အခန်း (၂၅-၂၇)
Vol. 2 Ch. 25-27
ကောင်းကျိုးမပေးသော သမီးပျို
မူရင်းစာရေးဆရာ - North Night
မူရင်းဝတ္ထု -The Good for Nothing Seventh Young Lady
ဘာသာပြန် -NEVER
အခန်း (၂၅)
လုံးဝသေချာတာတစ်ခုလို့ သူမသံသယရှိနေတာကတော့ အဆိုပါ အဆင့်နိမ့်သလင်းအမြူတေ တစ်လုံးနှစ်လုံးလောက်က မဟာဆရာသခင်ကြီးဖြစ်သူအတွက် လုံလောက်မှု
ရဖို့ ဖြစ်နိုင်ပါ့မလား ဆိုတာကိုပါပဲ။
ပထမဆုံးအနေနဲ့ သူမကိုယ်တိုင်အတွက် ပြဿနာဖြစ်နေတာကတော့ ငွေကြေးကဏ္ဍပါပဲ။
"ရှင့်အနေနဲ့ ကျွန်မရဲ့ ဒုတိယမြောက်တားမြစ်တံဆိပ်ကို ပယ်ဖျက်နိုင်တဲ့ စွမ်းအားရဖို့က အဆင့်နိမ့် သလင်းအမြူတေ ဘယ်လောက်လောက် လိုအပ်မလဲဆိုတာကို ဆွေးနွေး
ကြတာပေါ့ရှင်"လို့ ရှန်ယန်ရှောင်က သေချာအောင် မေးမြန်းလိုက်ပါတယ်။
ခဏတာ တိတ်နေပြီးတော့ ရှူပြောလိုက်တဲ့ ပမာဏက ရှန်ယန်ရှောက်ကို သွေးအန်လုမတတ် ဖြစ်သွားစေပါတယ်။
"အလုံး ၃၀၀၀၀" (၃၀၀၀၀ ပါနော် မှားရိုက်မိမှာစိုးလို့ပါ သုံးသောင်း)
"အလုံး ၃၀၀၀၀ ......."ဟုတ်လား လို့ ရှန်ယန်ရှောင်က ယောင်တိယောင်ကန်းနဲ့ သူ့ကိုယ်သူ မေးလိုက်မိပါတယ်။၃၀၀၀၀မပြောနဲ့ သူမအနေနဲ့ ၃၀ ကိုတောင် မတတ်နိုင်
သေးပါဘူး။
"နည်းနည်းမြင့်တာဆိုရင် ၂၀၀၀(နှစ်ထောင်)လောက်ဆို လုံလုံလောက်လောက် ရှိပါပြီလေ"လို့ တစ်ပါးသူအပေါ်တွေးမပေးဘူးသူ ရှူက ပြောလိုက်ပါတယ်။
သလင်းအမြူတေ ၂၀၀၀သာ ရရင် လုံလောက်ပြီလို့ ပြောလို့ရတယ်၊လုံလောက်ပြီတဲ့လား၊ လုံလောက်တယ်ဆိုပါလား ၊ဆိုနိုင်တယ်တဲ့လား။
ရုတ်တရက်ဆိုသလိုပဲ ရှန်ယန်ရှောင်ဟာ ရုပ်တည်ကြီး ဖြစ်သွားပါတယ်။တိုင်းပြည်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တုန်းက ရခဲ့တဲ့ အဆင့်မြင့် သလင်းအမြူတေပမာဏဟာ ၁၀၀၀၀
(တစ်သောင်း)ကျော်ကျော်ပဲ ရှိတာပါ။ထိုအမြူတေတွေကို တိုင်းပြည်တွေကြား ပြန်ခွဲလိုက်တော့ လောင်းရွှမ်တိုင်းပြည်ရခဲ့တာက သုံးထောင်နဲ့လေးထောင် ကြားပဲ ရှိမှာပါ။ဒီမဟာဆရာသ
ခင်ဖြစ်သူကြီးက နှစ်ထောင်လောက် လိုချင်တယ်လို့ ပြောလာတော့...................
သူမသာ တိုင်းပြည်ရဲ့ အရောင်တဝင်းဝင်း တောက်နေတဲ့ ပလ္လင်ပေါ်မှာ ထိုင်နေရတဲ့ နိုင်ငံ့ဦးသျှောင် မဟုတ်ခဲ့ရင် သူမဘယ်လောက်ချမ်းသာချမ်းသာ အဲ့ပမာဏကို ဝယ်နိုင်တဲ့
ငွေအင်အားရှိမှာ မဟုတ်ပါဘူး။
"အဆင့်နိမ့် သလင်းအမြူတေအကြောင်းပဲ ဆက်ပြောရအောင်လေ..."
အဆိုပါ အဆင့်မြင့် သလင်းအမြူတေတွေအတွက် သူမတွေးနေစရာမလိုတော့ပဲ အဆင့်နိမ့်တာတွေအတွက်ပဲ ပြောကြတာသင့်တော်ပါတယ်။တပ်စခန်းတစ်ခုအနေနဲ့ အဆင့်
နိမ့်သလင်းအမြူတေတွေကို သန်းချီမရခဲ့ရင်တောင် အနည်းဆုံးတော့ သိန်းချီပြီး ရခဲ့ကြပါတယ်။သုံးသောင်းလောက်ပမာဏက ဘယ်သူ့ကိုမှ ကြောင်အမ်းသွားစေမယ့် ပမာဏတစ်ခု မ
ဟုတ်ပါဘူး။ပိုက်ဆံသာရှိလျှင် ပူနေစရာမလိုတော့ပါဘူးလေ။
ဇာမဏီမိသားစုဟာ ကောင်းကောင်းနေနိုင်စားနိုင်တဲ့ မိသားစုတစ်စုပါ။ပြောရမယ်ဆို လောင်းရွှမ်တိုင်းပြည်ထဲက ထိပ်တန်းမိသားစုငါးစုထဲက တစ်စုဖြစ်နေတာကိုး။သူတို့အနေ
နဲ့ တိုင်းပြည်တစ်ခုလောက် မချမ်းသာဘူးဆိုလျှင်တောင် ချမ်းသာတဲ့ထဲတော့ ပါပါသေးတယ်။
ရှန်ဖန်သာ အဆိုပါ အမြူတေ သုံးသောင်းလောက်ကို ဝယ်ချင်စိတ်ရှိခဲ့ရင် သူ့အတွက်ကတော့ ချိုချဉ်ဝယ်စားသလောက်ပဲဖြစ်မှာပါ။ဒါပေမယ့် ရှန်ယန်ရှောင်အတွက်ကတော့
အဲ့လိုဝယ်နိုင်တဲ့အစွမ်းအစ ရှိမရှိသူမကိုယ်သူမ ပြန်မေးဖို့လိုတဲ့ အကြောင်းက သူမဟာ ရှန်ဖန်က အဆိုပါ အမြူတေသုံးသောင်းကို သူမအတွက် ဝယ်ပေးဖို့ တောင်းဆိုနိုင်သူ မဟုတ်လို့
ပါ။
အခုအချိန်က ရှန်ယန်ရှောင်ရဲ့ ငွေရေးကြေးရေး အကြပ်အတည်းကာလပါ။
သူမကို လုံးဝစိတ်ကျေနပ်စေတာတစ်ခုကတော့ သူမဟာ စောရဘုရင်မတစ်ယောက်ဖြစ်နေတာကိုပါပဲ ခင်ဗျားတို့ရော အဲ့လို မထင်ဘူးလားဟင်။သူမအစွမ်းအစနဲ့ ဆိုပါက ငွေ
ဆိုတာဟာ လမ်းပေါ်က ခဲတစ်လုံးလို ရှာရတာလွယ်ကူပါတယ်။သူမသာ လုပ်ကြံသူတစ်ယောက် သူလျှိုတစ်ယောက်လို မလေ့လာမလေ့ကျင့်ခဲ့ရလျှင် သူမအနေနဲ့ ကမ္ဘာ့တစ်နေရာမှာပဲ
အေးဆေးစွာ နေနေမိမှာပါ။
"အဲ့ဒါက ၃၀၀၀၀တည်းတင်မဟုတ်ဘူးလား။ရှင့်အနေနဲ့ ဒီက သခင်မလေးကို စိတ်ချနေလိုက်ဖို့ပဲလိုတယ်။ကျွန်မက ရှင့်အနေနဲ့ သွန်ချနေသလိုကျွေးနေတယ်လို့ ထင်တဲ့အထိ
လုပ်ပေးသွားမယ်လေ ဟုတ်ပြီလား"
သူမအလုပ်အတွက် သူမကိုယ်သူမ ယုံကြည်မှု လုံးဝရှိပါတယ်။ပိုအဆင်ပြေတာက သူမဟာ အထင်ကရ ဇာမဏီမိသားစုထဲ ရောက်နေတဲ့အတွက်ပေါ့။ဒုတိယမျိုးဆက်နဲ့တတိ
ယမျိုးဆက်တွေဆီကနေ အသာအယာ ယူလိုက်ရုံနဲ့တင် သူမအတွက် အခွင့်အရေးတစ်ခုရနေပြီဖြစ်ပါတယ်။
မဟာဆရာသခင်ကြီးဖြစ်သူကတော့ သွန်ချသလိုကျွေးမှာပါဆိုတဲ့စကားရယ် သူမကိုယ်သူမ သခင်မလေးလို့ သုံးနှုန်းသွားတာကြောင့်ရယ်လားတော့မသိ တိတ်ဆိတ်နေပါ
တယ်။
အဲ့ဒီ အမှောင်ကြီးစိုးနေတဲ့ ညမှာပဲ လူရိပ်လေးတစ်ခုက ဇာမဏီမိသားစုဝင်းအတွင်းက အိမ်ဝင်းတွေတိုင်းမှာ တွေ့မြင်လိုက်ရပါတယ်။ဒုစရိုက်လက်တွေက သနားစရာ ပိုက်ဆံ
အိတ်တွေဆီကို အကြိမ်ပေါင်းများစွာ ရောက်ရှိခဲ့တဲ့ညပေါ့လေ။
ဒုတိယနေ့မနက်ခင်း နေရောင်ရရချင်းမှာပဲ အော်ဟစ်ငိုကြွေးမြည်တမ်းသံတွေက ဇာမဏီမိသားစုအတွင်း ဖုံးလွှမ်းသွားပါတော့တယ်။
"ငလူးမရေ ဒီဖေဖေကြီးရဲ့ ငွေတွေ ဘယ်ရောက်သွားတာလဲ"
"ဖေလူးမ၊ဘယ်လိုစောက်သူခိုးကများ အသက်မရှင်ချင်တော့လို့ ငါ့လို ဒေါ်ဒေါ်ကြီးရဲ့ ငွေကိုခိုးရဲရတာလဲဟေ့"
"ဒီပါပါကြီးရဲ့ သူတို့သမီးကိုပေးမယ့် ပစ္စည်းတွေ၊အားးးးးးး။ငါ့ကိုသတ်လိုက်ပါတော့လားဟ"
တစ်ညတည်းနဲ့ အဆိုပါ အဆိပ်သင့်လက်ဒဏ်ကို ခံလိုက်ရသူတွေဟာ ဇာမဏီမိသားစုထဲက လူကြီးလူငယ်ပေါင်း ၂၀ခန့်အထိရှိပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
မူရင်းစာရေးဆရာ - North Night
မူရင်းဝတ္ထု -The Good for Nothing Seventh Young Lady
ဘာသာပြန် -NEVER
အခန်း (၂၆)
အိပ်ခန်းဆောင်ကြီးအတွင်းဝယ် ရှန်ဖန်မျက်နှာဟာ ဒယ်အိုးဖင်ထက်ပင် မည်းနေပါတယ်။
ဒုတိယမျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ရှန်ဂျန်နဲ့ တတိယမျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်သူ ရှန်ယိဖန်တို့ဟာ မခံချိမခံသာဖြစ်နေပါတယ်။
သံသယဖြစ်နေစရာမလိုတာက ဇာမဏီမိသားစုခေါင်းဆောင်ဖြစ်သူ ရှန်ဖန်ကလွဲလို့ ကျန်တဲ့လူတွေရဲ့ ပိုက်ဆံအိတ်တွေ အဖျောင်ခံလိုက်ရတာကိုပါ။ငွေတင်မကဘဲ သူတို့ ဝယ်ယူစုဆောင်းထားပြီး အခန်းအတွင်းမှာ အလှထားတဲ့ ရွှေသားပစ္စည်း
တွေပါ ခြေရာလက်ယာမကျန်ရစ်ဘဲ ပျောက်ဆုံးသွားပါတယ်။
သူတို့ထဲက သနားစရာအကောင်းဆုံး သားကောင်ကတော့ ရှန်ကျင်ပါပဲ။မိန်းမလှလေးတွေကို ပေးကမ်းဖို့ရာ တန်ဖိုးကြီး ကျောက်မျက်တွေနဲ့ပုလဲရတနာတွေကို အမြဲဝယ်ယူထားသူပါ။လွန်ခဲ့တဲ့ရက်အနည်းကပဲ သူက အကောင်းဆုံးအရည်အ
သွေးရှိတဲ့ ကျောက်မျက်တွေကို ဝယ်ထားခဲ့မိပါတယ်။ဒီနေ့မနက်ခင်းမှာတော့ မိန်းမလှလေးတွေကို လက်ဆောင်အဖြစ်ပေးမယ့် ထိုရတနာတွေ မရှိတော့ဘဲ သူ့အတွက် ကျန်ခဲ့တာဆိုလို့ အခွံသာကျန်ရစ်တဲ့ ကျောက်မျက်ဗူးလေးပါ။
သူ့ဆံပင်တွေထောင်တဲ့အထိ ဒေါသထွက်စေတာက ထိုသူခိုးလေးဟာ လူသားမဆန်တဲ့အတွက်ပါ။ဒီသူခိုးဖြစ်သူက ကျောက်မျက်ဗူးအပေါ်မှာ အလှတပ်ဆင်ထားတဲ့ ကျောက်မျက်တွေကိုပါ ချမ်းသာမပေးခဲ့ဘဲ အကုန်ကော်ထုတ်ဖြုတ်ယူ သွား
ပါတယ်။
ရှန်ကျင်အနေနဲ့ သူ့ရဲ့ဆုံးရှုံးမှုတန်ဖိုးကို တွက်တောင်မကြည့်ရဲပါဘူး။သူသိလိုက်တာကတော့ နောက်လအနည်းငယ်ကြာသည်အထိ မိန်းမလှလေးတွေနဲ့သူနဲ့ တာ့တာလုပ်ထားရတော့မှာကိုပါပဲ။
ဇာမဏီမိသားစု စတင်တည်ထောင်ခဲ့ချိန်ကစလို့ အခုလိုခံရတာမျိုး တစ်ခါမှမဖြစ်ခဲ့ဖူးပါဘူး။
ဇာမဏီမိသားစုအတွက် ဆုံးရှုံးလိုက်ရတဲ့ငွေပမာဏက နွားသိုးကိုးကောင်ရဲ့ အမွှေးတစ်မွှေးစာသာသာပဲ ရှိပေမယ့် သူခိုးရဲ့လုပ်ရပ်က သူတို့ကို စိတ်တိုစေပါတယ်။
တစ်ညတည်းနဲ့ ဇာမဏီမိသားစုရဲ့ အရေးကြီးပုဂ္ဂိုလ်တွေအားလုံးဆီကနေ သူခိုးခိုးတာခံလိုက်ရပေမယ့် ခိုးနေတာကို ဘယ်သူကမှ သတိမထားမိခဲ့ကြပါဘူး။အဲ့ဒီလိုနဲ့ ထိုလူကငွေအများကြီးကိုအေးဆေး ခိုးသွားနိုင်ခဲ့ပြီး ဇာမဏီမိသားစုရဲ့ ဂုဏ်
သိက္ခာကို ထိပါးစော်ကားခံလိုက်ရပါတယ်။
ဘဏ္ဍာရေးအခက်အခဲအပြင် သူတို့ရဲ့ အသရေကိုလာထိပါးခံရမှတော့ ရှန်ဖန်အနေနဲ့ ဒေါမကန်ဘဲ နေပါ့မလား။
"မင်းတို့ကောင်တွေအကုန်လုံး ဘာသောက်သုံးမှကို မကျဘူး။ကိုယ့်အခန်းထဲဝင်ခိုးခံလိုက်ရတာကိုပဲ မင်းတို့တစ်ယောက်မှ သတိမပြုခဲ့နိုင် မသိခဲ့ကြဘူး"
ရှန်ဖန်ရဲ့အမျက်က မသေးပါဘူး။ရာစုနှစ်အတွင်းမှာ ဇာမဏီငှက်ကို နိုးထစေဖို့ မလုပ်ဆောင်နိုင်ခဲ့ကြပေမယ့် ဇာမဏီမိသားစုရဲ့ မျိုးဆက်သစ်တွေက အခုလိုသိက္ခာကျစေတဲ့အဖြစ်မျိုးတော့ မရှိခဲ့ပါဘူး။
ဒီမဟာအဖြစ်ကြီးဖြစ်သွားတာက သူတို့ရဲ့အခန်းထဲ သူတို့အိပ်နေတုန်းမှာ သူခိုးခိုးခံခဲ့ရတာလေ။ဒီကောင်တွေအကုန်လုံး ဆောက်တုံးတွေဖြစ်ကုန်ကြတာလား။တစ်စက်ကလေးမှကို မသိခဲ့ကြဘူးဆိုတော့လေ။
"အဖေ ဒီအတွက်က သားတို့အားလုံးကို အပြစ်တင်လို့မရဘူးလေ အဲ့သူခိုးက လုံးဝပြင်ဆင်ပြီးမှ လာခဲ့တာနေမှာ နောက်ပြီး အဲ့သူခိုးရဲ့လက်စက ငွေလက်အဖွဲ့ရဲ့ ခေါင်းဆာင်နဲ့အတူတူလောက်ပဲ။ဒုတိယအစ်ကိုတောင် မသိခဲ့ဘူးဆိုမှတော့
အဲ့သူခိုးဘယ်လောက်တော်လဲဆိုတာ သိနိုင်နေတာပဲကို"
အများဆုံးခံလိုက်ရသူတစ်ယောက်ဖြစ်တဲ့ ရှန်ကျင်က မျက်နှာငယ်လေးနဲ့ ဝင်ရှင်းပြလိုက်ပါတယ်။
ရှန်ကျင်က ငွေလက်အဖွဲ့ကို ထည့်ပြောလိုက်တော့ ရှန်ဖန်တစ်ယောက် မျက်ခုံးပင့်လိုက်မိပါတယ် ဘာလို့လဲဆိုတော့ ငွေလက်အဖွဲ့ဆိုတာ ကွမ်းမင်တိုက်ပေါ်မှာ ကျော်ကြားထင်ရှားလှတဲ့ သူခိုးဓားမြအဖွဲ့ ဖြစ်နေလို့ပါ။အဖွဲ့ဝင်တွေအားလုံးဟာ
လွန်စွာကျွမ်းကျင်တဲ့သူများ ဖြစ်ကြပြီး ခေါင်းဆောင်ဖြစ်သူက နှိုင်းမရအောင်တော်သူတစ်ယောက်လို့ သတ်မှတ်ထားကြပါတယ်။သူနှစ်သက်မိတာရှိနေရင် ခိုးမရတဲ့အရာ မရှိဘူးလို့ကို ပြောစမှတ်တွင်ပါတယ်။
"ဒီလိုလုပ်တာက ငွေလက်အဖွဲ့လက်ချက်လို့တော့ လာမပြောစမ်းနဲ့........"
ရှန်ဖန်တစ်ယောက် တီးတိုးရေရွတ်လိုက်မိရတဲ့ အကြောင်းက မနေ့ကအဖြစ်ဟာ သေးသေးမွှားမွှားပြဿနာ တစ်ခုမဟုတ်လို့ပါပဲ။
"အဲ့ဒါ မဖြစ်နိုင်ဘူး"ရှန်ဖန်လက်ကို ခါယမ်းရင်းပြောလိုက်ပါတယ်။
"ငွေလက်က နတ်လေမဟာမိတ်အဖွဲ့နဲ့ အဝေးဆုံးနေရာမှာ တည်ရှိတာလေ။သူတို့အဖွဲ့ဝင်တွေက လောင်းရွှမ်တိုင်းပြည်ထဲမှာထိ ပျံ့နှံ့နေတယ်ဆိုရင်တောင် လူထုကြားမျက်နှာမပြနိုင်လောက်တဲ့ အဆင့်နိမ့်ကောင်တွေလောက်ပဲရှိမှာဆိုတော့ မ
နေ့ကလိုအဖြစ်အတွက် မင်းတို့မသိအောင် မခိုးနိုင်ပါဘူးကွာ"
"ဒါဆိုရင် ငွေလက်ခေါင်းဆောင် ကိုယ်တိုင်များဖြစ်နေမလားဟင်"လို့ ရှန်ယူက မေးလိုက်ပါတယ်။
ရှန်ဖန်ခေါင်းကို ခါယမ်းလိုက်ပါတယ်။
"အဲ့ပုဂ္ဂိုလ်အနေနဲ့ မာနကြီးပေမယ့်လို့ လောင်းရွှမ်တိုင်းပြည်ကို ဆန့်ကျင့်ပြီး ဇာမဏီမိသားစုကို ယှဉ်ဖို့လောက်အထိတော့ မမိုက်မဲသေးပါဘူး။အဲ့ဒါအပြင် သူ့ပုံစံအတိုင်းဆိုရင် မခိုးခင်တိုင်းမှာ ခိုးမယ့်နေရာကို ကြိုတင်သတိပေးပြီးမှ ခိုးတာလေ"
ငွေလက်အဖွဲ့ဖြစ်နိုင်ခြေမရှိတဲ့အခါ အားလုံးလည်း ဘာပြောရမယ် မသိဖြစ်ကုန်ပါတော့တယ်။ဒီလောကပေါ်မှာ ငွေလက်အဖွဲ့ဝင်မဟုတ်တဲ့ ပြောင်မြောက်လှတဲ့ စောရတစ်ဦးများ ရှိနေသေးတာလား။
ကောင်းကျိုးမပေးသော သမီးပျို
မူရင်းစာရေးဆရာ - North Night
မူရင်းဝတ္ထု -The Good for Nothing Seventh Young Lady
ဘာသာပြန် -NEVER
အခန်း (၂၇)
အချက်အလက်အရဆိုရင်တော့ ငွေလက်အဖွဲ့ဝင်မဟုတ်တဲ့ စောရဘုရင်မလေးတစ်ဦး ရှိနေတာအမှန်ဖြစ်ပါတယ်။အဆိုပါစောရလေးက ငွေလက်အဖွဲ့ဆိုတာကို မကြားဖူးသေးတဲ့အတွက် ငွေလက်အဖွဲ့ထဲ ဝင်ထားမဝင်ထားဆိုတာကို ပြောနေစ
ရာမလိုသေးပါဘူး။
ဇာမဏီမိသားစုရဲ့ အရေးကြီးလူတွေ ခေါင်းချင်းဆိုင် အဖြေရှာနေပြီး အကြပ်ရိုက်နေတဲ့အချိန်မှာ ထိုစောရလေးက အောင်မြင်တဲ့ခရီးစဉ်ကနေ ပြန်လာခဲ့ပြီးဖြစ်ပါတယ်။ထိုစောရမလေးဟာ ခိုးယူရလာခဲ့တဲ့ ပစ္စည်းပုံကြီးပေါ်မှာ ပြုံးရွှင်စွာ ထိုင်နေ
ကာ ဒီတစ်ခေါက်ရခဲ့တဲ့ သူမခူးဆွတ်လာခဲ့တဲ့ အသီးအပွင့်တွေကို စာရင်းပြုစုနေပါတယ်။
ရှန်ဂျန်လို ထင်ရှားတဲ့လူတစ်ယောက်မှာ ပိုင်ဆိုင်တဲ့ ငွေကြေးဆိုတာ မနည်းပါဘူး။ဒါပေမယ့် များပြားလှတဲ့ငွေတွေကို အာမခံဘဏ်တွေမှာပဲ အပ်နှံထားတာကြောင့် ကိုယ်ပေါ်မှာရှိတဲ့ ငွေဆိုတာ တအားအများကြီးတော့ မရှိပါဘူး။ဒါကြောင့် ဒီ
တစ်ခေါက်သူမရခဲ့တဲ့ ငွေပမာဏကအဲ့လောက်မများပေမယ့် အဓိကဟာက ကျောက်မျက်တွေနဲ့ ရွှေထည်ပစ္စည်းတွေပါ။
ဒါပေမယ့် မေးစရာရှိတာက အဲ့ဟာတွေကို ငွေအဖြစ်ကို သူမဘယ်လိုပြောင်းလဲမလဲ ဆိုတာပါပဲ။
သူမတွေးလို့ရတာဆိုလို့ လေလံတင်တဲ့ဆီကို ပို့ဖို့ပါပဲ။အဲ့ဒါဆိုရင် လေလံအိမ်က ထိုပစ္စည်းတွေကို တူညီတဲ့ငွေပမာဏကိုပြောင်းလဲပေးမယ် နောက်ပြီးကျ ထိုငွေတွေက သူမအိတ်ထဲကို ရောက်လာမှာပဲ။
နည်းနည်းလေးစိုးရိမ်ရတာက ထိုပစ္စည်းတွေဟာ သိပ်အရေးကြီးအလေးထားလောက်စရာတွေ မဟုတ်ဘဲ ဇာမဏီမိသားစုကလူတွေအနေနဲ့ ပစ္စည်းတွေကို တွေ့ရင် မမှတ်မိဖို့ပါပဲ။သူမလုံးဝစိတ်ချနေတာတစ်ခုက ဇာမဏီမိသားစုက ဒီကိစ္စကို
လူသိရှင်ကြားဖြစ်အောင် မပြောဘူးဆိုတာကိုပါ။ဘာလို့လဲဆိုတော့ ဒီအဖြစ်က ဇာမဏီမိသားစုဂုဏ်ကို ထိခိုက်စေတယ်လေ။ဒါပေမယ့် သူတို့အနေနဲ့ လေလံအိမ်ကနေတစ်ဆင့် ပစ္စည်းလာရောင်းဖို့အပ်တဲ့လူကို မစုံစမ်းဘူးလို့ မပြောနိုင်ပါဘူး။
ရောင်းသူတွေကို ဖုံးကွယ်ပေးထားတယ်ဆိုပေမယ့် လေလံအိမ်တစ်ခုအတွက်က ဇာမဏီမိသားစုရဲ့ သြဇာအာဏာကို လွန်ဆန်အံတုဖို့ မလွယ်ပါဘူး။
ဒါကြောင့် ပစ္စည်းတွေကို သွားရောင်းချင်တယ်ဆိုရင် သူမအနေနဲ့ ရှာရမယ့်လေလံအိမ်က ဇာမဏီမိသားစု၏ သြဇာအာဏာကို ဂရုမစိုက်မယ့်နေရာ ဖြစ်မှသာ သူမအကြောင်းကို စုံစမ်းလို့မရစေမှာပါ။
ဇာမဏီမိသားစုက လောင်းရွှမ်တိုင်းပြည်ရဲ့ နေပြည်တော်မှာ ရှိတာပါ။ကျယ်ဝန်းလှတဲ့နေပြည်တော်အတွင်းမှာ လေလံအိမ်တွေအများကြီးရှိပေမယ့် ကြီးကြီးမားမားလို့ သတ်မှတ်လို့ရတာ သုံးအိမ်ပဲရှိပါတယ်။ထိုသုံးအိမ်ထဲက တစ်အိမ်ဟာ
မိသားစုကြီးငါးစုထဲက တစ်ခုဖြစ်တဲ့ တိုးနယားမိသားစုက ဖွင့်ထားတဲ့ တိုးနယားလေလံအိမ်ပါ။
ဇာမဏီမိသားစုနဲ့တိုးနယားမိသားစုတို့က မိသားစုငါးစုထဲကဆိုပေမယ့် ခန်းမဆောင်ကြီးထဲမှာ သူမကြားခဲ့ရသလိုဆိုရင် မိသားစုငါးစုဟာ အပေါ်ယံမှာ သင့်မြတ်နေပေမယ့် အတွင်းကျိတ်တိုက်ခိုက် ယှဉ်ပြိုင်နေတယ်ဆိုတာကို သူမနားလည်
ထားပါတယ်။
သူမက တိုးနယားလေလံအိမ်ကို ပစ္စည်းတွေရောင်းခိုင်းလို့ ဇာမဏီမိသားစုက ပစ္စည်းတွေအကြောင်းကို သိသွားတောင် သူတို့အနေနဲ့ မေးနေမှာမဟုတ်ပါဘူး ဘာလို့လဲဆိုတော့ တိုးနယားမိသားစုအနေနဲ့ ထိုကိစ္စနဲ့ပတ်သတ်လို့ တစ်လုံးမှပြော
မှာ မဟုတ်လို့ဖြစ်ပါတယ်။
ရှူအနေနဲ့ကတော့ လူသားတွေရဲ့ ကြွယ်ဝချမ်းသာမှုတွေကို စိတ်မဝင်စားပါဘူး။သူစိတ်ဝင်စားတာဆိုလို့ ဒီပစ္စည်းတွေနဲ့ သလင်းအမြူတေတွေကို လုံလောက်အောင် လဲလှယ်လို့ ရနိုင်ပါ့မလားဆိုတာကိုပါ။
ရှန်ယန်ရှောင်ရဲ့ နတ်တစ်ပါးလိုကျွမ်းကျင်ပိုင်နိုင်လှတဲ့ စောရစွမ်းရည်အကြောင်းကို သူ့အနေနဲ့ စိတ်ထဲမလင်ဖြစ်နေသော်လည်း မမေးဖို့ဆုံးဖြတ်လိုက်ပါတယ်။
သူမအနေနဲ့ တိုးနယားလေလံအိမ်ကို သတ်မှတ်ပြီးတဲ့အခါမှာတော့ နောက်ခြေလှမ်းအတွက် အစီအစဉ်ဆွဲပါတော့တယ်။ဇာမဏီမိသားစုရဲ့ အရှက်ရစေသူ သူမကို မြင်ဖူးသူနည်းပါးလှပေမယ့် တိုးနယားမိသားစုထဲက တစ်ယောက်ယောက်က
သူမကို မြင်တွေ့ဖူးသလား မမြင်ဖူးဘူးလားဆိုတာကို တပ်အပ်မပြောနိုင်ပါဘူး။ဒါကြောင့် တခြားလေလံအိမ်ကို အရင်သွားပြီး သူမရထားတဲ့ငွေတွေနဲ့ ရုပ်ဖျက်ဆေးအနည်းငယ်ဝယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။
ရုပ်ဖျက်ဆေးဟာ အသုံးများတဲ့သာမန်ဆေးတစ်ခုဖြစ်ပြီး အဆင့်သုံးဆင့်အဖြစ် နိမ့်၊လတ်၊မြင့်လို့ ခွဲခြားထားပါတယ်။ထိုသုံးဆင့်အလိုက် အသုံးခံတဲ့ အချိန်ကွာခြားသလို ဈေးလည်း ကွာပါတယ်။
အဲ့ဒီညမှာ ရှန်ယန်ရှောင်ဟာ ဝတ်ရုံရှည်တစ်ခုကို ဝတ်ဆင်ကာ ဇာမဏီမိသားစုအိမ်တော်ကနေ ခိုးထွက်လာပါတယ်။အဲ့ဒီနောက် နေပြည်တော်ရဲ့ မြို့လယ်မှာရှိတဲ့ လေလံအိမ်လေးတစ်ခုဆီကို အရင်သွားကာ အညံ့စားရုပ်ဖျက်ဆေးငါးပုလင်း
ဝယ်ခဲ့ပါတယ်။ဒီအညံ့စားဆေးပုလင်းငါးလုံးကို အထင်မသေးမိလိုက်ပါနဲ့ အဲ့ငါးပုလင်းက ရှန်ယန်ရှောင်ရဲ့ ရွှေပြား ငါးရာကို ကုန်စေခဲ့ပြီး ငွေအခက်အခဲဖြစ်နေရတဲ့ ရှန်ယန်ရှောင်ကို နှလုံးသားထဲကမျက်ရည်တွေကျဆင်းစေခဲ့ပါတယ်နော်။