အခန်း (၁၀-၁၂)
Vol. 1 Ch. 10-12
ကောင်းကျိုးမပေးသော သမီးပျို
မူရင်းစာရေးဆရာ - North Night
မူရင်းဝတ္ထု -The Good for Nothing Seventh Young Lady
ဘာသာပြန် -NEVER
အပိုင်း (၁၀)
"ရှန်လင်း"လို့ ရှန်ဖန်အော်လိုက်ပါတယ်။
"သား ဒီမှာရှိပါတယ်"
အသက်၄၀နည်းနည်းကျော်မယ့် အနိမ့်ပိုင်းမှာထိုင်နေသူ လူလတ်ပိုင်းတစ်ယောက်ဟာ အရိုအသေပေးရင်း ပြောလိုက်ပါတယ်။
"မင်းက သားရဲတွင်းကို ကြီးကြပ်ဖို့တာဝန်ရှိတဲ့လူပဲ။အဲ့ဒီနေ့မှာ ဘာတွေ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကို ရှင်းပြစမ်း"ဟု ပြောရင်း ရှန်ဖန်ဟာ ရှန်လင်းအား တည်ကြည်စွာ ကြည့်
ရင်း ပြောလိုက်ပါတယ်။ထိုပညာဉာဏ်ရှိပြီး ရည်ရှည်ကိုမြင်တတ်သော အကြည့်တွေထဲမှာ သားအဖကြားက ပျော့ပြောင်းမှုကိုမတွေ့ရဘဲ ခေါင်းဆောင်တစ်ယောက်ရဲ့ ပုံစံကိုသာ မြင်ရ
ပါတယ်။
ရှန်ယုမရှိတော့တဲ့အတွက် သားလေးယောက်အနက် အငယ်ဆုံးဖြစ်သော ရှန်လင်းဟာ အတင်းပြုံးလိုက်ရပါတယ်။ရှန်ယုနဲ့ယဉ်လျှင်တော့ စာပေနဲ့အတိုက်အခိုက်မှာ သူက ပို
နိမ့်ကျပါတယ်။သာမန်နေ့ရက်တွေမှာ သူဟာ ရှန်ဖန်အတွက် ဘာမှ အလေးထားစရာလူမဟုတ်ပါဘူး။ဒီတစ်ခါဖြစ်ခဲ့တဲ့ ပြဿနာကတော့ သူကြီးကြပ်နေရတဲ့နေရာမှာ ဖြစ်ပျက်ခဲ့ပါပြီ။
"မိသားစုခေါင်းဆောင်ကို ပြန်တင်ပြရမယ်ဆိုလျှင်တော့ အဲ့ဒီနေ့မှာ ကျွန်တော်ဟာ ကိစ္စတစ်ချို့အတွက် အိမ်တော်မှာမရှိဘဲ အပြင်ကိုထွက်သွားခဲ့ပါတယ်။ကျွန်တော့လက်
အောက်ကတပည့်သုံးယောက်ဖြစ်တဲ့ အစောင့်တပ်ဖွဲ့ဝင်တွေက သားရဲတွင်းကို စောင့်ကြပ်ခဲ့ကြတာပါ။ကျွန်တော်ပြန်ရောက်လာချိန်မှာတော့ သားရဲတွင်းထဲကို တစ်ယောက်ယောက် ဝင်
ရောက်ကျူးကျော်ခဲ့တယ် ဆိုတာကို သူတို့ကသတင်းပို့ခဲ့ပါတယ်"လို့ပြောရင်း ရှန်လင်းဟာ ချွေးစေးတွေကို သုတ်လိုက်ပါတယ်။သားရဲတွင်းထဲကို ကျူးကျော်ဖြတ်သန်းမှုဟာ ပြဿနာ
လေး မဟုတ်ပေမယ့်လို့ သားရဲတွင်းထဲက မှော်သားရဲတွေဟာ ပိုထိတ်လန့်ဖို့ ကောင်းလို့ပါ။အဲ့ဒီနေ့မှာပဲ ဇာမဏီမိသားစုရဲ့ ထိပ်တန်းတပ်ဖွဲ့တွေရဲ့ အသက်ပေါင်း တစ်ရာလောက် ရင်းနှီး
ပြီးမှသာ ထိုသားရဲတွေကို ပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
အချက်အလက်အရဆိုလျှင်တော့ ထိုကိစ္စကို သိသူဟာ ရှန်ဖန်နဲ့ရှန်လင်းနှစ်ဦးသာ ရှိပါတယ်။ရှန်ဖန်အနေနဲ့ သားရဲတွင်းထဲကို ရှန်ယန်ရှောင် ကျူးကျော်ဝင်ရောက်တဲ့ ကိစ္စကို
အခုလိုမျိုး အစည်းအဝေးကြီးလုပ်ကာ မေးမြန်းနေရခြင်းဟာလည်း အဲ့အတွက်ပဲဖြစ်ပါတယ်။ရှန်ဖန်ကို တွေဝေစေတာက အဲ့ကိစ္စဟာ ဇာမဏီမိသားစုဝင်တွေအနေနဲ့ လုပ်ရဲမယ်မထင်
ထားလို့ပါ။
"အဲ့နေ့ကစောင့်ကြပ်ရတဲ့လူ အခုရှိသလား"လို့ ရှန်ဖန်မေးလိုက်ပါတယ်။
ရှန်ဖန်အဲ့လို မေးလိုက်တာနဲ့တစ်ပြိုင်နက် အဆောင်အတွင်းက လူတွေအားလုံးကို ကြောင်တောင်တောင်ဖြစ်သွားစေပါတယ်။
ဒီကိစ္စကို အနှစ်ချုပ်လိုက်ရင် ရှန်ယန်ရှောင် ခိုးဝင်ခဲ့လို့ဖြစ်ခဲ့ရတာလေ။အကျိုးသင့်အကြောင်းသင့်ဆိုရင် ရှန်ဖန်အနေနဲ့ ရှန်ယန်ရှောင်ကို ပြစ်ဒါဏ်သတ်မှတ်လိုက်ရင် ပြီးပြီလေ။
မမျှော်လင့်ဘဲ ရှန်ဖန်ဟာ ပြဿနာဖြစ်ရတဲ့ အကြောင်းရင်းမှန်ကို မသိရဘဲနဲ့ အဆုံးသတ်တော့မှာ မဟုတ်ဘဲ အားလုံးကို စုံစမ်းတော့မယ့်ပုံပါပဲ။ဒီကိစ္စက သံသယဝင်စရာလည်း ကောင်း
ပါတယ်။လူတိုင်းတွေးမိနေတာက ရှန်ယန်ရှောင်က ဘယ်လိုလုပ်သားရဲတွင်းထဲကို ခိုးဝင်နိုင်မှာလဲဆိုတာကိုပါ။
ရှန်ကျီယီနဲ့ရှန်ကျီဝေတို့နှစ်ယောက်မျက်နှာဟာ လူသေကဲ့သို့ဖြူဖွေးသွားကာ ကြောက်ရွံ့နေကြပါတော့တယ်။သူတို့နှစ်ယောက်ဟာ ဒီကိစ္စအပေါ်မှာ ရှန်ဖန်အနေနဲ့ အတွင်းကျ
ကျ စစ်ဆေးသွားမယ်လို့ မတွေးခဲ့မိကြပါဘူး။အဲ့ဒီနေ့မှာ ရှန်ယန်ရှောင်အား သားရဲတွင်းထဲကို လှည့်စားကာဝင်ရောက်စေဖို့ အစောင့်တာဝန်ကျသုံးယောက်ကို အဲ့မှာမရှိအောင် သူတို့
လုပ်ဆောင်ထားခဲ့ကြတာပါ။အဲ့ဒါမှသာ ငတုံးမကို လှည့်ဖျားပြီး သားရဲတွင်းထဲကို ဝင်ခိုင်းလို့ရမှာကိုး။
ဒီလိုအချိန်မှာပဲ ရှန်ဖန်က အစောင့်သုံးယောက်ကို မေးခွန်းတွေမေးမယ်လုပ်နေတယ်လေ။တစ်ကယ်လို့သာ အစောင့်တွေက သူတို့အကြောင်းကို ပြောပြလိုက်မယ်ဆိုရင်
အဖိုးဖြစ်သူရဲ့ ဉာဏ်ထက်မြက်မှုအရ ဘယ်လိုဖြစ်မယ်ဆိုတာကို ရှန်ဖန်ခန့်မှန်းနိုင်သွားမှာပါ။အဲ့လိုဆိုရင် သူတို့နှစ်ယောက်အတွက် ပြဿနာဖြစ်ပါပြီ။
ဒီအချိန်မှာတော့ ရှန်ကျီယီနဲ့ရှန်ကျီဝေတို့ နှစ်ယောက်လုံးဟာ အဖိုးဖြစ်သူ ရှန်ဖန်အနေနဲ့ သားရဲတွင်းကိစ္စကို ဒီလောက်အထိ အရေးထားမယ်ဆိုတာ မတွေးမိခဲ့တဲ့အတွက် အ
လွန်ပဲ နောင်တရနေပါတော့တယ်။သူတို့ထင်ထားခဲ့တာက ရှန်ယန်ရှောင်ပါးစပ်ပိတ်ထားဖို့ ပြောပြီးတာနဲ့ ပြီးပြီလို့ထင်ခဲ့ကာ ဘာမှစိုးရိမ်မနေခဲ့ပါဘူး။အခုကျတော့ ရှန်ဖန်က ဒီလိုမေးလိုက်
မယ်လို့ ဘယ်တွေးခဲ့မိပါ့မလဲ။
သူတို့မျက်နှာပေါ်က ဝံ့ကြွားမှုတွေအကုန်ပျောက်လို့ ထိတ်လန့်စိုးရိမ်နေမှုတွေပဲ ရှိပါတော့တယ်။
ရှန်ကျီယီနဲ့ရှန်ကျီဝေရှေ့တွင်ထိုင်နေတဲ့ သက်လတ်ပိုင်းအရွယ် ရှန်ယူတစ်ယောက် သူ့သားသမီးနှစ်ယောက်ရဲ့ ပုံစံကြောင့် ဘယ်လိုဖြစ်ခဲ့တာလဲဆိုတာကို အကြမ်းဖျဉ်း ခန့်
မှန်းမိလိုက်ပါတယ်။မျက်မှောင်ကြုံ့လိုက်မိပေမယ့် ဘာမှတော့ မပြောခဲ့ပါဘူး။
သားရဲတွင်းကို စောင့်ဖို့တာဝန်ကျတဲ့ လက်ရွေးစင်အစောင့်တပ်ဖွဲ့ဝင် သုံးယောက်ကို ရှန်ဖန်ရှိရာသို့ ခေါ်ဆောင်လာခဲ့ကြပါတယ်။အစောင့်သုံးယောက်စလုံး ဒူးထောက်အရိုအ
သေ ပေးကာ ခေါင်းဆောင်မေးမြန်းလာမှာကို စောင့်နေကြပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
မူရင်းစာရေးဆရာ - North Night
မူရင်းဝတ္ထု -The Good for Nothing Seventh Young Lady
ဘာသာပြန် -NEVER
အပိုင်း (၁၁)
"အဲ့နေ့မှာ ဘယ်လိုဖြစ်ခဲ့တာလဲကွ။စည်းမျဉ်းတွေက ဘာဖြစ်သွားရလို့ မင်းတို့က လူတစ်ယောက်ကို အဲ့ထဲ ဝင်ဖို့လွှတ်ပေးခဲ့ရတာလဲဟေ့"လို့ ဒီမေးခွန်းလေး မေးဖို့အတွက်
လောက်နဲ့ သူ့အဖေကိုယ်တိုင်မေးခိုင်းရန် မသင့်တော်တဲ့အတွက် ရှန်လင်းက ဝင်မေးလိုက်ပါတော့တယ်။
အစောင့်သုံးယောက်လုံးလည်း ဒီကိစ္စဟာ ထင်သလောက် မရိုးရှင်းဘူးဆိုတာ နားလည်လိုက်လို့ သတိထားဖြေဖို့လုပ်ထားကြပါတယ်။
"အဲ့နေ့မှာ ဒီကတပည့်ဖြစ်သူကျွန်တော့်အနေနဲ့ သတ္တမသခင်မလေးကို ဝင်စေဖို့ရည်ရွယ်ချက်မရှိခဲ့ပါဘူး။ဒါပေမယ့်လည်း သတ္တမသခင်မလေး သားရဲတွင်းထဲ ဝင်နေချိန်မှာ
ကျွန်တော်တို့အားလုံး သားရဲတွင်းမှာ စောင့်မနေခဲ့ပါဘူးခင်ဗျာ"ဟု အစောင့်တစ်ယောက်က သတိထားကာ ဖြေဆိုလိုက်ပါတယ်။
"သားရဲတွင်းမှာရှိမနေခဲ့ဘူးဟုတ်လား။ဒါဆို မင်းတို့ကောင်တွေ ဘယ်သွားကြတာလဲ။သားရဲတွင်းတာဝန်ကျသူတွေဟာ တာဝန်ချိန်အတွင်းမှာ ခွင့်ပြုချက်မရဘဲ ဘယ်မှမသွား
ရဘူးဆိုတာကို မင်းတို့မသိကြဘူးလားကွ"လို့ ဒေါသတကြီးနဲ့ ရှန်လင်းမေးလိုက်ပါတယ်။
မှော်သားရဲတွေကိုဖမ်းဆီးထားရာ သားရဲတွင်းဟာ ဇာမဏီမိသားစုရဲ့ တားမြစ်နယ်မြေပါ။စောင့်ကြပ်ရသူတွေဖြစ်တဲ့ လက်ရွေးစင်အစောင့်တပ်သားတွေအနေနဲ့ မိသားစုအ
တွင်းက လူတွေ ခွင့်ပြုချက်မရဘဲ ဝင်ခွင့်မပေးဖို့အပြင် တခြားမိသားစုတွေက သားရဲတွင်းကို ဖျက်လိုဖျက်စီးလုပ်ဆောင်မှုကနေလည်း ကာကွယ်ရပါတယ်။အစောင့်တစ်ယောက်အနေ
နဲ့ စောင့်ကြပ်ရမယ့်နေရာမှာ မရှိတာဟာ တာဝန်ပျက်ကွက်တာပါပဲ။
အဲ့အစောင့်တွေဟာ သူတို့အပြစ်ကနေမလွတ်မှာ စိုးရိမ်တာကြောင့် မြန်မြန်ဖြေလိုက်တာကတော့"ဒါက ကျွန်တော့်ရဲ့ ပျက်ကွက်မှုဆိုတာနားလည်ပါတယ် ဒါပေမယ့်လည်း
အဲ့နေ့မှာ ပဉ္စမသခင်မလေးနဲ့ ဆဋ္ဌမသခင်လေးတို့က ကျွန်တော်တို့ကူညီပေးရမယ့် ကိစ္စတစ်ခုရှိနေတယ်ဆိုပြီး အတင်းအကြပ်ပြောနေတာကြောင့် ကျွန်တော်တို့လည်း.........."ဟု
ဖြေလိုက်ပါတယ်။
ထိုစကားသံထွက်လာပြီးတဲ့အခါမှာတော့ အဆောင်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားပါတော့တယ်။နောက်ပြီး အားလုံးရဲ့ အကြည့်တွေဟာ ထိုမောင်နှမနှစ်ယောက်ဆီကို ရောက်
သွားပါတော့တယ်။
ထိုနှစ်ယောက်ကတော့ မလုံတဲ့အိုးတုတ်နဲ့မိုးရုံနဲ့ပွင့်ဆိုသော စကားလိုပဲ အစတည်းက ထိတ်လန့်နေရာ အခုလိုဖြစ်သွားတဲ့အခါမှာ လုံးဝဆောက်တည်ရာမရဖြစ်နေပါပြီ။
"ဒီလိုအဖြစ်မျိုး ဖြစ်ခဲ့သလား"လို့ ရှန်ဖန်ဟာ မျက်နှာထားတည်တည်နဲ့ မေးလိုက်ပါတယ်။
"ဘဘ..." ရှန်ကျီယီဟာ ငြင်းဆန်ဖို့လုပ်လိုက်ပေမယ့် မည်ကဲ့သို့ ပြောရမလဲကို မသိတော့ပါဘူး။
ရှန်ကျီဝေကတော့ လည်လိမ်ထားတဲ့ကြက်လို ခေါင်းငိုက်စိုက်သာဖြစ်နေပါတယ်။
ဒီအချိန်မှာပဲ တစ်ချိန်လုံးတိတ်တိတ်နေခဲ့တဲ့ ရှန်ယူက မတ်တပ်ရပ်လိုက်ပြီး ရှန်ဖန်အားရိုသေစွာပြောလိုက်တာကတော့"မိသားစုခေါင်းဆောင်ကို တင်ပြရမယ်ဆိုလျှင် ဒီကလေး
နှစ်ယောက်ဟာ နောက်တစ်လဆိုရင် ဆယ့်ခြောက်နှစ်ပြည့်တော့မှာပါ။အဲ့ဒါကြောင့် ဒီအတောအတွင်းမှာ သူတို့နှစ်ယောက်က မှော်သားရဲတွေအကြောင်းကို သိရှိနားလည်ဖို့ သည်းကြီး
မည်းကြီး လေ့လာဆည်းပူးနေကြတာပါ။အဲ့နေ့မှာ ဒီမလိမ်မိုးမလိမ်မာကလေးနှစ်ယောက်ဟာ အစ်ကိုငါးဆီကိုသွားကာ မှော်သားရဲတွေနဲ့ ပတ်သတ်တဲ့အကြောင်းတွေကို မေးမြန်းဖို့ ကြံ
ရွယ်ထားကြပါသော်လည်း အစ်ကိုငါးက အိမ်မှာမရှိခဲ့ပါဘူး။ဒါကြောင့်လည်း ကလေးနှစ်ယောက်က ဒီအကြောင်းနဲ့ပတ်သတ်လို့ ကူညီပေးနိုင်တဲ့ လက်ရွေးစင် အစောင့်တွေဆီ သွားကာ
အကူအညီတောင်းခဲ့ကြတာပါ။သူတို့မထင်ထားခဲ့တာက ဒီအခွင့်အရေးကိုယူလို့ သားရဲတွင်းထဲကို ဝင်ရောက်ချင်သူအတွက် လမ်းကြောင်းရသွားစေပြီး သူတို့နှစ်ယောက်ဟာ ပြင်းထန်တဲ့
အမှုကိုကျူးလွန်ခဲ့ကြပါတယ်။ဒီအတွက် မိသားစုခေါင်းဆောင်အနေနဲ့ ပြင်းထန်စွာပြစ်ဒါဏ်ချမှတ်ဖို့ တောင်းဆိုပါတယ်"
ထိုကဲ့သို့ ဖြောင့်မတ်မှန်ကန်ပြီး ရိုးရှင်းစွာနဲ့ ပြောသွားတဲ့ရှန်ယူရဲ့ သားသမီးနှစ်ဦးအပေါ်အပြစ်သတ်မှတ်ရန် ပြောသွားပုံက ရှန်ဖန်ရဲ့မျက်နှာကို အနည်းငယ် ပြေလျော့သွားစေ
ပါတယ်။
ရှန်ကျီယီတို့နှစ်ယောက်ကတော့ လုံးဝကို ကြောက်လန့်နေပါပြီ။သူတို့ထင်ထားခဲ့တာက ဖခင်ဖြစ်သူဟာ သူတို့အတွက်ပြောပေးမယ်လို့ထင်ခဲ့ပေမယ့် ပြင်းထန်စွာပြစ်ဒါဏ်
သတ်မှတ်ဖို့တောင်းဆိုလိုက်တာက သူတို့မထင်မှတ်ခဲ့တဲ့အရာပါ။
မိသားစုဝင်တွေရဲ့ ရှေ့မှောက်မှာ သူ့မိသားစုဝင်တွေကို အလေးမထားဘဲ ဖြောင့်မတ်မှန်ကန်ကို ပိုရေးပေးတဲ့ဖခင်ဖြစ်သူအဖြစ်နေခဲ့ပါတယ်။
အဆောင်ကြီးအတွင်းမှ လူတွေကတော့ ရှန်ယူရဲ့ ယခုလို ဖြောင့်မတ်တဲ့ဖခင်တစ်ဦးလို ပြောဆိုသွားမှုအတွက် သက်ပြင်းများချမိသလို သူပြောသွားတဲ့ ဖြေရှင်းချက်တွေကို
လည်းယုံကြည်မိကြပါတယ်။
ကွမ်းမင်တိုက်အတွင်းမှာ ဆယ့်ခြောက်နှစ်ပြည့်တော့မယ် လူငယ်တွေအနေနဲ့ အထူးအခမ်းအနားတစ်ခုကို ဖြတ်ကျော်ရပြီး အဲ့နေ့မှာပဲ သူတို့တစ်ဘဝလုံးမှာ ပထမဆုံးဖြစ်တဲ့
မှော်သားရဲကို ပိုင်ဆိုင်ရမှာပါ။ဒါကြောင့်လည်း ရှန်ကျီဝေတို့နှစ်ဦးလုပ်ရပ်တွေကို နားလည်ပေးလို့ ရပါတယ်။ဘာလို့လဲဆိုတော့ သူတို့အကုန်လုံးလည်း ဒီကိစ္စကို လုံးဝအရေးကြီးတယ်လို့
ခံယူသတ်မှတ်ထားကြလို့ပါ။
ဒီလောကမှာက အတွင်းအားနဲ့မှော်အတတ်ကို လူတစ်ယောက်ရဲ့လုပ်နိုင်စွမ်းလို့ သတ်မှတ်ထားပြီး မှော်သားရဲကိုတော့ သူတို့ဘဝရဲ့ တိုက်ဖော်တိုက်ဖက်အဖြစ် သတ်မှတ်
ထားကြပါတယ်။သူတို့ရဲ့ အတွင်းအားနဲ့မှော်အတတ်က အထောက်အကူမရတဲ့နေရာတွေမှာ မှော်သားရဲကို လုပ်ဆောင်ခိုင်းလို့ ရပါတယ်။သူတို့အစွမ်းအစလောက်နဲ့ မကျော်ဖြတ်နိုင်တဲ့
အန္တရာယ်တွေကို ရင်ဆိုင်ရတဲ့အချိန်မှာ မှော်သားရဲရဲ့သာလွန်တဲ့ စွမ်းပကားနဲ့ ကျော်ဖြတ်လို့ ဖြစ်နိုင်ပါသေးတယ်။
ကောင်းကျိုးမပေးသော သမီးပျို
မူရင်းစာရေးဆရာ - North Night
မူရင်းဝတ္ထု -The Good for Nothing Seventh Young Lady
ဘာသာပြန် -NEVER
အခန်း (၁၂)
တစ်ယောက်ယောက်ရဲ့ စွမ်းအားကို တိုင်းတာမယ်ဆိုပါက ထိုသူရဲ့ အတွင်းအား သို့မဟုတ် မှော်အတတ်ကို ၄၀ရာခိုင်နှုန်းအဖြစ်သာ သတ်မှတ်လို့ရပြီး မှော်သားရဲတစ်ကောင်
ကိုတော့ စွမ်းတာမစွမ်းတာထား ၃၀ရာခိုင်နှုန်းလို့ သတ်မှတ်ကာ ကျန်ရှိတဲ့ ၃၀ရာခိုင်နှုန်းကိုတော့ လက်နက်ပစ္စည်းတွေပေါ်မှာ မူတည်ပါတယ်။
အခုခေတ်မှာ ကောင်းမွန်တဲ့လက်နက်ပစ္စည်းတွေဟာ ရှားပါးနေတဲ့အတွက်ကြောင့် မိမိရဲ့ အတွင်းအားနဲ့မှော်အတတ်ရယ် မှော်သားရဲရယ်က ငါးဆယ်ရာခိုင်နှုန်းဆီအဖြစ်
ပြောင်းလဲ လက်ခံသတ်မှတ်ထားကြပါပြီ။
ဒီအတွက်ကြောင့်လည်း လူတစ်ယောက်စီတိုင်းမှာ အားကိုးရလောက်တဲ့ မှော်သားရဲကို ပိုင်ဆိုင်ထားတာဟာ အရေးကြီးတဲ့ရည်မှန်းချက်တစ်ခုအဖြစ် အစွမ်းရဖို့ လေ့ကျင့်ရာ
လမ်းကြောင်းပေါ်ကို လျှောက်လှမ်းသူတိုင်းက သတ်မှတ်လက်ခံထားကြပါတယ်။
ဒါကြောင့်မို့ လူတိုင်းက ရှန်ယူရဲ့အကြောင်းပြ ပြောဆိုချက်ကို လက်ခံထားကြပေမယ့် လူတစ်ယောက်ကတော့ လက်ခံယုံကြည်မှုမရှိဘဲ နှာခေါင်းရှုံ့နေပါတော့တယ်။
ထိုလူကတော့ အဓိကလူဖြစ်သော ရှန်ယန်ရှောင်ပါပဲ။
သူမဒီအထဲကိုရောက်ပြီးတည်းက ရှန်ဖန်ရဲ့ ပထမဆုံးစကားကလွဲလို့ ကျန်တဲ့ကိစ္စမှန်သမျှဟာ သူမနဲ့ဘာမှမသက်ဆိုင်သလို နေနေပါတယ်။ကြည့်ရတာကတော့ ရှန်ကျီယီတို့
နှစ်ယောက်လည်း ဒီအဖြစ်ထဲကို ရောက်လာပြီနဲ့တူပါတယ်။ရှန်ယူရဲ့ အပြုအမူတွေဟာ တွေးစရာ ပိုကောင်းလာပါတယ်။
အပေါ်ယံကြည့်လျှင်တော့ ရှန်ယူကဖြောင့်မတ်စွာ လုပ်ဆောင်နေတယ်လို့ထင်ရမှာပါ ဒါပေမယ့် တစ်ကယ့်အဖြစ်ကတော့ ရှန်ယူဟာ သူမအား သားရဲတွင်းထဲ ဝင်ခိုင်းခဲ့သူတွေ
ဟာ ရှန်ကျီဝေတို့နှစ်ယောက်မဟုတ်ကြောင်းကို ဖယ်ထုတ်သွားတာပဲဖြစ်ပါတယ်။ဒါ့အပြင် လူတွေက ရှန်ကျီဝေတို့နှစ်ယောက်ရဲ့ လုပ်ဆောင်ခဲ့မှုတွေက သူတို့ကိုယ်သူတို့ တိုးတက်မှုရရန်
လုပ်ဆောင်ခဲ့ကြတာလို့ လက်ခံသတ်မှတ်လိုက်ကြမှာပါ။တစ်ခြားတစ်ဖက်မှာကတော့ သူမက ဒီအခွင့်အရေးကို အသုံးချကာ သားရဲတွင်းထဲကို ကျူးကျော်ခဲ့သူအဖြစ် သတ်မှတ်ခံရတော့
မှာပေါ့လေ။
အဲ့လိုရိုးရှင်းတဲ့ စကားလုံးလေးတွေကို တွေးရင်တွေးသလောက် အနက်ကောက်ယူလို့ရပါတယ်။ဒီ ရှန်ယူဆိုသူဟာ လုံးဝလျှော့တွက်လို့ ရတဲ့လူမဟုတ်ဘူး။
ရှန်ဖန်ကတော့ ရှန်ယူရဲ့တောင်းဆိုချက်ကို ချက်ခြင်းဆုံးဖြတ်မပေးသေးဘဲနဲ့ ထိုမောင်နှမအား အကဲခတ်နေပါတယ်။
"ဦးလေးသုံးရဲ့ ဖြောင့်မတ်ရိုးရှင်းမှုက လူတွေရဲ့ လေးစားမှုကို ရလိုက်တာပဲ"ဆိုသော စကားသံက ရုတ်တရက်ထွက်ပေါ်လာပါတယ်။
ပြောလိုက်တဲ့ လူငယ်လေးမျက်နှာဟာ ကျောက်ဖြူကဲ့သို့ ဖြူဖွေးဝင်းမွတ်နေပါတယ်။သူဟာ သူ့အဖေရဲ့ နောက်ကနေ ဖြည်းညင်းစွာ လျှောက်လှမ်းခဲ့ပါတယ်။ရှန်ယူကတော့
လေးနက်စွာပဲ ပြုံးနေပါတယ်။ထိုလူငယ်လေးကတော့ မောင်နှမနှစ်ယောက်ထက် အနည်းငယ်အသက်ကြီးပေမယ့် ရှန်ကျီဝေထက် ပိုကြည့်ကောင်းပါတယ်။ထိုကဲ့သို့ ချောမောခြင်းအပြင်
အေးဆေးတဲ့အပြုံးက သူ့အားခင်မင်လိုစိတ်တို့ ဖြစ်ပေါ်စေပါတယ်။
သူ့ကိုတွေ့လိုက်ရလို့ ရှန်ယူမျက်မှောင်ကုပ်လိုက်မိပေမယ့် စိတ်ထဲကတော့ ဟင့်ကနဲ လုပ်လိုက်ပါတယ်။
ရှန်ယိဖန်။တတိယမျိုးဆက်ရဲ့ အသန်မာဆုံးတွေထဲကတစ်ယောက်ပေါ့။အသက်၁၇နှစ်လောက်နဲ့ အတွင်းအားအဆင့်၆ကို ရောက်နေပါပြီ။အတွင်းအားနဲ့မှော်အတတ်မှာ ပထမ
ဆုံး အဆင့်ငါးဆင့်ဟာ သိပ်ခက်ခဲမှုမရှိဘူးလို့ သတ်မှတ်ထားကြပါတယ်။
အဆင့်၆ကိုမရောက်ခင်အထိ အတွင်းအားနဲ့မှော်အတတ်မှာ ဘာကိုရွေးရွေး ရွေးထားတဲ့အရာကို လေ့ကျင့်နေရုံပါပဲ။
အဆင့်၆ကိုရောက်တာနဲ့ အတွင်းအားနဲ့မှော်အတတ်မှာ လမ်းကြောင်း၃ခုစီ ကွဲထွက်သွားပါတယ်။
အဆင့်၆ကိုမရောက်ခင်အထိ အတွင်းအားနဲ့မှော်အတတ်လေ့ကျင့်သူတွေကို တိုက်ခိုက်ရေးသမားနဲ့ မှော်လေ့လာသူအဖြစ်သာ သတ်မှတ်ထားပါတယ်။အဆင့်၆ နောက်ပိုင်းမှာ
တော့ မှော်အတတ်ကိုယူထားသူတွေဟာ လမ်းကြောင်း၃ခုအနက် တိုက်ခိုက်ရာမှာပိုစွမ်းတဲ့ မှော်ဆရာ၊နက်နဲထူးဆန်းတဲ့ ခေါ်ယူဂါထာရှင်ဖြစ်သူ ကဝေနှင့် နတ်အစွမ်းကို သုံးနိုင်သူ နတ်
ဆရာတို့ဖြစ်ပါတယ်။အတွင်းအားပညာရပ်သမားတွေကတော့ သန်မာတဲ့ဓားပညာရှင်၊ခံနိုင်ရည်အားအင်မတန်ကောင်းမွန်တဲ့ စစ်သည်တော်နှင့်မိုင်ထောင်ချီအရပ်ကနေ လူတစ်ယောက်
ခေါင်းပြတ်အောင် ပစ်နိုင်တဲ့ လေးသမားတွေအဖြစ်ရွေးချယ်နိုင်ပါတယ်။
ရှန်ယိဖန်ကတော့ အသက်၁၅နှစ်အရွယ်နဲ့တင် တိုက်ခိုက်ရေးသမားအဖြစ်ကနေ ဓားသမားတစ်ဦးအဖြစ် ရောက်ရှိခဲ့ပါတယ်။နှစ်နှစ်ခန့်နဲ့ပဲ သူက ကြယ်၃လုံးအဆင့်ရှိ ဓားသမား
ဖြစ်လာပါတယ်။ဇာမဏီမိသားစုရဲ့ စတင်ဖြစ်ပေါ်ချိန်တည်းကတွက်ရင်တောင် ရှန်ယုတစ်ယောက်ပဲ ဒီလိုအရည်အချင်းရှိခဲ့တာပါ။
ဒါပေမယ့်လည်း စိတ်မကောင်းစရာတစ်ခုကတော့ ရှန်ယုသေဆုံးခဲ့တာပါပဲ။ဇာမဏီမိသားစု အတွင်းမှာတော့ ရှန်ယိဖန်ဟာ မွန်းတည့်နေလုံးကြီးလို အလွန်အမင်းတောက်ပ
နေချိန်ဖြစ်ကာ လူငယ်မျိုးဆက်အတွင်းမှာ ပထမနေရာကို ရရှိထားသူပါ။