အခန်း (၁၆-၁၈)
Vol. 2 Ch. 16-18
ကောင်းကျိုးမပေးသော သမီးပျို
မူရင်းစာရေးဆရာ - North Night
မူရင်းဝတ္ထု -The Good for Nothing Seventh Young Lady
ဘာသာပြန် -NEVER
အခန်း (၁၆)
ရှန်ယန်ရှောင်လည်း ကြောင်ငေးနေမိကာ ဒီစကားဝိုင်းက ဘာဖြစ်လို့ သူမဖက်ပြန်ရောက်လာရသဲ ဆိုတာကို သဘောမပေါက်မိ။ဒီဇာမဏီငှက်ဆိုတာက ဘာကြီးလဲ။နှင်းဝိဉာ
ည်မြေခွေးဆိုတာကလည်း ဘာကိုခေါ်တာလဲ။ဒါတွေအားလုံးကို သူမကိုယ်တိုင်လည်းနားမလည်ထားပေ။
သူမခေါင်းထဲတွင် သားရဲတွင်းနဲ့ပတ်သတ်တာဆိုလို့ အမှောင်ထုတစ်ခုပဲရှိသည်။သားရဲတွင်းထဲတွင် ဘာတွေဖြစ်ခဲ့မှန်းကို သူမလုံးဝမသိခဲ့ပါ။ဒါပေမယ့် ရှန်ယန်ရှောင် ခံစားမိ
တာကတော့ နှင်းဝိဉာည်မြေခွေး သေဆုံးကြောင်းကို သိလိုက်ကြချိန်မှာ သူမအားစိုက်ကြည့်နေကြသော မျက်လုံးတွေဟာ သူမကိုယ်ကို ဖောက်ဝင်သွားတဲ့ ဓားပါးလေးတွေအတိုင်းပါပဲ။
ရှန်ဖန်သာမရှိခဲ့လျှင် ဒီလူတွေအားလုံးက သူမကို မှုန့်မှုန့်ကြေအောင်လုပ်ကြမှာ အသေအချာပါပဲ။
ကျွန်မမှာ အပြစ်မရှိပါဘူးနော်.......
ရှန်ယန်ရှောင် စိတ်ဓာတ်ကျနေချိန်မှာပဲ ရှူရဲ့အသံက သူမခေါင်းထဲမှာ ထွက်ပေါ်လာပါတယ်။
"ဘာမှမဟုတ်တဲ့ အဲ့လိုအဆင့်၈ပဲရှိတဲ့ မှော်သားရဲတစ်ကောင်က လူ့အသိုင်းအဝိုင်းတစ်ခုလုံးကို ဒီလိုအခြေအနေမျိုးဖြစ်စေသတဲ့လား။ဘယ်လိုအမှိုက်ကောင်တွေလဲဟ"
ရှန်ယန်ရှောင် တိတ်တိတ်ပဲနေလိုက်ပါတယ်။သူမအနေနဲ့ အဲ့ဒီအဆင့်၈မှော်ကောင်ကို မတွေ့ခဲ့ဘူးပေမယ့် ဒီကမ္ဘာရဲ့ အနေအထားအရ ဇာမဏီမိသားစုရဲ့ အာဏာ ငွေကြေး
နဲ့ လက်တံတွေပေါင်းတောင် ရှန်ဖန်တစ်ဦးသာပဲ ထိုအဆင့်၈မှော်ကောင်ကို ပိုင်ဆိုင်နိုင်တယ်ဆိုတာကိုတော့ သိထားပါတယ်။တခြားလူတွေအတွက်ကတော့ အဆင့် ၆၊၇ရှိတဲ့ မှော်ကောင်
တွေ ရှိခဲ့လျှင်တောင် တော်တော်ဟုတ်နေပါပြီ။သာမန်လူတွေအတွက်ကတော့ ကောင်းကင်နဲ့မြေကြီးကိုတောင် ကျေးဇူးတင်သင့်ပါတယ် သူတို့သာ အဆင့် ၃၊၄ ရှိတဲ့ မှော်ကောင်တွေ ပိုင်
ခဲ့မယ်ဆိုရင်ပေါ့လေ။
ဇာမဏီမိသားစုရဲ့ အထူးအဆင့်မြင့် မှော်ကောင် အဆင့်၈ရှိတဲ့ဟာက ရှူရဲ့ပါးစပ်ဖျားမှာ ဘာမှမဟုတ်တဲ့ အဆင့်၈လောက်ပဲရှိတဲ့မှော်ကောင် ဖြစ်သွားရပါတယ်။
ဇာမဏီမိသားစုရဲ့ အဆင့်မြင့်တပည့် ရာဂဏန်းရဲ့အသက်ကိုစတေးထားခဲ့ပြီးမှ ရရှိခဲ့တဲ့ နှင်းဝိဉာည်မြေခွေးကိုသာ အခုလို အပြောခံရမှန်းသိလျှင် ရှန်ဖန်တစ်ယောက် ဒေါသ
ကြောင့် သေမသေ အတတ်မပြောနိုင်ပေ။
ရုတ်တရက်ဆိုသလို ရှန်ယန်ရှောင်တစ်ယောက် စိတ်မကျေနပ်စရာ အတွေးတစ်ခု ပေါ်လာမိပါတယ်။
ဒီ မဟာအရှင်ဖြစ်သူကများ နှင်းဝိဉာည်မြေခွေးကို တစ်ခုခုလုပ်ခဲ့တာများလား............
"ငါ့လက်တစ်ချက်ယမ်းလိုက်တာနဲ့ အဲ့အကောင်စိစိညက်ညက်ကြေသွားတာပဲ"ဟု ရှူက သူမအတွေးကို သိမြင်နေသည့်အလား ဖြေလိုက်ပါတယ်။
စိ စိ ညက် ညက် ကြေ သွား တာ ပဲ
ရှန်ယန်ရှောင်တစ်ယောက် တွေးမိလိုက်တာကတော့ ဒီလူသာ အပြင်မှာ လမ်းလျှောက်နေတုန်း မတော်တဆနဲ့ တင့်ကားကြီးတစ်စီးလုံးကိုသာ ခြေမနဲ့ထိုးမိပြီး အမှုန့်ဖြစ်အောင်
လုပ်မိခဲ့ရင် ဘယ်လိုဖြစ်မလဲမသိဟုပင်။
သူမ ထို မဟာအရှင်ကြီးအား ပြောလိုက်ချင်တာက ရှူရေ ကျွန်မကိုသာ ခြေမွပစ်လိုက်ပါလားဟူ၍။
စိတ်မကောင်းဖြစ်စရာတစ်ခုကတော့ ရှူရဲ့အသံကို သူမတစ်ယောက်ပဲကြားနိုင်တာကိုပါ မဟုတ်ရင်တော့လား သူမအနေနဲ့ လေးစားဖွယ်ကောင်းလှသော အင်မတိအင်မတန်
တန်ခိုးရှိလှသော နတ်တန်ခိုးရှင်ကြီးလက်အား ကိုင်ဆွဲရင်း လူအားလုံးရဲ့သောက်ခွက်တွေချည်းလိုက်ရိုက်နေကာ သူမတို့နှစ်ယောက်အား ကိုးကွယ်ပသဖို့ ပုံတူဆွဲနေတာကို ရီမောရင်း
ကြည့်နေချင်မိပါသေး။
အခုမှာတော့
သူမအနေနဲ့ ထိုရက်စက်လှတဲ့မျက်လုံးတွေအား သည်းခံရုံတစ်ခုသာတတ်နိုင်ပါတော့တယ်။
နှလုံးသားတစ်ခုလုံးလည်း နာကျင်လှပါပြီရှင်။
ရှန်ဖန် အသက်တစ်ချက်ရှူသွင်းလိုက်တယ်။မိသားစုရဲ့အရေးကြီးတဲ့လူတွေအားလုံးကို ဒီကိုခေါ်ယူရတဲ့ အကြောင်းအရင်းအမှန်က ဒီအကြောင်းကို ပြောပြဖို့ရာပဲဖြစ်ပါတော့
တယ်။အပြစ်သတ်မှတ်ပေးဖို့ရာကတော့..............
သူ့သားနဲ့တစ်စက်လေးမှ မတူညီတဲ့ မျက်နှာလေးကိုကြည့်လိုက်ရင်း ရှန်ဖန်သက်ပြင်းချလိုက်မိပါတယ်။
ရှန်ယုသာ ရှိနေဦးမယ်ဆိုလျှင်လေ............
"ရှန်ယန်ရှောင်။မင်းဟာ ဇာမဏီမိသားစုရဲ့ အခြေယိုင်နဲ့သွားအောင် လုပ်ခဲ့လိုက်တာပဲ ဒါကတော့လွန်လွန်းအားကြီးတယ်ကွ" ရှန်ယူဟာ ဒေါသတကြီးပြောဆိုလိုက်ရင်း တွေး
မိလိုက်တာကတော့ ဒီကိစ္စက ဇာမဏီမိသားတစ်စုလုံးရဲ့ အရေးကြီးတဲ့အရာဖြစ်လို့ သူ့သားမီးတွေ ဒီထဲကလွတ်အောင် လုပ်မှဖြစ်မယ်ဆိုတာပါပဲ။
သူ့အခွင့်အရေးကြီးတစ်ခုလုံး ဒီငတုံးမကြောင့် လက်လွတ်သွားပြီဆိုတာ သိလိုက်ရတဲ့အတွက် ခုနက ရှန်ယန်ရှောင်ဖက်က ဝင်ပြောပေးသူ ရှန်ယိဖန်တစ်ယောက် ဆွေ့ဆွေ့
ခုန်နေပါတော့တယ်။ကူညီဖို့ ဟုတ်လား ဆုတောင်းလေ .................
"ဒါက လုံးဝကို ဒုက္ခပေးတဲ့ကိစ္စပဲ။မိသားစုခေါင်းဆောင်က သူမကို သနားကြင်နာစွာနဲ့ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ဒါကို ဒီကောင်မလေးက ကျွေးတဲ့လက်ကို ပြန်ကိုက်နေ
တာပဲ။ဒီလို ပြဿနာမလေးကို ဒီမှာမထားသင့်တော့ဘူး။လိုသေးတာကတော့ မိသားစုခေါင်းဆောင်ကနေ ပြစ်ဒါဏ်သတ်မှတ်ပေးဖို့ပါ"
ရှန်ဂျန်ရဲ့ အစာအိမ်တစ်ခုလုံး အန်ထွက်မတက်ဖြစ်နေတဲ့ သွေးတို့နဲ့ပြည့်နေပါတော့တယ်။သူ့သားဖြစ်သူအနေနဲ့ ဇာမဏီမိသားစုခေါင်းဆောင်နေရာကို လွယ်လင့်တကူနဲ့ ငယ်
ရွယ်တုန်းရတော့မယ့်အချိန်ကို ဒီငတုံးမက ဖျက်ဆီးလိုက်ပြီလေ။သူ့အနေနဲ့ကောင်မလေးကို အရှင်လတ်လတ်ပိုင်းဖြတ်သတ်ချင်မိတာ အမှန်ပါ။အခုကတော့ ရှန်ဖန်အနေနဲ့ ပြစ်ဒဏ်ကြီး
ကြီးမားမားပေးမယ်လို့ပဲ မျှော်လင့်ရမှာပါ။
ကောင်းကျိုးမပေးသော သမီးပျို
မူရင်းစာရေးဆရာ - North Night
မူရင်းဝတ္ထု -The Good for Nothing Seventh Young Lady
ဘာသာပြန် -NEVER
အခန်း (၁၇)
အချိန်ပိုင်းလေးအတွင်းမှာပဲ ရှန်ယူနဲ့ရှန်ဂျန်တို့နှစ်ယောက်မှာ ရှန်ယန်ရှောင်အား သေစေချင်နေသည်မှာ အသက်ထွက်လုမတတ်ပင်ဖြစ်နေတော့သည်။ဒုတိယမျိုးဆက်ထဲက
တခြားသူတွေအနေနဲ့လည်း ဘာမှပြောချင်စိတ်ကို မရှိကြတော့ပါဘူး။ရှန်ဖန်ဟာ မျက်ခုံးနှစ်ခု ထိစပ်လုမတတ် မျက်မှောင်ကုပ်ကာ တစ်ခုခုအား တွေးတောနေလေသည်။
ဒီလိုနဲ့ပဲ သူမဘဝအဆုံးသတ်ဖို့ သေမိန့်ချခံရတော့မှာလား။သူမအနေနဲ့ အခြေအနေတွေ ဒီလောက်အထိဖြစ်ပျက်သွားမယ်လို့ မထင်ထားခဲ့မိပါဘူး။ဇာမဏီမိသားစုအနေနဲ့
ကြည့်ရင်လည်း ဒီကိစ္စဟာ သူတို့မိသားစုကြီးတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာနဲ့သက်ဆိုင်နေပါတယ်။အခုအခွင့်အရေးသာ လက်လွတ်လိုက်ရပါက ဘယ်အချိန်မှပြန်အဖတ်ဆယ်နိုင်မလဲဆိုတာ
မပြောနိုင်ပါဘူး။ပိုဆိုးစေတာက သူမဟာမိဘမဲ့ သောက်ရူးငတုံးမတစ်ယောက်ဖြစ်နေတာပါပဲ။သူမကို လူတိုင်းရဲ့ဒေါသတွေကို ပြေလျော့စေရန် အသုံးချလမ်းလွဲတာကလည်း နည်း
ကောင်းတစ်ခုပါပဲ။
ထို့အပြင်လည်း တတိယမျိုးဆက် လူငယ်တွေထဲက ဘာမှသောက်သုံးမကျတဲ့သူ တစ်ယောက်အား ရှင်းလင်းပစ်တာကို လူငယ်တွေအနေနဲ့ ကန့်ကွက်နေမှာ မဟုတ်ပေ။
ဘယ်သူ့ကိုမှာ အားကိုးမရ တောင်းဆိုမရနိုင်တဲ့အဖြစ်ကို ရှန်ယန်ရှောင်တစ်ယောက် လောကအသစ်မှာ ရောက်ရှိကာစ အချိန်မှာပဲ ကြုံတွေ့နေရတာပါ။
သူမရဲ့ ဝတ်ရုံထဲမှာဖုံးကွယ်ထားရင်းနဲ့ သူမလက်ကို တင်းနေအောင် ဆုပ်လိုက်မိသလို တိုးတိတ်စွာ အံကြိတ်လိုက်ပါတယ်။
သူတို့အနေနဲ့ သူမပြန်မလာနိုင်စေဖို့ ဆုတောင်းထားတာ အကောင်းဆုံးပါပဲ သူမသာ ဒီအဖြစ်ကနေ ပြန်လွတ်မြောက်လာလို့ကတော့လား ဘာဇာမဏီမိသားစု ဘာဇာမဏီ
ခေါင်းဆောင်တွေကိုမှ သောက်ဖက်လုပ်နေမှာ မဟုတ်ဘဲ ကောင်းကောင်းကြီး သင်ခန်းစာပြန်ပေးမှာပါ။သူမသာ ဒီနေ့အဖို့ ရှင်သန်လွတ်မြောက်ခဲ့ရင် ဇာမဏီမိသားစု ခေါင်းဆောင်နေ
ရာကို ပြောင်းလဲပစ်လိုက်မှာပါ။
"ဒုတိယနဲ့စတုတ္ထဦးလေးတို့ ဦးလေးတို့က ဒီလို ဝမ်းနည်းစရာ အဖြစ်ကို ဖြစ်စေတယ်ပေါ့လေ။ဘဘအတွက် တစ်ကယ်လိုအပ်နေသူက ကျွန်တော်ပါပဲဗျာ"ဟူသော သိမ်မွေ့
ချိုသာတဲ့ စကားသံနှင့်အတူ ပိတ်ထားသော တံခါးပေါက်ကြီး ဖြည်းလေးစွာ ပွင့်ဟလာပါတော့လေသည်။ထိုအသံရှင် လူငယ်ဟာ အထက်အောက် အဝတ်ဖြူလွလွကို ဆင်မြန်းထားကာ
ပြေပြစ်သောကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားပြီး နတ်သားတစ်ပါး နတ်သက်ကြွေလာသကဲ့သို့ နူးညံ့သိမ်မွေ့ကာ ကျက်သရေရှိလှပေသည်။သူ့အပြုံးကို မြင်ရသူအဖို့ ဝမ်းသာစရာ
တွေ့ကြုံနေရသလိုပင်။လူငယ်ဟာ တင့်တယ်စွာပဲ အဆောင်အတွင်းသို့ ဝင်ရောက်လာပါတယ်။
လူငယ်၏နောက်မှာတော့ တောင့်တင်းတဲ့ ယောကျ်ားလေးယောက်ဟာ ကြီးမားတဲ့ သံလှောင်အိမ်တစ်ခုကို လေးလံစွာ သယ်မလာခဲ့ကြပါတယ်။
သံလှောင်အိမ် အတွင်းမှာတော့ လူ့အရပ်တစ်ဝက်ခန့်ရှိတဲ့ အဖြူရောင်မြေခွေးတစ်ကောင်ဟာ နံရံကိုမှီနေတာကို တွေ့လိုက်ရပါတယ်။ထိုမြေခွေးမှာ စိမ်းမြနေတဲ့ မျက်လုံးတွေ
ပိုင်ဆိုင်ထားပြီး တက်မက်နှစ်သက်ဖွယ်ကောင်းလှတဲ့ အဖြူရောင်အမွှေးတွေဟာ လိုက်ဖက်လှပါတယ်။
အခန်းအတွင်းကလူတွေဟာ "ရှန်စိယူ"လို့ ရေရွတ်လိုက်ကြသလို လှုပ်လှုပ်ရွရွဖြစ်သွားကြပါတော့တယ်။
အမှန်တစ်ကယ်တော့ ထိုလူငယ်လေးဟာ ဇာမဏီမိသားစုရဲ့ သွေးသားရင်းမဟုတ်ဘဲ ရှန်ဖန် လွန်ခဲ့သော ဆယ်နှစ်က ခေါ်ဆောင် မွေးစားထားသူ မိဘမဲ့တစ်ယောက်ပါ။သူ့
မျိုးနွယ်ကို ဘယ်သူမှမသိကြဘဲ ရှန်ဖန်က ရှန်စီယူလို့အမည်ပေးထားတာကိုပဲ သိကြပါတယ်။သူ့ဝါစဉ်ဟာ တတိယမျိုးဆက်တွေနဲ့ အတူတူပါပဲ။
ရှန်စီယူဟာ ၁၈နှစ်ရှိပြီဖြစ်ကာ သူ၏ချောမောမှုက ရှန်ယိဖန်ကို ကျော်လွန်ဖုံးလွှမ်းထားပါတယ်။ရှန်ယိဖန်က ကြယ်တစ်ပွင့်ဆိုလျှင် ရှန်စီယူက လမင်းကြီးပါ။ဘယ်ကြယ်ပွင့်က
များ လမင်းကို ယှဉ်နိုင်မှာလဲလေ။
အမြဲတမ်းနီးပါး အိမ်တော်မှာမရှိဘဲ ရှန်ဖန်ရဲ့စေခိုင်းချက်နဲ့ အပြင်လောကမှာပဲ ရှိနေခဲ့သူ ရှန်စီယူ ရုတ်တရက်ထွက်ပေါ်လာမှုကို ဘယ်သူမှ မျှော်လင့်မထားမိကြပါဘူး။ရှန်စီ
ယူရဲ့လုပ်ဆောင်မှုအားလုံးကို ရှန်ဖန်တစ်ယောက်သာ သိရှိပါတယ်။ရှန်စီယူဘယ်မှာဘာလုပ်နေလဲသိဖို့အသာထား သူ့အစွမ်းဘယ်လောက်ရှိသလဲဆိုတာကို မိသားစုအတွင်း မည်သူမျှ
မသိကြပါဘူး။
ရှန်စီယူသာ ဇာမဏီမိသားစုကဆင်းသက်လာသူ ဖြစ်နေခဲ့ပါက ဒုတိယမျိုးဆက်ထဲက ရှန်ဂျန်နဲ့ရှန်ယူရဲ့ သားသမီးတွေအတူပေါင်းကာ ရှန်ဖန်အရေးပေးအခံရဆုံး မွေးစားသား
ဖြစ်သူကို သုတ်သင်ပစ်ကြမှာ သေချာပါတယ်။ဒီနှစ်ပိုင်းအတွင်းမှာ ရှန်စီယူဟာ အရွယ်ရောက်လာပြီး ပိုချောမောလာပြီး ခန့်ညားနေပါတော့တယ်။သူ့ရဲ့ ဟာကွက်မရှိဘဲ ပြေပြစ်လှတဲ့
လှုပ်ရှားသွားလာနေမှုကြောင့် ရှန်ဂျန်ကို လက်လွတ်စပါယ် မလုပ်ရဲစေခဲ့ပါဘူး။
"ကျွန်တော်ဒီမြို့တော်ကို ပြန်မရောက်ခင်မှာပဲ နတ်ဘုံက တန်ခိုးရှင်အကြောင်း ကြားသိခဲ့သလို နှင်းဝိဉာည်မြေခွေးကို လက်ဆောင်အဖြစ် လိုချင်နေတယ်လို့ သိခဲ့ရပါတယ်။
အပြန်လမ်းမှာ ကျွန်တော်ဟာ ဒီကောင်လေးကို ကံကောင်းထောက်မပြီးတွေ့ခဲ့ရလို့ ဘဘကို ပေးဖို့ အလွယ်တကူ ရခဲ့ပါတယ်။ဘဘအနေနဲ့ ကျေနပ်မယ်လို့ မျှောလင့်မိပါတယ်ဗျ"
ရှန်စီယူရဲ့ မျက်လုံးတွေက အပြုံးတွေနဲ့တောက်ပနေပြီး သူ့အမူအယာနဲ့ ပနံရလွန်းပြီး ကောင်းကင်ကဖန်ဆင်းလိုက်တဲ့ ပန်းချီကားတစ်ချပ်လို လှပလွန်းနေပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
မူရင်းစာရေးဆရာ - North Night
မူရင်းဝတ္ထု -The Good for Nothing Seventh Young Lady
ဘာသာပြန် -NEVER
အခန်း (၁၈)
ရှန်စီယူရောက်လာတာကိုတွေ့လိုက်ရတဲ့ ရှန်ယူနောက်မှာရပ်နေတဲ့ ရှန်ကျီယီမျက်နှာဟာ ရဲတက်သွားပါတယ်။အလိုလိုက်ခံထားရပြီး အနိုင်ကျင့်တတ်တဲ့ အမူအယာတွေ လုံး
ဝမရှိတော့ဘဲ မိန်းမပျိုတစ်ယောက်ရဲ့ ရှက်သွေးဖြာနေတဲ့ပုံကိုပဲ တွေ့မြင်ရပါတယ်။
"ကောင်းတယ် ကောင်းတယ်"လို့ ခဏတာ ကြောင်အမ်းနေတဲ့ ရှန်ဖန်ဟာ ကျယ်လောင်စွာ ရယ်မောရင်း ပြောလိုက်ပါတယ်။
ဘယ်သူ့အကြည့်ကိုမှ ဂရုမစိုက်ဘဲနဲ့ ရှန်စီယူဟာ ရှန်ယန်ရှောင်အနားသို့ လျှင်မြန်စွာ လှမ်းလာပါတယ်။ရှန်ယန်ရှောင်တစ်ယောက် ဘာလုပ်ရမယ်မှန်း မသိခင်မှာဘဲ ရှန်စီယူ
က သူ့လက်မောင်းတွေကိုဆန့်တန်းကာ သူမကို ပွေ့ဖက်လိုက်ပါတော့တယ်။
ရှန်စီယူ ငြင်သာသိမ်မွေ့စွာပြောလိုက်တဲ့စကားကတော့ "ယန်ရှောင် ငါပြန်ရောက်လာပါပြီနော်။ငါမင်းအနားမှာ ရှိနေသရွေ့ မင်းကို ဘယ်သူကမှ အနိုင်မကျင့်စေရပါဘူးကွာ"
ဟုဖြစ်လေသည်။
ဒါပေမယ့်လည်း ထိုစကားသံဟာ ရှန်ဂျန်တို့လိုလူတွေရဲ့ နားထဲမှာတော့ မိုးကြိုးပစ်ချလိုက်သလို ဖြစ်နေလေတော့သည်။
ရှန်ယန်ရှောင် မျက်တောင်ခတ်လိုက်ပါတယ်။အေးမြလတ်ဆတ်တဲ့ ဝင်သက်ထွက်လေကို ခံစားသိရှိနေတဲ့ သူမ တွေးလိုက်မိတာက................
ဒါဟာ သူမအတွက်တော့ အလစ်အငိုက်တိုက်ခံလိုက်ရတာနဲ့ တူနေပါတယ်။
သူမခေါင်းထဲမှာ ရှန်စီယူနဲ့ပတ်သတ်တဲ့ မှတ်ဉာဏ်တွေ အစီအရီ ပေါ်လာပါတယ်။သူမဟာ ဇာမဏီမိသားစုအတွက် ဂုဏ်မဲ့စေသူတစ်ဦးဖြစ်လျှင် ရှန်စီယူကတော့ ဂုဏ်တက်
စေသူဖြစ်ပါတယ်။ဝမ်းနည်းစရာတစ်ခုကတော့ ရှန်စီယူဟာ မိသားစုခေါင်းဆောင်နေရာကို ရနိုင်မယ့်သွေးရင်းမဟုတ်တဲ့ မွေးစားခံတစ်ဦးဖြစ်နေခြင်းပါပဲ။
မည်သို့ပင်ဆိုစေကာမူ ထိုဂုဏ်တက်စေသူက ဒီဂုဏ်မဲ့စေသူကို ရှန်ယိဖန်လို ဟန်ဆောင်ပန်ဆောင် ကာကွယ်စောင့်ရှောက်ပေးခြင်းမျိုးမဟုတ်တဲ့ စစ်မှန်တဲ့ကာကွယ်မှုကို ပေး
ခဲ့တာပါ။သူမတွေ့ရှိသမျှ မှတ်ဉာဏ်တွေထဲမှာ ရှန်စီယူဟာ သူမကို တစ်ပါးသူတွေ စွပ်စွဲအနိုင်ကျင့်နှောက်ယှက်ခြင်းကနေ အပြည့်အ၀ ကာကွယ်ပေးခဲ့သူပါ။ရှန်စီယူရှိနေခဲ့လို့သာ ရှန်ယူ
လိုလူတွေအနေနဲ့ သူမအား အတင်းအကြပ် ဖိအားပေးနှောက်ယှက်မှုတွေ မလုပ်ခဲ့ကြတာပါ။ဒါပေမယ့်လည်း ဒီလိုမျိုး ရှန်စီယူက ကာကွယ်ပေးနေခဲ့တာကြောင့်လည်း ရှန်ကျီယီဟာ သူမ
အပေါ် အမြင်ကပ်စေခဲ့ရတာပါ။
မိန်းမပျိုတစ်ဦးရဲ့ တွေးခေါ်မြော်မြင်နိုင်မှုကို ထိုမနာလိုခြင်းမီးတောက်တွေက ဖုံးလွှမ်းသွားခဲ့ရပါတယ်။
ထိုမှတ်ဉာဏ်တွေကြောင့်လားတော့မသိ ရှန်ယန်ရှောင်ဟာ ရှန်စီယူအား ရင်းနှီးနေမိပါတယ်။။ဒီအစ်ကိုဖြစ်သူနဲ့ ပတ်သတ်လို့ သူမအနေနဲ့ ဘာမှကသိကအောက်မဖြစ်မိပါဘူး။
အဲ့အချိန်မှာပဲ ရှူပြောလိုက်တာကတော့
"မဆိုးဘူးပဲ" ဆိုသော စကားပါ။
ဘာ မဆိုးတာလဲ။ဘာကိုဆိုလိုချင်မှန်း သူမနားမလည်ပေ။
ဒီမသာမလေးကို သူ့ရင်ထဲဖက်ထား၍ နှစ်သိမ့်အားပေးနေရင်းနဲ့ ထိုလူတွေအား သူပြောနေတာက စည်းမျဉ်းစည်းကမ်း အတိုင်းလုပ်ဆောင်သွားဖို့ ရာပင်ဖြစ်သည်။ရှန်စီယူဟာ
ရှန်ယန်ရှောင်ရဲ့ ခေါင်းကိုပွတ်သပ်ပေးနေပါတယ်။သူ့မျက်လုံးထဲတွင်တော့ ရှန်ယန်ရှောင်ဟာ သူ၏ချစ်ခင်တွယ်တာရသူ ဖြစ်ကြောင်းကိုတွေ့မြင်နိုင်ပါတယ်။
"စီယူ မင်း ဒီတစ်ခါတော့ လုံးဝကို အားကိုးရခဲ့တာပဲ။မင်း ဘာဆုကို လိုချင်သလဲ"လို့ နှင်းဝိဉာည်မြေခွေးကြောင့် ကျေနပ်နေတဲ့ ရှန်ဖန်က မေးလိုက်ပါတယ်။
နှင်းဝိဉာည်မြေခွေးနဲ့ ရှန်ယန်ရှောင်အား တစ်လှည့်စီ ကြည့်လိုက်မိရင်း ရှန်စီယူ ပြောလိုက်သည်က
"ဘဘရေ အဲ့လိုဆိုရင်တော့ ယန်ရှောင်ကို ခွင့်လွှတ်ပေးလိုက်ပါလား။အဲ့ဟာကလွဲလို့လည်း ကျွန်တော့အနေနဲ့ တခြားတောင်းဆိုစရာမရှိပါဘူးဗျ"
ကိုယ်နဲ့သွေးမတော်သားစပ်တဲ့သူကို ဒီလောက်ကြီးထိ ဘာဖြစ်လို့ ကာကွယ်ပေးနေရတာလဲဟု ရှန်ဂျန်နဲ့ရှန်ယူဟာ မင်သက်စွာ တွေးနေရင်း သူတို့သားသမီးတွေရဲ့ အဓိက
ပြိုင်ဖက်ဖြစ်သူကို ကြည့်လိုက်မိပါတယ်။ဒီကောင်လေးဟာ အလွန်အကျိုးပြုစေတဲ့ ဆောင်ရွက်မှုနဲ့အတူ ပြန်လာခဲ့ကာ ဒီလို သုံးမရတဲ့ဟာမလေးအတွက် ဆုအဖြစ်တောင်းခံလိမ့်မယ်လို့
သူတို့ မယုံနိုင်ဘူးဖြစ်နေမိပါတယ်။
ရှန်ဖန်လည်း ပြုံးရင်းပြောလိုက်တာကတော့ "ဒါက မင်းကို ကျေနပ်စေတယ်ဆိုလည်း မင်းသဘောအတိုင်းပါပဲ'ဟုဖြစ်သည်။
ဘယ်သူမှ ရှန်ဖန်ရဲ့ စကားကို အတွန့်မတက်ရဲချေ။
ထပ်ပြောရမယ်ဆိုပါကလည်း ဇာမဏီမိသားစုရဲ့ အခြေမြင့်လာမယ့်အရေးနဲ့ မသာမလေးကို လဲလှယ်ရတာကလည်း တန်လွန်းနေပါပြီလေ။ရှန်စီယူကသာ ဇာမဏီမိသားစုရဲ့
ခေါင်းဆောင်နေရာကို ယှဉ်ပြိုင်စေနိုင်တဲ့ နေရာလိုချင်ပါတယ်လို့ ပြောလာခဲ့ရင် သူတို့အနေနဲ့ အခန်းအောင်းကာ သေအောင်ငိုနေရုံပဲရှိပါတယ်။
ရှန်ယိဖန်အနေနဲ့ ရှန်ကျီယီနဲ့ရှန်ကျီဝေနှစ်ယောက်လုံးကို တစ်ချက်တည်းနဲ့ အသေသတ်နိုင်စွမ်းရှိပေမယ့် ရှန်စီယူနဲ့ဆိုရင် တစ်ချက်တည်းနဲ့ အသက်ပျောက်မှာ သူဖြစ်ကြောင်း]
အလိုလို နားလည်ခံစားမိနေပါတယ်။
တစ်ပိုင်းတစ်ကဏ္ဍကတော့ အဆုံးသတ်ချိန်ရောက်ခဲ့ပါပြီ။သေသွားတဲ့ နှင်းဝိဉာည်မြေခွေးအကြောင်းနဲ့ အသစ်ရောက်လာတဲ့ နှင်းဝိဉာည်မြေခွေးတို့ အကြောင်းကို မပေါက်
ကြားစေရန် မှာကြားထားပါတယ်။ရှန်ဖန်စကားအနည်းငယ်ပြောပြီးတဲ့အခါ အားလုံးကို သွားခိုင်းလိုက်ပါတယ်။ဒီတစ်ခါမှာတော့ သူ့ရဲ့စိတ်အချရဆုံး လူတွေကိုပဲ သားရဲတွင်းကို စောင့်
ကြပ်ခိုင်းပါတော့တယ်။
ရှန်ယန်ရှောင်အနေနဲ့ခံစားနေရတာက ဒီအဖြစ်အပျက်တစ်ခုလုံးမှာ သူမ ဘာမှလုပ်ခဲ့ပြောခဲ့ရတာ မရှိတာကိုပါ။
တွေးနေစရာမလိုတာကတော့ ရှန်စီယူသာ နတ်တစ်ပါးလာကယ်သလို သေမိန့်ဖျက်အမိန့်ပြားယူမလာပေးခဲ့ပါက သူမအနေနဲ့ မဟာအရှင်ကြီးဖြစ်တဲ့ ရှူကို တောင်းပန်တိုးလျှိုး
နေရမှာပါပဲ။