← Chapters

အခန်း (၃၈၈-၃၉၀)

Vol. 26 Ch. 388-390

အခန်း (၃၈၈-၃၉၀)

Vol. 26 Ch. 388-390

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၈၈)

ကြေးစားတစ်ထောင်ကျော်ရဲ့ ယုံကြည်မှုတွေကို ဖီးနစ်ငှက်ထွက်ပေါ်လာခြင်းက ညက်ညက်ကြေအောင်ချေဖျက်သွားပါတယ်။ ဒီလိုမှော်သားရဲကြီးရှေ့မှာ ဘယ်သူမှနားရွက်မခတ်ရဲခဲ့ကြပါဘူး။

လူတစ်ထောင်ကျော်က နေရာမှာတင် ကျောက်ရုပ်ကြီးတွေလို တောင့်တောင့်ကြီးဖြစ်နေကြကာ သူတု့ိ၏မှော်သားရဲတွေကတော့ မြေပေါ်မှာလဲကျနေပြီး တုန်ခါနေခဲ့ပါသည်။

ဒဏ္ဍာရီသတ္တဝါဆိုတာ ဘာကောင်လဲ....

မှော်သားရဲတွေအတွက်တော့ ဒဏ္ဍာရီသတ္တဝါအဆင့်ကို ရောက်ရှိပေါက်ရောက်နိုင်သူတွေဟာ သူတို့ရဲ့ဘုရားလိုပါပဲ။ သူတို့အနေနဲ့ မြင့်မြတ်ကာနတ်တမျှစွမ်းလှသော သားရဲကို အံမတုနိုင်ကြပါ။ ဒဏ္ဍာရီသတ္တဝါတစ်ကောင်ရဲ့ရှေ့မှာ အရိုင်းစိုင်းဆုံးအကြမ်းတမ်းဆုံးဆိုသော မှော်သားရဲတောင် တိုက်ခိုက်ဖို့အတွေးကို တစ်စက်လေးမှမတွေးနိုင်ပါ။

ဒီအချိန်မှာ အားလုံးရင်ထဲ ကြောက်ရွံ့ထိတ်လန့်မှုတွေသာ ကြီးစိုးနေသည်။

အဖွဲ့ရဲ့နောက်ဆုံးမှာ ရပ်နေသော တူလန်းက ကြီးမားအစွမ်းပြင်းလှသော ဖီးနစ်ငှက်ကိုကြည့်နေရင်း သူ့မျက်လုံးတွေထဲမှာ အံ့အားသင့်တဲ့အရိပ်တစ်ချို့ ဖြစ်သွားခဲ့သည်။

ကူလောင်တောင်က ဖီးနစ်ငှက်ဟာ အဆင့်၈ထက်သာလွန်မယ်လို့ သူ သံသယဝင်ခဲ့ပေမယ့် ဒဏ္ဍာရီသတ္တဝါမှန်း သိလိုက်ရတော့ သူ့တုန်လှုပ်ခြောက်ခြားသွားမှုကို ဘယ်ဘာသာစကားနဲ့မှ ဖော်ပြလို့မရနိုင်ပါဘူး။

နှစ်ရာချီပျောက်ကွယ်နေခဲ့သော ဖီးနစ်ငှက်က လူတိုင်းရဲ့ရင်ထဲကို ထိတ်လန့်ကြောက်ရွံ့မှုတွေပေးအပ်ကာ ပေါ်ထွက်လာခဲ့သည်။

"ဟောင်ရှောင်ပြောတာ တစ်ကယ့်ကိုမှန်နေခဲ့တာပဲ"လို့ တူလန်းတီးတိုးရေရွတ်လိုက်သည်။

အဲ့နေ့တုန်းက ဒီလူငယ်လေးကို သူ့အဖွဲ့ထဲလိုက်ပါခဲ့ဖို့ ဖိတ်ခေါ်ခဲ့မှုအတွက် သူအလွန်နှစ်ထောင်းအားရဖြစ်သွားခဲ့သည်။ မဟုတ်ရင် ရှေ့ဆုံးကနေပြီး ဖီးနစ်ငှက်ကိုရင်ဆိုင်နေရမှာက သူတို့အဖွဲ့ဖြစ်နေမှာပါ။

အဲ့ဒါဆိုရင် ကပ်ဘေးကြီးသင့်သွားတော့မှာပါ။

"ခေါင်းဆောင်...ဒါ...ဒါက ဖီးနစ်ငှက်လား"လို့ ဝံပုလွေခြောက်ကောင်က ဖြူဖတ်ဖြူလျော်မျက်နှာတွေနဲ့ မေးလိုက်ကြပါသည်။

အမည်းရောင်မြို့ထဲမှာ လူတစ်ကာရဲ့လေးစားခြင်းကို ခံယူကြရတဲ့ သူတို့တွေဟာ ဖီးနစ်ငှက်ရှေ့မှောက်မှာတော့ ဘာသတ္တိကိုမှ ထုတ်မပြနိုင်ပါဘူး။

"အားလုံး မင်းတို့ရဲ့မှော်သားရဲတွေကို ပြန်သိမ်းလိုက်ကြပြီး ဒီနေရာကနေ ချက်ခြင်းဆုတ်တော့။ စစ်ဆင်ရေးသတင်းက အမှားကြီးပဲဟေ့ ငါတို့ဒီမှာ ဆက်နေလို့မဖြစ်တော့ဘူး"လို့ တူလန်းကအမိန့်ပေးလိုက်သည်။

တူလန်းစကားအဆုံးမှာပဲ ဖီးနစ်ငှက်ဟာ သူ့ကိုလာနှောက်ယှက်ကြသူတွေကြောင့် မကျေမနပ်ဖြစ်မှုတွေအား ဖွင့်ထုတ်လိုက်ပါတော့သည်။

မီးတောက်မီးလျှံတွေဟာ မီးမိုးကြီးရွာသွန်းနေတဲ့အတိုင်း ကောင်းကင်ယံကနေသက်ဆင်းလာခဲ့ပါတယ်။ မီးတောက်တိုင်းက လက်ဖဝါးအရွယ်ခန့်ရှိပြီး ထိမိတာမှန်သမျှကို လောင်ကျွမ်းစေပါလိမ့်မယ်။

အော်ဟစ်ငိုကြွေးသံတွေက ကူလောင်တောင်မှာ တစ်ပြိုင်နက်ထွက်ပေါ်လာပါတယ်။ အတောမသတ်နိုင်သော ကြောက်ရွံ့ထိတ်လန့်မှုကြောင့် သတိလက်လွတ်ဖြစ်နေကြတဲ့ ကြေးစားတွေ အသိပြန်ဝင်လာကာ ချက်ခြင်းထွက်ပြေးကြပါတော့သည်။

သို့သော်ငြားလည်း ဖီးနစ်ငှက်ရဲ့ အမျက်က လျော့မသွားသေးတာကြောင့် ကြီးမားသောမီးတောင်ပံတွေ အနည်းငယ်လှုပ်ခတ်လိုက်ကာ မြေပေါ်မှာလှဲကျင်းမယ့် မီးတောက်တစ်ခုအားဖန်တီးလိုက်သည်။

မဆုံးနိုင်သော အထိတ်တလန့်မြည်ကြွေးသံတွေက ဆက်တိုက်ထွက်ပေါ်နေသည်။ တိုက်ခိုက်မယ်ဟန်ပြင်ထားကြသော ကြေးစားတွေထဲက ကံကောင်းထောက်မကာ အသက်ဘေးမှလွတ်မြောက်ခဲ့တဲ့ကြေးစွားတွေဟာ ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင်ပြေးနေကြပါသည်။ ကူလောင်တောင်ရဲ့ အပူချိန်ဟာ မြင့်တက်လာခဲ့ပြီး သူတို့ကိုယ်လုံးတွေကို ဖုတ်ထားသလိုခံစားနေရစေပြီး ချွေးသီးချွေးပေါက်တွေထွက်လာခဲ့ပေမယ့် ဒီအချိန်မှာ ဘာကိုမှအရေးမမူနိုင်ကြဘဲ လွတ်မြောက်ချင်စိတ်သာ ကြီးစိုးနေကြပါတယ်။

အဆင့်၈မှော်သားရဲကို ဖမ်းဆီးရမယ့်စစ်ဆင်ရေးက ဒဏ္ဍာရီသတ္တဝါကို ရင်ဆိုင်ဖက်ပြိုင်ရမယ့်အခြေအနေသို့ ပြောင်းလဲသွားမယ်လို့ ဘယ်သူထင်မိမှာလဲ။ သိခဲ့မယ်ဆိုရင် ဒီကိုလာပြီး အသေခံပါ့မလား

သို့ပေမယ့် ဘယ်လိုပဲနောင်တရနေပါစေ ဒီအခြေအနေကနေတော့ မလွတ်မြောက်နိုင်ကြပါဘူး။ ဖီးနစ်ငှက်ရဲ့ အမျက်ဒေါသက တွေ့သမျှအရာအားလုံးကို လောင်တိုက်သွင်းခဲ့ပြီး ကြေးစားတွေနဲ့မှော်သားရဲများစွာ ပြာကျခဲ့ရပါတယ်။

ကြေးစားခေါင်းဆောင်တွေကတော့ ထွက်ပြေးနေရင်းနဲ့ သူတို့လူတွေပြာကျသွားတဲ့ ဖြစ်ရပ်ကို ဘာမှမတတ်နိုင်စွာကြည့်မြင်နေရပါတယ်။ သူတို့ရင်ထဲမှာ အလွန်သောကရောက်နေခဲ့ကာ အလုပ်ရှင်တွေ၏ မျိုးဆက်၁၈ဆက်ကို အတွေးထဲကနေ အကြိမ်ကြိမ်သတ်နေပြီးကြပါပြီ။

ပုန်းအောင်းနေခဲ့တဲ့ ရှန်ယန်ရှောင်ဟာ ဖီးနစ်ငှက်အစွမ်းကြောင့် ဖြစ်ပေါ်သွားတဲ့ ပြာတွေကိုကြည့်ပြီး တုန်လှုပ်သွားရသည်။

ဒါက ဒဏ္ဍာရီသတ္တဝါရဲ့စွမ်းအားလား...

ဇာမဏီငှက်က စွမ်းအားကြီးတာကို သူမ သိပေမယ့် ဒဏ္ဍာရီသတ္တဝါတစ်ကောင်ရဲ့ အစွမ်းသတ္တိကိုတော့ သူမ မတွေ့မြင်ဖူးသေးပါဘူး။ သူမရှေ့မှောက်က ဖီးနစ်ငှက်နဲ့ ဇာနဏီငှက်တို့က စွမ်းအားချင်းတူတယ်ဆိုတော့ ဇာမဏီငှက်ကလည်း ဒီလိုလုပ်နိုင်တယ်ပေါ့နော်...

သူမဟာ လူတစ်ထောင်ကျော်ကို ရှင်းလင်းနေတဲ့ ဖီးနစ်ငှက်နဲ့ အမြဲတမ်းမာန်တက်နေသော ထိုကလေးလေးတို့နှစ်ယောက်ကို နှိုင်းဖက်ရခက်နေပါတယ်။

ဖီးနစ်ငှက်ရဲ့ဒေါသကြောင့် ဖြစ်ပေါ်သွားတဲ့မီးပင်လယ်ရဲ့ တစ်စိတ်တစ်ဒေသကြောင့် အသိုက်ရှေ့က မီးတောက်မြက်အချို့ ပြာကျသွားခဲ့ရလို့ သူမ စိတ်ပျက်သွားခဲ့သည်။

"ချချင်ရင် ချလေကွာ အဲ့လောက်အားအများကြီး ထည့်စရာလိုသလားဟ ငါ့မီးတောက်မြက်လေး..."လို့ ရှန်ယန်ရှောင်ရင်ထဲမှာ ဝမ်းပန်းတနည်းနဲ့ ငိုကြွေးတသလိုက်ပါတယ်။

"ဖီးနစ်ငှက်သိုက်မှာ မီးတောက်မြက်က ဒီလောက်မနည်းနိုင်ပါဘူး မင်း အဲ့အတွက်ပူမနေနဲ့။ ဒါပေမယ့် ဖီးနစ်ငှက်ရဲ့ ဒီနေ့လုပ်ရပ်က နည်းနည်းထူးဆန်းနေသလိုပဲ"ဟု ထူးဆန်းမှုကို ခံစားသိမြင်လိုက်တဲ့ ရှူကဝင်ပြောလိုက်သည်။

"ထူးတယ် ဘာထူးနေတာလဲ"ဟု မီးတောက်မြက်အချို့ကျန်နိုင်သေးတယ်ဆိုတာကြောင့် အန်မိမတတ်ဖြစ်နေတဲ့ သွေးတွေကို ပြန်မြိုချလိုက်ပြီး သူမက ပြန်မေးလိုက်ပါတယ်။

"ဖီးနစ်ငှက်က ဒဏ္ဍာရီသတ္တဝါဖြစ်နေပြီး သူ့စိတ်နေစိတ်ထားက ဘဝင်နည်းနည်းမြင့်ပေမယ့်လည်း သူကစသတ်ရမယ့်အလုပ်ကိုတော့ ရှောင်ကြဉ်တတ်ကြတယ်။ ဒီလူတွေကြောင့် ဖီးနစ်ငှက်ဒေါကန်သွားပေမယ့် အရင်တုန်းကလိုအကျင့်မျိုးနဲ့ဆိုရင် ဖီးနစ်အနေနဲ့ ဒီလောက်ကြီးရက်ရက်စက်စက်သတ်မှာမဟုတ်ဘူး"လို့ ရှူကပြန်ပြောလိုက်သည်။

"နောက်ပြီးတော့ ကူလောင်တောင်ကို မဝင်ခင်တုန်းက ငါနဲ့ဇာမဏီငှက်တို့က ဒီနေရာမှာရှိတဲ့ မီးဓာတ်တွေက မီးတောင်ကြားထက်ပိုပြီး သိပ်သည်းများပြားနေသလို ပိုစွမ်းအားပြင်းနေတာကိုလည်း ခံစားမိခဲ့ကြတယ်။ ဒါပေမယ့် ဒီဖီးနစ်ရဲ့အစွမ်းက ဇာမဏီငှက်ထက် ယောင်ယောင်လေးနည်းနေတယ်လေ ဒီတော့ ဒီလိုအားပြင်းတဲ့မီးဓာတ်ကို သူထုတ်နိုင်စရာမရှိဘူး။ ကူလောင်တောင်မှာ တစ်ခြားကိစ္စတွေဖြစ်ပျက်နေသေးတယ်လို့ ငါခံစားမိနေတယ် အခုလောလောဆယ်တော့ ဘာမှအလျင်စလို မလုပ်နဲ့ဦး အရင်ကြည့်နေလိုက်ပြီး ခဏနေမှ ဆက်ဆွေးနွေးကြရအောင်"ဟု ရှူက ရှန်ယန်ရှောင်တစ်ယောက် မီးတောက်မြက်ရဖို့အတွက် ဖီးနစ်ငှက်သိုက်ထဲကို အလျင်စလိုဝင်သွားမှာကိုစိုးပြီး ပြောလိုက်သည်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၈၉)

"ဒီဖီးနစ်ငှက်က ဇာမဏီငှက်ထက် စွမ်းအားနည်းတယ်လို့ ခင်ဗျားပြောလိုက်တာလား"လို့ ရှန်ယန်ရှောင်က အဓိကကျတာကို မေးလိုက်ပါတယ်။

"ယေဘုယျသဘောအရတော့ သူတို့က အတူတူပါပဲ။ ဒါပေမယ့် တစ်ကယ်တိုက်ခိုက်ကြပြီဟေ့ဆိုရင်တော့ ဇာမဏီငှက်ကနိုင်ဖို့ အခွင့်အလမ်းပိုများတယ်။ ဖီးနစ်ငှက်က မှော်သားရဲတစ်ကောင်ဆိုပေမယ့် စိတ်ပိုင်းဆိုင်ရာဖက်အားသာတဲ့သားရဲပိုဆန်တာကြောင့် တိုက်ပွဲမှာဆိုရင် ရှေးသတ္တဝါငါးကောင်ထဲက တစ်ကောင်ဖြစ်တဲ့ ဇာမဏီငှက်ကို ဘယ်လိုမှယှဉ်နိုင်စရာမရှိဘူး"လို့ ရှူကပြောလိုက်သည်။[စစ်သားနဲ့တရားသမားလိုပါပဲ]

ကြည့်ရတာတော့ ဇာမဏီငှက်အပေါ်မှာ ငါတစ်ကယ်လျှော့တွက်မိခဲ့ပုံပါလား။ ဇာမဏီငှက်ရဲ့အစွမ်းကို သူမ မမြင်ဖူးသေးတာကြောင့် ရှန်ယန်ရှောင်ကို အပြစ်တင်လို့တော့မရပြန်ပါဘူး။ သူမက ဒီလောကမှာ ပြန်ဝင်စားတာ သိပ်မကြာသေးတဲ့အတွက် သင်ယူလေ့လာစရာတွေအများကြီး ကျန်ရှိနေသေးပြီး မှော်သားရဲဆိုတာကို မှော်အစွမ်းပါရှိတဲ့ သားရဲတိရစ္ဆာန်လို့ပဲ သူမကယူဆထားခဲ့မိတာဖြစ်သည်။

ရှန်ယန်ရှောင်ကိုယ်ထဲမှာ ငုတ်တုတ်ထိုင်နေတဲ့ ဇာမဏီငှက်ဟာ ရှန်ယန်ရှောင်ရဲ့ အတွင်းစိတ်လှုပ်ခတ်သွားတာကို သတိထားမိပုံပေါ်ပါတယ်။ နှလုံးကန်ထဲမှာရှိနေတဲ့ ဇာမဏီငှက်ဟာ အလွန်ဝံ့ကြွားနေဟန်ပေါက်ပြီး လက်ပိုက်ပြီး တိုးတိုးတိုးတိုးနဲ့ပြောနေပါတယ်။

"ငါက သောက်ကြမ်းကြီးဆိုတာ ကောင်မလေးသိသွားပြီဆိုတော့ နောက်တစ်ခေါက်ထပ်ပြီး ငါ့ကို အထင်သေးဝံ့သေးလားကြည့်ရတာပေါ့"

မှော်သားရဲတွေအကြောင်းကို ရှန်ယန်ရှောင်တစ်ယောက် ပိုသဘောပေါက်သွားချိန်မှာပဲ တောနက်ထဲက အနက်ရောင်ဝတ်စုံဆယ်ယောက်ကလည်း လှုပ်ရှားလာကြပါတယ်။

ဖီးနစ်ငှက်က ထောင်ချီတဲ့ကြေးစားတွေနောက်ကိုလိုက်ရင်း အသိုက်နဲ့ဝေးသွားချိန်မှာ အနက်ရောင်ဝတ်တွေက အချိန်ကျပြီလို့သဘောပိုက်ကာ အမြန်ဆုံးနှုန်းနဲ့ အသိုက်ထဲကိုပြေးဝင်သွားကြပါတယ်။

"သူတို့ရည်ရွယ်ချက်က တစ်ကယ်ပဲ အသိုက်ဖြစ်နေတာကိုး ဒါပေမယ့် ဒီလိုစွန့်စားပြီး ဝင်သွားကြတယ်ဆိုတော့ ဘာအတွက်လဲ"လို့ မေးပွတ်ရင်း ရှန်ယန်ရှောင်တွေးဆလိုက်သည်။

ထိုလူတွေထွက်သွားပြီးတာနဲ့ လျှင်မြန်ဆေးရည်တစ်ပုလင်းသောက်လိုက်ကာ သူမလည်း နောက်ကနေလိုက်ဝင်သွားပါတယ်။

အနက်ဝတ်တွေက အသိုက်ထဲကို ခိုးကြောင်ခိုးဝှက်ဝင်သွားကြပေမယ့် သူမက ချက်ခြင်းလိုက်မသွားခဲ့ဘဲ အသိုက်စပ်ကနေပဲ ယာယီပုန်းခိုနေခဲ့သည်။

နောက်တစ်စက္ကန့်မှာပဲ နောက်ထပ်မီးတောက်တွေက အသိုက်ထဲကိုဝင်သွားတဲ့ လူဆယ်ဦးနဲ့အတူ အထဲကနေလွင့်ပျံလာခဲ့ပါတယ်။ ထိုလူတွေရဲ့ ကိုယ်ပေါ်မှာလောင်ကျွမ်းထားတဲ့ နေရာတွေရှိနေပြီး အဝတ်တွေလည်း မီးလောင်ခံထားရပါတယ်။ သူတို့အစွမ်းကမသေးလို့သာ ပြာကျမသွားခဲ့ရတာပါ။

သို့ပေမယ့် ဒီထွက်ပေါ်လာတဲ့ မီးတောက်တွေက လူတိုင်းရဲ့အတွေးထက် ကျော်လွန်နေတဲ့အဖြစ်ပါ။ ရှန်ယန်ရှောင်ကိုယ်တိုင်လည်း ဒီအဖြစ်ကြောင့် ကြောင်သွားခဲ့ပါတယ်။ ဖီးနစ်ငှက်က အဝေးမှာရောက်နေတာလေ မီးပင်လယ်နောက်တစ်ခုက ဘာလို့ရှိနေတာတုန်းဟ။

သူမလိုပဲ ထိုဆယ်ယောက်လည်း တွေးမိနေမယ်လို့ သူမသိပါတယ်။ သူတို့က ကြေးစားတွေကိုအသုံးချပြီး ဖီးနစ်ငှက်ကို မျှားချင်တာပါ ဒါမှသာ အသိုက်ထဲကို သူတို့ဝင်လို့ရမှာဖြစ်တယ်လေ။ သူတို့တွေ အပြည့်အဝပြင်ဆင်လာခဲ့ပေမယ့် မမျှော်လင့်တဲ့အဖြစ်ဖြစ်ပေါ်နေပါတယ်။

"ဘာဖြစ်နေတာလဲ"လို့ အခြေအနေကို အံ့သြနေတဲ့ ခေါင်းဆောင်ဖြစ်သူက တွေးလိုက်မိသည်။

အနက်ဝတ်တွေလည်း အခြေအနေကို ဘယ်လိုမှတွေးတောကြည့်လို့မရဖြစ်နေကြပါသည်။

မကြာခင်မှာပဲ ဒီပဟေဠိတွေက ရှင်းလင်းသွားပါတော့တယ်။

ဖီးနစ်ငှက်ရဲ့ အသိုက်ထဲကနေ နောက်ထပ်မီးတောက်တစ်ခု ထွက်ပေါ်လာပြီး ဆန်းဆန်းပြားပြားတောက်ပလှတဲ့ ဖီးနစ်ငှက်တစ်ကောင် ပျံသန်းထွက်လာခဲ့ပါတယ်။

နောက်တစ်ကောင်ရှိနေသေးတယ်...

လူတိုင်းရူးချင်ချင်ဖြစ်သွားကြသည်။ ဖီးနစ်ငှက်သိုက်ထဲမှာ နောက်ထပ်ဖီးနစ်တစ်ကောင်ရှိနေမယ်လို့ ဘယ်သူထင်မှာလဲ နောက်ပြီး ဒီဖီးနစ်ကလည်း ဒဏ္ဍာရီသတ္တဝါအဆင့်ပါပဲ။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါတို့အရင်တစ်ခေါက်လာကြည့်ခဲ့တုန်းက ဖီးနစ်တစ်ကောင်ပဲ ရှိနေတာပါဟ"လို့ အထိတ်ထိတ်အပြာပြာဖြစ်နေတဲ့ အနက်ဝတ်တွေက အော်ဟစ်လိုက်မိကြပါသည်။

သူတို့အနေနဲ့ ကြေးစားအဖွဲ့တွေကို ချေမှုန်းနိုင်စွမ်းရှိပေမယ့် ဒဏ္ဍာရီသတ္တဝါအဆင့်ရောက်နေတဲ့ ဖီးနစ်ငှက်ကိုတော့ သူတို့တွေဘယ်လိုမှ ခုခံနိုင်စွမ်းမရှိပါဘူး။

"ချီးပဲ...ဘယ်လိုသတင်းမျိုး ငါ့ကို မင်းတို့ပေးခဲ့တာတုန်းကွ။ မင်းတို့အားလုံးကြောင့် ငါသေတော့မလို့ပဲ"လို့ ပြောလိုက်တဲ့ ခေါင်းဆောင်ဖြစ်သူမျက်နှာဟာ မည်းမှောင်သွားခဲ့ပါတယ်။

ပုန်းအောင်းနေတဲ့ ရှန်ယန်ရှောင်မှာ သူမရှေ့က ပွဲကြီးပွဲကောင်းကို ရူးကြောင်ကြောင်အမူအယာနဲ့ အဖြစ်အပျက်တစ်ခုခြင်းကို ကြည့်နေမိပါတယ်။ ပထမတစ်စက္ကန့်မှာ အထဲကိုဝင်သွားကြတယ် နောက်တစ်စက္ကန့်ကျတော့ ခုန်ထွက်လာကြတယ်လေ။ ဒီလိုအခြေအနေမျိုးနဲ့တွေ့ဖို့အတွက် ဒီလူတွေက ဘယ်လိုတောင်ကံဆိုးနေတာပါလားလို့ သူမတွေးလိုက်မိသည်။

သူတို့ပြောစကားတွေအရ ဖီးနစ်ငှက်ကို စုံစမ်းပြီးပါပြီ အဲ့အတွက် သူတို့တွေ လုပ်ငန်းစဖို့ ပြင်ဆင်လာခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့တွေ အားလုံးကိုတွက်ချက်လုပ်ကိုင်ခဲ့ကြသော်လည်း တစ်ကယ့်အချိန်ရောက်မှ နောက်ထပ်တစ်ကောင်ထပ်ပေါ်လာမယ်လို့ မထင်ထားခဲ့မိကြပါဘူး။

ဒီအခြေအနေကနေ လွတ်မြောက်မယ့်ပုံမပေါ်တဲ့ ဒီလူတွေရဲ့ကံဆိုးမှုအတွက် သူမ ကြိတ်ဆုတောင်းပေးမိလိုက်ပါတယ်။

"ကူလောင်တောင်ရဲ့ မီးဓာတ်တွေက ထူးခြားနေတာ အံ့စရာမရှိတော့ဘူး ဖီးနစ်နှစ်ကောင်တောင် ရှိနေတာကိုး။ ဒီနှစ်ကောင်က လင်မယားဖြစ်ပုံရတယ်။ စောစောကဖီးနစ်က အဖိုဖြစ်ပြီး ဒီတစ်ကောင်ကအမပဲ"လို့ ရှူကပြောလိုက်တယ်။

ရှန်ယန်ရှောင် အကဲခတ်လိုက်တော့ ဒီဖီးနစ်ငှက်ဟာ ဒဏ္ဍာရီသတ္တဝါအဆင့်ဆိုပေမယ့် စောစောကဖီးနစ်ထက် အကောင်ပိုသေးပြီး သေချာကြည့်မယ်ဆိုရင် အဖိုကောင်ရဲ့အမြီးမှာ ရွှေရောင်ငှက်မွှေးတွေရှိပြီး ဒီအမကောင်မှာတော့ မရှိတာကိုတွေ့နိုင်ပါတယ်။

ဖီးနစ်နှစ်ကောင်လုံးက လုံးဝကိုတူညီနေတာကြောင့် သေချာဂရုတစိုက်မကြည့်ခဲ့ရင် မတူတာကို တွေ့နိုင်မှာမဟုတ်ပါဘူး။

"ဒီလူတွေ ဘယ်လိုဇာတ်လမ်းသိမ်းမလဲဆိုတာ ကျနော်ကြည့်ချင်မိတယ်"လို့ အားလုံးကိုအကွက်ချထားခဲ့တဲ့ အနက်ဝတ်တွေအား လှောင်ပြောင်ပြောဆိုလိုက်ပါတယ်။ ဒီအနက်ဝတ်တွေဟာ သူတို့ရည်ရွယ်ချက်အောင်မြင်ဖို့အတွက် အမည်းရောင်မြို့က ကြေးစးတစ်ထောင်ကျော်ရဲ့ အသက်တွေကို ချနင်းခဲ့တာကြောင့် လူကောင်းတွေမဖြစ်နိုင်တဲ့အတွက် သူမစိတ်ထဲကနေပြီး အပြစ်တော့ပေးလို့ရသေးပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၉၀)

သို့သော်လည်း သူတို့တွေအနေနဲ့ ဖီးနစ်ငှက်ကို ယှဉ်မတိုက်နိုင်တောင် ထွက်ပြေးနိုင်စွမ်းတော့ ရှိကြပါသေးတယ်။ ဒါကြောင့် အားလုံးအလွဲလွဲအချော်ချော်ဖြစ်ကုန်မှန်း သိတာနဲ့တစ်ပြိုင်နက် လူဆယ့်တစ်ယောက်က လူစုခွဲပြေးကြပါတော့တယ်။

ဒီနည်းလမ်းက အားလုံးရဲ့အသက်ကို အာမမခံနိုင်ပေမယ့် ဖီးနစ်ငှက်က လူတစ်ယောက်နောက်ကို ပစ်မှတ်ထားပြီးလိုက်တဲ့အချိန်မျာ ကျန်လူတွေအဖို့ ပြေးချိန်ရပါသေးတယ်။ သူ့ကိုနှောက်ယှက်ရဲသူတွေ ထွက်ပြေးကြတာကိုတွေ့လိုက်တဲ့ ဖီးနစ်ငှက်က ပစ်မှတ်တစ်ခုနောက်ကို ချက်ခြင်းပျံသန်းလိုက်သွားခဲ့ပြီး သူ့ပစ်မှတ်ဟာ ခေါင်းဆောင်ဖြစ်သူဖြစ်နေပါတယ်။

"လူတိုင်းက သူ့ကံနဲ့သူလာတယ်ဆိုတာ တစ်ကယ်ပါပဲလား။ ဒီလူတွေက အစတည်းကပြင်ဆင်လာခဲ့ကြပေမယ့် နောက်ဆုံးအချိန်ရောက်မှ ဒီလိုဖြစ်သွားမယ်လို့ ထင်ထားကြမှာမဟုတ်ဘူး"လို့ပြောလိုက်သူက ဒီကိစ္စဟာ တစ်ကယ်နှမြောစရာဖြစ်ရပ်ဖြစ်နေပေမယ့်လည်း နှမြောတသတဲ့အသံတစ်စက်မရှိဘဲ ပြောလိုက်ပါတယ်။

အခုက အချိန်ကျပြီဖြစ်လို့ ရှန်ယန်ရှောင်ရဲ့ စိတ်လည်းနိုးကြားသွားခဲ့သည်။ မတိုင်ခင်မှာတော့ သူမ ပြင်ဆင်မှုအတော်များများကို လုပ်လိုက်ခဲ့ပြီးနောက် ဇာမဏီငှက်ကို အပြင်ဖက်သို့ဆင့်ခေါ်လိုက်ပါတယ်။ အသိုက်ထဲမှာ နောက်တစ်ကောင်ရှိသေးပေမယ့် သူမဆီမှာ ဇာမဏီငှက်ရှိနေတာကြောင့် ဘာမှကြောက်စရာမလိုပါဘူး။

"ဒီလေးလေးကို ရှာတာက မင်းမှာဘာကိစ္စရှိနေလို့လဲ"ဟု မကျေမနပ်ဖြစ်နေသောအသံနဲ့ ခေါင်းကိုမော့ကာ လက်ကိုရင်ဘတ်ရှေ့မှာ ပိုက်ထားတဲ့ဇာမဏီငှက်က သူ့သခင်ဖြစ်သူအား ဝံ့ကြွားစွာကြည့်ပြီးပြောလိုက်သည်။

ရှန်ယန်ရှောင်ပြုံးလိုက်ပြီး လက်တစ်ဖက်ကိုဆန့်တန်းလိုက်ပြီး ဇာမဏီငှက်ရဲ့ခေါင်းလေးကို ပွတ်သပ်ပေး၍ ချော့မော့တဲ့အသံနဲ့ပြောလိုက်သည်။

"မင်းကို ခေါ်မှဖြစ်မှာ ငါ့မိသားစုရဲ့ ဇာမဏီငှက်က ရှေးဒဏ္ဍာရီသတ္တဝါဆိုတော့ တစ်ကယ့်ချက်ရောက်တဲ့အခါတိုင်းမှာ မင်းကို အားကိုးရဦးမှာလေကွာ"

ဇာမဏီငှက်ပေါက်ကွဲတဲ့အခါ သူ့ကိုချော့ပြီး ခေါင်းကိုပွတ်ပေးဖို့ပဲလိုပါတယ်။

ဇာမဏီငှက်က တစ်စုံတစ်ယောက်ရဲ့ အိမ်မွေးတိရစ္ဆာန်အားပြုမူသော ပုံစံကြောင့် စိတ်ညစ်သွားကာ နှာခေါင်းရှုံ့လိုက်မိသည်။

"မင်းဘာလုပ်နေတာတုန်း အထဲသာဝင်စမ်းပါ"လို့ ဇာမဏီငှက်က ဖီးနစ်သိုက်ထဲကို ဝံ့ဝံ့ကြွားကြွားနဲ့လှမ်းဝင်သွားရင်း ပြောလိုက်ပါတော့သည်။ သူ့ပိုင်ရှင်အပေါ်မှာ မကျေနပ်မှုတွေကို ဖီးနစ်ငှက်ရဲ့အိမ်မှာ ဖွင့်ထုတ်ပါတော့မယ်။

အဲ့ငကြောင်ငှက်နှစ်ကောင်က သူ့ထက်ပိုကောင်းတဲ့နေရာမှာ နေစရာရထားတာဖြစ်လို့ ဒီနေရာကိုသာ သူဖောက်ခွဲပွင့်ထွက်စေလိုက်ရင် သူတို့လည်း ဒီကနေထွက်သွားရတော့မှာလေ။

ရှန်ယန်ရှောင်က ရယ်မောလိုက်ပြီး ဇာမဏီငှက်ရဲ့နောက်ကနေပြီး လိုက်သွားခဲ့တယ်။ ဖီးနစ်ငှက်သိုက်က အပြင်မှာကြည့်ရတာထက် အထဲကပိုကြီးမားပါတယ်။ အထဲကိုသူမဝင်လိုက်တော့ နံရံတွေပေါ်မှာ လက်သီးဆုပ်အရွယ်ရှိတဲ့ တစ်ဖျပ်ဖျပ်လက်နေသော အနီရောင်သလင်းတုံးတွေ တပ်ဆင်ထားတာကိုတွေ့လိုက်ပါတယ်။ ဒီဂူကြီးထဲမှာ အနည်းဆုံး ထောင်နဲ့ချီတပ်ဆင်ထားပါတယ်။

အနီရောင်သလင်းတွေကနေ မီးဓာတ်တွေအဆက်မပြတ်ထွက်ပေါ်နေပြီး ဂူတစ်ခုလုံးမှာ မီးဓာတ်တွေနဲ့ပြည့်နေပါတယ်။

ဒီမီးဓာတ်တွေကို ဇာမဏီငှက်လည်း ခံစားမိကာ နဂိုကညစ်နေခဲ့သော သူ့စိတ်ဟာလည်း သာယာသွားကာ အပျင်းကြောဆန့်လိုက်ပြီး သူ့ခြေလှမ်းတွေတောင် သွက်သွားပါတယ်။

ဂူကြီးက အဆုံးမရှိပုံပေါက်နေပြီး သူမနဲ့ ဇာမဏီငှက်တို့ သွားနေတာ သုံးမိနစ်လေးမိနစ်ခန့်ရှိနေပါပြီ။ ရှေ့ကိုသွားလေလေ အပူချိန်ကလျော့မသွားဘဲ ပိုပိုတိုးလာတာကို သူမ ခံစားမိပါတယ်။ အပူရှိန်က လူသားခန္ဓာရဲ့ ခံနိုင်ရည်စွမ်းကို ကျော်လွန်နေပြီဖြစ်တာကြောင့် သူမရဲ့ မှော်အားနဲ့အတွင်းအားကိုထုတ်ကာ လူတစ်ယောက်ကို ကင်လို့ရတဲ့ဒီအပူဒဏ်ကို ကာကွယ်လိုက်ရပါသည်။

သူမတို့နှစ်ယောက် အထဲကိုဆက်သွားလိုက်တော့ မှောင်တောင်တောင်ဂူထဲမှာ အလင်းတစ်ခုကိုတွေ့လိုက်ပါသည်။

ဂူအဆုံးပိုင်းမှာ နေရာအကျယ်ကြီးဖြစ်နေပြီး မီးသလင်းတွေအပြည့်ရှိနေတဲ့ နံရံတွေကြမ်းတွေက ဝန်းရံထားကာ နေရာတစ်ခုလုံးမှာ အနီရောင်မှိန်ပျပျအလင်းက ဖြန့်ကျက်လင်းလက်နေပါတယ်။

အသိုက်ကြီးနှစ်ခုက ဒီနေရာမှာရှိနေပြီး ဖီးနစ်ငှက်နှစ်ကောင်ရဲ့ အသိုက်ဆိုတာ သိနိုင်ပါတယ်။ အသိုက်ကြီးနှစ်ခုအလယ်မှာတော့ အသိုက်လေးတစ်ခုရှိနေခဲ့ပါတယ်။

အသိုက်လေးရဲ့ အရွယ်အစားက လက်ဝါးသုံးခုစာအရွယ်သာရှိပြီး အသိုက်ကိုတော့ သူမတပင်တပန်းရှာနေတဲ့ မီးတောက်မြက်တွေနဲ့ လုပ်ထားတာကို ရှန်ယန်ရှောင်တွေ့လိုက်ရပါတယ်။

လက်ဝါးတစ်ဝါးစာဆိုရင်တောင် မီးတောက်မြက်ထောင်ချီပြီး အသုံးပြုရမှာဖြစ်ပါသည်။ မီးတောက်မြက်တစ်ခုရဖို့အတွက် သူမ တပင်တပန်းကြိုးစားခဲ့ရပြီး ဖီးနစ်ငှက်ကတော့ အသိုက်ဆောက်ထားတာကို တွေ့လိုက်ရတော့ သူမ သွေးအန်ချင်စိတ်ဖြစ်သွားခဲ့ပါသည်။

ဂူကြီးထဲမှာ ဒီလိုသေးငယ်လှတဲ့ အသိုက်လေးက မထင်မရှားဖြစ်နေသော်လည်း ရှန်ယန်ရှောင်အနေနဲ့ မျက်စိမလွှဲနိုင်ဖြစ်နေရပါတယ်။ အကြောင်းကတော့ အသိုက်လေးထဲမှာ လက်ဝါးတစ်ဝက်စာခန့်ရှိ အနီရောင်ဥလေးတစ်လုံး ရှိနေလို့ပါ။

ဥ...

ဒါက ဥတစ်လုံးပဲ...

ရှန်ယန်ရှောင်က နီတာရဲဥလေးကို ကြည့်လိုက်ပြီး ဥကနေ အပူရှိန်တွေ ဆက်တိုက်ထွက်နေတာကို ခံစားမိနေပါတယ်။

"ဒါက ဘာဥတုန်း"လို့ ရှန်ယန်ရှောင်က ချစ်စရာဥလေးလို့ ပြောလို့ရတဲ့ နီတာရဲဥလေးကို ကြည့်ကာမေးလိုက်သည်။ အတွေးတစ်ခုကတော့ သူမစိတ်ထဲမှာ ပေါ်ပေါက်လာခဲ့ပါတယ်။

"ဒါက ဖီးနစ်ဥပဲ။ ဖီးနစ်ငှက်နှစ်ကောင်ရဲ့ တုံ့ပြန်ချက်တွေက တအားပြင်းထန်နေတာ အံ့စရာမရှိပဘူးလေ။ တွက်ကြည့်ရရင် သူတို့ရဲ့ကလေးလေးကို ခိုးချင်နေခဲ့တဲ့လူတွေ ရှိခဲ့လို့ သူတို့ရဲ့ကလေးကို ကာကွယ်ချင်စိတ်တွေခေါင်းထောင်လာခဲ့တာပဲ။ ဒီတစ်ခေါက်မှာ လူတွေကိုတွေ့ရုံနဲ့ အခုလို ပြဇာတ်ဆန်ဆန်လှုပ်ရှားခဲ့တာလည်း ဒီအကြောင်းကြောင့်ပဲကိုး"လို့ ရှူက ဖီးနစ်ငှက်တွေရဲ့ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေကို နားလည်သွားစွာနဲ့ပြောလိုက်ပါတယ်။

မိဘရဲ့ချစ်ခြင်းမေတ္တာ...လူတွေမှာတင်ရှိနိုင်တာမဟုတ်ပါ မှော်သားရဲတွေမှာလည်း ရှိကြပါတယ်။ ဒီတော့ ဒဏ္ဍာရီသတ္တဝါအဆင့်ရောက်နေပြီး လူသားတွေလို တွေးခေါ်နိုင်တဲ့ လူသားအသွင်ပြောင်းလဲနိုင်ကြတဲ့ မှော်သားရဲတွေဆိုရင် ပြောနေစရာတောင်မလိုပါဘူး။ သူတို့ဟာ သူတို့ရဲ့ ရင်သွေးလေးကို အကောင်းဆုံးပြုစုပျိုးထောင်ပေးမှာဖြစ်လို့ ရင်သွေးလေးကို ခိုးယူချင်သူတွေအား မုန်တိုင်းတိုက်သလိုတိုက်ခိုက်မှုမျိုးနဲ့ ဆီးကြိုကြမှာဖြစ်ပါတယ်။

All Chapters