← Chapters

အခန်း (၂၈၉-၂၉၁)

Vol. 20 Ch. 289-291

အခန်း (၂၈၉-၂၉၁)

Vol. 20 Ch. 289-291

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၈၉)

"ဒီနေရာကို မင်း ဘယ်လိုလုပ်ရှာတွေ့တာတုန်း:

သူမလက်ဆီက နွေးထွေးမှုကို ခံစားရပြီးတဲ့နောက် ခေါင်းကိုငဲ့လိုက်ကာ ကြူရှီယာအားကြည့်လိုက်ပြီးတော့ မေးလိုက်ပါတယ်။

"ဒါက ဌာနတိုင်းရဲ့ အတော်ဆုံးကျောင်းသားတွေရတဲ့ အခွင့်အရေးပဲလေ။ ဌာနတိုင်းမှာ လရောင်စမ်းရေရှိပြီး သာမန်ကျောင်းသားတွေကတော့ မသိကြဘူးပေါ့။ ထိပ်ဆုံးနေရာကို ရယူနိုင်တဲ့ကျောင်းသားတွေပဲ ဒါကိုသုံးခွင့်ရတာကိုး"လို့ ကြူရှီယာကပြုံးရင်း ဖြေလိုက်ပါတယ်။

ကျောင်းကိုစတက်တည်းက မှော်ပညာဌာန၏ ထိပ်ဆုံးနေရာကို ကြူရှီယာက သိမ်းပိုက်ထားခဲ့တာဖြစ်ပြီး သူ့နေရာကို ဘယ်သူကမှလှုပ်ခါနိုင်စွမ်းမရှိပါဘူး။

ဒီလရောင်စမ်းကန်က သူ့ကိုယ်ပိုင်ကန်အလားဖြစ်နေပါပြီ။

"ဆင့်ခေါ်သူဌာနမှာရော ဒါမျိုးရှိလားမသိဘူး"

ရှန်ယန်ရှောင် သိလိုစိတ်ဖြစ်သွားခဲ့တယ်။

"မရှိလောက်ဘူးဟ။ လရောင်စမ်းကန်တွေက ဆင့်ခေါ်သူဌာနပြိုလဲပြီးနောက် လွန်ခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်လောက်ကမှ လုပ်ထားတာကိုး။ ဒီတော့ ကျောင်းအုပ်က ဆင့်ခေါ်သူဌာနအတွက် လရောင်စမ်းကန်လုပ်မပေးခဲ့တော့ဘူးလေ"

နွေးထွေးတဲ့စမ်းရေအား ကြည့်လိုက်ပြီးနောက် သူထပ်ပြောလိုက်ပြန်ပါတယ်။

"ငါကတော့ ဒီရေကန်ကို သိပ်သုံးလေ့မရှိဘူး ဒီတော့ နောက်ကျရင် မင်းဒီကန်ထဲကို ညတိုင်းညတိုင်းလာစိမ်လို့ရတယ်။ နောက်တစ်ခါထပ်မဖျားစေဖို့ မင်းကျန်းမာသန်စွမ်းနေဖို့လိုတယ်"

သူမအပေါ်မှာ တန်နာဇီရဲ့ ဂရုစိုက်မှုက တဲ့တိုးကြီးနဲ့လွန်ကျူးတဲ့ပုံမျိုးဆိုပါက ကြူရှီယာရဲ့ ဂရုစိုက်မှုက သူမရှေ့မှာရှိနေတဲ့ ရေလိုမျိုး ညင်သာနွေးထွေးစွာနဲ့ လူတစ်ယောက်ကို တိတ်တဆိတ်ရစ်ဖွဲ့နေတဲ့ ပုံစံမျိုးဖြစ်တယ်။

ဘယ်လိုဂရုစိုက်ပုံမျိုးမဆို သူမကတော့ အလွန်ကျေးဇူးတင်နေမှာပါ။

"ဒါဆို မင်းအပေါ်မှာ ငါက အခွင့်အရေးယူရာကျမနေဘူးလား"

သူမက ပြုံးရယ်လိုက်ပြီး သူ့ကိုကြည့်၍ပြောလိုက်တယ်။

"အဲ့ဒါကြောင့် ဒါက မင်းအတွက် ကောင်းတဲ့ကိစ္စလို့ ငါပြောနေတာပေါ့ ကလေးမရယ်"ဟု ကြူရှီယာက မျက်ခုံးတွန့်ရင်းပြောလိုက်ပါတယ်။

"ဒါဆို ငါလည်း အားနာမနေတော့ဘူးနော်"လို့ သူမပြန်ပြောလိုက်တယ်။

စီးပွားရေးသမားတစ်ယောက်ဆီကနေ အခွင့်အရေးရယူဖို့က သိပ်မလွယ်တာကြောင့် ရှန်ယန်ရှောင်ကတော့ သိပ်အားနာနေမှာမဟုတ်ပါဘူး။

ကြူရှီယာက ထရပ်လိုက်ပြီး လရောင်ကိုကြည့်လိုက်တယ်။

"မင်းစိမ်နေတုန်း ငါ ကင်းစောင့်ပေးထားမယ်"လို့ သူပြောလိုက်တယ်။

ဘော်ဒါလေးရဲ့အသက်က ငယ်သေးတယ် အစိတ်အပိုင်းတစ်ချို့ မဖွံ့ဖြိုးသေးဘူးဆိုသော်လည်း ကျားနဲ့မကြားက မတူညီမှုကိုတော့ ကြူရှီယာအမှတ်ရပါသေးတယ်။

ထွက်ခွာသွားတဲ့ ကြူရှီယာနောက်ကျောကိုကြည့်လိုက်မိပြီး သူမ ပြုံးလိုက်မိပါတယ်။

ဒီလှစ်ကနဲနေအောင် ပါးနပ်လှတဲ့ ကုန်သည်ဟာ အပြင်လောကမှာ အလွန်စီးပွားရေးဆန်လှသော်လည်း ထင်မှတ်မထားလောက်အောင်ကိုပဲ အရိပ်အဖွဲ့ထဲက သူ့ဘော်ဘော်တွေအပေါ်မှာ အလွန်ဂရုစိုက်ချစ်ခင်သူပါ။

ကြူရှီယာရဲ့ ဂရုစိုက်ပုံက တန်နာဇီလို တဲ့ကြီးမဟုတ်ပါဘူး။ သူ့မေတ္တာအကြင်နာကို တစ်ဖက်သားလက်ခံလာစေဖို့ အဲ့လူရဲ့ စရိုက်လက္ခဏာအလိုက် သူပြုလုပ်ပါလိမ့်မယ်။

ကြူရှီယာမရှိတော့တဲ့အခါ သူမရဲ့ အဝတ်တွေကို ရှန်ယန်ရှောင်ချွတ်ချလိုက်ပါတယ်။ နှင်းပွင့်ကဲ့သို့ဖြူစင်ရှင်းသန့်လှတဲ့ သူမရဲ့ ပိန်ပိန်သေးသေးကိုယ်လုံးလေးက လေထုထဲမှာ ဗလာဟင်းလင်းဖြစ်သွားပါတယ်။ လေပြည်ညင်းကြောင့် သူမ ကြက်သီးတွေထသွားခဲ့ရတယ်။ သူမလည်း စမ်းရေထဲကို မြန်မြန်ဆင်းလိုက်ပါတော့တယ်။

နွေးထွေးတဲ့စမ်းရေက တစ်ကိုယ်လုံးကိုဖုံးသွားပြီး မန်းမှုတ်ခံထားရတဲ့ကျောက်နံရံတွေ၏ အစွမ်းသတ္တိနဲ့အတူ သူမရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ကိုယ်ခန္ဓာကို သက်သာစေခဲ့တယ်။

သူမဟာ ကျောက်တုံးနံရံအားမှီလိုက်တယ်။ စမ်းရေစိမ်ထားတဲ့ သူမကိုယ်လုံးဟာ အလွန်နေလို့ထိုင်လို့ကောင်းတာကြောင့် သူမ သက်ပြင်းသဲ့သဲ့တစ်ချက်ထွက်သွားခဲ့တယ်။

အလွန်ပင်ပန်းနေခဲ့တာကြောင့်ဖြစ်မလားမသိ သူမဟာ ရေစိမ်နေရင်း အိပ်ပျော်သွားရတယ်။ နွေးထွေးတဲ့စမ်းရေဟာ သဘာဝရဲ့ခြုံလွှာအလား ပြင်ပကလေအေးတွေဆီကနေ သူမကို ကာကွယ်ပေးခဲ့ပါတယ်။

သို့သော်လည်း သူမအိပ်ပျော်သွားတာနဲ့တစ်ပြိုင်နက် သူမရဲ့ ရင်ဘတ်ကနေ အနက်ရောင်အခိုးတစ်ခု ထွက်လာပြီးတော့ လရောင်လင်းနေတဲ့ လေထုထဲမှာ ပျံ့သွားခဲ့တယ်။ ထို့နောက်မှာတော့ လေထဲမှာပဲ လူတစ်ယောက်အသွင်ပြောင်းသွားခဲ့ပါတယ်။

သူ၏ ရှည်လျားတဲ့ အနက်ရောင်ဆံသားတွေက ရေတံခွန်ကဲ့သို့စီးမျောနေပြီး ခြေဖဝါးဗလာကတော့ ပါးလျတဲ့အခိုးအငွေ့ထက်မှာရှိနေကာ ရွှေရောင်မျက်လုံးတစ်စုံကတော့ အေးစက်စက်နဲ့ပေါ့။

ရေကန်ထဲက ရှန်ယန်ရှောင်ကိုငုံ့ကြည့်လိုက်တဲ့ ရှူ့မျက်လုံးဟာ အဓိပ္ပါယ်တစ်ချို့ဖြတ်ကနဲလက်သွားခဲ့တယ်။

ခနအကြာမှာတော့ လေညင်းကလေးက လရောင်စမ်းကန်ထဲမှာ တိုးဝှေ့သွားပြီး ရှူက သူ့လက်ချောင်းငါးချောင်းအား ပင့်လိုက်တဲ့အခါ ရေကန်ထဲက ရှန်ယန်ရှောင်ဟာ မမြင်ရတဲ့အားတစ်ခုက ချီမလိုက်သကဲ့သို့ ရေကန်ထဲကနေ ဖြည်းညင်းစွာနဲ့မြင့်တက်လာခဲ့ပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၉၀)

ရေကန်ဘေးက အဝတ်တွေဟာ လေထဲကိုဖြေးလေးစွာ မြောက်တက်လာခဲ့တယ်။ လေထဲမှာရှိနေတဲ့ ရှူက ရှန်ယန်ရှောင်ရဲ့ အဝတ်တစ်ထည်ကိုယူလိုက်ပြီးတော့ သူမကို ဖုံးပေးလိုက်တယ်။

ခြေသံတွေက နီးကပ်လာခဲ့ပါတယ်။ အိပ်မောကျနေတဲ့ ရှန်ယန်ရှောင်ကို သူကြည့်လိုက်တယ်။ သူ့လက်ချောင်းလေးတွေကို အသာအယာလှုပ်ရှားလိုက်ပြီး သူမကို ဘေးနားမှာရှိနေတဲ့ သစ်ပင်တစ်ပင်ကို မှီထားစေလိုက်ပါတယ်။

အဲ့ဒီနောက်မှာတော့ အခိုးအငွေ့အဖြစ်ပြန်လည်ပြောင်းသွားပြီး သူမရဲ့ရင်ဘတ်ထဲကို ပြန်လည်ဝင်ရောက်သွားခဲ့ပါတယ်။

ကြူရှီယာက အပြင်မှာအကြာကြီးစောင့်နေခဲ့တယ်။ တော်တော်ကြာတာတောင် ရှန်ယန်ရှောင်ပေါ်မလာခဲ့လို့ သူ စိတ်ပူလာခဲ့တယ်။ လရောင်စမ်းကန်နားကို သွားလိုက်ပြီး"ရှောင်လေး"လို့ အော်လိုက်သည်။

ဘာတုံ့ပြန်မှုမှ သူမရခဲ့ပါ။

မနေနိုင်တော့တဲ့ ကြူရှီယာလည်း ကန်ကိုတန်းသွားလိုက်တယ်။ ကန်ထဲမှာ သူမရဲ့ အရိပ်အယောင်တောင် မတွေ့ရတဲ့ ကြူရှီယာဟာ ကြာကြာမအံ့သြလိုက်ရဘဲ အိပ်ပျော်နေတဲ့ ရှန်ယန်ရှောင်ကို တွေ့လိုက်ရပါတော့သည်။

"ဝက်ကလေး မင်း ဘယ်လိုများ ဒီလိုအိပ်နိုင်ရတာလဲ ဟားဟား"ဆိုပြီး သူ ရယ်လိုက်မိပါတယ်။

သူလည်း ရှေ့တိုးလိုက်ပြီးတော့ အိပ်ပျော်နေတဲ့ သူမကို သူ့လက်မောင်းတွေနဲ့ပွေ့လိုက်ပြီး ရင်ခွင်ထဲထွေးပွေ့ထားလိုက်လေသည်။

သူမက တော်တော်လေးကို ကိုယ်အလေးချိန်ပေါ့တာပဲ။ သူ့ရင်ခွင်ထဲက ရှန်ယန်ရှောင်အားကြည့်လိုက်မိပြီးတော့ သူ ထပ်ရယ်လိုက်မိပြန်ပါသည်။

သူမရဲ့ ခြေဖဝါးနှစ်ဖက်က လေထဲမှာ တန်းလန်းဖြစ်နေရတာပေါ့။ သူလည်းခါးကိုင်းလိုက်ပြီးတော့သာ ခြေအိတ်နဲ့ဖိနပ်တို့ကို ကုန်းကောက်လိုက်ရပါသည်။

လရောင်ကတော့ ထိန်ထိန်သာလျက်ပါပဲ။ ကြူရှီယာကတော့ ရှန်ယန်ရှောင်အား မှော်ပညာဌာနကနေ ဆေးပညာဌာနအထိ တောက်လျှောက်ပွေ့ချီခဲ့ရတော့တာပေါ့။

ဆေးပညာကျောင်းသားဆောင်အဝင်ဝမှာ တန်နာဇီက လက်ပိုက်လျက် တံခါးဘောင်ကိုမှီထားပြီး ကြူရှီယာအား အတွေးပေါက်စွာကြည့်လိုက်သည်။

"သူမ အိပ်ပျော်နေပြီ မနိုးစေနဲ့တော့"လို့ ကြူရှီယာက တန်နာဇီအားပြန်ကြည့်လိုက်ပြီး ပြောလိုက်သည်။

မျက်ခုံးတွန့်လိုက်တဲ့ တန်နာဇီဟာ ဘာတစ်လုံးမှမဟခဲ့ပါဘူး။ ထို့နောက်မှာတော့ ကြူရှီယာဆီကနေ ရှန်ယန်ရှောင်အားပွေ့ယူလိုက်ပြီးတော့ အခန်းထဲကိုခေါ်သွားလိုက်ပါတော့တယ်။ သူမရဲ့ ကိုယ်အလေးချိန်ဟာ သူတို့အတွက်တော့ ဘယ့်နှယ်မှမနေပါဘူး။

တန်နာဇီရဲ့ နောက်ကျောကိုကြည့်နေတဲ့ ကြူရှီယာစိတ်ထဲမှာတော့ သံသယစိတ်တို့ဖြစ်ပေါ်နေပါသည်။

သူ ရှန်ယန်ရှောင်ကိုတွေ့ခဲ့တုန်းက အိပ်ပျော်နေတဲ့သူမဟာ အဝတ်အစားတွေပြည့်စုံစွာ ဝတ်ဆင်ထားပါတယ်။ ဖိနပ်နဲ့ခြေအိတ်မပါတာကလွဲရင် သူမရဲ့ ဝတ်ဆင်နေကျပုံစံနဲ့ ဘာမှခြားနားမှုမရှိခဲ့ပါဘူး။

အဝတ်တောင်ဝတ်နိုင်တယ်ဆိုရင် ဘာလို့ထွက်မလာဘဲနဲ့ အဲ့နေရာမှာ အိပ်နေရတာလဲ။

လရောင်စမ်းရေကန်နံဘေးက မြက်ခင်းပြင်ဟာ အဆောင်က အိပ်ယာထက် ပိုအိပ်ကောင်းလို့လို့တော့ သူမထင်ပါဘူး။

တစ်ယောက်ယောက်ကများ သူမကို အဝတ်ဝတ်ပေးခဲ့တာလား။

ဒါပေမယ့် လရောင်စမ်းရေကန်ထဲမှာ သူ အချက်ပြဂါထာလုပ်ထားခဲ့လို့ တစ်ယောက်ယောက်ရောက်လာခဲ့မယ်ဆိုရင် သူချက်ချင်းသိမှာပါ။ မဟုတ်ရင် ရှန်ယန်ရှောင်ကို ကန်ဆီ သူခေါ်မှာမဟုတ်ပါဘူး။

သူ့စိတ်ထဲမှာ ထိုသံသယက အမြဲရှိနေခဲ့ပေမယ့် ဘယ်တော့မှ သက်သေမပြနိုင်ခဲ့ပါဘူး.......

အိပ်မက်တောင်မမက်ခဲ့တဲ့ညတစ်ညပါပဲ။ ရှန်ယန်ရှောင်အတွက်တော့ တစ်ကယ့်ကိုအိပ်လို့ကောင်းခဲ့ပါတယ်။ အဆောင်ကို သူမ ဘယ်လိုပြန်ရောက်ခဲ့လဲဆိုတာကိုတော့ ခန့်မှန်းရုံပဲတတ်နိုင်ပါတယ်။ သူမ တော်တော်ကြာအောင် ပေါ်မလာတာနဲ့ ကြူရှီယာကစိတ်ပူပြီးတော့လာရှာ အဲ့မှာပဲ သူမ အိပ်ပျော်နေတာကိုတွေ့တော့ အဝတ်တွေဝတ်ပေးပြီး အဆောင်ကိုပြန်ပို့ပေးတယ်ပေါ့။

စီးပွားရေးသမားတစ်ယောက် သူမရဲ့ ကိုယ်လုံးတီးကို မြင်တွေ့သွားတဲ့အတွက်တော့ သူမ ဘယ်လိုမှစိတ်ထဲမနေပါဘူး။

သူမရဲ့အသက်အရွယ်မှာက ကျားမကွဲပြားမှုမရှိပါဘူးလေ။ သူမကိုယ်လုံးကိုမြင်ရတာထက် ကြံ့ခိုင်တောင့်တင်းတဲ့ ကြွက်သားတွေရှိနေသော တန်နာဇီကိုမြင်ရတာကမှ ပိုကြည့်ကောင်းဦးမယ်လို့ပဲ သူမ တွေးမိပါတယ်။

နောက်ပြီး သူမရဲ့ အရင်ဘဝတုန်းက လေ့ကျင့်သင်ကြားပေးမှုတွေမှာ အမြင်မသင့်တာတွေအများကြီးပါဝင်ခဲ့ပြီး သူမ မနှစ်မြို့သော်လည်း ရှေးရိုးစွဲဝါဒီလုပ်လို့မရခဲ့ဘူးလေ။

လရောင်စမ်းရေကန်ရဲ့ ကျေးဇူးကြောင့်လားမသိ သူမ နိုးလာချိန်မှာ လန်းလန်းဆန်းဆန်းဖြစ်နေပါတယ်။ အရင်ရက်တွေတုန်းကလိုမျိုး နွမ်းနယ်နေတာမျိုး မခံစားရပါဘူး။

အဝတ်အစားကို သပ်ရပ်စွာဝတ်ဆင်ပြီးနောက် တန်နာဇီအားသွားနှုတ်ဆက်ခဲ့ပြီးတော့ ရဲချင်ဆီသွက်သွက်သွားလိုက်ပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၉၁)

နောက်လာတဲ့ရက်အချို့မှာ ကြူရှီယာက သူမအား ဆင့်ခေါ်သူဌာနမုခ်ဝမှာ ညတိုင်းလာစောင့်ပေးပြီး လရောင်စမ်းရေကန်ဆီ ခေါ်ခေါ်သွားပေးခဲ့တယ်။

ညတိုင်း သူ အချိန်မှန်ရောက်လာပါတယ်။

လရောင်စမ်းရေရဲ့ အကျိုးကြောင့် သူမ ခန္ဓာကသိပ်မပန်းတော့ပါဘူး။ အားဆေးတွေကို နေ့တိုင်းသုံးစွဲခြင်းကြောင့်လည်း သူမ ပိုလို့တောင် ရွှင်လန်းလာခဲ့ပါတယ်။

တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားခဲ့ပြီး ဆေးပညာဌာနရဲ့ လစဉ်ပြိုင်ပွဲက နှစ်ရက်သာလိုပါတော့တယ်။

ရှန်ယန်ရှောင်ဟာ အဆင့်သင့်ဖြစ်နေတာပေါ့။ ဒါပေမယ့် သူမရဲ့ လက်ရှိအစွမ်းအစက ရှန်ဂေါင်းရှောင်ကို ညီမညီ သူမ သေချာမသိပါဘူး။ ဘာလို့လဲဆိုတော့ အခုထိတိုင် သူမက တစ်ခြားလူတွေနဲ့ အမှန်အကန်ပြိုင်ရတာမျိုး မရှိသေးလို့ သူမရဲ့ အစွမ်းအစပေါ်မှာ သူမ သိပ်မယုံကြည်ဘူးဖြစ်နေပါတယ်။

ဒါပေမယ့်လည်း အရင်ပြိုင်ကြည့်တာပိုကောင်းပါတယ် ဒါမှသာ ပြိုင်ပွဲအကြောင်းပိုသိမှာပေါ့။

ပြိုင်ပွဲမစခင် တစ်ရက်အလို မနက်ခင်းမှာ ရှန်ယန်ရှောင်ဟာ ရဲချင်အား သူမ ခွင့်နေ့တစ်ဝက် ရနိုင်မလားလို့ မေးခဲ့ပါတယ် ဒါမှသာ သူမ ပြိုင်ပွဲအတွက် စာရင်းသွင်းနိုင်မှာဖြစ်လို့ပါ။

သူမရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ရဲချင်က အလွန်အားပေးခဲ့ပါတယ်။

သူ့အမြင်ထဲမှာ ရှန်ယန်ရှောင်ဟာ ငယ်လွန်းသေးပေမယ့် ဆေးပညာဌာနရဲ့ အတော်ဆုံးကျောင်းသားတွေနဲ့ အဆင့်တူပါပဲ။

ဆေးပညာဌာနပြိုင်ပွဲအတွက် စာရင်းလက်ခံတဲ့နေရာက ဆေးစာကြည့်တိုက်နဲ့ သိပ်မကွာဝေးလှပါဘူး။ စာကြည့်တိုက်ကနေ သူမထွက်လာလာချင်းမှာပဲ တန်နာဇီကို အောက်ထပ်မှာတွေ့လိုက်ရပါတယ်။

"မင်းပြိုင်မယ်ဆိုတာ ငါသိသားပဲ"

တန်နာဇီက ရှန်ယန်ရှောင်အား ပြုံးပြလိုက်ကာ ပြောလိုက်သည်။ ဒီရက်တွေမှာ ဒီကလေးမပေါက်စနကို သူ ဂရုစိုက်ကျွေးမွေးပြီး ထပ်မပိန်သွားအောင် လုပ်ခဲ့ပေမယ့် ကိုယ်အလေးချိန်ကျမသွားတာပဲရှိခဲ့ပါတယ်။ ကိစ္စတော့မရှိပါဘူးလေ ကလေးမကို သူ ဆက်ကျွေးမွေးနေလိုက်တာပေါ့ ဟုတ်ဘူးလား။

"ဘာလို့လဲ မင်းလည်း ဝင်ပြိုင်မလို့လား"

တန်နာဇီကိုတွေ့လိုက်ရလို့ သူမ မအံ့သြပါဘူး။ သူမရဲ့ အကြံအစီကို သူတို့အားလုံးကို ပြောပြီးသားပဲလေ ဒီတော့ တန်နာဇီသိတာအဆန်းမဟုတ်ပါဘူး။

"စိတ်မဝင်စားဘူး"

သူ့လက်နှစ်ဖက်အား ခေါင်းနောက်မှာယှက်ထားလိုက်ပြီးတော့ သူမအနားကို သွားလိုက်ရင်း တန်နာဇီကပြောလိုက်တာဖြစ်ပါတယ်။

ဆေးပညာရပ်ကို သူလေ့လာကြိုးကုတ်နေတာ အမှန်ဖြစ်ပေမယ့် သူ့အရည်အချင်းအကြောင်း သူသဘောပေါက်ပါတယ်။ ဒီပြိုင်ပွဲက သူ့အတွက်မဟုတ်ပါဘူး။

ရှန်ယန်ရှောင်သာ သူ့ကို ဂိုက်လုပ်မပေးခဲ့ရင် ခရမ်းအတန်းမှာ သူတက်ရတော့မှာ မဟုတ်ပါ။

"ဒါက မင်းနဲ့လုံး၀ မတူသလိုပဲနော်"

သူမ ရယ်လိုက်မိတယ်။ တန်နာဇီဆိုတာ အမြဲတမ်းခပ်စွာစွာနေတတ်ပြီး အခုလိုမျိုး ရိုကျိုးနေတာမျိုးက အလွန်တွေ့ရခဲပါတယ်။

သူမကို ပြူးကြည့်တဲ့ပုံမျိုးနဲ့ တန်နာဇီလုပ်ပြလိုက်ပါတယ်။ အဲ့ဒီနောက်တော့ စာရင်းပေးရမယ့်နေရာကို နှစ်ယောက်အတူသွားကြပါတော့တယ်။

ဒီနေ့ဟာ ပြိုင်ပွဲစရန် တစ်ရက်သာလိုတော့တာဖြစ်လို့ ချီတုံချတုံဖြစ်နေကြတဲ့ ကျောင်းသားတွေက ဆုံးဖြတ်ချက်ချလိုက်ကြတဲ့အချိန်လည်းဖြစ်ပါတယ်။

စာရင်းပေးရမယ့်နေရာမှာ ကျောင်းသားတွေဟာ အုပ်စုနှစ်စုသုံးစုခန့်အဖြစ် စုဝေးနေကြပါတယ်။ စာရင်းသွင်းမယ့်ကျောင်းသားတွေက အဲ့လောက်မများပါဘူး အတော်များများက ဒီကိုအပျော်လာကြည့်ကြတာဖြစ်ပါတယ်။

စာရင်းသွင်းနေတဲ့ကျောင်းသားတွေကို သူမ ကြည့်ကြည့်လိုက်တော့ အများစုက ကျောင်းသားကြီးတွေဖြစ်ပြီး ကျောင်းသားသစ်နည်းနည်းကိုပဲတွေ့ရပါတယ်။

ဆူညံကာလှုပ်လှုပ်ရွရွဖြစ်နေတဲ့ ကျောင်းသားတွေကိုကြည့်လိုက်မိပြီး သူမ နည်းနည်းတွန့်သွားတယ်။ စာရင်းသွင်းတဲ့နေရာကို ကျောင်းသားအုပ်ကြီးက ဝိုင်းနေပါတယ်။ နေ့ခင်းမရောက်ခင်အထိ သူမအတွက် အချိန်ရှိတာမို့ ရှန်ယန်ရှောင် အလောတကြီးမရှိပါဘူး။

ဒီအချိန်မှာပဲ ရှန်ဂေါင်းရှောင်ဟာ စာကြည့်တိုက်ထဲကနေထွက်လာပြီး စာရင်းသွင်းတဲ့နေရာဆီ တန်းသွားလိုက်ပါတယ်။

သူပေါ်လာတာဟာ စာရင်းသွင်းတဲ့နေရာမှာ ရောက်နေကြသူတွေအတွက် မီးနဲ့တွေ့လိုက်သလိုပါပဲ။

"ဒီလမှာလည်း ရှန်ဂေါင်းရှောင်က ဝင်ပြိုင်ဦးမှာလား"

စာရင်းသွင်းဖို့လုပ်နေတဲ့ ကျောင်းသားတစ်ယောက်ဟာ မိုးကြိုးပစ်ချခံလိုက်ရသလိုမျိုးဖြစ်သွားကာ မေးလိုက်ပါတယ်။

"အား ဒီလိုဆိုရင်တော့ ငါတို့အတွက် ဘာမျှော်လင့်ချက်မှ မရှိတော့ဘူးပေါ့"

နောက်တစ်ယောက်က ထပ်ပြောလိုက်ပါတယ်။

All Chapters