အခန်း (၁၅၂၂-၁၅၂၄)
Vol. 102 Ch. 1522-1524
အခန်း(၁၅၂၂) ကြမ်းပြင်ပေါ်သို့ ရိုက်ချခြင်း
"ဘာ" ဂိုဏ်းချုပ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ၏ လက်ရှိ ကျင့်ကြ့ရေးအဆင့်နှင့်ဆိုပါက ဤလက်သီးတွင် အစွမ်းကုန်မသုံးနိုင်သော်လည်း သူ၏ လက်သီးက ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သေးသည်။ နောက်ထပ်အနည်းငယ်မျှ ထိုးချက်များက တစ်မြို့လုံးကို ပြာဖြစ်သွားစေနိုင်ရန် လုံလောက်သည်။
သို့သော်လည်း ချူးယွင်ဖန်းသည် မျက်တောင်တစ်ချက်မခတ်ဘဲ လက်ခံနိုင်ခဲ့သည်။ ဤသည်က ချူးယွင်ဖန်းအပေါ် သူ၏အမြင်ကို လုံးဝပြောင်းလဲရန် လုံလောက်သည်။ ဤချူးယွင်ဖန်းသည် ပေါ့ပေါ့တန်တန်ဆက်ဆံရမည့်သူ မဟုတ်ပေ။
သူမျှော်လင့်ထားသည်နှင့်မတူပေ။
ချူးယွင်ဖန်း၏ စွမ်းအင်အတက်အကျများးသည် အမတေမဲ့အဆင့်၌သာရှိသေးသည်။ သူ၏ မူလရည်မှန်းချက်က ယွမ်ထျန်းကို ရရန်ဖြစ်သည်။ သို့သော် ယခု ချူးယွင်ဖန်းက ၎င်းတို့နှစ်ဦးအနက် အသန်မာဆုံးဖြစ်ပုံရသည်။
"ဆရာချူး၊ အဆင်ပြေရဲ့လား" ယွမ်ထျန်းက စိုးရိမ်တကြီး မေးလိုက်သည်။ သူ့ဆရာပင် ဂိုဏ်းချုပ်၏ လွန်ကဲသော လက်သီးကို ခံရပါက ပြင်းထန်စွာ ဒဏ်ရာရလိမ့်မည်။
နှစ်ဖက်စလုံးတွင် အင်အားကွာခြားမှု ကြီးမားခဲ့သည်။
"ငါ အဆင်ပြေပါတယ်။ ဒီအဆင့်တိုက်ခိုက်မှုက ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး!" ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။
"ကောင်းတယ်။ ဒါပေမယ့် သတိထားသင့်တယ်။ ဒီကောင်က ပေါ့ပေါ့တန်တန် ဆက်ဆံရမယ့်သူ မဟုတ်ဘူး။"
ယွင်ထျန်းက သက်ပြင်းတစ်ချက် ချလိုက်မိသော်လည်း ချူးယွင်ဖန်းကို သတိပေးနေသေးသည်။ ဂိုဏ်းချုပ်က အေးစက်စွာနှာခေါင်းရှုံ့၍ ယွင်ထျန်းကို လက်သီးတစ်ချက် ပစ်ထိုးလိုက်သည်။ ယွင်ထျန်းက သူ့အပေါ်သက်ရောက်လာသည့် အဆုံးမဲ့လက်သီး၏ ဖိအားက အရပ်လေးမျက်နှာမှ ထွက်ပေါ်လာသည်ကို ချက်ချင်းခံစားလိုက်ရသည်။ ခဏတာအတွင်း၌ပင် သူသည် အမှိုက်ပုံးထဲသို့ ပစ်ချခံရတော့မည့်နှယ် ဖြစ်သွားသည်။
"ရှူး!" ယွမ်ထျန်းက ကျိန်ဆဲကာ ဤလက်သီး၏ အကွာအဝေးမှ လွတ်မြောက်သွားရန် နောက်ဆုတ်သွားသည်။
သို့သော်လည်း သူသည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအာရုံတစ်ခု၏ ပိတ်လှောင်ခံထားရသည်ကို တွေ့ရှိခဲ့သည်။ သူ ဆုတ်ခွာလိုသော်လည်း မဖြစ်နိုင်ပေ။
ဤအချိန်တွင် ချူးယွင်ဖန်းသည် သူ့လက်ကိုဆန့်ထုတ်ပြီး ပေါ့ ပေါ့ပါးပါး လက်သီးဆုပ်လိုက်သည်။ ကြယ်များအဖြစ် ပြောင်းလဲသွားသော ကြောက်မက်ဖွယ်ကောင်းသော လက်သီးစိတ်သည် ချူးယွင်ဖန်း၏ ဆုပ်ကိုင်မှုမှ ဘာမှမရှိသော အခြေအနေကို ရောက်ရှိသွားသည်။
"ငါက မင်းရဲ့ပြိုင်ဘက်ပဲ" ချူးယွင်ဖန်းက ဘာသိဘာသာပြောလိုက်သည်။
"ငါ့ရှေ့မှာ မာကျောချင်ရင် မင်းမှာ စွမ်းရည်ရှိရမယ်"
ဤအချိန်တွင် ဂိုဏ်းချုပ်သည် နောက်ဆုံးတွင် ချူးယွင်ဖန်း၏ မျက်လုံးကို ကြည့်လိုက်၏။ သူ့ကို ဒေါသထွက်စေခဲ့သော ယွမ်ထျန်းကို မပြောဘဲ ပြောလိုက်သည်။
"ဆရာချူး၊ မင်းရဲ့ မျိုးရိုးနာမည်က ချူးဘဲ မကြာသေးမီက တဝေမှာ ပေါ်လာသော ကမ္ဘာ့နံပါတ်တစ် ကျွမ်းကျင်သူ ချူးယွင်ဖန်းလား"
ဂိုဏ်းချုပ်က ချူးယွင်ဖန်း မည်သူဖြစ်ကြောင်း ခန့်မှန်းခဲ့သည်။
ချူးယွင်ဖန်း၏ အစားထိုးခန္ဓာကိုယ်က မည်သူမည်ဝါဖြစ်ကြောင်း မည်သူမျှ မသိကြပေ။ ထို့ကြောင့် ၎င်းတို့ မသိကြပေ။ သို့သော် ချူးယွင်ဖန်းကမူ မတူပေ။ သူက တဝေကို ပြောင်းပြန်လှန်ခဲ့သည်။ ပြင်ပမှ သတင်းအချက်အလက်များစုဆောင်းနေသည့် အင်အားစုများက ချူးယွင်ဖန်းကို လျစ်လျူရှု့ထားမည်မဟုတ်ပေ။
“ဟုတ်တယ် ငါက ချူးယွင်ဖန်းပဲ” ချူးယွင်ဖန်းက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
"ငါ့ကို ဆန့်ကျင်ဖို့လိုလား”
ဂိုဏ်းချုပ်က တိုက်ခိုက်ရန် မပြောခဲ့ပေ။ ကာကွယ်စောင့်ရှောက်သူများကို သုတ်သင်ခဲ့သော ချူးယွင်ဖန်းနှင့်အခြားသူများကို မုန်းသည့်တိုင် ချူးယွင်ဖန်းကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်မရှိပေ။
ချူးယွင်ဖန်း၏ ခွန်အားက သူ့ကို နားမလည်နိုင်စရာ ခံစားချက်တစ်ခု ပေးခဲ့သည်။
သူ့အဆင့်လောက် ကျွမ်းကျင်သူများသည် ကမ္ဘာပေါ်တွင် ရှားပါးသည်။
သူ လုံးဝယုံကြည်မှုမရှိပါက နှစ်ဖက်စလုံးက ခင်မင်ရင်းနှီးသော ဟန်ဆောင်မှုများကို စွန့်လွှတ်ပြီးသွားသည့်တိုင် ချူးယွင်ဖန်းနှင့် လုံးဝ ရန်ဖြစ်ချင်ကြမည်မဟုတ်ပေ။ ချူးယွင်ဖန်း၏ အားနည်းချက်ကို ရှာတွေ့ပြီးနောက်မှ သတ်ခြင်းက ချူးယွင်ဖန်းနှင့် ယခု တိုက်ခိုက်ခြင်းနှင့်လုံးဝ ကွာခြားသည်။
"မင်းကို ဆန့်ကျင်လား။ မင်းထင်ရင်လည်း မဆိုးဘူး" ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။
"မင်းက အရှက်မရှိတာပဲ!" ကြယ်ကိုးပွင့်သခင်က ချူးယွင်ဖန်းကို စိုက်ကြည့်ကာ အေးစက်သော အသံဖြင့်ပြောသည်။
"မင်းမှာ ဘာကိုလေးစားစရာရှိလို့လဲ" ချူးယွင်ဖန်းက ရယ်လိုက်သည်။
"ဟားဟားဟား! မင်းကိုယ်မင်း အထင်ကြီးလွန်းတယ်။ ငါ မင်းကို မေးစရာရှိတယ်။ တန်စီယု ပျောက်သွားတဲ့အကြောင်း မင်းဘယ်လောက်သိလဲ။ မင်း ငါ့ကို နာနာခံခံပြောရင် မင်းရဲ့အလောင်းကို ငါချန်ထားပေးမယ်”
"တန်စီယုဟုတ်လား ဘာလို့ အဲဒီမိန်းမအကြောင်း ထပ်ပြောပြန်ပြီလဲ" ကြယ်ကိုးပွင့်ဂိုဏ်းချုပ်က ဇဝေဇဝါဖြစ်သွားသည်။ အဘယ်ကြောင့် တန်စီယုအကြောင်း’ထပ်ပြောပြန်သနည်း။
ပြီးခဲ့သော ခြောက်လအတွင်းတွင် တန်စီယု၏ ဖြစ်တည်မှုက အလွန် အင်အားကောင်းခဲ့သည်။ ယခင်က သူ တန်စီယုကို ပြင်းထန်စွာဒဏ်ရာရစေခဲ့သောလည်း သူမကို ဂရုမစိုက်ခဲ့ပေ။ သာမန်ရွှေအမတေတစ်ဦးက အဘယ်ကြောင့် သူ့အာရုံကို စွဲဆောင်နိုင်မည်နည်း။
သူ့သားကြောင့်သာမဟုတ်ပါက သူမကို အာရုံစိုက်မည်မဟုတ်ပေ။
သူက တန်စီယုကို ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့ကာ သူမ မည်သည့်နေရာ၌ ရှိနေသည်ကို မသိရသော်လည်း ၎င်းသည် ပြဿနာ၏အစသာဖြစ်သည်။
ကျန်းဝူချန်ပေါ်လာပြီး ကြယ်ကိုးပွင့်ဂိုဏ်းကို အကြီးအကျယ် ဆုံးရှုံးစေခဲ့သည်။ အကြီးအကဲအများအပြားသည် တိုက်ပွဲတွင် သေဆုံးခဲ့ပြီး ဂိုဏ်းချုပ်ဟောင်းအပါအဝင် ကျွမ်းကျင်သူများစွာလည်း သေဆုံးခဲ့သည်။ ဒုတိယဂိုဏ်းချုပ်သည်လည်း ကျန်းဝူချန်၏လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်။ ဤမျှတိုတောင်းသောအချိန်အတွင်း ကိုးကြယ်တာရာများသည် အရာအားလုံးကို ဆုံးရှုံးခဲ့ရသည်။
ဂိုဏ်းချုပ်၏ ပထမရည်မှန်းချက်က ကျန်းဝူချန်ကိုရှာ၍ သတ်ပစ်ရန် ဖြစ်သည်။ ပြဿနာကို ဖြေရှင်းရန် ကျန်းဝူချန်ကို ရှာမတွေ့ခင်၌ပင် တဝေ၏ နံပါတ်တစ်ပညာရှင်က ရုတ်တရက်ပေါ်လာကာ တန်စီယုကိုပါရှာနေလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
ဤလူများသည် ယခင်က လူများထက် များစွာ ပိုသန်မာသည်။
ထို့ကြောင့် ဂိုဏ်းချုပ်က နောင်တရသွားသည်။ ထိုစဥ်က သူ ဘာမှမလုပ်ခဲ့သင့်ပေ။ မဟုတ်ပါက ဤမျှ ပြဿနာကြီးတက်မည်မဟုတ်ပေ။ ဤပညာရှင်တိုင်းသည် ယခင်ကထက် ပို ဒုက္ခရောက်ကြသည်။
သို့သော် ယခု သူ့ကို သတ်တပစ်ရန်သာ ရှိတော့သည်။
ချူးယွင်ဖန်းက မျက်လုံးများကို ကျဥ်း၍ ကြည့်လိုက်ကာ သူ့မျက်လုံးများတွင် သတ်ဖြတ်လိုသော ဆန္ဒများ ပြည့်နှက်နေသည်။
“ခွေးမ မင်းက ခွေးမပဲ”
ချူးယွင်ဖန်း သူ့လှုပ်ရှားမှုကို ပြုလုပ်လိုက်သည်။ သူ့လက်ဖဝါးကို ဝှေ့ယမ်းပြီး ဂိုဏ်းခေါင်းဆောင်၏ မျက်နှာကို ပါးရိုက်လိုက်သည်။
ဂိုဏ်းချုပ်က တုံ့ပြန်ရန် အချိန်မရှိသောကြောင့် လေထဲလွင့်ထွက်သွားသည်။
ဘမ်း
ရိုက်ချက်ကြောင့် မြေပြင်တည့်တည့်သို့ လဲကျသွားသည်။ ချူးယွင်ဖန်းက သူ့ကို ပါးရိုက်လိုက်သည်ကို မယုံကြည်နိုင်သကဲ့သို့ အမူအရာဖြင့် ပြန်ထလာသည်။ သူ၏ ကျင့်ကြံမှုနှင့်ဆိုပါက ကမ္ဘာပေါ်တွင် သူ့ကို ထိနိုင်သောသူ မရှိလှပေ။ သို့သော် နောက်ဆုံးတွင် ချူးယွင်ဖန်းက သူ့ကို ပါးရိုက်လိုက်သည်။
"မင်းက သေမင်းကို ပင့်နေတာပဲ!"
ဂိုဏ်းခေါင်းဆောင်သည် ဒေါသထွက်နေသည်။ သူ၏ စွမ်းအင်များ မြင့်တက်လာပြီး ကောင်းကင်သို့ ပျံတက်သွားသည်။ ပါးရိုက်ခံရသည့်ခံစားချက်သည် အရှက်ရစေသည့်ခံစားချက်ဖြစ်ကြောင်း ထင်ရှားသည်။
"ငါ မင်းကို သတ်ရမယ်!"
ကြောက်မက်ဖွယ်ကောင်းသော ဖိအားလှိုင်းများသည် ချူးယွင်ဖန်းအပေါ်သို့ ဒီရေကဲ့သို့ ဖိစီးနေသော်လည်း သူ မလှုပ်ရှားခဲ့ပါ။ သူသည် အဆုံးမဲ့လှိုင်းများကြားရှိ ကျောက်ဆောင်ကဲ့သို့ ဖြစ်နေသည်။ သူ့အပေါ်သို့ မည်မျှဖိအားများ ဖိစီးနေပါစေ၊ ချူးယွင်ဖန်းကို မလှုပ်ရှားနိုင်ပေ။
ယွမ်ထျန်းက မီတာရာပေါင်းများစွာ ဆုတ်ခွာသွားနှင့်ပြီးဖြစ်သည်။ ထိုကဲ့သို့သောတိုက်ပွဲသည် သူဝင်ရောက်စွက်ဖက်၍မရသောအရာဖြစ်ကြောင်း သူမည်သို့နားမလည်ဘဲနေနိုင်မည်နည်း။
အခန်း(၁၅၂၃) ကြယ်ကိုးပွင့်ဂိုဏ်းချုပ်ကို အရှက်ခွဲခြင်း
သူက ချူးယွင်ဖန်း၏ နောက်ကျောကို ဘီလူးတစ်ကောင်ကို ကြည့်နေသကဲ့သို့ ကြည့်နေသည်။ ချူးယွင်ဖန်း၏ ပါးရိုက်ချက်က ဂိုဏ်းခေါင်းဆောင်ကိုသာမက ယွမ်ထျန်းကိုပါ အံ့အားသင့်စေခဲ့သည်။
သူ့တွင် တုံ့ပြန်ရန် အချိန်ပင်မရှိပေ။
ဤသည်က ကြယ်ကိုးပွ့င်ဂိုဏ်းချုပ်ဖြစ်သည်။ ယွင်ထျန်း၏ ဂိုဏ်းချုပ်ပင် အဆင့်တက်ပြီးနောက် ယှဥ်နိုင်စရာမရှိသော ကြောက်မက်ဖွယ် ဖြစ်တည်မှုတစ်ခုဖြစ်သည်။ ဂိုဏ်းချုပ်က ယခုအချိန်တွင် ရွှေအမတေပုံစံအဆင့်သို့ရောက်ရှိနေကာ သူ၏ ခွန်အားကလည်း လုံးဝ အဆင့်တစ်ခုသို့ မြင့်တက်လာပြီဖြစ်သည်။ ဂိုဏ်းခေါင်းဆောင်က သူ့ကိုသတ်ချင်ပါက လွတ်မြောက်နိုင်မည်မဟုတ်ကြောင်း သူသိသည်။ ချူးယွင်ဖန်းနှင့်ရင်ဆိုင်ရသောအခါ သူ ဤမျှ အားနည်းသွားလိမ့်မည်ဟု မည်သူက ထင်မည်နည်း။ ဂိုဏ်းခေါင်းဆောင်ကိုပင် မြေပြင်ပေါ် ပါးရိုက်ချခဲ့သည်။ လမ်းဘေးမှ ကျပန်းခူးလာသည့် ဂေါ်ဖီထုပ်ကဲ့သို့မဟုတ်သော်လည်း အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
ချူးယွင်ဖန်း၏ အသက်အရွယ်ကို စဥ်းစားကာ ယွင်ထျန်းက သူ့ကို မည်သို့ဖော်ပြရမည်ကို မသိတော့ပေ။ သူက လူ့ဘီလူးတစ်ကောင်ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤအချိန်၌ ချူးယွင်ဖန်းနှင့်ယှဥ်ပြိုင်ရန်
စိတ်ကူးပင် မရှိသေးပေ။ ဤသို့သော ကိစ္စများကို တွေးပင် မတွေးဝံ့ပေ။ အဝေးဆုံး၌ ရပ်နေသည်ဟုသာ ပြောနိုင်သည်။ ဤတိုက်ပွဲမျိုးသည် ဤကွင်းထဲက မည်သူမျှရင်ဆိုင်နိုင်သောအရာမဟုတ်ပေ။
"မင်း သေချင်နေတာပဲ။ ငါ့ကို ရန်လာစတာ အခု မင်းသေပြီ!" ဂိုဏ်းချုပ်က ချူးယွင်ဖန်းကို စိုက်ကြည့်နေသည်။ သူသည် ဒဏ်ရာရနေသော သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်သည်။
"ငါသေပြီလား။ မင်းငါ့ကိုသတ်မှာလား" ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။ "အဲ့ရိုက်ချက်က မင်းကို မနှိုးနိုင်လိုက်သလိုပဲ"
ချူးယွင်ဖန်းသည် အကန့်အသတ်မရှိသောဖိအားကို ရင်ဆိုင်ပြီး တစ်လှမ်းချင်းစီ ရှေ့သို့ လျှောက်သွားသည်။ သူ လုံးဝမကြောက်ပေ။ ဤဖိအားသည် သူ့အတွက် မည်သည့်ခြိမ်းခြောက်မှုမျှ မဖြစ်နိုင်ပေ။
"သေစမ်း! ကြယ်ကိုးပွင့် ပေါင်းစပ်မှု!" ဂိုဏ်းချုပ်က ဟိန်းဟောက်လိုက်သည်။ သူသည် ကြယ်တစ်လုံးအဖြစ်သို့ ပြောင်းလဲသွားပြီး ချူးယွင်ဖန်းကို တိုက်ခိုက်သည်။ ဤသည်မှာ အဆုံးသတ်မဟုတ်ဘဲ အစသာဖြစ်သည်။ ကြယ်တစ်လုံးပြီးတစ်လုံး ချူးယွင်ဖန်းအပေါ်သို့ ကျရောက်လာသည်။
"နိုးဖို့ ငြင်းဆန်နေတုန်းပဲလား" ချူးယွင်ဖန်းက လှောင်ပြောင်ပြီး ထပ်မံပါးရိုက်လိုက်သည်။ သာမန်ပါးရိုက်ချက်ဟု ထင်ရသော်လည်း ကောင်းကင်ကို ဖုံးလွှမ်းနေသည့် ကြယ်များထံ တည့်တည့်ရောက်သွားသည်။
ဘမ်း
ချူးယွင်ဖန်းက လေထဲတွင် ကြယ်ကိုးလုံးကို ဖျက်ဆီးပစ်လိုက်သည်။ နှစ်ဖက်ကြား ထိပ်တိုက်တွေ့မှုသည် မယုံနိုင်လောက်အောင် ကြီးမားသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်စေပြီး ကောင်းကင်တစ်ခုလုံးကို ဆုတ်ဖြဲလိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုမှ ပုံရိပ်တစ်ခု ပြုတ်ကျလာပြီး မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။
ဘမ်း
မြေကြီးထဲတွင် ဂိုဏ်းချုပ်ကို အလယ်ဗဟိုပြု၍ ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အက်ကွဲကြောင်းများသည် ပင့်ကူအိမ်ကဲ့သို့ အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားသည်။
ဂိုဏ်းချုပ်သည် သွေးတစ်ပွက်အန်ထွက်သည်အထိ သူ့ရင်ဘတ်တဆစ်ဆစ်နာကျင်လာသည်ကို ခံစားလိုက်ရသည်။ ပါးရိုက်ချက်သည် သူ့မျက်နှာ၏ တစ်ဖက်ခြမ်းသို့ ကျရောက်သွားသည်။ သူ၏ ရက်စက်ကြမ်းကြုတ်သော မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြည့်နှက်နေသည်။ ချူးယွင်ဖန်းက သူ့ကို ထပ်ပြီး ပါးရိုက်နိုင်လိမ့်မည်ဟု သူ မယုံနိုင်ပေ။ သူ အစောပိုင်းက အနည်းငယ် ရှုပ်ထွေးနေသေးပါက ယခု သူ အပြည့်အဝ သတိထားမိပြီ ဖြစ်သည်။
ချူးယွင်ဖန်းက အလွန်ရယ်စရာကောင်းလောက်အောင် သန်မာသည်။
"အားးးးး!" ဂိုဏ်းချုပ်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူသည် ချူးယွင်ဖန်းကြောင့် လုံးဝဒေါသထွက်နေသော သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
"ဒီတစ်ခါ... ဒီတစ်ခါ! ကျွန်တော် သတိမထားဘဲနေမှာမဟုတ်ဘူး”
ဂိုဏ်းချုပ်ရဲ့ ဒေါသက ကောင်းကင်တစ်ခုလုံးကို လောင်ကျွမ်းသွားစေလောက်အောင် ပြင်းထန်လွန်းသည်။ သူ့မျက်လုံးများတွင် အမုန်းတရားများ ပေါ်လွင်နေသည်။
နှစ်ကြိမ်ဆက်တိုက် ပါးရိုက်ခံခဲ့ရသည်။ ဤသည်က သူ့ဘဝတွင် တစ်ခါမျှ မဖြစ်ဖူးသော အဖြစ်အပျက်တစ်ခုပင်ဖြစ်သည်။
"ဟား!" ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။ သူက ဂိုဏ်းချုပ်ကို မထီမဲ့မြင်ပြုစွာ ကြည့်လိုက်သည်။
"မင်းငါ့ကို လုံးဝဒေါသထွက်စေပြီ! မင်းသေပြီ!" ဂိုဏ်းချုပ်က ဒေါသတကြီးပေါက်ကွဲပြီး ချူးယွင်ဖန်းကို လက်သီးနှင့်ထိုးလိုက်သည်။ ကောင်းကင်တစ်ခွင်ပြည့်နေသော အလင်းရောင်ကို နင်းကာ ချူးယွင်ဖန်းရှေ့သို့ ချက်ချင်းရောက်လာသည်။
"ကြယ်ကိုးပွင့် ဂုဏ်ကျက်သရေ!"
ဂိုဏ်းချုပ်က ထိုးလိုက်သည်။ ဤထိုးချက်သည် ကြယ်ကိုးလုံးအဖြစ်သို့ ပြောင်းလဲသွားသော်လည်း ယခင်ထိုးချက်များနှင့် မတူပေ။ ယခုတစ်ကြိမ်တွင် ကြယ်ကိုးလုံးသည် တစ်ပြိုင်နက်တည်း ပေါ်လာသည်။ ၎င်းတို့သည် တောက်ပစွာ ထွန်းလင်းနေပြီး အရာအားလုံးကို ဖျက်ဆီးနေသကဲ့သို့ ဖြစ်သည်။
ဤကြယ်ကိုးလုံးက အရာအားလုံးကို ယူဆောင်လာပေးသော်လည်း ဖျက်ဆီးခြင်းကိုလည်း ယူဆောင်လာသည်။ ဤတိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်စွမ်းအားကို အဝေးသို့ထွက်သွားသည့်ယွင်ထျန်းပင် ခံစားမိသည်။ ၎င်းတို့နှစ်ဦးလုံးက ရွှေအမတေပုံစံအဆင့်၌ ရှိနေကြသော်လည်း ရွှေအမတေပုံစံအဆင့်နှင့်ရွှေအမတေပုံစံအဆင့်၏ နှောင်းပိုင်းအဆင့်ကြားကွာခြားချက်က ကောင်းကင်နှင့်မြေကြီးကဲ့သို့ပင်ဖြစ်သည်။ သူသာဆိုလျှင် ဤကြောက်မက်ဖွယ်ဖြစ်တည်မှုကို ခံစားနိုင်မည်မဟုတ်ပေ။
သို့သော် ချူးယွင်ဖန်း၏ အမူအရာတွင်မူ ကြောက်ရွံ့မှု တစ်စုံတစ်ရာမတွေ့ရပေ။ သူက လှောင်ရယ်၍ ချက်ချင်း ဂိုဏ်းချုပ်ကို ပါးရိုက်လိုက်သည်။ ယခင်ကကဲ့သို့ ရိုးရှင်းသော လုပ်ဆောင်ချက်ဖြစ်သည်။ ထို့အတူ သက်ရောက်မှုကလည်း အတူတူပင်ဖြစ်သည် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဂိုဏ်းချုပ်က ထပ်မံလွင့်စင်သွားသည်။
သူထိုးသွင်းလိုက်သော လက်သီးကို ချူးယွင်ဖန်းက လေထဲတွင် တားလိုက်သည်။ ချူးယွင်ဖန်းအတွက် မည်သည့် ခြိမ်းခြောက်မှုမျှမဖြစ်ခဲ့ပေ။
ဘမ်း
ဂိုဏ်းချုပ်ကြီး မြေပြင်ပေါ် လဲကျပြန်သည်။
ချူးယွင်ဖန်း၏ လုပ်ရပ်များက အလွန် ရိုးရှင်းကာ ကြမ်းတမ်းရက်စက်သည်။
ယွင်ထျန်းသည်လည်း အစကလောက် စိတ်လှုပ်ရှားမှု ကြောက်ရွံ့မှုတို့ မရှိတော့ပေ။ ရယ်ရခက် ငိုရခက်ဖြစ်နေသည်။ ဤအချိန်တွင် ချူးယွင်ဖန်း၏ခွန်အားက အသာစီးရနေသည်ကို မည်သို့ မမြင်ဘဲ နေလိမ့်မည်နည်း။
လူများသည် ၎င်းတို့၏ ပြိုင်ဘက်များကို အနိုင်ယူသည်ကို သူ အရင်က မြင်ဖူးသော်လည်း ဤမျှ ရိုးရှင်းကာ ရက်စက်သော ပုံစံနှင့်တစ်ယောက်ယောက်က ၎င်းတို့ကု ရိုက်နှက်သည်ကို တစ်ခါမျှ မမြင်ဖူးပေ။
ထို့ကြောင့် ဂိုဏ်းချုပ် မည်မျှ ထိစိတ်ထိခိုက်သွားမည်ကို မြင်ယောင်ကြည့်ရန် လွယ်ကူသည်။ ထို့ကြောင့် ယွင်ထျန်းသည် ချူးယွင်ဖန်း၏ မရဏကမ္ဘာကန်ချက်ကိုးချက်နှင့် မည်သို့မျှ မယှဥ်နိုင်ဘဲ မေ့မျောသွားခဲ့သည်ကို ပြန်အမှတ်ရသွားသည်။
ဂိုဏ်းခေါင်းဆောင်က ပို၍ပင် စိတ်ထိခိုက်သွားသည်။ အစောပိုင်းက ချူးယွင်ဖန်း သူ့ကို ကန်နင်းခဲ့စဥ်က သူ့ကို အရှက်ခွဲရန် မရည်ရွယ်ခဲ့ပေ။ သို့သော် ယခု ချူးယွင်ဖန်းက ဂိုဏ်းချုပ်ကို အရှက်ခွဲနေခြင်းဖြစ်သည်။
"မင်းဘယ်လိုနည်းလမ်းတွေသုံးသုံး ငါဂရုမစိုက်ဘူး။ ငါမင်းကို မြေကြီးပေါ်ရိုက်ပစ်မယ်။ ဘယ်လောက်ပဲ အရှက်ရစရာကောင်းပါစေ နောက်ထပ်ဘယ်တော့မှ ရှိတော့မှာမဟုတ်ဘူး။"
ယွမ်ထျန်း ရုတ်တရက် ဂိုဏ်းချုပ်က တန်စီယုကို ခွေးမဟု ခေါ်ခဲ့သည်ကို သတိရသွားသည်။ သူတုန်လှုပ်သွားသည်။ ချူးယွင်ဖန်းက ယင်းကို ယခုအချိန်ထိ မှတ်ထားကာ ဤအခွင့်အရေးကို အသုံးပြု၍ ဂိုဏ်းချုပ်ကို အရှက်ခွဲနေခြင်းဖြစ်သည်။
ချူးယွင်ဖန်း၏ အမူအရာက အေးစက်နေကာ မျက်လုံးများတွင် ခံစားချက်ကင်းမဲ့နေသည်။ သို့သော် ယခုအခါတွင်မူ သူ၏အစွမ်းသတ္တိကို မည်သူမျှ သံသယဝင်တော့မည်မဟုတ်ပေ။
"အာ... သေစမ်း”
ဂိုဏ်းခေါင်းဆောင်က ဒေါသထွက်နေသည်။ ယခင်က ဤကဲ့သို့ အရှက်ခွဲခံရခြင်းမျိုး တစ်ခါမှ မကြုံဖူးပေ။ သူ့ကို မြေပြင်ပေါ် အကြိမ်ကြိမ် ရိုက်နှက်ခဲ့ရသည်။
"ငါ မင်းကို သတ်မယ်!"
ဂိုဏ်းချုပ်၏ စွမ်းအားသည် ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်တော့မည့်အလား ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
အခန်း(၁၄၂၄) ငါ ဒီအကွက်ကို လေ့လာချင်လို့ လေ့လာခဲ့တာ
"မင်း ငါ့ကို ဘယ်လို အရှက်ခွဲရဲတာလဲ”
ဂိုဏ်းချုပ်သည် လုံးဝဒေါသထွက်နေသည်။ ချူးယွင်ဖန်း၏ ရိုက်ချက်များကြောင်း သူ အရှက်ရသွားသည်။ သူ၏ စိတ်တည်ငြိမ်မှုကို လုံးဝဆုံးရှုံးသွားသည်။
"မင်းကို အရှက်ခွဲတာလား။ မှန်ပါတယ်၊ ငါ မင်းကို အရှက်ခွဲနေတာ။ အဲ့တော့ဘာဖြစ်လဲ”
ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။
ယွမ်ထျန်၏ ခန့်မှန်းချက်က မှန်ကန်သည်။ ချူးယွင်ဖန်းက ဂိုဏ်းချုပ်၏ စကားများကြောင့် အငြှိုးထားနေခြင်းဖြစ်ကာ ဂိုဏ်းချုပ်က မိမိကိုယ်မိမိ အထင်ကြီးလွန်းလှသော်လည်း ချူးယွင်ဖန်းအတွက်မူ ဂိုဏ်းချုပ်ဟူသည် ဘာမှမဟုတ်ပေ။
ချူးယွင်ဖန်း၏ စွမ်းအားသည် မိုးကြိုးသားရဲ၏ ကြည်လင်သောအမတေကို ဝါးမျိုပြီးနောက် သိသိသာသာ တိုးတက်လာခဲ့ပြီး၊ သူ အဆင့်တက်ခြင်း မပြုမီကပင် သူ၏ အစွမ်းသတ္တိကို ရွှေအမတေ နှောင်းပိုင်းသို့ ဝင်ရောက်လာသော ဂိုဏ်းချုပ်က နှိုင်းယှဉ်နိုင်သောအရာ မဟုတ်ပေ။
"ငါ့ကိုပြောပါ၊ တန်စီယူ ဘယ်မှာလဲဆိုတာ မင်းသိလား။ မင်းသိရင် ငါမင်းကို နေခွင့်ပေးမယ်" ချူးယွင်ဖန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"အဲ့ကောင်မသေပြီ" ဂိုဏ်းချုပ်၏ မျက်လုံးများက နီရဲကာ အော်လိုက်သည်။
“ငါ သူ့ကို သတ်ပြီးပြီး ပြီးရင် မင်းကိုသတ်ပြီး သူနဲ့အတူတူ မြှုပ်ပေးမယ်”
ဂိုဏ်းချုပ်၏ အတွင်းက နတ်ဘုရားစွမ်းအားများ ဆူပွက်လာကာ ယခင်ကထက် အဆင့်တစ်ခု သိသိသာသာ ပိုမြင့်လာသည်။ ထို့နောက် သူက လေကို ဆုပ်ကိုင်ကာ ဆေးတစ်လုံးကို မျိုချလိုက်သည်။
ဘမ်း
သူ၏ နတ်ဘုရားစွမ်းအားဟာ ပြင်းထန်စွာလောင်ကျွမ်းနေခဲ့သည်။ သူ၏ စွမ်းအားများ အဆက်မပြတ်မြင့်တက်လာကာ ဤနတ်ဘုရားစွမ်းအားပြင်းထန်မှုက ယခင်ကထက် များစွာ ပို ကြောက်မက်ဖွယ်ကောင်းလာသည်။ ဤရေလှိုင်းတစ်ခုကဲ့သို့ပင် သူ့ခန္ဓာကိုယ်ကို ဗဟိုပြု၍ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားခဲ့သည်။ ယွင်ထျန်းက ပို၍ပင် ဆုတ်ခွာသွားခဲ့သည်။ လုံးဝရူးသွပ်သွားသော ဂိုဏ်းချုပ်ကို ကြည့်လျက် သူ့မျက်နှာအမူအရာက ကြည်လင်နေသည်။
“ဆရာချူးက အရမ်းမောက်မာလွန်းတယ်။ သူ ဂိုဏ်းချုပ်ကို လုံးဝ ဒေါသထွက်သွားအောင်လုပ်လိုက်တာ အခု သူ့အသက်စွမ်းအင်ကိုပါသုံးပြီး ဆရာချူးကို တိုက်နေတယ်” ယွမ်ထျန်းက သူ့ဘာသာသူ တိုးတိုးရေရွတ်လိုက်သည်။
သူ့အမြင်အရ ချူးယွင်ဖန်းဟာ မိုက်မဲသူဖြစ်ကာ သူ့ပြိုင်ဘက်ကို လုံးဝဒေါသထွက်အောင် လုပ်ခဲ့ခြင်းဖြစ်သည်။
"ကြယ်ကိုးပွင့် ဂုဏ်ကျက်သရေ!"
ဂိုဏ်းချုပ်က ထိုးလိုက်သည်။ သူ့ခန္ဓာကိုယ်ပင် မခံနိုင်သော ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခံစားနေရသောကြောင့် သူ့ခန္ဓာကိုယ်ရှိ ကြွက်သားများအားလုံး စုတ်ပြဲသွားသည်ကို မျက်စိဖြင့် ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
သူက မကြာသေးမီကမှ အဆင့်တက်နိုင်ခဲ့သောကြောင့် သူ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်၏ ကျင့်ကြံမှုကို မလိုက်နိုင်တော့ဘဲ သူ့ခန္ဓာကိုယ်ရှိ နတ်ဘုရားစွမ်းအားသည် အစနှင့်နှိုင်းယှဉ်ပါက အနည်းဆုံး ၅၀% တိုးလာသည်ကို ထည့်မတွက်တော့ပေ။ ဤလက်သီးဖြင့် ပေါက်ကွဲထွက်လာသော ကြယ်ကိုးပွင့်သည် ယခင်က ပေါက်ကွဲထွက်လာသော ကြယ်ကိုးပွင့်ထက် သိသိသာသာ ပိုမိုအားကောင်းသည်။
ချူးယွင်ဖန်းက လှောင်ပြောင်ပြီး မျက်ခုံးပင့်လိုက်သည်။ ထို့နောက် သူ့လက်သီးကို ရုပ်သိမ်းကာ "ကြယ်ကိုးပွင့် ဂုဏ်ကျက်သရေ!" ဟု အော်လိုက်သည်။
သူသည်လည်း ကြယ်ကိုးပွင့်ဂိုဏ်းကျက်သရေလက်သီးကို ထိုးလိုက်ကာ ယင်းကာ ဂိုဏ်းချုပ်၏ လှုပ်ရှားမှုနှင့်တစ်ထပ်တည်းဖြစ်သည်။ ထို့အပြင် သူ၏လက်သီးက ကြယ်ကိုးပွင့်က ဂိုဏ်းခေါင်းဆောင် ပစ်လွှတ်လိုက်သည့် ကြယ်ကိုးပွင့်ကို ဖျက်ဆီးပစ်လိုက်သည်။
ဘမ်း
ချူးယွင်ဖန်း၏ လက်သီးအား အရှိန်မလျှော့ဘဲ ဂိုဏ်းခေါင်းဆောင်၏ ရင်ဘတ်ကို ထိုးလိုက်သည်။ ဂိုဏ်းခေါင်းဆောင်သည် ညည်းတွားလိုက်ပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ပြီး နောက်သို့ လွင့်စင်သွားသည်။
"မဖြစ်နိုင်ဘူး!"
ဂိုဏ်းချုပ်သည် ထရပ်ရန် ရုန်းကန်နေမိသည်။ သူ့မျက်လုံးများတွင် မယုံနိုင်မှုများ ပြည့်နှက်နေသည်။ ချူးယွင်ဖန်းသည် သူ၏လှုပ်ရှားမှုကို တစ်နည်းနည်းဖြင့် သင်ယူခဲ့သည်။ ဤသည်မှာ ကြယ်ကိုးပွင့်၏ အမြင့်မြတ်ဆုံးနည်းစနစ်ဖြစ်သည်။ သူ ၎င်းကို သင်ယူရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။ ဤနည်းစနစ်ကို မျိုးဆက်တစ်ခုမှ တစ်ခုသို့ ခြွင်းချက်မရှိဘဲ လက်ဆင့်ကမ်းလာခဲ့သောကြောင့် ချူးယွင်ဖန်းသည် အခြားနေရာမှ သင်ယူနိုင်မည်မဟုတ်ပေ။
တစ်နည်းအားဖြင့် ချူးယွင်ဖန်းသည် ၎င်းတို့၏ အဆုံးစွန်သော နည်းစနစ်ကို အချိန်တိုအတွင်း သင်ယူခဲ့သည်။
‘ဒါက ဘယ်လို ထိတ်လန့်စရာကောင်းတဲ့ အရည်အချင်းနဲ့ ကြောက်စရာကောင်းတဲ့ စွမ်းရည်မျိုးလဲ’
ချူးယွင်ဖန်းသည် အသက်နှစ်ဆယ်ကျော်သာရှိသေးကြောင်း ဂိုဏ်းခေါင်းဆောင်က ပြန်တွေးမိသည်။ ဤအသက်အရွယ်တွင် ချူးယွင်ဖန်းသည် သူနှင့်အဆင့်တူ သို့မဟုတ် သူ့ထက်ပင် အစွမ်းထက်ရန် မဖြစ်နိုင်ပေ။ ချူးယွင်ဖန်း၏ ကျင့်ကြံမှုပါရမီသည် အားနည်းသည်ဟု ပြောရန် မဖြစ်နိုင်ပေ။ ဤမျှ အစွမ်းထက်နေခြင်းမှာ အံ့အားသင့်စရာပင်။
"မင်း ကိုးကြယ်ပွင့်ဂုဏ်သတ္တိကို သင်ယူလို့ မဖြစ်နိုင်ဘူး!"
ဂိုဏ်းချုပ်က အမှန်တရားကို ခန့်မှန်းပြီးသား ဖြစ်သော်လည်း လက်ခံရန် ဆန္ဒမရှိပေ။ မဟုတ်ပါက သူ့လောကအမြင်က ပြောင်းပြန်ဖြစ်သွားပေလိမ့်မည်။
ယွင်ထျန်းပင် ဤမြင်ကွင်းကိုမြင်သောအခါ ကြောက်လန့်သွားသည်။ ကြယ်ကိုးပွင့်ဂိုဏ်း၏ အဆုံးစွန်ဆုံးစွမ်းအင်က မွန်းစတားသုတ်သင်သူများ၏ စွမ်းအားထက် မနည်းပေ။ ကျင့်ကြံခြင်း၏ ခက်ခဲမှုမှာသံသယဖြစ်ဖွယ်မရှိပေ။ အဆုံးသတ်၌ ချူးယွင်ဖန်းသည် အကြည့်တစ်ချက်တည်းနှင့် ကျွမ်းကျင်သွားခဲ့သည်။
ယွမ်ထျန်းကဲ့သို့ ရိုးရာကျင့်ကြံသူတစ်ယောက်အတွက် ဤသည်က အလွန် ထိတ်လန့်ဖွယ်ကောင်းသည်။ သူ့ကိုယ်တိုင် မမြင်ခဲ့ပါက အခြားတစ်ဦးက ပြောပြလျှင်ပင် ယုံမည်မဟုတ်ပေ။
"ကြယ်ကိုးပွင့် ဂုဏ်ကျက်သရေလာ ဘာမှ မဟုတ်ဘူး။ ငါ သိတာကြာပြီ" ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။
နတ်ဘုရားစိတ်ဝိဉာဥ်၏ အကူအညီဖြင့် သူသည် ကြယ်ကိုးပွင့်ဂုဏ်သတ္တိကို အလွယ်တကူ သင်ယူနိုင်ခဲ့သည်။ ဤသည်က လက်ရှိခေတ်အတွက် အလွန်အံ့အားသင့်စရာကောင်းတဲ့ အဆုံးစွန်သောပညာရပ်တစ်ခု ဖြစ်နိုင်သော်လည်း သူ့အတွက် ဘာမှမဟုတ်ပေ။ မရဏကမ္ဘာကန်ချက်ကိုးသွယ်နှင့် အံ့ဖွယ်လက်သီးရှစ်ချက်တို့နှင့်ယှဥ်ပါက ဘာမှမဟုတ်ပေ။
"မင်းရဲ့ အသက်ဓာတ်ကို လောင်ကျွမ်းအောင်လုပ်နေတာ ငါဘာလို့ မတားခဲ့တာလဲ မင်းသိလား" ချူးယွင်ဖန်းက ဘာသိဘာသာ ပြောလိုက်သည်။
သူ လမ်းလျှောက်ရင်း ဂိုဏ်းချုပ်ကို အပေါ်မှ ငုံ့ကြည့်နေသည်။
"မင်း ဘယ်လောက်ပဲ ခုန်ပေါက်နေပါစေ ငါ့ရှေ့မှာ ပုရွက်ဆိတ်တစ်ကောင်ပဲလို့ ငါပြောချင်တယ်။ ငါ မင်းကို ချေမှုန်းချင်ရင် စကားတစ်ခွန်းတည်းနဲ့ ငါ လုပ်နိုင်တယ်။ မင်းရဲ့ ထူးခြားတဲ့ အရည်အချင်းတွေနဲ့ မင်းရဲ့ မာနတွေက ငါ့ရှေ့မှာ ဘာမှ မရှိဘူး။ ငါ ကြယ်ကိုးပွင့် ဂုဏ်ဒြပ်ကို ဘယ်လို သင်ယူခဲ့လဲဆိုတာ မင်း တွေးနေမိတယ်။ ကောင်းပြီ၊ ငါ သင်ချင်လို့ပဲ"
ချူးယွင်ဖန်း၏ စကားကို ကြားသောအခါ ဂိုဏ်းခေါင်းဆောင်က သွေးတစ်လုတ် အန်ထုတ်လိုက်သည်။ သူ သင်ယူချင်ရုံသက်သက်နှင့်သင်သူခြင်းဟူသည် ဘာကိုဆိုလိုသနည်း။
ဂိုဏ်းခေါင်းဆောင်ဟာ ကြယ်ကိုးပွင့်ဂုဏ်သတ္တိကို သင်ယူရန် အခက်အခဲများစွာ ဖြတ်သန်းခဲ့ရကာ ထိုအချိန်ကပင် ကြယ်ကိုးပွင့်၏ သမိုင်း၌ သူ့ကဲ့သို့ ပါရမီရှင်တစ်ဦးဟု သတ်မှတ်ခဲ့ကြသည်။ သို့သော် ချူးယွင်ဖန်း၏ စွမ်းဆောင်ရည်က ညံ့ဖျင်းသည်။ သူက ဝက်တစ်ကောင်ကဲ့သို့မိုက်မဲသည်။
ယွမ်ထျန်း မည်သို့ပြောရမည်ကို မသိတော့ပေ။ ချူးယွမ်ဖန်က အငြိုးအတေးကြီးသည်။ ယခုအချိန်ထိပင် ဂိုဏ်းခေါင်းဆောင်ကို အရှက်ခွဲရန် မမေ့ပေ။ ဂိုဏ်းခေါင်းဆောင်ကို သနားမိနေသည်။ ဤသို့သော ပါရမီရှင်တစ်ဦးကို ရင်ဆိုင်ရသည်မှာ မျှော်လင့်ချက်မဲ့လွန်းသည်။
ယွင်ထျန်းတွင် အရည်အချင်းရှိကာ မွန်းစတားသုတ်သင်သူများ၏ သမိုင်းထဲမှ ထိပ်တန်းလူအနည်းငယ်ထဲက တစ်ဦးအဖြစ်ပင် လူသိများသည်။ အနာဂတ်တွင် သူ့ဆရာယွင်ဟွမ်ကိုပင် ကျော်တက်သွားနိုင်သည်။ သို့သော် သူသည် ချူးယွင်ဖန်းနှင့်မယှဥ်နိုင်သေးပေ။
"ဒီနေ့မှာ ကြယ်ကိုးပွင့်ရဲ့ သမိုင်းက ဒီမှာ ပြီးဆုံးသွားပြီ" ချူးယွင်ဖန်းက ဘာသိဘာသာ ပြောလိုက်သည်။
ယနေ့တွင် ကိုးကြယ်ပွင့်၏ ထိပ်တန်းခေါင်းဆောင်အားလုံးကို ချူးယွင်ဖန်းက ဖမ်းဆီးလိုက်သဖြင့် ကြယ်ကိုးပွင့်၏ ခမ်းနားသောသမိုင်းသည် အဆုံးသတ်တော့မည်ဖြစ်သည်။