← Chapters

အခန်း (၅၄၄-၅၄၆)

Vol. 37 Ch. 544-546

အခန်း (၅၄၄-၅၄၆)

Vol. 37 Ch. 544-546

အခန်း (၅၄၄) - အဘိုးအို (အပိုင်း ၄)

~"ဒါ... ဒါ ဒဏ္ဍာရီထဲက 'သရဲမိစ္ဆာ' ဆိုတာလား”

ကျန်းချင်းရွှယ်က မေးခွန်းထုတ်လိုက်ခြင်းပါ။

ဝမ်ယဲ့၏ လည်ပင်းမှ တံတွေးမြိုချသံ တစ်ချက် ထွက်ပေါ်လာပြီး ရွံရှာဖွယ်ရာကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။

"ဘာပဲဖြစ်ဖြစ်... ဒီလိုရုပ်မျိုးနဲ့ကောင်ကို မြင်ရတာ တကယ့်ကို ပျို့ချင်စရာ ကောင်းတယ်ဗျာ"

နင်ချီ၏ အသံသည် အေးဆေးစွာပင် ထွက်ပေါ်လာသည်။

"ခင်ဗျားတို့ သေချာ ဂရုစိုက်ကြနော်... နောက်ထပ် တစ်ကောင် လာနေသေးတယ်"

ထိုစကားကို ကြားသောအခါ လူတိုင်းသည် မိမိတို့၏ ပတ်ဝန်းကျင်ကို ချက်ချင်း ကာကွယ်လိုက်ကြသော်လည်း၊ မည်သည့်အရာကိုမျှ မမြင်ရချေ။

မူလဝိညာဉ် စွမ်းအားဖြင့် မြေသားနံရံအတွင်း ပေပေါင်းများစွာအထိ ထိုးဖောက် စစ်ဆေးသော်လည်း ဘာမှ ထူးခြားခြင်း မရှိပေ။

လူတိုင်း စိုးရိမ်ပူပန်နေစဉ်မှာပင်... နင်ချီသည် တာအိုဆရာ ဇီယန် ပေးထားသော "ရွှေရောင် နေမင်း ဝိညာဉ်ဓား" ကို ရုတ်တရက် ထုတ်ယူလိုက်လေသည်။

သူသည် ဓားသိုင်းကွက် တစ်ခုကို လက်ဖြင့် ပုံဖော်လိုက်ရာ၊ ဝိညာဉ် စွမ်းအင်များနှင့် မူလဝိညာဉ် စွမ်းအားများသည် ရွှေရောင် နေမင်း ဓားထဲသို့ တိုးဝင် စီးဆင်းသွားကြ၏။ ချက်ချင်းပင် ထိုဓားမှ နေမင်းကြီး တစ်စင်းအလား တောက်ပသော အလင်းရောင်များ ပေါက်ကွဲလာတော့သည်။

နင်ချီသည် ဓားဖြင့် နေရာတစ်ခုကို ညွှန်ပြလိုက်၏။ ရွှေရောင် နေမင်း ဓားမှ ဖြစ်ပေါ်လာသော နေမင်းကြီးသည် ထိုနေရာကို ချက်ချင်း ဖြတ်တောက်လိုက်ရာ၊ မြေသားနံရံပေါ်တွင် ပေပေါင်းများစွာ ရှည်လျား၊ ကျယ်ဝန်းပြီး နက်ရှိုင်းသော အပေါက်ကြီး တစ်ခု ဖြစ်ပေါ်လာလေသည်။

"သွားမယ်..."

နင်ချီသည် လူအုပ်ကို ဦးဆောင်ပြီး ထိုအပေါက်ထဲသို့ မြန်ဆန်စွာ ဝင်ရောက်သွားလေသည်။

သူတို့ အပေါက်ထဲသို့ ဝင်ရောက်သွားသည်နှင့် တပြိုင်နက်၊ မူလက သူတို့ ရှိနေခဲ့သော နေရာသည် ငလျင်လှုပ်သကဲ့သို့ တုန်ခါလာပြီး၊ မရေမတွက်နိုင်သော ငိုကြွေးသံများ ပဲ့တင်ထပ် ထွက်ပေါ်လာတော့သည်။

လူတိုင်း နောက်သို့ လှည့်ကြည့်လိုက်ကြ၏။

သူတို့ ထွက်ခွာလာခဲ့သော နေရာသည် အညိုရောင်မှ ဖြူဖပ်ဖြူရော် အရောင်သို့ ပြောင်းလဲသွားပြီး၊ ကြီးမားလှသော သတ္တဝါကြီး တစ်ကောင်၏ ပုံသဏ္ဌာန် ဖြစ်တည်လာလေသည်။

လူအချို့၏ မျက်ခွံမျာူ တုန်ခါသွားကြ၏။ သူတို့သည် လမ်းကြောင်းတစ်ခုပေါ်တွင် လျှောက်လှမ်းနေခြင်း မဟုတ်ဘဲ၊ သက်ရှိသတ္တဝါကြီး တစ်ကောင်၏ ခန္ဓာကိုယ် အတွင်းထဲတွင် ရောက်ရှိနေခဲ့ခြင်း ဖြစ်ကြောင်း သဘောပေါက်လိုက်ကြ၏။

သေချာသည်မှာ... ဤသတ္တဝါကြီးသည် စောစောက နင်ချီ သတ်ဖြတ်လိုက်သော သတ္တဝါ၏ အကြီးစား ပုံစံပင် ဖြစ်သည်။

၎င်း၏ အရွယ်အစားကို ကြည့်ခြင်းအားဖြင့် ဤ ဧရာမ အုတ်ဂူကြီး၏ ဆယ်ပုံတစ်ပုံခန့်ကို နေရာယူထားပုံ ရသည်။

လူတိုင်း ကြောက်ရွံ့တုန်လှုပ်သွားကြ၏။ ချင်မင်ဟောက်နှင့် ဝမ်ယဲ့ တို့ကဲ့သို့ အမျိုးသား တပည့်များပင်လျှင် ချွေးစေးများ ပြန်လာကြ၏။

ဧရာမ "သရဲမိစ္ဆာ" သည် အကြိမ်အနည်းငယ် တဖျပ်ဖျပ် လှုပ်ရှားပြီးနောက် ငြိမ်သက် သေဆုံးသွားလေသည်။

လူတိုင်း နင်ချီကို မီးအိမ်များအလား တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။

"စီနီယာအစ်ကိုနင်...ဒါကို ကြိုသိနေခဲ့တာလားဟင်" ကျန်းချင်းရွှယ်က မေးလိုက်၏။

နင်ချီသည် ရွှေရောင် နေမင်း ဓားကို ပြန်လည် သိမ်းဆည်းလိုက်၏။

"ဟုတ်တယ်... ဂူပေါက် (၉) ပေါက်ကို မရောက်ခင်ကတည်းက ငါ သတိထားမိခဲ့တာ"

ရှဲ့ချောင်လုသည် ရုတ်တရက် သူမ၏ လက်ဖဝါးများကို ပွတ်သပ်လိုက်ပြီး ပြောလိုက်၏။

"စီနီယာအစ်ကိုနင်... အဲဒီ ဂူပေါက် (၉) ပေါက်လုံးက တကယ်တော့ ဒီ သရဲမိစ္ဆာကြီး ဖန်တီးထားတဲ့ ဝင်္ကပါတွေလားဟင်"

"အဲဒီသဘောပါပဲ... တကယ်တော့ အုတ်ဂူရှေ့မှာ ရေးထိုးထားတဲ့ ပုံစံတွေက အတွင်းထဲမှာ ဘာရှိလဲ ဆိုတာ ပြောပြထားပြီးသားပါ။ မင်းတို့ သတိမထားမိလိုက်ကြလို့ နေမှာပါ"

"အလိုလေး" အားလုံး လွှတ်ခနဲ အော်မိသွားကြ၏။

အုတ်ဂူ ဝင်ပေါက်ရှေ့တွင် ပုံစံများ ရေးဆွဲထားသည်ကို သူတို့ မှတ်မိလိုက်ကြ၏။ သို့သော် သူတို့က ထိုအရာများကို အလှဆင်ထားခြင်း သက်သက်ဟုသာ ထင်မှတ်ခဲ့ကြ၏။

သို့သော် စီနီယာအစ်ကိုနင်ကတော့ အားလုံးကို မှတ်မိနေရုံသာမက၊ ထိုအရာများမှတဆင့် အတွင်းပိုင်း ဖွဲ့စည်းပုံကိုပါ ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည် တဲ့လား။ ဒါ...

လူအချင်းချင်း ဒီလောက်ထိ ကွာခြားနိုင်သလား။

"သွားကြစို့... ဒီလောက် ကြီးမားတဲ့ သရဲမိစ္ဆာကြီး ရှိနေမှတော့ အုတ်ဂူထဲမှာ တခြား သက်ရှိတွေ ရှင်သန်နိုင်မှာ မဟုတ်တော့ဘူး။ ရှေ့ဆက်ကြတာပေါ့"

လူတိုင်း ခေါင်းအနည်းငယ် မူးဝေသွားသလို ခံစားလိုက်ရပြီး၊ နင်ချီနောက်သို့ အမြန် လိုက်ပါသွားကြ၏။

မျှော်လင့်ထားသည့် အတိုင်းပင်... နင်ချီ ခန့်မှန်းခဲ့သလို အုတ်ဂူထဲတွင် မည်သည့် မိစ္ဆာ၊ သရဲတစ္ဆေမျှ လမ်းပိတ်ဆို့ခြင်း မရှိတော့ပေ။

အခင်းအကျင်းများ၊ စက်ယန္တရားများနှင့် ထောင်ချောက်များ ရှိနေသော်လည်း၊ နင်ချီသည် မြေပြန့် လမ်းမကြီးပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ တည့်တည့်မတ်မတ် ဖြတ်သန်းသွားလေသည်။

နောက်ဆုံးတွင် သူတို့ (၆) ယောက်သည် တောင်ကုန်း အတွင်းပိုင်းရှိ အကျယ်ဝန်းဆုံး နေရာသို့ ရောက်ရှိလာကြ၏။

အလယ်ဗဟိုတွင် ကျောက်စိမ်း ပလ္လင်တစ်ခု ထင်းခနဲ ပေါ်လွင်နေပြီး၊ ၎င်းအပေါ်တွင် အရိုးစု တစ်ခု တင်ရှိနေသည်။

သူတို့ အနီးသို့ ရောက်သွားပြီး သေချာ မကြည့်ရသေးမီမှာပင်၊ အရိုးစုသည် အရိုးမှုန့်များအဖြစ် ပြိုကွဲသွားပြီး ကျောက်စိမ်း ပလ္လင်ပေါ်မှ လွင့်ပါးသွားလေသည်။

ကျောက်စိမ်း ပလ္လင်သည် တံခါးနှစ်ချပ် ဖွင့်ထားသော ဗီရိုတစ်ခုနှင့် တူနေပြီး၊ ဧရာမ မဟာစွမ်းအားရှင်ကြီး စုဆောင်းထားသော ပစ္စည်းများ အားလုံးကို အတွင်းထဲတွင် ပြသထားလေသည်။

ထိုအထဲတွင် "ရွှေချည်မျှင် ကျောက်စိမ်း ဝတ်ရုံ" တစ်ထည် ပါဝင်ပြီး၊ မျက်နှာပြင်ပေါ်တွင် ကြယ်ရောင်များ တောက်ပနေသဖြင့် တန်ဖိုးကြီးမားကြောင်း သိသာနေသည်။

လူတိုင်း၏ နှလုံးခုန်သံများ မြန်ဆန်လာကြ၏။ ၎င်းသည် "ပြီးပြည့်စုံသော အလယ်အလတ်အဆင့် ဝိညာဉ် ရတနာ" တစ်ခု ဖြစ်ကြောင်း သဘောပေါက်လိုက်ကြ၏။ ဧရာမ အုတ်ဂူကြီးမှ ရရှိသော အကျိုးအမြတ်သည် အမှန်တကယ်ပင် များပြားလှပေသည်။

ထို ဝတ်ရုံတစ်ထည်တည်းနှင့်ပင် "အဆင့်နိမ့် ဝိညာဉ် ရတနာ" (၁၀) ခုနှင့် ညီမျှသော တန်ဖိုး ရှိပေသည်။

၎င်း၏ အရည်အသွေးကို ကြည့်ခြင်းအားဖြင့် ယခင်က ယဲ့ချန် အသုံးပြုခဲ့သော "လေနဂါး ကြေးခွံ ချပ်ဝတ်" ထက်ပင် များစွာ သာလွန်ပေလိမ့်မည်။

ဒါ့အပြင် ကျောက်စိမ်း ဗီရိုထဲတွင် "အဆင့်နိမ့် ဝိညာဉ် ရတနာ" (၅) ခုလည်း ပါဝင်သေးသည်။ ဓား (၃) လက်၊ ဓားမ (၁) လက်နှင့် လှံ (၁) လက် တို့ ဖြစ်ကြ၏။

"ကျင့်စဉ် ကျောက်စိမ်းလိပ်"တစ်ခုလည်း ပါဝင်ပြီး၊ "ကျောက်စိမ်း နွေးထွေးသော မီးခိုးငွေ့ နည်းစနစ် ဟူသော ကျင့်စဉ်ကို မှတ်တမ်းတင်ထားသည်။

ထိုကျင့်စဉ်သည် ရုပ်ခန္ဓာနှင့် မူလဝိညာဉ် နှစ်ခုစလုံးကို ကျောက်စိမ်းကဲ့သို့ ဖြစ်အောင် ကျင့်ကြံရမည် ဖြစ်ပြီး၊ အချိန်တန်သောအခါ "ကျောက်စိမ်း ချပ်ဝတ်" အား လွှမ်းခြုံကာ တိုက်ခိုက်မှု အားလုံးကို ကာကွယ်နိုင်မည့် နည်းစနစ် ဖြစ်သည်။ ရှားပါးသော ကာကွယ်ရေး ကျင့်စဉ် တစ်ခုပါပင်။

ထို့အပြင်... "ဟင်းလင်းပြင် လမ်းစဉ် ခရမ်းရောင် ရွှေဆေးလုံး" အလုံး (၅၀) နှင့် "ကောင်းကင်နှင့် မြေကြီး ပေါင်းစည်းခြင်း ဆေးလုံး" (၁၀) လုံးတို့ကိုလည်း တွေ့ရှိရသည်။ "ပေါင်းစည်းခြင်း နယ်ပယ်" အတွက် အမှန်တကယ် အဖိုးတန်သော အရာများ ဖြစ်ကြ၏။

"ငါ ဒီရတနာတွေကို စာရင်းလုပ်ထားလိုက်မယ်။ ဂိုဏ်းကို ပြန်ရောက်မှ ညီတူညီမျှ ခွဲဝေယူကြဆာ ပေါ့.. ဘယ်လိုလဲ" နင်ချီ အကြံပြုလိုက်၏။

ရတနာများသည် မက်မောစရာ ကောင်းသော်လည်း၊ မည်သူကမျှ အကျိုးအမြတ်အတွက် မငြင်းခုံကြပါပေ။

"စီနီယာအစ်ကိုနင်... ဒီအုတ်ဂူကို ဖွင့်နိုင်တာ အစ်ကို့ရဲ့ ကြိုးစားမှုကြောင့်ပါ။ ကျွန်မတို့က ဖူချန်ကို တားဆီးရုံလောက်ပဲ လုပ်ပေးနိုင်ခဲ့တာ... ဒီအကျိုးအမြတ်တွေကို မျှဝေမယူသင့်ပါဘူး" ကျန်းချင်းရွှယ် ပြောလိုက်၏။

ကျန်လူများလည်း အချင်းချင်း ကြည့်လိုက်ကြပြီး သဘောတူကြ၏။

"နောက်မှ ပြောကြတာပေါ့... ဘာပဲဖြစ်ဖြစ် ငါ မင်းတို့ကို နစ်နာအောင် မလုပ်ပါဘူး"

ထို့နောက် သူတို့သည် အပေါ်ဘက်ကို မော့ကြည့်လိုက်ကြ၏။

သူတို့၏ ခေါင်းပေါ်တွင် ရောင်စုံ အလင်းတန်းများ ဖြာထွက်နေ၏။ ထိုအလင်းများသည် စည်းမျဉ်း ကျောက်စိမ်း (၃) တုံး ထံမှသာ ထွက်ပေါ်နေခြင်း ဖြစ်သည်။

ထိုကျောက်စိမ်း (၃) တုံးသည် အပေါ်ဘက် မြေသားနံရံတွင် မြှုပ်နှံထားပြီး၊ ဝေဝါးသော အခင်းအကျင်း တစ်ခု ဖွဲ့စည်းထားသကဲ့သို့ ရှိလေသည်။

ကောင်းကင်၊ မြေကြီး၊ လူသားနှင့် နေ၊ လ၊ ကြယ်တို့ကို ကိုယ်စားပြုထားခြင်း ဖြစ်သည်။

ဘောလုံး အရွယ်အစားခန့် ရှိသော ကျောက်စိမ်းတုံးသည် အရောင် (၇) မျိုး တောက်ပနေသော်လည်း၊ အလင်းရောင် ထွက်ပေါ်လာသည်နှင့် အဖြူရောင် အလင်းတန်း တစ်ခုအဖြစ် ပေါင်းစပ်သွားသည်မှာ အလွန် အံ့သြဖွယ် ကောင်းလှပေသည်။

အနည်းငယ် သေးငယ်သော ကျောက်စိမ်းတုံးသည် ပေါက်စီ အရွယ်အစားခန့် ရှိပြီး အရောင် (၈) မျိုးဖြင့် တောက်ပနေကာ၊ အသေးဆုံး တစ်တုံးတွင်မူ အရောင် (၁၀၀) ခန့်ပင် ပါဝင်နေလေသည်။

နင်ချီသည် မူလဝိညာဉ် လက်ကြီးကို ဆန့်ထုတ်ပြီး ထိုကျောက်စိမ်း (၃) တုံးကို လှမ်းယူလိုက်၏။

သို့သော် အံ့သြစရာ ကောင်းသည်မှာ...သူ ဖန်တီးထားသော လက်ကြီးသည် အပြင်ဘက်တွင် ပိတ်ဆို့ခံလိုက်ရလေသည်။

နောက်ဆုံးတွင် လက် (၁၀) ဖက်ကို တပြိုင်နက်တည်း ထုတ်ဖော်လိုက်ပြီး ဧရာမ အုတ်ဂူကြီး တစ်ခုလုံးကို လှုပ်ခါသွားစေမှသာ နင်ချီသည် ထိုကျောက်စိမ်း (၃) တုံးကို ဖြုတ်ယူနိုင်ခဲ့လေသည်။

ကျောက်စိမ်းများကို ယူလိုက်သည်နှင့် တပြိုင်နက်... အုတ်ဂူကြီးသည် ယခင် ကြေးနီရောင် အုတ်ဂူကဲ့သို့ပင် ထောက်တိုင်မဲ့သွားပြီး ဘုန်းခနဲ ပြိုကျ ပျက်စီးသွားတော့သည်။

ထို့နောက်မှာတော့၊ သူတို့သည် ခေတ္တမျှ အနားယူလိုက်ကြ၏။ ဧရာမ ရေကန်ကြီးထဲမှ "ဝိညာဉ်ငါး" အချို့ကို ဖမ်းယူကာ ကင်စားကြပြီးမှ ခရီးဆက်ခဲ့ကြလေသည်။

---

အခန်း (၅၄၅) - အဘိုးအို (အပိုင်း ၅)

~မျက်တောင်တစ်ခတ် အတွင်းမှာပင် ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့ပြန်သည်။

"နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ" ထဲသို့ ဝင်ရောက်လာသော ဂိုဏ်းအသီးသီးမှ အစစ်အမှန်အမွေခံများသည် နီးပါး စုဝေးမိနေကြပြီ ဖြစ်သည်။

ပြန်လည် ဆုံတွေ့ကြသောအခါ ဂိုဏ်းသားများသည် လမ်းခရီးတွင် ကြုံတွေ့ခဲ့ရသော သတင်းအချက်အလက်များကို ဖလှယ်ကြလေသည်။

ထိုအထဲတွင် သတင်း (၂) ခုသည် အကျယ်ပြန့်ဆုံး ပျံ့နှံ့နေလေသည်။

ပထမ သတင်းမှာ... "တောင်ပိုင်း အစစ်အမှန် နယ်မြေ" မှ ပါရမီရှင် ဖူချန် သည် "ပေ့ရွှမ် နယ်မြေ" မှ "အင်မော်တယ် မျိုးစိတ်" နင်ချီ နှင့် တွေ့ဆုံခဲ့ရာ၊ အံ့သြစရာ ကောင်းလောက်အောင်ပင် ထွက်ပြေးသွားခဲ့ပြီး "ပေါင်းစည်းခြင်း နယ်ပယ်" ဧရာမ အုတ်ဂူကြီးကို လက်လွှတ်ပေးခဲ့ရသည် ဟူသော သတင်းတည်း။

ဒုတိယ သတင်းမှာ... "အမွှေးအတောင် အသွင်ပြောင်း အဆင့်မြင့် ဂိုဏ်း" မှ လူ (၃) ဦးသာ အသက်ရှင် ကျန်ရစ်တော့သည် ဟူသော သတင်း ဖြစ်သည်။

နင်ချီ၏ ဂုဏ်သတင်းသည် ချက်ချင်း တစ်ရှိန်ထိုး မြင့်တက်သွားပြီး လျှို့ဝှက်နယ်မြေ တစ်ခုလုံး ပဲ့တင်ထပ်သွားလေသည်။

အကယ်၍ "အမွှေးအတောင် အသွင်ပြောင်း ဂိုဏ်း" မှ လူ (၇) ယောက်ကို သတ်ဖြတ်ခဲ့သူမှာ နင်ချီ ဖြစ်ကြောင်း လူများ သိရှိသွားပါက၊ သူ၏ ကျော်ကြားမှုသည် ပိုမို မြင့်တက်သွားပေလိမ့်မည်။

ဟုတ်သည်၊ အဲဒီလို အန္တရာယ်များသည့် ကျော်ကြားမှုမျိုးကိုတော့ ကြိုဆိုချင်မှ ကြိုဆိုကြမည်သာ။

"အားလားလား... ငါက ကိုယ့်ကိုယ်ကို တောင်ပိုင်း နယ်မြေက လူတစ်ယောက် အနေနဲ့ ဂုဏ်ယူပြီး အဲဒီ အင်မော်တယ် မျိုးစိတ် နင်ချီ ဆိုတဲ့ကောင်ကို အထင်သေးခဲ့တာရယ်။ ဒါပေမဲ့ ငါတို့ တောင်ပိုင်း နယ်မြေက ပါရမီရှင် ဖူချန်တောင် သူ့ကို မြင်တာနဲ့ ထွက်ပြေးရမယ် လို့ကတော့တော့ ငါ လုံးဝ ထင်မထားခဲ့မိဘူးကွာ"

တစ်သီးပုဂ္ဂလ ကျင့်ကြံသူ တစ်ဦးက ညည်းတွားလိုက်၏။

ထိုအခါ၊ ပေ့ရွှမ် နယ်မြေမှ တစ်သီးပုဂ္ဂလ ကျင့်ကြံသူ တစ်ဦးက ပြုံးလျက် ပြန်ပြောလိုက်၏။

"အဲဒါကို 'ကိုယ့်ကိုယ်ကို သိခြင်း' လို့ ခေါ်တာပေါ့။ ကံကောင်းလို့ မင်းက သူ့ရှေ့မှာ မင်းရဲ့ ခံစားချက်တွေကို ထုတ်မပြမိလိုက်တာ။ မဟုတ်ရင်..."

"မဟုတ်ရင် ဘာဖြစ်မလဲ"

"ဟဲဟဲ..." ပေ့ရွှမ် ကျင့်ကြံသူက နှာခေါင်းကို ပွတ်သပ်လိုက်ပြီး ဆက်ပြောပြလိုက်၏။

"နင်ချီက (၁၂) ဂိုဏ်းက ကျင့်ကြံသူ တစ်သန်းလောက်ကို လုပ်ကြံ သတ်ဖြတ်ခဲ့ဖူးတယ်ကွ"

"ဟာ... အဲဒီလောက်တောင် ရက်စက်တာလား"

"ဟုတ်တယ်၊ ဒါကြောင့် နောက်ကျရင် သူ့နဲ့ တွေ့ရင် အမြန်ဆုံးသာ ထွက်ပြေးပေတော့။ တုံ့ဆိုင်းမနေနဲ့"

ဤတစ်သီးပုဂ္ဂလ ကျင့်ကြံသူများသည် လျှို့ဝှက်နယ်မြေထဲ ရောက်ပြီးနောက် မြောက်ပိုင်း၊ တောင်ပိုင်း မခွဲခြားဘဲ ကိုယ်ပိုင် အဖွဲ့များ ဖွဲ့စည်းထားကြလေသည်။

လူဆိုးများနှင့် တွေ့ဆုံနိုင်သော်လည်း၊ လူအင်အား များပြားပါက အန္တရာယ် လျော့နည်းနိုင်သည် မဟုတ်ပါလော။

ဂိုဏ်းသား အစစ်အမှန်အမွေခံများသည် မဟာမိတ်များ ဖွဲ့စည်းနေကြပြီ ဖြစ်ရာ၊ သူတို့ တစ်သီးပုဂ္ဂလ သမားများ မပူးပေါင်းကြလျှင် သေချာပေါက် "အမြောက်စာ" သာ ဖြစ်သွားကြပေလိမ့်မည်။

ဤသတင်းသည် လျှို့ဝှက်နယ်မြေ တစ်ခုလုံးကို မြန်ဆန်စွာ ပျံ့နှံ့သွားလေသည်။

အချို့က ဆိုလျှင် ဖူချန်၏ ပါရမီရှင် ဘွဲ့ကို နင်ချီအား လွှဲပြောင်းပေးသင့်သည်ဟု နောက်ပြောင် ပြောဆိုကြရာ၊ လူတိုင်းက သဘောတူကြ၏။

နင်ချီကို မူလ ပါရမီရှင် (၅) ဦး.. စာရင်းထဲသို့ ထည့်သွင်းပြီး (၆) ဦး မသတ်မှတ်ရခြင်းမှာ မဟာဗျူဟာမြောက် အကျိုးစီးပွားများ ဖုံးကွယ်နေသောကြောင့် ဖြစ်သည်။

ပါရမီရှင် တစ်ဦးစီသည် သူတို့၏ ဂုဏ်သိက္ခာကို အလွန် တန်ဖိုးထားကြကြောင်း သူတို့ သိကြ၏။ ဖူချန်၏ ဘွဲ့ကို ဖယ်ရှားလိုက်လျှင် ဖူချန် ကျေနပ်ပါ့မလား။

တကယ်လို့ မကျေနပ်ရင်... ဖူချန်က နင်ချီဆီကနေ ဘွဲ့ကို ပြန်လုမလား၊ ဒါမှမဟုတ် ကျန်တဲ့ (၄) ယောက်ထဲက တစ်ယောက်ယောက်ဆီက လုမလား။

ဘာပဲဖြစ်ဖြစ် ပွဲကြည့်ရတာ ပျော်စရာ ကောင်းနေတော့၏။

...

ယခုအချိန်တွင် "ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်း" မှ အစစ်အမှန်အမွေခံ (၈) ဦး စုဝေးမိနေကြပြီ ဖြစ်သည်။

သူတို့ဂိုဏ်းသား (၂) ဦး သေဆုံးသွားကြောင်းကို အပြင်ဘက်ရှိ မဟာစွမ်းအားရှင်များသာမက၊ သူတို့ (၈) ဦးလည်း "အာရုံခံ ကိရိယာများ" မှတစ်ဆင့် သိရှိထားကြ၏။

"စီနီယာအစ်ကို ချူ... ညီလေး နှစ်ယောက် သေဆုံးမှုအတွက် လက်စားချေပေးရမယ်နော်"

ချူရှောင်ထျန်း ခေါင်းညိတ်လိုက်၏။ "စိတ်ချကြပါ ညီလေးတို့... ငါ ဘယ်သူ့ကိုမှ အလွတ်မပေးဘူး”

နောက်တစ်ယောက်က ပြောသည်။ "စီနီယာအစ်ကို ချူ... အမွှေးအတောင် အသွင်ပြောင်း ဂိုဏ်းက လူ (၇) ယောက် သေဆုံးသွားတာက တိုက်ဆိုင်မှု မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်"

"ဟုတ်တယ်... ဂိုဏ်းတွေ အများကြီးထဲမှာမှ သူတို့နဲ့ ငါတို့ပဲ လူသေဆုံးတာ ဆိုတော့... ဖြစ်နိုင်တာက အမွှေးအတောင် ဂိုဏ်းက ငါတို့ ညီလေး နှစ်ယောက်နဲ့ တွေ့ပြီး ငါတို့ ဂိုဏ်းအင်အား လျော့အောင် အရင်ဆုံး ဝိုင်းတိုက်လိုက်တာ ဖြစ်မယ်"

ချူရှောင်ထျန်း၏ မျက်လုံးများထဲတွင် အလင်းရောင်များ ဝင်းလက်သွားသည်။

သူ တစ်ယောက်တည်း မဟုတ်... ကျန် (၇) ယောက်လုံးကလည်း ဤ ကောက်ချက်ကို အလေးအနက် သဘောတူကြ၏။

"ဒီတစ်ခါတော့ အမွှေးအတောင် ဂိုဏ်းက ကျန်တဲ့ (၃) ယောက်ကို တစ်ယောက်မကျန် သတ်ပစ်ရမယ်"

"စီနီယာအစ်ကို ချူ... အကန့်အသတ်မဲ့ ဓားဂိုဏ်းက ကိစ္စရော။ မကြာသေးခင်က သူတို့ရဲ့ အင်မော်တယ် မျိုးစိတ် နင်ချီက ဖူချန်ကို ဖယ်ထုတ်ပြီး အစ်ကိုနဲ့ တန်းတူ ပါရမီရှင် စာရင်းဝင်လာတယ်တဲ့။ သူ အဲဒီလောက် အရည်အချင်း ရှိလို့လား"

ထိုအခါ၊ ချူရှောင်ထျန်းက ခပ်လှောင်လှောင် ပြုံးလိုက်၏။

"လူတိုင်းက ဖူချန် အစွမ်းထက်တယ်လို့ ပြောနေကြတာပဲ။ တောင်ပိုင်း နယ်မြေမှာ လူတော်လူကောင်း ရှားပါးနေပုံ ရပါတယ်။ တစ်သီးပုဂ္ဂလ ကျင့်ကြံသူ လေး တစ်ယောက်ကိုတောင် ဒီလောက် ကိုးကွယ်နေကြတာဆိုတော့ "

"အခု နင်ချီကို တွေ့တာနဲ့ ထွက်ပြေးတယ် ဆိုတော့... သူ့ဂုဏ်သတင်းက အတုအယောင် ဆိုတာ သက်သေပြလိုက်တာပဲ"

အစစ်အမှန်အမွေခံ အားလုံး ဟားတိုက် ရယ်မောလိုက်ကြ၏။

"ကံဆိုးတာက... ငါတို့ လမ်းတစ်လျှောက်လုံး အကန့်အသတ်မဲ့ ဓားဂိုဏ်းက လူတစ်ယောက်မှ မတွေ့ရဘူး။ မဟုတ်ရင် နင်ချီ ဘယ်မှာလဲ ဆိုတာ သိရမှာ"

ခဏတာ စဉ်းစားပြီးနောက်... ချူရှောင်ထျန်း ရုတ်တရက် ပြောလိုက်၏။

"ဂျူနီယာညီလေး ကျောက်... မင်း သတင်းဖြန့်လိုက်စမ်း။ ငါက နင်ချီကို စိန်ခေါ်တယ်လို့။ 'ဗဟို ကောင်းကင် အမိုးခုံး' ရဲ့ အကြီးဆုံး 'စည်းမျဉ်း ကြယ်တာရာ' အောက်မှာ... ပေ့ရွှမ် နယ်မြေရဲ့ အစစ်အမှန် ပါရမီရှင်က ဘယ်သူလဲ ဆိုတာ ဆုံးဖြတ်ဖို့ နှစ်ယောက်ချင်း တိုက်မယ်လို့ ပြောလိုက်"

ကျောက်ဖေး ချက်ချင်း သဘောပေါက်လိုက်၏။

"စီနီယာအစ်ကို ချူရယ်... တကယ့်ကို ပြောင်မြောက်တဲ့ အကြံအစည်ပါပဲ။ ဒါဆိုရင် အကန့်အသတ်မဲ့ ဓားဂိုဏ်းက လူတွေကို လိုက်ရှာနေစရာ မလိုတော့ဘူး။ သတင်းကြားတာနဲ့ သူတို့ ဂိုဏ်းသားတွေ အကုန်လုံး ရောက်လာကြလိမ့်မယ်။ အဲဒီကျရင် တစ်ခါတည်း အပြတ်ရှင်းလို့ ရပြီပေါ့"

ချူရှောင်ထျန်း ခေါင်းအနည်းငယ် ညိတ်လိုက်၏။

"ဂျူနီယာညီလေး ကျောက်... မင်း နားလည်သားပဲ။ သွား... မြန်မြန် လုပ်ချေ"

"ဟုတ်ကဲ့ပါ"

မကြာမီ… ၊ ချူရှောင်ထျန်း၏ စိန်ခေါ်မှု သတင်းသည် လျှို့ဝှက်နယ်မြေ တစ်ခုလုံးကို ရိုက်ခတ်သွားခဲ့လေသည်။

ထိုအချိန်တွင် နင်ချီနှင့် အဖွဲ့သည် ကြေးနီရောင် အုတ်ဂူ (၃) လုံးနှင့် ငွေရောင် အုတ်ဂူ (၁) လုံးကို ဖွင့်လှစ် ပြီးစီးခဲ့ပြီး၊ ကြီးမားသော အကျိုးအမြတ်များ ရရှိထားကြ၏။

သူ၏ ပင်မခန္ဓာကိုယ်သည် "စည်းမျဉ်း နယ်ပယ်" သို့ ရောက်ရှိရန် ပိုမို နီးကပ်လာပြီ ဖြစ်သည်။ ဤ ဝိညာဉ် ရတနာများနှင့် စည်းမျဉ်း ကျောက်မျက်များ ထဲမှ စည်းမျဉ်း အမှတ်အသားများကို အစစ်အမှန်သိုင်း ကမ္ဘာထဲသို့ ပေါင်းစပ်လိုက်ရန်သာ လိုတော့သည်။

ဤ ရက်များ အတွင်း...

အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများသည် အမြဲတမ်း အတူတူ ရှိမနေကြဘဲ၊ မတူညီသော ဧရိယာများရှိ အုတ်ဂူများကို ရှာဖွေရန် လူစုခွဲ လှုပ်ရှားကြ၏။

ထို့နောက် သတ်မှတ်ထားသော အချိန်တွင် ပြန်လည် ဆုံတွေ့ကြပြီး သတင်းအချက်အလက်များ ဖလှယ်ကြသဖြင့်၊ လျှို့ဝှက်နယ်မြေ အတွင်းမှ အကျိုးအမြတ်များကို အများဆုံး ရယူနိုင်ခဲ့ကြ၏။

ချူရှောင်ထျန်း၏ စိန်ခေါ်မှု သတင်းကို ဝူချင်းရှောင်က အရင်ဆုံး ကြားသိခဲ့ရသည်။

ဝူချင်းရှောင်က လူတိုင်းကို ပြောပြလိုက်ရာ နင်ချီလည်း သိရှိသွားသည်။

ချင်မင်ဟောက်နှင့် အခြားသူများ ဒေါသထွက်ကြသော်လည်း၊ နင်ချီကမူ တည်ငြိမ်စွာ ပြုံးနေလိုက်၏။

ချူရှောင်ထျန်း ဘာကြံစည်နေသလဲ ဆိုတာ သူ ကောင်းကောင်း သိနေပါ၏။

ဝမ်းနည်းစရာ ကောင်းသည်မှာ... လျှို့ဝှက်နယ်မြေ အတွင်းရှိ အချိန်များသည် တန်ဖိုးရှိလှသဖြင့်၊ သဘာဝ အလျောက် မတွေ့ဆုံရလျှင် သူ့အတွက် သီးသန့် အချိန်ပေးနေရန် မဖြစ်နိုင်ချေ။

ကျန်းချင်းရွှယ်သည် နင်ချီကို ကြည့်လိုက်၏။ သူမ၏ လှပသော မျက်ဝန်းလေးများ တုန်ခါသွားပြီး ဖော်ပြ၍ မရနိုင်သော ခံစားချက်များ ပါဝင်နေသည်။

ခရီးစဉ် တစ်လျှောက်လုံးတွင် နင်ချီသည် အန္တရာယ်များစွာကို ဖြေရှင်းပေးခဲ့၏။ ချင်မင်ဟောက်နှင့် ဝမ်ယဲ့ တို့လည်း နင်ချီနှင့်အတူ လိုက်ပါရင်း နတ်ဘုရား ပေးသနားထားသကဲ့သို့ ပြီးပြည့်စုံသော ပူးပေါင်းဆောင်ရွက်မှုမျိုး ရှိလာခဲ့၏။

ကျန်းချင်းရွှယ်နှင့် အခြားသူများ အလွန် စိတ်လှုပ်ရှားခဲ့ရသည်။

ယခင်က ဤ အစစ်အမှန်အမွေခံများသည် အတူတူ ကျင့်ကြံလေ့ မရှိကြသော်လည်း၊ ယခု နင်ချီနှင့် ဓာတ်ကြီးငါးပါး တောင်ထွတ်မှ (၃) ဦးနှင့် အတူတူ လိုက်ပါလာသည့်အခါ သူတို့ကြားမှ ကွာခြားချက်ကို သိမြင်လာကြ၏။

ဓာတ်ကြီးငါးပါး တောင်ထွတ်မှ (၃) ဦးတွင် ကြောက်မက်ဖွယ် ကောင်းသော "နားလည်နိုင်စွမ်း" ရှိနေပုံ ရသည်။

ဝမ်ယဲ့သည် အနည်းငယ် နိမ့်ကျသည်ဟု ထင်ရသော်လည်း၊ သူတို့ထက် သာလွန်နေဆဲ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ဝမ်ယဲ့က ကိုယ်ခန္ဓာ သန့်စင်သူ မဟုတ်ပါလော။

ခဏတာ အနားယူပြီးနောက်... ချင်မင်ဟောက်နှင့် ဝမ်ယဲ့ တို့သည် သူတို့၏ ထိုးထွင်းသိမြင်မှုများကို အပြန်အလှန် ဆွေးနွေး အတည်ပြုကြပြီး၊ သူတို့၏ စွမ်းအားများ သိသိသာသာ တိုးတက်လာသည်ကို တွေ့မြင်နေရသည်။

နင်ချီသည် သူတို့၏ ယှဉ်ပြိုင်မှုများတွင် မပါဝင်သော်လည်း၊ ထိုနှစ်ဦးက နင်ချီ၏ လမ်းညွှန်မှုကို မကြာခဏ တောင်းခံလေ့ ရှိသည်။

နင်ချီ ပြောလိုက်သော စကားတစ်ခွန်းချင်းစီသည် ပြဿနာ၏ အဓိက အချက်ကို တည့်တည့် ထိမှန်စေပြီး၊ သူတို့ နားလည်နိုင်စွမ်းထက် ကျော်လွန်သော တိုးတက်မှုများကို ပေးစွမ်းနိုင်ခဲ့၏။

ချင်မင်ဟောက်နှင့် ဝမ်ယဲ့ တို့သာ အကျိုးရှိသည် မဟုတ်၊ ဘေးမှ နားထောင်နေရသော ကျန်းချင်းရွှယ်၊ ရှဲ့ချောင်လုနှင့် ဝူချင်းရှောင် တို့လည်း နက်ရှိုင်းသော ထိုးထွင်းသိမြင်မှုများကို ရရှိခဲ့ကြပြီး စိတ်ဓာတ်များ တက်ကြွ လှုပ်ရှားခဲ့ကြရသည်။

ထို့ကြောင့် ကျန်းချင်းရွှယ်၏ စိတ်နေသဘောထား စတင် ပြောင်းလဲလာခဲ့၏။

ချင်မင်ဟောက် ဘာကြောင့် နောက်ဆုံး အဆင့်မှ ထိပ်ဆုံး (၁၀) ယောက် စာရင်းဝင် ဖြစ်လာရသလဲ၊ ဝမ်ယဲ့ ဘာကြောင့် ယဲ့ချန်၏ လေမိုးကြိုး တောင်ထွတ်ကို စွန့်ခွာပြီး ဓာတ်ကြီးငါးပါး တောင်ထွတ်သို့ ပြောင်းရွှေ့ခဲ့သလဲ ဆိုတာ အံ့သြစရာ မဟုတ်တော့ပေ။

(၁၀) နှစ်တာ ကာလအတွင်း... သူတို့နှစ်ဦးစလုံး သူမကို ကျော်တက်သွားပြီ ဖြစ်ကြောင်း ကျန်းချင်းရွှယ် လုံးဝ သေချာသွားခဲ့၏။

နင်ချီကို ကြည့်ရင်း... ကျန်းချင်းရွှယ်၏ ရင်ထဲတွင် လေးစား အားကျစိတ်များနှင့် နောက်လိုက် လုပ်ချင်စိတ်များ တားဆီးမရအောင် ဖြစ်ပေါ်လာရလေသည်။

သူမသည် ဘေးနားရှိ ရှဲ့ချောင်လုနှင့် ဝူချင်းရှောင် တို့ကို လှမ်းကြည့်လိုက်ရာ၊ သူတို့၏ မျက်လုံးများ အရောင်လက်နေကြပြီး အချင်းချင်း၏ အတွေးများကို နားလည်နေကြပုံ ရလေသည်။

အခန်း (၅၄၆) - အူတိုင် အုတ်ဂူ

~ရက်အနည်းငယ် ဆက်တိုက် ကုန်ဆုံးသွားခဲ့လေသည်။

နောက်ဆုံးတွင် အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ ကျန်ရှိနေသော အစစ်အမှန်အမွေခံ (၃) ဦးသည် နင်ချီ ရှိရာသို့ ရောက်ရှိလာခဲ့ကြလေသည်။

၎င်းတို့မှာ အစစ်အမှန်အမွေခံ ရွေးချယ်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခဲ့သော မိုချန်နှင့် လော့ကျန်း တို့ ဖြစ်ပြီး၊ စတုတ္ထမြောက် အစစ်အမှန်အမွေခံ ဟွမ်မင်းကွမ်း လည်း ပါဝင်လေသည်။

မိုချန်နှင့် လော့ကျန်း တို့သည် ပူးပေါင်း၍ လာခဲ့ကြသဖြင့် လမ်းခရီးတွင် အခက်အခဲ မရှိခဲ့ကြပေ။

သို့သော် စတုတ္ထမြောက် အစစ်အမှန်အမွေခံ ဟွမ်မင်းကွမ်းမှာမူ ဒဏ်ရာ အပြင်းအထန် ရရှိထားလေသည်။

အားလုံးက စိုးရိမ်တကြီး မေးမြန်းကြ၏။

အကြောင်းရင်းမှာ ဤရက်ပိုင်းအတွင်း ချူရှောင်ထျန်း၏ စိန်ခေါ်မှု သတင်းများ ပျံ့နှံ့နေသော်လည်း နင်ချီက တုံ့ပြန်ခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။

ချူရှောင်ထျန်းသည် သူ၏ ဂိုဏ်းသားများကို ခေါ်ဆောင်လျက် ဒူတယ် တိုက်မည့် နေရာတွင် တစ်ရက်လုံး စောင့်ဆိုင်းခဲ့လေသည်။ အနီးနားရှိ ဂိုဏ်းပေါင်းစုံမှ အစစ်အမှန်အမွေခံများနှင့် တစ်သီးပုဂ္ဂလ ကျင့်ကြံသူများလည်း လာရောက် ကြည့်ရှုခဲ့ကြ၏။

သို့သော် နင်ချီ ပေါ်မလာခဲ့သလို၊ မည်သူ့ကိုမျှလည်း သတင်းစကားပါးရန် စေလွှတ်ခဲ့ခြင်း မရှိပေ။

တစ်ရက်လုံး စောင့်ပြီးနောက်... ချူရှောင်ထျန်းသည် ဟားတိုက်လျက် ထွက်ခွာသွားလေသည်။

"အင်မော်တယ် မျိုးစိတ် နင်ချီ ဆိုတာ နာမည်ကြီးသလောက် အစွမ်းမရှိပါလားကွ"

မထွက်ခွာမီ သူသည် လူတစ်ယောက်ကို အထူးတလည် ထားရစ်ခဲ့၏။

"ငါ ဒီနေရာမှာ လူတစ်ယောက်ကို (၃) ရက် ထပ်စောင့်ခိုင်းထားမယ်။ အကန့်အသတ်မဲ့ ဓားဂိုဏ်းက ဘယ်သူမှ ရောက်မလာရင် လူတိုင်း ယုံကြည်လိုက်ကြပေတော့"

ယခု (၃) ရက် ပြည့်သွားခဲ့ပြီ ဖြစ်ပါ၏။

ထို့ကြောင့် ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်းသားများက သတင်းလွှင့်ကြတော့သည်။

"အင်မော်တယ် မျိုးစိတ် နင်ချီက ပါရမီရှင် ဖူချန်ကို မောင်းထုတ်ခဲ့တယ် ဆိုတာ ယုံတမ်းစကားပဲ။ တကယ်တမ်းကျတော့ နင်ချီက ချူရှောင်ထျန်းနဲ့ တိုက်ရမှာ ကြောက်လို့ ပုန်းနေတာကွ"

ထိုကောလာဟလသည် လျှို့ဝှက်နယ်မြေ တစ်ခုလုံး ပျံ့နှံ့သွားလေသည်။

ကြားရသူတိုင်းကလည်း ပါးရည်နပ်ရည်ရှိစွာ သဘောတူကြ၏။

ဘာပဲဖြစ်ဖြစ်... နင်ချီသည် ဖူချန်ကဲ့သို့ လွတ်လပ်သူ မဟုတ်ပေ။ ဖူချန်က တစ်သီးပုဂ္ဂလ ဖြစ်သဖြင့် ဂိုဏ်းစည်းကမ်းများ၊ ဂိုဏ်းသားများအတွက် ပူပန်စရာ မလိုပေ။

ဖူချန် ထွက်ပြေး၍ ရသော်လည်း၊ နင်ချီသည် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ ပထမ အစစ်အမှန်အမွေခံ ဖြစ်သဖြင့် ဂိုဏ်းတစ်ခုလုံး၏ မျက်နှာဖုံး ဖြစ်ပေသည်။

လူသိရှင်ကြား စိန်ခေါ်မှုကို မတက်ရောက်ဘဲ နေခြင်း၊ ဂိုဏ်းသား တစ်ယောက်မှ စေလွှတ်ခြင်း မရှိခြင်းတို့ကြောင့် လူတိုင်းက သူ ကြောက်နေသည်ဟု ထင်မှတ်သွားကြ၏။

ထို့ကြောင့် နင်ချီသာမက၊ အခြားသော အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများပါ အထင်သေး ခံနေကြရသည်။

ဟွမ်မင်းကွမ်းသည် လမ်းခရီးတွင် တောင်ပိုင်း အစစ်အမှန် နယ်မြေမှ ဂိုဏ်းတစ်ခု၏ တပည့် (၃) ဦးနှင့် တွေ့ဆုံခဲ့၏။

သူတို့သည် ဟွမ်မင်းကွမ်း တစ်ယောက်တည်း ဖြစ်နေသည်ကို မြင်သောအခါ၊ နင်ချီနှင့် အကန့်အသတ်မဲ့ ဓားဂိုဏ်းကို ပေါ်တင် လှောင်ပြောင် ပြောဆိုကြလေသည်။

ဟွမ်မင်းကွမ်း ဒေါသထွက်ပြီး ဝင်ရောက် တိုက်ခိုက်ရာမှ ဒဏ်ရာ ရရှိလာခဲ့ခြင်း ဖြစ်သည်။

သူ နင်ချီကို ကြည့်ပြီး ပြောလိုက်၏။

"စီနီယာအစ်ကိုနင်... အစ်ကိုက ချူရှောင်ထျန်း လို လူမျိုးအတွက် အချိန်မဖြုန်းချင်ဘူး ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ သူတို့က အစ်ကို့ကိုရော၊ ဂိုဏ်းကိုရော စော်ကားနေတာကို ကျွန်တော် သည်းမခံနိုင်လို့ပါ"

ဟွမ်မင်းကွမ်း၏ စကားကို ကြားသောအခါ နင်ချီသည် သူ၏ ပခုံးကို ပုတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။

"ဂျူနီယာညီလေး ဟွမ်... ငါတို့ ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်းက လူတွေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် တွေ့ရမှာပါ။ အဲဒီကျရင် ရလဒ် ထွက်လာမှာပေါ့"

နင်ချီသည် ဆေးပုလင်း တစ်လုံးကို ထုတ်ယူပြီး ဟွမ်မင်းကွမ်းအား ပေးလိုက်လေသည်။

"မင်းက ငါ့ဂုဏ်သိက္ခာနဲ့ ဂိုဏ်းဂုဏ်သိက္ခာအတွက် တိုက်ခိုက်ပေးခဲ့တာပဲ... မင်း ဒဏ်ရာ မရသင့်ပါဘူး"

ဟွမ်မင်းကွမ်း စိတ်လှုပ်ရှားသွားပြီး ထပ်ခါတလဲလဲ ကျေးဇူးတင်လေသည်။

အခြား အစစ်အမှန်အမွေခံများသည် နင်ချီကို ကြည့်ရင်း နင်ချီ၏ ကြင်နာမှုနှင့် မွန်မြတ်မှုကို ပိုမို ခံစားလာရသည်။ ချင်မင်ဟောက်နှင့် ဝမ်ယဲ့ တို့ ဘာကြောင့် သူ့နောက်လိုက် ဖြစ်နေရသလဲ ဆိုတာ အံ့သြစရာ မဟုတ်တော့ပေ။

အသစ်ရောက်လာသော (၃) ယောက်သည် ကျန်းချင်းရွှယ်နှင့် အခြားသူများလည်း နင်ချီနှင့် ရက်အနည်းငယ် နေပြီးနောက် နောက်လိုက် လုပ်ချင်စိတ်များ ပေါက်ဖွားနေသည်ကို မသိကြသေးပေ။

အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများ စုဝေးမိပြီးနောက်... နင်ချီ၏ ဦးဆောင်မှုအောက်တွင် သူတို့သည် ကြေးနီရောင် အုတ်ဂူများနှင့် ငွေရောင် အုတ်ဂူများစွာကို ဆက်တိုက် ဖွင့်လှစ်နိုင်ခဲ့ကြ၏။

ဝါးပင်များကို ခုတ်ထွင် ရှင်းလင်းသကဲ့သို့ မည်သည့် အတားအဆီးမျှ မရှိဘဲ ရှေ့ဆက် တက်လှမ်းနေကြ၏။

အခြားဂိုဏ်းမှ အစစ်အမှန်အမွေခံများသည် ကြေးနီရောင် အုတ်ဂူလေး တစ်ခု တွေ့လျှင်ပင် ထောင်ချောက်များကို သတိထားပြီး ဂရုတစိုက် ဝင်ရောက်ရသည်။

သူတို့မှာတော့ စီနီယာအစ်ကိုနင် ရှိသည်လေ

ရှေ့မှာ အန္တရာယ်တွေ ဘယ်လောက်ပဲ များပါစေ၊ ကျန်သည့် (၈) ယောက်အတွက် သေလမ်း ဖြစ်နေပါစေ...၊

စီနီယာအစ်ကိုနင် ရောက်လာတာနှင့် မိစ္ဆာဆိုးတွေ အကုန် ထွက်ပြေးရစမြဲပင်။

သူတို့အဖွဲ့သည် ကြီးမားသော အကျိုးအမြတ်များကို ရရှိခဲ့ကြ၏။ နင်ချီသည် "စည်းမျဉ်း ကျောက်မျက်" အလုံး (၅၀) တိတိ ရရှိခဲ့ပြီး၊ "ဝိညာဉ် ရတနာ" (၇၀) ကျော်ကို သိမ်းပိုက်နိုင်ခဲ့၏။

ထိုအထဲတွင် "မပြည့်စုံသော အလယ်အလတ်အဆင့် ဝိညာဉ် ရတနာ" (၁၁) ခု ပါဝင်သဖြင့်၊ (၉) ယောက်လုံး တစ်ခုစီ ယူပြီးလျှင်တောင် ပိုနေသေးသည်။ "ပြီးပြည့်စုံသော အလယ်အလတ်အဆင့် ဝိညာဉ် ရတနာ" (၃) ခုလည်း ပါဝင်သည်။

ကျန်တာတွေကတော့ အဆင့်နိမ့် ဝိညာဉ် ရတနာတွေ ဖြစ်သည်။

အဆင့်နိမ့် မှော်ရတနာတွေ ဆိုလျှင် (၂၀၀) ကျော်လောက် ရှိနေသည်။

ဆေးလုံးတွေ၊ ကျင့်စဉ်တွေ၊ ကောင်းကင်ဘုံ ရတနာတွေ ဆိုတာကတော့ ရေတွက်လို့တောင် မကုန်နိုင်တော့ပေ။

အစစ်အမှန်အမွေခံ အားလုံး၏ မျက်နှာပေါ်တွင် အပျော်ရိပ်များ အထင်းသား ပေါ်နေကြ၏။ သူတို့၏ နှလုံးသားများသည် ကြီးမားသော အကျိုးအမြတ်များကြောင့် ခုန်ပေါက်နေသကဲ့သို့ ခံစားနေရသည်။

ယခင်က လျှို့ဝှက်နယ်မြေ ပွင့်ချိန်တိုင်း အကန့်အသတ်မဲ့ ဓားဂိုဏ်း သမိုင်းတစ်လျှောက် အများဆုံး ရရှိခဲ့ဖူးသည်မှာ ပြီးပြည့်စုံသော အလယ်အလတ်အဆင့် (၁) ခု၊ မပြည့်စုံသော (၂) ခု နှင့် စည်းမျဉ်း ကျောက်မျက် (၁၀) လုံးလောက်သာ ဖြစ်သည်။

သို့ရာတွင်၊ ယခုတော့... စီနီယာအစ်ကိုနင် နောက်လိုက်ပြီး လျှို့ဝှက်နယ်မြေ မပိတ်ခင် အချိန်အများကြီး လိုသေးသော အချိန်မှာတင် ဒီလောက် များပြားသည့် ရတနာတွေ ရရှိထားပြီ။

ဂိုဏ်းကို ပြန်ရောက်သည့် အချိန်ကျလျှင် ဂိုဏ်းချုပ်နှင့် အကြီးအကဲတွေ ဘယ်လောက်တောင် အံ့သြသွားကြမလဲ ဆိုတာ တွေးကြည့်ရင်း စိတ်ကူးယဉ်နေမိကြ၏။

"ဂိုဏ်းတော်ကြီး စည်ပင် ဝပြောတော့မယ်" ဟု သက်ပြင်းချမိကြလိမ့်မည်။

နင်ချီ ကိုယ်တိုင်လည်း စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ပေ။

"နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ" သည် တကယ့်ကို နေရာကောင်း တစ်ခုပါပင်။ မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေ တစ်ခုလုံးမှာ ဒီလောက် အကျိုးအမြတ် များသော နေရာမျိုး ရှာတွေ့နိုင်မှာ မဟုတ်ပေ။

နင်ချီသည် လူအုပ်ကို ဦးဆောင်ပြီး ဆက်လက် ရှာဖွေ ထွက်ခွာခဲ့၏။

ရတနာတောင်ကြီးထဲ ရောက်နေမှတော့ အကုန်လုံး သိမ်းယူသွားမှ ခရီးစဉ်နှင့် တန်မည် မဟုတ်ပါလော။

...

လျှို့ဝှက်နယ်မြေ၏ တစ်နေရာတွင်...

ဖူချန်သည် ရှေးဟောင်း "သံလိုက်အိမ်မြှောင် မှော်ပစ္စည်း" တစ်ခုကို လက်ထဲတွင် ကိုင်ဆောင်ထားလေသည်။

အခြားသူများနှင့် မတူဘဲ သူသည် အုတ်ဂူ တစ်ခုချင်းစီကို လွယ်ကူစွာ ရှာဖွေ တွေ့ရှိနိုင်သည်။

အလင်းရောင် မထွက်နေလျှင်တောင်မှ ဖူချန်သည် အုတ်ဂူ ရှိနေကြောင်းကို အာရုံခံနိုင်သည်။

သူ့တွင် ရှင်းလင်း ပြတ်သားသော "ရတနာ မြေပုံ" တစ်ချပ် ရှိနေသကဲ့သို့၊ အခြားသူများထက် ခြေတစ်လှမ်း ဦးပြီး အမြဲတမ်း ရောက်ရှိနေလေ့ ရှိသည်။

အုတ်ဂူထဲက စက်ယန္တရားတွေ၊ ထောင်ချောက်တွေနှင့် အုတ်ဂူစောင့် မိစ္ဆာတွေသာ နှောင့်နှေးအောင် မလုပ်ခဲ့လျှင်... လျှို့ဝှက်နယ်မြေထဲမှာ အကျိုးအမြတ် အများဆုံး ရရှိသူ ဖြစ်နေလောက်ပြီဟု ဖူချန်.. သူ့ကိုယ်သူ ယုံကြည်နေသည်။

ယခုအချိန်ထိ သူသည် အလယ်အလတ်အဆင့် ဝိညာဉ် ရတနာ (၁) ခု၊ မပြည့်စုံသော အလယ်အလတ်အဆင့် (၂) ခု၊ အဆင့်နိမ့် (၅) ခု နှင့် စည်းမျဉ်း ကျောက်မျက် (၉) လုံး ရရှိထားသည်။

မတတ်နိုင်ဘူးလေ...။ သူ့ဘေးမှာ "ပေါင်းစည်းခြင်း နယ်ပယ်" ဘိုးဘေးကြီး တစ်ပါးရဲ့ မူလဝိညာဉ် ပါလာသည်ကိုး။

နောက်ထပ် ကြေးနီရောင် အုတ်ဂူ တစ်ခုကို ဖောက်ထွင်းပြီးနောက်၊ ဖူချန်သည် အပြင်သို့ ပြန်ထွက်လာခဲ့၏။ လမ်းခရီးတွင် တွေ့ရသော တစ်သီးပုဂ္ဂလ ကျင့်ကြံသူများထံမှ သတင်းများ အစ်အောက်ကြည့်လိုက်၏။

All Chapters