← Chapters

အခန်း (၄၃၀-၄၃၂)

Vol. 29 Ch. 430-432

အခန်း (၄၃၀-၄၃၂)

Vol. 29 Ch. 430-432

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၃၀)

ဌာနမှူးက ကြူရှီယာအား ရှန်ကျိယီကို ကျောင်းသားသစ်အဆောင်ကို လိုက်ပို့ပေးရန်ပြောလိုက်ပြီး ကြူရှီယာကလည်း လိုက်ပို့ပေးလိုက်ပါတယ်။ ထိုလူစုထဲမှာ သူရင်းနှီးသော မျက်နှာလေးကို တွေ့လိုက်ပေမယ့် ဘာမှမပြောခဲ့ပါဘူး။

ရှန်ကျိယီကတော့ ကြူရှီယာအား တပူးပူးတတွဲတွဲလုပ်ကာ တီတီတာတာအာပလာတွေ ပြောနေခဲ့ပြီး ဟိုကောင်ကတော့ ထုံးစံအတိုင်း ပြုံးပြုံးပြုံးပြုံးနဲ့သာနေခဲ့ပါတယ်။

ကြူရှီယာနာမည်ကိုသိသွားသောအခါတွင် ရှန်ယူကလည်း တိုးနယားမျိုးနွယ်ရဲ့ ကျော်ကြားသောသခင်လေးဖြစ်သူမှန်းသိလိုက်ကာ သမီးဖြစ်သူအတွက် စိတ်ကူးထဲနန်းတော်ဆောက်နေပါတော့တယ်။

ဘာတစ်ခွန်းမှပြန်မပြောခဲ့ပေမယ့် တပြုံးပြုံးလုပ်နေသော ကြူရှီယာအားကြည့်ပြီး အခြေအနေကောင်းတယ်လို့ ရှန်ကျိယီတွေးလိုက်မိသည်။ ကြူရှီယာက အဆောင်အထိလိုက်ပို့ပေးပြီးတာနဲ့ ဆင်ခြေတစ်ခုပြောကာ ထွက်ပြေးပါတော့တယ်။

ရှန်ယန်ရှောင်နဲ့ရှန်စီယူလည်း အဆောင်ကနေပြန်လာရာ လမ်းမှာစကားလက်ဆုံကြလာကြသည်။

ရှန်စီယူက သူ့လက်စွပ်ထဲကနေပြီး ကြည်လင်တောက်ပပြီး လက်မလက်သည်းခွံခန့်ရှိသော အလုံးတစ်လုံးကိုထုပ်ပေးလိုက်သည်။

"ငါက မင်းနားမှာမရှိနိုင်လို့ အမြဲတမ်းဂရုစိုက်ပါ။ လောလောဆယ်အတွင်း ဒီကြယ်ဓာတ်လုံးကို မင်းကိုယ်ပေါ်မှာဝတ်ဆင်ထားဦး"လို့ ရှန်စီယူကပြောသည်။

"ဒီကြယ်ဓာတ်လုံးက ဘာလုပ်တဲ့ဟာလဲ"လို့ သူမကပြန်မေးလိုက်သည်။

"ဘာမှထူးခြားတာတော့မရှိပါဘူး ဒါပေမယ့် မင်းအန္တရာယ်နဲ့ကြုံတဲ့အခါ လက်ဝါးထဲမှာချေပစ်လိုက်ရင် မင်းကို အကူအညီပေးနိုင်ကောင်းပါတယ်"

"ကျေးဇူးပါ အစ်ကိုစီယူ"

"မင်းနဲ့ငါ့ကြားမှာ ကျေးဇူးတင်စရာမလိုပါဘူးလေ"လို့ပြောလိုက်တဲ့ ရှန်စီယူမျက်လုံးထဲမှာ အပြစ်မကင်းသောအရိပ်လေးတစ်ခု ဖြတ်ကနဲပေါ်သွားပေမယ့် ဘယ်သူမှမတွေ့လိုက်ပါဘူး။

"ရှန်ဂျူ ငါတို့ကို မိတ်ဆက်မပေးတော့ဘူးလား"ဆိုသော ဘယ်အချိန်ကရောက်နေမှန်းမသိတဲ့ ကြူရှီယာအသံထွက်ပေါ်လာသည်။

လူချောနှစ်ယောက်ဆုံကြပါပြီ....

နည်းပြကခေါ်နေလို့ဆိုပြီး လစ်ထွက်သွားတဲ့သူက ဘယ်လိုလုပ်ပြီး ဒီနေရာရောက်နေပြန်တာတုန်းလို့ ရှန်ယန်ရှောင်တွေးမိလိုက်သည်။

"ငါက ရှန်စီယူပါ။ တိုးနယားမျိုးနွယ်ရဲ့ တတိယသခင်လေးနဲ့ ဆုံခွင့်ရတာ ဂုဏ်ယူစရာပါပဲ"လို့ ရှန်စီယူက ခပ်သဲ့သဲ့ပြုံးလိုက်ပြီး ကျောက်စိမ်းမျက်နှာမှာ ကြည်နူးဖွယ်အပြုံးတစ်ခု ဖူးပွင့်သွားသလိုပါပဲ။

ပြိုင်ဖက်ကင်းတဲ့ လူချောလူလှနှစ်ယောက်က ပေအနည်းခန့်သာကွာဝေးကြပါတယ်။

သူမရှိနေတာက ဒီမြင်ကွင်းရဲ့အလှတရားကို ဖျက်စီးနေသလိုဖြစ်နေပြီလားဟု ရှန်ယန်ရှောင်တွေးမိသွားပါတယ်။

"ရှန်စီယူလား...ကျနော်က တွေ့ဆုံချင်နေတာ တော်တော်လေးကြာပြီ"ဟုပြောကာ ကြူရှီယာက သူမတို့နှစ်ယောက်စီကို ပျင်းတွဲတွဲနဲ့ လျှောက်လှမ်းလာပါတယ်။ သူ့အပြုံးနဲ့သူ့မျက်လုံးတွေက တစ်ခြားလူတွေကို အရှက်ရသွားအောင်ထိကို ဆွဲဆောင်အားကောင်းလွန်းလှပါတယ်။

"မခံယူဝံ့ပါဘူး။ ကြူရှီယာရဲ့ သူမတူတဲ့ မှော်ပညာအရည်အချင်းနဲ့ စီးပွားရေးအမြင်တို့ကသာ လေးစားမှုကို ခံယူထိုက်တာပါ"လို့ ရှန်စီယူက ပြုံးလျက်သာ သိမ်သိမ်မွေ့မွေ့ပြန်ပြောလိုက်ပါတယ်။

ကြူရှီယာက ရှန်ယန်ရှောင်ရဲ့ စိတ်ရှုပ်နေတဲ့ အသွင်အပြင်ကို တစ်ချက်ကြည့်လိုက်ပြီးတော့ ရှန်စီယူဆီပြန်ကြည့်လိုက်သည်။

"အဲ့ဒါက တော်တော်လွန်လွန်ကြူးကြူးကို မြှောက်ပင့်ထားတာပဲ။ ဇာမဏီမျိုးနွယ်ရဲ့ လူငယ်မျိုးဆက်ကိုကြည့်လိုက်ရင် အစ်ကိုက ထိပ်ဆုံးမှာလေ"

ဘေးမှာရပ်နေရင်းနဲ့ ယောကျ်ားနှစ်ယောက် အပြန်အလှန်မြှောက်ပင့်ချီးကျူးနေကြတာကို ကြည့်မိပြီး သူမမျက်စိမှိတ်လိုက်ပါတယ်။

ဒါက ဘာအထာလဲဟ....

ဇာမဏီမျိုးနွယ်နဲ့တိုးနယားမျိုးနွယ်တို့ ဆက်ဆံရေးက သိပ်မကောင်းဘူးလေ ဒါကို ဒီငနဲသားနှစ်ယောက်က ဘာပြဿနာမှမဖြစ်ကြဘဲ အပြန်အလှန်တောင် ချီးကျူးနေကြလေရဲ့...

"အစ်ကိုရှန်က တော်ဝင်ရိုလန်ကျောင်းကို ရှားရှားပါးပါးရောက်နေတာဆိုတော့ အစ်ကိုရှန်ကို ကြိုဆိုတဲ့အနေနဲ့ ကျနော်က မိတ်ဆုံစားပွဲလေးနဲ့ဧည့်ခံမယ်ဆိုရင် ဘယ်လိုသဘောရလဲမသိဘူး"လို့ ကြူရှီယာက ပြုံးရွှင်ကာပြောလိုက်သည်။

"အဲ့လိုဆိုရင်တော့ အားနာနာနဲ့လက်ခံရတာပေါ့"

ရှန်စီယူက ဖိတ်ကြားမှုကို မငြင်းလိုက်ပါဘူးး။

ရှန်ယန်ရှောင်အနေနဲ့ ဒီငနဲနှစ်ကောင်က သူမမျက်စိနဲ့မမြင်နိုင်တဲ့ ဆက်သွယ်ချက်တွေ လုပ်နေတယ်လို့တောင် ထင်လိုက်မိပါတယ်။ မဟုတ်ဘူးဆိုရင် ဘာဖြစ်လို့ ချက်ခြင်းကြီး စားမယ်သောက်မယ်အထိ အတိုင်အဖောက်ညီသွားမှာလဲနော..

မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အဆင်ပြေလွန်းလှတယ်နော် မင်းတို့မျိုးနွယ်ခေါင်းဆောင်တွေက ဒီအကြောင်းကိုရော သိကြရဲ့လားကွာ...

သုံးယောက်သား လောင်းကစားရုံရှေ့ကို ရောက်တဲ့အခါမှာ ရှန်ယန်ရှောင် ရင်ထဲမှာကျနေတဲ့ မျက်ရည်တွေကို သုတ်ပစ်လိုက်ပါတယ်။

နည်းပြရှီးယွန်ရေ ဒီတစ်ခါလည်း ဌာနကိုမလာနိုင်သေးတဲ့အတွက် ခွင့်လွှတ်ပေးပါဦးနော်။

"လောင်းကစားရုံလား"လို့ ရှန်စီယူက လူတွေကိုကြည့်လိုက်ပြီး အံ့သြဟန်နဲ့ပြောလိုက်ပါသည်။

"အစ်ကိုရှန် စိတ်ဝင်စားမစားတော့ ကျနော်မသိဘူး။ ဒီလောင်းကစားရုံရဲ့ လောင်းကြေးကတော့ ထူးဆန်းတယ် သူတို့က ရွှေပြားတင်လက်ခံတာမဟုတ်ဘဲ တန်ကြေးရှိတဲ့ ဘယ်အရာမဆိုကို လက်ခံကြတယ်လေ"လို့ ကြူရှီယာက ကျောက်စိမ်းယပ်တောင်နဲ့ ယပ်ခပ်ရင်းပြောလိုက်ပါတယ်။

ရှန်စီယူက ရှန်ယန်ရှောင် ကန့်ကွက်မလားလို့ ကြည့်လိုက်တော့ သူမက ခေါင်းညိတ်ပြကာ ဆက်သွားလိုက်ကြပါတယ်။

ရှန်ယန်ရှောင်က ရိုးသားဖြူစင်ကာ ကြင်နာတတ်သောသူမအစ်ကိုကိုကြည့်ပြီး ဒီစီးပွားရေးသမားရဲ့ လှည့်စားချက်ခံလိုက်ရတာကို ဘာပြောရမှန်းမသိဖြစ်နေပါတယ်။

ကြူရှီယာ ဒီငနာကောင်က ငါတို့မိသားစုရဲ့ ပိုက်ဆံတွေကို မျက်စောင်းထိုးရဲတယ်ပေါ့။ ဒီကောင်က တစ်ကယ့်ကို စီးပွားရေးသမားပဲ သူက မိတ်ဆွေအပေါင်းအသင်းတွေကိုတောင် မချန်ပါလား...

ဒါပေမယ့် နောက်နာရီအနည်းငယ်ကြာသောအခါတွင် ရှန်စီယူရှေ့မှာ ရတနာမျိုးစုံတောင်လိုပုံနေတာကိုကြည့်ပြီး တစ်စားပွဲပြီးတစ်စားပွဲကူးပြောင်းကစားကာ အနိုင်ယူနေသော အစ်ကိုဖြစ်သူအား အံ့သြမင်သက်စွာနဲ့ ရှန်ယန်ရှောင်ဆလံပေးလိုက်ပါတယ်။

ကြူရှီယာကတော့ ဒါတွေကို ကြိုသိထားသည့်အလား ဘယ့်နှယ်မှမနေဘဲ သူမပုခုံးအားဖက်ရင်း ကျန်တစ်ဖက်က ယပ်တောင်နဲ့ပါးစပ်ကိုကာရင်း ပြောလိုက်ပါတယ်။

"မင်းရဲ့ဒီအစ်ကိုကြီးက သိပ်မရိုးဘူးနော်"

ရှန်ယန်ရှောင်က တစ်ချက်သာပြန်ကြည့်လိုက်ပြီးတော့ ဘာမှပြန်မပြောခဲ့ပါဘူး။

ယန်းရှီနဲ့ယန်ယုတို့ရောက်လာတဲ့အခါမှာ ဝင်ဝင်ချင်းပဲ ရှန်စီယူရဲ့တောင်လိုပုံနေသော နိုင်ကြေးတွေကိုတွေ့လိုက်ကြရပါတယ်။

"ဒါကယန်ယုပါ သူကတော့ ယန်းရှီပါ"လို့ ကြူရှီယာက ပျင်းရိသောအသံနဲ့ မိတ်ဆက်ပေးလိုက်သည်။

"ဒါကတော့ ရှန်ဂျူရဲ့အစ်ကို ရှန်စီယူပဲ"

"ဟယ်လို"လို့ သုံးယောက်သား အပြန်အလှန်နှုတ်ဆက်လိုက်ပြီး သူတို့စိတ်ထဲမှာတော့ နည်းနည်းအံ့အားသင့်သွားကြပါတယ်။

ယန်ယုနဲ့ယန်းရှီတို့က ရှန်စီယူနာမည်ကို ကောင်းကောင်းသိကြပါတယ်။ ဇာမဏီမျိုးနွယ်ရဲ့ လူငယ်မျိုးဆက်ထဲမှာ ရှန်စီယူတစ်ယောက်သာလျှင် သူတို့မျက်စိထဲဝင်ပါတယ်။ ရှန်ယိဖန်၊ ရှန်ကျိယီနဲ့ကျန်တဲ့လူတွေကတော့ သူတို့အရေးစိုက်ရလောက်အောင်ထိ မဟုတ်ကြပါဘူး။

ရှန်စီယူလည်း သူတို့နှစ်ယောက်ရဲ့နာမည်တွေကို ကောင်းကောင်းသိတာပေါ့။ တိုးနယားမျိုးနွယ်သခင်လေးကို တွေ့ရတော့ သူ သိပ်အများကြီးမတွေးခဲ့ပေမယ့် အခုအခါမှာ နဂါးမျိုးနွယ်နဲ့ ကျားဖြူမျိုးနွယ်တို့ရဲ့ သခင်လေးနှစ်ယောက်ပါ ပါလာပြီဖြစ်ကာ သူတို့တွေရဲ့ စကားပြောပုံအရလည်း ရှန်ယန်ရှောင်နဲ့တော်တော်လေး ဘော်ဒါကျနေပုံပါပဲ။ လိပ်နက်မျိုးနွယ်တစ်ခုပဲ ကျန်ပါတော့တယ်။

ရှောင်လေးက တော်ဝင်ရိုလန်ကျောင်းမှာ လနည်းနည်းပဲနေရသေးတာကို ဒီသခင်လေးတွေနဲ့ တော်တော်ခင်နေပါပြီ။ လိပ်နက်မျိုးနွယ်သခင်လေးတစ်ယောက် အိမ်ပြန်သွားရလို့ မရှိဖြစ်နေတာကို ရှန်စီယူမသိလို့သာပါ သိများသိသွားရင် ညီမဖြစ်သူရဲ့ ပေါင်းသင်းဆက်ဆံရေးကို ဆလံသမိလောက်ပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၃၁)

တစ်ညနေခင်းလုံး ငါးဦးသား နားနေဆောင်ထဲမှာ စကားလက်ဆုံကျနေခဲ့ပြီး ရှန်စီယူကတော့ ပြုံးလျှက်သာ ရှန်ယန်ရှောင်အကြောင်းတွေကို ပြောနေတာအား နားထောင်နေခဲ့ပါတယ်။

တစ်ယောက်ယောက်သာ အခန်းထဲဝင်လာမယ်ဆိုရင် ဒီခန့်ညားချောမောလှပသော အဆင်လေးလေးဦးကြောင့် သူ့မျက်လုံးတွေတောင် ချက်ခြင်းကန်းကောင်းကန်းသွားနိုင်ပါတယ်။

ရှန်ယန်ရှောင်တစ်ယောက်သာ ဒီအမျိုးသားတွေရဲ့ ဆွဲငင်အားကို မခံစားရသူဖြစ်ကာ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ သူမအကြောင်းပြောနေကြတဲ့ ဘက်နှစ်ဘက်အလယ်မှာ ထိုင်နေခဲ့ပါတယ်။

စကားပုံအတိုင်းလိုပေါ့ ချိုကုပ်ရှိရာ ချိုထောင်မလာဘူးဆိုတဲ့အတိုင်း ရှန်စီယူက နည်းနည်းအသက်ကြီးပေမယ့် ထက်မြက်သောလူငယ်တွေပဲဖြစ်တာကြောင့် သူတို့စကားဝိုင်းမှာ ဘာအသက်ကွာခြားမှုမှ ပါဝင်မနေခဲ့ဘဲ စိုပြည်နေခဲ့ပါတယ်။

တစ်ညနေခင်းလုံး ဖောင်ဖွဲ့နေခဲ့တဲ့ စကားဝိုင်းက တော်တော်ပျော်ဖို့ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ နေဝင်ချိန်ရောက်မှသာ အိမ်ပြန်ရတော့မှာဖြစ်လို့ ရှန်စီယူက သူတို့လေးယောက်ကို နှုတ်ဆက်ခဲ့ပါတယ်။

"အစ်ကိုစီယူကို ကျနော့်ကြောင့် ပင်ပန်းစေခဲ့မိပြီ"လို့ ရှန်ယန်ရှောင်က သူမရဲ့ သန့်စင်လှသော အစ်ကိုဖြစ်သူအား တစ်ညနေလုံး ငနာသုံးကောင်ကြောင့် ပင်ပန်းသွားတဲ့အတွက် ပြောလိုက်ပါတယ်။

"ငါ ဒီနေ့တော်တော်လေးပျော်ရပါတယ်ကွ...ဒီလိုသူငယ်ချင်းကောင်းတွေ မင်းမှာရှိနေတဲ့အတွက် ငါစိတ်ချသွားရပြီလေ"လို့ ရှန်စီယူက စိတ်ရင်းနဲ့ပြောလိုက်ပါသည်။

"အစ်ကိုရှန်ရေ နောက်လည်းလာလည်ဦးနော်"လို့ ကြူရှီယာက တံခါးဘောင်ကိုမှီထားရင်းနဲ့ ပြောလိုက်ပါတယ်။

"ဧည့်ခံမှုအတွက် ကျေးဇူးပါပဲ"လို့ ရှန်စီယူ ပြန်ပြောလိုက်သည်။

သူနိုင်ထားတဲ့လောင်းကြေးတွေကို ယူမသွားဘဲ ရှန်ယန်ရှောင်ကိုပဲ ပေးခဲ့လိုက်ပါတယ်။ နေ့တစ်ဝက်အတွင်းမှာပဲ ရှန်စီယူရောက်လာပြီး ပြန်ထွက်သွားခြင်းက နွေဦးလေပြည်လေးလို နွေးထွေးမှုနဲ့လန်းဆန်းမှုကို ပေးစွမ်းခဲ့ပါတယ်။

ကျောခိုင်းထွက်ခွာသွားပြီဖြစ်သော ရှန်စီယူအား သူမ လက်ပြနှုတ်ဆက်နေပြီး ရင်ထဲမှာတော့ ဝမ်းနည်းနေပါတယ်။ အရင်တုန်းက ဘာတွယ်တာမှုမှမရှိခဲ့တဲ့ သူမမှာ အခုဆိုရင် ရှန်ဖန်၊ ရှန်စီယူနဲ့ ငနာလေးကောင်တို့ရယ် သူမရဲ့ဆရာသမားနှစ်ဦးရယ် ရှိနေပြီဖြစ်ကာ သူတို့အားလုံးက သူမရင်ထဲမှာတော့ အဖိုးမဖြတ်နိုင်သော ရတနာတွေဖြစ်နေပါပြီ။

နေ့ရက်တွေကတော့ သွားမြဲအတိုင်းသွားနေခဲ့သည်။ လေးဌာနကို သူမ ပြန်သတင်းပို့ခဲ့ချိန်မှာ ရှီးယွန်က သူမအားဆွဲခေါ်ပြီး ပယ်ပယ်နှယ်နှယ်ဆူပါတော့တယ်။ ရှန်ယန်ရှောင်က တောင်းတောင်းပန်ပန်ပြောတော့မှသာ ရှီးယွန်ရပ်ပါတော့တယ်။

ရှန်ဂေါင်းရှောင်မရှိ ပူလီစီမရှိတဲ့ ဆေးပညာဌာနရဲ့ နေ့ရက်တွေကတော့ သူမအတွက်ရက်ရာဇာတွေချည်းပါပဲ။ ဒါပေမယ့် တန်နာဇီမရှိတော့တဲ့အတွက်တော့ တစ်မျိုးခံစားရပါတယ်။

ရှန်ကျိယီက အမြဲပြုံးနေတတ်တဲ့ တစ်စုံတစ်ဦးကြောင့် သူမအခြေအနေတိုးတက်နေပြီလို့ပဲယူဆကာ နေ့တိုင်းလိုလို ရှန်ယန်ရှောင်ကိုလာကြိုကြတဲ့ ငနာသုံးကောင်နဲ့အတူ ရှိနေခဲ့ပါတယ်။

အဆင်လေးသုံးယောက်က ရှန်ယန်ရှောင်ကို နေ့တိုင်းသွားကြိုခဲ့သလို အရမ်းရင်းနှီးနေကြတဲ့အတွက် ရှန်ကျိယီတစ်ယောက် ရှန်ယန်ရှောင်ကို မနာလိုတဲ့မျက်လုံး သဝန်တိုတဲ့မျက်လုံးတွေနဲ့ လှမ်းကြည့်တတ်ပါတယ်။

ရှန်ယန်ရှောင်ကတော့ ဂရုမစိုက်သလို အလေးလည်းမထားပါဘူး

နှစ်လကုန်ဆုံးသွားခဲ့ပြီးတော့ လောင်းရွှမ်ပြည်ကျောင်းပေါင်းစုံ ပြိုင်ပွဲကြီးစတင်ရန် နှစ်လသာကျန်တော့တာကို တွေးမိပြီး ရှန်ယန်ရှောင်တစ်ယောက် စိတ်ညစ်နေပါတယ်။ မီးတောက်မြက်နဲ့ နတ်ဆိုးဝိဉာည်ပင်တွေက သူမဆီမှာရှိနေပြီဖြစ်ပေမယ့် အရိုးပန်းတော့ အခုထိမရသေးပါဘူး ဒီအတောအတွင်းမှာ သလင်းအမြူတေများစွာကို သခင်ကြီးတစ်ယောက်ကို ကျွေးမွေးခဲ့ပေမယ့် သမုဒ္ဒရာထဲမိုးရွာချသလိုဖြစ်နေကာ ဘာမှအရာမထင်ခဲ့ပါဘူး သူမရဲ့ တားမြစ်အမှတ်ကို ပြိုင်ပွဲမစခင်အတွင်းမှာ ပယ်ဖျက်နိုင်မှဖြစ်မှာပါ။

မဟုတ်ရင် ကျောင်းပေါင်းစုံပြိုင်ပွဲမှာသွားပြီး အရိုက်ခံနေသလိုဖြစ်နေမှာပေါ့။ ကြူရှီယာတို့သုံးကောင်ရဲ့ အဆင့်ကဘယ်လောက်ရှိလဲဆိုတာကို သူမသေချာမသိပေမယ့် အဆိုးဆုံးဖြစ်ရင်တောင် ငနာသုံးကောင်က အကြီးတန်းအဆင့်ကိုတော့ ရောက်နေပြီလို့ သူမသေချာသိနေပါတယ်။ သူတို့သုံးကောင်က တော်ဝင်ရိုလန်ကျောင်းရဲ့ လက်ရွေးစင်တွေလေ။ အဲ့လောက်မှမရှိထားရင် တစ်ခြားကျောင်းကကောင်တွေ ရိုက်တာကိုခံရမှာပေါ့။

အရိုးပန်းအကြောင်း ဘာထူးလဲသိချင်လို့ အမည်းရောင်မြို့ကိုသူမ သွားလိုက်ပါတယ်။ အရိုးပန်းရှိတဲ့နေရာကို သိထားပြီလို့ တူလန်းက သူမကိုသတင်းပေးထားပါတယ်။ ဒါပေမယ့် ဘာမှအကြောင်းမပြန်သေးလို့ ကိုယ်တိုင်သွားမေးမလို့ ထွက်လာခဲ့တာပါ။

ဂူဝံပုလွေတစ်ဖွဲ့လုံး အရိုးပန်းရှိတဲ့နေရာကိုသွားရင်း တစ်ဖွဲ့လုံးပြုတ်ပြုတ်ပြုန်းမယ့် အခြေအနေနဲ့ရင်ဆိုင်ခဲ့ရပြီး တူလန်းက ဒဏ်ရာပြင်းလို့ ကိုမာဝင်နေကာ ကျန်အဖွဲ့သားတွေလည်း လက်ပြတ်သူပြတ် ခြေပြတ်သူပြတ်နဲ့ တော်တော်အခြေအနေဆိုးနေကာ ဝံပုလွေခြောက်ကောင်လည်း ဒဏ်ရာရနေတာကို သူမ သိလိုက်ရပါတယ်။ ဒါတွေအားလုံးက ရွာလေးတစ်ရွာမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး အဖွဲ့သားလေးယောက်ကတော့ ထိုရွာမှာတင်ကျန်ရစ်သေဆုံးခဲ့တယ်လို့လည်း သိလိုက်ရပါတယ်။

သူမကို တွေ့လိုက်ရတော့ ဝံပုလွေခြောက်ကောင်ထဲက ကြမ်းကြုတ်ဝံပုလွေကလွဲရင် ကျန်ငါးကောင်က အမြင်မကြည်သလို ကျန်အဖွဲ့သားတွေကလည်း သိပ်ကြည်ပုံမရပါဘူး။ ဘာလို့လဲဆိုရင် ဒီအဖြစ်က သူမအတွက် တူလန်းက ကျေးဇူးဆပ်တဲ့အနေနဲ့ အခကြေးငွေမယူဘဲ လုပ်ပေးတဲ့အလုပ်ဖြစ်ကာ တစ်ဖွဲ့လုံးပြုတ်မတတ်ဖြစ်ခဲ့ပြီး ခေါင်းဆောင်ဖြစ်သူက အခုထိကို သတိမရသေးတဲ့အတွက်ပါ။

ဒါတွေကို ရှန်ယန်ရှောင် နားလည်သည်းခံနိုင်ပါတယ် တစ်ကယ်လည်း သူမအတွက် ဖြစ်ပျက်ခံစားခဲ့ရလို့ စိတ်မကောင်းဖြစ်နေရပါတယ်။

တူလန်းအခြေအနေမကောင်းတဲ့အတွက် ဘာဆေးလိုအပ်တာလဲလို့ မေးလိုက်တော့ ဝံပုလွေတွေက ပြန်မပြောချင်ပေမယ့်လည်း အကူအညီရလိုရငြားသဘောနဲ့ ပြောခဲ့ပါတယ်။

တူလန်းလိုနေတာက သမားတော်ကြီးအဆင့်ဆေးရည်ဖြစ်ပါတယ်။ သမားတော်ကြီးအဆင့်ဆေးရည်ဆိုတာ တစ်ပုလင်းကို သန်းချီပေးရတာဖြစ်ပါတယ် သူတို့မဝယ်နိုင်ကြပါဘူး။ ရှန်ယန်ရှောင်က ဆေးရည်ရအောင်လုပ်ပေးမယ်ပြောလိုက်ပြီး ရွှေတစ်သိန်းကို ထုတ်ပေးလိုက်ပါတယ်။ အဖွဲ့သားတွေအတွက် အသုံးစရိတ်ရအောင်ဆိုပြီးပေးလိုက်တာပါ။ ဝံပုလွေခြောက်ကောင်လုံး ရွှေတစ်သိန်းကို လွယ်လင့်တကူထုတ်ပေးခဲ့တဲ့ ကလေးလေးကိုကြည့်ကာ ပါးစပ်အဟောင်းသားနဲ့ ကျန်ရစ်ကြပါတယ်။

အဲ့ဒီနောက် ရှန်ယန်ရှောင်လည်း ချက်ခြင်းပဲ ကျောင်းကိုပြန် ရဲချင်ဆီသွားပြီး ဆေးရည်တောင်းပါတော့တယ်။ ရဲချင်ကတော့ သူ့တပည့်ကို တော်တော်ချစ်တဲ့အတွက် ဘာအတွက်လိုလဲဆိုတာကိုတောင် မမေးဘဲ လေးပုလင်းထုတ်ပေးလိုက်ပါတယ်။ ဒီဆေးရည်လေးပုလင်းကို လေလံတင်ရောင်းချမယ်ဆိုရင် လေးငါးသန်းအထိရရှိနိုင်ပါတယ်။ ဒါပေမယ့် ရဲချင်ကတော့ မျက်တောင်တစ်ချက်မခတ်ဘဲ ပေးခဲ့တာဖြစ်ပါတယ်။

ဆေးရည်ရတာနဲ့ သူမလည်း မြို့ကိုပြန်သွားကာ ဂူဝံပုလွေအဖွဲ့စခန်းဆီသွားလိုက်ပါတယ်။ သူမထွက်သွားတာဟာ နေ့တစ်ဝက်တောင်မကြာသေးဘဲ ပြန်ရောက်လာပြီး ဆေးရည်လာပေးတာဖြစ်ပါတယ်။

သူမလက်ထဲက သမားတော်ကြီးဆေးရည်ပုလင်းကိုကြည့်ကာ ဝံပုလွေခြောက်ကောင်လုံး မျက်လုံးတွေထွက်ကျမတတ်ပြူးကျယ်သွားရပါတယ်။ ဒီကလေးက ဘယ်ကနေဆေးရည်ရလာတာလဲ။ ဝယ်မယ်ဆိုရင်တောင် ဒီလောက်တော့ မမြန်နိုင်ဘူးလေ။

ဝံပုလွေခြောက်ကောင်ရဲ့ အမူအယာကိုကြည့်ပြီး ရှန်ယန်ရှောင်က မသဲကွဲစွာပြောလိုက်ပါတယ်။

"ဒါနဲ့မရသေးဘူးဆိုရင် ကျနော့်ဆီမှာ နောက်ထပ်ရှိသေးတယ် ဒါတွေအားလုံးကို ခေါင်းဆောင်တူလန်းကိုတိုက်လိုက်ပေါ့"လို့ပြောကာ ကျန်တဲ့သုံးပုလင်းကို စားပွဲပေါ်တင်ပေးလိုက်သည်။

"ငါ ထင်ယောင်ထင်မှားဖြစ်နေတာတော့ မဟုတ်ပါဘူးနော်"လို့ ပျော့ပြောင်းဝံပုလွေက ရွှေပြားသန်းချီတန်သော ဆေးပုလင်းတွေကို ကြည့်ကာပြောလိုက်ပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၃၂)

ဒီချာတိတ်က တော်ရုံတန်ရုံချမ်းသာတာမဟုတ်ဘူးပဲ။ သမားတော်ကြီးအဆင့်ဆေးရည်တစ်ပုလင်းရဖို့က တော်တော့်ကိုခက်တာဖြစ်ပြီး ဒီကလေးကတော့ လေးပုလင်းကို မြန်မြန်ဆန်ဆန်ရခဲ့ပြီး ထုတ်ပေးခဲ့တာဖြစ်တော့ ဘယ်လိုနောက်ခံမျိုးရိုးရှိလဲမသိဘူး။

သို့ပေမယ့်လည်း ဝံပုလွေခြောက်ကောင် အံ့သြမှုမဆုံးခင်မှာပဲ ရှန်ယန်ရှောင်ကတော့ သူမလက်စွပ်ထဲကနေ တစ်ခြားဒဏ်ရာပျောက်ဆေးရည်တွေကို ရှာဖွေလိုက်ပါတယ်။

သူမ လေ့ကျင့်ပြုလုပ်ထားတဲ့ ဆေးပုလင်းတွေအများကြီးရှိပြီး အများစုကလည်း ဒဏ်ကြေဆေးနဲ့အနာပျောက်ဆေးတွေဖြစ်တယ်လေ။ များမကြာခင်မှာပဲ စားပွဲတစ်ခုလုံး ဆေးပုလင်းတွေနဲ့ပြည့်သွားခဲ့ပါတယ်။

ဝံပုလွေခြောက်ကောင် လုံးဝကိုလန့်ဖျားဖျားသွားရပါတော့သည်။ ဒီဆေးပုလင်းတွေက အလတ်တန်းနဲ့အနိမ့်စားဆေးရည်တွေဆိုပေမယ့် အများကြီးဖြစ်တာကြောင့် ရောင်းမယ်ဆိုရင် တော်တော်ရနိုင်ပါတယ်။ လေလံအိမ်ကို ဝင်ဓားပြတိုက်ရင်တောင် ဒီလောက်များတဲ့ ဆေးပုလင်းတွေရမှာမဟုတ်ပါဘူး။

ဒီအချိန်မှာ ရှန်ယန်ရှောင်ကိုကြည့်တဲ့ သူတို့အကြည့်တွေက ပြောင်းလဲစပြုနေပါပြီ။

သူမရဲ့လိုအပ်ချက်အရ တူလန်းကသွားရောက်ရှာဖွေခဲ့တဲ့ ဒီခရီးမှာ သူတို့အားလုံး ဆုံးရှုံးနာကျင်ခဲ့ရပေမယ့် ဒါတွေအားလုံးက တူလန်းရဲ့ကတိကဝတ်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီတော့ သူတို့အနေနဲ့ ရှန်ယန်ရှောင်ကို အမြင်မကြည်မလင်ဖြစ်နေပေမယ့် သိပ်အဆိုးကြီးမဟုတ်သလို အခု ရှန်ယန်ရှောင်ရဲ့ လုပ်ဆောင်ချက်ကြောင့် သူတို့တွေ ရင်ထဲထိခိုက်သွားပါတယ်။

နေ့တစ်ဝက်သာကြာသေးပေမယ့် ရှန်ယန်ရှောင်ကတော့ ခြောက်သန်းခုနှစ်သန်းလောက်တန်တဲ့ ဆေးပုလင်းတွေကို ယူလာပေးခဲ့ပါတယ်။ ရွှေပြားခြောက်သန်းခုနှစ်သန်းနော် နည်းနည်းနောနော မဟုတ်ပါဘူး။

ဂူဝံပုလွေတစ်ဖွဲ့လုံး မစားမသောက်ဘဲ အလုပ်လုပ်မယ်ဆိုရင်တောင် ဒီပမာဏကိုရဖို့အတွက် ခြောက်နှစ်ခုနှစ်နှစ်လောက် လုပ်ယူရမှာပါ။

ဘာကိုမှ မမျှော်လင့်ထားဘဲ လုပ်ပေးတဲ့အလုပ်တစ်ခုအတွက် တစ်ဖက်လူက သူ့စိတ်အလိုအရကို တစ်စုံတစ်ခုပြန်ပေးခဲ့တယ်ဆိုရင် လုပ်ပေးရတဲ့သူတွေအဖို့ တော်တော်ကျေနပ်စရာဖြစ်ပြီး ဒီကိစ္စလိုမျိုးပါပဲ။

သူတို့စိတ်ထဲမှာ ရှန်ယန်ရှောင်အပေါ် အမြင်မကြည်လင်တာမရှိတော့ပါဘူး။ သူတို့အနေနဲ့ ရှန်ယန်ရှောင်လုပ်ပေးခဲ့တာတွေကို ကျေးဇူးအရမ်းတင်သွားကြပါတယ်။

တူလန်းဆေးရည်တွေ သောက်ပြီးသွားတော့ သူ့အခြေအနေက တော်တော်လေးကောင်းသွားပါတယ်။ နတ်ဆိုးဝံပုလွေက သမားတော်ကိုခေါ်ကာ စစ်ဆေးခိုင်းတော့ တူလန်းဟာ အခြေအနေဆိုးမဟုတ်တော့ဘဲ နောက်တစ်ရက်လောက်နေရင် ပြန်သတိရလာနိုင်တယ်လို့ ပြောခဲ့ပါတယ်။

လက်ရှိဂူဝံပုလွေအဖွဲ့ရဲ့ ဖြစ်အင်က သူမပရောဂမကင်းတာကြောင့် တူလန်းသတိရတဲ့အထိ စောင့်နေပြီးမှပဲ ကျောင်းကိုပြန်တော့မယ်လို့ ရှန်ယန်ရှောင်ဆုံးဖြတ်လိုက်သည်။ ဇာမဏီငှက်နေနေတဲ့ ဟိုတယ်ကိုမသွားခင်မှာ တူလန်းသတိရလာတဲ့အခါ လာပြောဖို့အတွက် လိပ်စာပေးခဲ့လိုက်ပါတယ်။

ဟိုတယ်ဆီသွားနေတဲ့လမ်းမှာ ဟိုတယ်တံခါးဝကနေပြီး မီးခိုးတွေထွက်နေတာကို သူမ မြင်လိုက်တော့ ရင်ထဲထိတ်ကနဲဖြစ်သွားပါတော့တယ်။

ဟိုတယ်ရဲ့ မြေညီထပ်က စားသောက်ဆိုင်ဖွင့်ထားတာဖြစ်ပြီး စားသောက်ဆိုင်မှာ မီးလောင်နေတာဖြစ်ပါတယ်။ ရှန်ယန်ရှောင်ကိုမြင်လိုက်တဲ့ ဟိုတယ်ပိုင်ရှင်ဟာ ကျားတစ်ကောင်လို ခုန်ပြေးလာပါတယ်။

"ဧည့်သည်တော်လေးရေ ကျေးဇူးပြုပြီးတော့ မင်းသူငယ်ချင်းကို ခေါ်သွားပါတော့ ငါ့စီးပွားရေးလုပ်ငန်းလေးက ဒီလောက်မခံနိုင်တော့ဘူး။ တည်းခိုခတွေလည်း မယူတော့ပါဘူး"လို့ပြောလိုက်ပါတယ်။

ပိုင်ရှင်ဖြစ်သူကို နှစ်သိမ့်ဖြောင်းဖြလိုက်ပြီး ဒုတိယထပ်ကို သွားလိုက်ပါတယ်။ အခန်းတံခါးကို ကန်ဖွင့်လိုက်ကာ အခန်းထဲမှာရှိမယ့် နှစ်ကောင်ကိုရှာလိုက်ပါတယ်။

ဇာမဏီငှက်က လေထဲမှာလွင့်နေကာ သူ့လက်တွေက ဖီးနစ်ပေါက်လေးကို ဖြစ်ညှစ်ထားပြီး မျက်လုံးတွေကတော့ ရှန်ယန်ရှောင်ကို ကြောင်အအနဲ့ကြည့်နေခဲ့ပါတယ်။

ဖီးနစ်ပေါက်လေးကတော့ သူ့တောင်ပံလေးနှစ်ခုနဲ့ အတင်းရုန်းကန်နေတာဖြစ်ပြီး ရှန်ယန်ရှောင်ကို တွေ့လိုက်တာနဲ့ ရုန်းနေတာကိုရပ်လိုက်ပြီး လေထဲမှာတင် တောင့်တောင့်ကြီးလိုဖြစ်သွားပါတယ်။

ရှန်ယန်ရှောင်က တံခါးကိုကန်ပိတ်လိုက်ပါတယ်။ ရှန်ယန်ရှောင်နောက်ကနေ လိုက်လာခဲ့တဲ့ ပိုင်ရှင်ဖြစ်သူကတော့ ပိတ်သွားတဲ့တံခါးကို ကြည့်နေလိုက်မိပြီး နောက်ခနအတွင်းမှာပဲ ကလေးလေးတစ်ယောက်ရဲ့ အော်ဟစ်ငိုကြွေးသံကို ကြားလိုက်ရပါတယ်။

"မင်း...ငါ ရှင်းပြပါရစေဦး...ဟေး...ငါရှင်းပြမယ်လေ...မလုပ်နဲ့...ငါ့နားရွက်ကို မဆွဲတော့နဲ့လေ...မင်းလုပ်...အား...အား"

ဒီငိုကြွေးသံတွေကိုကြားလိုက်ရတဲ့ ပိုင်ရှင်ဖြစ်သူ တစ်ကိုယ်လုံး ကြောက်စိတ်တွေလွှမ်းခြုံသွားကာ တံတွေးမြိုချလိုက်ပြီးတော့ အောက်ထပ်ကိုမြန်မြန်ပြန်ဆင်း၍ မီးသာသွားငြှိမ်းလိုက်ပါတော့တယ်။

အခန်းထဲမှာတော့ ရှန်ယန်ရှောင်က ခုံတစ်လုံးပေါ်မှာ ခြေချိတ်ထိုင်နေကာ လက်ပိုက်လျက်သားနဲ့ဖြစ်ပါတယ်။ သူမမျက်နှာကတော့ မှုန်သုန်နေခဲ့ပြီး လေထဲမှာ ဒူးထောက်နေခဲ့သော ဒဏ္ဍာရီသတ္တဝါတစ်ကောင်နဲ့ ထိုသတ္တဝါခေါင်းပေါ်မှာ ထိုင်ချနေတဲ့ ရူးကြောင်ကြောင်ဖီးနစ်ငှက်ပေါက်ရယ်ကို ဒေါသမျက်လုံးနဲ့စိုက်ကြည့်နေခဲ့ပါတယ်။

ဖီးနစ်ငှက်၏ နားရွက်က လောလောလတ်လတ်ခံစားထားရလို့ နီရဲနေပါတယ်။ သခင်ဖြစ်သူကို ခိုးကြည့်နေတဲ့ မျက်လုံးတွေထဲမှာ အပြစ်ရှိတဲ့အမူအယာတွေ ပါဝင်နေတာကို တွေ့နိုင်ပါတယ်။ ဖီးနစ်ပေါက်လေးကတော့ အန္တရာယ်ကို သိမြင်ပုံမရဘဲ သနားဖွယ်တစ်ယောက်နဲ့ ဒေါသအိုးတစ်ယောက်တို့အား တစ်လှည့်စီကြည့်နေခဲ့ပါတယ်။

"ဒါ ပထမဆုံးဖြစ်တာလား"လို့ ရှန်ယန်ရှောင်က မျက်လုံးမှေးကာ သွားကြားထဲကလေသံဖြင့်ပြောလိုက်သည်။

"ပထမ..အာ..."လို့ တုန်ခါသွားတဲ့ ဇာမဏီငှက်ကပြန်ပြောလိုက်သည်။

"ဟမ်.."လို့ပြောလိုက်တဲ့ ရှန်ယန်ရှောင်အမူအယာက ပိုဆိုးသွားပါတယ်။

ဇာမဏီငှက်က ချက်ခြင်းရပ်လိုက်ပြီး ထစ်ငေါ့စွာပြောလိုက်ပါတယ်။

"...ခုနှစ်ကြိမ်မြောက်ပါ..."

"ခုနှစ်ကြိမ်တောင်...မင်းက ဒီတစ်လအတွင်းမှာ မီးခုနှစ်ကြိမ်ရှို့တယ်ပေါ့။ ဒီဟိုတယ်တစ်ခုလုံးကို ပြာကျသွားစေချင်နေတာလား"

ရှန်ယန်ရှောင်က ဇာမဏီငှက်ရဲ့ သနားစဖွယ်မျက်နှာပေးကို ကြည့်ပြီး ပေတော်တော်ဝေးတဲ့အထိ လွင့်သွားအောင် ရိုက်ပစ်ချင်စိတ်ပေါက်သွားပါတယ်။

ဇာမဏီငှက် ခေါင်းကိုငုံ့လိုက်ပါတယ်။ သူ့သခင်ရဲ့ ဒေါသအောက်မှာ သူက အပြစ်ရှိသူဖြစ်နေပါတယ်။

"ငါ...ငါ ရည်ရွယ်ချက်မရှိပါဘူး..."လို့ ဇာမဏီငှက်က ရေရွတ်လိုက်ပါတယ်။

"သြော်..ဒါဆိုရင် တစ်ခြားလူရဲ့ဆိုင်ကို မင်းက ဘာလို့မီးရှို့ရတာလဲ ငါ့ကိုပြောကြည့်"လို့ ရှန်ယန်ရှောင်က မဲ့ကာပြောလိုက်သည်။

"ဒီကောင်လေးကို အပြစ်တင်ရမှာ။ တစ်နေရာလုံးကို လျှောက်ပြေးနေတာကို ထည့်မပြောတော့ပါဘူးလေ ဒါပေမယ့် ငါထမင်းစားဖို့ အောက်ကိုသွားတိုင်း ဒီကောင်လေးက ပြဿနာတွေရှာတယ်လေ"

ဖီးနစ်ငှက်လေးကတော့ သူ့ကိုအပြစ်ပုံချခံလိုက်ရတာကို မသိဘဲ ချစ်စဖွယ်အမူအယာနဲ့ ကျီကျီကျာကျာအော်နေခဲ့ပါတယ်။

"ပြဿနာရှာတယ်..ငါ့ကိုပြော သူ ဘာတွေလုပ်လဲလို့"

"ဒီကောင်လေးက ရုပ်ဆိုးလွန်းတော့ တစ်ခြားလူတွေအကုန်လုံး ကြောက်လန့်ကုန်ကြတယ်လေ။ သူတို့က တစ်နေ့လုံး ထူးဆန်းတဲ့အသံတွေနဲ့ ငိုကြွေးနေကြတော့ ငါ ထမင်စားဖို့တောင် အဆင်မပြေတော့ဘူး...အဲ့ဒါကြောင့် ငါသူ့ကို အပြစ်ပေးရတာပဲ"

"ထူးဆန်းတဲ့အသံနဲ့ငိုကြတယ်"လို့ ပြောလိုက်သော ရှန်ယန်ရှောင်က ဇာမဏီငှက်ကို တစ်ချက်မှမယုံကြည်ပါဘူး။

All Chapters