၁၀ ကြိမ်ဆက်တိုက် ကံစမ်းမဲနှိုက်ခြင်း
Vol. 9 Ch. 81
အဆင့်မြင့်ပစ္စည်းများအပြင် အမှတ်ပေါင်း ၁.၁ သန်းကျော် တန်ကြေးရှိသော အဆင့်မြင့်ဝိညာဉ်ကျောက်တုံး သန်း ၁၀၀ ကျော်လည်းရှိနေသည်...
ထို့အပြင် အမှတ်ပေါင်း ၆၂၆,၅၀၀ တန်သည့် အဆင့် ၆ ဝိညာဉ်ဆေးရည် ပုလင်းပေါင်း ၆,၂၆၅ ပုလင်းလည်းရှိ၏...
ထိုဆေးရည်များနှင့် ဝိညာဉ်ကျောက်တုံးများထဲမှ အမှတ် ၁ သန်းဖိုးကို ထပ်မံလဲလှယ်လိုက်ပြီး ကျန်သည်များကို အရန်အဖြစ်ထားလိုက်သည်...
ပွင့်ပွင့်လင်းလင်းပြောရလျှင် ကျန်နေသော အမှတ် ၇၂၀,၀၀၀ တန်ဖိုးရှိ ဝိညာဉ်ကျောက်တုံးများနှင့် ဆေးရည်များသည် ဖေးရှန်ဂိုဏ်းတပည့်အားလုံးအတွက် ရွှမ်ကျီရုပ်ပုံအတွင်း နှစ်ပေါင်းထောင်ချီ၍ကျင့်ကြံရန် လုံလောက်၏...
မည်သို့ပင်ဖြစ်စေ သူတို့၏ကျင့်ကြံမှုအဆင့်များ နိမ့်နေသေးသဖြင့် အဆင့်မြင့်ကျင့်ကြံသူများလောက် အသုံးမများကြပေ... ခက်သည်မှာ ရွှမ်ကျီရုပ်ပုံသည် တစ်ကြိမ်လျှင် လူ ၃ ဦးသာ လက်ခံနိုင်ခြင်းပင်...
အဆင့် ၇ ဝိညာဉ်ဆေးရည် ၁၂၇ ပုလင်းမှာမူ ကျိလင်းဟန်နှင့် အခြားသူများအတွက် ကောင်းကင်ကံကြမ္မာအဆင့်သို့ တက်လှမ်းရန်ပင် လုံလောက်သည်ထက်ပိုနေလေပြီ...
နောက်ဆုံးတွင် သူသည် ကျန်သော ဝိညာဉ်အဆောင်များ၊ အစီအရင်ပြားများ၊ အဆင့်နိမ့် ဝိညာဉ်လက်နက်များနှင့် ကုန်ကြမ်းပစ္စည်းအားလုံးကို လဲလှယ်ရန် ရွေးချယ်လိုက်သည်... နောက်ထပ် မှတ် ၁.၄၅ သန်း ရရှိ၏...
ဤပါယွန်းခန်းမခရီးစဉ်မှာ အလွန်အကျိုးအမြတ်များလှသည်...
ယခင်က ရှိပြီးသား အမှတ် ၆၀၀,၀၀၀ နှင့် ပေါင်းလိုက်လျှင် လက်ရှိ သူ၏အမှတ်စုစုပေါင်းမှာ ၄.၂၈ သန်းသို့ ရောက်ရှိသွားလေပြီ... ၎င်းမှာ အဆင့်မြှင့်တင်ရန်လိုအပ်သော အမှတ် ၁ သန်းထက် များစွာကျော်လွန်နေရာ...
ဖေးယွန်းပြည်နယ်၏ အရှင်သခင်ဖြစ်သော ပါယွန်းခန်းမ၏ ပစ္စည်းသိုလှောင်မှုမှာ အခြားဂိုဏ်းအားလုံးပေါင်းသည်ထက် သေချာပေါက်ပိုများမည်ဟု အစ်ကိုကြီးချန် သိထားသော်လည်း ဤမျှအထိများပြားလိမ့်မည်ဟု မထင်ထားမိပေ...
ဤဂိုဏ်းမှာ အမှန်တကယ် ချမ်းသာကြွယ်ဝလွန်းလှသည်... သူတို့၏နယ်မြေအတွင်းရှိ အခြားဂိုဏ်းများကို စိတ်မဝင်စားသည်မှာ မဆန်းတော့ပေ...
ချီရီဂိုဏ်း၊ တွမ့်မူမျိုးနွယ်စုနှင့် အခြားအဖွဲ့အစည်းများသည် သူတို့မျက်စိထဲတွင် သူဖုန်းစားများကဲ့သို့ ဖြစ်နေပေလိမ့်မည်...
အစ်ကိုကြီးချန်သည် အဆင့်မြှင့်တင်ရန်ခလုတ်ကို ပြတ်ပြတ်သားသားနှိပ်လိုက်ရာ စနစ်စာမျက်နှာမှာ ပြောင်းလဲသွားတော့သည်...
အဆင့်- ၅
အမှတ်- ၀ / ၁၀,၀၀၀,၀၀၀
လက်ရှိသုံးနိုင်သောအမှတ်- ၃,၂၈၇,၅၇၃
လက်ရှိစွမ်းရည်- လက်ခံသူသည် အမှတ်များကိုသုံး၍ မည်သည့်ပုံစံမဆို ပြောင်းလဲနိုင်သည်၊ ပြန်လည်အသုံးပြုနိုင်သည့်ကြာချိန် ၃ ရက်... (မှတ်ချက်- ပစ်မှတ်မှာ ကိုယ်တိုင်မြင်ဖူးသူဖြစ်ရမည်... ရုပ်သွင်ပြောင်းလဲခြင်းသည် ပစ်မှတ်၏အစွမ်းမှလွဲ၍ ကျန်သောလက္ခဏာရပ်အားလုံးကို အပြည့်အဝ ပုံတူကူးယူနိုင်သည်...)
နောက်ထပ်စွမ်းရည်- လက်ခံသူသည် အမှတ်များကိုသုံး၍ ပစ်မှတ်၏ ပါရမီအရည်အသွေးကို တစ်ဆင့်မြှင့်တင်ပေးနိုင်သည်၊ ပြန်လည်အသုံးပြုနိုင်သည့်ကြာချိန် ၁ ရက်... (မှတ်ချက်- ပစ်မှတ်၏ ပါရမီအရည်အသွေး ပိုမြင့်လေ၊ ကုန်ကျမည့်အမှတ် ပိုများလေ)
ဒါက... အခြားသူတွေရဲ့ ပါရမီအရည်အသွေးကို မြှင့်တင်ပေးတာက ငါ့အတွက်ဘာအကျိုးရှိမှာလဲ...
သို့သော် အစ်ကိုကြီးချန်မှာ ချက်ချင်းပင် ပြန်လည်ရယ်မောလိုက်သည်... သူအမြင်ကျဉ်းသွား၏...
သူ၏တပည့်များ ပါရမီအရည်အသွေး ပိုမြင့်လေ၊ စနစ်၏ မျက်စိထဲတွင် သူတို့က ပို၍တန်ဖိုးရှိလေဖြစ်သည်...
နောင်တွင် သူတို့၏ကျင့်ကြံမှုအရှိန် အဆမတန်တိုးလာမည့်အပြင် သူတို့အဆင့်တက်တိုင်း ရရှိမည့်အမှတ်များမှာလည်း အဆပေါင်းများစွာ တိုးလာပေလိမ့်မည်...
အကယ်၍ သူတို့အားလုံး၏ ပါရမီအရည်အသွေးကို ကျိလင်းဟန်နှင့် လင်းနင်တို့အဆင့်အထိ မြှင့်တင်ပေးလိုက်လျှင် နောင်တွင် ဝိညာဉ်အခြေတည်အဆင့်နှင့် ကောင်းကင်ကံကြမ္မာအဆင့်များသို့ ရောက်သောအခါ အမှတ်ပေါင်း သောင်းချီ၊ သိန်းချီ၍ ပြန်ရပေလိမ့်မည်... ၎င်းသည် အမှတ်ပိုရှာပေးနိုင်မည့် နတ်ဘုရားစွမ်းရည်ပင်...
၎င်းမှာ ယခင်ကရှိခဲ့သော အဆင့်ကြီးတစ်ဆင့် တိုက်ရိုက်မြှင့်တင်ပေးသည့် စွမ်းရည်ထက် ပို၍ အသုံးဝင်သည်...
အဆင့်ကြီးတစ်ဆင့်ကို မြှင့်တင်ပေးခြင်းမှာ ကြွားလုံးထုတ်ဖို့ကလွဲ၍မရှိ... ပါရမီအရည်အသွေးကို မြှင့်တင်ပေးခြင်းမှာမူ ကြွားလုံးထုတ်နိုင်ရုံသာမက လက်တွေ့အကျိုးအမြတ်များကိုလည်း ရရှိနိုင်သည်...
လော့ယွမ်၊ ရှန်ထိုက် နှင့် အခြားသူများကို စဉ်းစားကြည့်လျှင် သူတို့သည် သူ့နောက်သို့ အစောဆုံးလိုက်ပါလာပြီး သစ္စာရှိကြသော်လည်း သူတို့၏ အနည်းငယ်နိမ့်သော ပါရမီအရည်အသွေးကြောင့် ကျင့်ကြံခြင်းခရီးလမ်းတွင် နောက်ကျကျန်ရစ်ခဲ့ရတော့မည်...
အစ်ကိုကြီးချန်သည် ဤလူဟောင်းများကို ဂရုစိုက်ရန်လိုအပ်သည်ဟု ခံစားလိုက်ရသည်...
သူသည် ကျန်နေသော အမှတ် ၃ သန်းကို ကံစမ်းမဲနှိုက်ရန် သုံးပစ်ချင်သော်လည်း စိတ်ပြောင်းသွား၏...
စုဆောင်းထားပြီး အမြန်ဆုံးနောက်တစ်ဆင့်တက်ခြင်းက ပိုကောင်းသည်...
ဤတစ်ကြိမ်တွင်မူ ဂုဏ်ပြုသောအားဖြင့် အမှတ် ၁ သန်းသုံးကာ အဆင့် ၃ ကံစမ်းမဲ ၁၀ ကြိမ်သာ နှိုက်တော့မည်...
ငါ့ကို အဆင့် ၃ စွမ်းရည်တစ်ခုလောက် ပေးစမ်းပါ...
ခဏတာဆုတောင်းပြီးနောက် အစ်ကိုကြီးချန်သည် ကံစမ်းမဲစာမျက်နှာကိုဖွင့်ကာ ချက်ချင်းပင် ၁၀ ကြိမ် နှိပ်လိုက်သည်...
"ထိုက်ရှဝိညာဉ်ရတနာဆေးလုံးတစ်လုံး ရရှိသည့်အတွက်ဂုဏ်ယူပါသည်..."
"ထျန်းယွမ်သူတော်စင်ကိုးပါးရတနာဆေးလုံးတစ်လုံး ရရှိသည့်အတွက်ဂုဏ်ယူပါသည်..."
"လက်ခံသူ၏ကံကောင်းမှုကြောင့် ရတနာလက်နက် မိုးပြာသူတော်စင်ဓား ရရှိသည့်အတွက်ဂုဏ်ယူပါသည်..."
"ခရမ်းရောင်မီးတောက်ဝါးတစ်ပင် ရရှိသည့်အတွက်ဂုဏ်ယူပါသည်..."
"ရွှမ်ကျီရုပ်ပုံစာမျက်နှာတစ်ခု ရရှိသည့်အတွက်ဂုဏ်ယူပါသည်..."
"လက်ခံသူ၏ကံကောင်းမှုကြောင့် တာအိုကောင်းကင်အင်မော်တယ်စည်းချက်တစ်ခု ရရှိသည့်အတွက်ဂုဏ်ယူပါသည်..."
"သက်တန့်ရောင်ဝိညာဉ်ကျောက်စိမ်းတစ်ခု ရရှိသည့်အတွက်ဂုဏ်ယူပါသည်..."
"အဆင့် ၃ လက်နက်သွန်းလုပ်ခြင်းအတတ် ရရှိသည့်အတွက်ဂုဏ်ယူပါသည်..."
"ပုလဲနီနှင်းဆီမြက် ၃ ပင် ရရှိသည့်အတွက်ဂုဏ်ယူပါသည်..."
"နှင်းပိုက်ကွန်အေးခဲခြင်းအဆောင်တစ်ခု ရရှိသည့်အတွက်ဂုဏ်ယူပါသည်..."
၁၀ ကြိမ်ဆက်တိုက် နှိုက်ပြီးနောက် အစ်ကိုကြီးချန်သည် ရရှိခဲ့သည်များကို သေချာစစ်ဆေးကြည့်လိုက်သည်...
ဤတစ်ကြိမ်တွင် သူသည် တတိယအဆင့်စွမ်းရည်ကို မရရှိခဲ့သော်လည်း ကျန်သောအရာများမှာ မဆိုးလှပေ...
အဆင့် ၃ လက်နက်သွန်းလုပ်ခြင်းအတတ်နှင့်အတူ သူသည် ရတနာလက်နက်များကိုပါ သွန်းလုပ်နိုင်သော လက်နက်သွန်းလုပ်ခြင်း မဟာဆရာကြီးတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်သည်...
ရွှမ်ကျီရုပ်ပုံ၏ နောက်ထပ်စာမျက်နှာတစ်ခုကို ရရှိခဲ့ရာ ၎င်းကို ယခင်တစ်ခုနှင့် ပေါင်းစပ်လိုက်ပါက ပို၍စွမ်းအားကြီးမားလာပေလိမ့်မည်...
ရတနာဆေးလုံးနှစ်လုံးအနက် တစ်လုံးက နတ်ဘုရားဝိညာဉ်နယ်ပယ်ကို နှစ်ပေါင်း ၆၀၀ တိုးမြှင့်ပေးပြီး အခြားတစ်လုံးက ဝိညာဉ်စွမ်းအား ကျင့်ကြံမှုကို နှစ်ပေါင်း ၈၀၀ တိုးမြှင့်ပေးနိုင်သည်...
ကျင့်ကြံသူများသည်အဆင့်တစ်ခုသို့ ရောက်သောအခါ နတ်ဘုရားဝိညာဉ်နှင့် ဝိညာဉ်စွမ်းအားတို့ တစ်ခုနှင့်တစ်ခု အားဖြည့်ပေးရန်လိုအပ်သည်...
အကယ်၍ ဝိညာဉ်စွမ်းအားတိုးရန်အတွက်သာ စွမ်းအင်များကိုစုပ်ယူနေပြီး နတ်ဘုရားဝိညာဉ်က နောက်ကျကျန်နေခဲ့လျှင် အခြေခံမခိုင်မာဘဲဖြစ်တတ်ပြီး ဆိုးရွားပါက ကျင့်ကြံမှုများ လုံးဝပျက်စီးသွားနိုင်၏...
ဝိညာဉ်စွမ်းအားမပါဘဲ နတ်ဘုရားဝိညာဉ်သာရှိနေပြန်လျှင်လည်း အမြစ်မရှိသောသစ်ပင်ကဲ့သို့ဖြစ်နေပြီး အသက်ရှည်ရန်ပင် အာမခံချက်မရှိ...
သူသည် ဘာမှမစဉ်းစားဘဲ ဆေးလုံးအားလုံးကို မျိုချလိုက်၏... ထို့ကြောင့် နောက်တစ်ခဏတွင် သူ၏ကျင့်ကြံမှုမှာ ကောင်းကင်ကံကြမ္မာအဆင့် ၄ သို့ ရောက်ရှိသွားသည်...
၎င်းသည် ကျန်းချန်ကို အနည်းငယ်စိတ်ပျက်သွားစေသည်...
ဒါတွေက ရတနာဆေးလုံးတွေလေ... အဆင့်သေး ၂ ဆင့်ပဲ တက်တာလား... ငါ့အတွက် တကယ်ကို ခက်ခဲလွန်းတယ်...
ကောင်းကင်ကံကြမ္မာအဆင့်သို့ ရောက်သောအခါ ကျင့်ကြံသူများ၏သက်တမ်းကို နှစ်ပေါင်းထောင်ချီ၍ တွက်ချက်ကြသည်...
လူဘယ်နှစ်ယောက်များ သူတို့၏ ပါရမီနှင့် အရည်အသွေး အကန့်အသတ်ကြောင့် ကောင်းကင်ကံကြမ္မာအဆင့် ၁ မှာတင် တစ်သက်လုံးပိတ်မိနေကြပါသနည်း...
ကောင်းကင်ဘုံ ဖျက်စီးခြင်းရဲ့ မဖျက်စီးနိုင်သော ခန္ဓာကိုယ်နှင့် တောက်ပသောနတ်ဘုရားနန်းတော်တို့၏ နှစ်ထပ်ကောင်းချီးများသာမရှိပါက ဆေးလုံးများသောက်ပြီးနောက် ဤမျှ ချောမွေ့စွာ အဆင့်တက်နိုင်မည်မဟုတ်ပေ...
ခရမ်းရောင်မီးတောက်ဝါး၊ သက်တန့်ရောင်ဝိညာဉ်ကျောက်စိမ်းနှင့် ပုလဲနီနှင်းဆီမြက်တို့မှာ ရတနာဆေးလုံးများနှင့် ရတနာလက်နက်များ သွန်းလုပ်ရာတွင် အသုံးပြုရသည့် သဘာဝရတနာများဖြစ်သည်...
အကယ်၍ စနစ်ကံစမ်းမဲကြောင့်သာမဟုတ်ပါက ၎င်းတို့ကိုဝယ်ယူရန် ဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာ ကုန်ကျပေလိမ့်မည်...
ထို့အပြင် ၎င်းတို့မှာ ချန်ရှင်းအင်ပါယာ နယ်မြေအတွင်း၌ ရှိ၊ မရှိ ဆိုသည်မှာလည်း မေးခွန်းထုတ်စရာပင်...
ထိုနှင်းပိုက်ကွန်အေးခဲခြင်းအဆောင်မှာ အဆင့် ၉ ဝိညာဉ်အဆောင်ထက် အဆင့်မြင့်သော ရတနာအဆောင်လက်ဖွဲ့တစ်ခုဖြစ်ပြီး ၎င်း၏စွမ်းအားမှာ ပြောနေစရာပင်မလိုတော့ဘဲ လူသတ်လက်နက်ကြီးတစ်ခုပင်...
ဝမ်းနည်းစရာမှာ ၎င်းက အနည်းငယ်နောက်ကျပြီးမှ ထွက်လာခြင်းပင်...
အကယ်၍ ကျန်းချန်သာ ဤအရာကို ပါယွန်းခန်းမသို့ မလာမီကတည်းက ရရှိခဲ့လျှင် မကြာမီက အခမ်းအနားမှာ အမှန်တကယ် သက်ဝင်လှုပ်ရှားသွားပေလိမ့်မည်...
ပြန်လည်ရှင်သန်ခြင်းမှရသော နဂါးသွေးကိုမသုံးဘဲနှင့် ဤအဆောင်လက်ဖွဲ့တစ်ခုတည်းကတင် ပါယွန်းခန်းမကို ကောင်းကင်ယံထက်သို့လွှင့်ပစ်လိုက်နိုင်သည် မဟုတ်ပါလား...
မိုးပြာသူတော်စင်ဓားမှာ အဆင့် ၉ ဝိညာဉ်လက်နက်ထက်မြင့်မားသော ရတနာလက်နက်တစ်ခုဖြစ်သည်...
ဓားသွားတလျှောက် မိုးပြာရောင် ဝိညာဉ်အလင်းတန်းများဝန်းရံနေပြီး သတ်ဖြတ်လိုသောအရှိန်အဝါများ ကိန်းအောင်းနေရာ ကြည့်ရုံနှင့်ပင် သာမန်အရာမဟုတ်ကြောင်း သိသာလှသည်...
ဓားကိုယ်ထည်ပေါ်တွင် ရတနာအစီအရင်နှစ်ခုရေးထိုးထားသည်၊ ၎င်းတို့မှာ ဓားအလင်းတန်း စွမ်းအားကို ၃ ဆ မြှင့်တင်ပေးခြင်းနှင့် လေဓားသိုင်းစွမ်းအားကို ၂ ဆ မြှင့်တင်ပေးခြင်းတို့ဖြစ်သည်... ရိုးရှင်းပြီးထိရောက်၏...
ထို့အပြင် ဓား၏ အမြန်နှုန်း၊ ထက်မြက်မှုနှင့် ကြံ့ခိုင်မှုတို့ကို ဘက်စုံမြှင့်တင်ပေးသော အဆင့် ၉ ဝိညာဉ်အစီအရင်သုံးခုလည်း ပါဝင်သေးသည်...
၎င်းကို အပြည့်အဝမထုတ်ဖော်ရသေးသော်လည်း ဓားကိုဆင့်ခေါ်၍ နှစ်ချက်လောက် တိုက်ခိုက်ကြည့်လိုက်ရုံနှင့်ပင် ရှန်းပါးနှင့်တိုက်ခိုက်စဉ်ကထက် အဆပေါင်းများစွာ သာလွန်နေပြီဖြစ်သည်...
အကယ်၍ အပြည့်အဝထုတ်ဖော်နိုင်ပါက ၎င်း၏စွမ်းအားမှာ တိုက်ပွဲဝိညာဉ် ဝင်ရောက်ပူးကပ်စဉ်က စွမ်းအားနီးပါးရှိလာနိုင်ပြီး တာအိုနန်းတော်အဆင့်သို့ နီးကပ်သွားပေလိမ့်မည်...
ရတနာလက်နက်ဆိုသည်မှာ တစ်ကြိမ်သုံးပစ္စည်းမဟုတ်သဖြင့် စနစ်ကကံကောင်းမှုကြီးဟု သတိပေးခဲ့ခြင်းဖြစ်သည်...
၎င်းကို လက်ထဲတွင်ကိုင်၍ ခဏတာ ကစားကြည့်ပြီးနောက် အစ်ကိုကြီးချန်မှာ အနည်းငယ်ဝေခွဲမရဖြစ်နေသည်...
သူသည် ဓားအသုံးပြုသူဖြစ်ရာ ဤဓားမှာ အလွန်စွမ်းအားကြီးရုံသာမက အလွန်ခန့်ညားလှသဖြင့် သူ၏ရုပ်ရည်ကိုလည်း ပိုမိုတင့်တယ်စေသည်... တပည့်တွေကိုပေးလိုက်ဖို့ တကယ်ပင် တွန့်ဆုတ်နေမိသည်...
သို့သော် ဤဓားကို အမြဲဆောင်ထားမည်ဆိုပါက နောင်တွင် တာအိုနန်းတော်အဆင့်နှင့် မတွေ့သရွေ့ သူ သေလိမ့်မည်မဟုတ်...
သူမသေပါက စနစ်၏ အရှုံးမရှိ ပြန်လည်တိုက်ခိုက်ခြင်း အစီအစဉ်များကို အသက်သွင်းနိုင်မည် မဟုတ်ပေ...
စနစ်ကပေးသော အစီအစဉ်များသည် တစ်ကြိမ်သုံးတိုက်ကွက်များ ဖြစ်လေ့ရှိသော်လည်း တစ်ခါတစ်ရံတွင် နဂါးသွေးကဲ့သို့ အမြဲတမ်းတိုးတက်မှုများအတွက် ဆုလာဘ်များလည်း ရှိတတ်သည်...
အကယ်၍ သူတစ်ကြိမ်မျှမသေခဲ့ပါက ထိုသို့သောရှေးဟောင်းရတနာမျိုးကို ရရှိနိုင်မည်မဟုတ်...
ထို့ကြောင့် အသတ်ခံရခြင်းရန် အလွန်အရေးကြီး၏... သေချာစဉ်းစားပြီးနောက် နှစ်ဦးနှစ်ဖက်အဆင်ပြေမည့်အစီအစဉ်တစ်ခုကို ရရှိသွားသည်...
နောင်တွင် သူဖေးရှန်ဂိုဏ်းတွင် ရှိနေချိန်၌ ဤဓားမှာ သူ၏ကြွားလုံးထုတ်ရာဓားဖြစ်ပြီး ရန်သူများကို တိုက်ခိုက်ရန်အတွက်လည်း အသုံးပြုနိုင်မည်ဖြစ်သည်...
အပြင်ထွက်သည့်အခါမျိုးတွင် ၎င်းကို တမင်တကာ မေ့ထားလိုက်ရုံသာ...