← Chapters

ဧကရာဇ်မြို့တော်မှ တုန်လှုပ်ဖွယ် အပြောင်းအလဲများ

Vol. 10 Ch. 100

ဧကရာဇ်မြို့တော်မှ တုန်လှုပ်ဖွယ် အပြောင်းအလဲများ

Vol. 10 Ch. 100

ဆောင်းရာသီသို့ ရောက်ခါနီးတွင် ဓားဂိုဏ်းကျောင်းဆောင် တည်ဆောက်မှု ပြီးစီးသွားခဲ့သည်။ ကျောင်းဆောင်ဟု ခေါ်သော်လည်း တကယ်တမ်းတွင် ရှည်လျားသော တံတိုင်းဖြင့် ဝန်းရံထားသည့် နန်းဆောင် တစ်ခုသာ ပါရှိသည်။ ကျောင်းဆောင်ဝင်း အတွင်းရှိ လေ့ကျင့်ရေးကွင်းကတော့ ပေတစ်ရာနီးပါး ကျယ်ဝန်းပြီး ချင်းရှောင်တောင်ပေါ်တွင် အကြီးဆုံး လေ့ကျင့်ရေးကွင်း ဖြစ်လာသည်။

ရှန်ယွဲ့က ဓားဂိုဏ်းပင်မခန်းမ၏ လှေကားထစ်များပေါ်တွင် ရပ်ရင်း ကျယ်ပြောသော လေ့ကျင့်ရေးကွင်းကို ငေးကြည့်ကာ မုတ်ဆိတ်မွေးကို သပ်ရင်း ပြုံးနေလေသည်။

ဟွမ်ယွမ်ကျမ်းစာကို ကျင့်ကြံပြီးကတည်းက သူ့အတွက် ကမ္ဘာသစ်တစ်ခုကိုမြင်နိုင်အောင် တံခါးဖွင့်လိုက်သကဲ့သို့ ဖြစ်နေသည်။ လီချင်းချိုးက သူ့ကို နောက်ထပ် နှစ် ၅၀ အသက်ရှင်ခွင့် ပေးနိုင်သည်ဆိုသော စကားကို စတင် ယုံကြည်လာပြီဖြစ်သည်။

ဟွမ်ယွမ်ကျမ်းစာဆိုသည်က သူ တစ်ခါမျှ မမြင်ဖူးသော ကျင့်ကြံခြင်း နည်းလမ်း ဖြစ်သည်။ ခန္ဓာကိုယ်ကို အားဖြည့်ရန်နှင့် မူလချီ ထုတ်လုပ်ရန် ကောင်းကင်နှင့် မြေပြင်၏ ဝိညာဉ်ချီများကို စုပ်ယူရသည်။ ထိုမူလချီကို တိုက်ခိုက်ရာတွင် အသုံးပြုနိုင်ရုံသာမက အသွေးအသားနှင့် အရိုးများကိုပါ တိုးတက် ကောင်းမွန်စေနိုင်သည်။ သူ့လို အသက်ကြီးသူများပင် မူလချီ၏ အံ့သြဖွယ်ရာများကို ပိုမို နက်ရှိုင်းစွာ နားလည်နိုင်သည်။

ယခုအချိန်တွင် တီရွှမ်းဓားအပေါ် စွဲလမ်းမှုကို လုံးဝ စွန့်လွှတ်လိုက်ပြီး ဟွမ်ယွမ်ကျမ်းစာကိုသာ လိုက်စားနေတော့သည်။

ကံဆိုးစွာဖြင့် လီချင်းချိုးက သူ့ကို စိတ်စွမ်းအား ကျင့်စဉ် တစ်ခုသာ သင်ပေးထားသဖြင့် စိတ် နှစ်ထားရပေသည်။

လီချင်းချိုးက သူ့ကို သတိပေးနေခြင်း ဖြစ်ပြီး ချင်းရှောင်ဂိုဏ်းအတွက် အလုပ်လုပ်ပေးစေလိုကြောင်း သူ ထင်မြင်မိသည်။

ယနေ့သည် ဓားဂိုဏ်း ဖွင့်လှစ်သည့် ပထမဆုံးနေ့ ဖြစ်သည်။ ဓားဂိုဏ်း၏ အကြီးအကဲ တစ်ယောက်အနေဖြင့် စောစော ရောက်လာပြီး ဓားဂိုဏ်း ကိစ္စကို အလေးအနက်ထားရန် အဆင်သင့် ဖြစ်နေချေပြီ။

ဓားဂိုဏ်းကျောင်းဆောင်က ရိုးရှင်းသော်လည်း လေ့ကျင့်ရေးကွင်း ကျယ်ဝန်းမှုက သူ့ကို ကျေနပ်စေသည်။ သူ့အကြည့်များ ဓားဂိုဏ်းကျောင်းဆောင် တံခါးဝသို့ ရောက်သွားရာ တစ်စုံတစ်ယောက် လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

ဓားဂိုဏ်းကျောင်းဆောင်ကြီးက ချောက်ကမ်းပါး အစွန်းတွင် တည်ရှိသဖြင့် တံခါးပေါက် တစ်ခုသာ ရှိသည်။ အပြင်ထွက်၍ တက်သွားပါက ဓားဂိုဏ်း၏ အစည်းအဝေးခန်းမနှင့် အခမ်းနားဆုံးနေရာဖြစ်သော ရွှမ်ရှင်းခန်းမသို့ မကြာမီ ရောက်ရှိမည် ဖြစ်သည်။

လာနေသူကို မြင်သောအခါ ရှန်ယွဲ့ မျက်မှောင်ကြုတ်လိုက်မိသည်။

သူ ဒီလူကို သဘောမကျပေ။

လာသူမှာ လီစစ်ဖုန်းမှတစ်ပါး အခြားသူ မဟုတ်ချေ။

လီစစ်ဖုန်းက တီရွှမ်းဓား၏ ဓားအိမ်ကို လက်နှစ်ဖက်ဖြင့် ပိုက်ထားပြီး မောက်မာသော အမူအရာဖြင့် ခြံဝင်းထဲသို့ ဝင်လာကာ ရှန်ယွဲ့ထံသို့ တည့်မတ်စွာ လျှောက်လာသည်။

သူ့ကို မြင်လိုက်ရသဖြင့် ရှန်ယွဲ့ ဒေါသထွက်သွားသည်။

ထိုနေ့က သူ လီစစ်ဖုန်းဆီမှ ဓားကို ယူလိုက်သော်လည်း ထိုကောင်လေးက သူ့ဘေးတွင် အမြဲ ကပ်နေခဲ့သည်။ သူ ဓားဝှေ့ယမ်းလိုက်တိုင်း ဖြည်းဖြည်းလုပ်ပါ ဟု အော်ဟစ်တတ်သဖြင့် သူ့စိတ်ဓာတ်ကို အကြီးအကျယ် ကျဆင်းစေခဲ့သည်။

လီစစ်ဖုန်း နီးကပ်လာသောအခါ ရှန်ယွဲ့ က မနေနိုင်ဘဲ မေးလိုက်သည်။

"မင်းလို လူစားမျိုးကတောင် ဓားဂိုဏ်းထဲ ဝင်ချင်သေးတာလား..."

လီစစ်ဖုန်း မကျေမနပ် ဖြစ်သွားပြီး နှာခေါင်းရှုံ့လိုက်ကာ…

"ခင်ဗျား ဘာကို ဆိုလိုချင်တာလဲ... လေးစားမှု ရှိစမ်းပါ... ကျွန်တော်က ခေတ်အဆက်ဆက် နံပါတ်တစ် နတ်ဘုရားဓားရဲ့ သခင်ပါ... ဒီနေ့ကစပြီး ကျွန်တော့်ကို တီရွှမ်းဓားသခင်လို့ ခေါ်ပါ..."

"မင်းလက်ထဲမှာဆို တီရွှမ်းဓားက နတ်ဆိုးဓား ဖြစ်သွားမှာ..."

"ခင်ဗျား!!!! အဘိုးကြီး... ကျွန်တော့်ကို မနာလို ဖြစ်နေတာလား..."

"မင်း ဓားရပြီးကတည်းက လေ့ကျင့်ဖူးလား... မင်းရဲ့ ဓားဆန္ဒနဲ့ တီရွှမ်းဓားအကြောင်း ပြန်စဉ်းစားဖူးလား... ငါ ထင်တာတော့ မစဉ်းစားဖူးလောက်ဘူး... မင်းက ဓားကို သယ်ပြီး တစ်နေ့ကုန် လျှောက်သွားနေတာ... ရထားတာကို ကြွားချင်နေတာလေ... တီရွှမ်းဓားရှိရုံနဲ့ ကျန်းဟူလောကကို လွှမ်းမိုးနိုင်ပြီလို့ ထင်နေလား... ဂျူနီယာလေး... မင်း လိုပါသေးတယ်... မင်းက ကျန်းကျောက်ရှားလောက် မတော်သလို ရွှီနင်းနဲ့ ဂိုဏ်းချုပ်ကိုလည်း ယှဉ်လို့ မရဘူး..."

ရှန်ယွဲ့၏ စကားကို ကြားသောအခါ လီစစ်ဖုန်း၏ မျက်နှာထား ချက်ချင်း မည်းမှောင်သွားသည်။ သူ ရှန်ယွဲ့ကို မကြိုက်သော်လည်း ပြန်မငြင်းနိုင်ချေ။

ရှန်ယွဲ့က သူ့ကို ငုံ့ကြည့်ပြီး ဆက်မေးလိုက်ပြန်သည်။

"လီစစ်ဖုန်း... မင်းရဲ့ စီနီယာအစ်ကိုတွေက အရမ်း စွမ်းအားကြီးကြတယ်... မင်း တကယ်တမ်း ဘာလုပ်ချင်တာလဲ... ဒီလို နတ်ဘုရားဓားကို ပိုင်ဆိုင်ထားပြီးတော့ မင်းမှာ ဘာရည်မှန်းချက်မှ မရှိဘူးလား..."

လီစစ်ဖုန်း တိတ်ဆိတ်နေချေပြီ…

ထိုအချိန်မှာပင် တပည့်တစ်စု ဓားဂိုဏ်းကျောင်းဆောင်ထဲသို့ ဝင်ရောက်လာကြသည်။ ထိုအထဲတွင် ကျန်းကျောက်ရှား၏ တပည့် ဟန်လန်လည်း ပါဝင်သည်။ဤတပည့်များက အသက်အရွယ် ကွာခြားကြပြီး အကြီးဆုံးမှာ အသက် ၂၀ ကျော် ရှိကာ အငယ်ဆုံးမှာ ၁၀ နှစ်အောက်သာ ရှိသေးသည်။ သူတို့က ဓားဂိုဏ်းကျောင်းဆောင်ကို စူးစမ်းလိုစိတ် ပြင်းပြနေကြပြီး ဟိုဟိုဒီဒီ ကြည့်ရှုကာ နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ ဆွေးနွေးနေကြသည်။

ထိုတပည့်များက သာမန်ဟု ထင်ရသော်လည်း အလားအလာ ရှိသူများ ဖြစ်ကြောင်း ရှန်ယွဲ့ တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။

နောင်တွင် ဤကောင်လေး၊ ကောင်မလေးများနှင့် အတူနေထိုင်ရမည်ကို တွေးရင်း မျှော်လင့်ချက်များ ပြည့်နှက်လာပြီး စီနီယာအစ်ကိုကြီးနှင့်အတူ သိုင်းကျင့်ခဲ့သော နေ့ရက်များကို ပြန်ပြောင်း သတိရမိလိုက်သည်။

လီစစ်ဖုန်း နောက်လှည့်ကြည့်လိုက်ရာ ဓားဂိုဏ်းသားများ လျှောက်လာသည်ကို တွေ့လိုက်ရသဖြင့် တစ်ခဏမျှ တွန့်ဆုတ်နေပြီးနောက် ရင်ခွင်ထဲမှ တီရွှမ်းဓားကို ချကာ ခါးတွင် ချိတ်လိုက်သည်။

လူအုပ်ထဲတွင် ကျိယာ၏ သူငယ်ချင်း ၅ ယောက်ကလည်း ဓားဂိုဏ်းအကြောင်း စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ သူတို့ထဲမှ သေးသွယ်သော ကောင်မလေး တစ်ယောက်က တစ်စုံတစ်ယောက်ကို ရှာဖွေနေသကဲ့သို့ ဟိုဟိုဒီဒီ ကြည့်ရှုနေသည်။

ဤကောင်မလေးသည်ကား ဆေးဥယျာဉ်နှင့် မိတ်ဆက်ပေးရန် ကျိယာကိုတောင်းဆိုခဲ့သော ယန်လင်း ဖြစ်သည်။

ဂိုဏ်းချုပ်ကို မတွေ့ရသေးသော်လည်း သူမ မျှော်လင့်ချက် ထားနေဆဲ ဖြစ်သည်။ ဓားဂိုဏ်းကို ဂိုဏ်းချုပ် ကိုယ်တိုင် စီမံခန့်ခွဲမည် ဖြစ်ရာ အနာဂတ်တွင် တွေ့ဆုံခွင့် ရရှိမှာ သေချာသည်။

ဓားဂိုဏ်းသား ဒါဇင်ပေါင်းများစွာကို လီချင်းချိုး ကိုယ်တိုင် ရွေးချယ်ထားခြင်း ဖြစ်ပြီး သူတို့၏ သစ္စာရှိမှုက ၉၀ အထက်တွင် ရှိကြသည်။ ဓားဂိုဏ်းဝင်ရန် ဆန္ဒ ရှိမရှိ လီချင်းချိုး လူလွှတ် မေးမြန်းသောအခါ သူတို့အားလုံး စိတ်လှုပ်ရှားစွာ သဘောတူခဲ့ကြသည်။

အခြားတစ်ဖက်တွင်….

လီချင်းချိုးက လင်းရှောင်ခြံဝင်းတွင် ထိုင်ကာ စုတ်တံကို ကိုင်လျက် ဓားဂိုဏ်းသားများကို ရွေးချယ်နေဆဲ ဖြစ်သည်။ သူ ရွေးချယ်လိုက်သော တပည့် နာမည်ကို ချရေးပြီး ယွမ်ချီကို ဆင့်ခေါ်ခိုင်းလိုက်သည်။

ယွမ်ချီက အလုပ်သမားလေး တစ်ယောက်ဟု ထင်ရသော်လည်း လီချင်းချိုးနှင့် ပတ်သက်မှုကြောင့် သူ့အနားတွင် နောက်လိုက် အနည်းငယ် ရှိနေပြီး သူ့အတွက် အလုပ်လုပ်ပေးနိုင်ကြသည်။

ဒါကလည်း ယွမ်ချီအတွက် စမ်းသပ်မှု တစ်ခုပါပဲ...

မနက်ဖြန်တွင် လူစာရင်း မှန်ကန်မှု ရှိမရှိ စစ်ဆေးရန် သူကိုယ်တိုင် ဓားဂိုဏ်းကျောင်းဆောင်သို့ သွားရောက်မည် ဖြစ်သည်။ မှန်ကန်မှု မရှိပါက ယွမ်ချီကို ကောင်းကောင်း ဆူပူကြိမ်းမောင်းပြီး ပြိုင်ဘက်ကို ဘယ်လို ရွေးချယ်ရမလဲ ဆိုတာ သင်ပေးရဦးမည်။

လီချင်းချိုးကတော့ ယွမ်ချီကို တန်ဖိုးထားနေဆဲပင်။ဒါကလည်း ညီဖြစ်သူ ယွမ်လီ၏ မပျက်စီးနိုင်သော အာဏာရှင်ခန္ဓာကိုယ် ကြောင့်သာ မဟုတ်ဘဲ နှစ်များတစ်လျှောက် တည်ဆောက်ခဲ့သော ဆက်ဆံရေးကြောင့်လည်း ဖြစ်သည်။

ဒီကောင်လေးက ဆုံးဖြတ်ချက် ခိုင်မာပြီး အခက်အခဲကို မကြောက်ဘူး... ပါရမီ မရှိရင်တောင် အိမ်မှုကိစ္စ တချို့ကို ကိုင်တွယ်ဖို့ လက်ခံနိုင်ပါတယ်...

ထိုအချိန်တွင် ယွမ်ချီက လူတစ်ယောက်ကို ခေါ်ဆောင်လာသည်။

လီချင်းချိုး လှမ်းကြည့်လိုက်ရာ သူ ခေါ်လာသူမှာ ဖုန်းသိုက် အတွက် သတင်းပို့ပေးသော သူရဲကောင်း မာယု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဖုန်မှုန့်များ ပေကျံနေသော မာယုက ခြေလှမ်းကို အရှိန်မြှင့်လိုက်ပြီး လီချင်းချိုးထံသို့ ပြေးဝင်လာသည်။

ထိုအခါ ယွမ်ချီ၏ မျက်နှာထား ရုတ်ခြည်း ပြောင်းလဲသွားပြီး မာယု၏ ခေါင်းပေါ်မှ ခုန်ကျော်လိုက်ပြီး ရှေ့တွင် ပိတ်ရပ်ကာ အသံနက်ကြီးဖြင့် မေးလိုက်သည်။

"ခင်ဗျား ဘာလုပ်ချင်တာလဲ..."

ယွမ်ချီ နောင်တရသွားသည်။ သူ မာယုကို မှတ်မိသည်။ မာယု လာတိုင်း လီချင်းချိုး လက်ခံတွေ့ဆုံလေ့ ရှိသဖြင့် ဒီတစ်ခါ မာယုကို တိုက်ရိုက် ခေါ်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် မာယုက ရာဇဝတ်မှု ကျူးလွန်တော့မည့်သူ တစ်ယောက်အလား လီချင်းချိုးထံ ပြေးဝင်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

မာယုက လီချင်းချိုးကို ထိခိုက်အောင် မလုပ်နိုင်မှန်း သူ သိသော်လည်း မာယု၏ အပြုအမူကြောင့် ဒေါသထွက်မိပြီး အလိမ်ခံလိုက်ရသလို ခံစားရကာ သူ့တာဝန် ပျက်ကွက်သွားသည်ဟု ယူဆပြီး ရှက်ရွံ့မိသည်။

မာယု ခြေလှမ်း တန့်သွားပြီး လီချင်းချိုးကို ကြည့်ကာ ….

"ဂိုဏ်းချုပ်လီ... မြို့တော်မှာ မတည်မငြိမ် ဖြစ်နေပြီး အခြေအနေက မှန်းဆရ ခက်နေပါတယ်... တကယ်လို့ ခင်ဗျားနဲ့ ကျွန်တော့်သခင်က မိတ်ဆွေစစ်တွေဆိုရင် ကျေးဇူးပြုပြီး သူ့ကို ချက်ချင်း ထွက်ခွာဖို့ အကြံပေးလိုက်ပါ..."

လီချင်းချိုး စုတ်တံကို ချလိုက်ပြီး မာယုဘက် လှည့်ကာ မေးလိုက်သည်။

"ဒီလို မငြိမ်မသက် ဖြစ်ရတဲ့ အကြောင်းရင်းက ဘာလဲ..."

ယွမ်ချီက လီချင်းချိုးကို ပြန်လှည့်ကြည့်လိုက်ပြီး ဘေးသို့ ဖယ်ပေးလိုက်သော်လည်း မာယုက ရှေ့မတိုးတော့ဘဲ ….

"အိမ်ရှေ့စံက ပုန်ကန်ဖို့ ကြံစည်နေပါတယ်... မြို့တော်က အရာရှိတွေနဲ့ မိသားစုကြီးတွေ အားလုံး ဘက်ရွေးနေကြပါပြီ... ကောင်းကင်ကာကွယ်ရေး အစောင့်တပ်က အိမ်ရှေ့စံဘက်မှာ ရပ်တည်နေပြီး ဧကရာဇ်ကို နန်းစွန့်ခိုင်းဖို့ အချိန်မရွေး လုပ်ဆောင်လာနိုင်ပါတယ်... ဘယ်သူနိုင်နိုင် ရှုံးရှုံး သွေးထွက်သံယို ဖြစ်လာမှာပါ... ကျွန်တော့်သခင်က အိမ်ရှေ့စံကို ထောက်ခံနေပါတယ်... တကယ်ကို လွန်လွန်းတယ်..."

ဖခင်ရင်း ဖြစ်သော ဧကရာဇ်ကို စိန်ခေါ်ရဲသည့် ဖျားနာနေသော အိမ်ရှေ့စံမင်းသား ယန်လန်ကို လီချင်းချိုး သတိရလိုက်သည်။

"အိမ်ရှေ့စံက ပုန်ကန်တယ် ဆိုတာ ဘယ်လို အဓိပ္ပာယ်လဲ... ပြီးတော့ ခင်ဗျားက ဖုန်းသိုက်ကို ထွက်သွားဖို့ ကျွန်တော့်ကို ပြောခိုင်းနေတယ်ဆိုတော့... အိမ်ရှေ့စံ ရှုံးမယ်လို့ ခင်ဗျား ထင်နေလို့လား..."

လီချင်းချိုး ပြန်မေးလိုက်တော့ မာယုက အံကြိတ်ပြီး ….

"မြို့တော်မှာ ရာဇဝတ်မှု ကျူးလွန်မိတဲ့ ကျွန်တော့်ရဲ့ ကျန်းဟူ မိတ်ဆွေတစ်ယောက် ရှိတယ်... သူက ကျင်းဝူအစောင့်တပ်လို့ ခေါ်တဲ့ ကိုယ်ရံတော်တပ်ဖွဲ့နဲ့ တွေ့ခဲ့တယ်... ကျင်းဝူအစောင့်တပ်ထဲမှာ ကျွမ်းကျင်သူတွေ အများကြီးရှိတယ်... အဲဒီအထဲက တစ်ယောက်က ပေလျန်စီရင်စု သိုင်းလောကရဲ့ နံပါတ်တစ် စစ်သည်တော်ပဲ... ကျင်းဝူအစောင့်တပ်က အတော်လေး ကြီးမားပြီး အဲဒီတုန်းက သူတို့ တစ်ယောက်ယောက်ကို စုံစမ်းနေပုံ ရတယ်... ဒါပေမဲ့ မြို့တော်က လူတွေက သူတို့အကြောင်း ဘာမှ မသိကြဘူး... ကျင်းဝူအစောင့်တပ်ရှိနေခြင်းက ဘာကို ပြသနေလဲ..."

"ဒါက ဧကရာဇ်က ကောင်းကင်ကာကွယ်ရေး အစောင့်တပ်ကို မယုံကြည်တာ ကြာပြီ ဆိုတာ ပြသနေပြီး အင်အားစုသစ် တစ်ခုကို စတင် ပျိုးထောင်နေပြီ ဆိုတာပါပဲ... လက်ရှိ ဧကရာဇ်က အချင်းချင်း တိုက်ခိုက်ပြီး အာဏာရလာတာပါ... အိမ်ရှေ့စံက ဖျားနာနေပြီး အရမ်း ငယ်လွန်းတယ်... ဘယ်လိုလုပ် နိုင်မှာလဲ..."

"ခင်ဗျား ဖုန်းသိုက်ကို မပြောပြဘူးလား..."

"ပြောပြပါတယ်... ဒါပေမဲ့ ဒါက တစ်ခုတည်းသော အခွင့်အရေးပဲလို့ သူက ပြောတယ်... အိမ်ရှေ့စံ ရှုံးရင်တောင် သူ လောင်းကြေးထပ်ဦးမှာတဲ့... သူက အိမ်ရှေ့စံကို ကူညီဖို့တောင် စီစဉ်နေတယ်... သူ ရူးနေပြီ... သူ့လို အရာရှိငယ်လေး တစ်ယောက်က ဘာလုပ်နိုင်မှာလဲ..."

မာယုက ဒေါသတကြီး ပြောလိုက်ပြီး သူ့မျက်နှာတွင် စိတ်ပျက်မှုနှင့် စိတ်ရှုပ်ထွေးမှုများ ပေါ်နေသည်။

"ခင်ဗျားက မြို့တော်ကနေ လာတာ... အမြန်ဆုံး လာရင်တောင် အနည်းဆုံး လဝက်လောက် ကြာမှာပဲ... အခု ဖုန်းသိုက်ကို သွားဖျောင်းဖျရင် နောက်ကျသွားပြီ... သူ ခင်ဗျားကို စာပေးလိုက်မှာ သေချာတယ်... ပေးစမ်း..."

မာယု စိတ်တည်ငြိမ်သွားပြီး ရင်ခွင်ထဲမှ စာတစ်စောင်ကို အမြန် ထုတ်ယူကာ လီချင်းချိုးထံ ကမ်းပေးလိုက်သည်။

လီချင်းချိုး စာအိတ်ကို ဖွင့်ဖောက်လိုက်ပြီး စာကို ဖြန့်ကာ သေချာ ဖတ်လိုက်သည်။ မကြာမီ သူ မျက်မှောင်ကြုတ်သွားခဲ့သည်။

စာဖတ်ပြီးနောက် စာကို စာအိတ်ထဲ ပြန်ထည့်လိုက်ပြီး မာယုဘက် လှည့်ကာ ငြင်းဆန်၍ မရသော လေသံဖြင့် အမိန့်ပေးလိုက်လေသည်။

"ဒီည ဒီမှာ တည်းလိုက်... မနက်ဖြန် မနက်စောစော ခရီးဆက်မယ်..."

ထိုစကားကို ကြားသောအခါ မာယု ငြင်းဆန်ရန် ပြင်လိုက်သော်လည်း လီချင်းချိုး၏ အကြည့်နှင့် ဆုံသောအခါ လန့်သွားပြီး ခေါင်းညိတ်လိုက်ရသည်။

လီချင်းချိုးက ယွမ်ချီကို ကြည့်ပြီး ….

"မာယုကို ခေါ်သွားပြီး နေရာချပေးလိုက်... ပြီးရင် ခန်းမသခင် အားလုံးကို ဒီည ငါ့ဆီ လာဖို့ အကြောင်းကြားလိုက်... ရွှီနင်းကိုပါခေါ်ခဲ့..."

"ဟုတ်ကဲ့..."

ယွမ်ချီ ပြန်ဖြေပြီး မာယုနှင့်အတူ ချက်ချင်း ထွက်ခွာသွားသည်။

လီချင်းချိုး စာကို ဘေးဖယ်ထားလိုက်ပြီး ဓားဂိုဏ်းသားများကို ဆက်လက် ရွေးချယ်နေလိုက်သည်။

...

ညရောက်သောအခါ ခန်းမသခင်များ လင်းရှောင်ခြံဝင်းတွင် စုဝေးရောက်ရှိလာကြပြီး စားပွဲရှည်တွင် ဝိုင်းထိုင်လိုက်ကြသည်။

လီချင်းချိုးက ကျူးယန်ကို ဦးစွာ ကြည့်ပြီး….

"ခန်းမသခင်ကျူး... ဒီတလော သတင်းထူး ဘာကြားလဲ..."

ကျူးယန်က နားမလည်ဟန်ဖြင့်….

"ဂိုဏ်းချုပ်က ဘယ်လို သတင်းမျိုးကို မေးချင်တာလဲ..."

"ဧကရာဇ်မြို့တော်က..."

"မကြားပါဘူး... ဟိုတလောက စစ်တပ်ကြီးအကြောင်း စုံစမ်းပြီးကတည်းက မြို့တော်ကိစ္စတွေကို ကျွန်မ မိသားစုနဲ့ သိပ်မပြောဖြစ်ဘူး..."

လီချင်းချိုး အနည်းငယ် ခေါင်းညိတ်လိုက်ပြီး လူအုပ်ကို ဝေ့ကြည့်ကာ….

"ဧကရာဇ်က အိမ်ရှေ့စံကို ပုန်ကန်အောင် ဖိအားပေးလိုက်ပြီ... ပြီးတော့ ဧကရာဇ်က သိုင်းဒဏ္ဍာရီရဲ့ အတွင်းပိုင်း အမြုတေကို သောက်သုံးလိုက်ပြီး သူ့သိုင်းပညာက ခန့်မှန်းရခက်တဲ့ အဆင့် ရောက်သွားပြီဆိုတဲ့ သတင်း ရထားတယ်... ခင်ဗျားတို့ကို မေးချင်တာက အိမ်ရှေ့စံကို ကယ်ချင်ကြလား..."

ကျန်းကျောက်ရှား အပါအဝင် လူတိုင်း၏ မျက်နှာထား ပြောင်းလဲသွားသည်။

လီစစ်ဖုန်းက မျက်လုံးအပြူးသားနဲ့…..

"ဧကရာဇ်ကတောင် တမိုးအောက်အနှိုင်းမဲ့ ဖြစ်ဖို့ တိုက်ခိုက်ရတာလား..."

ကျူးယန်က …

"ဂိုဏ်းချုပ်... ဒီသတင်း ဘယ်က ရတာလဲ... ဒါ ကလေးကစားစရာ ကိစ္စ မဟုတ်ဘူး... အိမ်ရှေ့စံ ပုန်ကန်တာက တိုင်းပြည် တစ်ခုလုံးနဲ့ သက်ဆိုင်တယ်... ရလဒ်က ဘယ်လိုပဲ ဖြစ်ဖြစ် ကမ္ဘာကြီးက ကြီးကြီးမားမား ပြောင်းလဲသွားလိမ့်မယ်..."

ကျန်းယွီချွန်းကလည်း….

"အစ်ကိုကြီး... ကျွန်တော်တို့ မဆင်မခြင် မလုပ်သင့်ဘူး... အိမ်ရှေ့စံက ကျောက်ကျိန်းရဲ့ ဖခင် ဖြစ်ပေမဲ့ ဒီပုဂ္ဂိုလ်ရေး ဆက်ဆံမှုအတွက်နဲ့ ချင်းရှောင်ဂိုဏ်းက ဒီလောက် အန္တရာယ်ကြီးတာကို တာဝန်ယူလို့ မရဘူး... ချင်းရှောင်ဂိုဏ်း တည်ထောင်တာက အိမ်ရှေ့စံနဲ့ ဘာမှ မသက်ဆိုင်ပါဘူး... ကျွန်တော်တို့က ကျောက်ကျိန်းအပေါ်မှာပဲ ကျေးဇူးကြွေး ရှိတာ... သူ့ကို ဘာမှ အမှားမလုပ်ခဲ့ဘူး... တကယ်လို့ အိမ်ရှေ့စံ ရှုံးသွားရင် ကျွန်တော်တို့ ကျောက်ကျိန်းကိုပဲ ကာကွယ်ပေးလိုက်မယ်..."

ထိုစဉ် ယန်ကျွယ်တိန်က ရုတ်တရက် မတ်တတ်ရပ်ပြီး ……

"ကယ်ရမယ်... ကျွန်တော်တို့ သူ့ကို ကယ်ရမယ်... တကယ်လို့ အိမ်ရှေ့စံ သေသွားရင် ဧကရာဇ်က ရာဇပလ္လင်ပေါ်မှာ ဆယ်စုနှစ်ပေါင်းများစွာ ဆက်ရှိနေလိမ့်မယ်... သူက အိုမင်းနေတဲ့ နတ်ဆိုးနဂါးကြီးအဖြစ် ပြောင်းလဲသွားပြီး မသေမျိုးလမ်းစဉ်ကို လိုက်စားဖို့အတွက် ပြည်သူတွေကို လစ်လျူရှုပြီး မဆင်မခြင် လုပ်ဆောင်လိမ့်မယ်... တကယ်လို့ ဧကရာဇ်က သိုင်းလောကကို ရှင်းလင်းချင်လာရင် ကျွန်တော်တို့ ဘယ်မှာ ပုန်းရမလဲ..."

ကျန်းကျောက်ရှားက….

"အစ်ကိုကြီး... တကယ်လို့ အိမ်ရှေ့စံကို ကယ်ချင်တယ်ဆိုရင် ကျွန်တော် သွားမယ်... အစ်ကိုကြီးက ချင်းရှောင်ဂိုဏ်းကို စောင့်ရှောက်ပေးပါ..."

ယန်ကျွယ်တိန်၏ စကားကို ကြားသောအခါ ကျန်းယွီချွန်းကလည်း ပြန်ချေပလိုက်သည်။

"ဆရာကြီးယန်... ခင်ဗျား ပုံကြီးချဲ့လွန်းနေပြီ... ဒါ့အပြင် ချင်းရှောင်ဂိုဏ်းအနေနဲ့ ပြည်သူတွေအတွက် ကိုယ့်လုံခြုံမှုကို စွန့်လွှတ်စရာ တာဝန် မရှိဘူး... နန်းတွင်းအာဏာလုပွဲဆိုတာ ဘယ်သူနိုင်နိုင် ရှုံးရှုံး ကံကြမ္မာနဲ့ပဲ သက်ဆိုင်တယ်... သိုင်းလောကနဲ့ မဆိုင်ဘူး... ဂိုဏ်းက အခု ပါဝင်ပတ်သက်နေပေမဲ့ အရင်ကလို ဂိုဏ်းသေးလေး မဟုတ်တော့ဘူး... ကျွန်တော်တို့မှာ တပည့် တစ်ထောင်ကျော် ရှိတယ်... ကျွန်တော်တို့ရဲ့ စိတ်လိုက်မာန်ပါ လုပ်ရပ်ကြောင့် သူတို့နဲ့ သူတို့မိသားစုတွေကို ပျက်စီးအောင် မလုပ်သင့်ဘူး..."

All Chapters