အခန်း (၂၈၀-၂၈၂)
Vol. 19 Ch. 280-282
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၈၀)
"ရှန်ဂျူ မင်းဘာပြောလိုက်တာလဲ"
လောင်းဒီပါးစပ်အဟောင်းသားနဲ့ မေးမြန်းလိုက်ခြင်းပါ။
ပူလီစီရဲ့စိန်ခေါ်မှုကို ရှန်ယန်ရှောင်က တစ်ကယ်လက်ခံလိုက်တယ်လား။
ဘယ်လိုဟာသလဲဟ။ ရှန်ယန်ရှောင်ဟာ အလတ်တန်းဆေးရည်ကို ဖော်စပ်နိုင်ခဲ့ပေမယ့် အဲ့ဒါက အလတ်တန်းအဆင့်လေ။ ပူလီစီအခုလုပ်နေတဲ့ဆေးရည်က အဆင့်မြင့်ဆေးရည်မဟုတ်ရင် ထိပ်တန်းဆေးရည်(သမားတော်ကြီးအဆင့်ဆေးရည်)ဖြစ်ဖို့များပါတယ်။ ဒီဆေးရည်ဖော်စပ်တာရဲ့ ခက်ခဲမှုနဲ့ သက်ရှူဖုံးကွယ်ဆေးရည်ရဲ့ ခက်ခဲမှုကို ဖော်ပြစရာ စကားလုံးတောင် မရှိပါဘူး။ နောက်ပြီး သက်ရှူဖုံးကွယ်ဆေးရည်တုန်းက သူက အရင်လုပ်ပြခဲ့သေးတယ်လေ။
ပူလီစီရဲ့ လက်ရှိအခြေအနေအရ ရှန်ယန်ရှောင်ကို နမူနာတစ်ခါလုပ်ပြမယ်လို့ လောင်းဒီမထင်ပါဘူး။
ဟောင်ကိုးမြက်နဲ့ အိုက်ရတ်ပန်းတို့ရဲ့ ဝိရောဓိဖြစ်မှုကို ဟန်ချက်ညီအောင်လုပ်မယ်ဆိုရင်တောင် သူ့အနေနဲ့ ပိုမြင့်တဲ့ကျွမ်းကျင်မှုလိုတာကို လောင်းဒီကိုယ့်ကိုယ်ကိုယ်သိပါတယ်။
ဒီတစ်ခါတော့ ရှန်ယန်ရှောင် ဘဝင်မြင့်လွန်းသွားပြီပဲ။
ရှန်ယန်ရှောင်ရဲ့ အရည်အချင်းကို သိထားသူ လောင်းဒီကိုယ်တိုင်တောင် သူမအပေါ်မှာ ယုံကြည်မှုမရှိတာကြောင့် တစ်ခြားလူတွေဆို ပြောမနေပါနဲ့တော့လေ။
"ကောင်းပြီလေ ဟောင်ကိုးမြက်နဲ့ အိုက်ရတ်ပန်းတို့ကို သဟဇာတဖြစ်အောင်လုပ်နိုင်ပြီးတော့ သူတို့အာနိသင်တွေကိုလည်း မပျက်စေအောင် မင်းလုပ်နိုင်တယ်ဆိုရင် လောင်းဒီရဲ့ ထောက်ခံချက်ကိုလက်ခံပြီးတော့ ငါ့ရဲ့လက်ထောက်အဖြစ်နဲ့ မင်းကို ဒီစာကြည့်တိုက်ထဲမှာ ခေါ်ထားလိုက်မယ်"လို့ ပူလီစီက သုန်မှုန်စွာပြောလိုက်ပါတယ်။
ဒီကလေးက ဟွမ်းယွန်ပန်းကိုအသုံးပြုပြီးတော့ ဟောင်ကိုးမြက်နဲ့အိုက်ရတ်ပန်းတို့ရဲ့ ဝိရောဓိဖြစ်မှုကို ဖယ်ရှားပေးနိုင်မယ်လို့ သူမယုံကြည်ပါဘူး။
ဒီလောက်သာလွယ်နေရင် သူ ခေါင်းကိုက်နေမှာမဟုတ်ပါဘူးလေ။
ရှန်ယန်ရှောင်ကတော့ မျက်ခုံးသာပင့်လိုက်ပြီး ဘာမှမပြောတော့ပါဘူး။ သူမက ဆေးစားပွဲဆီတန်းသွားလိုက်ပြီး ပူလီစီပြုလုပ်ထားတဲ့ဆေးရည်ထဲကနေပြီး သူ စောစောပိုင်းက အသုံးပြုလိုက်တဲ့ဆေးရည်ကိုမှ ဟောင်ကိုးမြက်နဲ့အိုက်ရတ်ပန်းတို့ မရောစပ်ရသေးတဲ့ ဆေးရည်တစ်ချို့တစ်ဝက်ကို ယူလိုက်ပါတယ်။ ရှန်ယန်ရှောင်ဟာ သူမယူလိုက်တဲ့ ဆေးရည်ကို ဘေးမှာအသာချထားလိုက်ပြီးနောက် ဆေးမြစ်ပုံထဲကနေ ဟောင်ကိုးမြက်အားကောက်ယူလိုက်ပါတယ်။
ပူလီစီကြိတ်ထားတဲ့ ဟောင်ကိုးမြက်မှုန့်ကို သူမက အသုံးမပြုဘဲ သူမကိုယ်တိုင် ဟောင်ကိုးမြက်ကို အမှုန့်ကြိတ်လိုက်ပါတယ်။
ရဲချင်က တိတ်ဆိတ်စွာပဲရပ်ကြည့်နေပါတယ်။ ရှန်ယန်ရှောင် ဆေးမြစ်အားပြုလုပ်နေပုံကိုကြည့်နေတဲ့ သူ့မျက်လုံးထဲမှာ အသိအမှတ်ပြုတဲ့အရိပ်လေး ဖြတ်သန်းသွားပါတယ်။
ရှန်ယန်ရှောင်ဟာ ဟောင်ကိုးမြက်ကို နှေးကွေးသော်လည်း သပ်ရပ်စွာကိုင်တွယ်နေတာပါ။ မလိုအပ်တဲ့အမြစ်တွေနဲ့ အရွက်တွေကို ဖယ်ရှားလိုက်ပြီးတော့ အခက်တွေကိုသာ အမှုန့်ကြိတ်ဖို့ချန်ထားလိုက်ပါတယ်။ အခက်ကိုအခြောက်ခံချိန်ကိုလည်း တိကျသေသပ်စွာချိန်သားကိုက် လုပ်ဆောင်လိုက်ပြီး သစ်ရည်သစ်စေးတွေ အငွေ့ပျံသွားတာနဲ့တစ်ပြိုင်နက် ပြန်ယူလိုက်ပြီး ဆုံထဲမှာထည့်ကြိတ်ပါတော့တယ်။
ဒီလိုကျွမ်းကျင်စွာလုပ်ဆောင်သွားမှုအပေါ်မှာ ရဲချင်ကိုယ်တိုင်တောင် အပြစ်ရှာမတွေ့ခဲ့ပါဘူး။
တစ်ကယ်တန်းမှာတော့ ရှန်ယန်ရှောင်ကိုယ်တိုင်လည်း အခုလိုမျိုးသပ်ရပ်ကျင်လည်စွာနဲ့ ဆေးမြစ်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်နေရခြင်းကို နားမလည်ပါဘူး။ သူမစိတ်ထဲမှာ ဒီလိုလုပ်တာအကောင်းဆုံးပဲဆိုပြီး အလိုလိုလုပ်ဆောင်သွားတာဖြစ်ပါတယ်။ မမြင်နိုင်တဲ့အားတစ်ခုက ဆေးမြစ်တွေကို ဒီလိုမျိုးလုပ်ဆိုပြီး သူမကို မောင်းနှင်စေခိုင်းနေတဲ့အတိုင်းပါပဲ။ ဒီအားက သူမရဲ့ နေ့စဉ်လေ့ကျင့်မှုကြောင့်မဟုတ်ဘဲ သဘာဝအလျောက်ဖြစ်နေတာပါ။ ဟောင်ကိုးမြက်ရဲ့ဘယ်နေရာက အရေးကြီးတယ် ဘယ်ဟာတွေကတော့ လွှင့်ပစ်ရမယ်ဆိုတာကို သူမ ရှင်းရှင်းလင်းလင်းကြီး ခွဲခြားသိနေပါတယ်။
အခြောက်ခံတဲ့အဆင့်မှာတောင် အနံ့ပေါ်မူတည်ပြီးတော့ အချိန်သင့်မသင့်ခွဲခြားနိုင်ပါသေးတယ်။
ဒါတွေအားလုံးဟာ အလွန်ထူးဆန်းနေပြီး သူမကိုယ်တိုင်လည်း အကြောင်းရင်းကိုမသိပါဘူး။ သူမအနေနဲ့ ဒါတွေအားလုံးဟာ သူမရဲ့ မိခင်ဆီကရထားတဲ့အမွေလို့ပဲ သတ်မှတ်ထားရပါတယ်။
ရှန်ယန်ရှောင်ရဲ့ ဆေးမြစ်ပြင်ဆင်ခြင်းဟာ ပြည့်စုံသပ်ရပ်တာကို ပူလီစီတွေ့သော်လည်း နှာခေါင်းသာရှုံ့လိုက်ပြီး ဘာမှတ်ချက်မှမပေးပါဘူး။
ဆေးမြစ်ကိုပြင်ဆင်တာက ဘာမှမခဲယဉ်းပါဘူး အဲ့ဒါက ဘာမှအရေးမကြီးဘူး။
ဟောင်ကိုးမြက်ကို ရှန်ယန်ရှောင်ပြင်ဆင်ပြီးတဲ့အခါ ဆေးရည်ပုလင်းကို မီးပေါ်တင်ကာ အပူပေးလိုက်ပါတော့တယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၈၁)
ထို့နောက်မှာတော့ သူမက ဘာမှဆက်မလုပ်တော့ဘဲ ဖန်ပုလင်းထဲကဆေးရည်ကိုပဲ စိုက်ကြည့်နေပါတော့တယ်။
"ပြောတုန်းကတော့ အဟုတ်ကြီး အခုကျတော့ ဘာလို့ဆက်မလုပ်တာလဲကွ ဟေ"လို့ ပူလီစီက ခနိုးခနဲ့ပြောပါတယ်။
ထည့်သွင်းရမယ့် ဟောင်ကိုးမြက်မှုန့်ပမာဏဟာ ဆေးရည်ရဲ့အသက်လည်းဖြစ်ပါတယ်။
ရှန်ယန်ရှောင်ကတော့ ပူလီစီရဲ့ ခနိုးခနဲ့စကားကို မကြားချင်ယောင်ဆောင်လိုက်ပါတယ်။ မီးပေါ်မှာရှိနေတဲ့ ဆေးပုလင်းကိုပဲ ဆက်ကြည့်နေလိုက်တယ်။ ဆေးရည်ကပူနွေးလာပြီး ပထမဆုံးအငွေ့ထွက်လာတာနဲ့ ဟောင်ကိုးမြက်မှုန့်ကိုယူလိုက်ပြီး ပုလင်းထဲထည့်လိုက်ပါတယ်။
ဟောင်ကိုးမြက်မှုန့်ရောစပ်ခံလိုက်ရတဲ့ဆေးရည်ဟာ ပွက်နေရာကနေငြိမ်ကျသွားပြီး ထွက်နေတဲ့အငွေ့လည်း အစရှာမရအောင်ပျောက်သွားပါတယ်။
တည်ငြိမ်နေတဲ့ဆေးရည်က ရှန်ယန်ရှောင်ထည့်လိုက်တဲ့ ပမာဏက ကွက်တိကျတယ်လို့ ပြနေတာဖြစ်ပါတယ်။
ပူလီစီရဲ့ပါးစပ် မဲ့သွားပါတယ်။
"ကြက်ကန်းဆန်အိုးတာပဲ"ဟု သူ့ကိုယ်သူဖြေသိမ့်လိုက်ပါတယ်။
ရဲချင်ဟာ ပူလီစီအားကြည့်လိုက်ပြီး ပြုံးလိုက်မိပါတယ်။
ဆေးရည်တစ်ခုချင်း တစ်မျိုးချင်းတိုင်းမှာ ပါဝင်ရမယ့် ဆေးဖက်တွေရဲ့ ပမာဏအချိုးအစားဟာ လုံးဝတိကျဖို့လိုပြီး လျော့လို့ပိုလို့ မဖြစ်ပါဘူး။ ရှန်ယန်ရှောင်ဟာ ပစ္စည်းပစ္စယမသုံးဘဲနဲ့ကို တိကျစွာပြုလုပ်ခဲ့တာပါ။ ဒါကို ကံကောင်းတယ်ဆိုပြီးပြောလို့ မရပါဘူး။
ရဲချင်ဟာ ရှန်ယန်ရှောင်နောက်ထပ် ဆက်လုပ်မှာကို စောင့်ကြည့်နေပါတယ်။
ဟောင်ကိုးမြက်မှုန့်ထည့်ပြီးတာနဲ့ သူမက ဘေးမှာရှိတဲ့ ဆေးမြစ်တွေထဲကနေပြီး ဟွမ်းယွန်ပန်းကိုယူလိုက်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘာမှလုပ်စရာမလိုတော့ဘဲ ဆေးရည်ထဲကို ရောစပ်ရမယ့် အရွက်နှစ်ရွက်ကိုပဲ ဖြုတ်လိုက်ပါတယ်။
ပန်းရောင်ဖျော့ဖျော့ပွင့်ဖတ်နှစ်ချပ်ဟာ ဆေးရည်ထဲရောက်သွားတာနဲ့ ချက်ခြင်းပဲအရည်ပျော်သွားပါတယ်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဆေးရည်ထဲပျော်ဝင်ပေါင်းစပ်သွားခဲ့ပါတယ်။
ဆေးရည်က မတည်ငြိမ်တဲ့ လက္ခဏာတစ်ချက်မပြပါဘူး။ မပြောင်းလဲတဲ့ အရောင်နဲ့အဆင်းက ဟောင်ကိုးမြက်ရဲ့အာနိသင်ဟာ တစ်စက်လေးမှ လျော့ကျမသွားဘူးဆိုတာကို သက်သေပြနေပါတယ်။
ပူလီစီမျက်နှာမဲသွားပါတယ်။
ဟွမ်းယွန်ပန်းက ဟောင်ကိုးမြက်ရဲ့အာနိသင်ကို လျော့ကျစေမယ်ဆိုပြီး အခုလေးတင် သူပြောခဲ့တာလေ။ အခုအခြေအနေက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်တာပါပဲ။
ရှန်ယန်ရှောင်ကတော့ ပူလီစီရဲ့ အခြေအနေကို အကဲခတ်ဖို့အချိန်မပေးနိုင်ပါဘူး။ သူမက ဆေးမြစ်ပုံထဲကနေပြီး အိုက်ရတ်ပန်းကို မြန်မြန်ယူလိုက်ကာ ပန်းထဲက အရည်တွေကို သွက်လက်စွာညှစ်ထုတ်လိုက်ပါတယ်။
"မင်းက သစ်ရည်တွေကို ဘာလို့ညှစ်ထုတ်နေရတာတုန်း။ အိုက်ရတ်ပန်းရဲ့ပွင့်ဖတ်တွေကို ဒီအတိုင်းထည့်လိုက်ရမှာလေ"
ရှန်ယန်ရှောင်အမှားလုပ်တာကို မြင်လိုက်ရတဲ့ပူလီစီဟာ စိတ်သက်သာရာရသွားခဲ့တယ်။
သေချာပါတယ်လေ ဒီကောင်လေးက အရည်အချင်းမပြည့်သေးပါဘူး။
သူမကတော့ ပူလီစီစကားတွေကို မသိကျိုးကျွံပြုထားပါတယ်။ သူမလက်ထဲက ပန်းကိုပဲ လုပ်စရာရှိတာဆက်လုပ်နေလိုက်ပါတယ်။
ဟောင်ကိုးမြက်ကိုလုပ်တာထက် အခုက ပိုမြန်ပါတယ်။ မျက်တောင်တစ်ခတ်စာအတွင်းမှာပဲ အိုက်ရတ်ပန်းဟာ အရည်တွေဖြစ်သွားပါပြီ။
အဲ့အရည်တွေဟာ ကြည်လင်နေပြီး မသန့်မစင်ဖြစ်နေတာမရှိပါဘူး။
ရဲချင်ရဲ့မျက်နှာမှာတော့ အလွန်အံ့သြတဲ့ဟန်အမူအယာ ဖြစ်ပေါ်နေပါတယ်။
ဒီလောက်အချိန်တိုလေးအတွင်းမှာပဲ ဆေးမြစ်တွေကို အခုလို သပ်ရပ်လွန်းစွာပြင်ဆင်နိုင်ဖို့ဆိုရင် ဒီကျောင်းသားလေးက.....
ရဲချင်ရဲ့မျက်လုံးတွေ ပိုပြီးလေးနက်တည်ကြည်သွားပါတယ်။ သူက ရှန်ယန်ရှောင်ရဲ့ ဘေးတိုက်ပုံပန်းသဏ္ဍာန်ကိုကြည့်လိုက်ပြီးတဲ့နောက် ရင်ထဲမှာ ခံစားချက်တွေ လှိုင်းထသွားခဲ့ပါတယ်။[ဘာလဲ ဘယ်လဲ ]
အိုက်ရတ်ပန်းရည်တွေကို ဖန်ပုလင်းထဲသို့ ရှန်ယန်ရှောင်လောင်းထည့်လိုက်ပါတယ်။ မြစိမ်းရောင်အရည်တွေက အနီနုရောင်ဆေးရည်ထဲကို ကျဆင်းသွားပြီးနောက် ပေါင်းစည်းသွားပါတော့တယ်။ ဆေးရည်ရဲ့အရောင်ဟာလည်း ဖျော့တော့တဲ့အနီကနေ နီနီရဲရဲအဖြစ်သို့ ပြောင်းသွားပါတယ်။
ဒီတစ်ခါမှာတော့ ပုလင်းထဲကဆေးရည်ဟာ ကန်ရေပြင်လိုငြိမ်သက်နေပြီး ဘာမှလှုပ်ရှားမှုမရှိခဲ့ပါဘူး။
ဟောင်ကိုးမြက်နဲ့အိုက်ရတ်ပန်းတို့ဟာ အတူတကွရောစပ်သွားခဲ့ပါပြီ။ ဘာဝိရောဓိမှလည်း မဖြစ်ခဲ့ပါဘူး။
ပူလီစီရဲ့ ဟန်ပန်အပြည့်နဲ့ မျက်နှာဟာလည်း ဖရိုဖရဲဖြစ်သွားရပါပြီ။ အေးချမ်းနေတဲ့ ဆေးပုလင်းကို စိုက်ကြည့်နေမိပြီး သူ့မျက်လုံးသူ မယုံနိုင်အောင်ဖြစ်နေရပါတယ်။
ဒီဆေးမြစ်နှစ်မျိုးပေါင်းစပ်ဖို့အတွက် သူတစ်နှစ်ကျော်အချိန်ကြာညောင်းခဲ့ရတာပါ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၈၂)
သူ့ကိုတစ်နှစ်ကျော် ခေါင်းကိုက်စေခဲ့တဲ့ ဒီဆေးမြစ်နှစ်ခုက အခုကျမှ ဘယ်လိုဖြစ်လို့ ဒီပြောဆိုမရတဲ့ကလေးလက်ထဲမှာ ပြောင်းလဲသွားရတာလဲ။
ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။[ရှောင်လေးနဲ့ဆိုအကုန်ဖြစ်တယ်]
ပူလီစီဟာ ဘေးပတ်ဝန်းကျင်ကို ဂရုမပြုနိုင်တော့ဘဲ ဆေးစားပွဲဆီသာ အပြေးသွားပါတော့တယ်။ ဆေးပုလင်းကိုယူလိုက်ပြီးတော့ သေသေချာချာ ဂရုတစိုက်လေ့လာကြည့်ရှုလိုက်ပါတယ်။
ရနံ့ပျပျ စင်ကြယ်တဲ့အရောင်နဲ့။ ရှန်ယန်ရှောင်ဟာ သံသယဖြစ်စရာမလိုအောင် အောင်မြင်ခဲ့ပါပြီ။
ပူလီစီဟာ ရှန်ယန်ရှောင်ကို တောင့်တောင့်ကြီးနဲ့ကြည့်လိုက်ပါတယ်။ သူ့မျက်နှာကတော့ ဖရိုဖရဲနဲ့ပေါ့လေ။
ဘာပြောရမယ်မှန်း သူ မသိတော့ပါဘူး။ သူ အထင်သေးခဲ့တဲ့ ချာတိတ်စုတ်က တစ်ကယ်လုပ်ပြနိုင်ခဲ့တယ်လေ။
သူပြောခဲ့တာတွေကို အမှတ်ရသွားတဲ့ ပူလီစီဟာ လည်ချောင်းထဲမှာ တစ်စို့ကြီးဖြစ်သွားရပါတယ်။
ရှန်ယန်ရှောင် လုပ်နိုင်ခဲ့တာကို သံသယရှိစရာမလိုသလို သူ ကိုယ်တိုင်လည်း မေးခွန်းမေးစရာမရှိပါဘူး။
"မင်း လုပ်နိုင်ခဲ့တယ် အဲ့အတွက် ငါပြောထားတဲ့အတိုင်းပဲ မင်းကို ငါ့လက်ထောက်ဖြစ်ဖို့ ငါခွင့်ပြုလိုက်ပြီ"
ပူလီစီရဲ့ စိတ်ထဲမှာ ခံစားချက်တွေရှုပ်နေပါတယ်။ အငယ်တစ်ယောက်ရဲ့ သင်ကြားညွှန်ပြမှုကိုခံယူရလို့ သူ့ကိုယ်သူရှက်မိနေသလို ဒီလို ပါရမီရှိတဲ့ ကျောင်းသားလေးကို တွေ့ဆုံရလို့ စိတ်လှုပ်ရှားပျော်ရွှင်နေပါတယ်။
ပူလီစီအထင်ကတော့ ရှန်ယန်ရှောင်ဟာ အရည်အချင်းထက်မြက်လှသော်လည်း ဆေးပညာလမ်းကြောင်းကို အကြာကြီးလျှောက်လှမ်းဖို့လိုပါသေးတယ်။ အခု သမားတော်ကြီးတစ်ဦးကနေ သူမကို လက်ထောက်အဖြစ် လက်ခံမယ်လို့ပြောခဲ့တဲ့အတွက် သူမအနေနဲ့ ခုနတုန်းကဖြစ်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ကတောက်ကဆအဖြစ်ကို မေ့သွားပြီး သူ့ကိုတောင် ကျေးဇူးတင်သင့်သေးတယ်။
ရှန်ယန်ရှောင် ပြုံးလိုက်ပါတယ်။ ပူလီစီမျက်နှာမှာ ရှုံးနိမ့်တဲ့အမူအယာရှိပေမယ့်လည်း အရင်လိုမျိုး ဆရာကြီးပုံစံမပျောက်သေးပါဘူး။ သူမရဲ့ မျက်လုံးတွေကျဉ်းသွားပြီးနောက် နှုတ်ခမ်းမဲ့လိုက်ပါတယ်။
"ဆရာပူလီစီ ဆရာအထင်မှားနေပြီနော်။ ကျနော်က ဆရာ့ရဲ့ တောင်းဆိုချက်ကို လက်ခံခဲ့ပေမယ့် ဆရာ့လက်ထောက်အဖြစ်နေဖို့တော့ ကတိမပေးခဲ့ပါဘူး"
ဒီလိုအရည်အချင်းမျိုးနဲ့ သမားတော်ကြီးတစ်ယောက်က သူမရဲ့ နည်းပြဖြစ်ဖို့ မထိုက်တန်ပါဘူး။
"မင်းဘာပြောလိုက်တယ်"
သူများနားကြားမှားတာလားဆိုပြီး ပူလီစီဟာ ရှန်ယန်ရှောင်အား မယုံနိုင်စွာကြည့်လိုက်ပါတယ်။
"ရှန်ဂျူ ဆက်မပြောတော့နဲ့"လို့ လောင်းဒီက ဟန့်လိုက်ပါတယ်။
လောင်းဒီတစ်ယောက် ရိုလာကိုစတာစီးနေရသလို စိတ်ခံစားချက်တွေက တက်လိုက်ကျလိုက်ဖြစ်နေရပါတယ်။ ရှန်ယန်ရှောင် အောင်မြင်သွားတဲ့အခါ မူလက စိုးရိမ်နေတာတွေအစား ပျော်သွားခဲ့ပါတယ်။ အဲ့ဒီနောက် ပူလီစီကနေပြီးတော့ ရှန်ယန်ရှောင်ကို စာကြည့်တိုက်မှာနေခွင့်ပြုလိုက်တော့ သူ ပိုပျော်သွားရပါတယ်။ ဒါပေမယ့်လည်း အခြေအနေက သူလိုချင်သလိုဖြစ်မလာပါဘူး။ မမျှော်လင့်ဘဲနဲ့ ရှန်ယန်ရှောင်က ပူလီစီရဲ့ဖိတ်ခေါ်မှုကို ငြင်းပယ်ခဲ့တယ်လေ။
အဲ့ဒါက သမားတော်ကြီးတစ်ဦးရဲ့ ဖိတ်ခေါ်ချက်နော်။
သူမ အခုငြင်းဆန်လိုက်တဲ့ အခွင့်အရေးကို လူဘယ်လောက်တောင်များ တောင့်တခဲ့ကြရသလဲ။
လောင်းဒီအနေနဲ့ ရှန်ယန်ရှောင်ရဲ့လည်ပင်းကို အခုချက်ချင်းညှစ်ပစ်ချင်သွားပါတယ် ဒါမှသာ သူမ ပေါက်တက်ကရတွေ မပြောနိုင်တော့မှာလေ။ ပူလီစီက သဘောမကောင်းဘူးဆိုပေမယ့် ဆေးပညာအရည်အချင်းကတော့ အလွန်ကောင်းပါတယ်။
ရှန်ယန်ရှောင်က စားပွဲပေါ်မှာရှိတဲ့ လက်သုတ်ပုဝါကိုယူလိုက်ပြီး သူမလက်မှာပေနေတဲ့ ဆေးမြစ်အပိုင်းအစတွေကို ဖယ်ရှားသုတ်သင်လိုက်ပါတယ်။ ထို့နောက်မှာတော့ လက်သုတ်ပုဝါကို စားပွဲပေါ်ပြန်တင်လိုက်ပြီးတော့ ပူလီစီဘေးကနေဖြတ်သွားလိုက်ပြီး လောင်းဒီဆီဦးတည်လိုက်ပါတယ်။
"ကျနော်အားနာပါတယ် သမားတော်ကြီးပူလီစီရဲ့ လက်ထောက်အဖြစ် ကျနော်မနေချင်ပါဘူး"
လောင်းဒီရဲ့ဘေးမှာရပ်လိုက်ပြီးနောက် ရှန်ယန်ရှောင်က လောင်းဒီအားပြောလိုက်တာပါ။ သူမက သူမကိုယ်သူမ ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်တာဖြစ်ပြီး သူမနှုတ်ခမ်းပေါ်မှာတော့ လက်မခံမှုအရိပ်အငွေ့ရှိနေပါတယ်။
သမားတော်ကြီးရဲ့ လမ်းညွှန်ပြသမှု ဟုတ်လား။
ကျေးဇူးပါ ဒါပေမယ့် သူမ တစ်ကယ်စိတ်မဝင်စားပါဘူးနော်။ ဆေးပညာဌာနကသာ သွေးစားပွဲတော်ပြုလုပ်ဖို့ တာဝန်မရှိဘူးဆိုပါက ပူလီစီကဲ့သို့သော စိတ်ထားသေးသိမ်တဲ့လူကို သူမ ေ-ာက်ဖက်လုပ်နေမှာ မဟုတ်ပါဘူး။
ရှန်ယန်ရှောင်အတွက်ကတော့ အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ရှူဟာ သူမရဲ့ ဆရာဖြစ်ပါတယ်။ နောက်ပြီးတော့ အတ္တစိတ်ကင်းပြီး တစ်ကယ်စိတ်ရင်းကောင်းတဲ့ ယန်းချီကသာ သူမရဲ့ ဆရာဖြစ်ပါတယ်။
ပူလီစီကရော...
သူမရဲ့လေးစားမှုကိုခံယူရလောက်အောင် ဒီလူ အရည်အချင်းမရှိပါဘူး။