← Chapters

အခန်း (၁၉-၂၁)

Vol. 2 Ch. 19-21

အခန်း (၁၉-၂၁)

Vol. 2 Ch. 19-21

ကောင်းကျိုးမပေးသော သမီးပျို

မူရင်းစာရေးဆရာ - North Night

မူရင်းဝတ္ထု -The Good for Nothing Seventh Young Lady

ဘာသာပြန် -NEVER

အခန်း (၁၉)

အခုအဖြစ်အပျက်ဟာ သူမကိုယ်သူမ ဘာကောင်မှမဟုတ်သေးတဲ့အကြောင်း လေးနက်စွာ သတိပေးလိုက်သလိုပါပဲ။ရှန်ဂျန်နဲ့ရှန်ယူတို့ ရှေ့မှာပဲဖြစ်ဖြစ် ဇာမဏီမိသားစုကဲ့သို့သော အင်အားကြီးအဖွဲ့အစည်း တစ်ခုနဲ့ပဲဖြစ်ဖြစ် သူမဟာ ခုခံရုန်းကန်နိုင်တဲ့ အင်အား မရှိခဲ့ပါဘူး။

သူမလုပ်နိုင်တာတစ်ခုကတော့ သူမရဲ့ဝှက်ဖဲဖြစ်တဲ့ တားမြစ်အမှတ်ကို မြန်မြန်ဆန်ဆန် ပြန်ဖွင့်ပြီး သူမကို ပိုစွမ်းအားရှိလာစေဖို့ လုပ်ရမှာပါ။အဲ့နောက်မှာတော့ ဒီနေ့အတွက် သူမ ထိတ်လန့်ခဲ့ရတာတွေအတွက် ပြန်ပေးဆပ်ရမှာပါ။

သူမဟာ သူတို့နဲ့ ဘာမှမသက်ဆိုင်သူတစ်ယောက်လို ပြောဆိုဆက်ဆံခဲ့ကြပြီး ရှန်ယန်ရှောင် ဘာမှမဖြစ်ခဲ့ရတာက သူမရဲ့ အစ်ကိုဖြစ်သူ သားသမီးကို ကာကွယ်တဲ့ မိဘတစ်ယောက်လို အပြင်းအထန် ကာကွယ်ပေးခဲ့လို့ပါပဲ။

သူမရဲ့အရင်ဘဝမှာ သူမဟာ မိဘမဲ့တစ်ယောက်ဖြစ်ခဲ့ပါတယ်။သူမ ငယ်စဉ်တည်းက မြို့ကြီးထဲမှာ ပြေးလွှားရှင်သန်ခဲ့ရပါတယ်။သူမ စားဖို့ဝတ်ဖို့ ရတာတွေက သူများဟာတွေကို ခိုးယူနိုင်တဲ့ သူမအစွမ်းကြောင့်ပါ။သူမ ၁၅နှစ်

ရောက်တဲ့အခါမှာတော့ အဖွဲ့တစ်ခုကနေ သူမကို လေ့ကျင့်သင်ကြားပေးဖို့ ခေါ်ယူခံခဲ့ရပါတယ်။

အဖွဲ့ထဲမှာ သူမသေတာရှင်တာ ဂရုစိုက်မယ့်သူလည်း မရှိခဲ့ပါဘူး။သူမခေါ်ယူခံရကာစမှာ အခြား မိဘမဲ့ကလေး ၁၀၀ကျော်နဲ့အတူတူ ခေါ်ဆောင်ခံခဲ့ရပါတယ်။သုံးနှစ်ကြာ လေ့ကျင့်သင်ကြား ပြီးချိန်မှာတော့ သူမ အပါအဝင် စုစု

ပေါင်း သုံးဦးသာ အသက်ရှင် ကျန်ရစ်ခဲ့ပါတော့တယ်။

သူမကို ဂရုတစိုက် ချစ်ခင်စွာ စောင့်ရှောက်ပေးခံရမှုမျိုးကို ပထမဆုံးအကြိမ်အဖြစ် ကြုံတွေ့ရမှုက သူမအား တုန်လှုပ်စေခဲ့ပါတယ်။

ရှန်စီယူရဲ့ ရန်သူတစ်သောင်းကို သူတစ်ယောက်တည်းနဲ့ ကျော်ဖြတ်နိုင်သကဲ့သို့ ရဲရင့်တည်ငြိမ်မှုက ရှန်ကျီယီနဲ့ရှန်ကျီေ၀ မဆိုထားနှင့် ရှန်ယူနှင့်ရှန်ဂျန်တို့ကိုပင် ရှိန်နေစေပါတယ်။အဲ့ဒါကြောင့်လည်း မောင်နှမနှစ်ယောက်ဟာ

ရှန်စီယူကို တစ်ချက်သာကြည့်လိုက်ပြီး မမြင်ကွယ်ရာမှာ သွားတိမ်းနေပါတယ်။

အစကတော့ ရှန်ကျီယီဟာ သူမကို လူငယ်လေးတွေက ဘယ်လောက်အရေးပေး ဆက်ဆံနေသလဲဆိုတာကို ရှန်စီယူသိအောင် ပြချင်ခဲ့ပါတယ်။ရှန်စီယူကတော့ ရှန်ယန်ရှောင်ကိုခေါ်ဆောင်ကာ အားလုံးကို လျစ်လျူရှုလျက်

ထွက်ခွာသွားပါတယ်။သူမကိုလည်း တစ်ချက်လေးမှ စောင်းငဲ့မကြည့်ခဲ့ပါဘူး။သူမနှုတ်ဆက်လိုက်တဲ့ "အစ်ကိုရှန်စီယူ နေကောင်းလား"ဆိုတာကပင် လေထဲမှာပဲ ပျောက်ကွယ်လွင့်မျောသွားရပါတယ်။

ရှန်စီယူမျက်လုံးထဲမှာ မိသားစုခေါင်းဆောင် ရှန်ဖန်နဲ့ ရှန်ယန်ရှောင်တို့နှစ်ဦးသာ ရှိပြီး ကျန်တာတွေကို သူဂရုစိုက်မနေပါဘူး။

အဲ့လူတွေကို သူ့အနေနဲ့ စောင်းငဲ့တောင်မကြည့်ချင်ပါဘူး။

ရှန်စီယူ ပြန်ရောက်လာမှုနဲ့အတူ ပါလာတာက ရှန်ယန်ရှောင်ရဲ့ အခန်းကျဉ်းလေးနဲ့ မဆံ့အောင် များပြားလှတဲ့ မုန့်ပဲသရေစာတွေနဲ့ ကစားစရာအရုပ်တွေပါပဲ။ရှန်စီယူဟာ ရှန်ဖန်ရဲ့ ခေါ်ယူထားမှုကြောင့် မအားလပ်ဘဲ ရှန်ယန်ရှောင်

ကို အဖော်ပြုမပေးနိုင်သေးပါဘူး။

ကုတင်ပေါ်မှာထိုင်နေရင်းတဲ့ ရှန်ယန်ရှောင်ကို နှုတ်ခမ်းတွန့်စေခဲ့တာက စားပွဲပေါ်မှာ တောင်လိုပုံနေတဲ့ မုန့်တွေနဲ့ ကစားစရာတွေပါပဲ။

မုန့်တွေကို သူမနားလည်ပေးလို့ ရပါသေးတယ်။ဒါပေမယ့် ကစားစရာတွေကတော့ မူကြိုကလေးအရွယ် ဆော့တဲ့ဟာတွေပါ။ဘယ်လောက် ရီစရာ ကောင်းလိုက်သလဲ။

ဒါကို ကြည့်ခြင်းအားဖြင့် ရှန်စီယူဟာ ရှန်ယန်ရှောင်ကို ကလေးလေးတစ်ယောက်လို အလိုလိုက် စောင့်ရှောက်ပေးခဲ့တာကို သိနိုင်ပါတယ်။ဒါပေမယ့် အခုရှန်ယန်ရှောင်က အရွယ်ရောက်ပြီးသား လူတစ်ယောက်ရဲ့ စိတ်ဝိဉာည်နဲ့

ဖြစ်နေပြီလေ။ဒီကလေးကလား အရုပ်တွေအတွက် ငိုရမလိုရီရမလိုဖြစ်နေရင်း သူမတတ်နိုင်တာဆိုလို့ တိတ်တိတ်လေးပဲ ဆုတောင်းနေဖို့ပါ။

ရွှေတို့ငွေတို့ မဟုတ်ရင်တောင် ပြန်ရောင်းစားလို့ရတဲ့ လက်ဝတ်ရတနာလေးတွေဆိုရင် တော်သေးတယ်။

ရှန်ယန်ရှောက်တစ်ယောက် နှလုံးသားထဲက မျက်ရည်တွေကို သုတ်ဖယ်ပစ်နေတုန်းမှာ ရှန်စီယူရဲ့ ဂရုမထားမှုကိုခံခဲ့ရတဲ့ ရှန်ကျီယီဟာ ဒေါသတစ်ကြီးနဲ့ ဝင်ရောက်လာပါတယ်။

အခန်းထဲရောက်ရောက်ချင်း တွေ့လိုက်ရတဲ့ လက်ဆောင်ပစ္စည်းတွေကြောင့် ရှန်ကျီယီရဲ့ ဒေါသမျက်ဝန်းဟာ မနာလိုစိတ်ကြောင့် နီရဲသွားရပါတယ်။

"မင်းလို အရူးငတုံးမတစ်ယောက်က အစ်ကိုစီယူရဲ့ ဂရုစိုက်မှုကို ခံယူရမှာလဲ။မင်းက လုံး၀ အမှိုက်သရိုက်ပဲ။အိမ်တော်အတွင်းက အနိမ့်ဆုံး အစေခံကတောင် မင်းထက် အဆတစ်ရာ ပိုသန်မာသေးတယ်။မင်းက အစ်ကိုစီယူရဲ့

ပစ္စည်းတွေနဲ့ လုံးဝမှ မထိုက်တန်ဘူး"

လက်သီးကို တင်းတင်းဆုပ်လိုက်ရင်း ရှန်ယန်ရှောင်ကို ကြည့်နေတဲ့ ရှန်ကျီယီဟာ ဒေါသစိတ်ကြောင့် အဆင်အခြင်မဲ့နေပါပြီ။သူမမျက်လုံးထဲမှာလည်း လက်သင့်မခံလိုစိတ်တွေ ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။

ဘယ်လိုမှ ကြည့်ပျော်ရှုပျော် မရှိတဲ့ ရှန်ယန်ရှောင်မျက်နှာကို ကြည့်မိကာ ရှန်ကျီယီတစ်ယောက် ပို၍ဒေါသဖြစ်လာရပါတယ်။

သူမက ဒီအရူးမထက် ပိုလှပ ပိုထက်မြက်သူပါ။အဲ့ဒါကို ဘာလို့ ရှန်စီယူရဲ့ မျက်လုံးထဲမှာ သူမမရှိဘဲ ဒီငတုံးမကိုပဲ အလေးပေး ဂရုစိုက်နေရတာလဲ။သူမအနေနဲ့ ဒီငတုံးမကို အရေးနိမ့်တာ လုံးဝလက်သင့်မခံနိုင်သလို အရှုံးလည်း

မပေးနိုင်ပါဘူး။

 ကောင်းကျိုးမပေးသော သမီးပျို

မူရင်းစာရေးဆရာ - North Night

မူရင်းဝတ္ထု -The Good for Nothing Seventh Young Lady

ဘာသာပြန် -NEVER

အခန်း (၂၀)

ရှန်ကျီယီဟာ ခြေလှမ်းမြန်မြန်နဲ့ စားပွဲခုံရှိရာကို သွားလိုက်ပါတယ်။အဲ့ဒီနောက်မှာ သူမလက်ကို မတင်လိုက်ကာ လက်ဝါးဖြန့်လိုက်ပါတယ်။အလွန်သေးငယ်တဲ့ မီးတောက်လေးဟာ သူမလက်ဝါး အလယ်မှာ ထွက်ပေါ်တောက်လောင် နေပါ

တယ်။

အဆင့်၆ကို မရောက်သေးတဲ့ မှော်အတတ်လေ့ကျင့်သူတွေ သင်ယူတတ်မြောက်နိုင်တဲ့ မှော်စွမ်းအင် အသုံးပြုနိုင်တဲ့ နည်းတွေက အလွန်နည်းပါးပါတယ်။အခု ရှန်ကျီယီ အသုံးပြုလိုက်တဲ့ မီးတောက်အတတ်ဟာ ထိုရေတွက်နိုင်တဲ့ ပညာ

ရပ်တွေထဲက တစ်ခုပါပဲ။

"ဒီလက်ဆောင်တွေက မင်းနဲ့မအပ်စပ်ဘူး"

မနာလိုမှုနဲ့အတူ ရှန်ကျီယီဟာ ထိုမီးလုံးကို ပစ်လွှတ်လိုက်ပါတယ်။စားပွဲပေါ်က တောင်လိုပုံနေတဲ့ လက်ဆောင်တွေဟာ ကျယ်လောင်တဲ့ အသံနှင့်အတူ နီရဲတောက်ပနေတဲ့ မီးတောက်တွေဝါးမြိုခြင်း ခံလိုက်ရပါတော့တယ်။မျက်စိတစ်မှိတ်

အတွင်းမှာပဲ ချိုမြိန်တဲ့ အနံ့တို့ပေးနေတဲ့ မုန့်တွေနဲ့ကစားစရာတွေဟာ လောင်ကျွမ်းမှုကြောင့် ပြာကျသွားပါတယ်။

အစကနေအဆုံးထိ ဘာတုံ့ပြန်မှုမှ မရှိတဲ့ ရှန်ယန်ရှောင်ဟာ ကုတင်ပေါ်မှာထိုင်နေရင်းနဲ့ပဲ မနာလိုစိတ်ကြောင့် နှာတင်းနေတဲ့ ရှန်ကျီယီကိုပဲ ကြည့်နေပါတယ်။

လောင်နေတဲ့ အရာတွေဟာ ရှန်ယန်ရှောင်ဟာတွေ မဟုတ်ရဘူးလို့ ရှန်ကျီယီတစ်ယောက် ငြင်းဆန်နေဆဲပါပဲ။ရှန်စီယူက ရှန်ဖန်ဆီသွားတွေ့နေတဲ့အတွက် ဇာမဏီမိသားစု တစ်ခုလုံးမှာ ရှန်ယန်ရှောင်ရဲ့အခန်းကို လာမယ့်သူ တစ်ယောက်မှ

မရှိတာကို သူမနားလည်ထားပါတယ်။ဒါကြောင့် အခုအချိန်အတွင်းမှာ ရှန်ယန်ရှောင်ကို သူမဘာပဲလုပ်လုပ် တားဆီးမယ့်လူ မရှိပါဘူး။

မနာလိုမှုနဲ့လက်မခံနိုင်မှု တွေက ရှန်ကျီယီကို ရှန်ယန်ရှောင်ဆီသို့ တရွေ့ရွေ့သွားစေရန် တိုက်တွန်းလှုံ့ဆော်နေပါတယ်။သူမရဲ့ရှန်ယန်ရှောင်ထက် အနည်းငယ်ပိုရှည်တဲ့ အရပ်ကိုအခွင့်ယူကာ ရှန်ယန်ရှောင်၏ လည်ပင်းကိုဆွဲကာ တောက်

လောင်နေဆဲဖြစ်တဲ့ မီးတောက်ရှိရာသို့ ကုတင်ပေါ်မှဆွဲချပြီး ကြမ်းတမ်းစွာ ခေါ်ဆောင်သွားပါတယ်။

"ဒီလို ရုပ်ဆိုးဆိုး ငတုံးမတစ်ယောက် ဆံပင်တွေ မျက်ခုံးမွှေးတွေ လောင်ကျွမ်းသွားပြီးရင် အစ်ကိုစီယူတစ်ယောက် မင်းအပေါ် သနားနေပါဦးမလား ဆိုတာကို ငါတစ်ကယ်သိချင်နေမိတယ်"လို့ ရှန်ကျီယီက ခက်ထန်စွာ ပြောလိုက်ပါတယ်။အ

ပြင်တံခါးဝမှာ ရှန်ကျီဝေက စောင့်နေပေးတာကြောင့် တခြားတစ်ယောက်ယောက်က ဒီအဖြစ်ကိုတွေ့မြင်မှာကို သူမ ပူပန်နေစရာ မလိုပါဘူး။တစ်ယောက်ယောက်က သိသွားခဲ့ရင်တောင်မှ ရှန်ယန်ရှောင်ရဲ့ နမော်နမဲ့နိုင်မှုကြောင့် ဖယောင်းတိုင်ကနေ လဲ

ကျပြီး မီးလောင်ကာ သူမကိုလောင်ကျွမ်းသွားတာလို့ပဲ တွေးလိုက်ကြမှာပါ။

ဒီငတုံးမ သေတာရှင်တာကို ဘယ်သူမှဂရုမစိုက်လို့ သူမကိုလည်း ဘယ်သူမှ သံသယဖြစ်နေမှာ မဟုတ်ပါဘူးလေ။

ရှန်စီယူက လွဲလို့ပေါ့။

အခုခေတ် ကလေးတွေဟာ ပိုပို ရက်စက်ကြမ်းတမ်းလာကြပါပြီ။ရှန်ယန်ရှောင်ကတော့ ရှန်ကျီယီ ဆွဲခေါ်သွားတဲ့ မီးတောက်ရှိရာဆီကို တုံးအစွာ လိုက်နေတုန်းပါပဲ။သို့သော်လည်း သူမမျက်လုံးထဲမှာတော့ ရက်စက်လိုမှုတွေကို လက်ကနဲ မြင်

တွေ့လိုက်ရပါတယ်။

တဖြည်းဖြည်းနီးကပ်လာတော့ အရေပြားအတွင်းထိ ပူလောင်စေတဲ့ အပူဒါဏ်ကို ခံစားမိပါတယ်။ရှန်ယန်ရှောင်ဟာ မတုန်မလှုပ်ဖြစ်နေတဲ့ ရှန်ကျီယီကိုတစ်လှည့် တောက်လောင်နေတဲ့ မီးတောကိုတစ်လှည့် ကြည့်လိုက်ပါတယ်။သူမရဲ့ နှင်းဆီ

ရောင် နှုတ်ခမ်းလေးဟာ အပေါ်သို့ ကွေးတက်သွားပြီး ရက်စက်ယုတ်မာတဲ့ အပြုံးအဖြစ်သို့ ပြောင်းလဲသွားပါတော့တယ်။

ဒြပ်မဲ့စွမ်းအားတစ်ချို့ဟာ သူမလက်ချောင်းထိပ်မှာ စုဝေးလာကာ မီးတောက်လေးအဖြစ်သို့ ပြောင်းလဲသွားပါတယ်။ရှန်ယန်ရှောင်ရှေ့မှာရှိနေတဲ့ ရှန်ကျီယီတစ်ယောက်ကတော့ သူမနောက်မှာ ဘာဖြစ်နေလဲဆိုတာကို မသိခဲ့ပါဘူး။

မီးလောင်နေတဲ့ စားပွဲရှေ့ကို ရောက်လာတဲ့အခါမှာ ရှန်ယန်ရှောင် နှုတ်ခမ်းပေါ်က ရက်စက်တဲ့အပြုံးက ပိုပီပြင်လာပါတယ်။အလွန်သေးငယ်တဲ့ မီးစလေးက လေးညှို့ကလွှတ်လိုက်တဲ့ မြှားတစ်စင်းလို ပြေးထွက်သွားပါတော့တယ်။

ရှန်ယန်ရှောင်ကို မီးတောက်ထဲသို့ ဆွဲချမယ်လုပ်တဲ့ အချိန်မှာပဲ ရှန်ကျီယီဟာ သူမတံခေါက်ကွေးက စူးရှတဲ့နာကျင်မှုကို ခံစားလိုက်ရပါတယ်။ဘာကိုမှ သတိမထားမိခဲ့ မကာကွယ်ထားတဲ့ သူမဟာ ဟန်ချက်ပျက်ကာ ထိတ်လန့်စွာနဲ့ပဲ မီးထဲကို

ကျရောက်သွားပါတော့တယ်။

မီးတောက်မီးလျှံတွေက သူမတစ်ကိုယ်လုံးကို ဖုံးအုပ်သွားတာကြောင့် ပူပြင်းလှတဲ့အပူရှိန်က သူမတစ်ကိုယ်လုံးကို ထိုးဖောက်ဝင်ရောက်လာပါတယ်။အရေပြားတွေကို လောင်ကျွမ်းနေမှုက တစ်ကိုယ်လုံးကို ပျံ့နှံ့နေတာကြောင့် စူးရှကျယ်

လောင်စွာ ဟစ်အော်လိုက်မိပါတယ်။သူမက ဘယ်လိုဖြစ်လို့ မီးထဲကို ကျလာတာလဲဆိုတာကို နားမလည်ခဲ့ပါဘူး။

ထိုနာကျင်မှုတွေအောက်မှာ လူးလိမ့်နေရင်း မတော်တဆ ကြည့်မိလိုက်တာက မီးပုံရှေ့မှာရပ်နေတဲ့ သေးငယ်လှတဲ့ ကိုယ်လုံးလေးကိုပါပဲ။

ရှန်ယန်ရှောင်ကတော့ မတုန်မလှုပ်နဲ့ခံစားချက်မရှိတဲ့ အမူအယာရှိနေဆဲပါပဲ။

 ကောင်းကျိုးမပေးသော သမီးပျို

မူရင်းစာရေးဆရာ - North Night

မူရင်းဝတ္ထု -The Good for Nothing Seventh Young Lady

ဘာသာပြန် -NEVER

အခန်း (၂၁)

ဘာပဲဖြစ်ဖြစ် သူမ လှောင်ခဲ့တဲ့ ရှန်ယန်ရှောင်က သူမမီးထဲမှာ ပူလောင်နာကျင်ခံစားနေရခြင်းအား သူမရှေ့မှာပဲ ရပ်ကာ ကြည့်နေတာပါ။အရင်တုန်းကရှိခဲ့တဲ့ ထုံထိုင်းမှုတွေ စိတ်ရှုပ်တဲ့ နားမလည်တဲ့ ရှန်ယန်ရှောင်မဟုတ်တော့ဘဲ ထိတ်လန့်

စရာကောင်းတဲ့ သူမမရင်းနှီးတဲ့ ရှန်ယန်ရှောင်အဖြစ် ပြောင်းလဲနေပါတယ်။

ရှန်ယန်ရှောင်ဟာ မီးပုံရှေ့မှာပဲ အေးဆေးစွာရပ်နေရင်း ရှန်ကျီယီ မီးလောင်နေတာကို ကြည့်နေပါတယ်။သူမသိတာက ဒီမီးလောက်နဲ့ မှော်အတတ်ကိုလေ့ကျင့်နေသူ ရှန်ကျီယီတစ်ယောက် မသေနိုင်ဘဲ ဒဏ်ရာဒဏ်ချက် တချို့တလေပဲ

ရယုံလောက်တင် ဖြစ်မှာဆိုတာကိုပါပဲ။ဒါကြောင့်သူမအနေနဲ့ ရှန်ကျီယီ သေမှာကို စိုးရိမ်နေစရာ မလိုအပ်ပါဘူး။ရှန်ယန်ရှောင်ဟာ သူမမူလရပ်နေတဲ့ နေရာမှာပဲ ရပ်နေရင်း နာကျင်မှုကြောင့် ရှုံ့တွနေတဲ့ ရှန်ကျီယီမျက်နှာကို အရသာခံ ကြည့်နေပါတယ်။

အပြင်တံခါးဝမှာ စောင့်နေတဲ့ ရှန်ကျီဝေဟာ စူးရှတဲ့အော်ဟစ်သံကို ကြားလိုက်ရတဲ့အခါ နည်းနည်းသံသယဝင်သွားပါတယ်။သူရင်းနှီးနေတဲ့ ထိုအသံဟာ ပို၍ပို၍ နာကျင်စွာ အော်ဟစ်လာတဲ့အခါမှာတော့ ပြဿနာဖြစ်ပြီဆိုတာကို သူသဘော

ပေါက်သွားပါတော့တယ်။တံခါးကို ဝုန်းကနဲ ကန်ဖွင့်လိုက်ပါတယ်။

တံခါးပွင့်ပွင့်ခြင်း သူတွေ့လိုက်ရတာက ရှန်ကျီယီဟာ မီးထဲမှာ လူးလိမ့်ခံစားနေရတာကိုပါပဲ။သူ့ကို ပိုစိတ်လှုပ်ရှားစေခဲ့တာက မီးပုံဘေးမှာ ပြုံးရင်းမတ်တပ်ရပ်နေတဲ့ ရှန်ယန်ရှောင်ပါ။

"ကျီေ၀ ငါ့ကို ကယ်ဦး"ရှန်ကျီယီဟာ သူမအနေနဲ့ မီးတောက်လောင်နေတဲ့ အထဲကနေ မလွတ်မြောက်တာကြောင့် သူမမောင်ဖြစ်သူကိုပဲ အကူအညီတောင်းလိုက်ပါတယ်။

အဲ့အခါမှသာ ရှန်ကျီဝေလည်း စိတ်နဲ့ကိုယ်နဲ့ ပြန်ကပ်သွားပါတယ်။သူ့အနေနဲ့ မရင်းနှီးမကျွမ်းဝင်တဲ့ ရက်စက်တဲ့အပြုံးနဲ့ ရှန်ယန်ရှောင်ကို ငေးနေဖို့ အချိန်မရဘဲ အပြင်ကိုထွက်ကာ အကူအညီရဖို့ သွားခေါ်ပါတော့တယ်။

ခဏအကြာမှာတော့ ရှန်ယူက လူတစ်စုကိုခေါ်လာပြီး ရှန်ယန်ရှောင်အခန်းထဲကို လျှင်မြန်စွာဝင်ရောက်လာပါတယ်။ရေပုံးတစ်ချို့နဲ့ငြှိမ်းသတ်လိုက်တဲ့အခါမှာတော့ မီးငြိမ်းသွားပါတယ်။

မီးလောင်ခံခဲ့ရတဲ့ ရှန်ကျီယီကတော့ ထိတ်လန့်မှု၊ခံနိုင်ရည်မရှိမှုတို့ကြောင့် သတိမေ့နေပါပြီ။

ဆယ့်ငါးမိနစ်ခန့် အကြာမှာတော့ သတင်းလာမေးသူတွေရောက်လာသလို ရှန်ဖန်နဲ့ ရှန်စီယူလည်း ရောက်လာပါတယ်။အခန်းထဲကို ကြည့်လိုက်ပြီးတဲ့အခါမှာ သူတို့မျက်စိမျက်နှာ ပျက်နေပါတယ်။

တံခါးရှေ့မှာရပ်နေတဲ့ ရှန်ဖန်ဟာ မျက်ခုံးပင့်လိုက်ရင်း ရှန်ကျီယီကို ပွေ့ချီထားပြီး ဒေါသူပုန်ထနေတဲ့ ရှန်ယူကိုကြည့်လိုက်ပါတယ်။ရှန်ဖန်ပါးစပ်မဟရခင်မှာပဲ သူ့ဘေးနားက ရှန်စီယူဟာ ရှန်ယန်ရှောင်အနားကို သွားလိုက်ပါတယ်။အဲ့ဒီနောက်မှာ

သူက ရှန်ယန်ရှောင်ကို ဘေးသို့ခေါ်ကာ သူမအနာတရ ရှိမရှိ စစ်ဆေးနေပါတယ်။

"ရှန်ယန်ရှောင် မင်းတစ်ကယ့်ကို ကောင်းကောင်းလုပ်ခဲ့တာပါလား ဟေ"ဟုပြောလိုက်တဲ့ ရှန်ယူဟာ သူ့ရင်ခွင်ထဲက သမီးဖြစ်သူကို စိတ်ထိခိုက်စွာ ကြည့်နေပါတယ်။ရှန်ဖန်သာ မရှိဘူးဆိုလျှင် သူက ရှန်ယန်ရှောင်ကို ခုန်အုပ်ပြီး တစ်စစီဖြစ်

အောင် ဆွဲဖြဲပစ်မိမှာပါ။

ရှန်စီယူက ရှန်ယန်ရှောင်ကို ကာကွယ်ရန် သူ့အနောက်ကို ပို့လိုက်ရင်း ပြောလိုက်တာက"ဒုတိယဦးလေး ဘယ်လိုများပြောလိုက်တာလဲ။ဒီအဖြစ်က ယန်ရှောင်နဲ့ဘာဆိုင်လို့လဲ"ဟု ဖြစ်သည်။

"ဘာဖြစ်လို့ သူနဲ့ မဆိုင်ရမှာလဲ။ကျီယီက သူမအခန်းထဲမှာ ထိခိုက်ခဲ့တာလေ အဲ့ဒီလိုဖြစ်အောင် ဒီဆိုးရွားကောက်ကျစ်တဲ့ ကောင်မလေးက ရက်ရက်စက်စက် လုပ်ခဲ့လို့ဖြစ်တာပေါ့ဟ"

ရှန်ဖန်ဘယ်လို တွေးမတွေးကို မသိနိုင်ပေမယ့် ရှန်ယူကတော့ ရှန်ယန်ရှောင်လို အသုံးမကျတဲ့တစ်ယောက်ကို ဇာမဏီမိသားစုဝင်အဖြစ် အစတည်းက သတ်မှတ်လက်ခံမထားပါဘူး။

ဒီလိုအမှိုက်မျိုးကို ကျွေးမွေးစောင့်ရှောက်ခဲ့တာဟာ ဇာမဏီမိသားစုရဲ့ ဂုဏ်သရေကို ထိခိုက်စေတယ် နောက်ပြီး ဒီကောင်မလေးက ပြဿနာတွေကို ဆက်တိုက်ဖြစ်နေစေတယ်လေ။အခုလည်း သူ့သမီးကို ထိခိုက်စေခဲ့ပြန်တယ်လေ အဲ့ဟာ

ကို သူကဘယ်လို သည်းခံနေနိုင်မှာလဲ။

အမြဲတမ်းလိုလို သိမ်မွေ့ယဉ်ကျေးတဲ့ ရှန်စီယူရဲ့ မျက်လုံးတို့ ကျဉ်းမြောင်းသွားပြီး အန္တရာယ်အငွေ့အသက်တို့ ထွက်ပေါ်လာပါတယ်။

"မင်းတို့အားလုံး ပါးစိတ်ပိတ်ထားလိုက်ကြ"လို့ ရှန်ဖန်က ရုတ်တရက်အော်ပြောလိုက်ပါတယ်။သူမျက်လုံးဒေါင့်ကပ်ရင်းနဲ့ တုန်ရီနေတဲ့ ရှန်ယူကိုကြည့်လိုက်ပါတယ်။

"ငါနောက်တစ်ခေါက် ထပ်ပြောချင်တာက သူမဟာ ရှန်ယုရဲ့ သမီးဖြစ်တယ်ဆိုတာကိုပဲ။တစ်ကယ်လို့များ တစ်ယောက်ယောက်ကသာ သူမအပေါ် တစ်ခုခု ကြံစည်ခဲ့မယ်ဆိုလျှင် အဲ့လူအနေနဲ့ အခုတည်းက ထွက်သွားတာ အကောင်းဆုံးပဲ"

ရှန်ယူတစ်ယောက် အံကြိတ်ကာ သူ့ဒေါသတွေကို မျိုချရင်း ပြောလိုက်တာက"အဖေ ကျီယီကလည်း အဖေ့မြေးပဲလေ အခု သူမက ဟိုကောင်မလေးကြောင့် ထိခိုက်ခဲ့ရတာ။အဲ့ဒါကို အဖေက ဂရုမစိုက်တော့ဘူးလို့ ပြောချင်တာလား"

မိသားစုဆက်ဆံရေး။ရှန်ကျီယီက ရှန်ဖန်မြေးဖြစ်တယ်ဆိုလျှင် ရှန်ယန်ရှောင်ကရော မြေးမဟုတ်ဘူးလား။ရှန်စီယူရဲ့ နောက်မှာ ရပ်နေတဲ့ ရှန်ယန်ရှောင်ဟာ စိတ်ထဲကနေ နှာရှုံ့လိုက်မိပါတယ်။

All Chapters