အခန်း (၁၈၇-၁၈၉)
Vol. 13 Ch. 187-189
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၈၇)
ရင်ပြင်မှာရှိတဲ့ကျောင်းသားတွေဟာ ဆိုင်ရာဌာနတွေရဲ့နည်းပြတွေကနေ အဖွဲ့အသီးသီးအဖြစ်နဲ့ စမ်းသပ်ကျောက်တွေရှိရာကို ခေါ်သွားခြင်းခံရပါတယ်။
ကြူရှီယာ၊ ယန်ယုနဲ့ ယန်းရှီတို့က သက်ဆိုင်ရာအုပ်စုတွေနဲ့အတူထွက်သွားကြသလို ရှန်ယန်ရှောင်နဲ့ တန်နာဇီတို့ဟာလည်း ဆေးပညာပထမနှစ်ကျောင်းသားသစ်တွေအုပ်စုထဲကို ရောက်သွားပါတယ်။
ယေဘုယျပြောရမယ်ဆို ဆေးပညာကျောင်းသားတွေဟာ စမ်းသပ်ကျောက်တွေနဲ့ထိတွေ့မှုတော်တော်ကြီးနည်းပါတယ် မရှိသလောက်ပါပဲ ဘာလို့လဲဆိုရင် သူတို့က မှော်ဖြစ်ဖြစ် အတွင်းအားဖြစ်ဖြစ်သိပ်လေ့ကျင့်သင်ယူထားမှု မရှိကြလို့ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျောင်းသားအများစုက သုံးမီတာလောက်မြင့်တဲ့ စမ်းသပ်ကျောက်နှစ်ခုကိုစိတ်ဝင်တစားစပ်စုနေကြပါတယ်။
"အဲ့ဒီကိုသွားပြီး မင်းတု့ိရဲ့လက်နှစ်ဖက်ကို ကျောက်တုံးတွေပေါ်မှာတင်ထားလိုက်"
ဆေးပညာနည်းပြဆရာတစ်ယောက်က သူ့ဘေးကကျောက်တုံးကိုညွှန်ပြကာ ပြောလိုက်ပါတယ်။ စမ်းသပ်ကျောက်တုံးအများစုဟာ မှော်အားကိုစမ်းသပ်မယ့်ကျောက်တွေဖြစ်ကြပါတယ်။ အဘယ့်ကြောင့်ဆိုသော် ဆင့်ခေါ်သူကိုရှာဖွေဖို့ဖြစ်လို့ အတွင်းအားကိုစစ်ဆေးဖို့မလိုအပ်ပါဘူး။
ပထမဆုံးကျောင်းသားက ကြောက်ကြောက်ရွံ့ရွံ့နဲ့ မှော်ဝိညာဉ်ကျောက်တုံးဆီကိုသွားလိုက်ပြီး ဂရုတစိုက်နဲ့သူ့လက်နှစ်ဖက်ကို ကျောက်တုံးပေါ်တင်လိုက်ပါတယ်။
မှော်ဝိညာဉ်ကျောက်တုံးက လှုပ်ရှားမှုမရှိပါဘူး။
ကျောင်းသားလည်း တစ်ခုခုလွဲနေသလားဆိုပြီး နည်းပြဆီလှမ်းကြည့်လိုက်ပါတယ်။
"နောက်တစ်ယောက်"
နည်းပြကတော့ သူတို့တွေဟာ နတ်ဆရာရောမှော်ဆရာရောမဟုတ်ဘဲ သမားတော်တွေသာဖြစ်လို့ မအံ့သြပါဘူး။ မှော်ဝိညာဉ်ကျောက်တုံးကနေ ဆေးပညာကျောင်းသားတွေဆီကနေ မှော်အားကိုမတွေ့တာ မထူးဆန်းပါဘူး။ ဒီရလာဓ်က ကျောင်းသားသစ်တွေဟာ မှော်အားကိုလေ့ကျင့်မထားဘူးဆိုတဲ့သဘောပါပဲ။
သမားတော်အများစုဟာ တိုက်ခိုက်နိုင်စွမ်းမရှိကြပါဘူး။ သူတို့လိုအပ်တာဆိုလို့ ဆေးရည်ဖော်စပ်ဖို့အတွက်သာ အာရုံစိုက်ထားဖို့လိုအပ်တာဖြစ်ပြီး တိုက်ခိုက်ဖို့လိုအပ်ပါက သူတို့ဆီကနေဆေးရည်လာဝယ်တဲ့သူတွေက ဖြေရှင်းပေးမှာပါ။
မှော်ဝိညာဉ်ကျောက်တုံးဆီကနေ ဘာတုံ့ပြန်မှုမှမရှိလို့ ဆေးပညာဌာနကျောင်းသားတွေကို စစ်ဆေးတာကလျှင်မြန်ပါတယ်။ မျက်တောင်တစ်ခတ်စာလောက်အတွင်းမှာပဲ ရာချီတဲ့ကျောင်းသားတွေကို စစ်ဆေးပြီးသွားပြီး ထူးခြားဖြစ်စဉ်မရှိခဲ့ပါဘူး။
တန်နာဇီနဲ့ရှန်ယန်ရှောင်တို့လည်း မကြာခင်မှာပဲရှေ့နားသို့ရောက်လာပါတယ်။ တန်နာဇီက မှော်ဝိညာဉ်ကျောက်တုံးကိုကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်ပါတယ်။
"တော်သေးတာပေ့ါ သိုင်းမီးကျောက်တုံးမဟုတ်လို့"
"သိုင်းမီးကျောက်က ဘာဖြစ်လို့လဲ"
ရှန်ယန်ရှောင်က တန်နာဇီကိုဇဝေဇဝါနဲ့ ကြည့်ကာမေးလိုက်ပါတယ်။
တန်နာဇီကခေါင်းကိုသာယမ်းပြလိုက်ပြီး နည်းပြရဲ့ပြောကြားမှုအောက်မှာပဲ ကျောက်တုံးပေါ်ကို သူ့လက်နှစ်ဖက်တင်လိုက်ပါတယ်။
မှော်ဝိညာဉ်ကျောက်တုံးက ဘာလှုပ်ရှားမှုမှမရှိသေးပါဘူး။
တန်နာဇီပုခုံးတွန့်လိုက်ကာ ဘေးကိုဖယ်လိုက်ပြီး ရှန်ယန်ရှောင်ကိုစောင့်နေလိုက်ပါတယ်။
အပေါ်ယံမှာတော့ သူမဘယ်လိုမှထူးခြားမနေသော်လည်း စိတ်ထဲမှာတော့လှုပ်ရှားနေပါတယ်။ ရှူကတော့ သူရှိနေလို့ဘာမှပူစရာမလိုဘူးလို့ပြောထားပေမယ့် သူ့အစီအစဉ်ကဘာလဲဆိုတာ သူမမသိပါဘူး။ အခု ကျောက်တုံးပေါ်ကို သူမလက်တင်လိုက်တာနဲ့ သူမကိုတွေ့သွားကြတော့မှာဖြစ်ပါတယ်။
သူမ ရှူကိုဆက်သွယ်ဖို့လုပ်သော်လည်း သူမဘယ်လောက်ပဲစိတ်ထဲကနေခေါ်သော်လည်း ဘာတုံ့ပြန်မှုမှမလာပါဘူး။
ဒီလူကတော့ကွာ တစ်ကယ့်အချိန်ကျမှ မျက်နှာလွဲခဲပစ်မလုပ်သွားဖို့တော့လိုတယ်နော်။
လူလိမ်တစ်ယောက်တော့မဖြစ်ပါစေနဲ့။
"ဟိုကျောင်းသား မြန်မြန်လုပ်စမ်း"
နည်းပြက သူမကိုကြည့်ပြီး စိတ်မရှည်စွာပြောလိုက်ပါတယ်။
သူမစိတ်ထဲမှာတော့ ကျားမြီးဆွဲထားရသလိုဖြစ်နေပါတယ်။ သူမစိတ်ကိုတင်းလိုက်ပြီး ကျောက်တုံးရှေ့သွားလိုက်ကာ ရှူကသူမကိုဒီလိုအချိန်မှာ မနောက်ပြောင်ပါစေနဲ့လို့ပဲ ဆုတောင်းနေမိပါတယ်။
ကြီးမားတဲ့မှော်ဝိညာဉ်ကျောက်တုံးရှေ့မှာရပ်နေပြီး သူမအသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ကာ လက်အစုံကိုနှေးကွေးစွာဆန့်ထုတ်လိုက်ပြီး ကျောက်တုံးပေါ်တင်လိုက်ပါတယ်။
အေးစက်တဲ့အထိအတွေ့ကိုခံစားလိုက်ရပြီး အနက်ရောင်အလင်းတစ်ချို့ထွက်ပေါ်လာတာကို တွေ့လိုက်ရပါတယ်။
သူမရင်တစ်ချက်ခုန်သွားပြီး လန့်သွားပါတယ်။
သို့ပေမယ့်လည်း နောက်တစ်စက္ကန့်မှာပဲ အနက်ရောင်မှိန်ပျပျအလင်းတန်းတွေက ပျောက်ကွယ်သွားပါတော့တယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၈၈)
ရှူ့အသံက သူမစိတ်ထဲမှာထွက်ပေါ်လာပါတယ်။
"ငါဒီမှာရှိနေပါတယ် မင်းဘာမှစိတ်ပူမနေပါနဲ့"
ကြည်လင်တောက်ပနေတဲ့ မှော်ဝိညာဉ်ကျောက်တုံးက အရင်လိုပဲ ဘာပြောင်းလဲမှုမှမရှိပါဘူး။
"ကောင်းပြီဟေ့ နောက်တစ်ယောက်"
နည်းပြလည်း နောက်တစ်ယောက်ကိုမြန်မြန်ခေါ်လိုက်ပါတော့တယ်။ ပြောရရင် ဆေးပညာဌာနထဲမှာ ဆင့်ခေါ်သူရှိနေမယ်လို့လည်း သူက မယုံပါဘူး။ ဒီကျောင်းသားတွေအားလုံးက ဌာနကိုဝင်ခွင့်ရဖို့အတွက် တင်းကြပ်တဲ့စာမေးပွဲကို ဖြေဆိုအောင်မြင်ပြီးမှသာ ရောက်ရှိလာကြတာဖြစ်ပါတယ်။ ဆေးပညာကိုသင်ယူဆည်းပူးနေချိန်မှာ ကျိန်စာအတတ်ကိုသင်ဖို့ဘယ်လိုတတ်နိုင်မှာလဲ။
အဲ့ဒါကြောင့်လည်း နည်းပြက ရှန်ယန်ရှောင်ရဲ့တုံ့ဆိုင်းနေမှုကို သိပ်တွေးမနေပါဘူး။ သူ့အမြင်မှာ ဒီကျောင်းသားလေးက ၁၃နှစ်၁၄နှစ်သာရှိဦးမှာဖြစ်လို့ မှော်အားကိုလေ့ကျင့်ရင်တောင်မှ အဆင့်ခြောက်ကနေတက်ဦးမှာမဟုတ်လို့ ဆင့်ခေါ်သူဖြစ်ဖို့ဆိုတာအဝေးကြီးပါ။
ရှန်ယန်ရှောင် သက်ပြင်းတစ်ချက်ကျိတ်ချလိုက်ကာ မှော်ဝိညာဉ်ကျောက်တုံးဆီကနေထွက်သွားလိုက်ပါတယ်။
ဘေးကနေစောင့်နေတဲ့ တန်နာဇီက သူမပုခုံးကိုဖက်လိုက်ကာ ရယ်မောလိုက်ရင်း စလိုက်ပါတယ်။
"ဒီကလေးကတော့ မင်းက ဘာကိုတွေးပြီးကြောက်နေတာတုန်း။ မင်းမျက်နှာမင်းပြန်ကြည့်သင့်တယ် ဘယ်လိုဖြစ်နေတယ်ဆိုတာကို"
သူမ အလိုလိုပဲ သူမမျက်နှာကိုသူမ ပြန်စမ်းလိုက်မိပါတယ်။ ရှူကဘယ်လိုကူညီမယ်ဆိုတာကို သူမသေချာမသိလို့ စိုးရိမ်ထိတ်လန့်နေခဲ့မိပါတယ်။ ကံကောင်းထောက်မစွာပဲ နည်းပြဆရာဖြစ်သူက သူမပုံမှန်မဟုတ်ဖြစ်နေတာကို သတိမထားမိခဲ့ပါဘူး။
"မှော်ဝိညာဉ်ကျောက်တုံးကိုမြင်ဖူးတာ ဒါပထမဆုံးအကြိမ်မို့ နည်းနည်းစိတ်လှုပ်ရှားသွားလို့ပါ"
သူမပြောတာအမှန်ဖြစ်ပါတယ် သူမအရင်တုန်းက မှော်ဝိညာဉ်ကျောက်တုံးကိုမမြင်ဖူးပါဘူး။
တန်နာဇီကျယ်လောင်စွာရယ်လိုက်ပြီး သူမပုခုံးကိုလက်နဲ့ပုတ်လိုက်ပါတယ်။
ဒါက ကျောက်တုံးလေးတစ်တုံးပဲ မဟုတ်ဘူးလား။ ဒါပေမဲ့လည်း သမားတော်တစ်ယောက်အနေနဲ့ နောင်မှာထပ်ထိတွေ့ဖို့က မဖြစ်နိုင်လောက်တော့ပါဘူး။
သူတို့က ဘာထူးခြားမှုမှမရှိတာကြောင့် တန်နာဇီနဲ့ရှန်ယန်ရှောင်ကို ရင်ပြင်ကနေထွက်သွားခွင့်ပြုလိုက်ပါတယ်။
အခန်းကိုပြန်ရောင်တာနဲ့ သိုးရေစာအုပ်ကို သူမလက်စွပ်ထဲကိုချက်ချင်းထည့်သိမ်းလိုက်ပါတယ်။ တစ်ကျောင်းလုံးက ဆင့်ခေါ်သူအကြောင်းကိုသိသွားပြီဖြစ်လို့ သဲလွန်စအားလုံးကိုရှင်းလင်းထားမှ နောင်ဘာပြဿနာမှမတွေ့မှာ ဖြစ်ပါတယ်။
ညနေခင်း ထမင်းစားဖို့သွားတော့ သူမတို့နှစ်ယောက် သတင်းတွေကြားသိခဲ့ရပါတယ်။ ကြည့်ရတာတော့ မွန်းတည့်ကျော်ပြီးတာတောင် ကျောင်းသားတွေကိုစမ်းသပ်မှုက မပြီးခဲ့သေးပုံပါပဲ။ ရလာဒ်ကတော့ မျှော်လင့်ထားသလိုမဟုတ်ဘဲ ကျောင်းသားအားလုံးကိုစစ်ဆေးပြီးတာတောင် ဆင့်ခေါ်သူကိုရှာမတွေ့ခဲ့ပါဘူး။
ထွက်ပေါ်လာတဲ့အဖြေကြောင့် နည်းပြအားလုံး ပဟေဠိဖြစ်နေကြပြီး ကျောင်းသားတွေကလည်း ထိတ်လန့်နေကြသလို ကျောင်းအုပ်အိုးယန်ဟွမ်းယူဟာ အဖြေကြောင့်မျက်မှောင်ကုပ်ကာထွက်သွားတယ်လို့တောင် ပြောနေကြပါတယ်။
ဒီတစ်ခေါက်မှာ ဆင့်ခေါ်သူကိုမတွေ့ခဲ့ရလို့ အိုးယန်ဟွမ်းယူကနောက်ထပ် အစီအမံထပ်လုပ်ဦးမှာကို သူမပူနေမိပါတယ်။
ကြည့်ရတာတော့ သူမလာမယ့်ရက်တွေအတွင်း သတိထားနေထိုင်ပြီး ကျိန်စာအတတ်တစ်ခုမှ အသုံးမပြုမှဖြစ်တော့မှာပါ။
ဆင့်ခေါ်သူပြဿနာဖြစ်ပြီး ဒုတိယမြောက်နေ့မှာပဲ ကျောင်းစဖွင့်ပါတော့တယ်။ ရှန်ယန်ရှောင်နဲ့ တန်နာဇီတို့လည်း သူတို့ရဲ့ခရမ်းရောင်ဝတ်စုံတွေကို ရရှိခဲ့ကြပါတယ်။
သူမတို့နှစ်ယောက်လည်း ဆေးပညာဌာနရဲ့ပထမနှစ်တံဆိပ်ကိုတပ်ဆင်ပြီး သူမတို့တက်ရမယ့်အတန်းကို သွားလိုက်ကြပါတယ်။
ကျောင်းသားအကုန်လုံး အတန်းကျယ်ကြီးထဲမှာရောက်နေကြပြီဖြစ်ကာ သူတို့နှစ်ယောက်လည်းထိုင်စရာနေရာတွေ့တာနဲ့ ထိုင်လိုက်ကြပါတယ်။
"ခရမ်းအတန်းမှာ အခုထိုင်နေနိုင်တာနဲ့ အမြဲတမ်းဒီအတန်းမှာပဲ ထိုင်လို့ရမယ်လို့တွေးမနေနဲ့။ လာမယ့်သုံးနှစ်အတွင်းမှာ စမ်းသပ်စစ်ဆေးမှုတွေအများကြီးကို ကျော်ဖြတ်ရဦးမှာဖြစ်ပြီး ရလာဒ်ကောင်းတဲ့သူတွေကသာ ခရမ်းအတန်းမှာဆက်ရှိနေနိုင်မှာဖြစ်တယ်"
အဖိုးကြီးတစ်ယောက်က ဆယ်ကျော်သက်လူငယ်လေးတွေကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ခပ်ထန်ထန်ပြောလိုက်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၈၉)
"အခု ဆေးမြစ်ဆေးဖက်တွေနဲ့ပတ်သတ်တဲ့ အခြေခံအကျဆုံးအချက်တွေကို ငါသင်ပေးတော့မယ်။ ငါ့အတန်းချိန်မှာ ဘာသံမှမကြားချင်ဘူး...."
ရှန်ယန်ရှောင်ဟာ မေးထောက်ကာ နည်းပြဆရာရဲ့ ခပ်တင်းတင်းအသံကို နားထောင်နေပါတယ်။ အတန်းချိန်တစ်ဝက်လောက်ကျိုးတော့မှသာ လေကြောရှည်တဲ့နည်းပြဆရာက စတင်သင်ကြားပါတော့တယ်။
"ဒါတစ်ကယ့်ကို စိတ်ပျက်စရာကောင်းတာပဲကွာ။ ဆေးမြစ်တွေအကြောင်းကို အခြေခံအချက်တွေကနေစပြီး သင်ယူရမှာတဲ့လား။ ဒါတွေအားလုံးကိုငါ အလွတ်ရနေတာဖြင့် ကြာလှပြီကို"
တန်နာဇီက စိတ်ညစ်စွာရေရွတ်လိုက်ပါတယ်။
စာမေးပွဲကိုအောင်မြင်ပြီးတဲ့ကျောင်းသားတိုင်းဟာ အချိန်အတန်ကြာလေ့ကျင့်ခန်းတွေပြုလုပ်ပြီးတဲ့နောက် ဆေးမြစ်ဆေးဖက်တွေရဲ့ အခြေခံအချက်အလက်တွေကို နားလည်သဘောပေါက်ပြီးကြပါပြီ။ လူအများစုက ဒီနည်းပြဆရာရဲ့ သင်ခန်းစာကိုစိတ်ဝင်တစားမရှိကြပါဘူး။
ရှန်ယန်ရှောင်ကတော့ တစ်ခြားကျောင်းသားတွေနဲ့ ဆန့်ကျင့်ဖက်ဖြစ်နေပါတယ်။ ဝင်ခွင့်စာမေးပွဲမှာ သူမကကြက်ကန်းဆန်အိုးတိုးသလို ကံကောင်းခဲ့တာပါ။ အရိုးရှင်းဆုံးဆေးမပြောနဲ့ အဲ့ဒီဆေးမြစ်တွေအကြောင်းကိုတောင် သူမကောင်းကောင်းမသိသေးပါဘူး။
သို့ဖြစ်၍ ဒီသင်ခန်းစာဟာ သူမအတွက်တော့ အလွန်တန်ဖိုးရှိလှပါတယ်။
တစ်နေ့လုံးတိုင်အောင် သူမက ဆေးဖက်ဆိုင်ရာဗဟုသုတတွေကို စိတ်ပါလက်ပါနားထောင်သင်ယူနေပါတယ်။
ဆေးပညာရပ်ဖက်မှာ သူမရဲ့ရည်မှန်းချက်ရှိလို့မဟုတ်ဘဲ ဆေးပညာရှင်တစ်ယောက်ရရှိတဲ့ အကျိုးအမြတ်တွေက မက်မောစရာကောင်းလွန်းလို့လည်းဖြစ်ပါတယ်။ ရှန်ဖန်ကသူမအား ဆေးပညာဌာနကိုစေလွှတ်လိုက်တဲ့အတွက် ဒီအခွင့်အရေးကို သူမအလဟသအဖြစ်မခံပါဘူး။ သူမဟာ ဆေးဆိုင်ကိုငွေတွေသွားရောက်ဖြုန်းတီးမနေချင်လို့ သူမကိုယ်တိုင်ဆေးဖော်စပ်နိုင်ရင် အကောင်းဆုံးဖြစ်မှာပါ။
တန်နာဇီကတော့ ရှန်ယန်ရှောင်ကနေ သင်ခန်းစာကိုအတည်ကြီးနားထောင်နေလို့ အံ့အားသင့်နေပါတယ်။ သူ့ရင်ထဲမှာ သူမက ဆေးပညာရပ်ပေါ်မှာ ပါရမီရှင်တစ်ဦးဖြစ်နေကာ ဒီပါရမီရှင်လေးက အခြေခံသဘောတရားတွေကို စိတ်ဝင်တစားနားထောင်နေပါတယ်။ သူ ဒီအချက်ကိုသဘောမပေါက်ဘူးဖြစ်နေရပါတယ်။
သူ့အနေနဲ့ကတော့ သင်ခန်းစာထဲမှာနစ်မြောနေတဲ့ သူမကိုသာကြည့်နေရုံပါပဲ။ ခဏအကြာမှာပဲပျင်းရိလာတာနဲ့ သင်ခန်းစာကိုသေချာနားထောင်ဖို့ အတင်းကာရောကိုယ့်ကိုယ်ကိုယ်ဖိအားပေး တိုက်တွန်းလိုက်ရပါတယ်။
ဒီအခြေအနေဟာ လဝက်တိတိကြာမြင့်ခဲ့ပါတယ်။ လဝက်အတွင်းနေ့ခင်းပိုင်းမှာ သူမဟာ ဆေးရည်အချို့နဲ့ဆေးဖက်ပစ္စည်းတွေကို လေ့လာသင်ယူခဲ့ပြီး ညပိုင်းမှာတော့ ကျိန်စာအတတ်ကိုလေ့လာနေခဲ့ပါတယ်။ သို့သော်လည်း ပေါင်းစပ်ကျိန်စာနှစ်ခုကို သူမကတစ်လအတွင်းမှာတက်မြောက်ခဲ့ပေမယ့် အခုမှာတော့ လဝက်ကုန်ဆုံးခဲ့တာတောင် ဘာပေါင်းစပ်ကျိန်စာကိုမှ မတတ်ကျွမ်းသေးဘူးဖြစ်နေပါတယ်။ ဒီအခြေအနေက သူမကိုပဟေဠိဖြစ်စေပါတယ်။
ရှူကသူမကိုထောက်ပြတာကတော့ တတိယမြောက်တားမြစ်တံဆိပ်ပယ်ဖျက်ပြီးတာကို စောင့်ရဦးပါမယ်။ သူမအနေနဲ့ တားမြစ်တံဆိပ်ကိုပဲ အပြစ်တင်ရုံတတ်နိုင်ပါတယ်။
တားမြစ်တံဆိပ်ပျက်တာနဲ့ သူမရဲ့စွမ်းအားတိုးမြင့်မှုက ဒုံးပျံတစ်စင်းလိုမြန်ဆန်လှပြီး တံဆိပ်မပျက်သေးရင်တော့ ခရုလိုနှေးကွေးလွန်းလှပါတယ်။
ကျိန်စာအတတ်ကို တိုးတက်ဖို့ကမဖြစ်နိုင်သေးလို့ သူမလည်း လေးပညာဖက်ကိုသာ အာရုံပြောင်းလိုက်ရပါတယ်။
ညအမှောက်ကိုအကာအကွယ်ယူကာ လေးဌာနစာကြည့်တိုက်ထဲကို ဝင်ရောက်ခဲ့ပါတယ်။
ဆင့်ခေါ်သူမျှော်စင်နဲ့မတူတာက လေးမျှော်စင်မှာ အစောင့်အကြပ်ထူထပ်စွာချထားပါတယ်။ ညတစ်ဝက်ခန့်ကို အစောင့်တွေအားကျော်ဖြတ်ဖို့ ကုန်ဆုံးပြီးမှသာ အထဲကိုဝင်ရောက်နိုင်ခဲ့ပါတယ်။
မျှော်စင်အတွင်းကိုရောက်တာနဲ့ ဒုတိယထပ်ကိုတန်းတက်သွားပါတယ်။ စာအုပ်ပင်လယ်ထဲကနေ သူမလိုအပ်တဲ့စာအုပ်ကိုလိုက်ရှာရပါတယ်။ လေးမျှော်စင်ဟာ လာရောက်သူမပြတ်ရှိနေလို့ အထဲမှာအချိန်အကြာကြီး မနေရဲပါဘူး။ လေးပညာရပ်အခြေခံသဘောတရားစာအုပ်တွေထဲကနေ သူမအတွက်အသုံးတဲ့မယ်လို့ထင်တဲ့ စာအုပ်တစ်အုပ်နှစ်အုပ်ကိုရွေးပြီး သူမလက်စွပ်ထဲထည့်လိုက်ကာ လူမသိအောင်ပြန်ထွက်လာခဲ့လိုက်ပါတယ်။
ဒါပေမဲ့ သူမကိုစိတ်ညစ်စေတဲ့အရာတစ်ခု ရှိနေပါသေးတယ်။
လေးပညာရပ်ကိုလေ့လာသင်ယူမှုက ဆင့်ခေါ်သူပညာကိုလေ့လာသင်ယူတာနဲ့ မတူညီကွဲပြားနေပါတယ်။ လေးသမားတစ်ယောက်က လက်နက်ရှိဖို့လိုအပ်ပါတယ်။
ပညာရပ်ခြောက်မျိုးထဲမှာ လက်နက်ဘာညာမလိုအပ်တာက ဆင့်ခေါ်သူပညာသာရှိပြီး လေးပညာအတွက်ကတော့ လေးလိုအပ်ပါတယ်။