၂၄ရာစုရဲ့ စောရဘုရင်မဖြစ်တဲ့ သူမက ဘာကောင်းကျိုးမှမပေးတဲ့ မိဘမဲ့ ငပိန်းတစ်ယောက်ရဲ့ကိုယ်ထဲကို ရောက်လာခဲ့ရတယ်...။ အဲ့ဒါတင်မကသေး မူလပိုင်ရှင်ရဲ့ ဆွေမျိုးတွေက စိတ်မကြည်ရင် မကြည်သလို နှိပ်စက်တာကိုခံရသေးတယ်။ ငပိန်းမ? သုံးစားမရတဲ့ဟာမတဲ့လား? ကောင်းပြီလေ၊ အနှေးနဲ့အမြန်ဆိုသလို အဲ့တစ်သိုက်ကို နောင်တဆိုတာ ဘာကိုခေါ်လဲလို့ သိသွားစေရမယ်! အတွင်းအားနဲ့ မှော်စွမ်းအားတဲ့လား? သူမမှာ ဘယ်လောက် စွမ်းရည်ဘယ်လောက်ရှိသလဲဆိုတာကို အဲ့ပါရမီရှင်လို့ ခေါ်နေကြတဲ့သူတွေ မကြာခင်သိလာမှာပါ...။ မိသားစုခေါင်းဆောင်နေရာနဲ့ ဒဏ္ဍာရီလာ ဇာမဏီငှက်တဲ့? စိတ်မကောင်းပါဘူး... သူမ အဲ့ဟာတွေအကုန် ယူပြီးသွားပြီးသားလေ။ ဒါပေမယ့် အဲ့ဒဏ္ဍာရီလာ ဇာမဏီငှက်ဆိုတာက လှည်းမူးတတ်တဲ့ ချစ်စရာကောင်ကလေး ဖြစ်မယ်လို့ ဘယ်သူကထင်မိမလဲ၊ နောက်ပြီး သူမ ကိုယ်ထဲမှာ ဆန်းကြယ်လျှို့ဝှက်တဲ့ ဝိညာဉ်ကရှိသေးတယ်...။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး၊ သူများတွေရဲ့ သွေးသောက်မိတ်ဆွေ အပေါင်းအသင်းတွေက လုံး၀ရှိန်စရာအနေအထားတွေဖြစ်နေကြတဲ့အချိန် သူမဘေးက လူတွေကတော့ ကွက်ကျော်ရိုက်တက်တဲ့ မြေခွေးလို စီးပွားရေးသမားရယ်၊ သုံးစားမရတဲ့ ကလေကချေ ပွေရှုပ်တဲ့သခင်လေးတွေရေ၊ ပိုဆိုးတာက ရုပ်တော့ချောပေမယ့် ကျန်းမာရေးချူချာတဲ့ လူတောင် ပါသေးတယ်။ သူမ ဒီလိုပုံစံနဲ့ဆို လောကကြီးကို အုပ်စိုးဖို့ ဘယ်လိုလုပ်ရပါ့မလဲလို့! အားလုံးရဲ့ အထက်မှာ ဝံ့ကြွားစွာရပ်တည်ဖို့ဆိုတဲ့ သူမရည်မှန်းချက်ကရော?! သောက်ကျိုးနည်း... ငါလေးကို လာမရှုပ်ကြစမ်းပါနဲ့!

