← Chapters

အံ့အားသင့်သွားသော မျက်စိသုံးလုံးကျား

Vol. 9 Ch. 83

အံ့အားသင့်သွားသော မျက်စိသုံးလုံးကျား

Vol. 9 Ch. 83

သူ၏ပြောင်မြောက်သော အောင်မြင်မှုများကို ထုတ်မပြောဘဲ ထိန်းချုပ်ထားသော်လည်း အခြားသော ကဏ္ဍများတွင်မူ ကြွားလုံးထုတ်နိုင်သေးသည်...

မျှော်လင့်ထားသည့်အတိုင်းပင် အစ်ကိုကြီးချန်သည် သူ၏မငြိမ်မသက်ဖြစ်နေသောစိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ ဓာတ်ကြီးငါးပါးသိုင်းတာအိုကို ထပ်မံသရုပ်ပြလိုက်ပြန်သည်...

၎င်းမှာ ထိချက်ပြင်းလှပြီး ပရိသတ်တစ်ရပ်လုံးကို မှင်တက်သွားစေသည်...

ဝိညာဉ်စွမ်းအားကိုအသုံးပြု၍ မီးကြာပန်းများ၊ ရေခဲကြာပန်းများနှင့် ရေစီးကြောင်းများ ဖန်တီးခြင်းမှာ ဝိညာဉ်ခွဲထုတ်ခြင်းနယ်ပယ်ရှိသူများပင် ပြုလုပ်နိုင်သောအရာဖြစ်၏...

၎င်းမှာ တိကျစွာထိန်းချုပ်နိုင်မှုနှင့် စွမ်းအားကွာခြားမှုအပေါ်တွင်သာ မူတည်သည်... သို့သော် ကျန်းချန်မှာမူ ဓာတ်ကြီးငါးပါးကြားတွင် လွတ်လပ်စွာကူးပြောင်းနေပြီဖြစ်ရာ ၎င်းမှာ လုံးဝကို အံ့ဩဖွယ်ရာဖြစ်ပြီး သူတို့တစ်ခါမျှ မကြားဖူးသောအရာပင်...

တပည့်များ၏ မျက်စိထဲတွင်မူ ၎င်းသည် နတ်ဘုရားအတတ်တစ်မျိုးမျိုး ဖြစ်ပေမည်... ခဏအတွင်းမှာပင် ပရိသတ်တစ်ရပ်လုံးမှာ အံ့ဩချီးမွမ်းသံများဖြင့် ပြည့်နှက်သွားတော့သည်...

သူတို့ကို ထားဦးတော့... မျက်စိသုံးလုံးကျားပင် ခန်းမထဲ ရုတ်တရက်ပေါ်လာ၏... ၎င်း၏ မျက်လုံးများမှာ အစွန်းကုန်ပြူးကျယ်သွားပြီး မယုံကြည်နိုင်ဖြစ်နေသည်...

"ကောင်လေး... မင်း ဒါကိုဘယ်လိုလုပ်လိုက်တာလဲ..."

တပည့်များမှာဝေခွဲမရဖြစ်နေပြီး နက်နဲမှုကို များစွာမမြင်နိုင်သော်လည်း ၎င်းအတွက်ကျ မတူပေ... အပျင်းထူနေသောမိစ္ဆာဘုရင်တစ်ပါးဖြစ်သော်လည်း သူတော်စင်အဆင့်တည်ရှိမှုတစ်ခုဖြစ်နေဆဲပင်...

ဤအရာမှာ နတ်ဘုရားအတတ်မဟုတ်ဘဲ သိုင်းတာအိုသာဖြစ်ကြောင်း ရှင်းလင်းစွာ ခံစားသိရှိနိုင်သည်...

ခက်သည်မှာ သိုင်းတာအိုအဆင့်က မြင့်လွန်းနေခြင်းပင်...

ကောင်းကင်ကံကြမ္မာအဆင့်၏ သာမန် ဘုရင်အဆင့်ကို ကျော်လွန်ရုံသာမက သူတော်စင်အဆင့်ကိုပင် ကျော်လွန်နေခြင်းဖြစ်၏..

.

"ဒီလိုပဲ လုပ်လိုက်တာလေ... ငါ့မှာ ဒီလိုအစွမ်းမျိုး အမြဲတမ်းရှိနေတာ သိသားနဲ့..."

ကျန်းချန်သည် အရေးမပါသောအရာတစ်ခုကို ပြုလုပ်ခဲ့သကဲ့သို့အမူအရာဖြင့် သူ၏လက်များကို ဖြန့်ပြလိုက်သည်...

"မင်းဖင်ကြီး သိတာလား"

"မင်းရဲ့ ဒီလောက် အစွမ်းအစလေးနဲ့လား..."

မျက်စိသုံးလုံးကျားက ဆဲလေတော့သည်... ကျန်းချန်သည် လက်ရှိတွင် ကောင်းကင်ကံကြမ္မာအဆင့် ၄ တွင်ရှိနေကြောင်း တစ်ချက်ကြည့်ရုံနှင့်သိနိုင်သည်...

အကယ်၍ သာမန်ကောင်းကင်ကံကြမ္မာအဆင့် ၄ ကျင့်ကြံသူတစ်ဦးက ဤသို့လုပ်နိုင်မည်ဆိုပါက ၎င်း မိစ္ဆာဘုရင်ဘဝဖြင့်နေခဲ့ရသည်မှာ အချည်းနှီးပင်ဖြစ်ပေလိမ့်မည်...

စောစောကသရုပ်ပြမှုမှာ စွမ်းအားကြီးကြီးမားမားမပါရှိသဖြင့် တိုက်ပွဲတွင် များစွာအသုံးမဝင်နိုင်သော်လည်း ၎င်း၏နောက်ကွယ်မှ အဓိပ္ပာယ်ကိုမူ လျစ်လျူရှု၍မရပေ...

"ဟုတ်တယ်... ငါရဲ့အစွမ်းအစ‌လေးနဲ့ပဲ..."

ခန့်ညားထည်ဝါသောမိစ္ဆာဘုရင်ပင် အံ့အားသင့်သွားသည်ကို မြင်ရသောအခါ ကျန်းချန် အလွန်ပျော်ရွှင်သွားသည်... ဒါက မလွယ်ဘူးလေ...

"မင်းလို မိစ္ဆာတစ်ကောင်က ဒီဂိုဏ်းချုပ်ရဲ့အစွမ်းကို ဘယ်လိုလုပ်နားလည်နိုင်မှာလဲ..."

"ဒါက တစ်ခုခုလှည့်စားထားတာပဲ ဖြစ်ရမယ်... မင်းကိုယုံရင်ရူးလို့ပဲ"

မျက်စိသုံးလုံးကျားမှာ မာန်တင်းနေဆဲပင်... ၎င်းအနေဖြင့် ကျန်းချန်အား အသိအမှတ်ပြုရန် မဖြစ်နိုင်ပေ...

မျက်လှည့်တစ်ခုလား...

မဖြစ်နိုင်ပါ၊ သူ မျက်စိမကန်းသေးပေ... အထူးအစီအရင် သို့မဟုတ် အဆောင်တစ်ခုခုဖြင့် ပြုလုပ်ထားတာလား...

မဟုတ်ပါ၊ ထိုအရာများကလည်း သူ့ကိုမလှည့်စားနိုင်ပေ...

အမှန်အတိုင်းပြောရလျှင် သူအနည်းငယ် တုန်လှုပ်နေပြီဖြစ်သည်...

အစပိုင်းကတည်းက ကျန်းချန်ကို အထင်သေးခဲ့သော်လည်း ဖေးရှန်ဂိုဏ်းတွင်ရှိနေစဉ်အတွင်း သူ၏ သိမြင်နိုင်စွမ်းအကန့်အသတ်ကို ကျော်လွန်သောအရာများ ထပ်တလဲလဲဖြစ်ပျက်ခဲ့သည်...

ဥပမာအားဖြင့် ကျန်းချန်၏ အဓိပ္ပာယ်မရှိလောက်အောင် မြန်ဆန်သော အဆင့်တက်နှုန်းမျိုး... စတင်တွေ့ဆုံစဉ်က ကျန်းချန်မှာ ဝိညာဉ်ခွဲထုတ်ခြင်းနယ်ပယ်အဆင့် ၄ သာ ရှိသေးသော်လည်း ယခုအခါ ကောင်းကင်ကံကြမ္မာအဆင့် ၄ သို့ ရောက်နေလေပြီ...

ဥပမာအားဖြင့် တပည့်တစ်ဦးကို အဆင့်ကြီးတစ်ဆင့် အတင်းအဓမ္မ မြှင့်တင်ပေးနိုင်သော အထူးစွမ်းရည်မျိုး... ယင်ရွှယ်အာတစ်ယောက်တည်းဆိုလျှင် ထားပါဦးတော့၊ ရှန်ထိုက်ကိုပင် မြှင့်တင်ပေးနိုင်ခဲ့သည်... ၎င်းမှာ တိုက်ဆိုင်မှုဟု ရှင်းပြ၍ မရနိုင်တော့ပေ...

ပြီးတော့ ဒီနေ့လည်း... ဒီကောင်လေးက တကယ်ပဲ နတ်ဘုရားအတတ်တွေကို သိနေတာလား...

၎င်းမှာ အနည်းငယ် ဝေခွဲမရဖြစ်နေတော့သည်...

ကျားမိစ္ဆာထွက်ခွာသွားပြီးနောက် လူအုပ်ကြီးမှာ ဆွေးနွေးကြတော့သည်...

"ကျားမိစ္ဆာကြီးတောင် ဂိုဏ်းချုပ်ရဲ့ နတ်ဘုရားအတတ်ကို ထိုးဖောက်မမြင်နိုင်ဘူးလား..."

"ဂိုဏ်းချုပ်ရဲ့အဆင့်က သူ့ထက် အများကြီးပိုမြင့်နေပုံပဲ"

"ဒါက ငါတို့အစကတည်းကသိထားတဲ့အချက်ပဲ မဟုတ်လား... ဘာလို့ အံ့ဩနေတာလဲ..."

"ကျားလေးက ဂိုဏ်းချုပ်ကို အမြဲအကောင်းမပြောဘူး၊ ကြည့်ရတာ ဂိုဏ်းချုပ်က သူ့ထက် ပိုတော်နေတာကို မနာလိုဖြစ်နေတာထင်တယ်..."

"သူ မနာလိုဖြစ်လည်း အလကားပဲ၊ အချို့လူတွေက သူမော့ကြည့်နေရဖို့အတွက်ပဲ ကံပါလာတာလေ"

ဝေးကွာရာသို့ ပျံသန်းသွားပြီဖြစ်သော မျက်စိသုံးလုံးကျားမှာ ဤဆွေးနွေးမှုများကို မကြားချင်ဘဲ ကြားလိုက်ရသဖြင့် ဒေါသထွက်လွန်း၍ ကောင်းကင်ပေါ်မှပင် ပြုတ်ကျလုနီးပါး ဖြစ်သွားသည်...

အစ်ကိုကြီးချန်ပင်လျှင် ရှားရှားပါးပါး အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားသည်... ဒါကတော့ နည်းနည်း များသွားပြီ၊ အားလုံးက တကယ်ကို လွန်လွန်ကျူးကျူး မြှောက်ပင့်နေကြတာပဲ...

မျက်စိသုံးလုံးကျားဆိုတာ မိစ္ဆာဘုရင်လေ၊ သူ့ထက် အဆင့်ပေါင်းများစွာမြင့်တဲ့ တည်ရှိမှုကြီး... သို့သော်လည်း စိတ်ထဲတွင်မူ ခိုး၍ပျော်နေမိသည်...

"ဒါနဲ့ရှောင်ဟန်... ပြီးခဲ့တဲ့အကြိမ်က ရွှမ်ကျီရုပ်ပုံထဲမှာ တိုးတက်မှုအများကြီးရှိခဲ့တယ်၊ ဒါက ဆုချဖို့ထိုက်တန်တယ်..."

သူသည် ဤစကားကို စိတ်ရင်းဖြင့်ပြောလိုက်ခြင်းဖြစ်၏... လျင်မြန်စွာတိုးတက်လာသော ဂိုဏ်းသားများကို ဆုချခြင်းဖြင့် အခြားသူများကို ပိုမိုကြိုးစားလာစေရန် လှုံ့ဆော်နိုင်သည်...

အရည်အချင်းရှိသော ဂိုဏ်းတစ်ခုတွင် ဆုပေးဒဏ်ပေးစနစ်ရှိရမည် မဟုတ်ပါလား... အစ်ကိုကြီးချန်မှာ သူတို့ မြန်မြန်အဆင့်တက်ပြီး သူ့အတွက် အမှတ်များများရှာပေးနိုင်ရန် အလွန်မျှော်လင့်နေသည်...

ပြောပြီးနောက် သူ၏လက်စွပ်ထဲမှ အဆင့် ၈ ဝိညာဉ်ဓားတစ်လက်ကို ထုတ်ယူလိုက်သည်...

ဓားအိမ်စွပ်ထားသဖြင့် လူအုပ်ကြီးမှာ ထူးခြားမှုကိုမမြင်နိုင်သော်လည်း ဂိုဏ်းချုပ်ထုတ်ပေးသည့်အရာမှာ အနည်းဆုံး အဆင့် ၆ ရှိမည်ဟု သိထားကြသည်...

သူတို့ မနာလိုကုန်ကြသည်... ကံကောင်းထောက်မစွာဖြင့် လင်းနင်မှာ ရွှမ်ကျီရုပ်ပုံထဲတွင် ကျင့်ကြံနေဆဲဖြစ်သည်၊ သို့မဟုတ်ပါက သူမလည်း မနာလိုဖြစ်နေပေလိမ့်မည်...

ကျိလင်းဟန်သည် ဝိညာဉ်ဓားကိုကြည့်ရင်း သူမ၏နှလုံးသားမှာ သမင်ငယ်တစ်ကောင်ကဲ့သို့ ခုန်ပေါက်နေသည်... သူမ၏အာရုံမှာ ဝိညာဉ်ဓားပေါ်တွင်မဟုတ်ဘဲ ခေါ်ဝေါ်ပုံပေါ်တွင်သာ ရှိနေသည်...

ဂိုဏ်းချုပ်က သူမကို စောစောက ဘယ်လိုခေါ်လိုက်တာလဲ... ရှောင်ဟန်တဲ့လား...

ဤမျှရင်းနှီးသောခေါ်ဝေါ်မှု... ဒါက... ဤသို့တွေးမိသည်နှင့် သူမ၏ပါးပြင်လေးများ နီမြန်းသွားပြီး ရှက်သွေးဖြန်းနေသော သူမ၏အသွင်အပြင်ကြောင့် ကျန်းချန် မှင်တက်သွားရသည်...

ဘာဖြစ်တာလဲ... မိန်းကလေး... မင်းက ဓားတစ်လက်ကို ဒီလောက်တောင် စွဲလမ်းနေတာလား... ငါ့ရဲ့ခန့်ညားတဲ့မျက်နှာက ဒီဓားစုတ်လောက်တောင် ကြည့်မကောင်းလို့လား...

"ဟမ်း... ယူထားလိုက်..."

ပြောပြီးနောက် သူသည် အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်...

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်"

ကျိလင်းဟန်မှာ ဓားကို ပျော်ရွှင်စွာလက်ခံလိုက်ပြီး ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်...

ထို့နောက် အခြားတပည့်များ၏ မနာလိုသောအကြည့်များအောက်တွင် သူမသည် ဓားကို ဆွဲထုတ်လိုက်၏... ဝိညာဉ်စွမ်းအားများ စီးဝင်သွားသည်နှင့် ချက်ချင်းပင် အံ့အားသင့်သွားတော့သည်...

ဒီဓားက... နည်းနည်းတော့ ကြမ်းလွန်းနေပြီ... သူမ စိတ်ကူးထားတာထက် ပိုပြီး အစွမ်းထက်နေသည်...

သူမ ယခင်က အဆင့် ၅ ဝိညာဉ်ဓားကို အသုံးပြုခဲ့ဖူးသော်လည်း ဤဓားနှင့် ယှဉ်လျှင် ထိုဓားမှာ အမှိုက်ထဲက အမှိုက်သာ... ဒါက သေချာပေါက် အဆင့် ၆ ထက် ပိုမြင့်တယ်

"ဂိုဏ်း... ဂိုဏ်းချုပ်... ဒီဓားက..."

သူမ၏ အံ့ဩတုန်လှုပ်နေသော မျက်လုံးများကိုကြည့်ရင်း အစ်ကိုကြီးချန်၏ ဂုဏ်သိက္ခာမှာ နောက်တစ်ကြိမ် မြင့်တက်သွားပြန်သည်... သူသည် တမင်တကာ အရေးမပါသကဲ့သို့ ပြောလိုက်သည်...

"အော်... ဒါက အဆင့် ၈ ဝိညာဉ်ဓားလေးပါပဲ၊ ပြောပလောက်စရာ မရှိပါဘူး..."

ဘာ... ဘာ... ဘာလဲ... အဆင့် ၈ ဝိညာဉ်ဓား ဟုတ်လား...

ကျိလင်းဟန်မှာ တောင့်မခံနိုင်တော့ဘဲ တုန်သွားသည်... ထို့နောက် ချက်ချင်းပင် မကြုံစဖူးသော ကျေနပ်မှုနှင့် ချိုမြိန်သော ခံစားချက်တို့ ဝင်ရောက်လာ၏...

အခြားသူများကို အများဆုံး အဆင့် ၆ ဝိညာဉ်လက်နက်သာ ပေးနိုင်ချိန်တွင် သူမသည် ပထမဆုံး အဆင့် ၉ အပြာရောင်ကျောက်စိမ်းဝိညာဉ်ချပ်ဝတ်ကိုရရှိခဲ့ပြီး ယခုအခါ အဆင့် ၈ ဝိညာဉ်ဓားကို ရရှိပြန်သည်...

၎င်းသည် သိသိသာသာ မျက်နှာသာပေးခံရခြင်းပင်... သူမသည် သူ၏ နှလုံးသားထဲတွင် ပို၍အလေးသာကြောင်း ပြသနေသည် မဟုတ်ပါလား...

အခြားတပည့်များမှာ ရူးမတတ်ဖြစ်နေကြပြီဖြစ်ပြီး ခန်းမထဲတွင် အော်ဟစ်ငိုယိုသံများ ထွက်ပေါ်လာတော့သည်...

"ဘုရားရေ... အဆင့် ၈ တဲ့လား"

"မနာလိုလိုက်တာ... ငါတော့ ဒီဘဝကို ဆက်မရှင်သန်ချင်တော့ဘူး..."

"ဂိုဏ်းချုပ်မှာ ရတနာတွေ ဘယ်လောက်တောင် ရှိနေတာလဲ..."

"ပြီးခဲ့တဲ့အကြိမ်က ငါ့ကို အဆင့် ၄ ဝိညာဉ်လက်နက် ပေးတုန်းက ဒါက ဂိုဏ်းရဲ့ထိပ်တန်းပစ္စည်းလို့ ထင်ခဲ့တာ... အခုတော့ အဲဒီအတွေးတွေ အကုန်ပျက်စီးသွားပြီ..."

"ငါ မကျေနပ်ဘူး... ဂိုဏ်းချုပ်က စီနီယာကျိကို အလေးပေးလွန်းတယ်"

"မကျေနပ်လည်း အောင့်ထားရမှာပဲ၊ ဘယ်သူက စီနီယာကျိကို ဂိုဏ်းချုပ်နဲ့ အရင်ဆုံး ဆုံခွင့်ပေးခဲ့လို့လဲ..."

ဤတုံ့ပြန်မှုများကြောင့် အစ်ကိုကြီးချန် အလွန်ကျေနပ်သွားသည်... မနာလိုမှုနှင့် ဝန်တိုမှုမရှိဘဲ ကျင့်ကြံရန်တွန်းအားက ဘယ်ကရလာပါမည်နည်း...

"ကဲ... ကဲ... မနာလို မဖြစ်ကြနဲ့..."

"ငါ အခုလေးတင်ပြောပြီးပြီလေ... ဒါက ဆုလာဘ်လို့..."

"နောင်မှာ ဒီဂိုဏ်းချုပ်က ကျင့်ကြံမှု အမြန်ဆုံးတိုးတက်တဲ့ တပည့်တွေကို အချိန်မရွေး ဆုတွေထပ်ပေးသွားမှာ"

အခြားသော အဆင့် ၈ ဝိညာဉ်လက်နက် အနည်းငယ်နှင့် အဆင့် ၇ ဝိညာဉ်လက်နက် ဒါဇင်ပေါင်းများစွာကို ဝေပေးရန် စဉ်းစားထားသော်လည်း ယခုကြည့်ရသည်မှာ ၎င်းတို့ကို ဆုလာဘ်အဖြစ် အသုံးပြုခြင်းက ပိုကောင်းပေလိမ့်မည်...

ဤသတင်းကို ကြားရသောအခါ လူအုပ်ကြီးမှာ ဝမ်းသာအားရ ကြွေးကြော်ကြပြီး တက်ကြွသွားကြသည်...

သို့သော် တစ်စုံတစ်ယောက်က အားနည်းသောအသံဖြင့် ပြောလိုက်သည်...

"ဒါပေမဲ့ အားလုံးက ပါရမီအရည်အသွေးချင်း မတူကြဘူးလေ... ငါတို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ငါတို့ရဲ့ကျင့်ကြံမှုအရှိန်က စီနီယာကျိတို့၊ လင်းနင်တို့နဲ့ ဘယ်လိုမှမယှဉ်နိုင်ဘူး..."

ကျန်းချန်က လက်ဝှေ့ယမ်းလိုက်သည်...

"ကိစ္စမရှိဘူး... မင်းတို့ တစ်ယောက်ချင်းစီရဲ့ ပါရမီအရည်အသွေးအလိုက် ငါ စံနှုန်းတွေ သတ်မှတ်ပေးမယ်..."

"ကဲ... သွားကြတော့... သွားပြီး ကြိုးကြိုးစားစား ကျင့်ကြံကြ..."

ဤရွှမ်ကျီရုပ်ပုံနှင့် ပေါင်းစပ်ပြီးနောက်တွင် ဝင်ရောက်နိုင်သော နေရာ ၅ နေရာ ထပ်တိုးလာသည်... လက်ရှိတွင် ပြီးခဲ့သည့်အကြိမ်မှ ကျိလင်းဟန်နှင့် ယင်ရွှယ်အာတို့မှလွဲ၍ အခြားဝိညာဉ်ခွဲထုတ်ခြင်းအဆင့်တပည့်များ ဝင်ရောက်နိုင်ခြင်းမရှိသေးပေ...

၎င်းသည် နေရာများကို ဖြုန်းတီးခြင်းပင် ဖြစ်သည်...

All Chapters