← Chapters

အခန်း (၂၂-၂၄)

Vol. 2 Ch. 22-24

အခန်း (၂၂-၂၄)

Vol. 2 Ch. 22-24

ကောင်းကျိုးမပေးသော သမီးပျို

မူရင်းစာရေးဆရာ - North Night

မူရင်းဝတ္ထု -The Good for Nothing Seventh Young Lady

ဘာသာပြန် -NEVER

အခန်း (၂၂)

"ကျွန်တော်အမှတ်မမှားရင် ရှန်ကျီယီက မှော်ကို အဆင့်ငါးအထိ လေ့ကျင့်ထားပါတယ်။ဒုတိယဦးလေးက အဆင့်ငါးမှော်အတတ်ရောက်ထားတဲ့ ရှန်ကျီယီကို မှော်ရောအတွင်း

အားရော ဘာမှမသိတဲ့ ရှန်ယန်ရှောင်က ထိခိုက်အောင်လုပ်ခဲ့တာလို့များ ပြောမလို့လား"ဒေါသထွက်နေပုံကို အမြဲလိုလို ကျောက်စိမ်းကဲ့သို့ တည်ငြိမ်အေးချမ်းတဲ့ မျက်နှာပိုင်ရှင် ရှန်စီယူ

ဆီမှာ တွေ့လိုက်ရပါတယ်။အဆိုပါ ဒေါကန်နေပုံက ယဉ်ကျေးသိမ်မွေ့တဲ့ ရှန်စီယူအား မြင်ရသူတွေအဖို့ ကြောက်ရွံ့အံ့အားသင့်စေပါတယ်။

ရှန်ယူကိုတောင်မှ ရှန်စီယူဆီကထွက်ပေါ်နေတဲ့ မမြင်ရတဲ့ ဖိအားတစ်ရပ်က တုန်လှုပ်ခြောက်ခြားနေစေပါတယ်။

ဒီလူူငယ်လေးက ဘယ်လောက်တောင် စွမ်းအားကြီးမားနေလို့ အခုလို ဖိအားမျိုးထုတ်လွှတ်နိုင်ရတာပါလိမ့်။

ရှန်ဖန်ယုံမယုံတောင်ပြောနေစရာမလိုအပ်ပါ ဘာလို့လဲဆိုတော့ ရှန်ယူကိုယ်တိုင်တောင် ဒီအဖြစ်ကို လက်မခံနိုင်ပါဘူး။ဒီဟာသာ အမှန်ဖြစ်တယ်ဆိုရင် သူဂုဏ်ယူရတဲ့ သူ့သမီး

ဖြစ်သူထက် အဲ့ဒီ အမှိုက်သရိုက်မက ပိုချီးကျူးဖို့ကောင်းတယ်လို့ ဝန်ခံလိုက်တာနဲ့ တူမနေဘူးလား။

ရှန်ယူမျက်နှာဟာ အဖြူကနေ အစိမ်း ထိုမှတစ်ဆင့် ခရမ်းရောင်သို့ပြောင်းလဲသွားပါတယ်။

"ကျီေ၀ ဘယ်လိုဖြစ်ခဲ့ရတာလဲဆိုတာကို ငါ့ကိုရှင်းပြစမ်း"ဟုမျက်မှောင်ကုတ်လိုက်ရင်းနဲ့ ရှန်ဖန်ကမေးလိုက်ပါတယ်။ရှန်ယန်ရှောင်အခန်းမှာ ဖြစ်ခဲ့ရတာက ရှန်ကျီဝေတို့ မောင်

နှမနှစ်ယောက်လည်း ရှိနေခဲ့တာကြောင့် ပုံမှန်ဆိုရင် ရှန်ယန်ရှောင်ပဲ ထိခိုက်ရမှာလေ။မည်သို့ပင်ဖြစ်စေ ဒီနေ့အဖို့ကတော့ လူပြောင်းခဲ့ပါပြီ။ရှန်ကျီယီကတော့ သတိမေ့နေဆဲဖြစ်ကာ ရှန်

ကျီဝေကတော့ ကြောင်တောင်တောင်အမူအယာဖြစ်နေပါတယ်။

ရှန်ကျီဝေဟာ ဆိတ်ဆိတ်နေတတ်လေ့ရှိသူ ရှန်ဖန်ကို ကြောက်ပါတယ်။ရှန်ဖန်က သူ့အဖိုးဖြစ်ပေမယ့်လို့ ရှန်ကျီဝေအပေါ် ပုံမှန်အားဖြင့် သိပ်အလိုလိုက်အရေးပေးလေ့ မရှိသူ

ပါ။သူ့နာမည်ကို အခေါ်ခံလိုက်ရတော့ တံတွေးတစ်ချက်မြိုချလိုက်မိကာ အလိုလို ကြည့်လိုက်မိတာက ရှန်စီယူနောက်မှာ ရှိနေတဲ့ ရှန်ယန်ရှောင်ဆီကိုပါ။အခုရှန်ယန်ရှောင်က အရင်တုန်း

က သူ့နဂိုအတိုင်းဖြစ်တဲ့ တုံးအအကြောင်တောင်တောင်ပုံစံ ပြန်ဖြစ်နေပါတော့တယ်။နတ်ဆိုးတစ်ပါးလို ထိတ်လန့်တုန်လှုပ်ဖွယ်ခံစားချက်ကို ပေးခဲ့တဲ့အမူအယာလုံး၀ မရှိတော့ပေမယ့်

ထိုပုံကတော့ ရှန်ကျီေ၀ ရင်ထဲအသည်းထဲထိ စွဲမြဲစွာထင်ကျန်ရစ်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတာကို သူနားမလည်ပေမယ့် သူ့အနေနဲ့ ရှန်ယန်ရှောင်ကို ကြည့်မိလိုက်တာနဲ့ အရင်တုန်းက

ဖြစ်နေကျခံစားချက်ဖြစ်တဲ့ စက်စုပ်အမြင်ကတ်မှုမရှိတော့ဘဲ လက်သင့်မခံနိုင်မှုတွေသာ ဖြစ်ပေါ်လာခဲ့ရပါတယ်။

"မင်းဘာလို့ ဘာမှမပြောရတာလဲကွ"

သူ့သားဖြစ်သူက အဲ့ဒီငတုံးမကို ငေးနေပုံက အရူးတစ်ယောက်လိုဖြစ်နေတာကြောင့် ဒေါသပြန်ထွက်လာတဲ့ ရှန်ယူက အော်ဟစ်မာန်မဲလိုက်ပါတယ်။

တစ်ချက်တွန့်သွားတဲ့ ရှန်ကျီဝေက မြန်မြန်ဆန်ဆန်ပြောလိုက်တာက"ကျွန်..ကျွန်တော်လည်း ဘာမှမသိပါဘူးဗျာ။အစ်မက တံခါးပေါက်မှာ စောင့်နေလို့ပဲပြောခဲ့တာ။အခန်းထဲ

မှာ ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း မသိခဲ့ပါဘူးဗျ"

ပုံမှန်အားဖြင့်တော့ ရှန်ကျီဝေဟာ အပြစ်ကို ရှန်ယန်ရှောင်အပေါ် လွှဲချလိုက်ရမှာပါ။ဒါကြောင့် အထဲမှာ ဘာဖြစ်ခဲ့တာကို သူမသိလည်း ရှန်ယန်ရှောင်ကြောင့်ဖြစ်ခဲ့တာလို့ ပြော

လိုက်ရမှာပါ။ဒါပေမယ့်လည်း အခုသူ့စိတ်တွေက ကျောက်တုံးတစ်တုံးက ဖိထားသလိုခံစားနေရပြီး ရှန်ယန်ရှောင်ကို စွပ်စွဲပြောဆိုဖို့ သူမလုပ်ရဲဘူး ဖြစ်နေပါတယ်။

သူ့အနေနဲ့ လူတစ်ယောက်ရဲ့သွေးလည်ပတ်မှုကို ခဲသွားမတတ်ဖြစ်စေခဲ့တဲ့ ထိုအပြုံးကို ထပ်မတွေ့ချင်တော့ပါဘူးလေ။

"တံခါးပေါက်ကို စောင့်ခိုင်းခဲ့တယ်"

ရှန်စီယူက ရှန်ကျီဝေဆီ တစ်ချက်ကြည့်လိုက်ရာ ရန်ကျီဝေတစ်ယောက် ထိတ်လန့်နေတဲ့ ငုံးတစ်ကောင်လို ခေါင်းပုလိုက်မိပါတယ်။ထို့နောက် မျက်နှာလွှဲလိုက်ပါတော့တယ်။

ရှန်ဖန်လည်း မျက်မှောင်ကို ပို၍ကြုံ့လိုက်မိပါတယ်။အခုက ဘာသဲလွန်စမှလည်း မသိရပါဘူး။ရှန်ယန်ရှောင်ရဲ့ အသိက လေးနှစ်သားအရွယ်ပဲရှိတာကြောင့် သူ့ကိုမေးလို့ ရ

လာတဲ့ အဖြေကိုလည်း အတည်ယူလို့ မဖြစ်ပြန်ပါဘူး။ရှန်ကျီယီကလည်း မေ့မြောနေဆဲ ဖြစ်တာကြောင့် မေးလို့က မရပြန်။

"ဒီလူတွေအကုန်လုံး အရင်ပြန်ခိုင်းလိုက်စမ်း ပြီးရင် ရှန်ကျူကို လွှတ်ပြီးကြည့်ခိုင်းလိုက်မယ်။မင်းတို့တွေက ဘာမှဆောက်လုပ် မရှိကြလို့ ဒီနားလာအချိန်ဖြုန်းနေကြတာလား

ကွ ဟမ် သောက်ကောင်တွေ"

ရှန်ဖန်ဟာ ဇာမဏီငှက်ကို နိုးထစေဖို့အတွက် စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ကိုင်နေတာကြောင့် လူပင်ပန်းစိတ်ပင်ပန်းဖြစ်နေတဲ့အချိန်မှာ ကလေးတွေအတွက်နဲ့ ငြင်းခုန်ဖြေရှင်း

ဖို့ စိတ်မပါပါဘူး။

ရှန်ဖန်ရဲ့ စေခိုင်းမှုကို ဘယ်သူမှ မလွန်ဆန်နိုင်ဘဲ လိုက်နာကြပါတယ်။

ရှန်ယူကတော့ မကျေမနပ်နဲ့ သူ့သားနဲ့သမီးဖြစ်သူကို ခေါ်ပြီး ထွက်သွားပါတယ်။စကားအနည်းငယ် ပြောပြီးတာနဲ့ ရှန်ဖန်လည်း ပြန်သွားပါတော့တယ်။

 ကောင်းကျိုးမပေးသော သမီးပျို

မူရင်းစာရေးဆရာ - North Night

မူရင်းဝတ္ထု -The Good for Nothing Seventh Young Lady

ဘာသာပြန် -NEVER

အခန်း (၂၃)

ရှန်ယန်ရှောင်နဲ့ရှန်စီယူပဲ အခန်းထဲမှာ ကျန်ခဲ့ပါတယ်။

"မကြောက်တော့နဲ့နော်"လို့ပြောရင်း ရှန်ယန်ရှောင် ပုခုံးအား ပုတ်လိုက်ပါတယ်။လက်ဆောင်တွေအကုန်လုံး ပြာဖြစ်တာကို သိလိုက်တဲ့အတွက် သူထပ်ပြောတာက "ယန်ရှောင် မနက်ဖြန်ရောက်ရင် လက်ဆောင်တွေပို့ဖို့ လူလွှတ်လိုက်မှာပါ

ဘာမှတွေးပူမနေနဲ့တော့နော်"ဟုပင်ဖြစ်သည်။

"ဘယ်သူကများ အဲ့ဟာတွေကို တွေးပူနေလို့တုန်း"လို့ စိတ်ထဲတွေးလိုက်မိကာ မျက်လုံးပြူးလိုက်မိပါတယ်။စားကောင့်မယ့် မုန့်တွေအတွက်နှမြောမိတာက လွဲရင်ပေါ့လေ။ထို အကောင်းစား ကလေးကစားစရာတွေအတွက်ကတော့ သူမအနေ

နဲ့ ဘယ်လိုမှ မဖြစ်ပါဘူး။

ရှန်ကျီယီရဲ့ ကံမကောင်းတဲ့ဖြစ်ရပ်ကြောင့် မောင်နှမနှစ်ယောက်လုံးက ရှန်ယန်ရှောင်အား ဒီရက်ပိုင်းအတွင်း ပြဿနာမရှာတော့ပါဘူး။ရှန်ဖန်နဲ့အတူနေနေရတဲ့အတွက် ရှန်စီယူကလည်း သူမဘေးမှာ အဖော်မပြုပေးနိုင်ခဲ့ပါဘူး။ဒါကြောင့်လည်း

အချိန်အလဟဿကုန်နေတဲ့ ရှန်ယန်ရှောင်ကို ရှူက ပြင်းထန်တဲ့ လေ့ကျင့်မှုကို ပြန်လုပ်စေပါတော့တယ်။

အစပိုင်းအဆင့်တွေမှာ အတွင်းအားရောမှော်အတတ်ရောက လေ့ကျင့်လို့ အမြန်ဆုံးအလွယ်ကူဆုံးဖြစ်ပါတယ်။အဆင့်၆ကို ရောက်ကာနီးရင်တော့ ခက်ခဲနှေးကွေးလာပါတယ်။သုံးရက်လောက် အပြင်းအထန်လေ့ကျင့်တာတောင်မှပဲ ရှန်ယန်

ရှောင်အနေနဲ့ အတွင်းအားနဲ့မှော်ကို အဆင့်၄နဲ့၅ကို ရောက်အောင်ပဲ လုပ်နိုင်ခဲ့ပါတယ်။သာမန်လူတစ်ယောက်အဖို့ကတော့ ဒါက အလွန်ကြောက်ဖို့ကောင်းအောင် မြန်တယ်လို့ပြောလို့ရသော်လည်း ရှန်ယန်ရှောင်အတွက်ကတော့ အစပိုင်းရက်တွေနဲ့

ယှဉ်ရင် လိပ်လိုနှေးတယ်လို့ ခံစားနေရစေပါတယ်။

"လဖွတ်တဲ့မှပဲ။ဘာဖြစ်နေလို့ တိုးတက်မှုနည်းနည်းလေးတောင် မရှိရတာလဲ"ညအချိန်မှာ တစ်နေ့စာ လေ့ကျင့်ခဲ့မှုကို ပြန်ဆန်းစစ်နေတဲ့ ရှန်ယန်ရှောင်ကပြောလိုက်တာပါ။ဒီနေ့တိုးတက်မှုက လုံးဝမရှိဘူးလို့ ပြောလို့ရပါတယ်။အတွင်းအားက

အနည်းငယ်ဆိုသလောက်တော့ တိုးတက်လာခဲ့ပေမယ့် အဆင့်၅ကို ရောက်ဖို့ကတော့ တော်တော်လိုပါသေးတယ်။မှော်အစွမ်းကတော့ ဘာတိုးတက်မှုမှမရှိသလောက်ပါဘဲ။

ဒုံးကျည်ရဲ့ အမြန်နှုန်းနဲ့ လေ့ကျင့်တိုးတက်ခဲ့ရတဲ့ ရှန်ယန်ရှောင်အဖို့ ဒီအဖြစ်က လက်သင့်မခံချင်စရာ ဖြစ်နေရပါတယ်။

"မင်းရဲ့ ပိတ်ပင်တားမြစ် အမှတ်တံဆိပ်က ပထမအဆင့်ကို ငါက ပယ်ဖျက်ပေးခဲ့ပေမယ့် အဲ့ဒါက မင်းကို အတွင်းအားနဲ့မှော်အစွမ်းကို လေ့ကျင့်သင်ယူနိုင်ယုံလောက်ပဲရတာ။ဒါကြောင့် ဒုတိယအဆင့်ကို မဖျက်ရသေးသ၍ မင်းရဲ့အတွင်းအားနဲ့

မှော်အစွမ်းတွေရဲ့ တိုးတက်မှုက ပိုနှေးလာဖို့ပဲရှိတယ်။အဆင့်တစ်ခုကို ရောက်တာနဲ့တစ်ပြိုင်နက် မင်းအနေနဲ့ နောက်ထပ်အဆင့်ကို ရောက်ဖို့တောင် မဖြစ်နိုင်တော့ဘူး"ဆိုတဲ့ ရှူရဲ့ အသံဟာ ခါတိုင်းလိုပဲ သူမစိတ်ထဲမှာ ပဲ့တင်ထပ်နေပါတယ်။

"ဒီတားမြစ်အမှတ်အသားတံဆိပ်က ဘာကြီးလဲကွာ"

ရှန်ယန်ရှောင်ဟာ သူမတိုင်တည်ခဲ့တဲ့ လက်စားပြန်ချေဖို့နဲ့ မိသားစုခေါင်းဆောင်ဖြစ်လာစေဖို့ဆိုတာကို တွေးမိရင်း စိတ်ဓာတ်အနည်းငယ်ကျသွားရပါတယ်။ရှူပြောတာတွေက အမှန်အတိုင်းဖြစ်မယ်ဆိုရင် သူမအနေနဲ့ အဆင့်တစ်ဆင့်ဆင့်ကို

ရောက်တာနဲ့ ထပ်အဆင့်တက်ဖို့က မဖြစ်နိုင်တော့ပါဘူး။ပိတ်ပင်အမှတ်တံဆိပ်ကို ပယ်ဖျက်ဖို့ဆိုတာ ပျော်စရာဖြစ်ပေမယ့်လို့ ဘယ်လိုလုပ်မလဲဆိုတာကတော့ လွယ်ကူမယ့်မေးခွန်းမဟုတ်ပါဘူး။

"ငါမင်းကို ပြောခဲ့သလိုပဲလေ တားမြစ်တံဆိပ်က မင်းရဲ့စွမ်းအားတွေကို ထိန်းချုပ်ထားဖို့ပဲ။ပထမတံဆိပ်ကို ပယ်ဖျက်တယ်ဆိုတာက အစပဲရှိသေးတယ်။မင်းအနေနဲ့ ပိုသန်မာလာချင်ရင် နောက်ထပ်တံဆိပ်တွေကို ဆက်ဖျက်နေဖို့တော့လိုတယ်။

အဲ့နည်းနဲ့ဆိုရင် မင်းလည်း အဆင့်တွေထပ်တက်နိုင်မှာဖြစ်သလို မင်းရဲ့ထိန်းချုပ်ခံထားရတဲ့ စွမ်းအားတွေကလည်း ပြန်ထွက်ပေါ်လာမှာပါပဲ"ရှူရဲ့ အသံအတက်အကျမရှိတဲ့ အေးစက်စက်အသံက ထပ်မံထွက်ပေါ်လာပါတယ်။

"ဒါဆိုရင် ဒုတိယတံဆိပ်ကို ပယ်ဖျက်ဖို့ ဘာတွေလိုအပ်သလဲ"

အတန်ကြာ တိတ်နေပြီးမှ ရှူပြောလိုက်တဲ့စကား တစ်ခွန်းပဲရှိပါတယ်။

အဲ့စကားကတော့ "နတ်ဆိုးသားရဲ"

နတ်ဆိုးသားရဲတွေဟာ သွေးဆာရက်စက်တဲ့ အမျိုးအနွယ်တွေဖြစ်ပြီး ကွမ်းမင်တိုက်ပေါ်မှာ နေရာအနှံ့ပြန့်ကျဲစွာနဲ့ အမှောင်တိုက်တွေထဲမှာ နေထိုင်ကြပါတယ်။သူတို့ဟာ လူမဟုတ်သလို မှော်သားရဲလည်းမဟုတ်တဲ့အပြင် သာမန်တိရစ္ဆာန်

မျိုးလည်း မဟုတ်ပါဘူး။သူတို့ဟာ အလွန်သွေးဆာရက်စက်ကြမ်းကြုတ်တဲ့ သက်ရှိတွေဖြစ်ကာ တိရစ္ဆာန်တွေနဲ့ လူတွေကို စားသုံးပါတယ်။အကောင်ကြီးလေ ပိုစွမ်းလေပါပဲ။သာမန်နတ်ဆိုးသားရဲတွေကတော့ ရက်စက်ကြမ်းတမ်းရုံလောက်ပဲရှိပေမယ့်

အဆင့်မြင့်နတ်ဆိုးသားရဲတွေကတော့ လူသားအသွင်ပြောင်းလဲနိုင်ပါတယ်။သူတို့ဟာ အဲ့လိုပြောင်းလဲကာ ရုပ်ဖျက်အသွင်ယူ၍ သူတို့ရဲ့ ပစ်မှတ်ကို ရှာဖွေနိုင်ပါတယ်။

နတ်ဆိုးသားရဲတွေအတွက် လူတွေရဲ့ အတွင်းကလီစာတွေက သူတို့အနှစ်သက်ဆုံး အစားအစာဖြစ်ပါတယ်။ကွမ်းမင်တိုက်ပေါ်မှာ နတ်ဆိုးသားရဲတွေရဲ့ ခံတွင်းသို့ သက်ဆင်းခဲ့ရတဲ့ လူတွေ မရေမတွက်နိုင်ပါဘူး။နတ်ဆိုးသားရဲတွေရဲ့ အရေ

အတွက်က လူသားတွေရဲ့တည်ရှိမှုကို ခြိမ်းခြောက်လာတဲ့ အချိန်လည်း ရှိခဲ့ဖူးပါတယ်။ထိုအဖြစ်ကြောင့် ကွမ်းမင်တိုက်ပေါ်က တိုင်းပြည်အားလုံး လက်တွဲကာ နတ်ဆိုးသားရဲတွေကို တိုက်ခိုက်စေဖို့ ဖြစ်လာခဲ့ရပါတယ်။သူတို့အားလုံးက စစ်တပ်တွေဖွဲ့လို့

ထိုနတ်ဆိုးသားရဲတွေကို တိုက်ဖျက်ဖို့ဖြစ်လာခဲ့ပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

မူရင်းစာရေးဆရာ - North Night

မူရင်းဝတ္ထု -The Good for Nothing Seventh Young Lady

ဘာသာပြန် -NEVER

အခန်း (၂၄)

အဲ့ဒီတစ်ကြိမ်တစ်ခါစုစည်းတိုက်ခိုက်ခဲ့မှုဟာ လူတွေနေထိုင်နေတဲ့ဒေတွေက နတ်ဆိုးသားရဲတွေကို ချေမှုန်းနိုင်ခဲ့ပေမယ့်လည်း လူတွေနေထိုင်ရာဒေသအပြင်က နတ်ဆိုးသားရဲတွေဟာ အသတ်ခံခဲ့ရတဲ့ နတ်ဆိုးသားရဲတွေထက် ပိုများပြားတဲ့

ပြီး ထိုနတ်ဆိုးသားရဲတွေ နေထိုင်တဲ့နေရာကို မရဏဒေသ ဟုခေါ်ဝေါ်ကြပါတယ်။အဆိုပါနေရာတွေကို လေ့လာစူးစမ်းမှု မပြုရသေးသလို လူတွေနေလို့မရတဲ့ ဒေသတွေအဖြစ် သတ်မှတ်ထားပါတယ်။အခုလက်ရှိ ရှန်ယန်ရှောင်တို့ နေထိုင်ရှင်သန်ရာ နေ

ရာတွေမှာ နတ်ဆိုးသားရဲတွေ မရှိတော့ပေမယ်လို့ သုတ်သံရှင်းလင်းခံခဲ့ရတဲ့ နတ်ဆိုးသားရဲတွေဟာ ရှင်သန်နေဆဲဖြစ်တဲ့ နတ်ဆိုးသားရဲတွေထက်စာရင် အလွန်နည်းပါးလှတဲ့ အရေအတွက်မျှသာ ဖြစ်ပါတယ်။လူအဖြစ်ပြောင်းလဲ အသွင်ယူနိုင်တဲ့ အဆင့်

မြင့် နတ်ဆိုးသားရဲတွေကတော့ လူ့လောကအတွင်းမှာပဲ နေထိုင်ကျင်လည်ကျက်စားနေဆဲဖြစ်ပြီး ပိုစနစ်တကျဖြစ်လာတာ တစ်ခုပါပဲ။တိုက်ခိုက်မှုတစ်ခုဖြစ်ပြီးတာနဲ့ ထိုနေရာကနေ သဲလွန်စရှာမရအောင် ပျောက်ကွယ်သွားကာ လိုက်လံသုတ်သင်ဖို့ ခက်

ခဲစေခဲ့ပါတယ်။

လောင်းရွှမ်တိုင်းပြည်အတွင်းမှာ နတ်ဆိုးသားရဲတွေဆိုတာက ကြောက်ရွံ့တုန်လှုပ်ဖွယ် အရာတွေပဲ ဖြစ်ပါတယ်။ဒါကြောင့်လည်း နတ်ဆိုးသားရဲတွေရဲ့ တိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်း ကြားသိပါက လှုပ်လှုပ်ရှားရှားဖြစ်စေပါတယ်။

ဒီအချိန်အတွင်းမှာ ရှန်ယန်ရှောင်အနေနဲ့ ဒီကမ္ဘာအကြောင်းကို အနည်းနဲ့အများတော့ နားလည်စေနိုင်ခဲ့ပါတယ်။အဆိုပါ နတ်ဆိုးသားရဲတွေ အကြောင်းကိုလည်း သူမအနေနဲ့ သိထားတာတွေရှိပါတယ်။သူမမသိတာကတော့ ထိုရက်စက်ကြမ်း

ကြုတ်လှတဲ့ နတ်ဆိုးသားရဲတွေက သူမရဲ့ တားမြစ်အမှတ်တံဆိပ်နဲ့ ဘယ်လိုဘယ်ပုံ ပတ်သတ်နေရတာလဲဆိုတာကိုပါပဲ။

"ငါ့အနေနဲ့ နတ်ဆိုးသားရဲတစ်ကောင်ရဲ့ ကိုယ်ထဲက စွမ်းအင်လုံးက စွမ်းအားတွေကို ရယူပြီး ငါ့အစွမ်းကို ပြန်လည် ဖြည့်တင်းဖိုလိုအပ်တယ်။အဲ့လို ငါ့အစွမ်းကို ပြန်ဖြည့်နိုင်ခဲ့ရင် မင်းရဲ့ တားမြစ်တံဆိပ်ကို ငါ့အနေနဲ့ ပြန်ဖျက်ပေးနိုင်ပါတယ်"ဟု

ရှူက ပြောခဲ့တယ်။

ရှန်ယန်ရှောင်တစ်ယောက် သတိထားကာ တွေးလိုက်မိပါတယ်။

မှော်သားရဲတစ်ကောင် သေဆုံးခဲ့ရင် ထိုသားရဲရဲ့ စွမ်းအင်သိုလှောင်ရာ အမြူတေကို ထားရှိခဲ့ပါတယ်။နတ်ဆိုးသားရဲတွေ အတွက်ကတော့ ထိုအမြူတေကို သလင်းအမြူတေလို့ ခေါ်ကြပါတယ်။မှော်အမြူတေတွေဟာ မှော်နဲ့အတွင်းအားပညာ

ကိုလေ့ကျင့် လိုက်စားသူတွေအတွက် အလွန်အရေးပါရတာက သူတို့ အသုံးပြုတဲ့ လက်နက်ပစ္စည်းတွေပေါ်မှာ မှော်အမြူတေကို တပ်ဆင်အသုံးပြုပါက ပို၍အစွမ်းထက်လို့ပါပဲ။မှော်သားရဲက ပိုစွမ်းအားကြီးလေ မှော်အမြူတေက ပိုစွမ်းလေပါပဲ။

ဒါပေမယ့် သလင်းအမြူတေနဲ့ မှော်အမြူတေကြားမှာ ခြားနားမှုတွေရှိပါသေးတယ်။

မှော်အမြူတေအတွင်းက စွမ်းအင်ဟာ လုံးဝသန့်စင်မှုရှိပြီး လူတွေက တိုက်ရိုက်အသုံးချနိုင်ပါတယ်။သလင်းအမြူတေထဲက စွမ်းအင်ကတော့ အမှောင်စွမ်းအင်တို့ ရောစပ်ပါဝင်နေပါတယ်။သလင်းအမြူတေက စွမ်းအင်ဟာ လွန်စွာအားကြီးလှ

သော်လည်း အမှောင်စွမ်းအားကို တောင့်ခံအသုံးပြုနိုင်သူ အင်မတန်ရှားပါးလှပါတယ်။

သလင်းအမြူတေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ လက်နက်ကိုကိုင်ဆောင်အသုံးပြုသူ တစ်ယောက်ဟာ အချိန်ကြာမြင့်လာတာနဲ့အမျှ သူ့ခန္ဓာကိုယ်ဟာ အမှောင်စွမ်းအားရဲ့ ဖျက်စီးမှုကို ခံစားရကာ ယိုယွင်းပျက်စီးသွားမှာပါ။

ရှန်ယန်ရှောင်အနေနဲ့ ပြောရမယ်ဆိုရင်တော့ အမှောင်စွမ်းအင်က ပျော့လျှင် ပုလိပ်ရောဂါလိုခံစားရပြီး ပြင်းထန်လျှင်တော့ သေဆုံးမှာပါပဲ။

အားကောင်းတဲ့ စိတ်စွမ်းအင်ကို ပိုင်ဆိုင်ထားသူ ထိပ်တန်းပညာရှင်အချို့ကပဲ ထိုသလင်းအမြူတေကို အသုံးပြုရဲကြပါတယ်။သူတို့အသုံးပြုရဲတဲ့ သလင်းအမြူတေဆိုတာကလည်း သူတို့ထက် အဆင့်နိမ့်တဲ့ သလင်းအမြူတေပါ။

ဘယ်လိုပဲဆိုဆို အဆိုပါ သလင်းအမြူတေတွေဟာ လူတွေအတွက်တော့ စားရမှာလည်း သဲတစ်ရှပ်ရှပ် ပစ်ရမှာလည်း ဆီတစ်ဝင်းဝင်း ဆိုသလို ဖြစ်နေပါတယ်။

သူမလုံး၀ တွေးမထားမိတာက ထို သဲရှပ်ရှပ်ဆီဝင်းဝင်းက ရှူရဲ့ စွမ်းအားတွေကို ပြန်လည် ဖြည့်တင်းပေးနိုင်မယ့်အရာ ဖြစ်မယ်ဆိုတာကိုပါ။သူမ ပြောနိုင်တာတစ်ခုကတော့ လူတွေက တစ်စုံတစ်ခုကို စံစားခံစားရတော့မယ်ဆိုရင် အကောင်း

ကြီးဖြစ်ဖို့ရာကို နှစ်သက်ကြတယ်ဆိုတာကိုပါ။

"သလင်းအမြူတေကို ရရှိဖို့ကတော့ လုံးဝအခက်ကြီး မဟုတ်ပါဘူးလေ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ တိုင်းပြည်အားလုံးပေါင်းပြီး တိုက်ခိုက်ခဲ့မှုကနေ သလင်းအမြူတေ အများအပြားရခဲ့ပြီးတော့ တိုင်းပြည်တိုင်းမှာ သိမ်းဆည်းထားသလို အဲ့အ

မြူတေတွေကို လိုချင်တဲ့လူတွေလည်း သိပ်မရှိပါဘူး။အခုအချိန်မှာ ဘယ်သူမဆို အေးဆေးစွာသွားပြီး အဲ့အမြူတေတွေကို အများကြီး ဝယ်လို့ရပါတယ်"လို့ အချိန်ပေးလေ့လာခဲ့ရတာတွေကို ဒီအချိန်မှာ ရှန်ယန်ရှောင်က ထုတ်ဖော်ပြောလိုက်ပါတယ်။တို

တိုပြောမယ်ဆို ဒီကိစ္စက သူမကိုင်တွယ်နိုင်တဲ့ကိစ္စဖြစ်သလို ရှူတစ်ယောက် ကောင်းတယ် မကောင်းဘူး တွေးနေမှာကို သူမဂရုစိုက်မနေပါဘူး။

သူမအတွက် ပြဿနာဆိုလို့ တစ်ခုပဲရှိပါတယ်။

အဲ့ပြဿနာကတော့ သူမမှာ တစ်ပြားမှ မရှိတာပါပဲ။

သူမက ငတုံးမဖြစ်နေလို့။သူမက အမှိုက်သရိုက်မို့။သူမက ထမင်းစားဖို့ကလွဲပြီး ဘာမှမသိလို့ မွဲနေတာပါ။

ဇာမဏီမိသားစုဖက်ကလည်း သူမကို ကျွေးဖို့အဝတ်ဆင်ဖို့ကလွဲလို့ ဘာလို့ သုံးစရာ ပိုက်ဆံ ပေးနေဦးမှာလဲလေ။

အစေခံကောင်မလေး နှစ်ယောက်ဆီက နှိုက်ယူထားလိုက်တဲ့ ပိုက်ဆံအိတ်နှစ်အိတ်ကလွဲရင် သူမရဲ့ အိတ်မှာ ဘာမှမရှိဘဲ သူမထက်မွဲတဲ့သူတောင် သူမလောက်မွဲမှာ မဟုတ်ပါဘူး။သလင်းအမြူတေတွေဟာ မှော်အမြူတေတွေထက် ပို၍

ဈေးပေါသော်လည်း မန်ကျည်းရွက်ကန်စွန်းရွက်လောက်တော့ ဈေးမပေါပါဘူး။သူမရဲ့ လက်ရှိငွေအင်အားလောက်နဲ့ အဆင့်နိမ့်သလင်းအမြူတေ တစ်လုံးနှစ်လုံးလောက် ဝယ်လို့ ရရင်ကို ဟုတ်လှပါပြီ။

All Chapters