← Chapters

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၄၆)

"အဲ့နေရာက လောင်းရွှမ်တိုင်းပြည်လောက် ကျယ်သလား"

"အခုလို စုတ်ပြတ်ခြောက်ကပ်နေတဲ့နေရာနဲ့ ငါ့အိမ်နဲ့လာမယှဉ်စမ်းပါနဲ့"

"...."

စုတ် ပြတ် ခြောက် ကပ် နေတဲ့ နေရာတဲ့လား

သူမကိုယ်တိုင်လည်း အဲ့လိုအပြောမျိုးကို မျှော်လင့်ပြီးသားဖြစ်တာကိုတော့ ဝန်ခံပါတယ်။

"ရှင့်ရဲ့အစွမ်းတွေ ပြန်ကောင်းလာတဲ့နေ့ရောက်လာရင် အိမ်ကို ပြန်မှာလား မပြန်ဘူးလား"

လမ်းခရီးက ပျင်းစရာကောင်းလွန်းတာကြောင့်လားတော့မသိဘူး ရှန်ယန်ရှောင်တစ်ယောက် မမျှော်လင့်ဘဲ ရှူနဲ့ စကားလက်ဆုံကျနေပါတော့တယ်။

"ငါ သေချာပေါက်ကို ပြန်မှာပေါ့"ဆိုတဲ့ လုံးဝကို တိကျပြတ်သားခိုင်မာတဲ့ ရှူရဲ့ အသံမျိုးကို အခုမှသာ ရှန်ယန်ရှောင်တစ်ယောက် ကြားဖူးတာပါ။

ရှန်ယန်ရှောင် ပြုံးရင်း ပြောလိုက်တာက"ဒါဆိုရင် မဟာမိတ်တစ်ယောက်အနေနဲ့ ကျွန်မကို ရှုခင်းကြည့်ဖို့ ခေါ်မသွားသင့်ဘူးလား"

သူမဟာ လောင်းရွှမ်တိုင်းပြည်ကိုတောင် စုတ်ပြတ်ခြောက်ကပ်နေတဲ့နေရာ ဖြစ်စေတဲ့ နေရာက ဘယ်လောက်တောင် ခမ်းနားလို့လဲဆိုတာကို သိချင်စိတ်ပြင်းပြနေပါတယ်။

"ကောင်းပြီလေ"ရှူက ရှန်ယန်ရှောင်ပြောလိုက်တဲ့ ရှုခင်းကြည့်ဖို့ဆိုတာကို ချက်ခြင်းသဘောမပေါက်လိုက်ပေမယ့် ရှန်ယန်ရှောင်ရဲ့ စကားနောက်ကွယ်က ရည်ရွယ်ချက်ကိုတော့ ရိပ်မိလိုက်ပါတယ်။

"ငါ့ခန္ဓာကိုယ်ကို ပြန်ရတဲ့နေ့မှာ မင်းကို ငါ့အိမ်ကို သေချာပေါက်ခေါ်သွားမယ်"

ရှန်ယန်ရှောင်ရဲ့ အပြုံးက ပိုတောက်ပလာပါတယ်။

ခမ်းနားထည်ဝါတဲ့ နေရာတွေက သူခိုးတွေအတွက် အကောင်းဆုံးနေရာတွေဖြစ်ကာ သူတို့ချမ်းသာလာဖို့အတွက် ရွှေတွေငွေတွေက နေရာတိုင်းမှာ ရှိနေမှာပါ။

သူမရဲ့ကိုယ်လုံးကို သူများကို ငှားထားရတဲ့အတွက် အားလုံးပြီးရင် ငှားခတော့ ရမှဖြစ်မယ်လေ။

ရှန်ယန်ရှောင်နဲ့ စကားအနည်းငယ်ပြောပြီးတဲ့အခါမှာတော့ ဝံပုလွေကို အိမ်ထဲခေါ်သွင်းမိတာကို မသိခဲ့တဲ့ ရှူဟာ ညှာတာမှုကင်းတဲ့ သင်တန်းဆရာတစ်ဦးအဖြစ် ပြန်ပြောင်းသွားပါတော့တယ်။

"ဇာမဏီငှက်သိုက်ကိုရောက်ဖို့ လိုသေးတာဖြစ်လို့ မင်းရဲ့အစွမ်းတိုးလာဖို့ ဒီအတောအတွင်းမှာ လုပ်ရမယ်။မင်းအတွက် နားဖို့အချိန်မရှိဘူး"

ရှန်ယန်ရှောင်မျက်နှာ မည်းမှောင်သွားပါတော့တယ်.......

အခုအတောအတွင်းမှာ သူမရဲ့တိုးတက်မှုက မဆိုးဘူးလု့ိပြောလို့ရပေမယ့် လက်ရှိအနေအထားကနေ ရှူပြောတဲ့ အဆင့်၆ရောက်ဖို့ဆိုတာကတော့ တော်တော်လေးဝေးပါသေးတယ်။

သူအခုလို လုပ်နေတာက သူမကို သေအောင်လေ့ကျင့်ခိုင်းနေသလိုပါပဲ။

..............................................................................................................................................................................................................................

ရှူရဲ့ တုန်လှုပ်ဖွယ် သင်ကြားမှုအောက်မှာ လိုချင်တဲ့အဆင့်မရမချင်းမနားရဘူးဆိုတဲ့ သတ်မှတ်ချက်ကို ရဖို့ ရှန်ယန်ရှောင် အပြင်းအထန်လေ့ကျင့်နေရပါတယ်။

ပိုတိတိကျကျပြောရရင် ဝေါအတွင်းမှာ ၂ရက်၂ညလုံး လေ့ကျင့်နေရတာပါ။

သိဖို့လိုတာက သူတို့ တောင်ကြားအတွင်းဝင်လာတာ ၂ရက်ခွဲရှိပြီဖြစ်ပေမယ့် အခုထိကို ဇာမဏီငှက်သိုက်ရှိတဲ့နေရာကို မရောက်သေးပါဘူး။ဒီအဖြစ်မှန်က လူတွေကို သွေးအန်စေနိုင်ပါတယ်။

ဒါက ၂ရက်နဲ့၂ညလေ။သူမရဲ့ မျက်လုံးတောင် တစ်ချက်မှ မပိတ်ရသေးဘူး။သူမအနည်းငယ် အားပျော့သွားရင်ကိုပဲ ရှူရဲ့ ရေခဲချွန်တွေလို အသံက သူမစိတ်ထဲ ကျယ်လောင်စွာ ထွက်ပေါ်လာပါတယ်။ဒီအသံက နားနဲ့ ကြားရတဲ့အသံမဟုတ်ပါ

ဘူး။သူမနားတွေကန်းသွားရင်တောင် အဲ့အသံကို သူမကြားနေရဦးမှာပါပဲ။

နေ့စဉ်တိုင်းမှာ နတ်ဘုရားရဲ့အထောက်တော်တွေက ဝေါထဲက လူတိုင်းအတွက် အစားအသောက်တွေ ဝေပေးပါတယ်။ကျန်အချိန်တွေကတော့ သူတို့ရဲ့ခရီးကြမ်းကို မြန်မြန်ရောက်အောင်ပဲ လုပ်နေပါတယ်။ချော်ရည်တောင်ကြားမှာ ဒီလောက်

အကြာကြီးရောက်နေတာတောင်မှ ရှန်ယန်ရှောင်ဟာ ခြေနဲ့မြေမထိရသေးပါဘူး။

နောက်ဆုံးမှာတော့ ရှူရဲ့ လူမဆန်တဲ့ သင်ကြားမှုအောက်မှာ ရှန်ယန်ရှောင်ဟာ မှော်အဆင့်၆ကို နေမဝင်ခင်မှာ ရောက်ရှိခဲ့ပါတော့တယ်။

အဆင့်၆ ရောက်တာနဲ့ သူမအနေနဲ့ မှော်ပညာရပ်ရဲ့ လမ်းကြောင်း၃ခုဖြစ်တဲ့ မှော်ဆရာ၊ဆင့်ခေါ်သူနဲ့မှော်ဆေးဆရာတွေထဲက တစ်ခုကို ရွေးချယ်ရတော့မှာပါ။

ရှူဟာ အလွန်တော်တဲ့ ဆရာတစ်ယောက်ဖြစ်ကာ သူမကို ထိုလမ်း၃ခုအကြောင်းကို ချက်နဲ့လက်နဲ့ ရှင်းပြပေးခဲ့ပါတယ်။

မှော်ဆရာတွေဟာ သုံးမျိုးထဲမှာ တိုက်ခိုက်မှုစွမ်းရည်အကောင်းဆုံးဖြစ်ပါတယ်။အလွန်များပြားတဲ့ တပ်သားတွေအတွင်းမှာတောင် သူတို့ဟာ အရေးပါတဲ့နေရာမှာ ပါဝင်ပါတယ်။သူတို့ရဲ့ မှော်တိုက်ခိုက်မှုက လက်နက်ကြီးတွေထက်တောင် ပို

ကြောက်ဖို့ကောင်းတာတွေ ရှိပါတယ်။ထို့ပြင်လည်း မှော်ဆရာတွေဟာ အလွန်ဝေးတဲ့နေရာကနေ တိုက်ခိုက်နိုင်တော့ လူတိုင်းအတွက် အိပ်မက်ဆိုးတစ်ခုလို့လည်း ပြောလို့ရပါသေးတယ်။

သို့သော်လည်း မှော်ဆရာတွေဟာ အလွန်ပျော့ပါတယ်။အဝေးကနေတိုက်မယ်ဆိုရင် မှော်ဆရာတွေဟာ ကြောက်စရာကောင်းသလောက် အနီးကပ်တိုက်ပွဲမှာ ရန်သူပြိုင်ဖက်ကောင်းနဲ့တွေ့ခဲ့ရင်တာ့ သူတို့ဟာ ပျော့လွန်းသွားပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၄၇)

မှော်တိုက်ခိုက်မှုတိုင်းဟာ မန္တာန်ရွတ်ဖို့အချိန်တစ်ခု လိုအပ်ပါတယ်။မှော်အတတ်ကပိုစွမ်းလေ ရွတ်ချိန်ပိုကြာလေပါပဲ။လုံခြုံမှုလုံးဝမရှိတဲ့နေရာမျိုးမှာ ဂါထာရွတ်ဖတ်ဖို့ အာရုံစူးစိုက်မှုလုံးဝရှိမှာ မဟုတ်ပါဘူး။ဒါကြောင့် မှော်ဆရာဆိုတာ အလွန်

အစွန်းတစ်ဖက်ကို ကျနေတဲ့ ပညာရှင်လည်းဖြစ်ပါတယ်။

အဝေးတိုက်ခိုက်မှုမှာ ဘုရင်တစ်ဆူဖြစ်ကာ အနီးတိုက်ပွဲတွေမှာ သုံးမရနိုင်တာက မှော်ဆရာတွေပါ။

ဒီလမ်းကြောင်းကိုတော့ ရှန်ယန်ရှောင် မရွေးချယ်ပါဘူး။

အန္တရာယ်နဲ့ရင်ဆိုင်နေရချိန်မှာ ဘယ်ရန်သူကမှ မှော်ဆရာကို ဂါထာမန်းမှုတ်ခွင့်ပေးမှာ မဟုတ်ပါဘူး။ကာကွယ်မယ့် အပေါင်းအပါမရှိတဲ့ မှော်ဆရာတစ်ဦးအနေနဲ့ အနီးကပ်တိုက်ပွဲမှာ အဆင့်နိမ့်အနီးကပ်တိုက်ခိုက်သူရဲ့ သတ်ဖြတ်ခြင်းကို ခံရ

နိုင်ပါတယ်။သေချာတာတစ်ခုကလည်း ထိပ်တန်းမှော်ဆရာတစ်ဦးအတွက် အချိန်လုံလောက်တယ်ဆိုရင် အနီးကပ်တိုက်ခိုက်ရေးပညာရှင်တစ်အုပ်ကြီးကို အေးဆေးသတ်နိုင်ပါတယ်။

သို့ပေမယ့် အဲ့ဟာကို ရှန်ယန်ရှောင် မနှစ်သက်ပါဘူး။သူမက ဘယ်သူ့အပေါ်မှာမှ မမှီခိုချင်ပါဘူး နောက်ပြီး အခုအချိန်မှာဆို သူမကို အနီးကပ်တိုက်ခိုက်ရေးပညာရှင်က အေးဆေး ဒုက္ခပေးနိုင်ပါတယ်။ဒါကြောင့် သူမအနေနဲ့ မှော်ဆရာဖြစ်ချင်

စိတ် လုံးဝမရှိပါဘူး။

နောက်ပြီး သူမက လှုပ်ရှားတိုက်ခိုက်ရပုံကို ပိုသဘောကျပါတယ်။ဒီလို ဂါထာရွတ်ဖတ်နေရတာမျိုးက သူမနဲ့ မလိုက်ဖက်ပါဘူး။

ဒုတိယတစ်ခုကတော့ မှော်ဆေးဆရာပါ။မှော်ဆေးဆရာတွေဟာ တိုက်ခိုက်စွမ်းရည် အနိမ့်ဆုံးဖြစ်ပါတယ်။သူတို့ဟာ သဘာဝတရားနဲ့ ဆက်သွယ်တဲ့နေရာမှာ အလွန်တော်ပါတယ်။သဘာဝတရားကြီးရဲ့ အကူနဲ့ ဘယ်လိုထိခိုက်ဒါဏ်ရာမျိုးကို

မဆို ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။နောက်ပြီး သဘာဝရဲ့စွမ်းအင်ကို အသုံးချကာ သူတို့ကိုယ်သူတို့နဲ့ ဘေးမှာရှိတဲ့လူတွေကို ခန္ဓာကိုယ်နဲ့ စွမ်းအင်တွေ ပိုသန်မာထက်မြက်လာအောင် လုပ်နိုင်ပါတယ်။သေချာတာပေါ့လေ အဲ့ဟာက အချိန်ခဏပဲ

ရမှာပေါ့။

အချက်အလက်အရဆိုရင် မှော်ဆေးဆရာတွေဟာ မှော်ဆရာတွေထက်ကို အပြင်လူကို ပို၍မှီခိုရပါတယ်။အားကိုးလောက်တဲ့ အဖော်မရှိရင် မှော်ဆေးဆရာဟာ အဆင့်နိမ့် နတ်ဆိုးသားရဲကောင်ကိုတောင် မယှဉ်နိုင်ပါဘူး။

ဒီက မှော်ဆေးဆရာတွေဟာ ခေတ်သစ်လောကရဲ့ ဆရာဝန်တွေနဲ့ ပုံစံတူပါတယ်။မှော်ဆေးဆရာတွေက ဆရာဝန်တွေထက် ပိုလျှို့ဝှက်ဆန်းကြယ်တဲ့ ပုံစံရှိတာတစ်ခုပါပဲ။

ရှန်ယန်ရှောင်အနေနဲ့ ဆုံးအောင် နားထောင်မပြီးခင်တင်မှာပဲ တွေးလိုက်မိတာက မှော်ဆေးဆရာတွေဆိုတာ မြင့်မြတ်တဲ့ မိခင်တစ်ဦးပုံမျိုးဖြစ်နေတာပါလားဆိုတာပါပဲ။

သူမအနေနဲ့ သူများတွေရဲ့နောက်မှာ ပုံးကွယ်ကာ ကပ်ပါးကောင်တစ်ကောင်လို နေထိုင်ရမှာမျိုးကို သဘောမတွေ့လှပါဘူး။

နောက်ဆုံးမှာတော့ ဆင့်ခေါ်သူတစ်မျိုးပဲ ကျန်ပါတော့တယ်။

ရှူက မှော်ဆရာနဲ့မှော်ဆေးဆရာတွေအကြောင်းကို ရှင်းပြတာထက် ဆင့်ခေါ်သူအကြောင်းရှင်းပြတာက ပို အသေးစိတ်ကျပါတယ်။

ဆင့်ခေါ်သူတွေဟာ ကွမ်းမင်တိုက်ပေါ်မှာ အရင်တုန်းကတည်ရှိခဲ့ပေမယ့် အခုအခါမှာတော့ ပျောက်ကွယ်နေပါပြီ။သူတို့ရဲ့ အဝေးကတိုက်ခိုက်မှုက ပြောရလောက်အောင် မကောင်းမွန်သလို ဒါဏ်ရာတွေကိုလည်း ကုသမပေးနိုင်ပေမယ့်

မြောက်များစွာသော သူတွေအဖို့ အိပ်မက်ဆိုးကြီးတစ်ခုပါပဲ။

ဆင့်ခေါ်သူတွေဟာ ထူးခြားတဲ့ ကျိန်စာစွမ်းရည်ကို ပိုင်ဆိုင်ပါတယ်။သူတို့ဟာ လူတွေကို မျက်စိတစ်မှိတ်အတွင်း ပြာအဖြစ်လေထဲပျောက်ကွယ်သွားအောင် မလုပ်နိုင်ပေမယ့် လျှို့ဝှက်စွမ်းရည်နဲ့ အရိုးတွေပျောက်ကွယ်ကာ သေဆုံးအောင်

တော့ လုပ်နိုင်ပါတယ်။အဲ့ဒါဟာ နားလည်ဖို့ခက်ခဲကာ မမြင်ရတဲ့အဆိပ်ကြောင့် ဖြစ်သွားတဲ့ပုံစံမျိုးပါပဲ။ဘယ်သူမှ မသိလိုက်ခင်မှာပဲ လူတစ်ယောက်ရဲ့ အသက်ကို နှုတ်ယူနိုင်ပါတယ်။ကျိန်စာစွမ်းရည်ဟာ ရွတ်ဖတ်နေဖို့ မလိုပါဘူး။လက်ချောင်းတွေနဲ့ ပုံစံ

လုပ်ဖို့ပဲ လိုပါတယ်။မျက်တောင်တစ်ခတ် အတွင်းမှာ တစ်ဖက်လူရဲ့ ကျန်းမာရေးချို့တဲ့ယုတ်လျော့သွားအောင် ဆင့်ခေါ်သူတွေက လုပ်နိုင်ပါတယ်။ပြောရမယ်ဆိုရင် ကျွမ်းကျင်မှော်ဆရာတစ်ဦးကို ဘာမှမရွတ်ဖတ်နိုင်တော့ဘဲ အသတ်ခံရဖို့ စောင့်နေရသူ

ဖြစ်အောင် လုပ်နိုင်ပါတယ်။

ဒီလမ်းကြောင်းဟာ ဆိုးဝါးရက်စက်သူတွေ အရွေးဆုံးလမ်းတစ်ခုလို့ ပြောလို့ရပါတယ်။

ရှူပြောပြီးကာစမှာပဲ ရှန်ယန်ရှောင်ဟာ တစ်ခြားလူတွေ သွေးခဲထိတ်လန့်ဖြစ်ရတဲ့ ဒီလမ်းကို အလွန်အမင်း စိတ်ဝင်စားမိသွားပါပြီ။

စောရဘုရင်မတစ်ယောက်အဖို့ လူတွေရှေ့ထွက်ကာ တိုက်ခိုက်ရတာ အဆင်မပြေပါဘူး။တစ်ချက်လွတ်သတ်ကွက်ကို အမှောင်ထဲကနေ စောင့်စားတိုက်ခိုက်တာမျိုးကသာ သူမနဲ့ သင့်တော်ပါတယ်။

ဆင့်ခေါ်သူဟာ သူမအတွက် ထုတ်ထားတဲ့ လမ်းတစ်ခုပါပဲ။

"အဲ့ဒါဆိုရင် ဒီဟာကိုပဲ ရွေးလိုက်တော့မယ်"

ရှန်ယန်ရှောင်ဟာ ပိုပြီးကျယ်ပြန့် ပိုပွင့်လင်းတဲ့ လမ်းကိုပဲ ရွေးချယ်လိုက်ပါတယ်။

ဒါပေမယ့် ရှူက သူမကို သတိပေးလိုက်တာကတော့ ကွမ်းမင်တိုက်ပေါ်မှာ ဆင့်ခေါ်သူ(နောက်ဆို ကဝေလို့ပဲရေးတော့မယ်)ပညာရပ်ကို လိုက်စားလေ့ကျင့်သူ သိပ်အများကြီး မရှိဘူးဆိုတာကိုပါ။ဘာဖြစ်လို့လဲဆိုတော့ လူတွေအမြင်မှာ ကဝေ

တွေဆိုတာ အနက်ရောင်လမ်းကြောင်းတစ်ခုဖြစ်နေလို့ပါ။နောက်ပြီး ကဝေတွေရဲ့လုပ်ကိုင်ပုံတွေက အလွန်ဆိုးရွားလှပါတယ်။ကြီးမားတဲ့ မိသားစုတွေက သူတို့မိသားစုဝင်တွေကို ဒီအတတ်ကို မလေ့လာခိုင်းပါဘူး သန်မာတဲ့လူဆိုတာ မျက်နှာချင်းဆိုင်

တိုက်ခိုက်ရမယ်လို့ သတ်မှတ်ပြောကြားထားပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၄၈)

ထို့အပြင် ကွမ်းမင်တိုက်က လူတွေ အားထားလေးစားမှုခံရတဲ့ နတ်ဘုံဟာ ကဝေတွေကို အလွန်အထင်သေးစက်ဆုပ်ပါတယ်။ကဝေအတတ်ဟာ အတတ်ပညာ၆မျိုးထဲမှာ အမှောင်လမ်းနဲ့အနီးစပ်ဆုံး လမ်းတစ်ခုဖြစ်ပြီး နတ်ဘုံဟာ အမှောင်

လမ်းကို ချဉ်းကပ်နီးစပ်မှုရှိတဲ့ စွမ်းအားမှန်သမျှကို မကြိုက်ပါဘူး။

လူတွေရဲ့ မနှစ်သက်မအားပေးမှု နတ်ဘုံရဲ့ဖိအားပေးမှုတွေကြောင့် ကဝေအတတ်ကို လေ့လာသူဆိုတာ ကွမ်းမင်တိုက်ပေါ်မှာ ရှာတွေ့ဖို့ မဖြစ်နိုင်ပါဘူး။

တစ်ယောက်ယောက်က လေ့လာတတ်မြောက်ထားတယ်ဆိုရင်တောင် လူတကာရဲ့အော်ဟစ်ဆဲဆို ရိုက်ပုတ်မှုကို နေ့စဉ်ခံစားရမှာ သေချာပါတယ်။

ရှန်ယန်ရှောင်အဖို့ အခုလို ထူးခြားပြောင်မြောက်လှတဲ့ အတတ်ပညာတစ်ခုက အဲ့ဒီအလွန်အမင်းပြောဆိုသူတွေပါးစပ်မှာ ရွံရှာဖွယ်တစ်ခု ဖြစ်နေရတာကို နားမလည်နိုင်ဘူးဖြစ်နေပါတယ်။

ရွံမုန်းစရာတဲ့လား။ဒီလောကပေါ်မှာ ဂုဏ်သရေရှိလူကြီးလူကောင်းတွေ အများကြီးရှိကာ အပေါ်ယံ သန့်စင်ကောင်းမွန်ပြီး အတွင်းထဲမှာ လောက်အတိဖြစ်ကာ မမြင်ကွယ်ရာမှာ ကောက်ကျစ်ယုတ်မာနေတဲ့လူတွေ အများကြီးရှိပါတယ်။

လူတွေက အဲ့လို အပေါ်ယံဟန်ဆောင် ကောင်းမွန်ပြနေသူတွေကို လက်သင့်ခံထားကြပြီး မှော်ပညာတစ်ရပ်ကိုတော့ လက်သင့်မခံနိုင်ကြဘူးလား။

ဒီအဓိပ္ပါယ်မရှိတဲ့ အဖြစ်က သူမအနေနဲ့ ရယ်ရမလားငိုရမလား မသိဖြစ်စေပါတယ်။

"စောင့်ကြည့်ထောက်လှမ်းခံရတော့ကော ဘာဖြစ်သေးလဲ။မင်းတို့ မကြိုက်တော့ ဘာအရေးလဲ။ငါ့လမ်းငါရွေးတာကို သူများတွေ လက်ညှိုးထိုးနေမှာကို ဂရုစိုက်မနေဘူးကွာ"

ရှန်ယန်ရှောင်ဟာ ပတ်ဝန်းကျင်ရဲ့ အမြင်ယူဆချက်တွေကို သိပ်အလေးထားတဲ့သူ မဟုတ်ပါဘူး။

သူမဟာ သူမနဲ့သင့်တော်တယ်ဆိုတာကို ရွေးချယ်မှာပါ ထိုအတွက် ပတ်ဝန်းကျင်အမြင်ကို ဘာမှမတွေးဘဲ လက်ခံလိုက်ပြီး နောက်ဆုတ်မှာတော့ မဟုတ်ပါဘူး။

ရှန်ယန်ရှောင်တစ်ယောက် သေသေချာချာသိတာကတော့ ဒီကမ္ဘာမှာ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမှာဖြစ်ပြီး သူများကိုအားကိုနေထိုင်ရှင်သန်လို့ မဖြစ်ဘူးဆိုတာပါ။

"မင်းဒီနေ့ ပြောခဲ့တာတွေကို သေချာမှတ်ထားပါ မင်းရွေးတဲ့လမ်းကို မင်းကိုယ်တိုင်ပဲ လျှောက်လှမ်းရမှာပဲ"ရှန်ယန်ရှောင် ရဲ့ ရွေးချယ်မှုအပေါ်မှာ ရှူက ဝင်မစွက်ဖက်ပါဘူး သူမကို တားမြစ်တာ အားပေးတာမလုပ်ပါဘူး။ဒါပေမယ့်လည်း

သူမအနေနဲ့ ကဝေကို ရွေးလိုက်တာကို ရှူကျေနပ်နေတာကိုတော့ ရှန်ယန်ရှောင် ခံစားမိလိုက်ပါတယ်။

သူမရဲ့ အနာဂတ်မှော်အတတ်ကို ရွေးချယ်လို့ပြီးပေမယ့်လည်း ဒီနေရာလို ဘာမှမရှိတဲ့ တစပြင်မှာ လေ့ကျင့်ဖို့က မဖြစ်နိုင်ပါဘူး။ရှူက အခုထက်ပိုပြီး စွမ်းအားကြီးမားခဲ့ရင်တောင် လွန်ခဲ့တဲ့နှစ်ရာဂဏန်းလောက်တည်းက အခုလို သူကပ်နေ

နေရတဲ့ ကိုယ်ခန္ဓာပိုင်ရှင်ဟာ ကဝေအတတ်ကို ရွေးချယ်မယ်ဆိုတာကို ကြိုမမြင်နိုင်ပါဘူး။အဲ့ဒါကြောင့် ကဝေအတတ်နဲ့ပတ်သတ်တာတွေကို သူမသင်ကြားမမှတ်သားခဲ့မိပါဘူး။

နောက်ပြီးတော့ သူမကိုယ်ပေါ်က ဒုတိယတားမြစ်အမှတ်ကိုလည်း အခုထိ မဖျက်ရသေးပါဘူး။အဆင့်၆ကိုရောက်ပြီးတဲ့အခါ သူမရဲ့ မှော်အစွမ်းတိုးတက်မှုက မရှိသလောက်ဖြစ်သွားပါပြီ။သူမစိတ်ကို ဘယ်လောက်ပဲတည်ငြိမ်အောင်ထားလို့

အာရုံစိုက်လေ့ကျင့်သော်လည်း တစ်စက်လေးမှကို တိုးတက်မှုမရှိခဲ့ပါဘူး။

ရှူပြောသလိုပါပဲ တားမြစ်အမှတ်ကို ပယ်ဖျက်နိုင်မှုက သက်ရောက်မှုဟာ အတိုင်းအတာတစ်ခုထိပဲ ရှိပါတယ်။

ရှန်ယန်ရှောင်အဖို့ကတော့ ကဝေအတတ်လေ့ကျင့်မှုကို လောလောဆယ်မှာ မေ့ထားကာ အတွင်းအားတိုးတက်ဖို့ပဲ လေ့ကျင့်ရမှာပါ။

ကံမကောင်းတာတစ်ခုကတော့ အချိန်တိုအတွင်းမှာ အဆင့်၆ကိုရောက်တယ်ဆိုတာ အလွန်ရှားပါးလှတဲ့အဖြစ်ပါ။သူမရဲ့ အတွင်းအားမှာလည်း ဒီအချိန်လေးအတွင်းမှာ အဆင့်တက်ချင်တယ်ဆိုတာက ရူးကြောင်ကြောင် အတွေးပါပဲ။

ရှူကိုယ်တိုင်လည်း အရင်လို အတင်းမလေ့ကျင့်ခိုင်းတော့ပါဘူး။

ဇာမဏီမိသားစုရဲ့ ဝေါယာဉ်တွေက တောင်ကြားအတွင်းထဲရောက်လာလေလေ ပတ်ဝန်းကျင်အပူချိန်က မြင့်လာလေလေပါပဲ။ရေပေါက်လေးက မြေပေါ်ကျသွားရင် ချက်ချင်းပဲ အငွေ့ပျံသွားပါတယ်။အဆင့်နိမ့် နတ်ဆိုးသားရဲတွေတောင် ဒီထဲ

ထိ လာမနေရဲပါဘူး။

ဝေါအတွင်းကလူတွေလည်း ပတ်ဝန်းကျင်ပြောင်းလာတာနဲ့အမျှ ဇာမဏီငှက်သိုက်နဲ့ နီးလာပြီဆိုတာကို သိထားကြပါတယ်။

............................................................................................................................................................................................................................................

ရှန်ကျီယီနဲ့ရှန်ကျီဝေတို့နှစ်ယောက်က ဝေါတစ်ခုထဲမှာပဲ ထိုင်နေကြပါတယ်။ဝေါအတွင်းမှာ သက်လတ်ပိုင်းအစောင့်တစ်ယောက်သာ သူတို့နှစ်ယောက် အနားယူချိန်မှာ စောင့်ရှောက်ဖို့ နေရစ်ပါတယ်။တခြားအစောင့်နှစ်ယောက်ကတော့ ရှန်

ကျီဝေရှိရမယ့် ဝေါအတွင်းမှာနေနေကြပါတယ်။

"ရောက်ဖို့ ဘယ်လောက်တောင် လိုသေးတာလဲ။တစ်နေကုန်တစ်နေခမ်း ဒီထဲမှာပဲထိုင်နေရတာ ပင်ပန်းလှပြီ။အမဲခြောက်တွေပဲစားနေရတာကိုလည်း စိတ်ကုန်လှပြီ။ထပ်စားရမယ်ဆိုရင် လွှင့်ပစ်မိတော့မယ်"

ရှန်ကျီယီက မျက်မှောင်ကုတ်ရင်း ထိုင်နေပါတယ်။သူမဟာ တစ်လျှောက်လုံး ဇာမဏီမိသာစုအတွင်းမှာ မင်းသမီးတစ်ပါးလို နေထိုင်ခဲ့ရသူပါ။ဒီခရီးကြမ်းတစ်လျှောက်လုံးက သူမကို စိတ်ညစ်စေပါတယ်။ဇာမဏီငှက်နဲ့မပက်သတ်သလို တန်ခိုး

ရှင်ရှေ့မှာ မျက်နှာသာရမယ့်အခွင့်အရေးမျိုး မဟုတ်ခဲ့ရင် ဒီလိုမျိုး ကြိတ်မှိတ်ခံစားနေမှာ မဟုတ်ပါဘူး။

All Chapters