← Chapters

အခန်း (၂၆၂-၂၆၄)

Vol. 18 Ch. 262-264

အခန်း (၂၆၂-၂၆၄)

Vol. 18 Ch. 262-264

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၆၂)

အပြစ်ဆိုစရာ မြူတစ်မှုန်တောင်မရှိတဲ့ ထိုမျက်နှာဟာ အလွန်အမင်းကိုချောမောပြီး မြင်သူငေးလောက်အောင် မိုးနတ်မင်းကိုယ်တိုင်ဖန်တီးထားသလား အောက်မေ့ရပါတယ်။ ရှန်ယန်ရှောင်ကို ပိုအံ့အားသင့်စေတဲ့အရာက နေမင်းကြီးလို ရွှေရောင်တလက်လက်တောက်ပနေတဲ့ မျက်လုံးတစ်စုံပဲ ဖြစ်ပါတယ်။[စွန်းဝူခုံးအမွှေးရိတ်ထားတာများလား]

အဲ့မျက်လုံးတွေက ဖန်သားလိုကြည်လင်နေပြီး တစ်လောကလုံးကို ထိုးဖောက်မြင်ရသလားလို့တောင် ထင်မှတ်စေပါတယ်။

တလက်လက်တောက်ပနေတဲ့မျက်လုံးတွေဟာ အကြည့်မှာတော့ အလွန်အေးစက်နေတာကြောင့် တစ်ယောက်ယောက်က ထိုမျက်လုံးတွေကို ကြည့်လိုက်မယ်ဆိုရင် တစ်နှစ်တာရဲ့ အအေးစက်ဆုံးအချိန်မှာ တစ်ကိုယ်တည်းရှိနေတုန်း နှလုံးထိအေးခဲမတတ်တိုက်ခတ်လာတဲ့ လေအေးအေးကြီးက တိုက်ခတ်သွားသလိုမျိုး အရိုးထဲအကြောထဲအထိ အေးစက်ခြင်းကို ခံစားရပါလိမ့်မယ်။

"ရှူလား" လို့ ရှန်ယန်ရှောင်က မဝံ့မရဲမေးမြန်းလိုက်ပါတယ်။

ချောမောသောလူငယ်က ခေါင်းကိုအသာအယာ ညိတ်ပြလိုက်ပုံက အလွန်အင်မတန်မှ ခန့်ညားလှကာ ကျက်သရေရှိလှပါတယ်။

"တစ်ကယ်ပဲ ခင်ဗျားကိုး"

အဖြစ်ဆိုးကြီးကြုံတွေ့နေရသော ချောမောလှတဲ့လူငယ်အား ရှန်ယန်ရှောင်က တအံ့တသြနဲ့ ကြည့်လိုက်ပါတယ်။ သူဟာ မလှုပ်မရှားဘဲ ငြိမ်သက်စွာရပ်နေပေမယ့် သူမရဲ့ အာရုံကိုတော့ လုံးဝဖမ်းစားထားပါတယ်။

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ရဲ့သန်မာတဲ့ လက်မောင်းကို သူမ မြင်နေရသလို ဘာမှဝတ်ဆင်မထားတဲ့ ခြေဗလာကလည်း သူမရဲ့ နှလုံးအိမ်ထဲမှာ စူးနစ်ဝင်ရောက်သွားပုံက သူဟာ လူသားတို့ကမ္ဘာပေါ်ကို ဆင်းသက်လာတဲ့ နတ်သားတစ်ပါးအလားကဲ့သို့ပါပဲ။

အရင်တုန်းက သူမရဲ့ စိတ်အာရုံထဲမှာ ရှူကို လုံးဝမပီမပြင်နဲ့ ဝိုးတဝါးသာ တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။ အထီးကျန်ပြီး အေးစက်စက်အသံပိုင်ရှင်က ဘယ်လိုပုံများဖြစ်မလဲဆိုပြီး သူမ အကြိမ်ကြိမ်တွေးကာ ပုံဖော်ကြည့်ခဲ့ဖူးပါတယ်။ သို့သော် သူမ အကြိမ်ပေါင်းများစွာ ဖန်တီးပုံဖော်ကြည့်ထားတဲ့ မျက်နှာတွေက သူမရှေ့မှာရှိနေတဲ့ ဒီလူနဲ့ ခွေးချီးနဲ့ရေခဲမုန့်လို ကွာခြားလှပါတယ်။[ရှောင်လေးရဲ့ဖခင်နဲ့ဆို ဘယ်သူပိုခန့်လဲမသိဘူး]

သူမအရှေ့မှာရှိနေတဲ့ ရှူဟာ အလွန်ပြည့်စုံလွန်းတာကြောင့် သိသာပေါ်လွင်လွန်းတဲ့ ဇာမဏီငှက်ဘေးမှာ ရပ်နေတာတောင်မှ လူအားလုံးရဲ့ အာရုံစိုက်မှုကို သူ့ဆီမှာပဲ ရှိနေအောင်ထိ ဆွဲဆောင်နိုင်စွမ်းရှိနေပါတယ်။

ဇာမဏီငှက်က တရှိန်ညီးညီးတောက်လောင်နေတဲ့ မီးတောက်မီးလျှံဆိုရင် ရှူကတော့ အေးစက်မှုတွေအား ဖယ်ရှားရှင်းလင်းပေးမယ့် ကောင်းကင်ပေါ်က နေမင်းကြီးပါပဲ။

သူမ နှုတ်ခမ်းစူလိုက်ပါတယ်။ ရှူရဲ့ အသွင်အပြင်က သူမထင်မှတ်ထားတာထက် အပုံကြီးသာလွန်နေခဲ့ပါတယ်။

ဒီလိုရုပ်ရည်သွင်ပြင်ဟာ တစ်လောကလုံးက အမျိုးသမီးတွေကို သူတို့ကိုယ်သူတို့ အရှက်ကြီးရှက်ကာ ရတတ်ပွေလို့သေသွားနိုင်စေပါတယ်။

"ဘာဖြစ်တာလဲ"

ရှူရဲ့ပါးစပ်ကနေ မပြောင်းလဲတဲ့ အေးစက်စက်အသံဟာ ထွက်ပေါ်လာပါတယ်။ ထိုအသံဟာ အေးစက်စက်လေညင်းနဲ့တူပြီး သဘာဝလောကရဲ့ အသံလိုမျိုးလည်းဖြစ်ပါတယ်။

ရှန်ယန်ရှောင်က တံတွေးကို ခိုးပြီးမြိုချလိုက်ပါတယ်။ သူမရဲ့ အရင်ဘဝတုန်းက ဖန်သားပြင်ကြီးတွေပေါ်မှာတွေ့ရတဲ့ ချောမောတဲ့အမျိုးသားတွေကို ပြန်မြင်ယောင်ကြည့်လိုက်ပါတယ်။ ရှူနဲ့ယှဉ်လိုက်တဲ့အခါမှာတော့ သူတောင်းစားနဲ့ နတ်သားနဲ့ အတူတွဲမြင်ရသလို စုတ်ပြတ်သတ်သွားပါတယ်။

"ဘာမှမဖြစ်ပါဘူး...ခင်ဗျားရဲ့ မျက်နှာကို တစ်ကယ်မြင်တွေ့ရတော့ စပ်စုလိုစိတ်များသွားရုံပါပဲ"

သူမကိုယ်သူမ ရုပ်အဆင်းကိုနှစ်သက်တဲ့ အဖွဲ့ဝင်တစ်ယောက်မဟုတ်ဘူးဆိုပြီး ဂုဏ်ဝံ့လာသမျှ ဒီမျက်နှာရှေ့မှာ တည်တည်ငြိမ်ငြိမ်နေဖို့ အတော်ခက်တာကို သိလိုက်ရပါတယ်။

ရှူက မျက်ခုံးကို အနည်းငယ်ကြုတ်လိုက်ပါတယ်။ ချောမောလွန်းတဲ့ သူ့မျက်နှာဟာ ဒေါသထွက်နေပုံက ပိုပြီးရင်ခုန်စရာကောင်းလှပါတယ်။

"ငါ့အစွမ်းတွေ ပြန်ကောင်းလာတာနဲ့အမျှ ငါ့အကြောင်းကို ပိုသိလာလိမ့်မယ်"

ရှူက ခေါင်းကိုငုံ့လိုက်ပြီး သူ့ကိုယ်သူပြန်ကြည့်လိုက်ပါတယ်။ ရွှေရောင်မျက်ဝန်းတွေကတော့ ဘာခံစားချက်မှ မရှိပါဘူး။

ရှန်ယန်ရှောင်ရဲ့ တားမြစ်တံဆိပ်ကို ပယ်ဖျက်ဖို့ သူကူညီခြင်းဟာ သူ့ကိုယ်သူ အစွမ်းပြန်ရအောင် ကူညီနေတာပါပဲ။ သူ့ရဲ့ ကြီးမားထက်မြက်တဲ့ စွမ်းအားနဲ့ယှဉ်ရင် ရုပ်ရည်အသွင်အပြင်ကဲ့သို့သော အပေါ်ယံကိစ္စတွေကို ခေါင်းထဲထည့်သူလည်း မဟုတ်ပါဘူး။

"ကျနော်က ဘာတွေထပ်သိစရာရှိသေးလို့လဲ"

ရှန်ယန်ရှောင်က မျက်တောင်ခတ်လိုက်ရင်း မေးလိုက်တာပါ။ သူမကိုယ်သူမတော့ အတော်တည်ငြိမ်တာပဲဟလို့ တွေးထင်ခံစားမိလိုက်ပါတယ်။ သူမနေရာမှာ တစ်ခြားအမျိုးသမီးတစ်ဦးသာဆိုရင် အခုလို ပြိုင်ဖက်ကင်းလူချောတစ်ယောက်ကို မြင်တွေ့ရလို့ စိတ်လှုပ်ရှားလွန်းပြီး ချက်ချင်းသတိလစ်သွားရင်သွားမှာပါ။

"ပဉ္စမအမှတ်ကိုဖျက်နိုင်ရင် ငါက အပြင်လောကကို အချိန်တိုလောက်တော့ ထွက်လာလို့ရမယ်"

ရှူက ပြန်ပြောလိုက်ပါတယ်။

"အပြင်လောကကို ထွက်လာလို့ရတယ်"

သူမ နည်းနည်းအံ့သြသွားခဲ့ပါတယ်။ ရှူရဲ့ ပြိုင်ဖက်ကင်းချောမောတဲ့ အသွင်အပြင်ကြောင့် ရှော့ဖြစ်သွားတယ် ဆိုသော်လည်း ပိုပြီးအရေးကြီးတဲ့ အချက်ကို သူမ ရှာတွေ့သွားပါတယ်။

ဘယ်လိုလူသားက ရွှေရောင်မျက်လုံးရှိမလဲ.....

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၆၃)

"ခင်ဗျားမျက်လုံးတွေက"

ရှူရဲ့ခပ်မှေးမှေးလုပ်ထားတဲ့ မျက်လုံးကိုကြည့်လိုက်မိပြီး သူမ နှုတ်ခမ်းတွေ အနည်းငယ်တွန့်သွားပါတယ်။

သူမသိသလောက်ဆိုရင် ဒီကမ္ဘာက လူတွေရဲ့မျက်လုံးအရောင်ဟာ သူမရဲ့အရင်ကမ္ဘာကလူတွေနဲ့ ထူးမခြားနားဖြစ်ပြီး အနက်နဲ့အညိုတွေပဲများပါတယ်။

ဘယ်လူမျိုးက ရွှေရောင်မျက်လုံးရှိတာလဲ။

ရှူက ပါးစပ်မဟခဲ့ပေမယ့် ဘေးမှာတိတ်တိတ်ပဲနေနေတဲ့ ဇာမဏီငှက်က ရုတ်တရက်ဝင်ပြောလိုက်ပါတယ်။

"ငါ့အနေနဲ့ ဒီအချိန်မှာ နတ်မျိုးနွယ်ထဲက သက်ရှိနတ်တစ်ပါး ရှိနေဦးမယ်လို့ မထင်ခဲ့မိဘူး။ မင်းနဲ့ရင်းနှီးနေသလို ခံစားချက်ရနေတာက ဒါကြောင့်ပဲကိုး။ လွန်ခဲ့တဲ့နှစ်တစ်ထောင်ကဖြစ်ခဲ့တဲ့ နတ်ဆိုးနဲ့နတ်ဘုရားတွေရဲ့ စစ်ပွဲမှာ မင်းပါဝင်ခဲ့တာဖြစ်ရမယ် ဟုတ်တယ်ဟုတ်"

ရှူက ဇာမဏီငှက်ရဲ့အမေးကို မဖြေဘဲ တုံဏှိဘာဝေလုပ်ကာ ရပ်မြဲရပ်နေပါတယ်။

ရှန်ယန်ရှောင်ကတော့ ဇာမဏီငှက်ရဲ့ ပြောစကားကြောင့် အလွန်တုန်လှုပ်သွားရပါတယ်။

သက်ရှိနတ်ဘုရားတဲ့လား....

အဲ့ဒါ ဘာကိုဆိုလိုတာတုန်း.....

လွန်ခဲ့သော နှစ်တစ်ထောင်က ဒီလောကကိုအုပ်စိုးနေတဲ့ နတ်မျိုးနွယ်နဲ့ နတ်ဆိုးတွေဟာ လောကကိုတုန်ဟီးစေတဲ့ စစ်ပွဲကြီးဆင်နွဲခဲ့ကြပါတယ်။ ပြင်းထန်လှတဲ့ ထိုတိုက်ပွဲက အရာအားလုံးကို လှုပ်ခါမတတ်ပါပဲ။ မျိုးနွယ်နှစ်စုက စစ်သားတွေရဲ့ သွေးချောင်းစီးမှုနဲ့ အလောင်းကောင်တွေကို နေရာအနှံ့မှာ တွေ့နိုင်ပါတယ်။ ထိုစစ်ပွဲကြီးကြောင့်ပဲ လူသားတွေ ကိုးကွယ်အားထားလေးစားရတဲ့ နတ်မျိုးနွယ်ဟာ မျိုးသုဉ်းလုနီးပါးဖြစ်ခဲ့ပါတယ်။ ရှင်သန်ကျန်ရစ်ခဲ့တဲ့ နတ်ဘုရားအားလုံးကလည်း စစ်ပွဲအတွင်းမှာ ပြင်းထန်လှတဲ့ဒဏ်ရာတွေ ရရှိခံစားခဲ့ကြရပါတယ်။ ဒါပေမယ့် သူတို့ဟာလည်း အချိန်အကြာကြီး မရှင်သန်နိုင်ခဲ့ကြဘဲ သေဆုံးသွားခဲ့ကြပါတယ်။ နတ်ဆိုးမျိုးနွယ်က မြေအောက်လောကသို့ ပြန်ဆုတ်ခွာသွားခဲ့သလို နတ်မျိုးနွယ်ဟာလည်း အပြီးတိုင်ပျက်စီးသွားခဲ့ရပါတယ်။

နတ်ဘုရားတွေနဲ့ နတ်ဆိုးတို့ရဲ့ စစ်ပွဲဟာ တစ်လောကလုံးကို ပြင်းထန်စွာထိခိုက်စေခဲ့ပါတယ်။ တစ်လောကလုံးက တိုက်ကြီးတွေအားလုံး စစ်တလင်းဖြစ်ခဲ့ပါတယ်။ လူသားတွေ၊ နတ်သူငယ်တွေ၊ နဂါးတွေအားလုံးဟာ နတ်ဆိုးတွေရဲ့ ကျူးကျော်စစ်ကို ခုခံတိုက်ခိုက်ခဲ့ကြပါတယ်။ သို့သော်လည်း နတ်ဘုရားတွေဟာ ဆုံးရှုံးမှုအလွန်ကြီးမားခဲ့ပါတယ်။

နှစ်ရာချီကြာမြင့်ခဲ့တဲ့ စစ်ပွဲကြီးက တစ်လောကလုံးကို ပျက်သုဉ်းလုမတတ်ဖြစ်သွားစေခဲ့ပါတယ်။ စစ်ပွဲကြီးပြီးဆုံးလို့ နှစ်တစ်ထောင်လောက်ရှိမှသာ လူသားတွေအနေနဲ့ သူတို့အိမ်တွေကို ပြန်လည်တည်ထောင်နိုင်ခဲ့ကြတာပါ။

နတ်ဆိုးမျိုးနွယ်တွေက မြေအောက်လောကသို့ ပြန်လည်ဆင်းသက်သွားခဲ့ကြပေမယ့် ကျန်ရှိခဲ့တဲ့နတ်ဆိုးတွေနဲ့ အပေါ်ကိုတက်တက်လာကြတဲ့ နတ်ဆိုးတွေက လူတွေကို ဒုက္ခရောက်နေစေမြဲပါပဲ။

နတ်မျိုးနွယ်ပျောက်ကွယ်သွားခဲ့ပြီး ကျန်ရှိခဲ့တဲ့ နတ်ဘုရားတွေလည်း သူတို့ရဲ့နတ်တန်ခိုးတွေ ကုန်ခမ်းသွားတာကြောင့် စစ်ပွဲကြီးအပြီးမှာ အကုန်ကြွေလွင့်ခဲ့ကြရပါတယ်။

နှစ်ထောင်ချီတဲ့အထိ နတ်မျိုးနွယ်ဆိုတာ လူတွေရဲ့ပါးစပ်ဖျားမှာ ဒဏ္ဍာရီအဖြစ်ရှိနေဆဲပါပဲ။

ရှူက နတ်မျိုးနွယ်ကများလား။

သူမရဲ့ခန့်မှန်းချက်ကို သူမကိုယ်တိုင်တောင် မယုံရဲပါဘူး။ နတ်မျိုးနွယ်က နတ်ဘုရားတစ်ပါးပေါ်ထွက်လာတိုင်း လူ့လောကကို လှုပ်လှုပ်ခတ်ခတ်ဖြစ်စေပါတယ်။

နတ်ဘုံရဲ့အဆင့်အတန်းက အခုလိုဘာကြောင့် ကြီးကျယ်နေရတာလဲဆိုရင် နတ်ဘုံမှာရှိတဲ့လူတွေရဲ့ စွမ်းအားဟာ နတ်မျိုးနွယ်က နတ်ဘုရားတွေနဲ့ အနီးစပ်ဆုံးဖြစ်နေလို့ပါပဲ။

ဒီအချိန်မှာသာ နတ်မျိုးနွယ်ရဲ့ သက်ရှိနတ်ဘုရားတစ်ပါးသာ ပေါ်ထွက်လာမယ်ဆိုရင် တစ်တိုက်လုံး ဆောက်တည်ရာမရဖြစ်သွားနိုင်ပါတယ်။

"ငါဘယ်သူလဲဆိုတာက အရေးမပါပါဘူး။ အရေးပါတာက ငါတို့က မဟာမိတ်တွေဆိုတာပဲ"

ရှန်ယန်ရှောင်ရဲ့ စိတ်နှလုံး ယောက်ယက်ခက်နေတာကို သူသိပါတယ်။ သူဘယ်သူလဲဆိုတာကို ရှင်းပြဖို့ ရည်ရွယ်ချက် သူ့မှာမရှိပါဘူး။

အတိတ်ဆိုတာ မျောလွင့်နေတဲ့ တိမ်လွှာတွေပါပဲ။ နတ်ဘုရားဖြစ်ဖြစ် နတ်ဆိုးဖြစ်ဖြစ် သူတို့တွေက သမိုင်းထဲမှာ ကျန်ရစ်ခဲ့ပါပြီ။

သူက အခုအချိန်မှာဆိုရင် လူသားတစ်ယောက်ရဲ့ ကိုယ်ထဲမှာ နေထိုင်နေရတဲ့ ဝိဉာည်တစ်ခုမျှသာဖြစ်ပါတယ်။

"ခင်ဗျားပြောတာဟုတ်တယ်"လို့ ရှန်ယန်ရှောင်က ပြုံးရယ်ကာပြန်ပြောလိုက်ပါတယ်။

သူ့ရာဇဝင်ကို သူမ သိတော့ရော ဘာထူးခြားသွားမှာမို့လဲ။ သူမအတွက် အရေးကြီးတဲ့အချက်က သူဟာ သူမရဲ့ တားမြစ်အမှတ်ကို ပယ်ဖျက်ပေးနိုင်တာပါပဲ။ ဒီတော့ သူက နတ်ဆိုးဖြစ်နေတော့ရော ဘာအရေးလဲ။

ဇာမဏီငှက်က ပင့်ထားတဲ့မျက်ခုံးကို ကြုတ်လိုက်ပါတယ်။ သူဟာ အေးအေးဆေးအေးရှိနေတဲ့ ရှန်ယန်ရှောင်အား ကြည့်လိုက်ပြီးနောက် ဘာအမူအယာခံစားချက်မှမရှိတဲ့ ရှူ့မျက်နှာကိုကြည့်လိုက်ကာ တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။

"ငါ့ခံစားမှုက မမှားနိုင်ဘူး။ ဒါပေမယ့် မင်းဘယ်သူလဲဆိုတာကို ငါက ဘာလို့မမှတ်မိရတာလဲ"

သူ့အတွင်းစိတ်နက်နက်ရှိုင်းရှိုင်းထဲမှာ ရင်းနှီးမှုကို သေသေချာချာကြီး ခံစားမိနေပေမယ့် သူ ဘယ်လောက်ပဲ ကြိုးစားပမ်းစားတွေးတွေး ရှူ ဘယ်သူလဲဆိုတာကို ဖော်လို့မရဘူးဖြစ်နေပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၆၄)

"ဒီကိစ္စအပေါ် ထပ်တွေးမနေတော့ဘူး။ ခင်ဗျားဘယ်သူပဲဖြစ်ဖြစ် ကျနော့်အတွက်ကတော့ အတူတူပါပဲ"

ရယ်မောရင်းနဲ့ သူမက ပြောလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ရင် တစ်ခြားကမ္ဘာကနေ ဒီကမ္ဘာကိုရောက်လာတဲ့ သူမအဖြစ်ကရော တုန်လှုပ်စရာပဲမဟုတ်ဘူးလား။

ရှန်ယန်ရှောင်ရဲ့ အောက်နှုတ်ခမ်းဘယ်လိုလှုပ်ရှားသွားသလဲဆိုတာကို ရှူကြည့်နေပါတယ်။

"တတိယအမှတ်ကို ပယ်ဖျက်ဖို့အတွက် မင်းအသင့်ဖြစ်ပြီလား"

သူမ ခေါင်းညိတ်လိုက်ပြီးနောက် သူမရဲ့ စိတ်အာရုံကို ပြန်လည်ခေါ်ယူလိုက်ပါတယ်။ ဘယ်သူမှမရှိတဲ့ အခန်းလွတ်ကိုကြည့်လိုက်ပြီးနောက် သူမ အသက်ကို ပုံမှန်ပြန်ရှူလိုက်ပါတယ်။

"ဒီတစ်ခေါက် ဘယ်လောက်တောင် နာမလဲမသိဘူး"

ဒုတိယအမှတ်ကိုဖျက်တုန်းက ခံစားခဲ့ရတဲ့ နာကျင်မှုကို အခုထိ လတ်ဆတ်စွာ မှတ်မိနေဆဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက် ဘယ်လိုခံစားရမလဲဆိုတာကို သူမ ကြိုမခန့်မှန်းနိုင်ပါဘူး

ခဏနေတော့ သူမလက်မောင်းမှာရှိတဲ့ တားမြစ်အမှတ်ဆီကနေ ပူလောင်လာတာကို သူမခံစားလိုက်ရပါတယ်။ ဒီအပူဟာ အပြင်ကနေလာတာမဟုတ်ဘဲ သူမရဲ့ အသွေးထဲအသားထဲ ရိုးတွင်းချဉ်ဆီထဲကနေ ထွက်လာတာဖြစ်ပါတယ်။

ရှန်ယန်ရှောင် နှုတ်ခမ်းကိုက်လိုက်ပါတယ်။ ဆိုးရွားလှတဲ့နာကျင်မှုကို ခံစားအံတုဖို့ ပြင်ဆင်နေတုန်းမှာပဲ သူမတစ်ကိုယ်လုံး တစ်ချက်တုန်သွားပြီးနောက် အိပ်ယာပေါ်လဲကျကာ သတိမေ့မြောသွားပါတော့တယ်။

သူမရဲ့ စိတ်ဝိဉာည်အတွင်းထဲမှာတော့ ဇာမဏီငှက်ဟာ ရှူရဲ့ဘေးမှာ စောင့်နေပါတယ်။ သူ၏မီးတောက်မျက်လုံးတွေထဲမှာ စိုးရိမ်မှုတွေကို တွေ့မြင်နိုင်ပါတယ်။

"မင်းဘာလုပ်လိုက်တာလဲ"

သူ၏သခင်ဖြစ်သူ သတိမေ့သွားတာကို ခံစားမိလိုက်တဲ့ ဇာမဏီငှက်က အသင့်အနေအထားဖြစ်သွားပါတယ်။

ရှန်ယန်ရှောင်က ရှူ့အပေါ်မှာ မယုံကြည်လို့ မဟုတ်ပါဘူး ဒါပေမယ့် ဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူဟာ သူ့ကို အန္တရာယ်ရှိတယ်လို့ ခံစားရအောင်လုပ်နေလို့ဖြစ်ပါတယ်။

ဒီအချိန်မှာ ရှူရဲ့ စိတ်စွမ်းအားက သူမထက် အများကြီးသာလွန်နေတယ်ဆိုတာကို ရှန်ယန်ရှောင်က သိချင်မှ သိပါလိမ့်မယ်။ ဒီလိုစွမ်းအားနဲ့ ရှူဟာ ရှန်ယန်ရှောင်ရဲ့ ခန္ဓာကိုစီးနင်းသိမ်းပိုက်ပြီး ပိုင်ရှင်အသစ်အဖြစ် လုပ်လို့ရပါတယ်။

ဒါကို ဇာမဏီငှက်က ကောင်းကောင်းကြီး သိပါတယ်။ ရှန်ယန်ရှောင်ထဲမှာ သူရော ရှူရောကနေနေရတာဖြစ်လို့ ရှူရဲ့ပြောင်းလဲလာမှုကို သူကောင်းကောင်းသိထားပါတယ်။

"သူမကို ထိခိုက်စေမယ့်အရာ လုပ်ရဲရင်လုပ်ကြည့်စမ်း မင်းဝိဉာည်ကို တစ်စစီဖြစ်အောင် ငါ မီးတိုက်ပစ်လိုက်မယ်"

ရှန်ယန်ရှောင်ဟာ မကြာခဏ သူ့အပေါ်မှာ အနိုင်ကျင့်တတ်လို့ သခင်ကောင်းမဟုတ်သော်ငြားလည်း တစ်ယောက်ယောက်ကနေ သူမကို ဆံတစ်မျှင်ထိခိုက်အောင်လုပ်မှာကိုတောင် သူ ခွင့်မပြုနိုင်ပါဘူး။

နီရဲစွာတောက်လောင်နေတဲ့ မီးတောက်တစ်ခုဟာ ဇာမဏီငှက်ရဲ့လက်ဖဝါးမှာ ပေါ်ထွက်လာပြီး သူဟာ ရှူရဲ့ လှုပ်ရှားမှုတိုင်းကို မျက်ခြေမပြတ်စောင့်ကြည့်နေပါတယ်။

ရှူ မဟုတ်တာတစ်ခုခုလုပ်တာနဲ့ သူတိုက်ခိုက်မှာပါ။

စိတ်ပူပန်နေတဲ့ ဇာမဏီငှက်ကို ရှူက ထူးမခြားနားတဲ့ဟန်နဲ့ တစ်ချက်ကြည့်ကာ အကြည့်ကိုပြန်သိမ်းလိုက်ပါတယ်။

"သူမရဲ့အသိစိတ်သာ ရှိနေမယ်ဆိုရင် တတိယအမှတ်ကိုပယ်ဖျက်မှုရဲ့ နာကျင်မှုက သူမကို အသည်းပေါက်အောင် နာကျင်ခံစားစေလိမ့်မယ်"

ဇာမဏီငှက်လည်း ဘာပြန်ပြောရမှန်းမသိဖြစ်သွားပါတယ်။ ခုနှစ်စင်ကြယ်လကိုချုပ်ရဲ့ အစွမ်းကို သူသိပါတယ်။ တားမြစ်အမှတ်ရဲ့ အဆင့်တိုင်းဟာ အလွန်နာကျင်စေပြီး အဆင့်တက်လေ နာကျင်မှုက ပိုပြင်းထန်လေပါပဲ။

ဒါဆိုရင်တော့ ဒီလိုလုပ်တာက ရှန်ယန်ရှောင်အတွက် တစ်ကယ်အဆင်ပြေစေတာပဲ။

ရှူက ဇာမဏီငှက်ကို ထပ်ရှင်းမပြတော့ပါဘူး။ သူ့မျက်လုံးကို ပိတ်လိုက်ပြီးနောက် မကြာခင်ကမှ သူပြန်လည်ရရှိခဲ့တဲ့ စွမ်းအားတွေကို စုစည်းလိုက်ပါတယ်။ ရုတ်တရက်ပဲ သူ့ကိုယ်ကနေပြီး ခပ်ရင့်ရင့်ရွှေရောင်အလင်းတန်း ထွက်ပေါ်လာပြီး နှလုံးသားပုံရေကန်တစ်ခုအဖြစ် လင်းလက်နေပါတယ်။

ရှူရဲ့ပြောင်းလဲမှုကြောင့် ဇာမဏီငှက်က စိုးရိမ်သွားပါတယ်။ နတ်မျိုးနွယ်ရဲ့ နတ်စွမ်းအားက မြင့်မြတ်သန့်စင်တဲ့စွမ်းအားဖြစ်ပါတယ်။ အဲ့ဒီရွှေရောင်တောက်ပမှုက နတ်ဘုရားတွေရဲ့ လက္ခဏာအမှတ်အသားဖြစ်ပါတယ်။ ဒါပေမယ့် ရှူ့ကိုယ်မှာဝန်းရံထားတဲ့ ရွှေရောင်အလင်းတန်းက သန့်စင်မှုမရှိဘဲ ပျက်စီးနေပါတယ်။ ရှူ့ဆီကနေထွက်ပေါ်နေတဲ့ တောက်ပမှုမှာ သူမုန်းတီးတဲ့ အရာတစ်ခုခု ရောနှောပါဝင်နေတာကို ဇာမဏီငှက်ခံစားမိနေပါတယ်။

ဒီလိုခံစားချက်ကို နတ်မျိုးနွယ်ဆီကနေ ဘယ်တော့မှ မရနိုင်ပါဘူး ဒါပေမယ့် မျက်လုံးအရောင်က နတ်ဘုရားတို့ရဲ့ သင်္ကေတအမှန်ပါပဲ။

ဒီလျှို့ဝှက်ဆန်းကြယ်ကောင်က ဘာကောင်လဲဟ။ ဒီလောကမှာ ခုနှစ်စင်ကြယ်လကိုချုပ်တံဆိပ်ကို ပယ်ဖျက်နိုင်တဲ့သူဆိုတာ ပျောက်ကွယ်သွားတာ အကြာကြီးရှိသင့်ပါပြီ။

ရွှေရောင်ရင့်ရင့်အလင်းတွေကတော့ ဇာမဏီငှက်ရဲ့ မြင်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ရှန်ယန်ရှောင်တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပါတော့တယ်။

All Chapters