← Chapters

အခန်း (၁-၃)

Vol. 1 Ch. 1-3

အခန်း (၁-၃)

Vol. 1 Ch. 1-3

ကောင်းကျိုးမပေးသော သမီးပျို

မူရင်းစာရေးဆရာ - North Night

မူရင်းဝတ္ထု -The Good for Nothing Seventh Young Lady

ဘာသာပြန် -NEVER

အပိုင်း(၁)

အဆုတ်ကွဲမတတ်နာကျင်မှုနဲ့အတွင်းစိတ်ထိနာကျင်ခံစားရမှုတို့က ရှန်ယန်ရှောင်အား အမှောင်တိုက်အတွင်းသို့ ဆွဲခေါ်သွားလေသည်။မနည်းအားယူကာ နာကျင်နေသော

မျက်လုံးအစုံအား ဖွင့်လိုက်ရာ အလင်းရောင်နှင့်အတူ နားထဲသို့ စူးရှစွာ ဝင်ရောက်လာသံတို့က သူမကို ကြိုဆိုနေလေသည်။

"ကိုယ့်အစွမ်းအစမရှိဘဲနဲ့တော့ သူများကို အပြစ်မတင်သင့်ဘူး။ဒီတစ်ကြိမ်တော့ ကောင်မလေးကံကောင်းသွားလို့ ကယ်လိုက်နိုင်တယ်ဆိုပေမယ့် နောက်တစ်ကြိမ်မှာ ဒီလို

ကံကောင်းဖို့မဖြစ်နိုင်တော့ဘူး"

"အမှိုက်အနေနဲ့ ကိုယ့်ကိုကိုယ် အမှိုက်ဆိုတာကို နားလည်ထားဖို့တော့လိုတယ်။ဒီကိစ္စက ငါတို့မိသားစုတစ်စုလုံးရဲ့နာမည်ကို မြောင်းထဲပစ်လိုက်သလိုပဲဖြစ်နေတာတောင်

ဒီအမှိုက်မက ကန်းတိကန်းတန်းလုပ်နေတုန်းပဲ"

ကျားတစ်ယောက် မတစ်ယောက် ပြောနေတဲ့ စကားသံတွေက ရှန်ယန်ရှောင်ရဲ့ သောတအာရုံတစ်ခုလုံးအား စိုးမိုးထားလေသည်။

သူမကို အမှိုက်လို့ ဆဲဆိုပြောရဲတဲ့ ငမိုက်သားနှစ်ယောက်က ဘယ်သူတွေဖြစ်မလဲ။အသက်မရှင်ချင်လောက်အောင် မိုက်မဲလွန်းတဲ့နှစ်ယောက်က ဘယ်အချိန်ကများ အဖွဲ့က

နေထွက်ပေါ်လာရတာလဲ။

သူမတစ်ကိုယ်လုံးက နာကျင်မှုတွေကို မခံစားနိုင်တော့အတွက် ရှန်ယန်ရှောင်တစ်ယောက် မျက်လုံးတစ်စုံကိုအသုံးပြုကာ အသံရှင်အားလှမ်းကြည့်လိုက်လေသည်။

အသက် ၁၄နှစ်၁၅နှစ်ခန့် ရှိသော ချာတိတ်တစ်ကောင်နဲ့ချာတိတ်မတို့အား လက်ပိုက်ကာ ကုတင်ဘေးတွင်ရပ်နေသည်ကို တွေ့လိုက်ရသည်။သူတို့နှစ်ယောက်ဟာ အလွန်

ကြည့်ကောင်းလှပေသည်။သူတို့ဝတ်စားဆင်ယုံပုံကို ဖယ်ထုတ်လိုက်ပါက နှစ်ယောက်လုံးမှာ တစ်ပုံစံတည်းဖြစ်သည်။

ကုတင်ပေါ်တွင် လှဲလျောင်းနေသူ သတိရလာကြောင်းကို တွေ့လိုက်ရသော်လည်း သူတို့အနေနဲ့ စိုးရိမ်စိတ်ဖြစ်ပေါ်မလာရုံသာမက သရော်တော်တော်မျက်နှာပေးများပင် ပြ

လိုက်ကြသေးသည်။ထို့နောက်မှာလည်း အမှိုက်တစ်စကို ကြည့်နေပုံမျိုးဖြင့် သူမအား စိုက်ကြည့်နေကြပြန်သည်။

"ဟေး ငါတို့ ဇာမဏီငှက် မိသားစုရဲ့ အမှိုက်သခင်မလေး သတိရလာပြီပဲ။ဒီလောက်ပြင်းထန်တဲ့ ဒါဏ်ရာတွေရတာတောင် မသေဘူးဆိုတော့ ဘိုးဘေးတွေက မင်းအပေါ်

ကောင်းချီးပေးလိုက်တာပဲဟေ့"

လှပတဲ့ချာတိတ်မလေးဟာ သူမရဲ့ မနှစ်မြို့တဲ့အသံကို ဖုံးဖိမထားဘဲ ကုတင်ပေါ်က ရှန်ယန်ရှောင်ကို စက်ဆုပ်စွာကြည့်ကာ ပြောလိုက်တယ်။

ဆွဲဆောင်မှုရှိတဲ့ ချာတိတ်ကကလည်း နှာခေါင်းရှုံ့ရင်းနဲ့ ရှန်ယန်ရှောင်ရဲ့ ဖြူလျော်နေတဲ့မျက်နှာကိုကြည့်လိုက်ရင်းနဲ့"ငတုံးမ နောက်ပြီးကျရင် ဘဘမေးလာတဲ့အခါ ဘယ်လို

ဖြေရမလဲဆိုတာ သိထားသင့်တယ်နော်။လျှောက်ပြောလို့ကတော့ မင်းရဲ့တစ်ဘဝလုံးကို ကုတင်ပေါ်မှာပဲ ရှင်သန်သွားရမယ်လို့ ငါပြောရဲတယ်"

ကုတင်ပေါ်ထိုင်နေတဲ့လူအဖို့ကတော့ အဲ့ဒီ စက်ဆုပ်မှု၊ခြိမ်းခြောက်မှု၊သရော်မှုတွေနဲ့ ပေါ်တင်ကြီးကို မကောင်းပြောနေတာတွေကို ဘယ်လိုမှ ဒေါသမထွက်ဘူးဖြစ်နေလေ

သည်။

ရှန်ယန်ရှောင်အနေနဲ့ ဒီငမိုက်သားနှစ်ကောင်ပြောနေတာတွေကို အာရုံမရဘဲ သူမနဲ့စိမ်းနေပေမယ့် ရင်းနှီးသလိုဖြစ်နေသော ပုံရိပ်တွေဟာ သူမစိတ်ထဲမှာ တစ်ကွက်ပြီး

တစ်ကွက် ပေါ်လာနေပါတယ်။သူမနဲ့ လုံးဝမပတ်သတ်တဲ့ အဲ့ဒီ မှတ်ဉာဏ်တွေဟာ လှိုင်းများလိုဆက်တိုက်ဖြစ်ပေါ်နေပါတယ်။အန်ချင်စိတ်ဖြစ်ပေါ်လာမှုကိုသာ တောင့်မခံထားတော့

ရင် သူမအနေနဲ့ ကုတင်ပေါ်မှာ နောက်တစ်ကြိမ် ပြန်လှဲလိုက်မိတော့မှာပါ။

တစ်ခြားတစ်ယောက်ရဲ့ ပူတူးတူးလေးဘဝမှ ဆယ့်သုံးနှစ်အရွယ်ကောင်မလေးဖြစ်သည်အထိ ကြီးပြင်းလာတဲ့ မှတ်ဉာဏ်တွေဟာ တစ်ကွက်ပြီးတစ်ကွက် သူမစိတ်ထဲမှာ

မြင်နေရတာကြောင့် သူမနဲ့ မရင်းနှီးသော ကမ္ဘာတစ်ခုအကြောင်းကို ရှန်ယန်ရှောင် သိလိုက်ရပါတယ်။

ဒီကမ္ဘာဟာ ခေတ်သစ်ကမ္ဘာနဲ့လုံး၀ မသက်ဆိုင်ဘဲ အရှေ့ခြမ်းရော အနောက်ခြမ်းပါ ဆန်းကြယ်သော အတွင်းအားအပြင် ထူးခြားသော မှော်ပညာရပ်တို့ တည်ရှိသော ရှေး

ဟောင်းလူ့အသိုင်းအဝိုင်းတို့နေထိုင်ရာ ကမ္ဘာတစ်ခုဖြစ်ပါတယ်။ပုံပြင်တွေထဲမှာသာရှိတဲ့ ကြီးမားသောနဂါးကြီးတွေကဲ့သိုသော အထူးအဆန်းကောင်တွေတည်ရှိသော ထူးဆန်းကမ္ဘာ

တစ်ခုဖြစ်နေပါတော့တယ်။

၂၄ရာစုရဲ့ စောရဘုရင်မတစ်ယောက်အနေနဲ့ ယခုလို သေလွန်ပြီးတဲ့အခါ တခြားကမ္ဘာရဲ့ ချာတိတ်မတစ်ယောက်ကိုယ်ထဲကို ရောက်ရှိလာမယ်လို့ မယုံရဲတာတော့အမှန်။

ငိုရခက်ရယ်ရခက်ဖြစ်စေပြန်တာက ဒီကောင်မလေးနဲ့သူမနဲ့ဟာ နာမည်တူနေတဲ့အဖြစ်ကိုပါပဲ။

သူမ အခုရောက်နေတဲ့နေရာကတော့ ကွမ်းမင်လို့ခေါ်တဲ့ တိုက်ကြီးတစ်တိုက်ပေါ်မှာပါ။(အာရှတိုက် အာဖရိကတိုက်တို့ကဲ့သို့သော တိုက်ကိုပြောတာပါ)ပိုတိကျရလျှင်တေ့

ကွမ်းမင်အင်ပါယာလက်အောက်ခံ လောင်းရွှမ်တိုင်းပြည်မှာပါ။သူမဝင်ရောက်နေတဲ့မူရင်းခန္ဓာပိုင်ရှင်ဟာ လောင်းရွှမ်တိုင်းပြည်ရဲ့ မိသားစုကြီးငါးစုအနက်မှ ဇာမဏီမိသားစုရဲ့ ခုနှစ်

ယောက်မြောက် သခင်မလေးပါ။ပုံမှန်အရဖြစ်သင့်တာကတော့ သူမကိုအားလုံးက ဝိုင်းဝန်းချစ်ခင်နေကြရမှာဖြစ်သော်လည်း ငမိုက်သားနှစ်ကောင်ရဲ့စကားအရ ဒီခန္ဓာပိုင်ရှင်ဟာ သုံး

စားမရတဲ့ အမှိုက်လိုလူဖြစ်နေပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

မူရင်းစာရေးဆရာ - North Night

မူရင်းဝတ္ထု -The Good for Nothing Seventh Young Lady

ဘာသာပြန် -NEVER

အပိုင်း(၂)

ဇာမဏီငှက်မိသားစုဝင်တစ်ဦးဖြစ်နေပြီး အတွင်းအားနှင့်မှော်ပညာရပ် တစ်ခုမှ လေ့ကျင့်မရသော ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်နေပါတယ်။ကိုယ်ခန္ဓာကျန်းမာသန်စွမ်းမှု မရှိတဲ့အပြင်

ကျပ်ပါမပြည့်ဖြစ်နေပါသေးတယ်။လုံးဝသံသယဖြစ်စရာမလိုတာကတော့ လူကသာ၁၃နှစ်ပြည့်ပြီးတာ အတွေးအခေါ်က လေးနှစ်သားသာသာအဆင့်မှာတင် ရပ်တံ့ခဲ့တာပါ။သူမကို ဇာမ

ဏီမိသားစုရဲ့ ဂုဏ်ပျက်စေသူ အမှိုက်သခင်မလေးအဖြစ် သတ်မှတ်ထားကြပါတယ်။

သူမအိပ်ယာရှေ့ ရပ်နေသူနှစ်ယောက်ဟာ ဇာမဏီမိသားစုရဲ့ လူငယ်မျိုးဆက်သစ်တွေပါ။ကွာခြားတာဆိုလို့ သူတို့ဟာ သူမထက် အသက်ပိုကြီးတာရယ် အရည်အချင်းရှိတာ

ရယ်ပါပဲ။နှစ်ယောက်စလုံးဟာ အတွင်းအားပညာရပ်နဲ့မှော်ပညာရပ်တွေမှာ ထူးချွန်ကြလို့ ဇာမဏီမိသားစုရဲ့ အနာဂတ်ကြယ်ပွင့်တွေလို့ အသိအမှတ်ပြုထားကြပါတယ်။

သူတို့နှစ်ယောက်လုံးလုပ်တာဆိုလို့ အတွင်းအားနဲ့မှော်ပညာတွေ တိုးတက်အောင်လေ့ကျင့်တာအပြင် သူမကို အနိုင်ကျင့်ပြီး ကျေနပ်နေကြတာရယ်ပဲရှိပါတယ်။

အဲ့မောင်နှမနှစ်ယောက်ကြောင့်လည်း ရှန်ယန်ရှောင် ယခုလို အနာတရတွေဖြစ်ကာ ကုတင်ပေါ်လှဲလျောင်းနေရခြင်းဖြစ်ပါတယ်။

ရှန်ယန်ရှောင်ရဲ့ ကျပ်မပြည့်မှုကို အခွင့်ကောင်းယူကာ မှော်သတ္တဝါတွေကို ချုပ်နှောင်ထားတဲ့ နေရာကို ဝင်စေခဲ့တာပါ။ရလာဒ်အနေနဲ့ကတော့ အခုလို ကုတင်ပေါ်မှာ လှဲ

လျောင်းနေရတာပါပဲ။အဲ့နေရာကို စောင့်ကြပ်သူကသာ မသိခဲ့ပါက မှော်သားရဲတွေရဲ့ပါးစပ်အတွင်း သက်ဆင်းနေရမှာဖြစ်ပါတယ်။

တခြားလူတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေကို သေချာနားလည်ပြီးတဲ့အခါမှသာ ရှန်ယန်ရှောင်လည်း ထိုမောင်နှမနှစ်ယောက်နဲ့ စာရင်းရှင်းမယ့်အချိန်ရောက်တာပါ။

သို့ပေမယ့်လည်း ဒီအချိန်မှာ ထိုမောင်နှမနှစ်ယောက်လုံးဟာ သူတို့ရဲ့ အဖိုးဖြစ်သူ ဇာမဏီမိသားစုခေါင်းဆောင်က ဒီအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးမှာကို ကြောက်လန့်နေ

တာ သိသာထင်ရှားနေပါတယ်။သူတို့သတိမထားမိတာကတော့ သူတို့ခြိမ်းခြောက်နေသူဟာ အရင်ကရှိမြဲဖြစ်တဲ့ အူကြောင်ကြောင် မျက်ဝန်းနေရာမှာ စူးရှထက်မြက်တဲ့ အကြည့်အဖြစ်

ပြောင်းလဲနေတာကိုပါ။

"မင်းအတွက် အကောင်းဆုံးကတော့ ငါတို့နှစ်ယောက် စိတ်တိုလာအောင် မလုပ်ဖို့ဘဲ မဟုတ်ရင်တော့ အကျိုးဆက်ကို မင်းသိလာမှာနော်"ဟု ရှန်ကျီယီဟာ သူမ၏နှုတ်ခမ်း

ကို ကွေးကာ သူမရဲ့တုံးအတဲ့ ညီမဖြစ်သူကို ကြည့်ရင်းပြောလိုက်ပါတယ်။သားရဲတွင်းကို ချိုးဖျက်တဲ့ပြစ်မှုကိုသာမကြောက်ခဲ့ပါက ဒီငတုံးမအတွက်နဲ့ သူမလေကုန်ခံနေမည်မဟုတ်ပေ။

ရှန်ယန်ရှောင်ဟာ သူမရဲ့ မျက်ခုံးအစုံကို ပင့်ကာ အတွေးတစ်ချက်နှင့်ပင် သူမ၏ ထက်မြက်သော အကြည့်ကို ရူးကြောင်ကြောင်ပုံပေါက်ရန် ပြောင်းလဲလိုက်ပါတယ်။မျက်

တောင်ခတ်လိုက်ပြီးတဲ့အခါ ရှန်ကျီယီကို ရှက်ရွံ့စွာ ခေါင်းညိတ်ပြလိုက်ပါတယ်။

"အစ်မ ငါနင့်ကို ပြောသားပဲ ဒီငတုံးမက ဘာမှနားလည်မှာမဟုတ်ပါဘူးလို့။ဘဘကိုပြန်ပြောတောင်မှ ဘဘက ယုံမနေပါဘူးဟာ။အဲ့ဒါကို ဘာလို့လေကုန်ခံနေမှာလဲဟာ"

ဟု မောင်ဖြစ်သူ ရှန်ကျီဝေက စိတ်မရှည်စွာ ပြောလိုက်ပါတယ်။

သူမ၏မောင်ကို ပြန်မပြောသေးဘဲ ဒါဏ်ရာများနဲ့ ရှန်ယန်ရှောင်ကို အကဲခတ်နေပါတယ်။ခါတိုင်းလိုမျိုး နာခံတတ်တဲ့ပုံစံတွေ့မှသာလျှင် စိတ်ချသွားပါတော့တယ်။သူမမောင်

ကိုခေါ်ကာ အခန်းထဲကနေ ထွက်သွားပါတော့တယ်။

ရှန်ယန်ရှောင်ရဲ့ ဒါဏ်ရာတွေကို သူမကဘာလုပ်နေရမှာလဲ။သားရဲတွင်းမှာ သေသွားတောင်မှ မျက်စိစပါးမွှေးစူးစရာ အမှိုက်တစ်စ လျော့သွားရုံအပြင် ဘာမှမဖြစ်။သူတို့အဖိုး

ဖြစ်သူစုံစမ်းသိရှိသွားမှာကို မကြောက်ရလျှင် အခုလိုလည်း လေကုန်ခံနေမှာမဟုတ်ပေ။

မောင်နှမနှစ်ယောက်လုံး ထွက်သွားပြီးမှသာ ရှန်ယန်ရှောင်မျက်နှာပေါ်ရှိ အမူအယာပြောင်းကာ တစ်ခြားလူတစ်ဦးကဲ့သို့ ဖြစ်သွားသည်။ကုတင်ပေါ်မှနေ ဝှီကနဲခုန်ဆင်းလိုက်

သည်။

ရုတ်တရက်လှုပ်ရှားမှုကြောင့် ခါးတစ်ဝိုက်ရှိ အနာတို့က နာကျင်သွားလေသည်။အံကိုကြိတ်ကာ သူမတစ်ကိုယ်လုံးရှိ အနာရတို့ကို စစ်ဆေးလိုက်သည်။စိတ်ထဲတွင် မဲ့လိုက်မိ

သည်။ကံတရားက သူမကို ယခုလို အခွင့်အရေးပေးလာမှတော့ ဒီဘဝအသစ်ကို သေချာဂရုတစိုက် ရှင်သန်ဖို့လုပ်ဆောင်ရမှာက သူမ၏တာဝန်ပဲလေ။သို့သော်လည်း အရင်ဘဝက ရှန်

ယန်ရှောင်နှင့်ယခု ရှန်ယန်ရှောင်တို့၏ တူညီမှုမရှိတာတွေက အများအပြားပင်ဖြစ်နေသည်။

အမှိုက်၊ငတုံးမ ဟုတ်လား။

ဒီဖော်ပြချက်နှစ်ခုဟာ သူမရဲ့အစိတ်အပိုင်း ဘယ်တော့မှ မဖြစ်စေရ။

 ကောင်းကျိုးမပေးသော သမီးပျို

မူရင်းစာရေးဆရာ - North Night

မူရင်းဝတ္ထု -The Good for Nothing Seventh Young Lady

ဘာသာပြန် -NEVER

အပိုင်း(၃)

မှတ်ဉာဏ်အသစ်တွေအရ ရှန်ယန်ရှောင် သိရတာက မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့အဖေဟာ ယခုလက်ရှိ ဇာမဏီမိသားစုခေါင်းဆောင်ရဲ့ သားငယ်ဖြစ်တယ်ဆိုတာကိုပါ။ရှန်ယန်

ရှောင်တစ်လသမီးအရွယ်မှာပဲ သူမရဲ့မိဘနှစ်ပါးလုံးဟာ အပြင်ကိုသွားတုန်းမှာ လုပ်ကြံခံလိုက်ရပါတယ်။မိသားစုသုံးဦးထဲကမှ သူမတစ်ဦးပဲရှင်သန် လွတ်မြောက်ခဲ့တာပါ။

မိသားစုအတွင်းက လူတွေက သူမကို သုံးစားမရသူအဖြစ် လေးစားမှုမရှိကြပေမယ့် သူမ၏အဖိုးဖြစ်သူ လက်ရှိမိသားစုခေါင်းဆောင် ရှန်ဖန်ကတော့ သူ့သားဖြစ်သူ၏ နာမည်

နဲ့ဂုဏ်ဒြပ်ကို ဂရုစိုက်ခဲ့ပါတယ်။သူဟာ ရှန်ယန်ရှောင်ရဲ့ နေ့စဉ်ရှင်သန်နေထိုင် စားသောက်မှုကို တာဝန်ယူပေးဖို့ လူတစ်ယောက်ကို စေခိုင်းထားပေမယ့် ကူလုပ်ပေးသူဟာလည်း အရာ

ရာတိုင်းကိုတော့ ဂရုစိုက်မပေးနိုင်ပါဘူး။မိသားစုကြီးဖြစ်တဲ့ ဇာမဏီမိသားစုအတွက်ကတော့ ရုပ်ပိုင်းရောစိတ်ပိုင်းဆိုင်ရာမှာပါ ဘာမှသုံးစားမရတဲ့ သူမတည်ရှိနေခြင်းဟာ ရှက်စရာ တစ်

ခုဖြစ်နေပါတယ်။

နှစ်ပတ်လည်ညစာစားပွဲကိုတောင် သူမအနေနဲ့တက်ရောက်နိုင်တဲ့ အရည်အချင်းမပြည့်မှီပါဘူး။

ဒီသားရဲတွင်းကို ဝင်ရောက်တဲ့ကိစ္စအတွက်လည်း မသေရင်တောင်မှ အပြစ်တစ်ခုတော့ ပေးခံရမှာပါ။

သူမအဖေကြောင့်သာမဟုတ်ရင် ရှန်ဖန်ဟာ သူမကို သူ့မြေးအဖြစ်အသိအမှတ် မပြုလောက်ပါဘူး။ပြောနိုင်တာတစ်ခုကတော့ ရှန်ယန်ရှောင်ကို ထောက်ကူအားပေးမယ့်

အားကိုးအားထားမရှိပါဘူး။

"ဒီအခြေအနေကတော့ လုံးဝကို စိတ်ဒုံးဒုံးချစရာပဲ"

ရှန်ယန်ရှောင် ပြုံးလိုက်ရင်းနဲ့ ထိုင်ခုံပေါ်မှနေကာ သုံးသပ်နေမိပါတယ်။

အညွန့်တုံးနေသူတစ်ယောက်အတွက် အခုလိုအခြေအနေဟာ လုံးဝမျှော်လင့်ချက် မဲ့စရာပါ။

"ဘာပဲဖြစ်ဖြစ်ပေါ့လေ စိတ်လျှော့ရမယ့် အခြေအနေတော့ မဟုတ်သေးပါဘူး"

အလွန်ညှို့ငင်အားကောင်းသော အသံတစ်သံဟာ ရှန်ယန်ရှောင်ရဲ့နားထဲကို ဝင်ရောက်လာပါတယ်။

ရှန်ယန်ရှောင်လည်း လျှင်မြန်စွာ ထရပ်လိုက်ပြီး ပတ်ပတ်လည်ကို သတိထားကာ ကြည့်ရှုလိုက်ပါတယ်။

ယခုခန္ဓာကိုယ်ဟာ ဘာအင်အားမှ မရှိဘူးလို့ပြောနိုင်သော်လည်း သူမရဲ့အရင်ဘဝမှာ ရှန်ယန်ရှောင်ဟာ ကမ္ဘာတစ်ခုလုံးကို ကိုင်လှုပ်ခဲ့သူ စောရဘုရင်မတစ်ပါးဖြစ်ခဲ့တယ်

လေ။ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ အနံ့အသက်မျှ သူမရဲ့အာရုံအတွင်းကနေ မလွတ်မြောက်နိုင်ခဲ့ပါဘူး။ဒါပေမယ့်လည်း ဒီအခန်းအတွင်းမှာတော့ တစ်ဦးတစ်ယောက်ရဲ့ ကိုယ်နံ့ကို

သူမ မရရှိမခံစားမိပါဘူး။

ဒါဆိုရင် ဒီအသံက ဘယ်ကထွက်လာရတာလဲ။

"အသံပေးရဲပြီး လူကောင်ဘာလို့ ထွက်မပြရဲတာလဲ"လို့ပြောကာ ရှန်ယန်ရှောင် မျက်စိကိုမှေးကာ လိုက်လံရှာဖွေနေလိုက်ပါတယ်။

"ငါ့ကိုယ်ငါပြရမယ်လား"ဆိုပြီး အဲ့အသံဟာ အေးစက်မှုအငွေ့အသက်တို့ ပါဝင်လျက် ထပ်မံပေါ်ထွက်လာပါတယ်။

"ချာတိတ်မလေး ငါ့ကိုလိုက်ရှာနေစရာမလိုပါဘူး ဘာလို့လဲဆိုတော့ ငါက မင်းကိုယ်ထဲမှာရှိနေလို့ပါ"

သူမကိုယ်ထဲမှာလား

ရှန်ယန်ရှောင် စိုက်ကြည့်နေတာကို ရပ်လိုက်ပါတယ်။

"ငါက အစတုန်းက မင်းတစ်သက်လုံး ဦးဏှောက်မကောင်းဘဲ နေသွားရမယ်လို့ပဲ ထင်ထားခဲ့မိတာ ဒါပေမယ့် မင်းက ရုတ်တရက်ကြီး ပြောင်းလဲပြီး ဉာဏ်ကောင်းလာတယ်။

လောကကြီးက လူတွေကို ဆော့ကစားတာပဲ။ကြည့်ရတာတော့ ကံတရားက ငါတို့ကို အခွင့်အရေးတစ်ခု ပေးတာထင်တယ်"

ရေခဲမှတ်ရောက်နေလောက်အောင် အေးစက်စက်အသံဟာ သူမနားထဲမှာ ကြားလိုက်ရပြန်ပါတယ်။ဒီတစ်ခါမှာတော့ အဲ့အသံဟာ တစ်ကယ်ကိုပဲ အပြင်ကလာတဲ့အသံမ

ဟုတ်ဘဲ သူမ ဦးဏှောက်ကနေလာတယ်ဆိုတာကို သူမရှင်းလင်းစွာခံစားသိရှိလိုက်ပါတယ်။

"မင်းက ဘယ်လိုလူမျိုးလဲ"

ရှန်ယန်ရှောင်အနေနဲ့ သူမရဲ့ပြန်မွေးဖွားလာမှုကို လက်ခံနိုင်ပေမယ့် ရုတ်တရက်ထွက်ပေါ်လာတဲ့အသံကိုတော့ လက်ခံဖို့ ခက်ခဲလွန်းလှပါတယ်။

"လူသားတဲ့လား ဒီကမ္ဘာထဲမှာတော့ ငါ့ကို လူလို့သတ်မှတ်ခေါ်ဝေါ်မယ့်အစား မိစ္ဆာလို့ပဲ ခေါ်ကြမယ့်လူတွေပဲရှိတယ်"

မိစ္ဆာတဲ့လား ရှန်ယန်ရှောင် မျက်မှောင်ကြုတ်လိုက်မိတယ်။

"ကောင်မလေး သဘောတူညီမှုတစ်ခု အကြောင်း ဆွေးနွေးကြမလား"

"ဘာသဘောတူညီမှုအတွက်လဲ"

တစ်ဖက်သားရဲ့ အချက်အလက်ကို မသိရသေးသော်လည်း ရှန်ယန်ရှောင်အနေနဲ့ သူ့ကိုယ်သူ မိစ္ဆာလို့ပြောတဲ့တစ်ယောက်ဟာ သူမကိုယ်ထဲမှာ ရှိနေတယ်ဆိုတာကိုတော့

နားလည်လိုက်ပါပြီ။

"မင်းဖက်က ငါ့ကို လူသားကမ္ဘာထဲ ပြန်ရောက်လာအောင် ကူညီပေးရမယ့်အတွက် ငါကလည်း မင်းရဲ့စွမ်းအားတွေကို အသုံးပြုမရအောင် ပိတ်ဆို့ထားတာကို ပြန်ဖွင့်ပေးရင်

မင်းပိုင်ဆိုင်တဲ့ စွမ်းအားတွေ ပြန်ရလာမှာပဲ"

"ပိတ်ဆို့ထားတာ" ရှန်ယန်ရှောင်အတွက်တော့ နားထောင်လေလေ ခေါင်းရှုပ်လာလေလေပါပဲ။

"မင်းညာဖက်လက်မောင်းကအင်္ကျ ီစကိုလှန်လိုက်"

အသံကြားတဲ့အတိုင်း သူမရဲ့အင်္ကျ ီစကို လှန်လိုက်ပါတယ်။ညာဖက်လက်မောင်းရဲ့ အပေါ်ဖက်မှာ လက်ဝါးအရွယ်ရှိတဲ့ မည်းနေတဲ့အမှတ်အသားတစ်ခုရှိနေပါတယ်။ခုဏက

သူမကိုယ်ကိုသူမ စစ်ဆေးခဲ့တုန်းက စိတ်ရှုပ်နေတာနဲ့ပဲ ဒီအမှတ်ကို သေချာသတိမထားမိလိုက်ပါဘူး။

"ဒါက တားမြစ်အမှတ်အသားလား"

သောက်ခွေးတဲ့မှပဲ။ဒီကောင်မလေးကိုယ်လုံးက ဘာလျှို့ဝှက်ချက်တွေ ရှိနေတာလဲ။

All Chapters