← Chapters

ကာယကံရှင်ကိုယ်တိုင် အကြီးအကျယ်နောင်တရနေခြင်း

Vol. 9 Ch. 86

ကာယကံရှင်ကိုယ်တိုင် အကြီးအကျယ်နောင်တရနေခြင်း

Vol. 9 Ch. 86

သူသည် ကျိလင်းဟန်၏နတ်ဘုရားလိုဏ်ဂူကို စိတ်ဝင်တစားအကဲခတ်ရင်း ခပ်ပေါ့ပေါ့ပြန်ထူးလိုက်သည်။

လိုဏ်ဂူအတွင်းရှိအသုံးအဆောင်များမှာ ရိုးရှင်းလှပြီး ဝိညာဉ်စွမ်းအင်ပေါကြွယ်ဝခြင်းမှလွဲ၍ ကျန်အရာများမှာ အလွန်ငြီးငွေ့စရာပင်။

"ဟင်း... မိန်းကလေးတစ်ယောက်ဖြစ်ပြီးတော့ နင့်လိုဏ်ဂူထဲမှာ ပန်းရောင်လေးတွေ၊ နူးညံ့တဲ့ အပြင်အဆင်လေးတွေရှိမယ်လို့ ထင်ထားတာ"

ဤစကားကိုကြားသောအခါ ကျိလင်းဟန်၏ လှပသောမျက်လုံးကြီးများမှာ ကျဉ်းမြောင်းသွားသည်။

ယနေ့လင်းနင်သည် သူမအပေါ် အလွန်အမင်း အထင်သေးနေပုံရသည်။ သူမနှင့် လင်းနင်ကြားတွင် ပြိုင်ဆိုင်မှုရှိနေသော်လည်း ယခင်ကမူ အပြန်အလှန်လေးစားမှုအခြေခံတော့ ရှိခဲ့ပါသည်။

မည်သို့ဆိုစေ သူတို့သည် ဂိုဏ်းတူတပည့်များဖြစ်ကြသည်မဟုတ်ပါလား။ လင်းနင်သည် စိတ်ထဲတွင် ပြိုင်ဆိုင်လိုစိတ်ပြင်းထန်သော်လည်း အပြင်ပန်းတွင်မူ စနစ်ကျသူတစ်ဦးဖြစ်သည်။

သို့သော် ယခုသူမသည် ကျိလင်းဟန်၏လိုဏ်ဂူထဲသို့ ကိုယ့်အိမ်ကိုယ်ယာလိုဝင်လာရုံသာမက လူအိုကြီးတစ်ဦးကဲ့သို့လေသံဖြင့် စကားပြောနေသည်။ မသိသူများဆိုလျှင် သူမကသာဧည့်သည်ဟု ထင်ရပေလိမ့်မည်။

"နင့်ရဲ့ နေမီးတောက်ဓားသိုင်းက ဘယ်အဆင့်ရောက်ပြီလဲ... ခရမ်းရောင်မီးလျှံ နှလုံးသားကျမ်းရော ဘယ်အဆင့်ကို ရောက်နေပြီလဲ"

" ဒီလိုပါပဲ..."

"ဟုတ်လို့လား..."

ကျိလင်းဟန်မှာ ပို၍ပင် စိတ်မသက်မသာ ဖြစ်လာသည်။ သူမနှင့် လင်းနင်မှာ ပြိုင်ဘက်များဖြစ်ကြသော်လည်း ကျင့်ကြံခြင်းအပေါ် ဤကဲ့သို့ ပေါ့ပေါ့တန်တန် သဘောထားခြင်းကို လက်မခံနိုင်ပေ။ အထူးသဖြင့် လင်းနင်မှာ သူမ၏တပည့်ဖြစ်နေသောကြောင့်ဖြစ်သည်။

"ဒါဆို ငါ့ကိုတစ်ခါလောက် သရုပ်ပြကြည့်... အမှားအယွင်း ဒါမှမဟုတ် လိုအပ်တာရှိရင် ပြင်ပေးမယ်"

ကျန်းချန်သည် ရုပ်ရည်နှင့် အရှိန်အဝါကိုသာ ပြောင်းလဲနိုင်သည်၊ လင်းနင်၏ ကျင့်စဉ်များနှင့် သိုင်းပညာရပ်များကိုမူ မဖော်ဆောင်နိုင်ပေ။

ခရမ်းရောင်မီးလျှံ နှလုံးသားကျမ်းမှာ ချီရီဂိုဏ်း၏ ကျင့်စဉ်တစ်ခုဖြစ်သည်။ ထိုစဉ်က တွမ်မူဟုန်၏ စွမ်းအားအားလုံးကို ကူးယူခဲ့ပြီးကတည်းက သူသည် အခြားကျင့်စဉ်များကို ကျင့်ကြံရန် မကြိုးစားခဲ့ပေ။

သူသည် ရယ်မောရင်းသာ

"ထားလိုက်ပါတော့... ကျင့်စဉ်အားလုံး အဆင်ပြေပါတယ်၊ ပြင်ပေးဖို့မလိုပါဘူး"

ဟု ပြောလိုက်သည်။

"နင်က အောက်ခြေလွတ်ပြီး ကိုယ့်ကိုယ်ကိုယ်ကျေနပ်နေတာလား"

"ခစ်..."

သူမ၏ တည်ကြည်လေးနက်နေသော မျက်နှာထားကို မြင်သောအခါ အစ်ကိုကြီးချန်မှာ ရယ်မောမိတော့သည်။ သူမှတ်မိနေသော ကျိလင်းဟန်နှင့် ယခုပုံစံကို နှိုင်းယှဉ်ကြည့်ရသည်မှာ အလွန်ပင်ရယ်စရာကောင်းလှသည်။

"တကယ့်ဆရာတစ်ယောက်လို အမူအရာပေါက်နေတာပဲ၊ မဆိုးဘူး"

ထိုစကားကိုပြောလိုက်သည်နှင့်တစ်ပြိုင်နက် ပြဿနာတက်တော့မည်ကို သူသိလိုက်သည်။ ဤစကားမှာ လင်းနင်ပြောရမည့်စကားမျိုး လုံးဝမဟုတ်ပေ။

"ဟွန်း"

မျှော်လင့်ထားသည့်အတိုင်းပင် ကျိလင်းဟန်၏ မျက်နှာမှာ ချက်ချင်းပင် နှင်းခဲရိုက်သကဲ့သို့ အေးစက်သွားပြီး ဆရာတစ်ဦး၏အရှိန်အဝါမှာ အပြည့်အဝပေါ်ထွက်လာတော့သည်။

"နင် ဒီနေ့ ဒီကိုလာတာ ငါ့ကိုဆရာလို့ တစ်ခွန်းတောင် မခေါ်သေးဘူးနော်"

"ဒီလောက်အထိလည်း အလေးအနက်ထားမနေပါနဲ့..."

ကျန်းချန်မှာ အလွန်ပင်အကူအညီမဲ့နေသည်။

ငါက ဂိုဏ်းချုပ်လေ... မင်းကို ဆရာလို့ခေါ်လိုက်ရင် ငါ့သိက္ခာတွေ ဘယ်ရောက်သွားမလဲ။

"နင်နဲ့ငါကြားမှာ သဘောတူညီမှုရှိထားပေမဲ့ နင်ငါ့ကိုမကျော်နိုင်သေးသရွေ့ ဆရာနဲ့တပည့်ကြားက ကျင့်ဝတ်တွေကို လိုက်နာဖို့လိုတယ်"

ကျိလင်းဟန်က တစ်လှမ်းချင်းတိုးကပ်လာသည်။ ဆရာမရှိသော ကျင့်ကြံသူဆိုသည်မှာ နဂါးငွေ့တန်းထဲကကြယ်တစ်ပွင့်လို ရှားပါးလှသည့်ကျင့်ကြံခြင်းလောက ဖြစ်သည်။ ထို့ကြောင့် ဆရာနှင့် တပည့်ကြားရှိ အဆင့်အတန်းနှင့် ကျင့်ဝတ်များကို အလွန်ပင်အလေးထားကြသည်။

ကျိလင်းဟန်မှာ အလွန်သဘောထားကြီးသူဟု သတ်မှတ်၍ရသည်။ အကယ်၍ ကျန်းချန် အသွင်ပြောင်းထားသော လင်းနင်ကသာ ဤမျှအထိ ပေါ့ပျက်ပျက်မနိုင်ခဲ့လျှင် သူမ ဤကိစ္စကို ဂရုစိုက်မည်မဟုတ်။

သို့သော် ဤပြဿနာရှာတတ်သော တပည့်မလေးကို စည်းကမ်းတကျဖြစ်အောင် ဆုံးမသွန်သင်သင့်ပြီဟု သူမခံစားလိုက်ရသည်။ သို့မဟုတ်ပါက နောင်တွင် ဂိုဏ်းချုပ်၏တပည့်ဖြစ်လာခဲ့လျှင် ထိုစီနီယာကို စိတ်ဆိုးအောင် လုပ်မိနေဦးမည် မဟုတ်ပါလား။

"ငါ..."

အစ်ကိုကြီးချန်မှာ သူမ၏စေတနာကိုမသိဘဲ လက်ရှိတွင် ချွေးစေးများထွက်နေသည်။

ဒါ တကယ်ကြီးလား... ငါက ဒီမိန်းကလေးရဲ့ ဆူပူတာကို တကယ်ပဲ ခံနေရတာလား

ထို တင်းမာသော လေသံမှာ နောက်ပြောင်နေခြင်း မဟုတ်ပေ။

"ငါ... ဘာလဲ"

ကျိလင်းဟန်က သူ့ကိုစူးစူးဝါးဝါး စိုက်ကြည့်လိုက်ရာ ဒေါသမထွက်ဘဲနှင့်ပင် အရှိန်အဝါများ ထွက်ပေါ်နေသည်။ စကားလုံးနှစ်လုံးကို အေးစက်စွာပြောလိုက်သည်။

"ဒူးထောက်လိုက်"

ဟာ... သွားပြီ...

အစ်ကိုကြီးချန် တကယ်တောင့်မခံနိုင်တော့ပေ။ ကာယကံရှင်မှာ ယခုအခါ အကြီးအကျယ် နောင်တရနေလေပြီ။ ဤသို့ဖြစ်မည်မှန်းသိခဲ့လျှင် လင်းနင်အဖြစ် မပြောင်းခဲ့ပေ။

လော့ယွမ်အဖြစ်ပြောင်းခဲ့လျှင် အများကြီးပိုကောင်းမည်မဟုတ်ပါလား၊ အနည်းဆုံးတော့ ယခုလို ဆူပူခံနေရမည် မဟုတ်ပေ။

သူ၏အဖြစ်မှန်ကိုလည်း အလွယ်တကူထုတ်မပြောရဲပေ။ ရှက်စရာကောင်းသည်မှာ တစ်ပိုင်း၊ နောင်တွင် တပည့်များက သူ့ကို မိန်းမလျာဝတ်စုံဝတ်ရတာ ဝါသနာပါသူဟု အထင်မှားသွားလျှင် မည်သို့လုပ်ကြမည်နည်း။ သူတစ်သက်လုံးတည်ဆောက်ခဲ့သော ဂုဏ်သတင်းမှာ ပျက်စီးသွား၍ မဖြစ်ပေ။

"ဟို... ဪ... ဂိုဏ်းချုပ်က ငါ့ကို တစ်ခုခုခေါ်ခိုင်းနေတယ်၊ ငါသွားတော့မယ်..."

ပြောပြီးသည်နှင့် သူသည် လိုဏ်ဂူအတွင်းမှ အမြန်ဆုံးထွက်ပြေးလာခဲ့ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် လူရိပ်ပင်မမြင်ရတော့ပေ။ ကျိလင်းဟန်မှာ နောက်မှလိုက်လာခဲ့သည်။

ဂိုဏ်းချုပ်ကခေါ်တယ် ဟုတ်လား။ သူမ ဘာလို့မကြားတာလဲ။ စိတ်ချင်းဆက်သွယ်ပြီး ခေါ်တာလား။ နောက်ထပ် အရေးကြီးကိစ္စတစ်ခုခု ဖြစ်ပြန်ပြီလား

အခြားတစ်ဖက်တွင်မူ ကျန်းချန်သည် တောနက်တောင်တန်းများဆီသို့ စည်းမဲ့ကမ်းမဲ့ ပျံသန်းသွားတော့သည်။ မိုင်တစ်ထောင်အတွင်း မည်သူမျှမရှိကြောင်း အတည်ပြုပြီးနောက်မှ သူ၏ ရင်ဘတ်ကိုပုတ်လိုက်သည်။

"ကျိလင်းဟန်... အော်... ကျိလင်းဟန်..."

"ဒီအစ်ကိုကြီးက မင်းကို အဆင့် ၉ ဝိညာဉ်လက်နက်နဲ့ အဆင့် ၈ ဝိညာဉ်လက်နက်တွေ ပေးထားတာ... ငါ မင်းအပေါ် မဆိုးခဲ့ပါဘူး၊ ဒါကို မင်းက ငါ့ကို ဒူးထောက်ခိုင်းချင်တယ်ပေါ့..."

"ငါ တကယ်ပဲ မင်းကို အလကား အလိုလိုက်မိတာပဲ"

"အရင်ဆုံး ပြန်ပြောင်းမှဖြစ်မယ်"

ဒီလင်းနင်ရဲ့ အမှတ်အသားက သုံးရတာ တကယ်ကိုခက်ခဲလွန်းသည်။ သူသည် စနစ်ကိုဖွင့်ပြီး ပြန်ပြောင်းရန် ကြိုးစားလိုက်သော်လည်း မမျှော်လင့်ဘဲ နှိပ်၍မရဖြစ်နေသည်။

"ဘာဖြစ်တာလဲ... ဘာလို့ မီးမှိန်နေတာလဲ"

"စနစ်... အပြင်ထွက်ခဲ့စမ်း"

အမှတ် ၅၀၀ သုံးပြီး အရေးကြီးသော မေးခွန်းကိုမေးလိုက်သည်။

"ငါ ဘာလို့ ပြန်ပြောင်းလို့မရတာလဲ"

“ရုပ်သွင်ပြောင်းလဲခြင်းအတတ်တွင် ပြန်လည်အသုံးပြုနိုင်သည့်ကြာချိန် ၃ ရက်ရှိပါသည်။

ထိုအချိန်အတွင်း ခလုတ်မှာ မီးမှိန်နေမည်ဖြစ်ပြီး နှိပ်၍မရနိုင်ပါ။

၃ ရက် ပြည့်သွားသည်နှင့် အလိုအလျောက် မူလပုံစံသို့ပြန်ရောက်သွားမည်ဖြစ်ပြီး ၎င်းကို အသွင်ပြောင်းခြင်းအကြိမ်ရေ ကန့်သတ်ချက်အတွင်း ထည့်သွင်းတွက်ချက်မည်မဟုတ်ပါ။”

"မင်း ငါ့ကို နောက်နေတာလား... မင်းက အနှိုင်းမဲ့စနစ်လား ဒါမှမဟုတ် နောက်ပြောင်တဲ့စနစ်လား"

သူက နောက်ထပ် အမှတ် ၅၀၀ ထပ်မပေးသဖြင့် စနစ်မှာ လူသေကဲ့သို့ငြိမ်သက်သွားတော့သည်။

အစ်ကိုကြီးချန် မှင်တက်သွား၏။ ဒီအတတ်က တကယ်ကြီး ဒီလောက်တောင် ထောင်ချောက်ဆင်ထားတာလား။

၃ ရက်အတွင်း မူလပုံစံပြန်မရနိုင်ပေ။ ဆိုလိုသည်မှာ ဤ ၃ ရက်အတွင်း သူသည် အခြားသူများရှေ့တွင် လင်းနင်ပုံစံဖြင့်သာ နေထိုင်ရမည်။

၎င်းသည် သူ့အတွက် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကြီးမားသောထိုးနှက်ချက်ပင်။

"ထားလိုက်ပါတော့... ငါ ဂရုစိုက်ပြီး ကျိလင်းဟန်နဲ့ မတွေ့အောင်နေရင် အဆင်ပြေမှာပါ"

သူ၏အထင်အရ ထိုမိန်းကလေးသည် သူမ၏လိုဏ်ဂူသို့ပြန်သွားပြီး ကျင့်ကြံနေလောက်ပြီဖြစ်သည်။

သူသည် ခန်းမဆောင်ကြီးဆီသို့ ပြန်လည်ပျံသန်းလာသောအခါ ဂိုဏ်းသားအားလုံးမှာ ထိုနေရာတွင် စုရုံးရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

မျက်စိလျင်သောတပည့်တစ်ဦးက သူ့ကိုချက်ချင်းမြင်သွားသည်။

"လင်းနင်"

"လင်းနင် ပေါ်လာပြီ"

"မြန်မြန်... သူမကို ဘာဖြစ်တာလဲဆိုတာ မေးကြည့်ကြစမ်း"

သူမြေပြင်သို့ပင်မဆင်းရသေးမီမှာပင် ဂိုဏ်းသားများကဝိုင်းထားကြတော့သည်။ ရှေ့ဆုံးမှလူမှာ အခြားသူမဟုတ်ဘဲ ကျိလင်းဟန်ပင်။

"နင် နောက်ဆုံးတော့ ပေါ်လာပြီပဲ၊ ပြောစမ်း... ဂိုဏ်းချုပ် ဘယ်ကိုသွားတာလဲ"

ဒါ... ဒါက ဘယ်လို အခြေအနေကြီးလဲ

သူစောစောကထွက်ပြေးသွားပြီးနောက် ကျိလင်းဟန်မှာ ဂိုဏ်းချုပ်တွင်အရေးကြီးကိစ္စရှိသည်ဟု ထင်မှတ်မှားကာ ခန်းမဆောင်သို့ အပြေးအလွှားသွားခဲ့ခြင်းဖြစ်သည်။

ကျန်းချန်ကို ရှာမတွေ့သဖြင့် သူမသည် အခြားတပည့်များ၏ လိုဏ်ဂူများအထိ လိုက်ရှာခဲ့သည်။ ဤသို့ရှာဖွေရာမှ မိုင်ရာချီအတွင်း ဂိုဏ်းချုပ်ပျောက်ဆုံးနေကြောင်း အားလုံးသိသွားကြခြင်းဖြစ်သည်။

ဖေးရှန်ဂိုဏ်း၏ လက်ရှိအခြေအနေမှာ အစ်ကိုကြီးချန်တစ်ဦးတည်းက နတ်ဘုရားတစ်ပါးလို ထမ်းတင်ထားခြင်းဖြစ်၏။

အကယ်၍ သူပျောက်ဆုံးသွားပါက ကောင်းကင်ကြီး ပြိုကျသွားသကဲ့သို့ပင်။

ထို့အပြင် သူသည် ဂိုဏ်းချုပ်အနေဖြင့် များစွာမလုပ်ဆောင်ခဲ့သော်လည်း ဂိုဏ်းသားများအပေါ် အလွန်ကောင်းမွန်ခဲ့သည်။ တပည့်အားလုံးက သူ့ကို ဒုတိယမိဘသဖွယ် အားကိုးကြ၏။

သူမရှိတော့ကြောင်း သိရသောအခါ အချို့တပည့်များမှာ ငိုနေကြပြီး အချို့မှာ အပြင်ထွက် ရှာဖွေရန်ပင် အကြံပြုနေကြသည်။

ကျိလင်းဟန်၏ တစ်ခုတည်းသော သဲလွန်စမှာ လင်းနင်သည် ဂိုဏ်းချုပ် ဘယ်သွားသလဲဆိုသည်ကို သိနိုင်သည်ဆိုသောအချက်ပင်။

"လင်းနင်... ဂိုဏ်းချုပ် ဘယ်ကိုသွားတာလဲ"

"ငါတို့ စိတ်အေးရအောင် မြန်မြန်ပြောပြစမ်းပါ"

လင်းနင်အဖြစ် အသွင်ပြောင်းထားသော ကျန်းချန်မှာ အလွန်ပင်အကူအညီမဲ့နေလေ၏။

ဂိုဏ်းချုပ်က မင်းတို့ ရှေ့မှာတင် ရှိနေတာလေ... ဘာတွေ ဒီလောက်လောနေကြတာလဲ...

သို့သော် အမှန်အတိုင်းပြော၍မရပေ၊ သို့မဟုတ်ပါက သူသည် မိန်းမလိုဝတ်ရတာဝါသနာပါသူ ဖြစ်သွားပေလိမ့်မည်။ သူသည် ဤပြဇာတ်ကို ဆက်ကရုံသာရှိတော့သည်။

"ဂိုဏ်းချုပ်က အရေးကြီးကိစ္စရှိလို့ အပြင်ထွက်သွားတယ်လို့ပြောတယ်"

ကျိလင်းဟန်က ချက်ချင်းမေးခွန်းထုတ်သည်...

"ဘယ်ကို သွားတာလဲ"

"ငါလည်းသေချာမသိဘူး၊ ဘာပဲဖြစ်ဖြစ် သူက စိတ်မပူဖို့ပဲပြောသွားတယ်"

"နင်ပြောတာအမှန်ဆိုတာ ဘယ်လိုသက်သေပြမလဲ"

ပြောလိုက်သူမှာ တတိယမျိုးဆက်တပည့် ဝေ့မြောင်ဖြစ်သည်။ သူဂိုဏ်းထဲသို့ စတင်ဝင်ရောက်စဉ်က ကျန်းချန်ထံမှ ပထမဆုံးဆုလက်ဆောင်ရရှိခဲ့သူဖြစ်သည်။

ထိုနေ့မှစ၍ သူသည် ဂိုဏ်းချုပ်အတွက် အသက်ပင်ပေးဝံ့သည်ဟု သစ္စာဆိုထားသူဖြစ်ရာ ယခုအခါ သူက အစိုးရိမ်ဆုံးလူတစ်ဦးဖြစ်နေသည်။

တတိယမျိုးဆက်တပည့် တုယွီကလည်း ထပ်လောင်းပြောသည်...

"ဟုတ်တယ်... အရင်က ဂိုဏ်းချုပ်အပြင်သွားရင် အားလုံးကိုခေါ်ပြီး တစ်ခုခုပြောလေ့ရှိတာ... ဘာလို့ ဒီတစ်ကြိမ်မှာ နင့်ကိုပဲပြောသွားရတာလဲ"

All Chapters