အခန်း (၁၃-၁၅)
Vol. 1 Ch. 13-15
ကောင်းကျိုးမပေးသော သမီးပျို
မူရင်းစာရေးဆရာ - North Night
မူရင်းဝတ္ထု -The Good for Nothing Seventh Young Lady
ဘာသာပြန် -NEVER
အပိုင်း (၁၃)
ရှန်ကျီဝေနဲ့ရှန်ကျီယိတို့နှစ်ဦးရဲ့ တော်လှထက်လှပါပြီဆိုတဲ့အရည်အချင်းတွေဟာ ရှန်ယိဖန်ရှေ့မှာတော့ နေမင်းကြီးရှေ့က မီးအိမ်နှစ်လုံးလိုဖြစ်နေတယ်ဆိုရင်လည်း ဘယ်သူ
မှ မငြင်းနိုင်ပါဘူး။ထို့အပြင် ရှန်ယိဖန်ရဲ့အဖေဟာ အခုအချိန်မှာ ရှန်ဖန်အားအကိုးဆုံးဖြစ်သူ ဒုတိယမြောက်သားပါ။ဒါ့အပြင် ရှန်ယိဖန်ရဲ့အဖေဟာ ဒုတိယမျိုးဆက်အတွင်းက ခေါင်း
ဆောင်ဖြစ်လာဖို့ အဖြစ်နိုင်ဆုံးလူပါ။အခုအနေအထားမျိုးမှာ ရှန်ယူတောင်မှ ရှန်ယိဖန်ကို လက်လွတ်စံပါယ် မပြောဆိုဆက်ဆံရဲပါဘူး။
"ဘဘ သတ္တမညီမလေးက ၁၄နှစ်ပြည့်ခဲ့ပေမယ့် သူ့ဉာဏ်ရည်က ၄နှစ်သမီးသာသာပဲရှိသေးတာပါ။ဒါကို သူ့ဉာဏ်လောက်နဲ့ သားရဲတွင်းကိုစောင့်ကြပ်သူတွေ မရှိတဲ့အချိန်မှာ
ခိုးဝင်ဖို့ လုပ်တာဖြစ်နိုင်ပါ့မလား အဲ့လောက် ကွက်တိဖြစ်ပါ့မလား"လို့ ရှန်ယိဖန် ရှင်းလင်းစွာ ပြောဆိုလိုက်ပါတယ်
"ဘဘရဲ့မြေးကျွန်တော့်အနေနဲ့ သတ္တမညီမလေးနဲ့ သိပ်အဆက်အဆံမရှိပေမယ်လို့ သတ္တမညီမလေးဟာ သူ့အိမ်ဝန်းထဲကနေ အပြင်ကို ထွက်ခဲတယ်ဆိုတာတော့ သိထားပါ
တယ်။အိမ်တော်အတွင်းက တစ်ခြားတစ်ဖက်မှာရှိတဲ့ သားရဲတွင်းနေရာကို သူလမ်းလျှောက်သွားတာလို့ ပြောနေဖို့ကိုမလိုဘူး။တစ်ယောက်ယောက်က ညီမလေးဟာ သားရဲတွင်းရှိတဲ့နေ
ရာကို မရည်ရွယ်ဘဲသွားတယ်လို့ပြောဦးတော့ သူသွားတဲ့အချိန်နဲ့ အစောင့်တွေမရှိတော့တဲ့အချိန်နဲ့ ကွက်တိဖြစ်နေတာကြီးက တိုက်ဆိုင်လွန်းအားကြီးတယ်လို့ မထင်မိဘူးလား"
ကံမတာပဲဟေ့..
ရှန်ယန်ရှောင်ဟာ ရိုးအစွာနဲ့ ရပ်နေသော်လည်း သူမစိတ်ထဲမှာတော့ ဒီဉာဏ်ကြီးရှင်ဖြစ်သူ ရှန်ယိဖန်ပေါ်ထွက်လာတာကို ဝမ်းသာလွန်းတာကြောင့် စားပွဲကိုလက်နဲ့ရိုက်ပြီး
ချီးမွမ်းပစ်ချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်နေပါတယ်။ရှန်ယန်ရှောင်ရဲ့ မှတ်ဉာဏ်တွေအရ ရှန်ယိဖန်ကလေးဘဝတုန်းကသာ သူမနဲ့ အပြောအဆိုဆက်ဆံမှုရှိခဲ့တာပါ။ဒါပေမယ့် လူတွေ
ရှေ့မှာ သူမကို သတိထားပြောဆိုဆက်ဆံပေမယ့် တခြားဇာမဏီမိသားစုဝင်တွေလိုမျိုးတော့ ကဲ့ရဲ့မှုတွေမလုပ်ခဲ့ပါဘူး။ဒါပေမယ့် သူမတို့နှစ်ယောက်ဟာ ရင်းနှီးမှုရှိတယ်လို့လည်း ပြောမ
ရပါဘူး။အခုလို ရုတ်တရက် သူမဖက်ကဝင်ပြောပေးတာကတော့ လူတွေကို အတွေးဝင်စေပါတယ်။
ရှန်ယိဖန်က ဝင်ရောက်ကူပြောပေးတယ်ဆိုတာထက် ရှန်ကျီဝေနဲ့ရှန်ကျီယီတို့နှစ်ယောက်ကို ရှင်းပစ်ချင်တဲ့သဘောပါပဲ။
ရှန်ယန်ရှောင်ကတော့ ဘယ်လိုပဲဖြစ်နေပါစေ လွတ်လပ်စွာရီနေမိပါတယ်။သူတို့ဘာတွေပဲပြောဆိုနေအုန်းတော့ သူမက ငတုံးမဖြစ်လို့ ဘာသိနိုင်မှာလဲလေ။သူမဖာသာ ပျော်
ပျော်ကြီး ပြုံးနေလည်း သူတို့ ဘာပြောလို့ ရမှာလဲလေ ဟုတ်ဘူးလား။
အဲ့ဒါကြောင့်လည်း စိတ်ကျန်းမာသူ ရှန်ယန်ရှောင်ဟာ ဘယ်လိုမျိုးပွဲကောင်းများ ဖြစ်လာမလဲဆိုတာကိုစောင့်ကြည့်ရန် ထိုင်စောင့်နေလိုက်ပါတယ်။
သူမတွေးထားသလိုပဲ ရှန်ယိဖန်ရဲ့ ပြောစကားတွေကြောင့် ရှန်ယူရဲ့ မျက်နှာပျက်သွားပါတယ်။ရှန်ကျီဝေတို့မောင်နှမ နှစ်ယောက်ကတော့ သူတို့ဖခင်ရဲ့ ပြောစကားတွေအပေါ်
ပြန်လည်စဉ်းစားနေမိတုန်းမှာ အခုလိုမျိုး ရှန်ယိဖန်ရဲ့ ဝင်နှောက်မှုကြောင့် အံတွေကြိတ်နေကြပါတယ်။အစတည်းက သူတို့နဲ့ ရှန်ယိဖန်ဟာ သိပ်မတည့်သလို အခုအဖြစ်ကြောင့် ရှန်ယိ
ဖန်ကို သူတို့ ပိုမုန်းတီးလာပါတယ်။
ရှန်ယိဖန်ရဲ့ စကားလုံးတွေဟာ လူတိုင်းရင်ထဲက သံသယတွေကို အစပျိုးပေးလိုက်သလိုပါပဲ။
ရှန်ဖန်ဟာ အပြုံးရှင် ရှန်ယိဖန်ကိုကြည့်နေရာမှ သူ့အောက်နားက ရှန်ယူကို ခေါင်းငုံ့ကြည့်လိုက်ပါတယ်။
"ဒီကိစ္စကို ဘယ်သူကလုပ်ခဲ့တာလဲဆိုတာက အရေးမကြီးပါဘူး။ငါမင်းတို့အားလုံးကို ဆင့်ခေါ်ထားတဲ့အကြောင်းက ပိုပြီးအရေးကြီးတယ်"ဟု ဖြည်းညှင်းစွာလျှောက်ရင်း ရှန်
ဖန်က ပြောလိုက်ပါတယ်။
ရှန်ယူ အသက်အောင့်ထားတာကို ဖြေလျော့လိုက်ပါတယ်။ရှန်ယန်ရှောင်သေဖို့ရှင်ဖို့ကို သူစိတ်မဝင်စား သူ့သားသမီးတွေ ဒုက္ခမရောက်စေချင်တာသာ သူရဲ့စိတ်ပါ။သူ့သား
သမီးတွေ ဒုက္ခရောက်မယ်ဆိုရင် သူအလျှော့မပေးနိုင်တာသေချာပါတယ်။
ရှန်ယိဖန်လည်း စိုက်ကြည့်နေလိုက်မိပေမယ့် ဘာမှထပ်မပြောခဲ့ပါဘူး။ရှန်ဖန်ရဲ့အလေးပေးမှုကို ခံယူနေရပေမယ့် ရှန်ယူနဲ့ယှဉ်ရင် သူက အငယ်လေ။ရှန်ယူကို အပြင်းအထန်
ပြောဆိုအကြပ်ကိုင်နေတာ မသင့်တော်ပါဘူး။
ရှန်ယန်ရှောင်လည်း မူလက ရှန်ယိဖန်နဲ့ရှန်ယူတို့ ဆက်လက်တိုက်ခိုက်ပြောဆိုနေဖို့ မျှော်လင့်ထားတာပါ။အခုကျ ရုတ်တရက်ကြီး ပြီးသွားတယ်လေ။ရှန်ဖန်ရဲ့ ကိုင်တွယ်ပုံက
ခန့်မှန်းရ ခက်နေစေပါတယ်။အစကတော့ ဒီနေ့မှာ သူမလုပ်ခဲ့တာကို စစ်ဆေးမယ်လို့ပြောထားတာလေ။အခုကျတော့ အဲ့ဒီဟာကအရေးမကြီးတော့ပြန်ဘူးဆိုပဲ။ဘာအကွက်တွေများ
ရွှေ့မလို့လဲ။
သူမရဲ့ရင်ထဲမှာတော့ သံသယတွေပြည့်နေပေမယ့် သူမရဲ့အကြောင်းကိုသူမ မေ့ထားလို့မရတာကြောင့် အရူးလိုပဲနေနေလိုက်ရပါတယ်။နောက်ထပ်ဘယ်လို့ ပွဲကိုကြည့်ရမ
လဲကိုသာ စောင့်နေလိုက်တာပေါ့လေ တခြားလူတွေဘာဖြစ်ဖြစ် သူမနဲ့ဘာဆိုင်လို့လဲလေ။
ခဏတာရပ်နားပြီးတော့ ရှန်ဖန်ဆက်ပြောတာက "မင်းတို့အားလုံးအနေနဲ့ ငါက သားရဲတွင်းထဲကို ကျူးကျော်ဝင်ရောက်ခဲ့တာအတွက် ဒေါသထွက်နေတယ်လို့ ထင်နေကြ
တာလား။ဒါနဲ့ အဲ့သားရဲတွင်းထဲမှာ ဘယ်လိုမှော်သားရဲတွေကို ချုပ်နှောင်ထားတယ်လို့ ထင်ကြသလဲကွ"
ကောင်းကျိုးမပေးသော သမီးပျို
မူရင်းစာရေးဆရာ - North Night
မူရင်းဝတ္ထု -The Good for Nothing Seventh Young Lady
ဘာသာပြန် -NEVER
အပိုင်း (၁၄)
ရှန်ဖန်ရဲ့ မေးခွန်းအဆုံးမှာတော့ အားလုံးဟာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အခက်တွေ့နေကြပါတော့တယ်။ရှန်လင်တစ်ယောက်သာ အကြမ်းဖျဉ်းသိရှိထားပြီး
သူတို့အနေနဲ့ သားရဲတွင်းထဲမှာ ဘာကောင်ရှိနေလဲဆိုတာ မသိထားကြပါဘူး။အဲ့အကောင်ကို ဖမ်းခေါ်လာချိန်ကစလို့ အဲ့သားရဲတွင်းထဲကို ဘယ်သူမှမဝင်ရလို့ တင်းကြပ်စွာ တားမြစ်ထား
ခဲ့တာပါ။
လူတိုင်းက သိချင်စိတ်ပြင်းပြနေကြပေမယ့် မိသားစုထဲက ဘယ်သူကများ ရှန်ဖန်ရဲ့စကားကို လွန်ဆန်ရဲမှာလဲလေ။
စပ်စုချင်နေတဲ့ ရှန်ကျီဝေတို့နှစ်ယောက်တောင်မှပဲ ရှန်ယန်ရှောင်ကိုသာခိုးကြည့်ခိုင်းရဲတာပါ။သူတို့လည်း အထဲကို ခြေတစ်လှမ်းမှ မလှမ်းရဲခဲ့ကြပါဘူး။
ဒါပေမယ့်လည်း လက်ရွေးစင်အစောင့်တွေ ရှန်ယန်ရှောင်ကို အပြင်သယ်ထုတ်လာချိန်မှာတော့ သူမတစ်ကိုယ်လုံးမှာ ဒဏ်ရာဒဏ်ချက်တွေအပြည့်နဲ့ သွေးအလူးလူးနဲ့ဖြစ်နေ
ပါပြီ။သူမဗိုက်သာ ဖြည်းနှေးစွာ လှုပ်မနေခဲ့ပါက သူမကိုသေပြီလို့ပဲ သတ်မှတ်လိုက်မိမှာပါ။
အဲ့ထဲမှာ ဘာကောင်ရှိသလဲဆိုတာကိုတော့ ရှန်ဖန်နဲ့ရှန်လင်းကလွဲလို့ ဘယ်သူမှ မသိကြသေးပါဘူး။
ဒီနေ့ ရှန်ဖန်ကအဲ့အကြောင်းပြောလိုက်တော့ ဘယ်သူမှ အသက်ပြင်းပြင်းမရှူဝံ့ကြပါဘူး။
ရှန်ဖန်လည်း နှာခေါင်းတစ်ချက်ရှုံ့ရင်းပြောလိုက်တာက "ငါ့ဇာမဏီမိသားစုရဲ့ နှစ်ရာချီခဲ့တဲ့ သမိုင်းအတွင်းမှာ ဇာမဏီငှက်ကို ပြန်ပြီးလက်တွဲလုပ်ဆောင်နိုင်မယ့်လူ ထပ်မပေါ်
ခဲ့တော့ဘဲ လူတစ်ကာရဲ့ နှာခေါင်းရှုံ့ခံရမယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့မိဘူး"
ရှန်ဖန်ရဲ့စကားကြောင့် လူတိုင်း တုန်လှုပ်သွားကြပါတယ်။လောင်းရွှမ်တိုင်းပြည်အတွင်းမှာ ဇာမဏီမိသားစုအနေနဲ့ အခုလို ထိပ်ပိုင်းနေရာအထိရောက်ရှိကာ ဘယ်သူမျှ သွေး
တိုးမစမ်းရဲစေတာက လောင်းရွှမ်တိုင်းပြည်ထူထောင်ကာစအချိန်တုန်းက ဇာမဏီမိသားစုကို တည်ထောင်ခဲ့တဲ့ ရှေးဘိုးဘေးဖြစ်သူဟာ ဇာမဏီငှက်ကို ရရှိခဲ့တာကြောင့်ဖြစ်ပါတယ်။ဇာမ
ဏီငှက်ရဲ့ ပူးပေါင်းလုပ်ဆောင်ပေးခဲ့မှုကြောင့် တည်ထောင်သူမိသားစုခေါင်းဆောင်ဟာ တိုင်းပြည်ထူထောင်ရေး စစ်ပွဲကာလအတွင်းမှာ ဘုရင်ဖြစ်သူအား ကြီးမားတဲ့အကူအညီတွေ ပေး
နိုင်ခဲ့ပါတယ်။များပြားလှတဲ့ မှော်သားရဲတွေကြားမှာ ဇာမဏီငှက်အနေနဲ့ မှော်သားရဲတွေရဲ့ လေးစားကြောက်ရွံ့မှုကိုခံခဲ့ရပါတယ်။အသံတစ်ချက်ပေးရုံနဲ့ မှော်ငှက်မျိုးနွယ်တွေကို ဆောက်
တည်ရာမရဖြစ်စေပါတယ်။
သူတို့အနေနဲ့ အစွမ်းထက်လှတဲ့ ဇာမဏီငှက်ဟာ သာမန်မှော်သားရဲတွေထက် အလွန်တရာအစွမ်းထက်တယ်လို့ပဲ ကောလာဟာလစကားတွေ အရမှန်းဆလို့ရပါတယ်။ဇာမ
ဏီငှက်ရဲ့အင်အားကြောင့်သာ ဇာမဏီမိသားစုဖြစ်လာတာပါ။သို့သော်လည်း ရွှေရောင်လွှမ်းခဲ့တဲ့ နှစ်ပေါင်း၂၀၀နောက်မှာတော့ နှစ်၁၀၀ခန့်ကြာသည်အထိ လူကြီးလူငယ်ထဲက ဘယ်သူ
ကမှ ပြန်လည်အနားယူနေတဲ့ ဇာမဏီငှက်ကို နိုးထလာအောင်မလုပ်နိုင်ခဲ့လို့ အခြေအနေမတည်မငြိမ်ဖြစ်နေရပါတယ်။ဇာမဏီငှက်ကို သဘောတူစာချုပ်ဖို့ဆိုတာ ပိုဝေးသေး။
ဒီအကြောင်းက ဇာမဏီမိသားစုရဲ့ စိတ်မကျေနပ်စရာတစ်ခုဖြစ်နေတာ နှစ်တော်တော်ကြာခဲ့ပါပြီ။
ဘယ်သူမဆိုနားလည်ထားတာက ဇာမဏီငှက်ကိုပိုင်ဆိုင်တာက ဇာမဏီမိသားစုကို ပိုင်ဆိုင်တာနဲ့အတူတူပဲဆိုတာကိုပါ။အဲ့ဒါက ဇာမဏီမိသားစုကို ထိပ်သို့ပြန်ရောက်အောင်
စွမ်းဆောင်ပေးနိုင်ပါတယ်။
ဒီအကြောင်းကို ဇာမဏီမိသားစုရဲ့ လူငယ်မျိုးဆက်တိုင်း စိတ်ကူးအိပ်မက်မက်နေကြပါတယ်။ဒါပေမယ့်လည်း ကုန်လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ဇာမဏီငှက်ကို စာချုပ်ဖို့မပြော
နဲ့ မီးတောင်ချိုင့်ဝှမ်းအတွင်းမှာ အိပ်ပျော်နေတာကနေ နိုးထလာအောင်ကို ဘယ်သူမှ မလုပ်ဆောင်နိုင်ခဲ့ကြပါဘူး။
"မိသားစုခေါင်းဆောင်ခင်ဗျား အဲ့ဒါက ကျွန်တော်တို့ ဇာမဏီမိသားစုတင်မကပါဘူး နဂါးမိသားစု၊ကျားဖြူမိသားစု၊လိပ်နက်မိသားစုနဲ့တိုးနယားမိသားစုတွေပါ ဖြစ်နေတာပါ"
ဟု တတိယမြောက်သားဖြစ်သူ ရှန်ကျင်ကနေ အသံတိုးတိုးလေးနဲ့ ပြောလိုက်ပါတယ်။
ရှန်ကျင်ပြောတာဟာလည်း မှန်ပါတယ်။လောင်းရွှမ်တိုင်းပြည်ထူထောင်စဉ်က ရှေးသတ္တဝါငါးကောင်ရဲ့ ကူညီမှုကြောင့် တိုင်းပြည်ထူထောင်မှုကို အကူအညီများစွာ ပေးနိုင်ခဲ့
ကြတာပါ။ပြီးခဲ့တဲ့ ရာစုနှစ်အတွင်းမှာ နတ်သတ္တဝါငါးကောင်လုံးဟာ တိုင်ပင်ထားကြသလိုကို အတူတူအိပ်ပျော်နေကြပြီး အခုထက်ထိ နိုးထလာခြင်းမရှိသေးပါဘူး။အခုလို အိပ်စက်မှုက
မိသားစုငါးစုကို ဆောက်တည်ရာမရဖြစ်စေပါတယ်။
ရှန်ဖန်မျက်ခုံးပင့်လိုက်ရင်း ရှန်ကျင်ဆီကြည့်လိုက်ပါတယ်။သူ့သား၆ယောက်ထဲမှာ ရှန်ကျင်ဟာ တိုးတက်မှုမရှိဆုံးလို့ပြောလို့ရပါတယ်။သောက်တာစားတာကလွဲလို့ တစ်နေ့
လုံးမှာ သူလုပ်တာက တော်ဝင်မျိုးနွယ်ကလေးတွေနဲ့အတူ လျှောက်လည်ပတ်နေကြတာပါ။သူ့သွေးသားအရင်းသာ မဟုတ်ရင် ဒီသောက်သုံးမကျသူ သားကို မိသားစုအပြင်ဖက် ကန်ထုတ်ကာ သူ့ဘဝသူကြောင်းဖို့ ပစ်ထားလိုက်မိမှာပါ။
ကောင်းကျိုးမပေးသော သမီးပျို
မူရင်းစာရေးဆရာ - North Night
မူရင်းဝတ္ထု -The Good for Nothing Seventh Young Lady
ဘာသာပြန် -NEVER
အပိုင်း (၁၅)
"မင်း ဘာနားလည်လို့လဲ။မကြာခင်ကမှ ငါသတင်းရခဲ့တာက နတ်ဘုံမှာ တန်ခိုးရှင်အသစ်တစ်ပါး မွေးဖွးလာခဲ့ပြီတဲ့။လွန်ခဲ့တဲ့ရာစုနှစ်တွေတုန်းက နတ်ဘုံက တန်ခိုးရှင်ဟာ
ဒဏ္ဍာရီသတ္တဝါတွေကို နိုးထစေဖို့တာဝန်ယူထားခဲ့တာ။အခု တန်ခိုးရှင်က သက်ဆင်းလာခဲ့ပြီ။ငါသိထားသလောက်ဆို နဂါးမိသားစုက တန်ခိုးရှင်ကို ဖိတ်ခေါ်ပြီး ဒဏ္ဍာရီသတ္တဝါကို နိုးထ
စေဖို့ ပြင်ဆင်နေပြီ"ဟု ရှန်ဖန်က အေးစက်စွာပြောလိုက်ပါတယ်။
"ဘယ်လို"ဟူ၍ အားလုံး အုတ်အော်သောင်းတင်းဖြစ်သွားပါတော့တယ်။ဒါက သူတို့ထဲကတစ်ယောက်ယောက်အနေနဲ့ ဇာမဏီငှက်ရဲ့ သစ္စာခံယူမှုကို ပိုင်ဆိုင်နိုင်တဲ့အခွင့်အ
ရေးတစ်ခုပင်ဖြစ်တော့သည်။
ဇာမဏီမိသားစုရဲ့ နှစ်ပေါင်းများစွာ တိတ်ဆိတ်နေလာရမှုကို ကံတရားက ကြည့်မနေနိုင်တော့လို့ပဲဖြစ်ရမယ်။
ရှန်ယိဖန်တစ်ယောက် ကျေနပ်စွာအံ့အားသင့်မိနေပါတယ် ဘာလို့လဲဆိုတော့ သူ၁၆နှစ်ပြည့်တည်းက ဖခင်ဖြစ်သူက မှော်သားရဲနဲ့စာမချုပ်ဖို့ တားမြစ်ထားတာဟာ အခုသူပင်
ကြယ်သုံးပွင့်ဓားသမားတစ်ဦးဖြစ်နေသည့်အထိပင်။လူတစ်ယောက်ရဲ့တစ်သက်မှာ မှော်သားရဲတစ်ကောင်တည်းကိုပဲ အသုံးပြုလို့ရလေသည်။တစ်နည်းဆိုရလျှင် ဇာမဏီမိသားစုအနက်
သူ၊ရှန်ကျီယီနှင့်ရှန်ကျီဝေတို့ ၃ဦးသာ အခွင့်အရေးရှိတော့သည်။
ရှန်ကျီယီတို့နှစ်ဦးရဲ့ အရည်အချင်းမှာကောင်းမွန်ပေမယ့် သူ့လို ဉာဏ်ကြီးရှင်တစ်ဦးနှင့်ယှဉ်လျှင်တော့ ဘာမှအရာမရောက်ပေ။သူတို့နှစ်ယောက်ဟာ သူ၏ပြိုင်ဖက်မဟုတ်ချေ။
ဒါဟာ ဇာမဏီမိသားစုဟာ သူ့လက်ထဲရောက်လာတယ်ဆိုတဲ့သဘောပင်ဖြစ်နေတော့သည်။
ရှန်ယူဟာလည်း ရှန်ယိဖန်တွေးနေသည်ကို တွေးမိနေသည့်အတွက် သောကပွားနေမိပြန်သည်။ဘာပဲဖြစ်ဖြစ် သူ့သားသမီးနှစ်ယောက်လုံးဟာ ရှန်ယိဖန်ကိုမယှဉ်နိုင်တာက
အမှန်ဖြစ်သလို ဇာမဏီမိသားစုရဲ့ ခေါင်းဆောင်နေရာအား ယှဉ်ပြိုင်ဖို့ရာက မလွယ်ကူလှပေ။
"ဒီလိုဆိုရင် ကျွန်တော်တို့အနေနဲ့လည်း တစ်ခုခုတော့ လှုပ်ရှားရမယ်ထင်တယ်။တခြားမိသားစုလေးစုကို လက်ဦးခိုင်းလို့ မဖြစ်ဘူးနော်"ဟု ရှန်ဂျန်ကဝင်ရောက်ပြောရခြင်းမှာ
သူ့သားဖြစ်သူ အရေးသာမှန်းသိနေသော်လည်း ဒီအတိုင်းထိုင်နေလို့ မရမှန်းသိသောကြောင့်ဖြစ်သည်။
ရှန်ဖန်လည်း နှာမှုတ်လိုက်ရင်း ပြောလိုက်သည်က"ဒီလိုကိစ္စကိုများ အဲ့လိုပြောစရာလိုပါဦးမလားကွ။တန်ခိုးရှင်ကိုပြောဖို့ လူလွှတ်ထားတာ ကြာလှပြီကွ။တန်ခိုးရှင်ဖက်က ငါတို့
ကို ကူညီဖို့သဘောတူပေမယ့် သူတောင်းဆိုထားတာတစ်ခုက သူ့ကိုပေးမယ့်လက်ဆောင်ဟာ အဆင့်၈ရှိတဲ့ နှင်းဝိဉာည်မြေခွေးဖြစ်ဖို့ပဲ။သားရဲတွင်းထဲက မှော်သားရဲဟာလည်း အဲ့ဒီ နှင်း
ဝိဉာည်မြေခွေးပဲကွ"
"မိသားစုခေါင်းဆောင်က အားလုံးကိုတွေးတောမိပြီးသားကိုး"
ရှန်ဖန်ရဲ့မျက်နှာပေါ်တွင် ကျေနပ်သော အရိပ်အယောက်တို့ကို တွေ့မြင်နေရသည်။
"မင်းတို့အားလုံး ငါတို့ဇာမဏီမိသားစုက နှင်းဝိဉာည်မြေခွေးကို ဖမ်းမိဖို့ ဘယ်လောက်ဆုံးရှုံးခဲ့ရတယ်ဆိုတာ သိကြလား။အခု ဘယ်လိုသောက်ရူးတွေကများ ဒီလိုဖြစ်အောင်
လုပ်လိုက်တာလဲ"
ရှန်ဖန်ရဲ့ရုတ်တရက် ဒေါသထွက်နေမှုကို အားလုံးလည်း ပဟေဠိဖြစ်နေကာ တွေးမိကြတာက လူတွေသေကြေခဲ့တာ ဘယ်လောက်များများလို့လဲမသိဘူး ဟူ၍သာ။နှင်းဝိဉာ
ည်မြေခွေးဟာ အဆင့်၈ရှိ အဆင့်မြင့် မှော်သားရဲတစ်ကောင်ဖြစ်သည်။သူ့ရဲ့ကြမ်းကြုတ်ရက်စက်မှုကို အခြားမှော်သားရဲများနှင့် မယှဉ်နိုင်ပေမယ့် သူကပို၍ လိမ္မာပါးနပ်မှုရှိလေသည်။
ထိုအကောင်ကို ဖမ်းဖို့ရာတွင် ထင်သလောက်မလွယ်ကူပေ။
ရှန်ဖန်ရဲ့မျက်လုံးတွေက ရှန်ယန်ရှောင်အပေါ်ကို ကျရောက်သွားပါတယ်။ဒီသနားစရာ သူ့ရဲ့မြေးမဖြစ်သူကိုကြည့်ရင်း စိတ်ဆိုးရမလားဒေါသထွက်ရမလားဆိုတာ သူမသိ
တော့။
"အဲ့ဒီကျူးကျော်ဝင်ရောက်မှု ဖြစ်တဲ့နေ့မှာပဲ နှင်းဝိဉာည်မြေခွေးဟာ သေဆုံးခြင်းအဖြစ်ဆိုးကို တွေ့ကြုံခဲ့ရတယ်။နှင်းဝိဉာည်မြေခွေးမရှိတော့ဘဲနဲ့ ငါတို့က ဘယ်လိုလုပ်ပြီး တန်
ခိုးရှင်ကို ဖိတ်ခေါ်ရတော့မှာတုန်း"
နှင်းဝိဉာည်မြေခွေးသေပြီတဲ့ဟ။
အဆောင်အတွင်းမှာ အသက်ရှူထုတ်သံများဖြင့် ဆူညံသွားသည်။
ရှန်ယူဟာ လူသေကဲ့သို့ ဖြူဆုတ်သွားသလို ရှန်ကျီဝေတို့နှစ်ယောက်ဟာလည်း ကြမ်းပေါ်လဲကျလုနီးပါးဖြစ်သွားကြလေသည်။
သူတို့က ဘယ်လိုလုပ်ပြီးတော့များ ဇာမဏီမိသားစုရဲ့ ထိပ်တန်းနေရာပြန်ရောက်ဖို့ကိစ္စကို ပါဝင်ပတ်သတ်မိသွားရတာလဲ သူတို့က စပ်စုချင်စိတ်တစ်ခုရှိခဲ့တာပါ။
အားလုံးလည်း စိတ်ဓာတ်ကျသွားပါတော့တယ်။နှင်းဝိဉာည်မြေခွေးတစ်ကောင် အတွက်နဲ့ ဇာမဏီမိသားစုရဲ့ သွေးချွေးတို့ ဘယ်လောက်တောင် ပေးဆပ်ခဲ့ရမလဲ။နောက်ထပ်
တစ်ကောင်ထပ်လိုချင်ပါက သူတို့မိသားစု အခြေယိုင်သွားမှာဖြစ်သည်။
ဒီအချိန်မှာပဲ အားလုံး၏မျက်လုံးတွေက ရှန်ယန်ရှောင်ကိုယ်ပေါ်သို့ ရောက်ရှိလာကြပြီး တွေးမိလိုက်ကြသည်က ဘယ်လိုဖြစ်လို့ ဒီငတုံးမလေးသားရဲတွင်းကို ဝင်ခဲ့မိရုံနဲ့
အခုလို အဖြစ်ကြီးဖြစ်ရတာလဲဆိုတာကိုပင်။
အဆင့်၈ မှော်သားရဲတစ်ကောင်ဟာ သားရဲတွင်းထဲမှာ ထူးဆန်းစွာသေဆုံးသွားခဲ့တယ်။အဲ့ထဲမှာ ရှိခဲ့တာက နှင်းဝိဉာည်မြေခွေးအပြင်ဆိုလို့ ဒီအသုံးမကျတဲ့သတ္တမသခင်မ
လေးတစ်ယောက်ပဲလေ။ိ