဏ်းချုပ်က ဥက္ကာခဲတစ်လုံးအတွက် ကျောခိုင်းခဲ့တယ်။ ကမ္ဘာ့နံပါတ်တစ် ကျွမ်းကျင်သူဖြစ်လာရန် ဘာမဆိုလုပ်မည်ဖြစ်သည်။
၎င်းတို့က ပုံမှန်အားဖြင့် စကားမပြောကြသော်လည်း ဤကိစ္စကို အလွန် အလေးအနက်ထားပုံရသည်။
"အဲဒီဥက္ကာခဲကနေ စွမ်းအင်ကို သူတို့ အောင်အောင်မြင်မြင်စုပ်ယူခွင့်မပေးနိုင်ဘူး။ မဟုတ်ရင် အကျိုးဆက်တွေက မယုံနိုင်စရာပဲ" ယွမ်ထျန်းက အလျင်အမြန် ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ သူသာ ကမ္ဘာ့နံပါတ်တစ် ကျွမ်းကျင်သူ ဖြစ်ချင်ရင် ငါ့ကို မေးရလိမ့်မယ်။ ဒါပေမယ့် ဒီကိစ္စကို ရွှေ့ဆိုင်းလို့ မရဘူး" ချူးယွင်ဖန်းက အေးစက်စက် ပြောလိုက်သည်။
အခန်း(၁၅၂၀) ရန်သူတွေ့ရင် သူတို့မျက်လုံးတွေ နီသွားတယ်
"ကောင်းပြီ။ သူသေသွားတာကို ငါမြင်ချင်တယ်" ယွမ်ထျန်းက အံကြိတ်ကာ ပြောလိုက်သည်။ ကြယ်ကိုးပွင့်ဂိုဏ်းခေါင်းဆောင်ကို သူသတိထားခဲ့သော်လည်း သူဤမျှ ရည်မှန်းချက်ကြီးလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ဂိုဏ်းခေါင်းဆောင်သည် အရာအားလုံးကို သူ့အတွက်ယူလိုရုံသာမက သူတို့အားလုံးကိုလည်း သတ်ပစ်လိုခဲ့သည်။
၎င်းတို့၏ အဆင့်ထိကျင့်ကြံခဲ့သော ပညာရှင်များက တစ်ဆင့်ပြီးတစ်ဆင့်ကျင့်ကြံခဲ့ပါက ၎င်းတို့၏ တိုးတက်မှုက အလွန်နှေးကွေးပေလိမ့်မည်။ မဟုတ်တပါက နတ်ဘုရားတစ်ပါးကဲ့သို့ သူသတ်မှတ်သည့် ယွင်ထျန်း၏ ဆရာက ရွှေအမတေပုံစံအဆင့်၌ နှစ်ပေါင်းများစွာ ပိတ်မနေမည်မဟုတ်ပေ။ တစ်ခုတည်းသောနည်းလမ်းက လုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန် ကံကောင်းလာခြင်းပင်ဖြစ်သည်။
၎င်းတို့က သာမန်အခွင့်အရေးများကို ဂရုမစိုက်ကြပေ။ ဤသို့သော ကံကောင်းမှုကသာ ၎င်းတို့၏ ကျင့်ကြံမှုကို ပိုမိုတိုးတက်စေကာ အလယ်အလတ်အဆင့်ကိုပင် ရောက်ရှိ စေနိုင်သည်။ လက်ရှိအခြေအနေအရ အလယ်အလတ်အဆင့် ရွှေအမတေပုံစံအဆင့်ရှိသူသည် ရွှေအမတေပုံစံအဆင့် ပထမတန်းစားကျွမ်းကျင်သူတစ်ယောက်ဖြစ်နေပြီဖြစ်သည်။ ၎င်းတို့က ယွင်ထျန်း၏ ဆရာနှင့်ပင် တန်းတူအဆင့်တွင်ရှိသည်။ ထို့ကြောင့် သူ သတိထားနေသော်လည်း သူလိုက်သွားရန် သဘောတူခဲ့သည်။
သူ ဤတွင် လှည့်စားခံရကာ သေလုမျောပါးဖြစ်လိမ့်မည်ဟု မည်သူက ထင်မည်နည်း။ သူက ကိုယ့်ကိုယ်ကိုယ် အမြဲ အထင်ကြီးခဲ့သဖြင့် ဤသည်ကို မည်သို့ လက်ခံနိုင်မည်နည်း။
"ကောင်းပြီ၊ ငါ့နောက်ကို လိုက်ခဲ့။ ကျန်တဲ့သူတွေကတော့ မြန်မြန်ထွက်သွားတာ အကောင်းဆုံးပဲ။ ဒီနေရာကို ရတနာသိုက်လို့ ခေါ်ပေမယ့် ကောင်းတဲ့အရာအားလုံး လုယက်ခံခဲ့ရတယ်
ချူးယွင်ဖန်းက လူတိုင်းကို ကြည့်ရင်း ပြောလိုက်သည်။
၎င်းတို့ ခေါင်းညိတ်ပြကြသည်။ သူတို့ မည်သို့နားမလည်ဘဲ နေကြလိမ့်မည်နည်းး။ ခရမ်းရောင်မိုးကြိုးဓားများက တစ်ညတည်းနှင့် ပျောက်ကွယ်သွားမည်မဟုတ်ပေ။ ဤရတနာသိုက်ထဲရှိ ကောင်းသောအရာအများစုက အသုံးပြုပြီးသားဖြစ်သည်မှာ ကြာခဲ့ပြီဖြစ်၍ ၎င်းတို့တွင် အနည်းငယ်သာ ကျန်ရှိတော့သည်။
"ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်။ နောင်တစ်ချိန်မှာ မင်းလိုအပ်တာ တစ်ခုခုရှိရင် မီးနဲ့ရေကိုဖြတ်ပြီး ငါကူညီပါ့မယ်" ဝေတင်းရှန်က ပြောလိုက်သည်။
သူ့အကြည့်များက ရှုပ်ထွေးနေသည်။ ယနေ့ သူ ဤမျှ ကြီးမားသော ကျေးဇူးအကြွေး တင်ခဲ့သည်။ ထို့အပြင် ယခင်ကသူ အလေးအနက်မထားခဲ့သော ချူးယွင်ဖန်းကိုလည်း ကျေးဇူးတင်ရတော့မည်။
တကယ်တမ်းတွင် သူသည် တဝေ၏ အုပ်ထိန်းသူတစ်ယောက်လည်းဖြစ်သော်လည်း သူသည် ထူးခြားသည်။ သူသည် ယခင် တဝေ ဧကရာဇ်မိသားစုဝင်တစ်ဦးဖြစ်သည်။ သို့သော် သူက သိုင်းပညာကို စွဲလမ်းကာ အာဏာအတွက် တိုက်ခိုက်ရန် စိတ်မဝင်စားပေ။ သူ့တွင် အရည်အချင်းနှင့် ရည်မှန်းချက်များရှိသည်။
ထို့အပြင် တဝေ၏ ဧကရာဇ်မိသားစုက သားစဉ်မြေးဆက်များကို လိုချင်ကြသည်။
ထို့ကြောင့် ၎င်းတို့က ဝေတင်းရှန်ကို မည်သို့သော နည်းလမ်းနှင့်မတူ ပျိုးထောင်ပေးခဲ့ကာ ယွမ်ဟွမ်ပြီးလျှင် တဝေ၏ ဒုတိယမြောက် ရွှေအမတေပုံစံအဆင့် ဖြစ်လာခဲ့သည်။ ထို့ကြောင့် တဝေ၏ ဧကရာဇ်မိသားစုသည် တိုင်တောင်တစ်လုံးကဲ့သို့ တည်ငြိမ်နေခဲ့ခြင်းဖြစ်သည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သူများ ရှိမရှိကမူ လုံးဝ ကွဲပြားသော ကိစ္စဖြစ်သည်။
မင်းဆက်ပြောင်းလဲချိန်တွင် တဝေ၏ ယခင်ဧကရာဇ်က သူ့ကိုဖိတ်ကြားရန် လူများစေလွှတ်ခဲ့သော်လည်း သူစိတ်မဝင်စားခဲ့ပေ။ အဆုံးစွန်အားဖြင့် ဤသည်မှာ ပြင်ပရန်သူ၏ကျူးကျော်မှုမဟုတ်ဘဲ အတွင်းပိုင်းမင်းဆက်ပြောင်းလဲမှုဖြစ်သည်။ မည်သူဧကရာဇ်ဖြစ်လာသည်ဖြစ်စေ သူ့အတွက် ကွာခြားမှုမရှိလှပေ။ သူ၏ခွန်အားနှင့် အဆင့်အတန်းဖြင့် အခြားဧကရာဇ်တစ်ဦးဖြစ်လျှင်ပင် သူတို့သည် သူထိုက်တန်သောဆက်ဆံမှုကို လုယူဝံ့မည်မဟုတ်ပေ။ ထိုအချိန်က ချူးယွင်ဖန်းသည် သူ့အမြင်တွင် အလားအလာကောင်းများရှိသည့် ဂျူနီယာတစ်ယောက်သာဖြစ်သည်။
ချူးယွင်ဖန်းက အနာဂတ်တွင် ရွှေအမတေပုံစံအဆင့်သို့ဝင်ရောက်ရန် အခွင့်အရေးရှိခဲ့သည်။ ချူးယွင်ဖန်း၏ ခွန်အားက အချိန်တိုအတွင်း၌ ဤမျှ သိသိသာသာ ပြောင်းလဲသွားလိမ့်မည်ဟု မည်သူက ထင်မည်နည်း။ ဝေတင်းရှန်ပင်လျှင် ချူးယွင်ဖန်းကို မမြင်နိုင်ပေ။
"ဟုတ်တယ်။ နောင်တစ်ချိန်မှာ ဒီစကားပြောလိုက်တာနဲ့ ကျုပ် မင်းအတွက် သေပေးမယ် ဆရာချူး”
"နောင်တစ်ချိန်မှာ အခွင့်အရေးရှိရင် ကျွန်တော်တို့ဂိုဏ်းကို လာခဲ့ပါ။ ကျွန်တော်တို့ ကြိုဆိုပါတယ်။"
"မင်းတောင်းဆိုသရွေ့ ငါတို့ မိုင်ထောင်ပေါင်းများစွာ ဝေးနေရင်တောင် ငါတို့ ကူညီဖို့ လာခဲ့မယ်။"
ဤပညာရှင်များသည် တစ်ယောက်ပြီးတစ်ယောက် ပြောကြသည်။ ၎င်းတို့က ချူးယွင်ဖန်းအား ကြီးမားသောကျေးဇူးကို ပေးဆပ်ရန် ကြွေးတင်နေသောကြောင့် ပြောဆိုရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။ ထိုကျေးဇူးကို ပြန်လည်ပေးဆပ်ရန် နည်းလမ်းကို မစဉ်းစားပါက ၎င်းတို့၏ အနာဂတ်ကျင့်ကြံမှုအတွက် ဆိုးကျိုးသက်ရောက်လိမ့်မည်။
သာမန်လူများက ဂရုမစိုက်ကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ မခံစားနိုင်ကြသောကြောင့်ပင်ဖြစ်သည်။ သို့သော် ဤလူများထဲတွင် ထိပ်တန်းကျွမ်းကျင်သူ မဟုတ်သူ မည်မျှရှိသနည်း။
၎င်းတို့က ကံတရားကို နားလည်ကြသည်။ ယနေ့ ချူးယွင်ဖန်းအပေါ် ကျေးဇူးကျွေးး များစွာ တင်ပြီဖြစ်၍ တစ်ချိန်ချိန်တွင် ပြန်ဆပ်ရမည်မှာ ကျိန်းသေပင်ဖြစ်သည်။
"အဆင်ပြေပါတယ်။ အသေးအဖွဲကိစ္စလေးပါ" ချူးယွင်ဖန်းက ပြောသည်။
သူသည် တဝေ၏ ကျွမ်းကျင်သူများနှင့် ဆက်ဆံရေးကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နိုင်ရုံဖြင့် ကျေနပ်နေသည်။ မည်သို့ပင်ဖြစ်စေ၊ သူ့အတွက်တော့ လွယ်ကူသောကိစ္စတစ်ခုသာ ဖြစ်သည်။
သူ့ကို ကျေးဇူးတင်ပြီးနောက် ဤကျွမ်းကျင်သူများသည် လှည့်ထွက်သွားကြသည်။ သူတို့သည် ကြယ်ကိုးပွင့်၏ လှည့်စားမှုကို ခံခဲ့ရသည်။ ဤအကြောင်းကို စဉ်းစားမိသောအခါ အလွန်ဒေါသထွက်ကြသည်။ တဝေနှင့် ကြယ်ကိုးပွင့်ကြား ပဋိပက္ခသည် ယခုမှစ၍ အဆုံးမရှိ တည်ရှိနေတော့မည်။ ၎င်းတို့ အားလုံး ထွက်သွားပြီးနောက် ချူးယွင်ဖန်းက ယွင်ထျန်းနောက်သို့လိုက်သွားကာ ကြယ်ကိုးပွင့်ဂိုဏ်းခေါင်းဆောင်ထံသို့ တည့်တည့်သွားလိုက်သည်။
ယွင်ထျန်း၏ ဦးဆောင်မှုအောက်၌ ချူးယွင်ဖန်နးသည် ယှဥ်နိုင်စရာမရှိသော ဧရာမ ရတနာသိုက်ကြီးတစ်ခုဆီ ရောက်လာခဲ့သည်။ ဤသည်က စစ်မှန်သော ရတနာသိုက်ဖြစ်သည်။
ဧရာမစင်များကို နေရာတိုင်းတွင်မြင်နိုင်ကာ ဖုန်ထူထူများက အရာအားလုံးကို ဖုံးလွှမ်းနေသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ခရမ်းရောင်မိုးကြိုးဓားဂိုဏ်း၏ ရတနာအမျိုးမျိုးကို ဤနေရာတွင် ထားရှိသည်။ အတားအဆီးတချို့က မပျက်စီးသေးဘဲ အလင်းရောင်အနည်းငယ်သာ ထွက်နေဆဲဖြစ်သည်။ အတားအဆီးများက တည်ရှိနေဆဲဖြစ်သော်လည်း တကယ်တမ်းတွင် တစ်ချက်ထိရုံနှင့် ပြာဖြစ်သွားကြလိမ့်မည်ဖြစ်သည်။
သစ်သားစင်များသည် မီတာရာပေါင်းများစွာမြင့်သော သစ်ပင်ကြီးများကဲ့သို့ မြင့်မားသည်။ ထို့နောက် ၎င်းတို့ကို စတုရန်းအမျိုးမျိုးအဖြစ် ဖြတ်တောက်ပြီး ၎င်းတို့ထဲတွင် မတူညီသောပစ္စည်းများကို ထည့်သွင်းထားသည်။ ချူးယွင်ဖန်းသည် ထိုနေရာကို စူးစမ်းကြည့်ရှုသည်။ ရတနာတိုက်၏ အနက်ရှိုင်းဆုံးအပိုင်းတွင် မရေမတွက်နိုင်သော စက်ရုပ်သေးရုပ်များသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။ ၎င်းတို့သည် ရတနာတိုက်၏ အကာအကွယ်များဖြစ်ကြောင်း ထင်ရှားသော်လည်း၊ ၎င်းတို့ကို ကြယ်ကိုးပွင့်နှင့် တဝေတို့၏ ကျွမ်းကျင်သူများက ယခင်တိုက်ပွဲတွင် ဖျက်ဆီးခဲ့သည်။
ဤရုပ်သေးရုပ်များ၏ အလယ်ဗဟိုတွင် အစိမ်းရောင်အလင်းတန်းတစ်ခုထုတ်လွှတ်နေသော ဧရာမဥက္ကာခဲကြီးတစ်လုံးရှိသည်။ လူသားပုံရိပ်တစ်ခုက ယင်းအပေါ်တွင် တင်ပျဥ်ချိတ်ထိုင်နေသည်။ သူ့ပတ်ပတ်လည်တွင် ဥက္ကာခဲမှ ထွက်လာသော စွမ်းအင်က ကြောက်မက်ဖွယ် စွမ်းအငင်မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။ ထို စွမ်းအင်မုန်တိုင်းကို ထိုပုံရိပ်က စုပ်ယူနေခြင်းဖြစ်ကြောင်း ထင်ရှားသည်။ သူ၏ ေရောင်ဝါက အချိန်တိုင်းတွင် အရူးအမူးတိုးပွားနေသည်။
ချူးယွင်ဖန်းက ထိုပုဂ္ဂိုလ်သည် ကြယ်ကိုးပွင့်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်ကြောင်း မည်သို့မသိဘဲ နေလိမ့်မည်နည်း။
ဆိုရိုးစကားအရ ရန်သူများတွေ့သောအခါ ၎င်းတို့၏ မျက်လုံးများက အနီရောင်ပြောင်းသွားလိမ့်မည်။ ချူးယွင်ဖန်းသည် ဂိုဏ်းခေါင်းဆောင်ကို သတ်ချင်သည့်သူတစ်ဦးတည်းမဟဟုတ်ေပေ။ ယွင်ထျန်း၏ မျက်လုံးများက အနီရောင်ပြောင်းသွားခဲ့သည်။ ဤတစ်ကြိမ် သူ အကြီးအကျယ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကာ ချူးယွင်ဖန်းနှင့်ပြီးခဲ့သော တိုက်ပွဲနှင့်မတူပေ။
ထိုတိုက်ပွဲတွင် ချူးယွင်ဖန်းက ယွင်ထျန်းကို သတ်ရန် ရည်ရွယ်ချက် မရှိပေ။ သူ လုံးဝ ရှုံးနိမ့်သွားသော်လည်း သူ့အသက်အန္တရာယ် မရှိပေ။ သို့သော် ဤတစ်ကြိမ်တွင် ဂိုဏ်းခေါင်းဆောင်၏ လက်ချက်နှင့် သူတို့ အားလုံးနီးပါး သေလုမျောပါးဖြစ်သွားကြသည်။ ဤဥက္ကာခဲမှ စွမ်းအင်ကို သူစုပ်ယူခဲ့ပါက သူနှင့် ဝေတင်းရှန်တို့ ကံဆိုးသွားနိုင်သည်။
"အဲ့ဒီကောင်ပဲ။ သူ့ကိုသတ်ကြရအောင်!" ယွမ်ထျန်းက အော်ပြောလိုက်သည်။
ပုံရိပ်နှစ်ခုသည် အဝေးမှ ပျံသန်းလာပြီး ချူးယွင်ဖန်းနှင့် ယွမ်ထျန်းတို့ကို ဘယ်ညာမှ ပိတ်ထားလိုက်သည်။
"ယွမ်ထျန်း၊ မင်း အသက်ရှင်နေသေးပြီး ပြန်လာရဲသေးလား။ ဒီနေ့ ငါတို့လက်ထဲမှာ သေရတော့မယ့်ပုံပဲ”
အခန်း(၁၅၂၁) မသိသာမှု
"မင်းတို့နှစ်ယောက်ပဲလား" ယွမ်ထျန်း အော်ပြောလိုက်သည်။
ချူးယွင်ဖန်းက ၎င်းတို့ကို လှမ်းကြည့်လိုက်သောအခါ မျက်နှာတူသော လူနှစ်ဦးဖြစ်နေသည်ကို မြင်လိုက်ရသည်။ တစ်ဦးက ဘယ်ဘက်တွင်ရှိကာ ကျန်တစ်ဦးက ညာဘက်တွင်ရှိသည်။ သူက ချက်ချင်းပင် လူနှစ်ယောက်၏ အမည်ကို ခန့်မှန်းလိုက်သည်။ ယင်းတို့မှာ ကြယ်ကိုးပွင့်ဂိုဏ်း၏ လက်ဝဲကာကွယ်သူနှင့် လက်ရာကာကွယ်သူတို့ဖြစ်ကြသည်။
ချူးယွင်ဖန်းသည် ကြယ်ကိုးပွင့်အကြောင်း ဆန်းကြယ်နန်းဆောင်မှ ဤညီအစ်ကိုနှစ်ဦး၏ အမည်များအပါအဝင် အချက်အလက်များစွာကို ရရှိခဲ့သည်။ သူတို့သည် ကြယ်ကိုးပွင့်တွင် အထင်ရှားဆုံး ကျွမ်းကျင်သူနှစ်ဦးဖြစ်ကြသည်။ ၎င်းတို့သည် အမွှာများဖြစ်ကြကာ နှစ်ဦးစလုံးသည် လေ့ကျင့်မှုတွင် အံ့သြဖွယ်ကောင်းသော ပါရမီရှိကြသည်။ ကြယ်ကိုးပွင့်မှ ၎င်းတို့ကို စုဆောင်းပြီးနောက် သူတို့သည် ချောမွေ့သော ခရီးတစ်ခု ဖြတ်သန်းခဲ့ပြီး အလျင်အမြန် တိုးတက်လာခဲ့သည်။ နောက်ပိုင်းတွင် ၎င်းတို့သည် ဂိုဏ်း၏ လက်ဝဲ၊ လက်ယာ ကာကွယ်သူများ ဖြစ်လာခဲ့ကြသည်။
၎င်းတို့က ကြယ်ကိုးပွင့်ထဲတွင် အသန်မာဆုံးလူများထဲမှ တချို့ဖြစ်ကြသည်။ ၎င်းတို့နှစ်ဦးလုံးက ယွင်ထျန်းထက် အဆင့်မနိမ့်ကြပေ။ ၎င်းတို့သည် ရွှေအမတေထက်ဝက်အဆင့်သို့ရောက်နှင့်ပြီးသား ကျွမ်းကျင်သူများဖြစ်ကြသည်။ တစ်ကမ္ဘာလုံးတွင် ဤအဆင့်ရှိသူကျွမ်းကျင်သူအနည်းငယ်သာရှိသည်။ အနာဂတ်တွင်အခွင့်အရေးရှိပါက ၎င်းတို့က ယွင်ထျန်းကဲ့သို့ပင် ပြီးပြည့်စုံခြင်းအဆင့်သို့ရောက်ကာ နိုင်ငံတော်ကာကွယ်သူများဖြစ်လာနိုင်သည်။
ကြယ်ကိုးပွင့်ဂိုဏ်း၏ ပညာရှင်အများစုသည် ယွင်ထျန်းနှင့်အခြားသူများဆီသို့လိုက်သွားသော်လည်း အခိုင်မာဆုံးပညာရှင်နှစ်ဦးကိုမူ စိတ်ချရသော နေရာ၌ ချန်ခဲ့သည်။
"ဆရာချူး အဲ့ကောင်ကို ကိုင်တွယ်လိုက်ပါ။ ကျုပ် ဒီနှစ်ကောင်ကို ကိုင်တွယ်လိုက်မယ်။ သူတို့ ဆရာချူးကို မတားစေရဘူး” ယွင်ထျန်းက ကျယ်လောင်စွာပြောလိုက်သည်။
ယခင်ကသာဆိုပါက သူ့ကိုအမတေမဲ့က လိုက်လံဖမ်းဆီးနေခဲ့သည်။ ယခု သူ၏ ခွန်အားက ထက်ဝက်မျှ ပြန်လည်ကောင်းမွန်လာပြီဖြစ်၍ သူ၏ အထွတ်အထိပ်အခြေအနေသို့မရောက်သေးသော်လည်း ရွှေအမတေပုံစံအဆင့်နှစ်ဦးနှင့်ရင်ဆိုင်ရမည်ကို မကြောက်ပေ။
"မင်းတို့နှစ်ယောက်ပဲလား" ကြယ်ကိုးပွင့်၏ လက်ဝဲကာကွယ်သူက ချူးယွင်ဖန်းနှင့် ယွမ်ထျန်းတို့ကို လေးနက်သောအမူအရာဖြင့် စိုက်ကြည့်နေသည်။ ချူးယွင်ဖန်း၏ ခွန်အားသည် အံ့မခန်းဖြစ်ကြောင်း သူတို့မြင်နိုင်သည်။
"မလိုပါဘူး။ ဒီအသုံးမကျတဲ့ကောင်နှစ်ယောက်အတွက် အချိန်ဖြုန်းစရာမလိုပါဘူး။" ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။
"မင်းက ကိုယ့်သေလမ်းကိုယ်တူးနေတာပဲ!"
ကာကွယ်စောင့်ရှောက်သူများသည် ချူးယွင်ဖန်း၏ သဘောထားကြောင့် ချက်ချင်းဒေါသထွက်သွားကြသည်။ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းအားများသည် သူတို့၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ချူးယွင်ဖန်းဆီသို့ အပြေးအလွှားသွားကြသည်။ သူတို့သည် ချူးယွင်ဖန်းကို ဘယ်ညာမှ တိုက်ခိုက်ကြသည်။ သူတို့တိုက်ခိုက်နေစဉ်တွင် မရေမတွက်နိုင်သော ကြယ်များသည် ကောင်းကင်နှင့်မြေပြင်ကို ဖုံးလွှမ်းသွားပုံရပြီး ချူးယွင်ဖန်းအပေါ်သို့ ကျရောက်လာသည်။
ချူးယွင်ဖန်းက လက်သီးတစ်ချက် ရိုးရှင်းစွာထိုးလိုက်သည်။ သူ့လက်သီး၏ အားသည် ချက်ချင်းပင် လိမ်ကောက်သွားပြီး အရာအားလုံးကို စုတ်ဖြဲပစ်လိုက်သည်။ ကောင်းကင်ရှိ ကြယ်များကို စုတ်ဖြဲလိုက်ပြီး ရုတ်တရက် သူ့လက်သီးသည် နှစ်ယောက်အပေါ်သို့ ထိမှန်သွားသည်။
ဘမ်း
ဘမ်း
လက်သီးချက်က ကာကွယ်သူများအပေါ် ကျရောက်သွားပြီး ချက်ချင်းပဲ လွင့်ထွက်သွားသောကြောင့် ၎င်းတို့ ကျယ်လောင်စွာအော်လိုက်ကြသည်။ သူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ ကြောက်မက်ဖွယ် အင်အားတစ်ခု၏ တိုက်ခိုက်ခံရကာ စုတ်ပြဲသွားသကဲ့သို့ပင်ဖြစ်သည်။
ခဏတာအတွင်း၌ပင် ညီအစ်ကို နှစ်ဦးသည် ချူးယွင်ဖန်း၏ လက်ချက်နှင့်သေဆု့ဂသွားခဲ့ကြသည်။
ယွင်ထျန်း၏ ပါးစပ်က ကျယ်လောင်စွာဟသွားသည်။ ခဏတာမျှ သူ မည်သို့ ပြောရမည်ကို မသိတော့ပေ။ ဤလူနှစ်ဦးကို အနိုင်ပိုင်းနိုင်ရန် မလွယ်ကူပေ။ ၎င်းတို့သည် ရွှေအမတေထက်ဝက်အဆင့်များသည် ရွှေအမတေပုံစံအဆင့်စွမ်းရည်များရှိကြသည်။ သို့သော် ချူးယွင်ဖန်းကို ရင်ဆိုင်ကြရသောအခါ ပေါင်းပင်များကဲ့သို့ ဆွဲနှုတ်ခံလိုက်ရသည်။ ဤသည်က ချူးယွင်ဖန်း သူ့ကို လဲကျသွားအောင်လုပ်ခဲ့သည့်အချိန်ကို ပြန်သတိရစေသည်။
အခု သူက ရွှေအမတေပုံစံအဆင့်၌ရှိနေကာ သူ၏ ခွန်အားက ယခင်ကနှင့်မတူသော်လည်း မှချူးယွင်ဖန်းကလည်း ယခင်ကထက် များစွာ ပိုမိုတိုးတက်လာသည်။ ချူးယွင်ဖန်းက ကာကွယ်သူများကို ပေါ့ပေါ့ပါးပါးလက်သီးတစ်ချက်နှင့်သတ်နိုင်ခဲ့သည်။ ထိုစဥ်ကသာဖြစ်ပါက ဤမျှပေါ့ပေါ့မလုပ်နိုင်ပေ။
“မင်းဘယ်လောက်သတ္တိရှိလဲ”
ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခုပြီးနောက် စွမ်းအင်မုန်တိုင်းမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ထွက်ပေါ်လာခဲ့သည်။
ယွမ်ထျန်းသည် ဖိအားကို ခံစားလိုက်ရပြီး သူ့မျက်နှာအမူအရာ ပျက်သွားသည်။ ဂိုဏ်းချုပ်သည် အံ့သြဖွယ်ကောင်းသော အမြန်နှုန်းဖြင့် တိုးတက်နေသည်ကို သူ ခံစားမိသည်။ သူသည် နောက်ဆုံး ရွှေအမတေပုံစံအဆင့်သို့ ရောက်ရှိတော့မည်။
"ချီးပဲ သူ့ကို အဆင့်တက်ခွင့်ပေးလို့မရဘူး မဟုတ်ရင် အကျိုးဆက်တွေက မယုံနိုင်စရာပဲ!" ယွမ်ထျန်းက အလျင်အမြန်ပြောလိုက်သည်။
ချူးယွင်ဖန်းက အံကြိတ်ကာ ရှေ့မှ စွမ်းအင်မုန်တိုင်းကို ကြည့်၍ လှောင်ရယ်လိုက်သည်။
"ကိစ္စမရှိပါဘူး။ သူ အဆင့်တက်ရင်တောင် သေမှာပဲ။"
ဂိုဏ်းချုပ်၏ အင်အားက အလျင်အမြန်တိုးတက်လာကာ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းမျဥ်းကို ဖြတ်ကျော်သွားသော်လည်း ချူးယွင်ဖန်းအတွက် ခြိမ်းခြောက်မှုမဟုတ်သေးပေ။ ထိုအချိန်၌ ချူးယွင်ဖန်း၏ ခွန်အားက အံ့မခန်းပြောင်းလဲမှုများဖြစ်ပေါ်ခဲ့သည်။
စွမ်းအင်မုန်တိုင်းထဲမှ ပုံရိပ်တစ်ခု ပျံသန်းထွက်လာပြီး အရာအားလုံးကို ဆုတ်ဖြဲလိုက်သည်။ ချက်ချင်းပင် သူသည် နှစ်ယောက်ရှေ့သို့ ရောက်ရှိလာခဲ့သည်။
"မင်းတကယ်ပဲ ငါ့လူတွေကို ငါ့ရှေ့မှာ သတ်ရဲတာလား။ မင်းက သေချင်နေတာပဲ!" ဂိုဏ်းချုပ်က အေးစက်စက်ပြောလိုက်သည်။
ယွမ်ထျန်းက သူ့ခန္ဓာကိုယ်ပေါ်မှ အံ့ဖွယ်ဖိအားတစ်ခုကို ချက်ချင်းခံစားမိကာ အနည်းငယ် မသက်မသာဖြစ်သွားသည်။ သို့သော် သူက ရွှေအမတပုံစံအဆင့်ရှိသူဖြစ်သောကြောင့် သူ ခံနိုင်ရည်ရှိသည်။ သူ့ခန္ဓာကိုယ်ပေါ်မှာ အံ့သြစရာကောင်းတဲ့ ဖိအားတစ်ခု ဖိစီးနေတာကို ခံစားမိပြီး ချက်ချင်းပဲ အနည်းငယ်
ထို့နောက် ချူးယွင်ဖန်း လုံးဝထိခိုက်ခြင်းမရှိသည်ကို သူမြင်လိုက်ရသည်။ ကြယ်ကိုးပွင့်သခင်၏ဖိအားသည် သူ့အား မည်သည့်ခြိမ်းခြောက်မှုမျှ မဖြစ်စေသကဲ့သို့ပင်ဖြစ်၏။
"နှောင်းပိုင်း ရွှေအမတေပုံစံအဆင့်လား?" ချူးယွင်ဖန်း မျက်ခုံးပင့်ပြီး လှောင်ပြောင်လိုက်သည်။
"ဟုတ်တယ်။ မင်း အခု အဲဒါကို နားလည်ဖို့ နောက်ကျသွားပြီ။ မင်း ဒါကို မမျှော်လင့်ထားဘူးမလား" ကြယ်ကိုးပွင့် ဂိုဏ်းသခင်က ချူးယွင်ဖန်းကို စိုက်ကြည့်နေသည်။
"မင်း ဘယ်သူလဲဆိုတာ ငါမသိဘူး၊ ဒါပေမယ့် ကြယ်ကိုးပွင့် ကာကွယ်သူတွေကို မင်း ဘယ်လို သတ်ရဲတာလဲ။ ကမ္ဘာပေါ်မှာ ဘယ်သူမှ မင်းကို အခု ကယ်တင်နိုင်မှာ မဟုတ်ဘူး!"
"ငါက ကယ်တင်ဖို့ လိုအပ်လား" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
"ငါ မင်းကို မေးစရာတစ်ခု မရှိရင် မင်း အဲ့မှာ ရပ်ပြီး စကားပြောနေမယ်လို့ မင်းထင်လား"
"ရိုင်းစိုင်းလိုက်တာ! မင်းက သေမင်းကို ဖိတ်နေတာပဲ!" ဂိုဏ်းချုပ်သည် ချူးယွင်ဖန်း၏ စကားများကြောင့် လုံးဝဒေါသထွက်သွားသည်။ ချက်ချင်းပင် သူ၏နတ်ဘုရားစွမ်းအားများ လောင်ကျွမ်းပြီး ကြယ်အလင်းရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် သူက လက်သီးတစ်ချက်ထိုးလိုက်သည်။
ဘမ်း
ကမ္ဘာကြီး ပြင်းထန်စွာ တုန်လှုပ်သွားပြီး လက်သီးချက်သည် ချူးယွင်ဖန်းထံသို့ တည့်တည့်သွားသော ကြယ်တစ်လုံးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် တောင်တစ်လုံးကို မြေပြင်ပေါ်သို့ လုံးဝပြိုကျသွားစေနိုင်သည်။ ယွမ်ထျန်းတွင် ဤလက်သီးချက်မှ ထွက်ပေါ်လာသော နောက်ဆက်တွဲငလျင်ကို ခုခံရန် ခုခံကာကွယ်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။ သို့သော် ချူးယွင်ဖန်းသည် မလှုပ်မယှက်ရပ်နေခဲ့သည်။
"ဟား သနားစရာပဲ" ချူးယွင်ဖန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်နှင့် သွေးများအားလုံး တောက်လောင်လာသည်။
ဂိုဏ်းချုပ်က ကြောက်စရာ အင်အားတစ်ခု တန်ပြန်ထွက်လာသည်ကို ချက်ချင်းခံစားလိုက်ရသည်။ ယင်းမှာ သူက ချူးယွင်ဖန်းကို တိုက်ခိုက်ရန် အသုံးပြုခဲ့သော လက်သီးစွမ်းအားပင်ဖြစ်သည်။
ဂိုဏ်းချုပ်က နောက်ဆုံးတွင် ရပ်တန့်သွားသည်အထိ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားသည်။ သူ့ရင်ဘတ်ရှိ သွေးများ ဆူပွက်လာသည်ကို ခံစားလိုက်ရသည်။