← Chapters

အခန်း (၇-၉)

Vol. 1 Ch. 7-9

အခန်း (၇-၉)

Vol. 1 Ch. 7-9

ကောင်းကျိုးမပေးသော သမီးပျို

မူရင်းစာရေးဆရာ - North Night

မူရင်းဝတ္ထု -The Good for Nothing Seventh Young Lady

ဘာသာပြန် -NEVER

အပိုင်း (၇)

ရှန်ကျူဟာ သူမအတွက် လေ့ကျင့်ချိန် ငါးရက်ရအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။အဲ့ဒီ ငါးရက်အတွင်းမှာ အိပ်တာစားတာကလွဲလို့ ရှူရဲ့ သင်ကြားချက်အတိုင်း လိုက်လံ

လေ့ကျင့်နေခဲ့ပါတယ်။

ပိတ်ထားတဲ့အခန်းအတွင်းမှာ ရှန်ယန်ရှောင်တစ်ယောက် ကိုယ်ကျပ်အင်္ကျ ီကိုဝတ်ဆင်ထားတာကို တွေ့ရပါတယ်။သူမတစ်ကိုယ်လုံး ချွေးတို့နစ်နေလျက် ကြည်လင်နေတဲ့

ချွေးစက်တို့ဟာ သူမရဲ့ နှင်းဆီရောင် ပါးပြင်ပေါ်မှာ စီးကျနေသလို သူမဟာ ကုတင်ပေါ်မှာ တင်ပျင်ခွေထိုင်နေပါတယ်။

"ဒီငါးရက်အတွင်းမှာ မင်းရဲ့အတွင်းအားဟာ အဆင့်လေးကိုရောက်လာသလို မှော်အစွမ်းက အဆင့်သုံးကို ရောက်လာခဲ့တယ်။လူသားမျိုးနွယ်ထဲမှာဆိုရင်တော့ မဆိုးဘူးလို့

သတ်မှတ်လို့ရတာပေါ့လေ"လို့ အေးစက်မြဲအေးစက်လျက်ရှိသော ရှူ၏ အသံထွက်ပေါ်လာပါတယ်။

သိထားဖို့ကောင်းတာတစ်ခုကတော့ ငယ်စဉ်တည်းက လေ့ကျင့်လာခဲ့ကြတဲ့ ရှန်ကျီယီဟာ အခုမှ အဆင့်ငါးပဲရှိသေးကာ ရှန်ကျီဝေကတော့ အတွင်းအားအဆင့်လေး ပဲ ရှိ

သေးတာကိုပါ။အဲ့ဒါတောင်မှ ရှန်ဖန်ဟာ ကျေနပ်နေခဲ့တာပါ။

ရှန်ယန်ရှောင်ကတော့ ငါးရက်တည်းနဲ့ အမှိုက်ဘဝကနေ လက်ရှိအဆင့်ထိ ရောက်အောင် လေ့ကျင့်သင်ယူနိုင်ခဲ့ပါတယ်။ဒီလိုမျိုး မြန်ဆန်အောင် လေ့ကျင့်သင်ယူနိုင်တာ

ကိုသာ အပြင်လောကက သိသွားခဲ့ရင် လူတစ်ချို့အနေနဲ့ လန့်ဖျန့်သေသွားနိုင်စေပါတယ်။

ငါးရက်တည်းနဲ့ ပညာနှစ်ခုလုံးကို လေ့ကျင့်နိုင်ခဲ့ရုံသာမကဘဲ အဆင့်သုံးနဲ့အဆင့်လေးအထိရောက်အောင် လေ့ကျင့်နိုင်ခဲ့တာပါ။ဒီအဖြစ်ဟာ လောကသဘာဝကို ဆန့်ကျင်

တဲ့အဖြစ်မျိုးပါပဲ။

သာမန်လူတစ်ယောက်အတွက် ငါးရက်မပြောနဲ့ ငါးနှစ်နဲ့ ရှန်ယန်ရှောင်ရဲ့ အဆင့်ကိုရောက်ခဲ့ရင် လူတွေက ပါရမီရှင် ဉာဏ်ကြီးရှင်တစ်ဦးအဖြစ် သရဖူဆောင်းပေးကြမှာ

မလွဲပါဘူး။ပိုဆိုးတာက သူမဟာ ပညာရပ်နှစ်ခုလုံးကို လေ့ကျင့်နေတာပါပဲ။

သို့ပေမယ့်လည်း ရှူ၏ပြောစကားအရ ဒီလိုတတ်ကျွမ်းလွယ်တာတောင်မှပဲ မဆိုးရုံအဆင့်ပဲရှိတယ်ဆိုတော့.......

တစ်ကယ်တန်းကတော့ ရှန်ယန်ရှောင်ဟာ ဒီလောကက အတွင်းအားနဲ့မှော်ပညာ အဆင့်သတ်မှတ်ချက်တွေကို နားလည်မှုမရှိသေးပါဘူး။ဒါကြောင့်လည်း သူမအနေနဲ့

ရှူရဲ့ မဆိုးရုံအဆင့်ဆိုတာဟာ သူမရဲ့ သင်ယူတတ်မြောက်မှုဟာ နှေးကွေးနေတာကြောင့် ပြောတာလို့ ထင်မှတ်လိုက်ပါတော့တယ်။

"ဒီနေ့အဖို့တော့ တော်လိုက်ကြစို့ရဲ့ နက်ဖြန်ရောက်ရင် သန်မာမှုတိုက်ပွဲကို ငါဆက်တိုက်ခိုက်ရဦးမှာဆိုတော့လေ"ဟု အသက်ရှူသွင်းလိုက်ရင်းနဲ့ပဲ ရှန်ယန်ရှောင်ပြောလိုက်

ကာ ကုတင်ပေါ်မှာ ခြေပစ်လက်ပစ်လှဲချလိုက်ပါတော့တယ်။လေ့ကျင့်မှုရဲ့ အကျိုးဆက်အနေနဲ့ သူမရဲ့ စိတ်စွမ်းအားနဲ့ အတွင်းအားတို့ဟာ ကုန်ဆုံးနေတဲ့အတွက် သူမလည်း ပင်ပန်း

နေပါပြီ။တခြားဟာမပြောနဲ့ သူမရဲ့ လက်ချောင်းတစ်ချောင်းကို လှုပ်ဖို့ရာ အင်အားတောင် သူမဆီမှာ မရှိတော့ပါဘူး။

မနက်ဖြန်ရောက်ရင် သူမရဲ့ အဖိုးဖြစ်သူ ဇာမဏီမိသားစု ခေါင်းဆောင်ဖြစ်သူ ရှန်ဖန်ကို သွားတွေ့ရဦးမှာပါ။နောက်ပြီးတော့ ကြည့်ရတာက ရှန်ဖန်အနေနဲ့ သားရဲတွင်းကို

ဝင်ရောက်ခဲ့တဲ့အတွက် သူမကို အလွတ်ပေးမယ့်ပုံမပေါ်ပါဘူး။

အရှင်းဆုံးကတော့ သူမအားကိုးစရာလူမရှိသလို ဇာမဏီမိသားစုရဲ့ သနားညှာတာမှုကို ခံရမှာသာ သူမအသက်ဆက်ရှင်နိုင်ဖို့ရှိပါတယ်။ဒါပေမယ့် ရှန်ဖန်ကတော့ လုံလောက်

တဲ့အကြောင်းပြချက် မရှိဘဲနဲ့ သူမကို လွှတ်ပေးဖို့မရှိပါဘူး။

လောလောဆယ်အနေနဲ့ သူမရဲ့ပြောင်းလဲသွားမှုကို ထုတ်ပြောဖို့အစီအစဉ်လည်း သူမမှာမရှိသေးပါဘူး။ပြောရမယ်ဆိုရင် သူမရဲ့လက်ရှိအနေအထားနဲ့ဆို ထုတ်ဖော်ပြော

တာဟာ ဆုံးဖြတ်ချက်ကောင်းတစ်ခုမဟုတ်ပါဘူး။ရှန်ဖန်အနေနဲ့ ရိပ်မိသိရှိခဲ့ရင်တောင် သူမနဲ့ရွယ်တူမျိုးဆက်တွေအတွက် ပြိုင်ဖက်တစ်ယောက်ပေါ်လာတာကို ဘယ်သူမှ နှစ်သက်ကြ

မှာ မဟုတ်ပါဘူး။ဇာမဏီမိသားစုရဲ့ တတိယမျိုးဆက်ထဲမှာ မိသားစုခေါင်းဆောင်ဖြစ်ဖို့ ရှန်ဖန်ရဲ့ အလေးထားမှုကို မခံယူချင်သူ ဘယ်သူရှိမှာလဲ။အဲ့ဒီအတွက်လည်း အရင်ရှန်ယန်ရှောင်

ငတုံးမ ဖြစ်စဉ်တုန်းမှာ သူမအပေါ်မှာ လှုပ်ရှားမယ့်တတိယမျိုးဆက်တွေ မရှိခဲ့ဘဲ ဟိုမောင်နှမနှစ်ယောက်သာရှိခဲ့တာပါ။အပျော်အတွက်နဲ့ သူမကို အနိုင်ကျင့်ကြတဲ့ ရှန်ကျီယီနဲ့ရှန်ကျီဝေ

တို့ မောင်နှစ်မနှစ်ယောက်ကလွဲလို့ သူမအသက်စိုးရိမ်စရာ မလိုခဲ့ပါဘူး။

ဒါပေမယ့် သူမသာ သူမအခြေအနေကို ထုတ်ဖော်ပြောလိုက်မိပါက သူမရဲ့ ဆောက်ရမ်းကောင်းမွန်လွန်းသော ပညာရပ်နှစ်ခုလုံးကို လေ့ကျင့်နိုင်မှုကိုသာ တတိယမျိုးဆက်

အနေနဲ့ သူမကို အခုလို လွှတ်ထားတော့မည်မဟုတ်ပါလေ။သူမမှာ မိဘနှစ်ပါးလုံးမရှိတော့သလို အားကိုးစရာ လူလည်းမရှိပါဘူး။မိသားစုခေါင်းဆောင်နေရာအတွက် သူမသာစာရင်းဝင်

တစ်ယောက်ဖြစ်ခဲ့ပါက သူမလိုတတိယမျိုးဆက်တွေရဲ့ ဖခင်ဖြစ်သော သူမ၏ ဦးလေးတွေဟာ သူတို့၏ သားသမီးတွေ ခေါင်းဆောင်နေရာ ရဖို့ရန် သူမကို ရှင်းပစ်ဖို့ ကြံစည်လုပ်ဆောင်

လာကြမှာ အသေအချာပါပဲ။

အတွင်းအားနဲ့မှော်ပညာအဆင့် သတ်မှတ်ချက်တွေကို သေချာနားမလည်ပေမယ့် လူတွေရဲ့ အမှောင်ဖက်ခြမ်းက မကောင်းစိတ်တွေကိုတော့ သူမနောကြေနေခဲ့ပါပြီ။

 ကောင်းကျိုးမပေးသော သမီးပျို

မူရင်းစာရေးဆရာ - North Night

မူရင်းဝတ္ထု -The Good for Nothing Seventh Young Lady

ဘာသာပြန် -NEVER

အပိုင်း (၈)

လှံသွားကိုရှောင် ဆိုသောစကားကို နားလည်စွာဖြင့် သူမ၏အစွမ်းကို မဖော်ပြရန် သူမသဘောပေါကမိသည်။တုံးချင်ယောင်ဆောင်တာကတစ်ပိုင်း ဟိုမောင်နှမနှစ်ယောက်ရဲ့

ဓားစာခံအဖြစ်မခံနိုင်တာက တစ်ပိုင်းဖြစ်နေသည်။

မနက်ဖြန်တွင် ရင်ဆိုင်ကြုံတွေ့ရတော့မည့် အဖြစ်ကိုတွေးကာ မျက်လုံးအစုံကိုမှေး၍ သူမ၏နှုတ်ခမ်းအားကွေးကာ သရော်တော်တော်ပြုံးလိုက်လေတော့သည်။

..............................................................................

မောင်နှမနှစ်ယောက်ကြောင့် သူမရဲ့အနေအထားဟာ ဘယ်လောက်နိမ့်ကျသနားစရကောင်းမှန်း သိခဲ့ရသည်ဟုဆိုရလျှင် ယခုသူမဟာ ထိုသနားဖွယ်အခြေအနေမှ လွတ်

မြောက်ခဲ့ပြီဖြစ်သည်။

မနက်ခင်းရဲ့ ပထမဆုံးအဖြစ်အပျက်ကတော့ ၁၇ ၁၈ခန့်ရှိမည်ဖြစ်သော အစေခံမိန်းကလေးနှစ်ဦးမှ သူမအခန်းတံခါးအား ခြေဖြင့်ကန်ဖွင့်ကာ ဝင်လာခြင်းဖြစ်သည်။အိပ်ယာ

ပေါ်တွင် အိပ်နေဆဲဖြစ်သော သူမအား လေးစားမှုမရှိစွာ အတင်းအကျပ်ဆွဲထူလိုက်သည်။သူမက သခင်မလေးနှင့်မတူဘဲ အိမ်တော်ရှိ အဆင့်အနိမ့်ဆုံး အစေခံတစ်ယောက်လိုလိုပင်။

"ညည်းက ညည်းကိုညည်းများ တစ်ကယ်အခြေမြင့်တဲ့ သခင်မလေးတစ်ပါးလိုလုပ်နေပြီး အခုအရွယ်ထိကို သူများအကူအညီယူပြီး အဝတ်ဝတ်ပေးနေရတုန်းပါလား"

မျက်နှာထားတင်းတင်းနဲ့အစေခံမတစ်ယောက်ဟာ သူမကိုယ်ကျပ်အင်္ကျ ီကို အတင်းဆွဲချွတ်လိုက်ရင်း ပြောလိုက်တာပါ။ထို့နောက် သူမကို အဝတ်အစားအသစ်အား လုံးဝသိမ်မွေ့မှု မရှိ

စွာ ဝတ်ဆင်ပေးပြန်ပါတယ်။အစေခံ၏ မျက်နှာတွင်လည်း သူမအား စက်စုပ်တဲ့အမူအယာဟာ အထင်းသားပေါ်လွင်နေပါသေးတယ်။

....................................................................

"သခင်ကြီးကသာ သူမကို ဒီနေ့တွေ့ချင်တယ်လို့ အမိန့်မပေးခဲ့ရင် ဘယ်သူကများ ဒီဟာမလေးကို စောက်ရေးစောက်ဖက်လုပ်နေမှာလဲ။ငါကတော့ သခင်ကြီး ဘာတွေအတွေး

ပေါက်နေမှန်း နားမလညတော့ပါဘူးအေ။မိသားစုကို အရှက်ကွဲစေတဲ့ ဒီဟာမလေးကို အိမ်တော်မှာထားပြီး စောင့်ရှောက်နေသေး"ဟု အခြားတစ်ယောက်မှပြောလိုက်ပြန်ပါသည်။ဒီတစ်

ယောက်ကတော့ ရှန်ယန်ရှောင်ရဲ့ ဆံပင်ကို ဖြစ်သလိုပဲ ဖြီးပေးနေပါတယ်။

ရှန်ယန်ရှောင်အား လာရောက်ဆောင်ရွက်ပေးနေတယ်လို့ ပြောရမယ့်အစား လာနှိပ်စက်တာဟု သုံးတာက ပိုမိုသင့်တော်မည်ဖြစ်ပါသည်။

"ဒိလိုလုပ်နေတာက အစားအသောက်တွေကို ဖြုန်းတီးနေတာမဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ဒီတစ်ခေါက်ဆိုရင် သားရဲတွင်းကိုတောင် ကျူးကျော်လိုက်သေးအေ။သခင်

ကြီးကတော့ ဒီငတုံးမကို လွယ်လွယ်နဲ့လွှတ်မပေးဖို့ သေချာပါတယ်"

"ဒီလိုဟာမျိုးတွေကို စောစောစီးစီး ကိုင်တွယ်ထားရမှာအေ့။အပြင်လောကတစ်ခုလုံးက ဒီငတုံးမကိုအကြောင်းပြုလို့ ငါတို့အိမ်တော်တစ်ခုလုံးကို လှောင်ရီနေကြတယ်လေ"

.........................................................................

အစေခံမနှစ်ယောက်လုံးဟာ စကားလမ်းကြောင်းပြောင်းမယ့် အရိပ်အယောင်မရှိဘဲ သူမတို့ မကျေနပ်မှုတွေအား ပြောဆိုနေကြလေသည်။လူကြီးပိုင်းမှလူငယ်မျိုးဆက်အထိ

မိသားစုခေါင်းဆောင်ဖြစ်တဲ့ ရှန်ဖန်ကလွဲလို့ တစ်မိသားစုလုံးဟာ သူမကို ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ်ပဲ သတ်မှတ်နေကြတာပါ။ဒါတင်မကသေးဘဲ မိသားစုကို အရှက်ကွဲစေသော သူမကို

စောစောသေအေးတာပဲလို့ သဘောပိုက်ထားနေကြတာပါ။

နားထောင်ဖို့ခက်သော အကြောင်းအရာတွေကို ထိုအစေခံနှစ်ယောက်က ဆက်လက်ပြောဆိုနေဆဲပါ။ဆယ့်လေးနှစ်အရွယ် ငတုံးမကတော့ အမူအယာတစ်ချက်မပျက်ဘဲနဲ့

ထိုအစေခံနှစ်ယောက် သူမအားရှုံ့ချပြောဆိုနေတာကို နားမလည်တဲ့ပုံစံနဲ့ပဲ နေနေပါတယ်။

နှိပ်စက်မှုတစ်သီတစ်သန်းကြီး ပြီးဆုံးတဲ့အခါမှာတော့ သူမကို ပင်မအိမ်ဆောင်ထဲသို့ ဆွဲခေါ်သွားပါတော့တယ်။လမ်းတစ်လျှောက်လုံးမှာ ရှန်ယန်ရှောင်ဟာ သူမအဝတ်ကို ဆွဲ

ကာခေါ်သွားခြင်းကို တစ်စက်မှမရုန်းကန်ဘဲ လိုက်လာခဲ့ပါတယ်။ဒါပေမယ့် ကြောင်တောင်တောင်မျက်လုံးတစ်စုံရဲ့အောက်မှာ လည်ဝယ်သောအရိပ်အယောင်တစ်ချို့ကို သေချာကြည့်

မိပါက သတိထားမိနိုင်ပါတယ်။

ပင်မအိမ်ဆောင်တံခါးရှေ့ရောက်တာနဲ့ အစေခံနှစ်ယောက်လည်း အမှိုက်ထုပ်အားပစ်သလို သူမကို ထားကာ ပြန်ထွက်သွားကြပါတော့တယ်။ဘယ်သူမှ မသိလိုက်တာက

တော့ အစေခံနှစ်ယောက်ရဲ့ခါးတွင်ချိတ်ထားတဲ့ လက်ဝါးအရွယ်ရှိ အိတ်နှစ်လုံးကို ငတုံးမတစ်ယောက်က ဖြုတ်ယူထားလိုက်တာကိုပါပဲ။

ရှန်ယန်ရှောင်လည်း ဒီလောကိုရောက်တည်းက ပထမဆုံးရရှိတဲ့ ဝင်ငွေကို သူမရဲ့ အတွင်းအိတ်ထဲကို အသာအယာထည့်လိုက်ပါတယ်။သူမလည်း တံခါးပေါက်ကနေ ပင်မ

ဆောင် အတွင်းသို့ ဝင်ရာက်လိုက်ပါတယ်။သူမအဆောင်တွင်းရောက်တာနဲ့ပဲ တံခါးနှစ်ချပ်လုံးကပိတ်သွားပါတယ်။ငါ့ပိုက်ဆံအိတ်ဆိုသော အလန့်တကြားရေရွတ်လိုက်သော အသံနှစ်သံ

ဟာ လေးလံသောတံခါးပိတ်သံအောက်မှာ ပျောက်ကွယ်သွားပါတော့တယ်။

 ကောင်းကျိုးမပေးသော သမီးပျို

မူရင်းစာရေးဆရာ - North Night

မူရင်းဝတ္ထု -The Good for Nothing Seventh Young Lady

ဘာသာပြန် -NEVER

အပိုင်း (၉)

ပင်မဆောင်အတွင်းထဲမှာတော့ ဆိတ်ငြိမ်နေပါတယ်။ဝင်ပေါက်ကို မျက်နှာမူထားတဲ့ အသက်၆၀ရှိ ရှန်ဖန်ရဲ့မျက်လုံးအစုံဟာ မီးလင်းနေသလိုတောက်ပနေပြီး ထိုင်ခုံပေါ်တွင်

ခန့်ညားစွာ ထိုင်နေပါတယ်။မီးခိုးရောင်ဆံပင်တွေက သူ့အားမကြီးရင့်တဲ့ပုံပေါက်နေစေသလို ဖိအားတစ်မျိုးကိုလည်း ထူးဆန်းစွာခံစားစေရပါတယ်။

သူ့ရဲ့ ဘေးတစ်ဖက်တစ်ချက်ဆီတွင် ထိုင်နေကြသူတွေက ဒုတိယမျိုးဆက်များဖြစ်ပါတယ်။အများစုဟာ အသက်၄၀ကျော်တွေဖြစ်ကာ သူတို့ထဲကမည်သူမဆိုဟာ အပြင်

လောကတွင် ရှားပါးထူးချွန်သူတွေပါ။ရှန်ဖန်၏ရှေ့တွင်တော့ ဘယ်သူမှ အထာမကိုင်ရဲပေ။

သူတို့၏နောက်တွင် ရပ်နေသူတွေကတော့ တတိယမျိုးဆက်တွေဖြစ်ကာ ဇာမဏီမိသားစုရဲ့ အနာဂါတ်ကြယ်ပွင့်တွေဖြစ်တာကြောင့် သူတို့ရဲ့မျက်နှာတွေမှာ ဝံ့ကြွားမှုတွေ

အတိုင်းသားနဲ့ပါ။ချုပ်၍ပြောရလျှင် ဒီအခန်းထဲရှိသူတွေအကုန်လုံးဟာ ဇာမဏီငှက်မိသားစုရဲ့ ဂုဏ်ယူရသူတွေပါပဲ။ဘာအစွမ်းအစမှမရှိသူတွေအားလုံးကိုတော့ ရှန်ဖန်ကိုယ်တိုင် မိသားစု

ကနေ ကန်ထုတ်ထားပြီး သူတို့ထိုက်သူတို့ကံ အဖြစ်သတ်မှတ်ထားပါတယ်။သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်အနောက်မှာရပ်နေတဲ့ ရှန်ကျီယီနဲ့ရှန်ကျီဝေတို့ဟာ မျက်လုံးပင့်ကာ

သူမကို လှမ်းအကဲခတ်လိုက်ပါတယ်။

ခန်းကျယ်တစ်ခုလုံးက မျက်လုံးတွေဟာလည်း သူမဆီကိုရောက်ရှိလာပါတော့တယ်။ဘယ်လိုပဲဆိုဆို ဒီလို ကိုယ်စွမ်းကိုယ်စ ဘာမှမရှိတဲ့သူတစ်ယောက်ဟာ ဇာမဏီမိသားစု

နဲ့ လားလားမှမအပ်စပ်ပါဘူး။တစ်ကိုက်စာပင်မရှိတဲ့ ကိုယ်လုံးကိုယ်ပေါက်အပြင် ဆိုးရွားစွာ ကြည့်ရှုနေကြတဲ့ တတိယမျိုးဆက်အားလုံးရဲ့ ဆိုးရွားတဲ့အကြည့်တွေကို ဘာမှမသိတဲ့ပုံစံနဲ့

ပဲ သူမနေနေပါတယ်။

ရှန်ယန်ရှောင်အား ဆင့်ခေါ်ပြီးမကြာခင်မှာပဲ ဒုတိယမျိုးဆက်တွေဟာ မနာလိုဝန်တိုမှုနဲ့လက်သင့်မခံလိုစိတ်တွေဖြစ်ပေါ်လာပါတယ်။အကြောင်းကတော့ သူမနဲ့ သူမ မိဘတွေ

ဟာ လုံးဝခြားနားနေလို့ပါပဲ။

ရှန်ယန်ရှောင်ဖခင်ဖြစ်သူ ရှန်ယုဟာ အငယ်ဆုံးသခင်လေးပါ။လူတွေသူ့ကို ဖော်ညွှန်းကြတာက သူ့ချောမောခန့်ညားမှုဟာ ကျောက်စိမ်းနဲ့တူပြီး သူ့လှုပ်ရှားမှုတိုင်းဟာ ကျက်သ

ရေရှိစွာထည်ဝါနေတယ်လို့ပြောကြသလို မိန်းကလေးတွေဟာလည်း သူ့ကိုအလွန်အမင်း ရူးသွပ်ခဲ့ကြပါတယ်။ဒါ့အပြင် သူ့မှော်အစွမ်းကလည်း မြင့်မားလှပါတယ်။သူ့ခေတ်အခါတုန်းက

ဇာမဏီမိသားစုအတွင်းမှာ ထူးချွန်တဲ့လူငယ်တွေအများအပြားရှိတဲ့ထဲက သူက ပိုထူးချွန်ခဲ့သလို ရှန်ဖန်ကလည်း အရေးပေးဆုံးခံရသူပါ။သူ့မိန်းမဖြစ်သူဟာလည်း အဲ့ခေတ်တုန်းက

လောင်းရွှမ်နိုင်ငံအတွင်း အလှပိုင်ရှင်တစ်ဦးဖြစ်သလို သူမအလှကို စာဖွဲ့နှိုင်းယှဉ်စရာ မရှိခဲ့သူပါ။သူမလက်မထက်ခင်တုန်းကဆို သူမနောက်ကို သခင်လေးတွေအများအပြား လိုက်လံ

နောက်ပိုးခံခဲ့ရပါတယ်။သူမအပြုံးကို မြင်တွေ့ခွင့်ရဖို့အတွက် ထိုလူတွေဟာ မိသားစုပိုင်ဆိုင်မှုတွေကို အဆုံးရှုံးခံဖို့ ဝန်မလေးခဲ့ကြပါဘူး။

အဲ့လိုရွှေရောင်မိဘနှစ်ပါးက မွေးဖွားလာတဲ့သူမအနေနဲ့ ကမ္ဘာတုန်လှုပ်စေတဲ့ အလှပိုင်ရှင်မဖြစ်ရင်တောင် အခုလို ဘဲရုပ်ဆိုးလေးလိုပုံစံမျိုးနဲ့တော့ လူရုပ်မပေါ်အောင်ထိ မဖြစ်

သင့်ပါဘူး။

ရှန်ယန်ရှောင်အကြောင်းကိုလည်း မိသားစုအတွင်းမှာ တီးတိုးဝေဖန်ရုံကလွဲလို့ ဘယ်သူမှဘာမှမပြောရဲခဲ့တာက ရှန်ဖန်က ဒီအကြောင်းကို တစ်ခွန်းမှ မဟခဲ့ဖူးလို့ပါ။ဘာပဲဆို

ဆို ရှန်ဖန်ဟာ မိသားစုရဲ့အဓိကလူဖြစ်နေပါတယ်။

ဒီအချိန်မှာပဲ ရှန်ဖန်ဟာ သူ့မျက်နှာပေါ်က ထည်ဝါမှုကိုတစ်ချက်မလျော့စေဘဲ သူ့မြေးအားစူးရှစွာ အကဲခတ်ကြည့်ရှုနေပါတယ်။

အဲ့စူးရှတဲ့မျက်ဝန်းတွေဟာ ဓားပါးလေးတွေလိုပါပဲ။မတွေ့တာကြာပြီဖြစ်သူ မြေးမလေးအား အတော်ကြာကြည့်ရှုနေပြီးတဲ့အခါမှာ ရှန်ဖန်ရဲ့မျက်ခုံးအစုံကြုံ့သွားပါတယ်။

ရှန်ဖန် မျက်ခုံးပင့်တာကိုတွေ့လိုက်ရတဲ့ ဇာမဏီမိသားစုဝင်တွေရင်ထဲမှာ နှာခေါင်းရှုံ့လိုက်ကြပါတယ်။လုံးဝရှင်းလင်းနေတာတစ်ခုက ရှန်ဖန်ဟာ ရှန်ယန်ရှောင်အား သူ့မြေးအ

ဖြစ် အသိအမှတ်ပြုထားပေမယ့် ဒီလိုပုံစံကိုမနှစ်တာကတော့သေချာပါတယ်။

အဆောင်ကြီးတစ်ခုလုံးကလူတွေဟာ တိတ်ဆိတ်စွာနဲ့ပဲ ရှန်ဖန်စကားစလာမှာကို စောင့်နေကြပါတယ်။

ရှန်ဖန်ဟာ သူ့အကြည့်အား ရှန်ယန်ရှောင်ဆီမှ လွှဲဖယ်လိုက်ရင်း ပြောလိုက်တာက"ရှန်ယန်ရှောင် မင်းအနေနဲ့ တားမြစ်နေရာကို လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျူးကျော်ဝင်

ရောက်ခဲ့တယ်။မင်းအပြစ်ကို မင်းသိသလား"

ခက်ထန်ပြတ်သားတဲ့ ရှန်ဖန်ရဲ့စကားသံအရ သူဟာ စုံစမ်းမေးမြန်းနေတာထက် အဖြေတစ်ခုကို ခိုင်မာအောင်ပြောနေပုံပေါက်နေပါတယ်။

ရှန်ယန်ရှောင်ဟာ သူမ၏မျက်လုံးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ရင်း သူမအဖိုးဖြစ်သူအား ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်ပါတယ်။

All Chapters