← Chapters

အခန်း (၃၁၀-၃၁၂)

Vol. 21 Ch. 310-312

အခန်း (၃၁၀-၃၁၂)

Vol. 21 Ch. 310-312

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၁၀)

တန်နာဇီဟာ ကြူရှီယာပြိုင်ပွဲဝင်နေတာကို မြင်ခဲ့ဖူးပါတယ်။ နည်းပြဖြစ်သူက ပြိုင်ပွဲစပြီလို့ကြေငြာပြီးနောက် ပါးစပ်ပြန်မပိတ်ရသေးခင်မှာပဲ ကြူရှီယာက ပွဲကိုအဆုံးသတ်ပြီးသွားနေပါပြီ။

သူ၏ဆွဲဆောင်မှုအပြည့်နဲ့ နှုတ်ခမ်းတစ်စုံ အသာအယာပွင့်ဟသွားပြီး မှော်တုတ်တံကိုင်ဆောင်ထားတဲ့ လက်ချောင်းလေးတွေ လှုပ်ယမ်းသွားခဲ့တယ်။

သူနဲ့မျက်နှာချင်းဆိုင်ရပ်နေတဲ့ ကံမကောင်းလှတဲ့ငနဲသားကတော့ စကားတစ်လုံးတောင်ပြောချိန်မရလိုက်ဘဲ မီးတောက်ကြီးကြောင့် လွင့်စင်သွားခဲ့ပါတယ်။

မကောင်းဆိုးရွားပါ အရမ်းမိစ္ဆာဆန်လှတယ်။

ပြိုင်ပွဲကို သူ ဝင်ပြိုင်တဲ့အခါတိုင်း တစ်ခြားကျောင်းသားတွေရဲ့ မိမိဖာသာထားရှိတဲ့မာနတရားကို ဒီကောင်က အလွယ်တကူ ဖျက်စီးတယ်လေ။

"ယန်းရှီနဲ့ယန်ယုတို့လည်း ခနနေရောက်လာတော့မှာပဲ။ ပြိုင်ပွဲမပြီးခင်တော့ သူတို့မီကောင်းပါတယ်"

လက်တစ်ဖက်က တန်နာဇီပုခုံးပေါ်မှာပဲ တင်ထားဆဲဖြစ်ပြီး ကျန်တစ်ဖက်က အရိုးဖြူကျောက်စိမ်းယပ်တောင်ကို ခတ်နေတဲ့ ကြူရှီယာကပြောလိုက်တယ်။

နတ်ဆရာဌာနနဲ့စစ်သူရဲဌာနတို့ရဲ့ ပြိုင်ပွဲတွေက မှော်ဌာနလောက်မမြန်ပါဘူး။ ညံ့တဲ့လူနဲ့ တော်တဲ့လူကြားကွာဟချက်ကို သိရဖို့အတွက် သူတို့မှာ အချိန်တစ်ခုလိုပါတယ်။

ဒီနှစ်ကောင် စကားပြောနေချိန်မှာပဲ ရှန်ယန်ရှောင်က သူမရဲ့လက်တွေကို ရပ်လိုက်သလို အချိန်စေ့ခေါင်းလောင်းလည်းမြည်သွားခဲ့ပါတယ်။

အချိန်မစေ့ခင် တစ်စက္ကန့်အလိုမှာ ပြီးဆုံးနိုင်တာက သိပ်အဆိုးကြီးမဟုတ်ဘဲ အချိန်ကို အသုံးချသွားတာက လိုအပ်တဲ့အတိုင်းအတိအကျပဲလို့ ပြောနိုင်ပါတယ်။

ရှန်ယန်ရှောင်ရဲ့ ဝမ်းနည်းစရာအဆုံးသတ်ကို မြင်ချင်နေကြတဲ့ ကျောင်းသားတွေကတော့ စိတ်ပျက်သွားကြတာပေါ့။

သို့သော်လည်း တစ်ခြားအရာတွေအားလုံးထက် သူတို့ပိုမြင်ချင်နေတဲ့အရာကတော့ ဒီကျောင်းသားသစ်ကလေး ဆေးရည်ပြုလုပ်ချိန်မှာ လုပ်မယ့် အရှက်တကွဲအကျိုးနည်းဖြစ်မယ့်ကိစ္စတွေကိုပါပဲ။

ပြိုင်ပွဲမှာကျန်ရှိနေသေးတဲ့ ကျောင်းသားတွေအနေနဲ့ နောက်တစ်နေရာကို ပြောင်းစရာမလိုတော့ဘဲ သူတို့ပြီးဆုံးကြောင်း သက်သေပြတဲ့အနေနဲ့ ရပ်နေရုံသာလိုအပ်တာကြောင့် ရှိရင်းစွဲနေရာမှာပဲ ဆေးရည်ပြုလုပ်ရမှာဖြစ်ပါတယ်။

ဒီတော့ ရှန်ယန်ရှောင်အနေနဲ့ ထိုနေရာမှာပဲ လူတွေရဲ့အမြင်ကနေ ပုန်းကွယ်နေနိုင်ပါသေးတယ်။

သို့သော်လည်း ပူလီစီကမနေနိုင်တော့တာကြောင့် သမားတော်ကြီးဆိုတဲ့ဂုဏ်ပုဒ်ကိုအသုံးပြုကာ အလံကို တစ်ခြားနေရာကို ရွှေ့လိုက်ဖို့ နည်းပြတစ်ယောက်ကို ခေါ်ပြောလိုက်ပါတယ်။

ဒါကြောင့် ရှန်ယန်ရှောင်ရှိနေတဲ့ ဆေးစားပွဲက လူတွေရဲ့အမြင်အောက်ကို ရောက်လာခဲ့ပါတော့တယ်။

စားပွဲက သန့်ရှင်းသပ်ရပ်ပြီးတော့ သူမ ဆေးမြစ်ပြင်ဆင်ပြုလုပ်ခြင်းကနေ အမှုန်တစ်စက်တောင် မကျန်ခဲ့ပါဘူး။ သူတို့သာ ရှန်ယန်ရှောင်တစ်ယောက် ဆေးမြစ်တွေပြင်ဆင်ခြင်းကြောင့် မအားမလပ်ဖြစ်နေတာကို မတွေ့ခဲ့ရရင် သူမ ဘာကိုမှ မလုပ်ခဲ့ဘူးလို့တောင် သူတို့ထင်မိကြမှာဖြစ်ပါတယ်။

သူတို့စိတ်ထဲမြင်ယောင်ထားတဲ့ပုံနဲ့ တစ်ကယ်ဖြစ်နေတဲ့ သူမရဲ့ နေရာကြားမှာ အလွန်ကွာခြားနေပါတယ်။

အဆိုပါသန့်ရှင်းသပ်ရပ်နေတဲ့ စားပွဲပေါ်မှာ ပြင်ဆင်ပြုလုပ်ထားတဲ့ ဆေးဖက်ပစ္စည်းတွေက ဒါဇင်ကျော်ရှိနေပါတယ်။ သေးငယ်မှုန့်ညက်တဲ့အမှုန့်တွေကို တစ်ဖက်မှာ ကျနစွာပုံထားတယ်။ ဆေးမြစ်ရည်ထည့်ထားတဲ့ ပုလင်းတစ်လုံးက နေရောင်အောက်မှာ တလက်လက်တောက်ပနေပြီး အမြင်အာရုံအားဆွဲငင်ဖမ်းစားနေပါတယ်။

ရှန်ယန်ရှောင်စားပွဲပေါ်မှာက ဆေးဖက်ပစ္စည်းအနည်းဆုံးအမျိုးလေးဆယ်လောက်ရှိနေပါတယ်။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"လို့ ရှန်ယန်ရှောင်စားပွဲပေါ်က ဆေးဖက်ပစ္စည်းတွေကို တွေ့လိုက်ရတဲ့ ပူလီစီက အံ့အားသင့်စွာနဲ့ ပြောလိုက်တာပါ။

အဓိပ္ပါယ်က သူမမှာ ဆေးမြစ်အမျိုးလေးဆယ်မကဘူးဆိုတဲ့သဘောဖြစ်တယ်။

သူမက အဆင့်မြင့်ဆေးရည်ဖော်စပ်မလို့ လုပ်နေတာလား။

နောက်မနေပါနဲ့ကွာ

ပူလီစီ၏လက်နှစ်ဖက်လုံး လက်သီးဆုပ်အဖြစ်ပြောင်းလဲသွားပါတယ်။ အမျိုးလေးဆယ်မကတဲ့ဆေးမြစ်တွေကို အသုံးပြုမှတော့ သူမဟာ အဆင့်မြင့်ဆေးရည်ဖော်စပ်မလို့ပဲ ဖြစ်ပါတယ်။

ဆေးမြစ်၃၉မျိုးက အလတ်တန်းဆေးရည်အတွက် လိုအပ်တဲ့ အများဆုံးပမာဏဖြစ်ပါတယ်။

ပူလီစီဟာ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ရင်ထဲကလန့်သွားခြင်းကို ထိန်းချုပ်လိုက်ရပါတယ်။

ဒီအချိန်မှာ သူ့မျက်နှာက ကြည့်ရအလွန်ဆိုးနေပါတယ်။

မဖြစ်နိုင်ဘူး ဒီကလေးက ဆေးပညာရပ်မှာ လက်ဆောင်အကြီးကြီးရထားတယ်ဆိုရင်တောင် ဒီအသက်အရွယ်လေးနဲ့ အဆင့်မြင့်ဆေးရည်ဖော်စပ်ဖို့က လုံးဝမဖြစ်နိုင်သေးပါဘူး။ အသက်ဆယ့်သုံးနှစ်နဲ့ အဆင့်မြင့်ဆေးရည်ကို တစ်ကယ်ဖော်စပ်နိုင်ခဲ့ရင်တော့ သူ လူမဖြစ်နိုင်တော့ပါဘူး မကောင်းဆိုးရွားလေးပဲဖြစ်ရမယ်။

ရဲချင်တောင်မှ အဆင့်မြင့်ဆေးရည်ကို အသက်နှစ်ဆယ်မှသာ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အဆင့်မြင့်ဆေးရည်ကိုဖော်စပ်နိုင်တော့ ပူလီစီ အသက်၂၈ရှိပါပြီ။

အလတ်တန်းဆေးရည်နဲ့ အဆင့်မြင့်ဆေးရည်က တစ်ဆင့်ပဲကွာတယ်ဆိုပေမယ့် အဲ့တစ်ဆင့်က အလွန်ကြီးမားပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၁၁)

ပူလီစီတစ်ယောက်ပဲ တုန်လှုပ်ခဲ့တာမဟုတ်ပါဘူး။ သူမစားပွဲပေါ်မှာ များပြားလှတဲ့ ဆေးဖက်ပစ္စည်းတွေကို တွေ့လိုက်ရတဲ့အခါ ကျောင်းသားတွေလည်း ပါးစပ်အဟောင်းသားဖြစ်သွားကြပါတယ်။

"အဲ့ကျောင်းသားသစ်လေးက အဆင့်မြင့်ဆေးရည်ဖော်စပ်ဖို့ ခက်ခဲတာကို သိရောသိလား"

ကျောင်းသားတွေနဲ့နည်းပြတွေရဲ့ မေးခွန်းထုတ်သံတွေက ကျယ်ကျယ်လာခဲ့ပါတယ်။

လောင်းရွှမ်အင်ပါယာစတင်တည်ထောင်ခဲ့တည်းက ဘယ်သူမှ အဆင့်မြင့်သမားတော်အဆင့်အား အသက်နှစ်ဆယ်မတိုင်ခင်မှာ မရောက်ခဲ့ဖူးပါဘူး။

တော်ဝင်ရိုလန်ကျောင်းထဲမှာ အသက်၁၆ ၁၇လောက်နဲ့ အလတ်တန်းသမားတော်ဖြစ်နေတာတွေ မရှားပေမယ့် အလတ်တန်းနဲ့အဆင့်မြင့်ကြားက ကွာခြားမှုက တွေးဖို့မလိုအောင် ကြီးမားပါတယ်။

သို့သော် ဒီ၁၃နှစ်သားကလေးကတော့ ဆေးမြစ်တွေအများကြီးယူထားခဲ့ပါတယ်။ သူက တစ်ကယ်ပဲ အဆင့်မြင့်ဆေးရည်ဖော်စပ်မလို့လား။

ဘုရားရေ ဒါ တစ်ကယ့်ကိုရူးတာပဲ.....

ခန်းမတစ်ခုလုံး ထူးဆန်းစွာပဲ တိတ်ဆိတ်သွားပါတယ်။ ရှန်ယန်ရှောင်ရဲ့ နောက်ကျောကိုသာမြင်တွေ့နေရတဲ့ ပြိုင်ပွဲဝင်ကျောင်းသားတွေက ဒီလူတွေ ဘာလို့ ထူးဆန်းတဲ့အမူအယာတွေ ဖြစ်ကုန်တာလဲဟဆိုပြီး သူမ စားပွဲပေါ်မှာ ရှိနေတာတွေကို တစ်အားသိချင်သွားကြပါတယ်။

ရှန်ဂေါင်းရှောင် မျက်ခုံးတွေမြင့်တက်သွားခဲ့တယ်။ လူအုပ်ကြားထဲက ပူလီစီရဲ့ ဆိုးရွားတဲ့အမူအယာကိုတွေ့လိုက်တဲ့အခါ သူ့စိတ်ထဲမှာ အတိတ်နိမိတ်ဆိုးတွေ ခံစားလိုက်ရပါတယ်။

ကြီးကြပ်ရေးနည်းပြက တတိယအဆင့်စတင်နိုင်ပြီလို့ ကြေငြာတဲ့အချိန်ထိ ပရိသတ်တွေ အံ့အားသင့်နေဆဲပဲ ရှိပါတယ်။

ပြိုင်ပွဲဝင်ကျောင်းသားတွေလည်း သိချင်စိတ်တွေကို မြိုသိပ်ပြီးတော့သာ ဆေးရည်ပြုလုပ်ဖို့ ခေါင်းငုံ့လိုက်ရပါတယ်။

ရှန်ယန်ရှောင်လည်း လက်နှစ်ဖက်ကို စတင်လှုပ်ရှားလိုက်ပါတော့တယ်။

ဒါပေမယ့် သူများတွေနဲ့မတူဘဲ သူမရှေ့မှာ ဖန်ပုလင်းနှစ်လုံးချထားခဲ့ပါတယ်။ လက်တစ်ဖက်စီက ဆေးရည်တွေကိုယူလိုက်ပြီးတော့ ပုလင်းနှစ်လုံးထဲကို လောင်းထည့်လိုက်တယ်။

"သူ ဘာဖြစ်ချင်နေတာလဲ"

ပရိသတ်အချို့က သူမရဲ့ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုကြောင့် မနေနိုင်ဘဲမေးလိုက်ကြပါတယ်။

ဆေးရည်ပြုလုပ်ခြင်းကို ပုလင်းတစ်လုံးထဲမှာသာ ပြုလုပ်ရမှာဖြစ်ပါတယ်။ မဟုတ်ရင် အထဲမှာရှိတဲ့ ဆေးရည်ရဲ့ပြောင်းလဲမှုကို ထိန်းချုပ်ရခက်ပါလိမ့်မယ်။

ဒါပေမယ့် ရှန်ယန်ရှောင်ကတော့ ဆေးမြစ်ရည်တွေကိ ပုလင်းနှစ်လုံးထဲကို လောင်းထည့်ခဲ့တာဖြစ်တယ်။ ဒါက ဘယ်လိုအနေအထားလဲ။

ရှန်ယန်ရှောင်၏ အပြုအမူကိုတွေ့လိုက်ရတော့ ပူလီစီမျက်နှာက ပုံမှန်ပြန်ဖြစ်လာခဲ့တယ်။ သူမရဲ့ ပထမခြေလှမ်းအရ သူမ ဘာဆေးရည်လုပ်မှာလဲဆိုတာ သူ သိလိုက်ပါပြီ။

သူမက ဆေးရည်တစ်မျိုးသာ ပြုလုပ်နေတာမဟုတ်ပါဘူး။ မတူညီတဲ့ ဆေးရည်နှစ်မျိုးကို တစ်ပြိုင်နက်လုပ်နေတာဖြစ်ပါတယ်။

အလတ်တန်းဆေးရည်ဖြစ်တဲ့ သမထဆေးရည်နဲ့ အဆင့်နိမ့်ဆေးရည်ဖြစ်တဲ့ ငြိမ်းအေးဆေးရည်ဖြစ်ပါတယ်။

ဆေးရည်နှစ်မျိုးလုံးက တော်ဝင်ရိုလန်ကျောင်းမှာရှိတဲ့ အငယ်တန်းကျောင်းသားအချို့အတွက် ခက်ခဲမှုမရှိတဲ့ဆေးရည်တွေဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ကျောင်းသားတွေထဲက ငါးယောက်ခြောက်ယောက်လောက်တောင် ဒီဆေးရည်တွေကို ဖော်စပ်ပြုလုပ်နိုင်ကြပါတယ်။

သို့ပေမယ့် သမားတော်တွေစိတ်ထဲမှာတော့ ဒီဆေးရည်နှစ်မျိုးလုံးကို နိမ့်တယ်လို့သာသတ်မှတ်ထားကြပါတယ်။ ဒီဆေးရည်တွေကို ဖော်စပ်ဖို့မခဲယဉ်းလှဘဲ သမထဆေးရည်ဆိုရင် အလတ်တန်းအဆင့်ဆိုပေမယ့် အဆင့်အရ ဟိုးအောက်ထဲမှာရှိတာပါ။

ဒီဆေးရည်နှစ်မျိုးဟာ ပြိုင်ပွဲအတွက် မသင့်တော်ပါဘူး။

ပူလီစီအမူအယာက လုံးဝသက်တောင့်သက်သာပြန်ဖြစ်သွားခဲ့ပါတယ်။ ရှန်ယန်ရှောင်က ဆေးမြစ်တွေအများကြီးကို ယူခဲ့တာဟာ အဆင့်မြင့်ဆေးရည်လုပ်ဖို့မဟုတ်ဘဲ ဆေးရည်နှစ်မျိုးလုပ်ဖို့အတွက်ဖြစ်နေပါတယ်။

ငြိမ်းအေးဆေးရည်က ပြိုင်ပွဲအတွင်းမှာ ပြုလုပ်ပြသသင့်တဲ့ဆေးရည်မဟုတ်တဲ့အပြင် သမထဆေးရည်က အနည်းငယ်လက်ဝင်တယ်ဆိုပေမယ့် ပြိုင်ပွဲအတွက်တော့ မသင့်လျော်သေးပါဘူး။

ရှန်ဂေါင်းရှောင်ဖော်စပ်မယ့်ဆေးရည်ကို သူ သိထားပြီးပြီဖြစ်တာကြောင့် ရှန်ဂေါင်းရှောင်အနေနဲ့ ဒီဆေးရည်နှစ်မျိုးလုံးကို ရွံရှာစွာကြည့်ပစ်လို့ရပါတယ်။

သူမဆေးရည်တွေက ဘယ်လိုမှ မနိုင်တော့ပါဘူး။

အရေးကြီးဆုံးအချက်က ဆေးရည်ရဲ့အစွမ်းဖြစ်ပါတယ်။ နောက်ဆုံးတော့လည်း ဒီကလေးက ဒီလောက်ပဲအဆင့်ရှိတာပါပဲလေ လှည့်စားမှုအချို့လုပ်တတ်ရုံကလွဲရင် ဘာမှမဟုတ်ပါဘူး။ သူဟာ ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်မယ့်သူ မဟုတ်ပါဘူး။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၁၂)

တစ်ခြားကျောင်းသားတွေက အခြေအနေကို နားမလည်ကြသေးပေမယ့် ပူလီစီကတော့ အခြေအနေကို ကွဲကွဲပြားပြားသိပြီးပါပြီ။ ဒါကြောင့် သူက အေးဆေးစွာနဲ့ ရှန်ယန်ရှောင်ရဲ့ လက်ရွေ့လျားမှုတွေကို ကြည့်နေပါတော့တယ်။

သေချာတာပေါ့လေ ရှန်ယန်ရှောင်က ငြိမ်းအေးဆေးရည်နဲ့ သမထဆေးရည်တို့ကို ဖော်စပ်နေတာပါပဲ။ ရှန်ယန်ရှောင်ရဲ့ ဖြေးညင်းတဲ့ဖော်စပ်မှုအောက်မှာ ဆေးရည်နှစ်မျိုးက ပုံပေါ်လာခဲ့ပါတယ်။ သူတို့အားလုံးက သန့်စင်ပြီး ပြည့်စုံတဲ့အဆင်းရောအနံ့ရော ရှိနေပါတယ်။

ပူလီစီ အေးစက်စွာနှာရှုံ့လိုက်ပါတယ်။ တစ်ခြားလူတွေကတော့ ဒီမဖြစ်သလောက်အစွမ်းလေးကို ကောင်းတယ်လို့မြင်ကောင်းမြင်မှာဖြစ်ပေမယ့် သူ့လို သမားတော်ကြီးတစ်ယောက်အတွက်ကတော့ ထည့်ပြောဖို့တောင် မတန်ပါဘူး။

ဆေးရည်နှစ်မျိုးက တဖြေးဖြေးနဲ့ပုံပေါ်လာတဲ့အခါမှာတော့ ပွဲကြည့်ကျောင်းသားတွေလည်း သူမ ပြုလုပ်နေတဲ့ဆေးရည်အကြောင်းကို နည်းနည်းသဘောပေါက်လာကြပါတယ်။

"လက်စသတ်တော့ ငြိမ်းအေးဆေးရည်နဲ့သမထဆေးရည်ကိုးကွ။ ငါကတော့ ဒီကောင်လေး ဘယ်လိုအဆင့်မြင့်ဆေးရည်ကိုများဖော်မလဲလို့ အထင်ကြီးမိနေတာပဲဟ"

"သူ ဆေးရည်နှစ်မျိုးပြုလုပ်နိုင်တာနဲ့ ဒီပြိုင်ပွဲကို သူနိုင်ပြီလို့ ထင်နေတာတော့ မဟုတ်လောက်ပါဘူးနော်"

အစောကတော့ ဆေးမြစ်တွေအများကြီး ယူထားခဲ့လို့ ရှန်ယန်ရှောင်အပေါ် အံ့သြနေကြသူတွေဟာ သူမ ဘာလုပ်နေတယ်ဆိုတာကို သိလိုက်ရတော့ အမြင်ကပ်သွားကြပါယ်။

သည်းမခံနိုင်စရာစကားတွေကို တန်နာဇီကြားလိုက်ရတော့ ဒီအရူးကောင်တွေကို သူပစ်ထိုးချင်စိတ်ပေါက်သွားခဲ့ပြီး ကြူရှီယာသာ သူ့ကိုမဆွဲထားခဲ့ရင် ထိုးပြီးလောက်ပါပြီ။

"မင်း သူမတစ်သက်လုံး လိုက်မကူညီနိုင်ဘူးလေကွာ။ ဒီငတုံးကောင်တွေ အပေါက်ပိတ်သွားစေချင်တယ်ဆိုရင် မင်း သူမအပေါ်ကို ယုံကြည်မှုရှိပေးရမယ်လေ"

ကြူရှီယာက တိုးညင်းစွာပြောလိုက်ပါတယ်။ သူက တန်နာဇီရဲ့ စိတ်နေစိတ်ထားနဲ့ လုပ်ပုံကိုင်ပုံကိုနားလည်ပါတယ်။ သူ့ရဲ့ တရားမျှတလှတဲ့စိတ်ထားနဲ့ဆိုရင် ဒီကောင်က အဲ့လူတွေကို အင်အားပြခြိမ်းခြောက်ပြီး ပါးစပ်ပိတ်ခိုင်းထားမှာဖြစ်ပြီး သူရဲဘောကြောင်တဲ့ပုံမျိုးနေနေမှာမဟုတ်ပါဘူး။

ဒါပေမယ့် အဲ့နည်းက ရေတိုနည်းပဲဖြစ်တယ်လေ။

တန်နာဇီအနေနဲ့ အံကိုသာကြိတ်နေလိုက်ရပါတယ်။

များစွာမကြာလိုက်ဘဲ သုံးနာရီပြည့်သွားခဲ့ပါတယ်။ ကျောင်းသားအများစုက ဆေးရည်တွေပြုလုပ်ပြီးပြီဖြစ်ကာ လက်တစ်ဆုပ်စာလောက်ပဲ မပြီးကြသေးတာပါ။

ဖော်စပ်ပြုလုပ်ပြီးသွားပြီဖြစ်သော ကျောင်းသားတွေက သူတို့ရဲ့ ဆေးရည်တွေကို စားပွဲပေါ်တင်ထားလိုက်ပြီးတော့ နည်းပြတွေ အကဲဖြတ်မှာကို စောင့်နေကြပါတယ်။

ရှန်ဂေါင်းရှောင်လည်းပဲ သူ့ဆေးရည်ကို ပြုလုပ်ပြီးသွားခဲ့ပါပြီ။ ဒါကြောင့် သူ့ဆေးရည်ပုလင်းကို ယူလိုက်ပြီးတော့ ရှေ့စားပွဲပေါ်ကို သွားတင်လိုက်ချိန်မှာ သူ့ဆန္ဒဖြစ်တဲ့ ရှန်ယန်ရှောင်ပြုလုပ်တဲ့ ဆေးရည်ကိုတွေ့ချင်မှုက ပြည့်ဝသွားခဲ့ပါတယ်။

ဆေးရည်နှစ်မျိုးကိုတွေ့လိုက်ချိန်မှာ ရှန်ဂေါင်းရှောင်တစ်ယောက် ခနကြာတုန့်သွားခဲ့ပြီး ဘာဆေးရည်တွေမှန်း သိလိုက်ချိန်မှသာ ပုံမှန်ပြန်ဖြစ်သွားခဲ့တယ်။

သူ့မျက်လုံးထဲက အံ့သြတကြီးဖြစ်သွားခဲ့တဲ့ အရိပ်အယောင်တွေပျောက်သွားပြီးတော့ သရော်လှောင်ပြောင်မှုတွေက နေရာယူခဲ့ပါတယ်။ သူခေါင်းကိုလှည့်လိုက်ပြီး ပူလီစီကိုကြည့်လိုက်တဲ့အခါ ပူလီစီက ကျေနပ်တဲ့သဘောနဲ့ ခေါင်းဆတ်ပြခဲ့ပါတယ်။

ရှန်ဂေါင်းရှောင်လည်း အကြည့်ကိုပြန်သိမ်းလိုက်ပြီး ရှန်ယန်ရှောင်ဖက်သို့ ပြန်လှည့်လိုက်ပါတယ်။

သို့ပေမယ့် ရှန်ယန်ရှောင်ကတော့ ထူးဆန်းစွာပြုမူနေခဲ့ပါတယ်။ သူမက ဆေးရည်နှစ်မျိုးကို ဖော်စပ်ပြုလုပ်ပြီးပြီဖြစ်ပေမယ့် မရပ်သေးဘဲ အဝါရောင်ဖျော့ဖျော့အမှုန့်တွေကို ဆေးရည်ပုလင်းတစ်လုံးထဲသို့ ထည့်လိုက်ပါတယ်။

နောက်ထပ် ထပ်လုပ်လိုက်တဲ့ သူမအပြုအမူကြောင့် ရှန်ဂေါင်းရှောင်ပိုစိတ်ရှုပ်သွားခဲ့တယ်။ ရှန်ယန်ရှောင်က ဆေးပုလင်းတစ်လုံးကိုယူလိုက်ပြီးတော့ ကျန်တစ်ပုလင်းထဲကို လောင်းထည့်လိုက်ပါတယ်။

သူမ ဘာဖြစ်ချင်နေတာတုန်း....

မယုံနိုင်စရာကောင်းတဲ့ ပြောင်းလဲမှုတစ်ခုက အမျိုးအမည်မသိတဲ့အမှုန့်နဲ့ အစက နှစ်မျိုးကွဲနေတဲ့ ဆေးရည်ထဲက တစ်ပုလင်းကို ရောစပ်လိုက်ခြင်းကနေ အချိန်တိုအတွင်းမှာပဲ ဖြစ်ပေါ်လာရပါတယ်။

တောက်ပကြည်လင်နေတဲ့ဆေးရည်ဟာ မျက်တောင်တစ်ခတ်အတွင်းမှာပဲ အလွန်အမင်းညစ်ထေးသွားပြီး ခရမ်းရင့်ရောင်ဆေးရည်က အဆက်မပြတ်အမြှုပ်ထနေခဲ့ပါတယ်။

ရှန်ဂေါင်းရှောင် စိတ်ထဲမှာ တုန်လှုပ်သွားပါတယ်။ ဒီကလေးက ရူးနေပြီပဲ။ ဆေးရည်နှစ်မျိုးရောစပ်ခြင်းက ပေါက်ကွဲမှုအလွယ်တကူဖြစ်နိုင်တယ်ဆိုတာ သူ မသိဘူးလား။

ကွင်းထဲမှာရှိနေတဲ့ ကျောင်းသားအားလုံး ပါးစပ်ဟကာလေတွေကို ရှူသွင်းလိုက်ရပြီး ရှန်ဂျူရဲ့ဦးနှောက်ယိုယွင်းနေမှုအတွက် ကျိန်ဆဲလိုက်ကြပါတယ်။ သူ မနိုင်နိုင်တာနဲ့ပဲ သူတို့အားလုံးကို ဘေးသင့်စေတော့မယ်လေ။

လူတိုင်းက ပေါက်ကွဲတော့မယ်ဟလို့ တွေးနေချိန်မှာပဲ ရှန်ယန်ရှောင်လက်ထဲက ဆေးရည်ပုလင်းဟာ ပြန်လည်တည်ငြိမ်သွားပြီး ခရမ်းရင့်ရောင်လည်း တဖြည်းဖြည်းလွင့်ပျယ်သွားကာ ကြည်လင်သန့်စင်တဲ့ ဆေးရည်အဖြစ်ပြောင်းလဲသွားခဲ့ပါတော့တယ်။

All Chapters