အခန်း (၂၈-၃၀)
Vol. 2 Ch. 28-30
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၂၈)
အညံ့စားရုပ်ဖျက်ဆေးအနေနဲ့ သုံးနာရီခန့်သာ သုံးလို့ရသည်။သို့သော်လည်း ရှန်ယန်ရှောင်အတွက်တော့ လုံလောက်မှုရှိပါတယ်။
လိုလိုမယ်မယ်ဆိုပြီး နည်းနည်းညံ့တဲ့ သိုလှောင်လက်စွပ်တစ်ကွင်းလည်း ဝယ်ခဲ့လိုက်ပါတယ်။
သိုလှောင်လက်စွပ်တွေဟာ အာကာဟင်းလင်းပြင်ဆိုင်ရာ ထုတ်ကုန်တစ်မျိုးဖြစ်ပါတယ်။ကြည့်လိုက်ရင် သာမန်လက်စွပ်နဲ့ဘာမှ မကွဲပြားပေမယ့် အသုံးပြုသူပိုင်ရှင်က သတ်မှတ်ချက်အတိုင်း လုပ်ဆောင်ရင် လက်စွပ်အတွင်းရှိ သတ်မှတ်
အတိုင်းအတာရှိတဲ့ သက်ရှိမဟုတ်သောအရာတွေကို သိုလှောင်ထည့်ထားနိုင်တဲ့ နေရာလေးထွက်ပေါ်လာပါတယ်။
ကွမ်းမင်တိုက်ပေါ်မှာတော့ သိုလှောင်လက်စွပ်တွေဆိုတာ အများသုံးနေတဲ့ ပစ္စည်းတစ်ခုဖြစ်ပြီး အဆင့်အလိုက်ကွဲပြားတဲ့ သိုလှောင်နိုင်တဲ့နေရာအကျယ်အဝန်း ကွာခြားချက်ရှိပါတယ်။
အာကာဟင်းလင်းပြင်ကို အခြေခံလုပ်ဆောင်ထားတဲ့ ကွာခြားချက်အလိုက် ဈေးနှုန်းအမျိုးမျိုးလည်း ပြောင်းလဲသွားပါတယ်။ရှန်ယန်ရှောင်ဝယ်လိုက်တဲ့ လက်စွပ်ကတော့ အလယ်အလတ်အဆင့်ရှိပြီး စတုရန်းငါးမီတာလောက်ကျယ်ဝန်းကာ
သူမအခန်းထဲက ခိုးရာပါပစ္စည်းတွေထည့်ဖို့ လုံလောက်တဲ့အကျယ်ရှိပါတယ်။
အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဇာမဏီမိသားစုဆီကို ပြန်ခိုးဝင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာ ခိုးရာပါပစ္စည်းတွေနဲ့ရုပ်ဖျက်ဆေးတွေကို လက်စွပ်ထဲသိမ်းထားလိုက်ပါတယ်။ထို့နောက် အိပ်ယာပေါ်တက်ကာ အိပ်စက်လိုက်ပါတော့တယ်။
မနက်ဖြန်ညအထိစောင့်ပြီးတာနဲ့ တိုးနယားလေလံအိမ်ဆီကိုသွားကာ သူမရဲ့ပထမဆုံး လက်စွမ်းပြရရှိထားတာတွေကို လဲလှယ်ရုံပါပဲ။
တိုးနယားလေလံအိမ်ဟာ နေပြည်တော်ရဲ့ မြောက်ဖက်ပိုင်းမှာ ရှိပြီးတော့ အလွန်ကျယ်ဝန်းပါတယ်။နောက်ပြီး လေလံအိမ်ကြီးသုံးခုထဲက အချမ်းသာဆုံးနဲ့အကျော်ကြားဆုံးအိမ်လည်းဖြစ်ပါသေးတယ်။ဘာဖြစ်လို့လဲဆိုတော့ နေပြည်တော်ရဲ့ အ
ထင်ကရ တိုးနယားမိသားစုပိုင် ဖြစ်နေလို့ပါပဲ။လူတိုင်းသိတဲ့ကိစ္စက တိုးနယားမိသားစုက မိသားစုကြီးငါးစုထဲမှာ အချမ်းသာဆုံးဖြစ်တယ် ဆိုတာကိုပါ။ချမ်းသာရတဲ့အကြောင်းကတော့ တိုးနယားမိသားစုကို တည်ထောင်ခဲ့တဲ့ တည်ထောင်သူဟာ သူ့အရှိန်
အဝါကို အသုံးချကာ တစ်နိုင်ငံလုံးကို လွှမ်းခြုံမှုရှိတဲ့ ကုန်သွယ်မှုလမ်းကြောင်းကို လုပ်ခဲ့လို့ဖြစ်ပါတယ်။နှစ်ရာချီကြာမြင့်လာချိန်မှာတော့ သူတို့စုဆောင်းထားတဲ့ပမာဏကို မရေတွက်နိုင်လောက်အောင်ကို ကြွယ်ဝနေပါပြီ။
လူတွေပြောလေ့ရှိတာတစ်ခုကတော့ တိုးနယားမိသားစုရဲ့ ငွေတိုက်က တိုင်းပြည်ဘဏ္ဍာတိုက်နဲ့ ယှဉ်လို့ရတယ်ဆိုတာကိုပါ။
လမင်းကြီးသာနေတဲ့ ညကာလကတော့ ရောက်ရှိလာပါပြီ။
တိုးနယားမိသားစုပိုင် လေလံအိမ်ကတော့ မီးတို့ထိန်ထိန်ညီးလျှက်ရှိနေပြီး ညအချိန်ဆိုတာက လေလံအိမ်တွေ အစည်ကားဆုံးအချိန်လည်းဖြစ်ပါတယ်။ဝယ်မယ့်သူတွေက လေလံအိမ်ကို အစောကြီးတည်းက ရောက်နေကြပြီဖြစ်ကာ အကုန်
လုံးက ခန်းမအတွင်းမှာ နေရာယူပြီးကြပါပြီ။
လေလံအိမ်အတွင်းမှာ ဖောက်သည်တွေနဲ့ ပြည့်ညက်နေပါတော့တယ်။
တိုးနယားလေလံအိမ်၏ခန်းမဆောင်ဘေးမှာ အသက်၁၆ ၁၇ခန့်ရှိတဲ့ လူငယ်လေးတစ်ဦးက ကျားရေခင်းထားတဲ့ ထိုင်ခုံပေါ်မှာ ပျင်းရိလေးတွဲစွာ ခြေချိန်လို့ ထိုင်နေပါတယ်။ပြိုင်ဖက်မရှိအောင် ဆွဲဆောင်မှုအပြည့်ရှိတဲ့ မျက်နှာပေါ်မှာ ပျင်းရိ
တဲ့ဟန် အနည်းငယ်ပေါ်ထွက်နေကာ ဖီးနစ်ငှက်လို မျက်လုံးအစုံက လေလံကြီးကြပ်သူ လာပေးတဲ့ ပစ္စည်းစာရင်းကို ငုံ့ကြည့်နေပါတယ်။
"ဒါပဲလား"
ထိုဆွဲဆောင်မှုရှိသူ လူငယ်လေးက သူ၏မျက်ခုံးအစုံကို ပင့်တင်မိစေတာက ဒီနေ့လေလံတင်မယ့်အရာတွေက သိပ်စိတ်ဝင်စားဖို့ မကောင်းလို့ဖြစ်ပါတယ်။
အသက်ငါးဆယ်ဝန်းကျင် ရှိတဲ့ ကြူမင်ဟာ တိုးနယားလေလံအိမ်ကို ကြီးကြပ်ရသူဖြစ်ပါတယ်။ခါတိုင်းလို မျက်နှာထားတင်းတင်း နဲ့ ဂိုက်မပေးနိုင်တော့ဘဲ သူ့တစ်ခေါင်းလုံးလည်း ချွေးစေးတို့ပျံနေသလို အသက်လည်းပြင်းပြင်းမရှူဝံ့တော့
တာက ဒီလူငယ်လေးရှေ့ရောက်နေလို့ပါ။
"တတိယသခင်လေး ယုံကြည်စိတ်ချရတဲ့ ရောင်းသူတွေက သိပ်အများကြီးမရှိလို့ပါ။ဒါပေမယ့် ကျွန်တော် ဖန်ကျူမြို့က လူတွေကိုဆက်သွယ်ထားပါတယ်။ရက်အနည်းငယ်ကြာရင် တန်ဖိုးကြီးပစ္စည်းတွေကို ပို့ဖို့လူတစ်ယောက်လွှတ်လိုက်မှာပါ။
ကြူမင်ဟာ အဆက်မပြတ်ထွက်နေတဲ့ ချွေးတွေကို သုတ်လိုက်ပါတယ်။သူက ပြဿနာရှာထားလို့မဟုတ်ဘဲ ဒီလူငယ်လေးကြောင့်ပါ။ဒီလူငယ်လေးက သူ့အတွက်တော့ သာမန်လူမဟုတ်စေရတဲ့အကြောင်းရှိပါတယ်။ကြူရှီယာဆိုတဲ့တိုးနယား
မိသားစု၏ တတိယသခင်လေးဟာ လက်ရှိတိုးနယားမိသားစုခေါင်းဆောင်က နောက်တက်မယ့် မိသားစုခေါင်းဆောင်အဖြစ် ရွေးချယ်သတ်မှတ်ထားလို့ပါ။
တိုးနယားမိသားစုရဲ့ ချမ်းသာမှုက တစ်လောကလုံးအသိပါ။ဒါပေမယ့်လည်း မိသားစုခေါင်းဆောင်လုပ်မယ့်သူတွေအနေနဲ့ စီးပွားရေးမှာ အောင်မြင်မှုရှိဖို့လိုအပ်ပြီး အောင်မြင်မှသာ ခေါင်းဆောင်နေရာကို ဆက်ခံနိုင်တာပါ။အခုမျိုးဆက်အားလုံး
ထဲမှာ တတိယသခင်လေးက စီးပွားရေးအမြင် အရှိဆုံး အစွမ်းဆောင်နိုင်ဆုံးဖြစ်ပါတယ်။အသက်၁၆နှစ်လောက်နဲ့ပဲ သူ့ကိုယ်ပိုင်ပိုင်ဆိုင်မှု အတော်များများရှိအောင် လုပ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။လောင်းရွှမ်တိုင်းပြည်အတွင်းမှာ အခုနှစ်ပိုင်းအတွင်း တည်ထောင်
ခဲ့ကြတဲ့ စီးပွားရေးလုပ်ငန်းအချို့ဆို တတိယသခင်လေးက လျှို့ဝှက်စွာ ဝယ်ယူနိုင်ခဲ့ပါတယ်။
တိုးနယားမိသားစုရဲ့ သမိုင်းအတွင်းမှာ ကြူရှီယာကို နံပါတ်တစ်ဉာဏ်ကြီးရှင် တစ်ဦးအဖြစ် စီးပွားရေးနယ်အတွင်းမှာ သတ်မှတ်နိုင်ပါတယ်။ကြေးနီအပဲ့နဲ့သံတိုသံစကိုတောင် မိုးလောက်မြင့်တဲ့ ငွေရအောင် သူ့အနေနဲ့စွမ်းဆောင်နိုင်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၂၉)
ပျက်စီးယိုယွင်းနေတဲ့အရာတစ်ခုကို ပြောင်းလဲပေးနိုင်တယ်လို့ ဖော်ညွှန်းချက်ဟာ ကြူရှီယာရဲ့ စီးပွားရေးဆိုင်ရာ စွမ်းဆောင်နိုမှုတစ်ခုပါ။အဲ့ဒါကြောင့်လည်း လက်ရှိမိသားစုခေါင်းဆောင်က လူတွေရဲ့ ကန့်ကွက်ချက်တွေကို ဆန့်ကျင်ကာ
အစဉ်အလာမဟုတ်ဘဲ ကြူရှီယာကို လာမယ့်ခေါင်းဆောင်တစ်ယောက်အဖြစ် ရွေးချယ်သတ်မှတ်ခဲ့တာပါ။
နောက်တက်မယ့် မိသားစုခေါင်းဆောင်ဖြစ်သူကို မျက်နှာချင်းဆိုင်နေရတဲ့ ကြူမင်အဖို့ နည်းနည်းလေးမှ မလှည့်စားရဲစေတာက ကြူရှီယာမျက်လုံးထဲမှာ ထိုလိမ်လည်မှုတွေက ကလေးကလားအကွက်တွေဖြစ်နေလို့ပါ။
တော်ဝင်ကြောင်တစ်ကောင်လို ကြူရှီယာတစ်ယောက် ပျင်းတွဲတွဲပြုံးလိုက်ပါတယ်။
"ဖန်ကျူမြို့ကလူတွေနဲ့ ဆက်သွယ်နိုင်တယ်ဆိုတော့ မဆိုးသေးဘူးလို့ ပြောရမှာပဲ"
ကြူမင်ကို အနေခက်အောင် တမင်လုပ်ချင်စိတ်မရှိတဲ့ ကြူရှီယာက လက်ကိုယမ်းလိုက်ပြီး ထွက်သွားခွင့်ပြုလိုက်ပါတယ်။
နေပြည်တော်အတွင်းက လေလံအိမ်တွေအနက် တိုးနယားလေလံအိမ်က ဈေးကွက်ဝေစု အများဆုံး ရရှိထားပါတယ်။အဲ့အကြောင်းက တိုးနယားမိသားစုရဲ့ အရှိန်အဝါကြောင့်ဖြစ်တာအပြင် တခြားလေလံအိမ်တွေမှာ တွေ့ဖို့ ခက်ခဲတဲ့ တန်ဖိုး
ကြီးပြီးအရည်အသွေးကောင်းတဲ့ ပစ္စည်းတွေကို တိုးနယားလေလံအိမ်မှာ အများဆုံးတွေ့နိုင်လို့ပဲ ဖြစ်ပါတယ်။လောင်းရွှမ်တိုင်းပြည်ထဲကလူအားလုံးသိတဲ့အချက်ကတော့ တိုးနယားလေလံအိမ်က အကောင်းဆုံးပစ္စည်းတွေပဲ ရောင်းချနေနိုင်တယ်ဆိုတာ
ကော်မရှင်ကြေးနည်းတာတစ်ခုတင်မဟုတ်ဘဲ အဆက်အသွယ်များစွာရှိလို့ ဆိုတာကိုပါပဲ။ဒါကြောင့်လည်း အပ်နှံထားတဲ့ ပစ္စည်းတွေကို သေချာပေါက်ရောင်းထွက်စေတဲ့အပြင် မျှော်မှန်းထားတဲ့ဈေးထက် ပိုရစေပါတယ်။
"တတိယသခင်လေးရဲ့ ချီးကျူးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်"လို့ ပြောလိုက်ရင်း ကြူမင်တံတွေးမြိုချလိုက်မိပါတယ်။သူ့အနေနဲ့ ၁၆နှစ်သာသာကောင်လေးတစ်ယောက်ကို ပြောဆိုနေရပေမယ့် လက်ရှိမိသားစုခေါင်းဆောင်ဖြစ်သူ
ထက် လျော့တဲ့ ဆက်ဆံအလေးထားမှုမျိုးကို မပြရဲပါဘူး။
တံခါးခေါက်လိုက်သံက ဖိအားခံစားနေရတဲ့ ကြူမင်ကို အနည်းငယ်သက်သာရ ရစေသွားပါတယ်။
"ဝင်ခဲ့ပါ"လို့ ကြူရှီယာက ပြောလိုက်ပါတယ်။
လေလံအိမ်က အစောင့်တစ်ယောက်က ခွင့်ပြုသံကြားလိုက်တာနဲ့ ဝင်လာခဲ့ပါတယ်။ထို့နောက်မှာ ရိုသေစွာပြောလိုက်တာက "တတိယသခင်လေးကို သတင်းပို့ပါတယ်။ကျွန်တော်တို့ကို လေလံတင်ပေးဖို့အပ်ချင်တဲ့ ပစ္စည်းတွေ အများကြီး ရှိ
တယ်လို့ ဖောက်သည်လေးတစ်ယောက်ကပြောနေပါတယ်"
"ဖောက်သည်လေးတစ်ယောက်"ကြူရှီယာတစ်ယောက် မျက်လုံးကို ကျယ်ကျယ်လေးဖွင့်လိုက်မိတယ်။ပြုံးရင်းပြောလိုက်တာက"ဖောက်သည်ဆိုမှတော့ အဲ့ဖောက်သည်ကို ခေါ်ခဲ့လိုက်ပါ"
"တတိယသခင်လေး......"လို့ အံ့အားသင့်နေတဲ့ ကြူမင်ကပြောလိုက်ပါတယ်။သူ့ကို အံ့သြစေတာက တတိယသခင်လေးက အဲ့လူကို ကိုယ်တိုင်လက်ခံတွေ့မလို့လုပ်နေတာကိုပါ။
ကြူရှီယာက ကြူမင်ကို မျက်လုံးတစ်ချက်ဝေ့လိုက်တာနဲ့ ကြူမင်လည်း ဘာမှထပ်မပြောရဲတော့ပါဘူး။
ရှန်ယန်ရှောင်ဟာ တိုးနယားလေလံအိမ်ရဲ့ ဝင်ပေါက်မှာ မတ်တပ်ရပ်နေပါတယ်။အစောင့်ဖြစ်သူ ထွက်သွားတာကို တွေ့လိုက်ရတဲ့ ရှန်ယန်ရှောင်ဟာ ရုပ်ဖျက်ထားတဲ့မျက်နှာကို ပြန်စမ်းလိုက်မိပါတယ်။
အညံ့စား ရုပ်ဖျက်ဆေးအစွမ်းက အံ့မခန်းပါပဲ။သက်ရောက်မှုက အချိန်နည်းပေမယ့် ရတဲ့သုံးနာရီက သူမအတွက် လုံလောက်ပါတယ်။သတ်မှတ်အချိန်ထက် ပိုကြာခဲ့ရင်တောင် သူမအနေနဲ့ ရုပ်ဖျက်ထားတဲ့မျက်နှာကြီးနဲ့ ဇာမဏီမိသားစု အိမ်
တော်အတွင်း ဘယ်လိုပြန်ရမလဲဆိုတာ စဉ်းစားရခက်စေပါတယ်။
လက်ရှိရှန်ယန်ရှောင်ရဲ့ ရုပ်ဖျက်ထားတဲ့မျက်နှာဟာ သူမရဲ့ နဂိုမူလ ကြည့်ချင်စရာမရှိတဲ့ မျက်နှာထက် ပိုကောင်းပါတယ်။အသားရေပိုဝင်းလာရုံတင်မကဘဲ သူမရဲ့ သာမန်ထက်ပိုကြီးနေတဲ့ မျက်နှာပေါ်က အစိတ်အပိုင်းတွေကလည်း သေး
ငယ်သွားပါတယ်။ပြောရလျှင် သူမဟာတအားလှပတယ်လို့ မပြောနိုင်တောင် သွယ်လျလှပသူတစ်ယောက်အဖြစ် သတ်မှတ်လို့ရပါတယ်။ထို့နောက်မှာ ယောင်္ကျားဝတ်အဝတ်အစားတွေကို အပေါ်ကနေထပ်ဝတ်လိုက်တော့ သူမကို မြင်တွေ့နေကျ လူ
တစ်ယောက်အဖြစ် ပြောင်းလဲသွားစေပါတယ်။ဒါပေမယ့် လူတွေကို လုံးဝလှည့်စားနိုင်ရန်အတွက် သူမရဲ့ ရင်သားတွေကို ပိုထွားစေရန်အတွက် အတုပြုလုပ်ခဲ့ပါသေးတယ်။
အခုဆိုရင် သူမက ပုံစံနဲ့ဟန်ပန်ပြောင်းလဲရုံတင်မကဘဲ အရပ်လည်းပြောင်းသွားပါတယ်။ရှန်စီယူဘေးရောက်ရင်တောင် သူမကို မှတ်မိမှာ မဟုတ်ပါဘူး။
ခဏနေတော့ ခုနက အစောင့်ဖြစ်သူက သူမကို လေလံအိမ်ရဲ့ခန်းမဘေးက အဆောင်ထဲကို ဆွေးနွေးရန်ခေါ်ဆောင်သွားပါတယ်။
ရှန်ယန်ရှောင်လည်း အစောင့်နောက်ကနေ လိုက်သွားပါတယ်။လမ်းတစ်လျှောက်မှာ လေလံတင်မယ့်ပစ္စည်းတွေကို သွားချည်ပြန်လှည့်နဲ့ သယ်ဆောင်ပေးနေကြတဲ့ အလုပ်သမားတွေကို တွေ့တိုင်း ပစ္စည်းတိုင်းကို အလွတ်မခံဘဲ ကြည့်ရှုခဲ့ပါ
တယ်။
မြင်သာမြင်ရမကြင်ရတဲ့အဖြစ်က ရှန်ယန်ရှောင်လို အဖြစ်ဆိုးတွေ့နေရသူအဖို့ လက်တွေယားလာစေပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၃၀)
ဘေးဆောင်ကအခန်းတံခါးရှေ့ကို ရောက်တဲ့အခါမှာ အစောင့်ဖြစ်သူက တံခါးခေါက်လိုက်ပါတယ်။ဝင်ခဲ့ဆိုတဲ့အသံ ကြားတဲ့အခါမှသာ အစောင့်ဖြစ်သူလည်း တံခါးကိုဖွင့်ပြီး ရှန်ယန်ရှောင်ကို အတွင်းဝင်ဖို့ လက်နဲ့အမူအယာပြကာ ဖိတ်ခေါ်
လိုက်ပါတယ်။
အခန်းထဲဝင်ဝင်ချင်းမှာ ရှန်ယန်ရှောင်မြင်လိုက်တာက ကျားရေခုံပေါ်မှာ ထိုင်နေတဲ့ လူချောလူငယ်တစ်ယောက်ကို နေပူဆာလှုံနေတဲ့ ကြောင်တစ်ကောင်ပုံစံနဲ့ တွေ့လိုက်ရခြင်းပါ။ပျင်းရိစွာထိုင်နေတဲ့ သူ့နှုတ်ခမ်းပေါ်မှာ ဘာအပြုံးကိုမှ မတွေ့
ရပေမယ့် မျက်လုံးထဲမှာတော့ ပြုံးနေပုံကို တွေ့မြင်ရပါတယ်။(အပြုံးမျက်လုံးပေါ့ဗျာ အပြင်မှာမြင်ဖူးကြမှာပါ)
ရှန်ယန်ရှောင်ကို မြင်တွေ့လိုက်ရတဲ့ ကြူရှီယာဟာအနည်းငယ် ကြောင်သွားပါတယ် နောက်မှပဲ အစောင့်က ဖောက်သည်လေးလို့ ပြောသွားရသလဲဆိုတာကို သဘောပေါက်လိုက်မိပါတယ်။
ပိန်ပါးပြီး အားအင်မရှိတဲ့ ကိုယ်ပေါ်မှာ အဝတ်တွေကို ရိုးရိုးရှင်းရှင်း ဝတ်ထားပါတယ်။သွယ်လျလှပတဲ့ မျက်နှာလေးမှာ ကြည်လင်တဲ့မျက်လုံးတစ်စုံက ကမ္ဘာကြီးရဲ့ ရက်စက်ခက်ခဲမှုကို မသိရှိထားသူတစ်ယောက်လို အပြစ်ကင်းစင်လှပါတယ်။
အရပ်အမြင့်အရဆို ဒီကောင်လေးဟာ သူ့ပုခုံးလောက်ပဲ ရှိမှာဖြစ်ပြီး အသက်အရဆို ၁၃ ၁၄လောက်ပဲ ရှိမှာပါ။အဲ့အတွက် ကောင်လေးကို ဖောက်သည်လေးလို့ ပြောတာ မမှားပါဘူး။
"မင်္ဂလာပါ ကျွန်တော့နာမည်က ကြူမင်လို့ခေါ်ပြီး ဒီလေလံအိမ်ကို ကြီးကြပ်သူပါ။တိုးနယားလေလံအိမ်ကို လေလံတင်ဖို့ အပ်နှံချင်တဲ့ ပစ္စည်းတွေက ဘာပစ္စည်းတွေလဲဆိုတာ သိလို့ရမလားဗျ" အခုလို ဖောက်သည်မျိုးကို ကြူရှီယာကိုယ်တိုင်
မေးမြန်းပြောကြားစေဖို့ ကြူမင်မလုပ်ရဲတာကြောင့် တိုးနယားလေလံအိမ်ကြီးကြပ်သူကဲ့သို့ ဂိုက်မခံရဲတော့ဘဲ မြန်မြန်မေးလိုက်ပါတယ်။
"အိုး ကျွန်တော့ဆီမှာ ခင်ဗျားတို့ကိုလေလံတင်ရောင်းစေချင်တဲ့ အဖိုးတန်ကျောက်မျက်တွေနဲ့ရွှေထည်တွေရှိပါတယ်။တခြားဘာလုပ်စရာတွေ လိုဦးမလဲမသိဘူးနော်"
သူမမှာ ထူးခြားတဲ့ ခံစားချက်တစ်ခုရှိနေပါတယ်။သက်လတ်ပိုင်း လူကြီးက အတွေ့အကြုံရင့်ကျက် တည်ငြိမ်သူတစ်ဦးဖြစ်ပေမယ့် လူငယ်လေးက ပိုပြီး အဆင့်မြင့်တယ်ဆိုတာကို အလိုလို ခံစားသိမြင်နေပါတယ်။
ကြူမင်ပြုံးရင်း ပြောလိုက်တာကတော့"ဘယ်လို ရွှေထည်တွေနဲ့ကျောက်မျက်တွေဖြစ်မလဲ။ဒီကဖောက်သည်လေးအနေနဲ့ တိုးနယားလေလံအိမ်ကို လာတာက ပထမဆုံးအကြိမ်ဖြစ်မယ်ထင်ပါတယ်။ဒါကြောင့်လည်း ကျွန်တော်တို့လိုက်နာ လုပ်
ဆောင်ချက်တွေကို မသိသေးတာပဲ ဖြစ်ရမယ်။ကျွန်တော်တို့ တိုးနယားလေလံအိမ်အနေနဲ့ အလွန်နည်းပါးတဲ့ ပမာဏတစ်ခုလောက်ပဲ ရွှေထည်တွေနဲ့ကျောက်မျက်တွေကို လေလံပစ်တာပါ။အလွန်တန်ဖိုးမကြီးဘူးဆိုရင် သူတို့ကို လေလံတင်မရောင်းပါ
ဘူး"
တိုးနယားလေလံအိမ်ရဲ့ သတ်မှတ်ချက်ကို ဘယ်လိုများထင်နေတာလဲ။တစ်ကယ်လို့သာ ပေါက်စနိုးပေါက်စနလေးတွေအထိ လေလံတင်နေလို့ကတော့ အခုလုပ်နေတာထက် ဆယ်ဆမကအောင် လုပ်နေရမှာပါ။နောက်ပြီးတော့လည်း အဲ့လို
အလှထားပစ္စည်းတွေက တခြားလေလံအိမ်တိုင်းက လေလံတင်ရောင်းချပေးနေသလို သူတို့ တိုးနယားလေလံအိမ်ကတော့ အဲ့လိုပစ္စည်းလေးတွေလောက်ကို စိတ်ဝင်စားမနေပါဘူး။
လွယ်လင့်တကူမရတဲ့ ပစ္စည်းတွေကို လေလံတင်ရောင်းတာမဟုတ်ရင် ဘယ်လိုလုပ်များ နေပြည်တော်ရဲ့ လေလံအိမ်ကြီးသုံးခုအနက်က တစ်ခုဖြစ်နေပါ့မလဲ။
ရှန်ယန်ရှောင် တွေးလိုက်မိတာကတော့ သူမဟာ တိုးနယားလေလံအိမ်ရဲ့ လုပ်နည်းတွေကို မသိရှိတာကိုပါပဲ။သူမအမြင်အရတော့ ခိုးလာတဲ့ဟာတွေအကုန်လုံးက အရည်အသွေးလက်ရာကောင်းမွန်လှသော်လည်း ဒီလောကမှာက ဘယ်လို
သတ်မှတ်ဆုံးဖြတ်ကြသလဲဆိုတာကို သူမ မသိပါဘူး။
"အဲ့အတွက်ကတော့ ကျွန်တော်လည်း မသိဘူး။ပစ္စည်းတွေ ထုတ်ပြမယ်လေ ခင်ဗျားကြည့်လို့ရတာပေါ့ဗျာ"
အဲ့ဒီနောက်မှာတော့ လက်စွပ်ထဲက ပစ္စည်းတွေကို ထုတ်ပြလိုက်ပါတော့တယ်။
အစက ကြူမင်ထင်ထားခဲ့တာက ဒီကောင်လေးအနေနဲ့သာ ပစ္စည်းအနည်းငယ် ထုတ်ပြနိုင်ခဲ့ရင်ကို ဟုတ်လှပြီဟုပင်။
လက်စွပ်ကနေ အဆက်မပျက်ထွက်လာတဲ့ ကျောက်မျက်တွေနဲ့ရွှေထည်တွေဟာ ကြမ်းပြင်ပေါ်မှာ တောင်လိုပုံနေပါတော့တယ်။ကြူမင်ရဲ့မျက်လုံးထဲမှာတော့ အံ့အားသင့်တဲ့ အရိပ်အယောင်တွေပြည့်လျှက်။
ဒီလောက်များပြားတဲ့ ကျောက်မျက်တွေနဲ့ရွှေထည်တွေအတွက် အရည်အသွေးလက်ရာ မကောင်းဘူးဆိုရင်တောင် ပြန်ရမယ့်ငွေပမာဏက မသေးပါဘူး။ကြူမင်ရဲ့ အတွေ့အကြုံအရ အခုပစ္စည်းတွေဟာ ပညာရှင်တွေရဲ့လက်ရာတွေဆိုတာ
လုံး၀ အသေအချာပါပဲ။ကျောက်မျက်တွေအတွက်ကတော့ တစ်လုံးထက်တစ်လုံး ပိုတန်ဖိုးကြီးမားနေသလို အရည်အသွေးကလည်း အမြင့်ပိုင်းထဲကပါ။
ဒီလောက်များပြားတဲ့ တန်ဖိုးကြီးပြီး အရည်အသွေးမြင့်မားလှတဲ့ ပစ္စည်းတွေကို လုံးဝသာမန်ကလေးတစ်ယောက်က ထုတ်ပြလိုက်တာဟာ လူတွေကို ကြောင်အမ်းနေစေမှာပါ။