← Chapters

အခန်း (၄-၆)

Vol. 1 Ch. 4-6

အခန်း (၄-၆)

Vol. 1 Ch. 4-6

ကောင်းကျိုးမပေးသော သမီးပျို

မူရင်းစာရေးဆရာ - North Night

မူရင်းဝတ္ထု -The Good for Nothing Seventh Young Lady

ဘာသာပြန် -NEVER

အပိုင်း (၄)

"ဒါဟာ ခုနှစ်စဉ်ကြယ်လကိုချုပ်လို့ခေါ်ပြီး မင်းရဲ့အစွမ်းအားလုံးကို ချုပ်နှောင်ပြီးတော့ ဘာအစွမ်းမှမရှိတော့တဲ့အပြင် အမှိုက်လို့ပါ လှောင်ပြောင်ခံရစေတဲ့ ခုနှစ်လွှာပါတဲ့ တား

မြစ် အမှတ်အသားပဲ။မင်းသာငါ့ကို ကူညီမယ်ဆိုရင် ငါလည်းအဲ့အမှတ်အသားကို ပြန်ဖျောက်ဖို့ကူညီပေးမယ်"

ရှန်ယန်ရှောင်ဟာ သူမလက်မောင်းပေါ်ရှိ တခြားလူများအနေဖြင့် ခွဲခြားရန်ခက်တဲ့ ထိုအရာကိုကြည့်နေပါတယ်။ထိုမိစ္ဆာဆိုသူရဲ့ စကားအပေါ်ယုံကြည်လို့ရမရကို စဉ်းစားနေ

ရင်း ညစ်တစ်တစ် ပြုံးလိုက်မိကာ

"ဆွေးနွေးမှုကို အသေးစိတ်မပြောခင်မှာ ကျမအနာဂတ်ရဲ့ မဟာမိတ်က ဘယ်လိုအနေအထားလဲဆိုတာ သိဖို့ စေတနာရှိကြောင်းအရင်ပြသင့်ပါတယ်။နောက်ပြီး ရှင်က ဘာ

လို့ ကျမကိုယ်ထဲကို ရောက်နေရတာလဲ"

လောကတစ်ခုလုံးမှာ မိစ္ဆာအပေါ်ကိုပြန်ပြီး အကြပ်ကိုင်ရဲတဲ့ ရှန်ယန်ရှောင်လိုလူ အနည်းငယ်ပဲရှိမှာပါ။

အနည်းငယ်ကြာ တိတ်ဆိတ်နေပြီးတဲ့အခါမှာတော့ ကြောချမ်းစရာအသံဟာ ပြန်ထွက်ပေါ်လာပါတယ်။

"လက်ရှိမင်းရဲ့ အခြေအနေမျိုးနဲ့ ငါ့နာမည်ကိုသိဖို့ အရည်အချင်းမရှိသေးတော့ ယာယီအနေနဲ့ ငါ့ကို ရှူလို့ခေါ်။မင်းကိုယ်ထဲကိုရောက်နေရတဲ့အကြောင်းကိုတော့ မင်းရဲ့

တားမြစ်အမှတ်ခုနှစ်လွှာလုံး ပျက်တဲ့အခါမှသာ ငါပြောပြမယ်။အခုချိန်မင်းသိထားရင် မင်းအတွက် ဆိုးကျိုးတွေပဲရှိတယ်"

ရှန်ယန်ရှောင် ပြုံးလိုက်မိသည်။သူမအနေနဲ့ ရှူ ဟူသော အမည်တစ်လုံးကလွဲလို့ အသုံးဝင်မယ့်သတင်း ဘာမှမသိရ။

"အဲ့လိုပုံစံနဲ့ ဘယ်လိုညှိနှိုင်းလို့ ရမလဲ။ခင်ဗျားကို လူ့လောကထဲ ပြန်ရောက်အောင် ကူညီပေးပြီးတဲ့အခါ ကျမကို ရှင်က ရှင်းထုတ်မယ်မထုတ်ဘူး ဘယ်လိုသိနိုင်မလဲ"

စွမ်းအားက သူမအတွက် အခုအချိန်မှာ အလိုအပ်ဆုံးအရာပါ။ဒါပေမယ့်လည်း အခြေအနေတွေရှင်းရှင်းလင်းလင်း မဖြစ်ဘဲနဲ့ နောင်အဖြစ်ဆိုး ကျရောက်ဖို့လည်း သူမ မလို

လားပါဘူး။

ပထမတန်း စောရဘုရင်မတစ်ယောက်အတွက် ဖြစ်လာမယ့်အန္တရာယ်ကို ကြိုတင်တွက်ချက်ထားဖို့လိုအပ်ပါတယ်။အန္တရာယ်အားလုံးကို ဖြေရှင်းပြီးမှာသာ တစ်ချက်တည်းနဲ့

လိုချင်တဲ့အရာကို ယူတာဟာ ပိုနည်းစနစ်ကျပါတယ်။

ပြန်တိတ်ဆိတ်သွားပြီးမှ ရှူကထပ်ပြောလာပါတယ်"မင်းကိုသတ်တာက ငါ့ကိုယ်ငါသတ်တာနဲ့အတူတူပဲ"

"အခုအခြေအနေက ငါဟာမင်းဆီကို တွယ်ကပ်နေရပြီးတော့ မင်းသေတာနဲ့ ငါ့ဝိဉာည်လည်းပျောက်ကွယ်သွားမှာပဲ"

ဒီသတင်းကတော့ မဆိုးဘူးပဲ။ရှန်ယန်ရှောင် ပြုံးလိုက်ရင်းနဲ့ နောက်ထပ်သတင်းတွေသိရဖို့ ထပ်မေးပါတော့တယ်။

"ဒီတော့ ရှင်သာလွတ်လပ်သွားတာနဲ့ ကျမကို ရှင်းပစ်လို့ ရတယ်ဆိုတဲ့သဘောလား"

"ငါ မင်းကို ဘယ်တော့မှ သတ်မှာမဟုတ်ဘူး"

"အိုး ဘာလို့လဲ"ရှန်ယန်ရှောင် ပျော်ရွှင်စွာပြုံးလိုက်ရင်း ထပ်မေးလိုက်ပါတယ်။ဒါပေမယ့်လည်း သူမရဲ့ ရိုးသားတဲ့အပြုံးဟာ သူမမျက်ဝန်းထဲက ထက်မြက်မှုနဲ့ ကွဲပြားနေပါ

တယ်။

"မင်းကိုယ်ထဲကိုနေဖို့ ရွေးချယ်ခဲ့တည်းက ငါတို့သဘောတူပြီး လက်မှတ်ထိုးခဲ့တဲ့ ဝိဉာည်သဘောတူညီချက်မှာပါတာက မင်းကိုငါသတ်ခဲ့လျှင် ငါ့ဝိဉာည်ရဲ့ ကိုးဆယ်ရာခိုင်

နှုန်းဆုံးရှုံးဖို့ပဲ"ဟု ရှူ ဟာ မတုန်မလှုပ်ပြောလိုက်တယ်။

ကိုးဆယ်ရာခိုင်နှုန်းတောင် ဆုံးရှုံးမှာပဲ။ရှန်ယန်ရှောင် လက်ခုပ်တီးချင်စိတ်တောင်ဖြစ်လာတယ်။ရှူကသူမကိုယ်မှာ ကပ်နေနေရတဲ့အကြောင်းအရင်းကို မသိရပေမယ့်လည်း

သူမအတွက်သေချာတာတစ်ခုကတော့ ရှူပြောသလိုပဲ သူမကိုသတ်တာဟာ သူ့ကိုယ်သူသတ်သေတာနဲ့ အတူတူပဲဆိုတဲ့အချက်ကိုပါ။အဲ့အတွက် ရှူဟာ ဘာကိုမှ ကို့ရိုကားယားလုပ်

မှာမဟုတ်ပေ။

"ကဲ ငါမင်းရဲ့ ပထမတားမြစ်အလွှာကို ပြန်ဖြေပေးလိုက်တာနဲ့ မင်းလည်း အတွင်းအားနဲ့မှော်ပညာကို သင်ယူနိုင်စွမ်းရသွားလိမ့်မယ်။ဒါက မင်းနဲ့မဟာမိတ်ဖွဲ့ဖို့ ငါ့ရဲ့ ပထမဆုံး

လက်ဆောင်အဖြစ်ပေါ့"

ရေခဲလိုအေးစက်တဲ့အသံဟာ သူမခေါင်းထဲပဲ့တင်ထပ်နေတုန်းမှာပဲ ညာဖက်လက်မောင်းမှာ စူးရှတဲ့နာကျင်မှုကို သူမ ခံစားလိုက်ရပါတယ်။

စူးရှနာကျင်မှုဟာ ငလျင်ကြီးလှုပ်ခတ်သလို လှိုင်းများအဖြစ်နဲ့ အားလုံးကို တိုက်ထုတ်သွားပါတယ်။ထပ်မေးဖို့ ပါးစပ်မဟနိုင်ခင်မှာပဲ အမှောင်တိုက်ထဲကို သူမ ရောက်ရှိသွား

ပါတော့တယ်။

နောက်တစ်ခါ သတိရလာချိန်မှာတော့ သူမရှေ့မှာ ကြီးရင့်ပြီးကြင်နာပုံပေါက်တဲ့လူကြီးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။

"ခုနှစ်ယောက်မြောက်သခင်မလေး သတိရလာပြီပဲ"ဟု လူကြီးမှ ပြုံးကာပြောလိုက်ပါတယ်။

ရှန်ယန်ရှောင် မျက်မှောင်မသိမသာကျုံ့လိုက်မိတယ်။သူမ မှတ်ဉာဏ်တွေကို ပြန်ရှာလိုက်တဲ့အခါ သိလိုက်ရတာက ဒီအဖိုးကြီးဟာ ဇာမဏီမိသာစုရဲ့ သမားတော်ဖြစ်သူ

ရှန်ကျူဆိုတာကိုပါ။

 ကောင်းကျိုးမပေးသော သမီးပျို

မူရင်းစာရေးဆရာ - North Night

မူရင်းဝတ္ထု -The Good for Nothing Seventh Young Lady

ဘာသာပြန် -NEVER

အပိုင်း (၅)

မူလရှန်ယန်ရှောင်ဟာ မောင်နှမနှစ်ယောက်ရဲ့ မကြာခဏ အနိုင်ကျင့်မှုတွေကြောင့် ရှန်ကျူရဲ့ ကုသမှုကို မကြာခဏ ခံယူခဲ့ရသော လူနာဟောင်းတစ်ဦးလို့ ပြောလို့ရပါတယ်။

ရှန်ယန်ရှောင်အပေါ် ဆိုးရွားစွာပြောဆိုပြုမူမှု သိပ်မရှိတဲ့လူရှိပါက ရှန်ကျူလည်းအဲ့ထဲမှာပါဝင်ပါတယ်။

"ဦးလေးကျူ"

ရှန်ယန်ရှောင် တွေဝေတဲ့ပုံနဲ့ ရှန်ကျူကိုစိုက်ကြည့်တဲ့အချိန်မှာပဲ သူမရဲ့ပါးနပ်တဲ့ မျက်ဝန်းကို ဖုံးကွယ်ထားလိုက်ပါတယ်။

အရူးမလေးဖြစ်တဲ့ ခုနှစ်ယောက်မြောက်သခင်မလေးကို ကြည့်ပြီး ရှန်ကျူစိတ်ထဲ ကူရာမဲ့စွာခံစားလိုက်ရပါတယ်။သူ့မျက်နှာပေါ်မှာတော့ ကြင်နာစွာနဲ့ပြုံးနေလိုက်ပါတယ်။

အဲ့နောက်မှာတော့ သူပြောလိုက်တာက"ခုနှစ်ယောက်မြောက်သခင်မလေး၊သခင်မလေးဟာ အားမရှိသေးပါဘူး။အနားယူဖို့လိုပါသေးတယ်။ဦးလေးက သခင်မလေး အကြိုက်

ဆုံးမုန့်ယူလာခဲ့ပါတယ်"

ဇာမဏီမိသားစုရဲ့ အားထားရသူတစ်ဦးဖြစ်သူ ရှန်ကျူဟာ ဆေးစွမ်းထက်တဲ့ သမားတော်တစ်ဦးဖြစ်တာကြောင့် ရှန်ဖန်ရဲ့ အားကိုးအားထားပြုခြင်းကို ခံရသူပါ။ရှန်ကျူဟာ

ဆေးပညာအတွက် ကျားကုတ်ကျားခဲကြိုးစားခဲ့သူတစ်ဦး ဖြစ်သလို မိန်းမမယူဖူးသလိုသားသမီးလည်းမရှိသူပါ။သူမကြာခဏ ကုသပေးနေရတဲ့ ရှန်ယန်ရှောင်ကို သူ့ရဲ့ မြေးအရင်းအဖြစ်

သူသတ်မှတ်ထားပါတယ်။သူက ရှန်မိသားစုဝင်အစစ်မဟုတ်ပေမယ့်လည်း ရှန်ယန်ရှောင်ကိုတော့ တစ်ကယ်ဂရုစိုက်သူပါ။ရှန်ဖန်၏အမိန့်မရဘဲတော့ သူလည်းဘာမှဝင်စွက်ဖက်ခွင့် မရှိ

ပါ။

ရှန်ယန်ရှောင် ပျော်ရွှင်စွာ ပြုံးလိုက်ရင်း မုန့်ကိုလှမ်းယူလိုက်ပုံက သူမကိုယ်ပေါ်က နာကျင်မှုတွေဟာ မုန့်နဲ့ယှဉ်ပါက ဘာမှမဟုတ်တဲ့အတိုင်းပင်။

ပြောရမယ်ဆိုလျှင် သူမကို အခြေခံလိုအပ်ချက်တွေအားလုံးကို ထောက်ပံ့ပေးထားသော်လည်း သူမစားရသောက်ရတာတွေဟာ ဇာမဏီမိသားစုရဲ့ အနိမ့်ကျဆုံး အစေခံများ

စားရသည်တို့နှင့်အတူတူပင်ဖြစ်လေသည်။ထို့ကြောင့်လည်း အခုမုန့်က သူမအတွက်တော့ အခွင့်ထူးခံမုန့်တစ်ခုဖြစ်နေသည်။

သူ့ရှေ့က ကောင်စုတ်မလေးအားကြည့်ကာ ရှန်ကျူ သက်ပြင်းမောချမိပြန်သည်။သူသိထားသည်ကတော့ ကောင်မလေး၏ ဉာဏ်ရည်အရ စကားကို ရှုပ်ထွေးအောင်ပြောလို့

အဆင်မပြေ။အဲ့ဒါကြောင့် သူပြောပြီးသားတို့အား ပြန်ပြောရန်အတွက် မလိုအပ်ပေ။

"သခင်မလေး ဒီတစ်ခါကိစ္စမှာ သခင်ကြီး တစ်အားစိတ်ဆိုးနေလို့ ဦးလေးလည်းဘာမှ ကူညီမပေးနိုင်တော့ဘူး။အခုလောလောဆယ်တော့ ကျန်းမာဖို့ကိုပဲ ဂရုစိုက်နေပါဦး။

ဘာပဲဖြစ်ဖြစ်ပါလေ သခင်မလေးရဲ့ချိနဲ့နေပုံနဲ့ သခင်ကြီးဆီက အပြစ်ဒဏ်ခံယူဖို့ကလည်း မဖြစ်နိုင်တော့ ဦးလေး ကူပြီးတော့ပြောပေးကြည့်ပါမယ်လေ"

ရှန်ယန်ရှောင်ဟာ မျက်တောင်တောင်မခတ်ဘဲ မုန့်စားနေပေမယ့် ရှန်ကျူပြောသမျှစကား တစ်လုံးကိုမျှအလွတ်မခံဘဲ သေချာနားစွင့်ထားလေသည်။

ဇာမဏီမိသားစုရဲ့ သားရဲတွင်းဟာ မြေးများအားလုံးအတွက် ကန့်သတ်နယ်မြေတစ်ခုဖြစ်ပါတယ်။သူမကိုအသာထား ရှန်ကျီယီနဲ့ရှန်ကျီဝေတို့ပင် ဝင်ရောက်ခွင့်မရှိပေ။သူမ၏

ဖြတ်သန်းဝင်ရောက်မှုဟာ ရှန်ဖန်၏ အမိန့်ကိုဖီဆန်မှုပင်။အဲ့ဒီအပြင် ထိုငဆိုးနှစ်ယောက်က ရှန်ဖန်အား သူမကိုမေးမြန်းရန်မှာ သူ့တာဝန်ဖြစ်ကြောင်းသတိပေးကြသေးသည်။

သို့သော်လည်း အရင် ရှန်ယန်ရှောင်ဟာ ဘာလို့ အဲ့ထဲသွားရသလဲဆိုတာကိုတော့ အခု ရှန်ယန်ရှောင်မသိပေ။ထိုအချိန်ကဖြစ်ပျက်ထားသော မှတ်ဉာဏ်တို့သည်လည်း

တောင်စဉ်ရေမရပင်။နက်မှောင်မှုနဲ့ကြောက်ရွံ့မှုကလွဲလို့ သူမဘာကိုမှ မတွေ့ရပေ။

ရှန်ယန်ရှောင်အတွက် သေချာတာကတော့ ရှန်ဖန်ဟာ သူမကို ဂရုမစိုက်ဆိုတာကိုပင်။ဇာမဏီမိသားစုရဲ့အရှက်ရစေသူ သူမက သားရဲတွင်းသို့ဝင်မိလို့ အန္တရာယ်ဖြစ်မှာထက်

သူ၏ စကားကို မနာခံတာကိုပဲ စိုးရိမ်နေမှာပါ။

ကံကောင်းတာတစ်ခုက ရှန်ကျူဟာ သူမအတွက် အချိန်ဆွဲပေးထားလို့ပါပဲ။ရှန်ကျူ၏ အခုလို တစ်ကိုယ်ကောင်းမဆန်ဘဲနဲ့ ကူညီပေးမှုကြောင့်တင်ပဲ သူမအနေနဲ့ ရှန်ကျူကို

လူကောင်းတစ်ယောက်အဖြစ် သတ်မှတ်လိုက်ပါပြီ။

ရှန်ကျူဟာ ကုတင်ဘေးမှာထိုင်လိုက်ပြီး သူမကို ပြုစုပေးနေပြန်ပါတယ်။ရှန်ကျူအနေနဲ့တွေးတာကတော့ လေးနှစ်သမီးဉာဏ်ရည်သာရှိသော ကောင်မလေးကို စကားတွေ

ပြောနေတာဟာ အဆင်မပြေဘူးလို့တွေးမိနေပါတယ်။အချိန်အတော်ကြာအောင် ပြုစုကုသပေးပြီး ဘာပြသနာမှမရှိတော့ဟု စိတ်ချရမှ ပြန်ထွက်သွားပါတော့တယ်။

ရှန်ကျူထွက်သွားတာနဲ့တစ်ပြိုင်နက် သူမလည်းကုတင်ပေါ်က ဆင်းလိုက်ပါတယ်။

သူမဟာ စိတ်မရှည်စွာနဲ့ သူမကိုယ်ကို ပြန်စစ်ဆေးနေပါတယ်။သူမသေချာမှတ်မိနေတာက သတိမမေ့ခင် ဆယ့်ငါးမိနစ်လောက်မှာ ရှူက သူမရဲ့ ပထမအလွှာတားမြစ်မှုကို

အောင်မြင်စွာ ဖျက်ပေးလိုက်တာကိုပါ။ထို့အပြင် သူမကိုပြောသွားတာက သူမအနေနဲ့ အတွင်းအားနဲ့မှော်ပညာကို လေ့ကျင့်နိုင်ပြီလို့လည်း ပြောသွားပါသေးတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

မူရင်းစာရေးဆရာ - North Night

မူရင်းဝတ္ထု -The Good for Nothing Seventh Young Lady

ဘာသာပြန် -NEVER

အပိုင်း (၆)

လက်ဝါးအရွယ်ရှိ အမှတ်အသားမှာ နီဝင်းနေတဲ့ အရာတစ်ခု ပေါ်ပေါက်လာတာကို ထင်ရှားစွာ တွေ့နေရပါတယ်။ဒီအနီမှတ်ဟာ လက်သန်းလက်သည်းရဲ့ လေးပုံတစ်ပုံစာပဲ ရှိ

သော်လည်း သူမရဲ့ ပထမတားမြစ် အမှတ်ပျက်ပြယ်သွားလို့ဆိုတာကတော့ ဖော်ပြနေပါတယ်။

"အခုငါက အတွင်းအား ဒါမှမဟုတ် မှော်အစွမ်းကို လေ့ကျင့်လို့ရနိုင်ပြီပေါ့။ရှူက ရှင်းအောင်လည်းပြောမသွားဘူး"

ရှူရဲ့အကြောင်းဘာမှ မသိပေမယ့် အဲ့ဒီ မိစ္ဆာဆိုသူဟာ ပေါ့သေးသေးမဟုတ်မှန်းကို သူမ၏အတွင်းစိတ်ကနေ လက်ခံယုံကြည်နေပါတယ်။သနားစရာကောင်းတာတစ်ခုက

သူမဟာ ဒီလောကအကြောင်းကို ဘာမှနားမလည်တဲ့အပြင် အတွင်းအားနဲ့မှော်ပညာ အကြောင်းကိုလည်း နကန်းတစ်လုံးမှ နားမလည်ပါဘူး။

"မင်းသာ သဘောကျရင် နှစ်မျိုးလုံးကို သင်ယူလေ့ကျင့်တာကို လုပ်နိုင်ပါတယ်"ဟူသော ရှူ၏ အေးခဲနေသော အသံက ရှန်ယန်ရှောင်ရဲ့ ခေါင်းထဲမှာ ပေါ်ထွက်လာပါတယ်။

ရှန်ယန်ရှောင်ဟာ ရှူပြောတဲ့စကားရဲ့ ဆိုလိုရင်းကို တွေးတောလိုက်ပါတယ်။

အဲ့လိုက ဖြစ်နိုင်သလား.......

အရင်က ရှူပြောခဲ့တာတွေက ရှင်းလင်းမှုမရှိခဲ့ဘဲ သူမအနေနဲ့ အတွင်းအားနဲ့မှော်ပညာ အနက်က တစ်ခုကိုပဲ လေ့ကျင့်သင်ယူနိုင်တာလိုလို ပြောဆိုခဲ့တာပါ။

ဒိကိစ္စက တုန်လှုပ်စရာတစ်ခုပဲ

သူမခန္ဓာကိုယ်ပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေအရ ဒီလောကက လူတွေအနေနဲ့ နှစ်ခုထဲက တစ်ခုကိုပဲ ရွေးချယ်ရတာပါ။အတွင်းအားလေ့ကျင့်ဖို့ သင့်တော်တဲ့လူတွေဟာ ရုပ်ပိုင်း

ဆိုင်ရာကို လေ့ကျင့်ဖို့ အသား အရိုး အကြောတို့ကို သန်မာအောင်လေ့ကျင့်ရပြီးတော့ အတွင်းအားကို ထားရှိရမယ့်နေရာတွေဖြစ်တဲ့ ဒန်တီယန်(dantian)ဟုခေါ်သော ကိုယ်အတွင်း

ပိုင်းရှိ ချက်တစ်ဝိုက် ရင်ညွန့်နေရာနဲ့ ဦးခေါင်းပိုင်းနေရာတွေမှာ အတွင်းအားစုထားဖို့ လေ့ကျင့်ရတာပါ။(မူရင်းစာမှာက at the location of their dantian လို့ ရေးထားတာပါ။ရှာကြည့်

တော့ dantian ဆိုတာကို သုံးနေရာ ခွဲပြထားပြီး များသောအားဖြင့်တော့ ချက်တစ်ဝိုက်နေရာကို ရည်ညွှန်းကြပါတယ်။ကျွန်တော်လည်း ချက်တစ်ဝိုက်ကိုပဲ ညွှန်းဆိုသွားပါတော့မယ်)

မှော်ပညာအတွက်ကလည်း သင့်တော်သော လူတွေဟာ ရုပ်ပိုင်းဆိုင်ရာမှာ သန်မာမှုမရှိပေမယ့် စိတ်စွမ်းအားသန်မာသူတွေ ဖြစ်ပြီး ဓာတ်သဘာဝတွေကို ထိန်းချုပ်စေခိုင်း

နိုင်သူတွေ လေ့ကျင့်သင်ကြားကြတာပါ။

လောကကြီးက မျှတစွာနဲ့ သန်စွမ်းတဲ့ခန္ဓာကိုယ်ပိုင်ရှင်ကို မက်လောက်စရာ စိတ်စွမ်းအားမပေးလိုက်သလို စိတ်စွမ်းအားပိုင်ရှင်တွေကိုလည်း သန်စွမ်းတဲ့ကိုယ်လုံး မပေးခဲ့

ပါဘူး။အဲ့ဒီတော့ ကွမ်းမင်တိုက်မှာ နှစ်ရာချီကြာသည့်တိုင်အောင် ဘယ်သူမှ အတွင်းအားရော မှောပညာကိုရော ပေါင်းပြီး လေ့ကျင့်တတ်စွမ်းသူ မပေါ်ပေါက်ခဲ့ပါဘူး။အဲ့ဒါတင်မကသေး

တာက တစ်ယောက်ယောက်ဟာ အဆင့်တစ်ခုအထိ ရောက်ချင်တယ်ဆိုပါကလည်း တစ်ခုတည်းကိုပဲ အာရုံစိုက်လေ့ကျင့်သွားဖို့ အင်မတန်လိုအပ်ပါတယ်။ပညာတစ်ခုအပေါ်မှာ တိုး

တက်မှု ရရှိချင်လျှင် အချိန်ပေးဖို့လိုသလို အားထည့်လေ့ကျင့်ဖို့လည်းလိုအပ်ပါတယ်။နှစ်ခုလုံးကို လေ့ကျင့်နိုင်သူပေါ်ထွက်ဖို့အသာထား နှစ်မျိုးလုံးကို တစ်ပြိုင်တည်း လေ့ကျင့်ချင်နေ

ပါက ရူးနှမ်းနေလို့ပါပဲ။

"ရှင်ပြောချင်တာက ကျွန်မအနေနဲ့ နှစ်မျိုးလုံးကို လေ့ကျင့်လို့ ရတယ်ပေါ့။ဒါပေမယ့်လည်း ကျွန်မက ဆယ့်လေးနှစ်ပြည့်နေတာတောင် ပညာရပ်နှစ်ခုလုံးအပေါ်မှာ ဘာမှ သိ

ထားနားလည်ထားတာမှ မရှိတာ။နှစ်ခုလုံးကို လေ့ကျင့်နေချင်ရင် ကျွန်မကိုယ်ကျွန်မ ဒုက္ခရှာနေတာနဲ့ ဘာမှကွာမှာမဟုတ်ဘူးလေ"

ရှန်ယန်ရှောင်ကို စိတ်ဓာတ်ကျစေတာတစ်ခုက ကွမ်းမင်တိုက်ပေါ်မှာ ပညာရပ်တစ်ခုကို ရွေးချယ်လေ့ကျင့်သူတွေဟာ သိတတ်နားလည်တတ်စတည်းက စတင်လေ့ကျင့်

သင်ကြားခဲ့ကြပေမယ့် သူမကတော့ အခုအရွယ်ထိ ဘာမှသိရှိနားလည်ထားခြင်း မရှိသေးတာကိုပါပဲ။အခုအချိန်မှ စလေ့လာမယ်ဆိုတာတောင် တော်တော်လေး နောက်ကျနေပါပြီ။

နှစ်မျိုးလုံးကို သင်ယူမယ်ဆိုတာဟာ သူမကိုယ်သူမ လှေင်ပြောင်နေတာနဲ့မထူးပါဘူး။

"မင်းအတွက် သင်ယူဖို့ ဖြစ်နိုင်ပါတယ်" ရှူရဲ့ အေးစက်စက် အသံက ထွက်ပေါ်လာပါတယ်။

"မင်းခန္ဓာရဲ့ သန်စွမ်းမှုက တခြားဘယ်သူနဲ့မှ မတူဘဲကွဲပြားနေတဲ့အပြင် ငါ့အကူအညီနဲ့သာဆိုရင် ပြသနာတစ်ခုမှ ရှိမှာမဟုတ်ဘူး"

ရှန်ယန်ရှောင် ပျော်ရွှင်သွားပါတယ်။ဘာလို့များ မိစ္ဆာဖြစ်သူ ရှူဟာ နက်နဲတဲ့ အစွမ်းရှိတာကို သူမ မေ့လိုက်မိပါလိမ့်။စိတ်ဝိဉာည်တစ်ခုတည်းနဲ့ တစ်ခြားလူတစ်ယောက်ကိုယ်

မှာ ဆယ်နှစ်ကျော်ကြာအောင် နေထိုင်လာနိုင်သူတစ်ယောက်ဟာ သာမန်လူမဟုတ်တာ အသေအချာပါပဲ။

နောက်ဆုံးမှာတော့ ရှန်ယန်ရှောင် အနေနဲ့ မည်သူ့အပေါ်မှ မှီခိုအားထားဖို့ မလိုတော့တာသေချာသွားသလို သူမအတွက် ဘာပြသနာမှ မရှိနိုင်တော့ပါဘူး။သူမကိုယ်သူမသာ

စွမ်းအားကြီးမားလာအောင် မလုပ်နိုင်ခဲ့ပါက ငတုံးမဆိုတဲ့ အမည်ကို သူမပုခုံးထက်မှာ ထမ်းတင်ထားပြီး တစ်ဘဝလုံးနေထိုင်သွားရတော့မှာက အသေအချာပါပဲ။

အဲ့လိုနေဖို့ရာက သူမလိုချင်နေတဲ့ပုံစံတော့ မဟုတ်တာသေချာပါတယ်။

"ရှင်က ကျွန်မကို အတွင်းအားနဲ့မှော်အတတ်ကို သင်ပေးမှာ ဟုတ်လားဟင်"ဟု ပြုံးလျက်မေးလိုက်ပါတယ်။

"မင်းမှာ သင်ယူနိုင်စွမ်းရှိနေသရွေ့ ငါ့တစ်ဘဝလုံး သင်ယူတတ်မြောက်လာသမျှကို မင်းအတွက် ဒုတိယလက်ဆောင် အဖြစ် ပြန်သင်ပေးမှာပါ"လို့ပြောလိုက်တဲ့ ရှူရဲ့ အသံမှာ

ဖြစ်တန်စွမ်းတွေ အကန့်အသတ်မဲ့စွာ ပါဝင်နေသော်လည်း အေးစက်စွာပြောဆိုပုံက ဒေါသထွက်စရာ ကောင်းလှပါတယ်။

"အဲ့လိုဆိုရင်တော့ ကျွန်မဖက်ကတော့ ကျွန်မတို့နှစ်ယောက်လုံး ပျော်ရွှင်ကျေနပ်စွာ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ ဆန္ဒရှိပါတယ်"လို့ ညစ်ကျယ်ကျယ်ပြုံးလိုက်ရင်း ပြောလိုက်ပါ

တော့တယ်။ရှူရဲ့ အစွမ်းအစနဲ့သာဆိုလျှင် သူမအနေနဲ့ သူမရဲ့လုပ်ဆောင်နိုင်မှုကြောင့် ငတုံးမတစ်ယောက်လို တစ်သက်လုံး နေထိုင်သွားစရာ လိုပါဦးမလား.........

All Chapters