အခန်း (၁၃၀-၁၃၂)
Vol. 9 Ch. 130-132
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၃၀)
ချောင်းရှူတို့ အဖွဲ့ဟာ သူမတို့အဖွဲ့ ကြုံတွေ့သလို ကျောင်းသား ခုနှစ်ဆယ် ရှစ်ဆယ်ခန့်က ပွဲစတည်းက နောက်ကနေ တကောက်ကောက် လိုက်ပြီး တိုက်ခြင်းခံရတာပါ။
ကံကောင်းစွာပဲ သူတို့ အဖွဲ့မှာ ကျောင်းရဲ့ အတော်ဆုံး ဆေးပညာ ကျောင်းသားဖြစ်သလို သမားတော် ပညာရပ်မှာ မူလတန်းအဆင့်ရဲ့ ထိပ်ဆုံးမှာရောက်နေတဲ့ ရှန်ဂေါင်းရှောင် ပါဝင်နေခြင်းပါပဲ။ ရှန်ဂေါင်းရှောင်ဟာ လွန်ခဲ့တဲ့တစ်နှစ်တည်းက ဆေးပညာရပ်ကို စတင်သင်ယူခဲ့တာဖြစ်ပြီး စစ်ဆေးမှု မစခင်မှာ ကြိုတင်ပြီး ဆေးရည်အချို့ကို ယူဆောင်လာခဲ့ပါတယ်။
အဲ့ဒီဆေးတွေက ဆေးစွမ်းပြတာ နှေးကွေးပြီး လုံး၀ သန့်စင်မှုလည်း မရှိပါဘူး။ ဒီဆေးတွေဟာ သာမန်အဆင့်သာ ရှိပေမယ့် သက်ရောက်မှု အားကောင်းပါတယ် ။ရှန်ဂေါင်းရှောင်က ဆေးပုလင်း ခုနှစ်ပုလင်း ရှစ်ပုလင်းခန့်ကို ခွဲခြေရုံနဲ့ ကျောင်းသားတွေ လက်ကနေ သူတို့ လွတ်မြောက်ခဲ့ ကြပါတယ်။
သမားတော်တွေမှာ တိုက်ခိုက်ရေးအစွမ်း မရှိပေမယ့် သူတို့ရဲ့ ဆေးတွေက ခေါင်းကိုက်စေနိုင် ပါသေးတယ်။
အခုလောလောဆယ်မှာ ချောင်းရှူ မန်ယိဂျွန် ကျွမ်ရှန်းနီနဲ့ နောက်ထပ် မှော်ဆရာတစ်ယောက်တို့ စွမ်းအားလျော့ဆေးဒဏ် ခံနေရပါတယ်။ သေချာတာပေါ့လေ ရှန်ဂေါင်းရှောင်ဟာ အဖွဲ့ရဲ့ အဓိကလူ ဖြစ်လာပြီး ချောင်းရှူနဲ့ မန်ယိဂျွန်တို့လည်း သူ့ကိုပဲ မှီခိုအားထားနေကြရပါတယ်။
ရှန်ယန်ရှောင်က သူတို့နဲ့ မလှမ်းမကမ်းက သစ်ပင်မြင့်ကြီးမှာ ပုန်းအောင်းကာ ချောင်းမြောင်းကြည့်နေပြီး တည်ငြိမ်စွာနဲ့ အခွင့်အရေးကို စောင့်နေပါတယ်။
နေ့ခင်းပဲ ရှိသေးလို့ သူမက ငါးယောက်ရှေ့မှာ သွားကိုယ်ထင်ပြလို့ မဖြစ်ပါဘူး။ တိုက်ခိုက်တာပဲ ခံရမှာဖြစ်ကာ ဘာမှခိုးလို့ ရခဲ့မှာမဟုတ်ဘူးလေ။ သူမက ညရောက်တာကို စောင့်မှာပါ… လမင်းက သူမရဲ့ အကောင်းဆုံး အကာအကွယ်ပဲလေ။
ရှန်ဂေါင်းရှောင်တို့က အနက်ရောင်တောရဲ့ အတွင်းဖက်ထိ ဆက်လက်သွားကြတာကြောင့် သာတို့ဟာ ဘယ်အဖွဲ့ကိုမှ ထိပ်တိုက်မတိုက်ချင်တာ သိသာလှပါတယ်။ သူတို့အတွက် လုံခြုံတဲ့ နေရာလိုအပ်ပြီး ရှန်ဂေါင်းရှောင် ဖြေဆေးမြန်မြန် ဖော်စပ်နိုင်ဖို့ပဲ အရေးကြီးပါတယ်။
လမ်းမှာ အဖွဲ့နှစ်ဖွဲ့ကို တွေ့ခဲ့ပေမယ့် ကံကောင်းတာက အဲ့နှစ်ဖွဲ့က အင်အားနည်းပါတယ်။ အဆိုပါ ကံဆိုးသူတွေဟာ ချောင်းရှူတို့ကို တိုက်ခိုက်ဖို့ ကြံပေမယ့် ရှန်ဂေါင်းရှောင်ရဲ့ နှေးကွေးဆေးကြောင့် သူတို့ ဘာမှမတတ်နိုင်ခဲ့ပါ..
ညနေခင်းရောက်မှသာ ရှန်ဂေါင်းရှောင်တို့က မှော်သားရဲက စွန့်ပစ်ထားတဲ့ ဂူတစ်ဂူကို ရှာတွေ့ခဲ့ပါတယ်။
တစ်ခြားအဖွဲ့တွေနဲ့ မှော်သားရဲတွေ အနီးအနားမှာ မရှိတာ သေချာတော့မှသာ သူတို့တစ်ဖွဲ့လုံး စိတ်လက်ပေါ့ပါး သွားကြပါတယ်။ အစား နည်းနည်း စားပြီးတော့ အနွေးဓာတ်ရဖို့ မီးပုံရှေ့မှာ ဝိုင်းထိုင် ကြပါတယ်။
"မိုးချုပ်နေပြီပဲ။ငါတို့လည်း နားသင့်ပြီ။ ကင်းတာဝန်ကို မင်းယူရမယ်နော် လိရှန်း" ဟု ချောင်းရှူက မီးပုံဘေးမှာ ထိုင်နေတဲ့ မရှိဘူးလို့ကို ထင်ရလောက်တဲ့ မှော်ဆရာကို ပြောလိုက်ပါတယ်။
သိသာတာကတော့ သူ့နာမည် ကြားလိုက်ရလို့ ပျော်ပုံမရပါဘူး။ တစ်လျှောက်လုံး သေးသေး ကြီးကြီး ချောင်းရှူက သူ့ကိုပဲ လုပ်ခိုင်းခဲ့တာပါ။ သူ့ရှေ့က မီးပုံအတွက် ထင်းရှာတာတောင် သူပဲ ရှာခဲ့ရတာပါ။
လိရှန်းက ချောင်းရှူနဲ့ မန်ယိဂျွန်တို့ အစွမ်းကို သိပါတယ်.. သူကိုယ်တိုင်လည်း မှော်ဆရာဌာနရဲ့ ထိပ်တန်းကျောင်းသား ဖြစ်လို့ သူ့ကို မလေးမစား မယဉ်မကျေးတာကို မကျေနပ်ပါဘူး။ ချောင်းရှူက သူ့အား အဖွဲ့ထဲပါဖို့ ဖိတ်တုန်းက လက်ခံခဲ့တာဟာ စွမ်းအားကြီး မဟာမိတ်ရချင်လို့ ဖြစ်ပါတယ်။
ဒီလေးယောက်ကို ကလေးထိန်းပေးဖို့ မဟုတ်ပါဘူး။ နောက်ပြီး ချောင်းရှူနဲ့ မန်ယိဂျွန်နှစ်ယောက်လုံး အင်အားမှ မရှိတာ ဘာလို့သူ့ကို အမိန့်ပေးရတာလဲ။ လိရှန်းလည်း မကျေနပ်စွာနဲ့ ပြန်ပြောလိုက်ပါတယ်။
"ပြောင်တာနောက်တာ ရပ်တော့။အခု ငါ့စွမ်းအားက အရင်ကထက် တစ်အားနည်းနေပြီး တစ်နေကုန်တစ်နေခန်း လမ်းလျှောက်ထားရလို့ ငါလည်း ပင်ပန်းနေတယ်”
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၃၁)
"မင်း ဘာဆိုလိုချင်တာလဲ"
ချောင်းရှူဟာ လိရှန်းက အခုလို ငြင်းဆန်မယ်လို့ မထင်ထားခဲ့ပါဘူး။အလှရှင် ကျွမ်ရှန်းနီကလွဲရင် ကျန်တဲ့လေးဦးဟာ သက်ဆိုင်ရာ ပညာရပ်တွေမှာ ထူးချွန်တဲ့ ကျောင်းသားတွေချည်းပါပဲ။လိရှန်းက သူ့ကိုယ်သူ အထင်ကြီးပါတယ်… မှော်ဌာနရဲ့ ထိပ်ဆုံးကျောင်းသား ကြူရှီယာသာ မရှိရင် သူက အဆင့်နှစ်နေရာမှာ နေရမှာမဟုတ်ပါဘူး။
ချောင်းရှူရဲ့ စိတ်ကူးဟာ သူ့ကို တောက်တိုမယ်ရ ခိုင်းဖို့ပဲ ရှိတာကို လိရှန်း ဘဝင်မတွေ့ပါဘူး။
"ဘယ်လိုဖြစ်လို့ မင်းမှာ အဖွဲ့စိတ်ဓာတ် မရှိရတာလဲ။ ငါတို့က စစ်ဆေးမှု လုပ်နေတဲ့ အနက်ရောင်တောရဲ့ အလယ်မှာရောက်နေတာလေ တခြားအဖွဲ့တွေက ငါတို့ အိပ်ပျော်နေချိန်မှာ ဝင်မတိုက်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူးဟ.. ငါတို့ရဲ့ တံဆိပ်တွေကို သူများက ခိုးယူသွားမှာကို မင်းလိုချင်နေတာလား"
မန်ယိဂျွန်ကလည်း ချောင်းရှူနဲ့ ထပ်တူညီတဲ့ စိတ်ကူးရှိသူပါ အလှလေး ကျွမ်ရှန်းနီကလွဲရင် တောက်တိုမယ်ရ လုပ်ဖို့က လိရှန်းသာ ရှိပြီး လိရှန်းဟာ သူတို့အဆင့်နဲ့ မတူဘူးလို့ လက်ခံထားပါတယ်။
" ငါတစ်ယောက်တည်း ဘယ်လို လုပ်နိုင်မှာလဲ။ ကင်းစောင့်တာဝန်က ငါတစ်ယောက်တည်း တာဝန်မယူသင့်ဘူးလေ ငါလည်း စွမ်းအားကျဆေး သောက်ထားရတာပဲ"
လိရှန်းက သူ့ကိုပဲ အပြစ်ပြောနေလို့ စိတ်ထဲမျက်သွားပါတယ်။ ဒီတာဝန်က အဖွဲ့သား အားလုံးမှာ တာဝန်ရှိတဲ့ အရာပါ။ ဒါပေမဲ့ ချောင်းရှူနဲ့ မန်ယိဂျွန်က သူ့ကိုပဲ တာဝန်ပုံချနေတာပါ။
"စွမ်းအားကျဆေးကို မင်းလည်း သောက်ထားရတာ မှန်တယ်။ဒါပေမဲ့ မင်းက ငါတို့လောက် ဆေးစွမ်းထိ ခံရမှာ မဟုတ်ဘူးလေ"
ချောင်းရှူ မျက်မှောင်ကြုတ် သွားပါတယ်။ ဓားပညာ ဌာနရဲ့ အတော်ဆုံး ကျောင်းသားဖြစ်လို့ သူက ဒါဆို အားလုံးက လိုက်ဒါရတာပါ… ဌာနကဘယ်သူမှ အခုလိုမျိုး ပြန်မပြောရဲကြပါဘူး။ လိရှန်းရဲ့ ဆက်တိုက် အတွန့်တက်မှုတွေက သူ့ကို ဒေါကန် စေပါတယ်။
"..."
လိရှန်း အံကိုတင်းအောင် ကြိတ်လိုက်မိပါတယ်။ သူဟာ မှော်ဆရာဌာနရဲ့ အတော်ဆုံးမဟုတ်ပေမယ့် အဲ့ဒီလို ဖြစ်ရခြင်းက မှော်ဆရာဌာနဟာ ကျောင်းသား အများဆုံး ရှိတာက တစ်ကြောင်း ကြူရှီယာ ရှိနေတာက တစ်ကြောင်းတို့ကြောင့် ဖြစ်ပါတယ်။ သူသာ တစ်ခြားဌာနတွေကို သွားရင် အဆိုပါ ဌာနတွေရဲ့ ထိပ်ဆုံးသုံးဦးထဲ သူပါမှာ မလွဲပါဘူး။
သို့သော်လည်း ချောင်းရှူနဲ့ မန်ယိဂျွန်တို့ ပါးစပ်မှာ သူက ဘာမှ သုံးစားမရတဲ့ အမှိုက်သာသာ ဖြစ်သွားရပါတယ်။
" ဘာပဲဖြစ်ဖြစ် ငါကတော့ သဘောမတူဘူး… မင်းတို့က တစ်ယောက်ယောက်ကို ကင်းစောင့်စေချင်ရင် လူလဲလိုက်တော့"
သူက သူ့အဖွဲ့သားတွေရဲ့ မာနကြီး ဘဝင်ခိုက် မှုတွေကို လက်မခံနိုင်တော့ပါဘူး။
လိရှန်းရဲ့ ခေါင်းမာမှုက ချောင်းရှူနဲ့ မန်ယိဂျွန်တို့ စိတ်တိုသွားတဲ့ အပြင် ရှန်ဂေါင်းရှောင်ပါ မျက်မှောင်ကြုတ်သွားပါတယ်။
လရောင်က ထိန်ထိန်သာနေပါတယ်…
မီးပုံဘေးက လူအချို့ဟာ အလွန်အမင်း အိပ်ချင်နေ သော်လည်း မအိပ်ရဲကြပါဘူး။ အခုစာမေးပွဲဟာ သူတို့အတွက် အလွန်အရေးပါပြီး သူတို့ အိပ်ပျော်နေချိန်မှာ အခွင့်အရေးယူခံရမှာကို မလိုလားကြပါဘူး။
"ရှင်တို့တွေ ဆွေးနွေးလို့ မပြီးသေးဘူးလား"
အဖွဲ့ရဲ့ တစ်ဦးတည်းသော မိန်းကလေး ဖြစ်လို့ ကျန်တဲ့ အဖွဲ့သား လေးဦးလုံးက သူမကို ဂရုတစိုက် ရှိကြပါတယ်။ သူမ အလွန်အိပ်ချင်နေပေမယ့် သူမရဲ့ ခေါင်းမာတဲ့ အဖွဲ့သား လေးကောင်လုံးက ဘာမဟုတ်တာကို အခြေအတင် ငြင်းခုံနေကြဆဲ ဖြစ်တာကြောင့် သူမ မအိပ်ရဲသေးပါဘူး။
အဖွဲ့ထဲမှာ ကျွမ်ရှန်းနီရဲ့ တည်ရှိမှုက နတ်ဘုရားမ တစ်ပါးလိုပါပဲ.. ဒါကြောင့် နတ်ဘုရားမက နှုတ်တော်ဟလိုက်တာနဲ့ ကျန်လေးကောင်လုံး မျက်နှာတင်းနေရာကနေ ပျော့သွားကြပါတယ်။
ဒါပေမဲ့လည်း ဒီတစ်ခါမှာတော့ လိရှန်းက သူ့စိတ်ကို ခိုင်ခိုင်ထားပြီး အလျှော့မပေးဖို့ ဆုံးဖြတ်ထားလို့ မန်ယိဂျွန်နဲ့ ချောင်းရှူတို့ဟာ အလွန်စိတ်တိုသွားပြီး လိရှန်းအား ထိုးကြိတ်ရိုက်ပုတ်ကာ မြေပေါ် လှဲနေစေမတတ်ထိ တွေးမိလိုက်ပါတယ်။
ရှန်ဂေါင်းရှောင်က သူ့ရှေ့မှာ ဖြစ်နေတာကို ဆက်ကြည့်မနေနိုင်တော့လို့ ဝင်ပြောလိုက်ပါတယ်။
"ငြင်းနေကြတာ တော်ကြတော့။ ငါ့ဆီမှာ နွံဆေး ပါလို့ အဲ့ဒီဆေးကို ဂူဝမှာ ဖြန်းလိုက်တာနဲ့ တစ်ယောက်ယောက်က ငါတို့ဆီ လာချင်တောင်မှ နွံတောဆေးစွမ်းကြောင့် ဒုက္ခရောက်နေမှာပဲ… ဒီတော့က ငါတို့အားလုံး စိတ်ချလက်ချ အိပ်လို့ရတယ်"
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၃၂)
" သော့ချက်က ကိုရှန်ဂေါင်းကို အားကိုးရမှာပဲ"
ချောင်းရှူက ပြုံးနေပေမယ့် စိတ်ထဲမှာတော့ ရှန်ဂေါင်းရှောင်က ထင်ပေါ်မှုအား နောက်တစ်ကြိမ် ရလိုက်လို့ မကျေမနပ် ဖြစ်နေပါပြီ။ သို့သော်လည်း သူတို့အားလုံး တစ်နေကုန် တောထဲသွားခဲ့ရလို့ ပင်ပန်းကာ အိပ်စက်ချင်နေတာကြောင့် ဘာမှ မတတ်နိုင်ပါဘူး။
ရှန်ဂေါင်းရှောင်က သူ့အား တစ်ချက်ကြည့်ပြီး ဘာမှ ဆက်မပြောဘဲ လက်စွပ်ထဲကနေ နွံတောဆေးရည် ငါးပုလင်းကို ထုတ်ယူလိုက်ပါတယ်။ တစ်ကယ်တော့ သူ မသုံးချင်ပါဘူး… ကျွမ်ရှန်းနီရှေ့မှာ ဟန်ရေးပြ ဖို့ရာသာ မဟုတ်ရင် ဆေးတွေကို နှမြောလို့ ထုတ်မှာ မဟုတ်ပါဘူး။
"ရှင်းအောင် ပြောထားဦးမယ်။ ငါ့မှာ နွံတောဆေး ငါးပုလင်းပဲရှိလို့ ဒီတစ်ညစာပဲ လောက်မှာ။ မနက်ဖြန်အတွက် မင်းတို့ အစီအစဉ်လုပ်ဖို့ လိုတယ်"
"စိတ်ချချနေပါ မနက်ဖြန်ရောက်ရင် နည်းရှာတွေ့မှာပါ"
"နွံတောဆေးကို ဂူပေါက်မှာ ဖြန်းတဲ့အချိန်ကျ လျှို့ဝှက်လမ်းကြောင်း ချန်ထားလိုက်မယ်။ ညမှာ အပြင်ထွက်ချင်ရင် အဲ့ဒီလမ်းအတိုင်း သွားဖို့ မမေ့ကြနဲ့"
ရှန်ဂေါင်းရှောင်က ဘဝင်ခပ်မြင့်မြင့်နဲ့ ပြောလိုက်တယ်။ ပုံမှန်ဆို မာနကြီးနေကြ ဓားပညာ ထိပ်ဆုံးကျောင်းသားနဲ့ လေးပညာ ထိပ်ဆုံးကျောင်းသားတို့က နှိမ့်ချစွာ နေနေလို့ သူ့စိတ်ထဲ မိုက်လိုက်တာကွာဟု ခံစားနေရတယ်။ သူတို့ အဖွဲ့စဖွဲ့တုန်းက ဒီနှစ်ကောင်က ဆရာကြီး လေသံတွေနဲ့ပါ။
ရှန်ဂေါင်းရှောင် ထောင်ချောက်ကို စတင်ပြင်ဆင် ပါတော့တယ်။ ထောင့်လေးမှာ ခြေချစရာ နေရာလေး ချန်ထားခဲ့ပါသေးတယ်။ သူ ထောင်ချောက်လုပ်နေတာကို တွေ့နေတဲ့ သူတွေက လွဲရင် ဘယ်သူမှ သိမှာမဟုတ်ဘူး။
အားလုံး နေရာတကျ ဖြစ်တာနဲ့ ငါးယောက်လုံး ဝင်အိပ်ကျပါတော့တယ်။
သူတို့တွေနောက်ကို နေ့ခင်းတည်းက သေးငယ်တဲ့ ခန္ဓာကိုယ်နှစ်ခုက နောကိယောင်ခံ လိုက်လာတာ မသိကြပါဘူး။
ရှန်ယန်ရှောင်ဟာ သစ်ကိုင်းပေါ်မှာ လှဲနေပြီး ဂူထဲက ငါးကောင်ကို ပျင်းရိစွာနဲ့ ကြည့်နေပါတယ်။
ဇာမဏီငှက်ကလည်း သစ်ကိုင်းပေါ်မှာ ခြေချိတ်ကာ ထိုင်နေပါတယ်။ သူဟာ ရှန်ယန်ရှောင်ကို ပြုံးတုံ့တုံ့နဲ့ ကြည့်နေပါတယ်။
"ဟေး.. မင်းက ဒီကလေးတွေနဲ့ နေနေတာ ကြာပြီ။ ဘာလုပ်ဖို့ စီစဉ်ထားတာလဲ"
ဇာမဏီငှက်ဟာ သူ့ သခင်သစ်ရဲ့ တွေးခေါ်မှုကို နားမလည်နိုင်ဘူး ဖြစ်နေရပါတယ်။
ရှန်ယန်ရှောင် ကောင်းကင်က လမင်းကို မော့ကြည့် လိုက်ပါတယ်။
"ငါက ကစားရမလား မကစားရဘူးလား တွေးနေတာ"
"ကစားတာ"
ဇာမဏီငှက် သို့လောသို့လော ဖြစ်သွားပါတယ်။
"ဒီငတုံးတွေဆီက ရင်ထိုးတွေကို ခိုးယူတာက လွယ်လွန်းတယ်ကွာ"
စောရအတတ်ရဲ့ အနုပညာကို လေ့လာလိုက်စား နေတဲ့ ရှန်ယန်ရှောင်အတွက် ခုခံနိုင်စွမ်း မရှိတဲ့ ငတုံးငါးကောင်အား မကြည့်နိုင်ဘူး ဖြစ်နေပါပြီ။ သူတို့ရဲ့ ထောင်ချောက်ကလည်း သူမ မျက်စိအောက်မှာပဲ လုပ်ထားတာဖြစ်လို့ သူမအတွက် စိတ်ချရပါတယ်။ သူတို့ရဲ့ တံဆိပ်တွေ ယူရမှာက သူမအိမ်က ပစ္စည်းတွေကို ပြန်ခိုးနေရသလို ဖြစ်နေပါတယ်။
"..."
ဇာမဏီငှက်ဟာ သခင်သစ်ရဲ့ စိတ်ထားက ထူးဆန်းတယ်လို့ တွေးမိတယ်။ သူမက ကိစ္စရပ်ကို အလွယ်တကူ ဖြေရှင်းနိုင်ရင် ဘာလို့ စိုးရိမ်ဟန် ပေါ်နေပြီး ဒုက္ခရောက်နေသလို ဖြစ်နေရတာလဲ။
သူမ ဆေးတစ်ခုခုသောက်ဖို့ မလိုတာ သေချာလား မသိဘူး…
"ငါ ပုံရိပ်အတတ်ကို သုံးသင့်တယ်"
သူမစိတ်ထဲ တစ်ခုခု တွေးလိုက်မိတယ်။ စစ်ဆေးမှု မစခင်က ပေါင်းစပ်ကျိန်စာ နှစ်မျိုးအား သူမ တတ်မြောက်ခဲ့ပြီး တစ်ခုက ပုံရိပ်ကျိန်စာ ဖြစ်ပါတယ်။
ဆင့်ခေါ်ပညာကို သင်ယူခဲ့တည်းက ဘယ်သူ့ကိုမှ မစမ်းသပ်ရသေးပါဘူး။
တန်နာဇီပြောလို့ တစ်မျိုးကျိန်စာတွေက စွမ်းတယ်ဆိုတာ သူမ နားလည်ခဲ့ပေမယ့် ပေါင်းစပ်ကျန်စာ ဘယ်လောက်စွမ်းလဲ သူမ သေချာမသိပါဘူး။
ဒီကျိန်စာက ကျိန်စာလေးမျိုး ပေါင်းစပ်ထားတာ ဖြစ်လို့ အစွမ်းမသေးလောက်ပါဘူးနော်။
နောက်ပြီး ကျိန်စာက အဆင်မပြေရင်တောင် သူမရဲ့ နတ်စောရစွမ်းနဲ့ တံဆိပ်တွေကို လွယ်လင့်တကူ ရယူနိုင်လို့ စမ်းသပ်ကြည့်တာ မမှားပါဘူး။