← Chapters

မင်းကမျက်စိသုံးလုံးကျားပဲ

Vol. 9 Ch. 87

မင်းကမျက်စိသုံးလုံးကျားပဲ

Vol. 9 Ch. 87

ဤကဲ့သို့သောအခြေအနေမျိုးမှာ အခြားဂိုဏ်းများတွင် ဖြစ်နိုင်ခြေအလွန်နည်းပါးလှသည်။

လင်းနင်၏ပါရမီမှာ တတိယမျိုးဆက်တပည့်များကြားတွင် နံပါတ်တစ်နေရာ၌ အခိုင်အမာရှိ၏။ ၎င်းသည် ချီရီဂိုဏ်း သို့မဟုတ် ပါယွန်းခန်းမကဲ့သို့သော ဂိုဏ်းမျိုးသာဆိုလျှင် အခြားသော အစစ်အမှန်တပည့်များ၏အဆင့်အတန်းမှာ သူမထက် များစွာနိမ့်ကျနေမည်ဖြစ်ပြီး သူမကို ဤကဲ့သို့စကားပြောရဲကြမည်မဟုတ်ပေ။

သို့သော်ဖေးရှန်ဂိုဏ်းတွင်မူ ကျန်းချန်သည် လင်းနင်ကိုအလွန်တန်ဖိုးထားသော်လည်း သူမ၏အဆင့်အတန်းကို အထူးတလည်မြှင့်တင်ပေးထားခြင်းမရှိရာ အားလုံးမှာဟန်ဆောင်မှုကင်းမဲ့စွာဖြင့် ပေါင်းသင်းဆက်ဆံနေကြခြင်းဖြစ်၏။

ကျိလင်းဟန် ဆူပူတာကိုခံရတာက ထားပါတော့... မင်းတို့တတိယမျိုးဆက်တပည့်တွေကပါ သူမ (ငါ့ကို) နောက်ကနေ တကောက်ကောက်လိုက်နေကြတာလား။

အစ်ကိုကြီးချန်မှာ ဒေါသထွက်လွန်းသဖြင့် နှာခေါင်းပင်ရွဲ့သွားတော့မတတ်ဖြစ်နေပြီး သူ၏လေသံမှာလည်း ခက်ထန်လာတော့သည်။

"ငါဘယ်လိုလုပ်သိမှာလဲ... သူ့ကိုသွားမေးပါလား"

"ငါတို့ သူ့ကိုရှာတွေ့ရင် နင့်ကိုမေးနေပါဦးမလား"

"ရှာမတွေ့ရင်လည်း ကိုယ့်အိမ်ကိုယ်ပြန်ပြီး ကောင်းကောင်းကျင့်ကြံနေကြလေ... ဘာလို့ ဒီလောက် အသေးအဖွဲကိစ္စတွေများနေရတာလဲ"

သူတို့ ကျင့်ကြံခြင်းကို ထပ်မံရပ်ဆိုင်းထားကြောင်းမြင်သောအခါ အစ်ကိုကြီးချန် မကျေမနပ်ဖြစ်မိ၏။ သို့သော်ဤစကားများမှာ ဂိုဏ်းချုပ်သာပြောရမည့်စကားများဖြစ်သည်ကို သူခေတ္တမျှမေ့လျော့သွားခဲ့သည်။

"ဟေး... လင်းနင်၊ နင့်ရဲ့အမူအရာက ဘယ်လိုဖြစ်နေတာလဲ"

"ကလေးမလေး... ဝိညာဉ်အခြေတည် နောက်ဆုံးအဆင့်ကိုရောက်သွားရုံနဲ့ ငါတို့ကိုအထင်သေးနေတာလား"

ဒုတိယမျိုးဆက် လူကြီးများပင်လျှင် ယခုအခါ မကျေမနပ်ဖြစ်လာကြသည်။

ကန်းစီယီက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်...

"နင့်ရဲ့ဆရာက နင့်ထက်အဆင့်မြင့်တဲ့ လူကြီးတွေကိုတွေ့ရင် ဘယ်လိုနှုတ်ဆက်ရမလဲဆိုတာ မသင်ပေးထားဘူးထင်တယ်"

ယင်ရွှယ်အာက ခေါင်းခါရင်း လေးနက်စွာပြောလိုက်သည်...

"လင်းနင်... ငါတို့ဖေးရှန်ဂိုဏ်းက လူကြီးတွေကိုတွေ့ရင် ဦးညွှတ်အရိုအသေပြုဖို့ မလိုဘူးဆိုပေမဲ့ အခြေခံအလေးထားမှုကိုတော့ ရှိသင့်တယ်မဟုတ်လား"

ကျန်းချန်မှာ နှာခေါင်းကိုညှစ်ကာ ခေါင်းညိတ်ရုံသာရှိတော့သည်...

"ဟုတ်ကဲ့... ဟုတ်ကဲ့... စီနီယာတို့ပြောတာ မှန်ပါတယ်"

ချင်ချန်းက တည်ကြည်စွာ မေးလိုက်သည်...

"လင်းနင်... ငါတို့ကို အမှန်အတိုင်းပြောစမ်း၊ ဂိုဏ်းချုပ် ဘယ်ကိုသွားတာလဲ၊ ဘယ်လောက်ကြာမှာလဲ"

ကျန်းချန်မှာ စိတ်ပျက်လွန်းသဖြင့် အူပင်လိမ်တော့မတတ်ခံစားနေရ၏။ အရင်ကဆိုလျှင် သူမျက်နှာပြလိုက်သည်နှင့် အားလုံးက သူ့ကို အဆုံးမရှိဖားကြပြီး ချီးမွမ်းခန်းဖွင့်ခဲ့ကြသည် မဟုတ်ပါလား။ သို့သော် ယနေ့ကျမှ အားလုံးက ဤမျှတင်းမာနေကြသနည်း။

"သူ ဘယ်သွားလဲငါမသိဘူး၊ ဒါပေမဲ့ ၃ ရက်အတွင်းမှာတော့ သူ သေချာပေါက်ပြန်လာလိမ့်မယ်"

၃ ရက်အတွင်း ပြန်လာမည်ဆိုသောစကားကို ကြားသောအခါ ကျိလင်းဟန် အနည်းငယ် စိတ်အေးသွားသည်။

"နင် သေချာလား"

"သေချာတာပေါ့"

"သူဘာသွားလုပ်မယ်ဆိုတာကော နင့်ကိုမပြောဘူးလား"

"မပြောဘူး၊ ဒါကလျှို့ဝှက်ချက်မို့လို့ မမေးနဲ့လို့ပဲ ပြောသွားတယ်"

ကန်းစီယီက ထပ်မေးသည်...

"ဘာလို့ သူက နင့်တစ်ယောက်တည်းကို ပြောသွားရတာလဲ"

ကျန်းချန်က လင်းနင်ပုံစံဖြင့်ပင် သဘာဝကျကျ ပြန်ဖြေလိုက်သည်...

" သူက ငါ့ကိုအရေးအကြီးဆုံးလို့ သတ်မှတ်ထားလို့ပေါ့... အဲဒါကြောင့်ပဲလေ"

"ဘာပြောလိုက်တယ်"

ယင်ရွှယ်အာနှင့် ကျိလင်းဟန်တို့ တစ်ပြိုင်နက်တည်း ပြောလိုက်ကြရာ သူတို့၏မျက်လုံးများမှာ စူးရှသွားသည်။ သူတို့၏အမူအရာမှာ စားတော့ဝါးတော့မတတ်ဖြစ်နေသည်ကို သတိပြုမိသောအခါမှ အစ်ကိုကြီးချန်မှာ စောစောကစကားမှာ မသင့်တော်ကြောင်း သိလိုက်၏။

"နောက်ထပ်ဘာမှမရှိရင် ငါသွားတော့မယ်"

ပြောပြီးသည်နှင့် လူအုပ်ကြားမှတိုးထွက်ကာ ဤဒုက္ခတွင်းမှထွက်ပြေးရန် ပြင်လိုက်သည်။

"နေဦး"

"ရှင်းရှင်းလင်းလင်း ပြောသွားဦး"

"ဂိုဏ်းချုပ်ထွက်မသွားခင်ကအခြေအနေကို အသေးစိတ်ပြန်ပြောပြစမ်း"

"မှန်တယ်... တစ်လုံးတောင်မကျန်စေနဲ့"

ကျန်းချန်မသိလိုက်ခင်မှာပင် လူအုပ်၏ဝိုင်းရံခြင်းကို ထပ်မံခံလိုက်ရပြန်သည်။ မေးခွန်းပေါင်းစုံ၏ထိုးနှက်မှုကို ခံနေရသဖြင့် သူသည် ဒေါသထွက်လွန်း၍ အံကြိတ်နေရတော့သည်။

ကောင်းပြီ... ကောင်းပြီ... မင်းတို့အားလုံး ငါ့ကိုစောင့်နေကြ...

လူအုပ်၏ဆူပူကြိမ်းမောင်းမှုကို အကြိမ်ကြိမ်ခံရပြီးနောက်တွင် သူသည် လူအုပ်ကြားမှ ထပ်မံတိုးထွက်ကာ တောင်တန်းများဆီသို့ အပြေးအလွှားသွားတော့သည်။

"မသွားနဲ့ဦး"

"နင် ရှင်းအောင်မပြောရသေးဘူးလေ"

နောက်ကလူအုပ်ကြီးမှာ လိုက်လံဖမ်းဆီးနေဆဲပင်။ အထူးသဖြင့် ဝိညာဉ်အခြေတည်အဆင့်တွင်ရှိနေသော ယင်ရွှယ်အာနှင့် ကျိလင်းဟန်တို့ပင်။

ကျန်းချန်မှာ လင်းနင်အဖြစ် အသွင်ဆောင်ထားသဖြင့် ကောင်းကင်ကံကြမ္မာအဆင့် ၄ အမြန်နှုန်းကို အလွယ်တကူ မထုတ်ဖော်ရဲပေ။

တောင်တစ်ခုကိုဖြတ်ကျော်စဉ်တွင် သူသည် ကိုယ်ပျောက်အတတ်ကိုသုံးကာ ပုန်းနေလိုက်သည်။ ဤရုတ်ရုတ်သဲသဲဖြစ်မှုကြီးမှာ ညနေမိုးချုပ်ခါမှသာ ငြိမ်သက်သွားလေ၏။

ပုန်းကွယ်နေရင်းမှ သူသည် မူလပုံစံသို့ပြန်မပြောင်းမချင်း အပြင်မထွက်တော့ဟု ဆုံးဖြတ်လိုက်သည်။ ယခုထွက်သွားလျှင်လည်း ဒုက္ခများရုံသာရှိတော့မည်။

ယခုအခါတွင် သူသည် အခြေခံမူတစ်ခုကို ကောင်းကောင်းကြီး နားလည်သွားပြီဖြစ်သည် - ရုပ်သွင်ပြောင်းလဲခြင်းအတတ်ကကောင်းသော်လည်း ဇွတ်မသုံးသင့်ပေ။ မဟုတ်ပါက ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်ပေလိမ့်မည်။

သူသည် သိုလှောင်လက်စွပ်ကိုပွတ်လိုက်ပြီး မှတ်စုစာအုပ်အသေးလေးတစ်ခုကိုထုတ်ကာ တစ်ဦးချင်းစီ၏အမည်များကို မှတ်တမ်းတင်လိုက်သည်။

ဝေ့မြောင်... ငါ့ကို နှစ်ကြိမ်တောင် ပြန်ပြောခဲ့တယ်

ကန်းစီယီ... စောစောက ငါ့ရှေ့မှာ လူကြီးပုံစံဖမ်းနေတယ်၊ ပြီးတော့ ငါ့ကို ထွက်မသွားအောင် တားတယ်

ယင်ရွှယ်အာ... ငါ့ကို အနည်းဆုံး သုံးကြိမ်ဆူတယ်၊ ပြီးတော့ ငါ့နောက်ကို အားတက်သရော အလိုက်ဆုံးပဲ

ချင်ချန်း... စကားနှစ်ခွန်းပြောတယ်၊ လူကြီးပုံစံ တကယ် ဖမ်းတတ်တယ်...

တကယ်တော့ ဤတပည့်များသည် ဂိုဏ်းချုပ်ကိုစိုးရိမ်သောကြောင့် စိတ်လှုပ်ရှားနေကြခြင်းဖြစ်သည်ကို သူသိပါသည်။

သူဂုဏ်ယူသင့်သော်လည်း ဤခံစားချက်ကြီးကိုတော့ မေ့ဖျောက်ပစ်၍မရပေ။ အရာအားလုံးကိုမှတ်တမ်းတင်ပြီးမှသာ စိတ်အေးသွားတော့သည်။

"ငါ ရက်အနည်းငယ်လောက် နားနားနေနေနေနိုင်မယ့် နေရာတစ်ခု ရှာဦးမှပဲ"

"ကိုယ့်ဂိုဏ်းထဲမှာကိုယ် ပုန်းနေရတယ်လို့... ဟင်း... ဘာတွေလဲကွာ..."

လိုဏ်ဂူတစ်ခုကိုရှာတွေ့သောအခါ အထဲတွင် လှုပ်ရှားမှုအချို့ကို ရုတ်တရက် ကြားလိုက်ရသည်။

နတ်ဘုရားအာရုံဖြင့် မစစ်ဆေးရသေးမီမှာပင် သူ၏ခေါင်းထဲ၌ ဝုန်းခနဲအသံတစ်ခု ကြားလိုက်ရပြီး သူသေဆုံးသွားတော့သည်။

လိုဏ်ဂူအတွင်းမှ သေးငယ်သော ပုံရိပ်တစ်ခု ပျံထွက်လာသည်၊ ၎င်းမှာ အခြားသူမဟုတ်ဘဲ မျက်စိသုံးလုံးကျားပင်။ လဲကျနေသောပုံရိပ်ကို မြင်သောအခါ ၎င်းက ချက်ချင်းအော်ဟစ်လိုက်သည်။

"ဟာ... သွားပြီ... ဒါ လင်းနင်ပဲ၊ မင်း ဘာလို့ သူမကိုသတ်လိုက်တာလဲ"

ချက်ချင်းဆိုသလိုပင် အနက်ရောင်မြူခိုးအုပ်တစ်ခုလည်း ပျံထွက်လာသည်။

"ဖေးရှန်ဂိုဏ်းကတပည့်လား"

အက်ကွဲပြီး အိုမင်းနေသော အသံတစ်ခုမှာ မြူခိုးများထဲမှထွက်ပေါ်လာသည်။

"မင်း ဘယ်လို ထင်လို့လဲ"

မျက်စိသုံးလုံးကျားမှာ အနည်းငယ်စိတ်တိုနေသည်...

"အခုတော့ ငါတို့ ဒုက္ခအကြီးအကျယ်ရောက်ပြီ... ကျန်းချန်ဆိုတဲ့ကောင်လေးကတော့ ဒေါသပေါက်ကွဲတော့မှာပဲ"

အနက်ရောင်မြူခိုးများမှာမူ အလေးမထားသလိုပင်...

"မင်းကမိစ္ဆာဘုရင်တစ်ပါးပဲ၊ အဲဒီကောင်လေးကို ဒီလောက်တောင်ကြောက်နေဖို့လိုလို့လား။ သူက ကောင်းကင်ကံကြမ္မာအဆင့် ကျင့်ကြံသူတစ်ယောက်ပဲလေ။ ငါဘာလို့ သူ့ကိုရှောင်ဖို့ ဒီမှာပုန်းနေရမှာလဲ။ မင်း ဘာကို ဒီလောက်ကြောက်နေတာလဲ"

မျက်စိသုံးလုံးကျားက ခုန်ထွက်လိုက်ရာ သူ၏ကျားမျက်လုံးများမှာ ဒေါသများဖြင့် ပြည့်နှက်နေသည်...

"အဲဒီကောင်လေးက သိပ်ထူးဆန်းတယ်၊ နောင်ကျရင် မင်းသိလာလိမ့်မယ်။ ဒါ့အပြင် ငါက ဂိုဏ်းစောင့်နတ်သားရဲအဖြစ် သုံးနှစ်နေပါ့မယ်လို့ ကတိပေးထားတာ၊ မင်းက ငါ့မျက်စိရှေ့မှာတင် ဂိုဏ်းသားတစ်ယောက်ကို သတ်လိုက်တာဆိုတော့ ငါဘာလုပ်ရမလဲ"

အနက်ရောင်မြူခိုးများမှာ ခေတ္တမျှတိတ်ဆိတ်သွားပြီး နောက်ဆုံးတွင် အသာအယာ ချောင်းဟန့်လိုက်သည်...

"ကောင်းပြီ... ငါပဲအပြစ်ခံယူပါ့မယ်၊ ငါက ချောင်းကြည့်နေတဲ့လူတွေကို သတ်တတ်တဲ့ အကျင့်ရှိနေလို့ပါ..."

ဝိညာဉ်အဖြစ်ပြောင်းလဲသွားသော ကျန်းချန်သည် ထိုနှစ်ဦး၏စကားဝိုင်းကို ဆွံ့အစွာဖြင့် နားထောင်နေသည်။

အစပိုင်းတွင် သူ အလွန်အမင်းဒေါသထွက်ခဲ့သည်။

မင်းတော်တော်ဟုတ်နေပါလား မျက်စိသုံးလုံးကျား၊ ငါ့မျက်စိအောက်မှာတင် မိစ္ဆာတွေ၊ တစ္ဆေတွေနဲ့ ပေါင်းနေတာပေါ့။ ကောင်းပြီ... ဒီလူမသိအောင် ကွင်းဆင်းစစ်ဆေးခြင်းက တကယ့်ကိုထူးခြားတဲ့ ရလဒ်တွေရခဲ့တာပဲ...

သို့သော် စကားအနည်းငယ်နားထောင်ပြီးနောက် သူ၏အမြင်က အနည်းငယ်ပြောင်းလဲသွားသည်။

ဤကျားမိစ္ဆာမှာ မမျှော်လင့်ဘဲ သူ၏ကတိကိုတည်နေပြီး ဂိုဏ်းစောင့်နတ်သားရဲအဆင့်အတန်းကို တကယ်ပင်အလေးထားလေ၏။

သို့သော်လည်း အနက်ရောင်မြူခိုးထဲက ကောင်ကတော့ သေချာပေါက် ရှင်းပြချက်ပေးရမည်။

အကယ်၍ယနေ့သာ တကယ့်လင်းနင်အစစ်အမှန် သို့မဟုတ် အခြားတပည့်များ ဤနေရာကိုရောက်လာခဲ့လျှင် သူတို့တကယ်သေသွားပေလိမ့်မည်။

သူ၏ ဖေးရှန်ဂိုဏ်းအတွင်း၌ အန္တရာယ်ရှိသောအရာတစ်ခုတည်ရှိနေခြင်းကို သူလက်မခံနိုင်ပေ။

“ဒင်... လက်ခံသူ အသတ်ခံလိုက်ရသည်။ ရန်သူ၏ခွန်အားကိုတိုင်းတာနေပြီး ပြန်လည်ရှင်သန်ခြင်း အစီအစဉ်ကို ချမှတ်နေပါသည်...“

“ဒင်... လက်ခံသူသည် မူလဝိညာဉ်အမှတ်အသားတစ်ခု ရရှိသည်။ ရန်သူ၏ သေခြင်းရှင်ခြင်းမှာ ယခုအခါ လက်ခံသူ၏လက်ထဲတွင်ရှိနေပါပြီ... “

စနစ်က ဒီလောက်တောင်အစွမ်းထက်တာလား... ဤသို့ဖြစ်ရပ်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ယခင်က ရွှေအူတိုင်အဆင့်သို့မဟုတ် ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် ကျင့်ကြံသူများနှင့် တွေ့ဆုံစဉ်ကပင် စနစ်သည် ရန်သူကိုသတ်နိုင်သည့်နည်းလမ်းအချို့သာ ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုအကြိမ်တွင်မူ ရန်သူ၏အသက်ကို သူ့လက်ထဲသို့ တိုက်ရိုက်ပေးလိုက်ခြင်းပင်။ သို့သော် သူသည် ဤအခြေအနေမှာ အနည်းငယ်ထူးခြားနေကြောင်း သတိမထားမိပေ။

“ဒင်... လက်ခံသူ အသက်ပြန်ရှင်ပါပြီ... “

မြေပြင်ပေါ်တွင် အဖြူရောင်အလင်းတန်းတစ်ခုပေါ်လာသည်။ မျက်စိသုံးလုံးကျားနှင့် အနက်ရောင်မြူခိုးတို့၏ စွမ်းအားဖြင့်ပင် ထိုခဏအတွင်း ဘာဖြစ်သွားသည်ကို မမြင်နိုင်ခဲ့ကြပေ။

ချက်ချင်းဆိုသလိုပင် သူ၏မူလခန္ဓာကိုယ်သို့ ပြန်လည်ရောက်ရှိသွားသော ကျန်းချန်က ထရပ်လိုက်သည်။

"မင်းတို့ဘိုးဘေးတွေကို ငါ... မျက်စိသုံးလုံးကျား၊ မင်းတကယ်ကို ကျေးဇူးကန်းတဲ့ကောင်ပဲ"

သူစကားပြောလိုက်သည်နှင့် သူ၏အသံမှာ အမျိုးသားအသံအဖြစ် ပြန်ပြောင်းသွားသည်ကို သတိပြုမိလိုက်သည်။

အောက်ကိုငုံ့ကြည့်လိုက်သောအခါ သူ၏ခန္ဓာကိုယ်မှာလည်း ပုံမှန်အတိုင်းပြန်ဖြစ်နေလေပြီ။

ဪ... အသတ်ခံရပြီး ပြန်လည်ရှင်သန်လာရင် မူလအခြေအနေကို ပြန်ရောက်သွားတာပေါ့။ ဒါက မမျှော်လင့်ထားတဲ့ အကျိုးအမြတ်လေးတစ်ခုဖြစ်သော်လည်း သူ၏ဒေါသကိုတော့ မသက်ရောက်နိုင်ပေ။

"ကျန်းချန်"

"မင်း... ဘယ်လိုဖြစ်ပြီး မင်းဖြစ်နေတာလဲ"

မျက်စိသုံးလုံးကျားမှာ ထိတ်လန့်သွားတော့သည်။ စောစောက လင်းနင်ဖြစ်နေပြီး အခုကျမှ ဘာလို့ ကျန်းချန်ဖြစ်သွားရတာလဲ၊ ဝတ်ထားတဲ့ အဝတ်အစားတွေကလည်း မူလအတိုင်းပြန်ဖြစ်နေလေပြီ။

All Chapters