အခန်း (၄၂၇-၄၂၉)
Vol. 29 Ch. 427-429
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၂၇)
"ကောင်းပြီလေ အားလုံးရှင်းပြီဆိုတော့ ငါလည်းမနေတော့ဘူး။ ဒါပေမယ့် သမားတော်ကို မြန်နိုင်သမျှမြန်မြန်ပို့ဖို့တော့ လုပ်ထားဦး။ ငါသွားတော့မယ်"လို့ အနက်ဝတ်ရုံကပြောက ထပြန်သွားလိုက်ပါတယ်။
အနက်ဝတ်ရုံက အမှောင်ထုထဲမှာ ပျောက်ကွယ်သွားခဲ့ပါတယ်။
အိုးယန်ဟွမ်းယူ သက်ပြင်းမောချလိုက်သည်။ ထိုင်ခုံမှာထိုင်နေတဲ့ သူ့မျက်နှာပေါ်က လက်မှိုင်ချတဲ့ အမူအယာတွေ ပျောက်ကွယ်သွားပြီး လှည့်စားလိုသောအပြုံးရိပ်တစ်ခု ဖြစ်ပေါ်လာပါတယ်။
ခဏအကြာမှာတော့ ထရပ်လိုက်ပြီး စာအုပ်စင်ဆီကိုသွားလိုက်ပါတယ်။
ရှန်ယန်ရှောင်က အိုးယန်ဟွမ်းယူရဲ့ လှုပ်ရှားမှုတိုင်းကို သေချာစောင့်ကြည့်နေခဲ့ပြီး စာအုပ်စင်ပေါ်က ဖန်တကောင်းတစ်လုံးကို လှည့်လိုက်တာတွေ့လိုက်ရကာ စာအုပ်စင်ကြီးတစ်ခုလုံး တိတ်ဆိတ်စွာပွင့်သွားခဲ့ပြီး အနက်ရောင်လျှောက်လမ်းတစ်ခုက အခန်းထဲမှာ ထွက်ပေါ်လာတာကို တွေ့လိုက်ရပါတယ်။
အိုးယန်ဟွမ်းယူက မီးအိမ်ကိုယူလိုက်ပြီး အနက်ရောင်စြင်္ကံထဲဝင်လိုက်သည်။ သူဝင်ပြီးတာနဲ့ စာအုပ်စင်ကပြန်ပိတ်သွားပါသည်။
ရှန်ယန်ရှောင် မျက်လုံးကိုကျုံ့လိုက်သည် အနက်ဝတ်ရုံလူနဲ့ အိုးယန်ဟွမ်းယူတို့ပြောစကားတွေက သူမကို စိတ်မသက်မသာဖြစ်စေပါတယ်။ သူမ၏ ဆရာသမားနှစ်ယောက်ကိုသာမကဘဲ သူမကိုပါလိုချင်နေကြပါတယ်။
သေချာတာကတော့ အိုးယန်ဟွမ်းယူက လူကောင်းတစ်ယောက်မဟုတ်ဘူးဆိုတာပါပဲ။ တစ်ခုရှိတာက အနက်ဝတ်ရုံက ဘယ်သူဘယ်ဝါမှန်း သူမ မသိခြင်းပါပဲ။ သူပြောသွားပုံအရတော့ ယန်းချီနဲ့တော်တော်ရင်းနှီးပုံရပါတယ်။ နောက်ပြီး သမားတော်နဲ့ ဘာလုပ်ချင်ကြတာလဲမသိပါဘူး။ ဒါ့အပြင် သူတို့ရဲ့လက်တံကို လန်းယူပြည်အထိပါ ဆန့်ထုတ်နေပါတယ်။
သူမစိတ်ထဲမှာ သံသယတွေတိုးပွားလာပေမယ့် သူတို့နှစ်ယောက်ပြောတဲ့ စကားတွေက တိုတောင်းပြီး ဘာမှမယ်မယ်ရရပြောသွားတာမရှိလို့ ဘယ်ကနေစကောက်ရမလဲတောင် မသိဘူးဖြစ်နေရပါတယ်။
အဲ့ဒီစြင်္ကံကရော ဘယ်ကိုရောက်တာလဲဆိုတာ ရှန်ယန်ရှောင် သိလိုစိတ်ဖြစ်သွားသည်။ အိုးယန်ဟွမ်းယူက အနက်ဝတ်ရုံအပေါ်မှာ ရာနှုန်းပြည့်ရိုးသားမှုမရှိတာကို သူမ ခံစားမိပါတယ်။ ကျောင်းအုပ်ကြီးက တော်တော်လေးကို ဖုံးကွယ်မှုတွေပြည့်နေသူပဲ။
အခုကတော့ ကျောင်းအုပ်ကြီးအခန်းထဲမှာ သူမ မရှာဖွေရဲတော့ပါဘူး။ ဒီနေရာမှာလည်း သူ့ကိုဆန့်ကျင်နိုင်မယ့် သက်သေပစ္စည်းတစ်ခုမှ ထားမှာမဟုတ်တာကို သူမ သိနေပါတယ်။ သူမ ဒီထက်ပိုသိချင်ရင် စြင်္ကံထဲကို ဝင်မှရမှာပါ။
ဒါပေမယ့် ဒီလောက်နဲ့တော်လောက်ပါပြီ။ သူမ သတိထားလိုက်ကာ လိုက်မဝင်သွားခဲ့ပါဘူး။ အခန်းထဲကနေပဲ ခိုးထွက်လိုက်ပြီး ပြန်သွားပါတော့တယ်။
သူမအဆောင်ကိုပြန်ရောက်တော့ အားလုံးကိုပြန်တွေးကြည့်လိုက်ပါတယ်။ ရဲချင်အနေအထားက ကောင်းသေးပေမယ့် ယန်းချီကတော့ သိပ်မဟန်ပုံပါပဲ။ အနက်ဝတ်ရုံရယ် အိုးယန်ဟွမ်းယူတို့ရယ်က ယန်းချီကို အကျယ်ချုပ်ချထားချင်နေကြပါတယ်။ ဘာလို့အကျယ်ချုပ်ထားချင်တာလဲဆိုတာကို သူမ မသိပေမယ့် အပြင်ပန်းကြည့်သလိုမျိုးတော့ ရိုးရှင်းမှုမရှိတာကို သူမ နားလည်ပါတယ်။
မနက်ရောက်တော့ ရဲချင်ဆီကို သွားလိုက်ပါတယ်။ ရဲချင်ကတော့ မပြည့်စုံတဲ့ဆေးနည်းနဲ့ ယှဉ်ပြိုင်နေတုန်းပဲရှိသေးကာ သူမကလည်း ဆေးနည်းကိုပြောပြလို့ မဖြစ်သေးတာကြောင့် မပြောခဲ့သေးဘဲ အောင့်အီးထားခဲ့ပါတယ်။
နေ့လည်ရောက်တော့ ထမင်းစားရန်အတွက် အဆောင်ကိုပြန်လိုက်ပါတယ်။ စားပြီးရင် လေးဌာနကိုသွားတော့မှာပါ။ မသွားရင် ရှီးယွန်တစ်ယောက် ဖင်ဆောင့်နေလောက်ပါပြီ။
အဆောင်ကိုပြန်ရောက်ကာပဲရှိသေး တံခါးပေါက်မှာ ထိတ်ထိတ်ပျာပျာဖြစ်နေတဲ့ လင်းရွှမ်အား တွေ့လိုက်ရပြီး အခန်းထဲမှာတော့ တံခါးကိုကျောပေးထားတဲ့ ခပ်သွယ်သွယ်လူနှစ်ယောက်ကိုတွေ့လိုက်ရကာ ကြည့်ရတာတော့ လင်းရွှမ်ကို တစ်ခုခုပြောနေပုံရပါတယ်။
လင်းရွှမ်က စကားကိုချေငံစွာပြောနေပါတယ်။ ရှန်ယန်ရှောင်ပြန်လာတာကို တွေ့လိုက်ရတော့ သူ့အသံက စိတ်အေးသွားပုံပေါ်သွားပါတယ်။
"ရှန်ဂျူ မင်းပြန်လာပြီပေါ့"
လင်းရွှမ်ပြောလိုက်သံကြောင့် အခန်းထဲကလူနှစ်ယောက်က ခေါင်းတွေလှည့်ကြည့်လိုက်ပါတယ်။ ဒီလူနှစ်ယောက်က သူမရဲ့အစ်ကိုရှန်စီယူနဲ့ ပဉ္စမဦးလေး ရှန်လင်းတို့ဖြစ်ပါတယ်။
ရှန်စီယူက မျက်နှာဖုံးတပ်ထားသော ရှန်ယန်ရှောင်ကိုကြည့်လိုက်ပြီး ကြင်နာစွာပြုံး၍ပြောလိုက်ပါတယ်။
"ပြန်လာပြီပေါ့"
"အစ်ကိုကြီးစီယူ ပဉ္စမဦးလေး"လို့ ရှန်ယန်ရှောင်က ရိုသေစွာနှုတ်ဆက်လိုက်ပါတယ်။
သူမခေါင်းထဲမှာတော့ မေးခွန်းတွေတသီကြီး ပေါ်ထွက်လာပါတယ်။ ကျောင်းကိုရုတ်တရက်ကြီး ပေါက်ချလာတယ်ဆိုတော့ ရှန်ဖန်က သူမကိုပြောစရာရှိနေလို့များလား။ ဒီအတွက် သူတို့ကို စကားပါးခိုင်းလိုက်တာလား။
ချော်ရည်တောင်ကြားကို သူမပို့လိုက်တဲ့ ဖီးနစ်မောင်နှံအကြောင်းတွေးမိလိုက်တော့ အနည်းနဲ့အများဆိုသလို သူမ သဘောပေါက်သွားပါတယ်။
"အင်း"လို့ မျက်နှာထားတည်စွာနဲ့ ရှန်လင်းကခေါင်းဆတ်ပြလိုက်တယ်။ ရှန်ယန်ရှောင်နဲ့ပတ်သတ်ရင် သူ့မှာ ဒေါပွစရာမရှိသလို ပျော်စရာလည်းမရှိပါဘူး။ သူက ရှန်ယန်ရှောင်ကိစ္စမှာ ဘက်မလိုက်ဝါဒကျင့်သုံးသူပါ။
"မျိုးနွယ်ခေါင်းဆောင်က တစ်ခုခုပို့ခိုင်းလိုက်ပြီး မင်းဘယ်လိုနေလဲဆိုတာကိုလည်း ကြည့်ခိုင်းလိုက်တယ်လေ"
ရှန်စီယူက ရှန်ယန်ရှောင်အားဆက်ဆံပုံကတော့ အရင်လိုပဲ ညင်သာနွေးထွေးမြဲဖြစ်ပါတယ်။
လူသုံးယောက်မှာ ပြောစရာရှိပုံပေါ်နေတဲ့အတွက် ဆင်ခြေတစ်ခုပေးကာ လင်းရွှမ်ကရှောင်ပေးလိုက်ပြီး အခန်းကို သူတို့သုံးဦးနဲ့တင်ချန်ထားခဲ့လိုက်ပါတယ်။
လင်းရွှမ်ထွက်သွားပြီးနောက် ရှန်စီယူက ရှေ့တိုးလိုက်ကာ သူမရဲ့ခေါင်းကို အသာအယာပွတ်လိုက်ပါတယ်။
"အိမ်ကနေ လပိုင်းလောက်ထွက်သွားခဲ့ရုံနဲ့ ဒီလောက်ပိန်သွားတယ်ဆိုတော့ ဒီနေရာမှာ တော်တော်ပင်ပန်းပုံရတယ်"လို့ပြောလိုက်သော ရှန်စီယူအသံက ညင်သာပြီး နွေဦးလေပြည်ကို ခံစားမိစေပါတယ်။
ရှန်ယန်ရှောင်က နှာခေါင်းကိုပွတ်လိုက်သည်။
"အဲ့လောက်လည်း မဆိုးပါဘူး။ ဖိုးဖိုးက အစ်ကို့ကို ဘာပေးခိုင်းလိုက်တာလဲဟင်။ သူက အစ်ကိုစီးယူနဲ့ ပဉ္စမဦးလေးတို့ကို ဘာလို့လာခိုင်းရတာလဲ။ တစ်ယောက်ယောက်နဲ့ ပို့ခိုင်းလိုက်လည်း ရနေတာပဲကို"
ရှန်မိသားစုအိမ်တော်မှာ ရှန်စီယူဟာ အရိပ်တောင်မချန်ဘဲ ပျောက်ပျောက်သွားတတ်သူဖြစ်သည်။ သူ့ကို ရှန်ဖန်က အပြင်လွှတ်ကာခိုင်းလေ့ရှိတာမို့ အိမ်တော်အတွင်းမှာ တွေ့ရခဲလှသူဖြစ်ပါတယ်။ ရှန်လင်းကတော့ ဇာမဏီမျိုးနွယ်ရဲ့ မျိုးနွယ်အစောင့်တပ်သားတွေကို ကြီးကြပ်ရသူဖြစ်ကာ အပြင်ထွက်ခဲလှပါတယ်။ သူတို့နှစ်ဦးကို ရှန်ဖန်စေလွှတ်လိုက်တယ်ဆိုတော့ ပို့လိုက်တဲ့ပစ္စည်းက သာမန်ပစ္စည်းတော့မဖြစ်နိုင်ပါဘူး။
"အဲ့လောက်လည်း အရေးမကြီးပါဘူး ဒါပေမယ့် ဖိုးဖိုးက ငါကိုယ်တိုင်မင်းကိုပေးရမယ်ဆိုပြီးတော့ စာတစ်စောင်ပေးခိုင်းလိုက်တာပဲ"
ရှန်စီယူက ပြုံးလိုက်ကာ သူ့လက်စွပ်ထဲကနေပြီး ချိတ်ပိတ်စာတစ်စောင်ကို ရှန်ယန်ရှောင်အား ထုတ်ပေးလိုက်ပါတယ်။
ရှန်လင်းက တစ်လုံးမှမပြောဘဲ နောက်လှည့်လိုက်သည်။ သံသယဖြစ်စေနိုင်တဲ့ လုပ်ရပ်တစ်ခုမှ လုပ်ချင်ပုံမရပါဘူး။ ရှန်စီယူလည်း နောက်လှည့်လိုက်ပြီး အခန်းထဲက ပရိဘောဂပစ္စည်းတွေ၏ လက်ရာကိုကြည့်ရှုနေလိုက်ပါတယ်။
ရှန်ယန်ရှောင်လည်း လူနှစ်ယောက်ရောက်လာရတဲ့ ရည်ရွယ်ချက်ကိုသိသွားပြီဖြစ်လို့ နှောင့်နှေးမနေတော့ဘဲ စာကိုထုတ်ဖတ်လိုက်ပါသည်။
ရှန်ဖန်ရဲ့လက်ရေးက သန်မာကာကြံခိုင်လှပါတယ်။ စာရဲ့အစမှာ ဖီးနစ်တွေအကြောင်းကို ရေးထားပါတယ်။ ဖီးနစ်မောင်နှံရောက်လာခြင်းအတွက် ရှန်ဖန်အံ့သြခြောက်ခြားခဲ့ရခြင်းက သူတို့ဆီမှာ ရှန်ယန်ရှောင်လက်ရေးနဲ့ စာတစ်စောင်ပါလာခဲ့လို့ဖြစ်ပါတယ်။ ရှန်ယန်ရှောင်ရဲ့ တောင်းဆိုချက်အတိုင်း ချော်ရည်တောင်ကြားကို ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှမဝင်စေဖို့ကိုလည်း ရှန်ဖန်အမိန့်ထုတ်လိုက်ပါတယ်။ ဒါပေမယ့် ချော်ရည်တောင်ကြားကို ဖီးနစ်မောင်နှံဘာလို့လာခဲ့လဲဆိုတာကိုတော့ ရှန်းဖန်မမေးခဲ့ပါဘူး။ သူက ရှန်ယန်ရှောင်အနေနဲ့ ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့နဲ့ ကျောင်းမှာအနိုင်ကျင့်မခံရဖို့ကိုပဲ သတိပေးပြောဆိုထားပါတယ်။
စာတိုလေးတစ်စောင်ပဲဖြစ်သော်လည်း လူကြီးတစ်ဦးရဲ့ စိုးရိမ်မှုတွေအပြည့်ပါဝင်နေပါတယ်။ သူမရဲ့ဘဝနှစ်ခုလုံးမှာ အိမ်ကနေရရှိတဲ့ ပထမဆုံးစာဖြစ်ပါတယ်။ သူမနှာခေါင်းထဲ ဆို့လာပါတယ်။ ကိုယ့်ကိုစိတ်ပူပေးမယ့်သူ တစ်ယောက်ယောက်ရှိနေတဲ့ ခံစားချက်က သိပ်မဆိုးပါလား။
စာဖတ်ပြီးတာနဲ့ ချက်ခြင်းမီးရှို့လိုက်ပါတယ်။ ဇာမဏီတစ်မျိုးနွယ်လုံးမှာ သူမနဲ့သူမအဖိုးတို့ မြေးအဖိုးကလွဲရင် ဖီးနစ်မောင်နှံအကြောင်းသိတဲ့သူ နောက်တစ်ယောက်မရှိပါဘူး။ စာလာပို့ကြတဲ့ ရှန်စီယူနဲ့ရှန်လင်းတို့တောင် ဒီကိစ္စကိုမသိကြပါဘူး။[ရှန်စီယူကတော့ သိပါတယ်]
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၂၈)
"အစ်ကိုစီယူ ပဉ္စမဦးလေးတို့က အဝေးကြီးတောင် လာခဲ့ကြရတာပဲ။ ခဏနားကြပါဦး ကျနော်စားစရာသောက်စရာ သွားယူလိုက်ဦးမယ်"လို့ ရှန်ယန်ရှောင်က ပြောလိုက်သည်။
"ဒုက္ခခံမနေပါနဲ့ ငါတို့က လမ်းမှာစားခဲ့ကြပြီးပြီ။ မင်းစတုတ္ထဦးလေးလည်းပါတယ် အခုလောလောဆယ်တော့ အတွင်းအားနဲ့မှော်ပညာဌာနကို သွားလေရဲ့"ဟု ရှန်စီယူကပြောလိုက်သည်။
ရှန်ယူအကြောင်းပြောလိုက်တာနဲ့ ရှန်ယန်ရှောင်က သဘောမကျသလိုကြည့်လိုက်ပါတယ်။ မတွေ့မဖြစ်အခြေအနေမဟုတ်ရင် သူမ တွေ့ချင်စိတ်မရှိပါဘူး။
ရှန်စီယူက ရှန်ယန်ရှောင်ကို ဆွဲခေါ်ကာ ဆေးပညာဌာနထဲမှာ နေရတဲ့အနေအထားအကြောင်း မေးလိုက်တော့ သူမကလည်း အားလုံးအဆင်ပြေတယ်လို့ ပြောလိုက်တဲ့အခါ ရှန်စီယူစိတ်အေးသွားပါတယ်။
ရှန်လင်းကတော့ ဘာမှဝင်မပြောဘဲ ဘေးနားမှာပဲရပ်နေခဲ့သည်။ သို့သော်လည်း သူ့စိတ်ထဲမှာတော့ သူ့တူမဖြစ်သူအတွက် အံ့အားသင့်နေခဲ့ပါတယ်။ သူ့တူမဖြစ်သူ ရှန်ယန်ရှောင်အကြောင်းကို သူသိပ်မသိခဲ့ပါဘူး သူသိတာဆိုလို့ ဆဌမညီငယ်ရဲ့ သမီးဖြစ်တယ်ဆိုတာသာရှိပါတယ်။ သူမ ငတုံးဖြစ်ဖြစ် အရူးဖြစ်ဖြစ် သူ့ညီအရင်းရဲ့ သားသမီးပါပဲ။ သူ့အနေနဲ့ မိသားစုကိစ္စတွေအပေါ်မှာ သိပ်အာရုံမရှိတာတစ်ခုပါပဲ။ သူက ကိုယ့်ကိစ္စတွေနဲ့ကိုယ်အလုပ်ရှုပ်နေခဲ့ကာ ကလေးတွေအကြောင်း သိပ်ဂရုစိုက်ချိန်မရှိပါဘူး။
အရင်တုန်းက ငတုံးငအဖြစ်ခဲ့တဲ့ ရှန်ယန်ရှောင်ဟာ ပြီးခဲ့တဲ့လပိုင်းအတွင်းက ပြန်ကောင်းမွန်သွားခဲ့ကာ လူတွေကို တုန်လှုပ်အံ့အားသင့်စေခဲ့ပါတယ်။
သူ့အနေနဲ့ တူမဖြစ်သူအား သေသေချာချာ တွေ့ခွင့်မရခင်မှာပဲ နေပြည်တော်ကနေထွက်ခွာပြီး တော်ဝင်ရိုလန်ကျောင်းကိုရောက်သွားပါပြီ။ အခုရှန်စီယူနဲ့သူမတို့ရဲ့ စကားဝိုင်းကို နားထောင်ကြည့်တော့ တူမဖြစ်သူကို ပြန်သုံးသပ်ဖို့လိုတယ်လို့ သူတွေးလိုက်မိသည်။ ၁၃နှစ်သာရှိသေးပေမယ့် သူမရဲ့လေသံနဲ့အတွေးအကြံတို့က တည်ငြိမ်ကာ လူတွေစိုးရိမ်ပူပန်ပေးဖို့ မလိုအပ်တဲ့အသွင်ရှိပါတယ်။
ရှန်ယန်ရှောင်နဲ့ယှဉ်ရင် ရှန်ယူရဲ့ သားသမီးနှစ်ယောက်ကမှ ပြဿနာအိုးလေးတွေလို့ ရှန်လင်းတွေးလိုက်မိသည်။ အလွန်အမင်းအရေးပေးခံထားရပြီး မဆင်မခြင်လုပ်တတ်တော့ လူတွေကို စိတ်ဒုက္ခပေးကာ ပူပန်နေစေသူတွေပါ။
ခဏအကြာမှာ အခန်းအပြင်ဖက်တွင် ခြေသံတွေကြားလိုက်ရသည်။
နောက်တစ်စက္ကန့်မှာတော့ ရှန်ယန်ရှောင်အခန်းတံခါးဟာ ရိုင်းပျစွာကန်ဖွင့်ခြင်းခံလိုက်ရပါသည်။
တံခါးဝမှာက ရှန်ယူတစ်ယောက် မျက်နှာထားတင်းမာစွာ ရပ်နေပြီး သူ့အနောက်မှာတော့ ရှန်ကျိယီနဲ့ရှန်ကျိဝေတို့ပါပါတယ်။
"ဒီအသုံးမကျတဲ့ဟာနဲ့ခုထိ ဘာလုပ်နေကြတာလဲ...ဒီချာတိတ်မလေးက ဘာပြောစရာတွေ ရှိနေလို့လဲ"
ရှန်ယူက ရှန်ယန်ရှောင်ကို မျက်မှောင်ကြုတ်ကြီးနဲ့စိုက်ကြည့်ကာပြောလိုက်ပါသည်။ ရှန်ဖန်က ရှန်ယန်ရှောင်ကို မျိုးနွယ်စုခေါင်းဆောင်လောင်းအဖြစ် သတ်မှတ်လိုက်ပေမယ့် ရှန်ယူစိတ်ထဲကတော့ လက်သင့်မခံသေးပါဘူး။ ဇာမဏီငှက်ကို ကံကောင်းလို့ရသွားတာလို့ပဲ သူယူဆထားကာ ဒီလိုကလေးကိုလည်း ကြောက်ရွံ့စိတ်တစ်စိုးတစ်စိမှ မရှိနေပါဘူး။
ရှန်ကျိဝေနဲ့ရှန်ကျိယီတို့ကတော့ ဖခင်ဖြစ်သူနောက်မှာ ဒေါင်းနှစ်ကောင်လို ဂုဏ်ယူစွာရပ်နေကြပါတယ်။ သူတို့က ဇာမဏီငှက်လက်အောက်မှာ အရေးနိမ့်ခဲ့တဲ့အိပ်မက်ဆိုးထဲကနေ လွတ်မြောက်သွားပုံပေါ်ကာ အရင်တုန်းကလိုမျိုးပဲ သူမကိုအထင်သေးစွာ ကြည့်နေကြပါတယ်။
"စတုတ္တအစ်ကို ဘာလို့ဒီလောက် စိတ်လောနေရတာလဲ"
ရှန်စီယူနဲ့ရှန်ယန်ရှောင်တို့ ပါးစပ်ဟချိန်မရခင်မှာပဲ ရှန်လင်းက သဘောမကျဟန်နဲ့ ဝင်ပြောလိုက်ပါတယ်။
ရှန်လန်းက စာအုပ်ကြီးသမား ရှေးရိုးစွဲသမားဖြစ်ပါတယ်။ ရှန်ယန်ရှောင်က ဘယ်လိုပဲဖြစ်နေပါစေ မျိုးနွယ်စုခေါင်းဆောင်အဖြစ် လျာထားခံရတဲ့အတွက် သူဟာ ရှန်ယန်ရှောင်ကို အနာဂတ်မျိုးနွယ်ခေါင်းဆောင်အဖြစ် သတ်မှတ်ဆက်ဆံမှာပါ။
အခုအချိန်မှာ ရှန်ယန်ရှောင်က လူကောင်းတစ်ယောက်ဖြစ်နေပြီဖြစ်လို့ ရှန်ယူရဲ့ရိုင်းပြမှုနဲ့ ခက်ထန်စွာဆက်ဆံမှုကို သူ ပိုတောင်သဘောမကျဖြစ်သွားရသည်။
"ဟင့်"
ရှန်ယူက လက်ပိုက်လိုက်ကာ ရှန်ယန်ရှောင်အား အထင်သေးစွာ ကြည့်လိုက်သည်။
"ကျိယီက အဆင့်ခြောက်ကိုရောက်သွားပြီလေ ဒီတော့ တော်ဝင်ရိုလန်ကျောင်းမှော်ပညာဌာနကို သမီးကိုခေါ်ပြီး သွားသတင်းပို့မလို့"
"ကျိယီက အဆင့်ခြောက်ကို ရောက်သွားပြီလား"လို့ ရှန်လင်းက နည်းနည်းအံ့အားသင့်ကာမေးလိုက်သည်။
ပြီးခဲ့သောလအနည်းငယ်က ရှန်ကျိယီရဲ့မှော်အားက အဆင့်ငါးသာရှိတာဖြစ်ကာ လပိုင်းအတွင်းမှာ အဆင့်ခြောက်ကိုရောက်သွားတယ်ဆိုတော့ တော်တော်မြန်တာပဲ။
ရှန်လင်းရဲ့ အံ့သြသွားတဲ့မျက်နှာကိုကြည့်လိုက်ပြီး ရှန်ယူကျေနပ်သွားပါတယ်။
"ဒါပေါ့ကွာ ဒီတော့ သူ့မှာပြောစရာမရှိတော့ဘူးဆိုရင် ဒီမှာအချိန်ဖြုန်းမနေတော့ဘဲနဲ့ ငါနဲ့အတူ မှော်ပညာဌာနကို ကျိယီကိုသွားပို့ရအောင်လိုက်ခဲ့လေ"
သူ့သမီးဖြစ်သူက အဆင့်ခြောက်ကို လျှင်လျှင်မြန်မြန်ရောက်သွားခဲ့လို့ ရှန်ယူစိတ်ပျော်နေပါတယ်။ သူ့သမီးဖြစ်သူကိုကြည့်ပြီး အမှိုက်ကိုကြည့်လိုက်ကာ ဘာမှယှဉ်စရာကိုမရှိဘူးလို့ တွေးလိုက်သည်။
ပညာသင်အဆင့်ပဲရှိသေးတဲ့ သမားတော်က ဘာလုပ်နိုင်မှာလဲ။
"အစ်ကိုကြီးစီယူ ကျမနဲ့လိုက်ခဲ့လေ"
ရှန်ကျိယီက ရှန်ယန်ရှောင်ကို လုံးဝဥပေက္ခာပြုထားပြီး ရှန်စီယူအနားကို ချစ်စဖွယ်အမူအယာနဲ့ သွားလိုက်ပါတယ်။
"ဟုတ်သားပဲ ရှောင်လေး မင်းက တော်ဝင်ရိုလန်ကျောင်းနဲ့ ပိုအကျွမ်းတဝင်ရှိတာပဲ မင်းလည်းအတူလိုက်ခဲ့သင့်တယ်"ဟု ရှန်ကျိယီ၏ အချစ်ကိုတမ်းတမျှော်တွေးနေသော ပုံစံကို ဂရုမစိုက်ဘဲ ရှန်ယန်ရှောင်လိုက်ခဲ့ဖို့ကို အသာအယာပြောလိုက်ပါတယ်။
ရှန်ယန်ရှောင် နှာခေါင်းကိုပွတ်လိုက်သည်။ သူမ လိုက်သွားမယ်ဆိုရင် ရှန်ယူတို့သားအဖတစ်တွေ ပျော်မယ်လို့မထင်ပါဘူး။ သို့သော်လည်း သူတို့တွေမပျော်ရင် သူမပျော်တယ်လေ။
"ဟုတ်ကဲ့"လို့ ရှန်ယန်ရှောင်က ပြောလိုက်သည်။
စိတ်ထဲကနေကျိတ်ပြီး အကြိမ်တစ်သောင်းလောက် ကျိန်ဆဲလိုက်မိပေမယ့် ရှန်စီယူရှိနေတဲ့အတွက် ရှန်ကျိယီတစ်ယောက်ဟန်ဆောင်နေလိုက်ပါတယ်။
လမ်းတစ်လျှောက်လုံးမှာလည်း ငှက်လေးတစ်ကောင်လိုမျိုးနဲ့ ရှန်စီယူအနားမှာပဲ တဝဲလည်လည်လုပ်ကာ တွတ်ထိုးနေခဲ့ပါတယ်။
"အစ်ကိုကြိးစီယူ ကျမက အခုအဆင့်ခြောက်ကို ရောက်သွားပြီဆိုတော့ ညီမ မှော်ဆရာတစ်ယောက်ဖြစ်ပြီလားဟင်"
"အစ်ကိုကြီးစီယူ အစ်ကိုက ဘာကိုလိုက်စားတာလဲ မှော်ဆရာပဲလားဟင်"
ရှန်ကျိယီက မနားတမ်းပြောနေခဲ့ပေမယ့် ရှန်စီယူကတော့ ဘာမှပြန်မပြောခဲ့ပါဘူး။
ရှန်စီယူက သူမအား ဂရုစိုက်ဟန်မပြတော့ စိတ်ဆိုးသွားပါတယ်။ သူမက ၁၄နှစ်သာရှိသေးပေမယ့် အဆင့်ခြောက်ကိုရောက်နေပြီလေ။ ဒီအရည်အချင်းက ရှန်ယိဖန်ထက်ပဲ နိမ့်ကျကာ မိန်းကလေးတွေအဖို့တော့ တော်တော်အရေးပါလှပါတယ်။ ရှန်စီယူက သူမကို တစ်ခွန်းနှစ်ခွန်းလောက်တော့ ချီးကျူးမယ်လို့ ထင်ထားပေမယ့် အတွေးကတစ်ကယ်ဖြစ်မလာခဲ့ပါဘူး။
ဘာမှ တုံ့ပြန်မှုမရတော့ ရှန်ကျိယီဟာ သူမရဲ့ဒေါသတွေကို ရှန်ယန်ရှောင်အပေါ် ပုံချလိုက်ပါတယ်။
"ရှန်ယန်ရှောင် မင်း တော်ဝင်ရိုလန်ကျောင်းကိုရောက်နေတာ လတော်တော်ကြာပြီနော်။ ဆေးပညာဌာနမှာ မင်းအခြေအနေ ဘယ်လိုရှိလဲ"လို့ ရှန်ကျိယီက ဂုဏ်ယူစွာမေးခွန်းထုတ်လိုက်သည်။
ရှန်ယန်ရှောင် သူမအားတစ်ချက်ကြည့်လိုက်ကာ ဘာမှပြန်မပြောခဲ့ပါဘူး။
"အစ်မကလည်း သူများတွေအခက်တွေ့အောင် မလုပ်စမ်းပါနဲ့။ လနည်းနည်းပဲရှိသေးတာကို သူမက အခုမှပညာသင်ပဲရှိဦးမှာပေါ့။ ငါတို့က ဘာတတ်နိုင်လို့လဲ။ ဒီအတိုင်းနဲ့ကို နှစ်တော်တော်ကြာအောင်ထိ ရှိချင်ရှိနေမှာနော် ပြောလို့မရဘူး။ သူမက အစ်မလိုမျိုး တစ်နှစ်မပြည့်ခင်မှာ အငယ်တန်းမှော်ဆရာဖြစ်နိုင်တဲ့ အရည်အချင်းမျိုးမှမရှိတာကို"လို့ ရှန်ကျိဝေက အတိုင်အဖောက်ညီစွာ ဝင်ပြောလိုက်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၂၉)
ဘေးကနေ နားထောင်နေတဲ့ ရှန်လင်းက ဒီစကားတွေကြားလိုက်ရတော့ မျက်မှောင်နည်းနည်းကြုတ်သွားပါတယ်။ ဘယ်လိုပဲဆိုဆို ရှန်ယန်ရှောင်ဟာ နောက်တက်မယ့်မျိုးနွယ်ခေါင်းဆောင်ဖြစ်ကာ ဒီကလေးနှစ်ယောက်ဆီက ထွက်လာတဲ့စကားတွေက နားမခံသာပါဘူး။
ရှန်ယန်ရှောင်ကတော့ ဘယ်လိုမှအရေးမထားဘဲ ရှန်ကျိယီနဲ့ရှန်ကျိဝေတို့ကို ပြုံး၍သာကြည့်လိုက်ပြီး ဘာမှပြန်မပြောခဲ့ပါဘူး။
သူတို့အဖွဲ့က မှော်ပညာဌာနရဲ့မုခ်ပေါက်ကို ရောက်သွားကြပါတယ်။ ရှန်ကျိယီက သူမတက်ရမယ့်ကျောင်းကို ကြည့်ကာ စိတ်လှုပ်ရှားသွားပါတယ်။
ရှန်ယူက ရင်ကော့လိုက်ပါတယ်။ ရှန်ကျိယီက သူ့ကိုမျက်နှာပွင့်အောင် ဒီတစ်ခေါက်စွမ်းဆောင်ပေးထားတဲ့အတွက် ဂုဏ်ယူနေပါတယ်။
နေ့ခင်းပိုင်းဖြစ်တာကြောင့် မှော်ပညာဌာနထဲမှာ ကျောင်းသားသိပ်မရှိတော့ဘဲ တစ်ယောက်စနှစ်ယောက်စကိုသာ တွေ့ရပါတယ်။
ရှန်ယူက မှော်ပညာဌာနတံဆိပ်ကို တပ်ဆင်ထားသော ကျောင်းသားတစ်ယောက်ဆီကို သွားလိုက်ပြီး ပြုံး၍မေးလိုက်ပါတယ်။
"တစ်ဆိတ်လောက်ပါ မှော်ပညာဌာနမှူးအခန်းက ဘယ်နေရာမှာလဲ"
ကျောင်းသားက ရုတ်တရက်မေးခံလိုက်ရလို့ ကြောင်သွားပြီးမှ စိတ်မရှည်စွာနဲ့ တစ်နေရာကို လက်ညှိုးထိုးညွှန်ပြလိုက်သည်။
ရှန်ယူလည်း ကျောင်းသားပြတဲ့နေရာကို ဆက်သွားလိုက်ပါတယ်။
မေးခံလိုက်ရတဲ့ကျောင်းသားက စိတ်တိုသွားပြီး ပွစိပွစိရေရွတ်နေစဉ်မှာပဲ မြင်ဖူးသူတစ်ယောက်ကို ထိုလူအုပ်ထဲမှာတွေ့လိုက်ပါတယ်။
"ဟ အဲ့ဒါ ရှန်ဂျူမဟုတ်လား"
ရှန်ဂျူ၊ ကြူရှီယာ၊ ယန်ယုနဲ့ယန်းရှီတို့က သူငယ်ချင်းတွေဆိုတာကို တော်ဝင်ရိုလန်တစ်ကျောင်းလုံး သိထားကြပါတယ်။ အဲ့ဒီကျောင်းသား စိတ်ညစ်သွားပါတယ်။ ရှန်ဂျူလည်းပါနေတာကို ဘာလို့ငါ့လာမေးတာလဲဟ။
မှော်ပညာဌာနမှူးအခန်းရှေ့ရောက်တော့ ရှန်ယူက အဝတ်အစားကို သပ်ရပ်အောင်လုပ်လိုက်ပြီး တံခါးခေါက်လိုက်ပါတယ်။
"ဝင်ခဲ့ပါ"ဆိုသော နည်းနည်းအိုမင်းသောအသံတစ်သံက တံခါးနောက်ကနေ ထွက်လာပါတယ်။
ရှန်ယူ တံခါးကိုဖွင့်ဝင်လိုက်ပါတယ်။
အခန်းကျယ်ထဲမှာ မုတ်ဆိတ်ဖြူအဖိုးကြီးတစ်ဦးက စားပွဲနောက်မှာထိုင်နေပါတယ်။
"ဟယ်လို မှော်ပညာဌာနရဲ့ဌာနမှူးလားဗျ။ ကျနော်က ဇာမဏီမျိုးနွယ်မိသားစုက ရှန်ယူဖြစ်ပြီး ဒါကတော့ ကျနော့်သမီးရှန်ကျိယီပါ။ သမီးက မှော်ဌာနမှာရောက်နေတာဖြစ်ပြီး လောလောဆယ်ကပဲ အဆင့်ခြောက်ကို ရောက်ခဲ့ပြီး မှော်ပညာဌာနရဲ့စမ်းသပ်ချက်ကိုလည်း အောင်မြင်ခဲ့ပါတယ်။ သမီးကို သတင်းပို့ဖို့ခေါ်လာခဲ့တာပါ"လို့ ရှန်ယူက ပြောလိုက်သည်။
ဌာနမှူးက ရှန်ယူကိုကြည့်ပြီးနောက် ရှန်ကျိယီကိုကြည့်လိုက်ပါတယ်။
"ရှန်ကျိယီနော် ဟုတ်လား အသက်၁၄နှစ်နဲ့ အငေ့်ခြောက်ကိုရောက်တယ်ဆိုတော့ တော်တော်အလားအလာကောင်းတာပဲ"လို့ ဌာနမှူးက ညင်သာစွာပြောလိုက်သည်။
"ဌာနမှူးက မြှောက်လွန်းနေပါတယ်"လို့ ရှေ့တစ်လှမ်းတိုးကာ ယဉ်ကျေးပျူငှာစွာနဲ့ ရှန်ကျိယီက ပြန်ပြောလိုက်ပါတယ်။
ဌာနမှူးက ပြုံးကာခေါင်းညိတ်လိုက်သည်။
"ငါက မင်းအချက်အလက်တွေကို ဖတ်ပြီးသွားပြီ ဒါပေမယ့် မင်းက တော်တော်လေးနောက်ကျနေတာကြောင့် အနီရောင်တန်းကနေပဲ စတက်ရလိမ့်မယ်"လို့ ဌာနမှူးကပြောလိုက်သည်။
တော်ဝင်ရိုလန်ကျောင်းမှာ ကျောင်းအပ်ချိန်က တစ်နှစ်မှာနှစ်ကြိမ်သာရှိပေမယ့် လက်အောက်ခံဌာနခွဲတွေဖြစ်သော မှော်ဌာနဲ့အတွင်းအားဌာနက ကျောင်းသားတွေကတော့ အဆင့်ခြောက်ရောက်ရင် အချိန်မရွေးတက်လို့ရပါတယ်။
"အနီရောင်တန်း"
ရှန်ကျိယီက နားမလည်စွာဖြင့် ဌာနမှူးအား ကြည့်လိုက်ပါသည်။
ဌာနမှူးက ပြုံးပြီး ပြန်ရှင်းပြလိုက်ပါတယ်။
"တော်ဝင်ရိုလန်ကျောင်းမှာ ဌာနခွဲတိုင်းရဲ့ နှစ်အတန်းတိုင်းကို အဆင့်နိမ့်ရာကနေအမြင့်ဆုံးအထိ အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ်ရောင်နဲ့ခရမ်းဆိုပြီး အရောင်တွေနဲ့ခွဲထားတယ်။ အနီက အနိမ့်ဆုံးဖြစ်ပြီးတော့ ခရမ်းကတော့အမြင့်ဆုံးပေါ့ကွာ။ ကျောင်းသားတိုင်းရဲ့ ဝတ်စုံတွေက သူတို့ရဲ့အတန်းအလိုက် အရောင်ကွာသွားတယ်လေ။ မင်းဘေးနားက ဆေးကျောင်းသားလေးလိုပဲလေ သူဝတ်ထားတဲ့ခရမ်းရောင်ဝတ်စုံက သူဟာ ဆေးပညာဌာနခရမ်းအတန်းကဆိုတာ ဖော်ပြနေတာပဲလေ"လို့ ဌာနမှူးက ဘေးမှာရပ်ကာနားထောင်နေသော ရှန်ယန်ရှောင်အားညွှန်ပြကာ ရှင်းသွားစေရန်ပြောလိုက်ပါတယ်။
သူ့စကားကြောင့် သားအဖသုံးယောက် မျက်နှာတွေသွေးဆုပ်သွားမယ်လို့တော့ သူမထင်ထားခဲ့မိဘူးပေါ့။
မျက်လုံးသုံးစုံက ရှန်ယန်ရှောင်ကို မယုံနိုင်သောအကြည့်တွေနဲ့ ကြည့်လိုက်မိကြသည်။ သူတို့အနေနဲ့ ဒီကောင်မလေးရဲ့ အဝတ်အစားတွေကို အရေးတယူမလုပ်ခဲ့မိပါဘူး။
"ဌာနမှူး ခရမ်းအတန်းကိုတက်ရဖို့ ဘယ်လိုသတ်မှတ်ချက်တွေရှိပါသလဲ"
ရှန်ယူပါးစပ်က လှုပ်လှုပ်ရွရွဖြစ်နေပါတယ်။ ဒီငတုံးမှာ အစွမ်းအစရှိမယ်လို့ သူမယုံပါဘူး။ ဒါဟာ ရှန်ဖန်စီစဉ်ပေးထားလို့ နောက်ပေါက်ကနေဝင်တာပဲဖြစ်ရမယ်။ အဲ့ဒိအတွေးနဲ့အတူ ဌာနမှူးကိုပြောပြီး သမီးဖြစ်သူကို ခရမ်းတန်းကိုပို့ဖို့ ရှန်ယူတွေးလိုက်ပါတယ်။
ဒါပေမယ့် ဌာနမှူးကတော့ သူ့စကားအဓိပ္ပါယ်ကိုနားမလည်ခဲ့ပါဘူး။
"ပိုကောင်းတဲ့အတန်းကို သွားချင်ရင် သွားချင်တဲ့အတန်းက ကျောင်းသားတွေကို စိန်ခေါ်ယှဉ်ပြိုင်ပြီး အနိုင်ရရင် အဲ့ဒီနေရာကိုဝင်လို့ရတယ်"လို့ ရှင်းပြလိုက်သည်။
"စိန်ခေါ်ရမယ်။ ကျိယီက အခုမှအဆင့်ခြောက်ကို ရောက်ကာစလေ နောက်ပြီးကျနော်တို့မျိုးနွယ်ရဲ့ သခင်မလေးဆိုတော့ မသင့်လျော်ဘူးထင်တယ်။ ကျိယီက အရည်အချင်းထက်ပါတယ်။ နောက်ပြီး မျိုးနွယ်ခေါင်းဆောင်ဖြစ်တဲ့ ကျနော့်အဖေကလည်း ဒီကလေးကို ချစ်တယ်လေ။ ဌာနမှူးအနေနဲ့ တစ်ခြားအဆင်ပြေတဲ့နည်းလေးဘာလေးရှိရင် ရှန်မျိုးက ဌာနမှူးအပေါ်မှာ အမြဲတမ်းကျေးဇူးတင်နေမှာပါ"လို့ ရှန်ယူက ထပ်ပြောလိုက်ပါတယ်။
ရှန်ယူစကားအဆုံးမှာ ဌာနမှူးမျက်နှာတင်းမာသွားပါတော့တယ်။
"တော်ဝင်ရိုလန်ကျောင်းရဲ့ စည်းကမ်းတွေက ဘယ်သောအခါမှ ခြွင်းချက်မရှိဘူး။ ဒီနေရာမှာ တစ်ဦးတစ်ယောက်က အာဏာအလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာတာကို ခွင့်မပြုဘူး။ ဒီနေ့စကားတွေကို ထပ်မပြောတော့ဖို့လိုမယ်။ မင်းသမီး ဘယ်နေရာအထိရောက်နိုင်လဲဆိုတာက မင်းရဲ့ သမီးအပေါ်မှာပဲ မူတည်တယ်။ ဖြတ်လမ်းနည်းနဲ့ရဖို့ မကြိုးစားချင်ပါနဲ့"
ဌာနမှူးစကားတွေက ဒဲ့ကျလွန်းလို့ ရှန်ယူမျက်နှာပျက်သွားသည်။ သူနားမလည်တာက ငတုံးမကတော့ ခရမ်းတန်းကိုတက်ရပြီး သူ့သမီးကတော့ အနီရောင်တန်းကိုတက်ရမယ့်ကိစ္စပါပဲ။ ဆေးပညာဌာနမှူးက လာဘ်ထိုးရလွယ်လို့များလားမသိဘူး။
"ကောင်းပြီး ဒီဟာက ကျောင်းတက်ဖို့ပစ္စည်းတွေပဲ ယူသွားလိုက်တော့။ ရှန်ကျိယီကို အဆောင်လိုက်ပြဖို့ တစ်ယောက်ယောက်ကို စီစဉ်ခိုင်းလိုက်မယ်"
ဌာနမှူးက တော်ဝင်ရိုလန်ကျောင်းကို နောက်ဖေးတံခါးကဝင်ချင်တယ်လို့ပြောတဲ့သူကြောင့် စိတ်မရှည်ဖြစ်နေရပြီး မယုံနိုင်စရာကောင်းတာက ဇာမဏီမျိုးနွယ်ရဲ့တပည့်သားမြေးဖြစ်နေခြင်းပါပဲ။ တစ်ကယ့်ကို ယုံစရာမရှိပါဘူး။
ရှန်ယူအခြေအနေမလှတာကို ကြည့်ပြီး ရှန်ယန်ရှောင် စိတ်ပျော်သွားပါတယ်။
ရှန်ကျိယီကတော့ ဘေးမှာပဲရိုးသားစွာရပ်နေလိုက်ပါတယ်။ သူမရဲ့အနာဂတ်ဌာနမှူးရှေ့မှာ လက်လွတ်စပါယ်မလုပ်ဝံ့ပါဘူး။ ဒါပေမယ့်လည်း သူမစိတ်ထဲမှာတော့ သူမအဖေလိုပဲ ရှန်ယန်ရှောင် ခရမ်းတန်းကိုတက်ရတဲ့အပေါ် သံသယဝင်နေပါတယ်။
ဒီအချိန်မှာပဲ ဌာနမှူးအခန်းတံခါးကို ခေါက်သံကြားလိုက်ပြီး ပွင့်သွားခဲ့ပါတယ်။
ခရမ်းဝတ်စုံနဲ့ ကြူရှီယာက အခန်းထဲကို ဖြည်းညင်းစွာဝင်လာခဲ့သည်။ သူ့ပြိုင်ဖက်ကင်းချောမောသော မျက်နှာပေါ်မှာ ပျင်းရိပေမယ့် ကြည့်လို့ကောင်းသော အပြုံးတစ်ခုတွဲခိုနေပါတယ်။
ရှန်ကျိယီက ကြူရှီယာကိုတွေ့တာနဲ့ မျက်လုံးတွေပြုတ်ထွက်မတတ်ဖြစ်သွားပါတယ်။ အမျိုးသမီးလေးက သူမရဲ့ ရိုင်းစိုင်းကြမ်းတမ်းစွာခုန်နေတဲ့ ရင်ခုန်သံကိုထိန်းလိုက်ရပါတယ်။
ဒီအဆင်လေးက ဘယ်ကလာတာလဲ။ သူ့ပုံစံက အစ်ကိုကြီးစီယူနဲ့ တန်းတူချောတာပဲ။ ရှန်စီယူက အနာအဆာကင်းသော သိမ်မွေ့တဲ့ကျောက်စိမ်းဆိုရင် ဒီအဆင်လေးကတော့ နီလာလို တလက်လက်တောက်ပနေသူပါပဲ။