← Chapters

အခန်း (၃၁-၃၃)

Vol. 3 Ch. 31-33

အခန်း (၃၁-၃၃)

Vol. 3 Ch. 31-33

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၃၁)

ကြူမန်ဟာ ဒီထက်ပိုပြီးရိုးရှင်းမရတော့တဲ့ ရှန်ယန်ရှောင်ကိုယ်ပေါ်က ရိုးရှင်းလှတဲ့ အဝတ်အစားတွေကို တစ်ချက်ထပ်ကြည့်လိုက်ပါသေးတယ်။သူ့ရင်ထဲမှာတော့ အနည်းငယ် တုန်လှုပ်သွားပါတယ်။ဒီပစ္စည်းတွေဟာ တိုးနယားမိသားစု အတွက်

ဘာမှ မပြောပလောက်ပါဘူး။

ဒါပေမယ့် အရည်အသွေးကနေ အရည်အတွက်ဖြစ်သွားပြီဆိုရင် အခုရှိနေတဲ့ သူ့မျက်စိအောက်က တန်ဖိုးကြီးပစ္စည်းတွေဟာ မက်မောတုန်လှုပ်လောက်တဲ့ ငွေပမာဏရမယ့်အရာတွေပါ။

ဒီမကောင်းဆိုးဝါးလေးက ဘယ်ကနေ ဘယ်လိုရခဲ့တာလဲ။

ကြူမင်အတွေးထဲမှာ သံသယအနည်းငယ် ဖြတ်ဝင်လာသော်လည်း ထုတ်မပြောလိုက်ပါဘူး။ဘာလို့လဲဆိုတော့ သူတို့ တိုးနယားလေလံအိမ် အနေနဲ့ အပ်နှံထားတဲ့ ပစ္စည်းတွေအကြောင်း တစ်ခါမျှ မမေးခဲ့ဖူးလို့ပါ။ထို့အပြင်တစ်၀ သူ့အနေနဲ့

တွေ့ခဲ့ဖူးတဲ့ ဖောက်သည်တွေထဲမှာ အခုလို ရိုးရိုးရှင်းရှင်း ဝတ်စားဆင်ယင်လာပြီး သူတစ်ပါးတွေအမြင်ကို လှည့်စားဖူးတဲ့ တန်ကြေးများစွာသင့်တဲ့ပစ္စည်းတွေ ပိုင်ဆိုင်သူတွေအား ကြုံဆုံဖူးတာ ကြောင့်ပါပဲ။

"အဲ့ဒါ အကုန်ပဲ။အဲ့ဟာတွေက လေလံပစ်လို့ရမရ ကြည့်ပြီး ခွဲပေးပါဦး"လို့ ဒီကမ္ဘာရဲ့ တန်ဖိုးဖြတ်တာကိုနားမလည်သလို တိုးနယားလေလံအိမ်ရဲ့ သတ်မှတ်ချက်တွေကိုလည်း မသိတဲ့ ရှန်ယန်ရှောင်က ပြောလိုက်ပါတယ်။ဒါကြောင့် သူမအနေ

နဲ့ ကြူမင်က တန်ဖိုးသင့်ပေးမှာကိုပဲ စောင့်နေဖို့ပဲရှိတာပါ။အကယ်၍သာ တိုးနယားလေလံအိမ်က လက်မခံခဲ့ဘူးဆိုရင် သူမလုပ်မှာက ပစ္စည်းတွေကို အစုစုခွဲကာ လေလံအိမ် အနည်းငယ်မှာ ခွဲရောင်းဖို့ပါပဲ။ထို့အပြင်လည်း ဇာမဏီမိသားစုကို ရှောင်ရှားဖို့

အတွက် သူမ ပိုဂရုစိုက်ရမှာပေါ့လေ။ဒါက ငွေပြောင်းတဲ့ ဖြစ်စဉ်တစ်ခုလုံးကို နှေးကွေးသွားစေရုံသာမက မလိုလားအပ်တဲ့ ပြဿနာတွေလည်း ကြုံရစေနိုင်ပါတယ်။

ကြူမင်လည်းခေါင်းကို တဆတ်ဆတ်ညိတ်လိုက်ရင်းနဲ့ ရွှေထည်တန်ဖိုးဖြတ်သူတွေနဲ့ ကျောက်မျက်တန်ဖိုးဖြတ်သူတွေကို ဝင်ခိုင်းစေကာ သူ့မျက်စိအောက်မှာပဲ တန်ဖိုးဖြတ်စေပါတော့တယ်။

ထင်ထားတဲ့အတိုင်းပါပဲ ဒီရွှေထည်တွေနဲ့ကျောက်မျက်တွေရဲ့ အရည်အသွေးနဲ့လက်ရာတွေဟာ ထိပ်တန်းအဆင့်ဝင်တွေဖြစ်ကာ ကြူမင်အနေနဲ့ သူ့မိသားစုဖြစ်တဲ့ တိုးနယားမိသားစု အတွင်းမှာသာ မြင်ဖူးတဲ့လက်ရာအရည်အသွေးတွေပဲ

ဖြစ်နေပါတော့တယ်။

တစ်ခုရှိနေတာက....

"ဒီကောင်တွေရဲ့အရည်အသွေးနဲ့ တန်ဖိုးက ပြောစရာမရှိပါဘူး။တစ်ခုရှိတာက တစ်ချို့ ပစ္စည်းတွေက အပြည့်အစုံမပါသလိုဖြစ်နေတယ်။ပြောရရင်တော့ ပစ္စည်းက မပြည့်စုံတာမဟုတ်ဘဲ ဒီပစ္စည်းက ပြည့်စုံပြီးမြောက်ထားတဲ့ လက်ရာအနုပညာ

တစ်ခုခုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေတာပါ"လို့ ကျောက်တန်ဖိုးဖြတ်သူတစ်ယောက်က လက်မအရွယ်ရှိသော ကျောက်တစ်ချို့ကို ကိုင်ရင်းနဲ့ပြောလိုက်ပါတယ်။

ကျောက်တန်ဖိုးဖြတ်သူလက်ထဲက ကျောက်တွေကိုကြည့်ရင်း ရှန်ယန်ရှောင်တစ်ယောက် ကျောက်မျက်ဗူးကို မျက်စိထဲပြေးမြင်လိုက်ပါတယ်။

"ကဲ အဲ့ပစ္စည်းတွေကို လေလံတင်ရောင်းလို့ ရမလား မရဘူးလား"

ဒီအချက်တွေလို ဘာမှအရေးမကြီးတာတွေအတွက် သူမအနေနဲ့ အချိန်ကုန်မခံနိုင်ပါဘူး။အရေးကြီးတာက တိုးနယားလေလံအိမ်အနေနဲ့ ပစ္စည်းတွေကို ရောင်းမလား မရောင်းဘူးလားဆိုတာပါ။

လေလံအိမ်ကို ကြီးကြပ်သူအနေနဲ့ ကြူးမင်က ဒီပစ္စည်းတွေရဲ့ တန်ဖိုးကို ခန့်မှန်းနိုင်ပါတယ်။

သတ်မှတ်ချအရဆိုရင် ဒီပစ္စည်းတွေဟာ တိုးနယားလေလံအိမ်မှာ လေလံပစ်နိုင်ဖို့ အဆင့်မီယုံလောက်ပဲရှိပါတယ်။ဒါပေမယ့် ကြူမင် တစ်ကယ်အလေးထားတာက ဒီပစ္စည်းတွေယူလာတဲ့ ကောင်လေးနောက်က အစွမ်းအစရှိသူကိုပါ။

အခုလို တန်ဖိုးကြီး ပစ္စည်းတွေကို တစ်ချိန်တည်းမှာ ထုတ်နိုင်သူအနေနဲ့ သာမန်အဆင့်လောက်နဲ့ မလုပ်နိုင်တာ သေချာပေါက်ပါပဲ။

ကောင်းကျိုး ဆိုးကျိုးတွေကို ချိန်ဆပြီးတဲ့အခါမှာတော့ ကြူမင်ပြုံးရင်း ပြောလိုက်တာက"ပစ္စည်းတွေက အဆင်ပြေပါတယ်။ဖောက်သည်လေးသာ အချိန်ရရင် အခုလုပ်ရမှာက သဘောတူညီချက်အတွက် စာချုပ်ချုပ်ဖို့ပဲလိုတာပါ။အဲ့ဒါပြီးတာနဲ့

ဒီပစ္စည်းတွေကို လေလံပွဲမှာ ရောင်းလို့ ရပါပြီ"ဆိုတာပါပဲ။

"ကောင်းပြီလေ"လို့ ခေါင်းကိုညိတ်ကာ ရှန်ယန်ရှောင်က ပြောလိုက်ပါတယ်။

တိုးနယားလေလံအိမ်အနေနဲ့ သူတို့ရဲ့စီးပွားရေးကို အလေးထားတယ်လို့ ပြောလို့ရပါတယ်။ဘာမှ မကြာလိုက်ခင်မှာပဲ ကြူမင်နဲ့ ရှန်ယန်ရှောင်နဲ့ စာချုပ်လို့ ပြီးသွားပါတယ်။စာချုပ်ပါအချက်တွေက လုံးဝရိုးရှင်းတယ်လို့ ပြောနိုင်တာက တိုးနယား

လေလံအိမ်အနေနဲ့ ရှန်ယန်ရှောင်ရဲ့ ပစ္စည်းတွေကို လေလံတင်ရောင်းချပြီးရင် ရောင်းလို့ ရတာရဲ့ ၁၀ရာခိုင်နှုန်းကို ဝန်ဆောင်ခနှုတ်ယူပြီး ကျန်တာက ရှန်ယန်ရှောင် ရမှာပါ။

လက်မှတ်ထိုးပြီးတဲ့အခါမှာ ရှန်ယန်ရှောင်အနေနဲ့ ငွေကို တန်းယူဖို့ မတွေးထားပါဘူး အဲ့အစား တိုးနယားလေလံအိမ်ကို ကြားခံထားကာ ငွေအစား အဆင့်နိမ့် သလင်းအမြူတေတွေ ဘယ်လောက်ရနိုင်မလဲဆိုတာ မေးမြန်းခြင်းပဲ ဖြစ်ပါတယ်။

"မင်းက ငွေအစား သလင်းအမြူတေတွေလိုချင်တာဆိုတာ သေချာလို့လားနော်။ဘာလို့လဲဆိုတော့ အခုရောင်းလို့ ရမယ့်အတိုင်းအတာအရဆို အမြူတေ ထောင်ဂဏန်းလောက် ရမှာနော်"လို့ ကြူမင်တစ်ယောက် သူ၏ဖောက်သည်လေးကို

မနေနိုင်ဘဲ သတိပေးလိုက်ပါတယ်။ဘာလို့လဲဆိုတော့ သလင်းအမြူတေရဲ့ အသုံးဝင်မှုက သိပ်မရှိလို့ပါ။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၃၂)

ရှန်ယန်ရှောင်တစ်ယောက် ထောင်ဂဏန်းလောက်နဲ့ ဘာလုပ်လို့ရမှာလဲဟု တွေးရင်း ပြုံးလိုက်မိပါတယ်။သူမအခုလိုနေတဲ့ သလင်းအမြူတေက သုံးသောင်းနော်။သူမအတွက်တော့ ထောင်ဂဏန်းလောက်က ဘာမှ အရာမရောက်ပါဘူး။

"သေချာပါတယ်ဗျ။တိုးနယားလေလံအိမ်ဖက်က ရသင့်ရထိုက်တဲ့ ကော်မရှင်ခအတွက်လည်း နှုတ်ယူထားလိုက်ပါ"

အခုလို စီးပွားရေး အတွက် ရှန်ယန်ရှောင် ဘာမှ မသိပါဘူး ဒါပေမယ့် တိုးနယားမိသားစုအနေနဲ့ နာမည် အပျက်ခံကာ ဒီလောက်လေးအတွက် ဘာမှမဟုတ်တာလုပ်မှာ မဟုတ်ဘူးလို့ ယုံထားပါတယ်။

အလုပ်အပ်သူက သေချာတယ်ဆိုမှတော့ ကြူမင်လည်း စကားအပိုမပြောတော့ပါဘူး။နောက်ထပ်တစ်ခါ စာချုပ်မှာ လက်မှတ်ထိုးပြီးတဲ့အခါမှာတော့ ရှန်ယန်ရှောင်ရဲ့ ရည်ရွယ်ချက်အောင်မြင်ပြီလို့ကို ပြောလို့ရပါပြီ။

သူမအတွက် တစ်ခုရှိတာဆိုလို့ လူငယ်ဖြစ်သူက ရောက်တည်းက သူမကိုပဲ စိတ်ဝင်တစား စိုက်ကြည့်နေတာကိုပါ။

သူမ ရုပ်ဖျက်ပြီးလို့ လှလာတယ်ဆိုရင်တောင် ထိုလူငယ်နဲ့ ယှဉ်လိုက်ရင် မိုးနဲ့မြေလိုပါပဲ။သူမကို စိုက်ကြည့်နေသူက မိန်းကလေးဆိုရင် သူမလက်ခံနိုင်ပါသေးတယ်နော်။

အခုက ကြည့်နေသူက သူမထက် အဆများစွာ ပိုချောမောပြီး ကြည့်လို့ကောင်းတဲ့ ယောင်္ကျားလေးဖြစ်နေတယ်လေ။

ချောမောတဲ့ လုလင်ပျိုတစ်ယောက်အနေနဲ့ မိန်းမပျိုလေးကို ကြည့်တာမဟုတ်ဘဲ ဘာဖြစ်လို့ ယောင်္ကျားလို ဟန်ဆောင်ထားတဲ့သူမကို ကြည့်နေရတာလဲ။

ရုပ်ဖျက်ဆေး အရှိန်ပြယ်တော့မှာကို တွက်မိလိုက်တဲ့ ရှန်ယန်ရှောင်အနေနဲ့ ဆက်နေဖို့ ဆန္ဒမရှိတော့ပါဘူး။ကြူမင်နဲ့ အလ္လာပသလ္လာပအနည်းငယ်ပြောပြီးတာနဲ့ အမြန်ဆုံးထွက်ခဲ့ပါတော့တယ်။

သူ့ရဲ့လိုက်ကြည့်နေမိတဲ့ မျက်လုံးတွေအောက်မှာ ကပျာကယာထွက်ခွာသွားတဲ့ ကိုယ်လုံးလေးကိုကြည့်မိရင်း ကြူရှီယာတစ်ယောက် ပြုံးလိုက်မိပါတယ်။

"တတိယသခင်လေး"လို့ မသင်္ကာတဲ့မျက်လုံးတွေနဲ့အတူ ကြူမင်က မေးလိုက်ပါတယ်။

ခင်ဗျားအနေနဲ့ ဒီကောင်လေးယူလာတဲ့ ပစ္စည်းတွေအပေါ် ဘယ်လိုမြင်လဲလို့ ကြူရှီယာက မေးလိုက်ပါတယ်။

တတိယသခင်လေးက သူ့အမြင်စူးရှမှုကိုများ စမ်းသပ်နေတာလားမသိဘူးလို့ တွေးလိုက်မိကာ"ပစ္စည်းအားလုံးက အရည်အသွေးကောင်းပါတယ်။ဒီလိုပစ္စည်းမျိုးတွေကို တစ်ခါတည်း ထုတ်နိုင်တဲ့ ဖောက်သည်တစ်ယောက်ရဲ့ နောက်ခံက

ပေါ့သေးသေးတော့ မဖြစ်နိုင်ပါဘူး။ဒါကြောင့်လည်း ဒီကလက်အောက်ခံတစ်ယောက်အနေနဲ့ ဒီစီးပွားရေးကို ဆက်လုပ်ဖို့ ရဲတင်းစွာ ဆုံးဖြတ်လိုက်ခဲ့တာပါ။ဒါ့အပြင် သူ့ရဲ့တောင်းဆိုချက်ဖြစ်တဲ့ သလင်းအမြုတေတွေ အများကြီး ဝယ်ဖို့ဆိုတာက သူတို့

အနေနဲ့ သုံးလို့ရတဲ့ နည်းတစ်ခုခုကို တွေ့ထားလို့ပဲဖြစ်မှာပါ။ဒီလောက်များလှတဲ့ သလင်းအမြူတေတွေနဲ့ဆိုရင် သူတို့မှာ လူရာချီရှိတောင် သုံးလို့ မဖြစ်နိုင်ပါဘူး။ကြည့်ရတာတော့ မိသားစုကြီးတစ်စုစုက သူတို့မိသားစုဝင်တွေကို လေ့ကျင့်ဖို့ ဝယ်တာပဲ

ဖြစ်ရမယ်"လို့ မသင်္ကာဖြစ်မှုကို ပယ်ဖျောက်ကာ ကြူမင်က ပြောကြားလိုက်ပါတယ်။

ကြူမင်ရဲ့အယူအဆဟာ အဆင့်နိမ့်သလင်းအမြူတေတွေရဲ့ ဈေးပေါပြီး ထိခိုက်မှုသိပ်မရှိတဲ့အပေါ်မှာ အခြေခံယူဆထားတာဖြစ်ပါတယ်။ဒါကြောင့် မှော်အမြူတေတပ်ဆင်တားတဲ့လက်နက်တွေကို အများအပြားဝယ်မသုံးနိုင်တဲ့ မိသားစုတွေ

ထဲက တစ်စုစုက သူတို့ မိသားစုဝင်တွေ လေ့ကျင့်နိုင်ဖို့ အခုလို လုပ်တာဖြစ်မယ်ဟု တွေးလိုက်တာပါ။

ပြောတာကို အဆုံးထိ နားထောင်ပြီးတဲ့အခါမှာ ကြူရှီယာက ရယ်မောရင်းပြောလိုက်ပါတယ်။

"လွှမ်းမိုးခံရတာဆိုတာ ပေါ့သေးသေးတော့ မဟုတ်ဘူးပဲ"

အဆိုပါ များပြားလှတဲ့ပစ္စည်းတွေဆိုတာက သာမန်ချမ်းသာတဲ့ မိသားစုလောက်က တတ်နိုင်တဲ့အရာ မဟုတ်ပါဘူး။သူ့မျက်လုံးထဲတွေ့ရတဲ့ ရွှေထည်တွေဆိုရင် သူ့အခန်းထဲက ပစ္စည်းတွေနဲ့ယှဉ်လို့ရပါတယ်။အဲ့လိုအဆင့်ရှိတဲ့ ရွှေထည်တွေကို

လုပ်နိုင်တဲ့ဆိုင်တွေက လောင်းရွှမ်တိုင်းပြည်အတွင်းမှာ သုံးလေးဆိုင်ပဲရှိပါတယ်။ဒါထက်ပိုတာက အဲ့လိုအရည်အသွေးရှိတဲ့ ရွှေထည်တွေဟာ နေပြည်တော်မှာရှိတဲ့ အိမ်တော်တွေထဲကိုပဲ ရောက်တာဖြစ်ပြီးတော့ အများစုကတော့ သူတို့ မိသားစု ငါးစု

အတွင်းပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူတို့လို မိသားစုငါးစုရဲ့ ဘဏ္ဍာရေးအခြေအနေဲ့ အခုလို ပိုင်ဆိုင်မှုတွေကို လေလံတင် ရောင်းချဖို့လည်း မလိုအပ်တာ အသေအချောပါပဲ။

ကြူမင်ရဲ့ အကဲခတ်မှုက မမှားပေမယ့် သူက တစ်ပိုင်းတစ်စဖြစ်နေတဲ့ ကျောက်တွေကို ထည့်မတွေးလိုက်မိတာပါ။ထိုကျောက်တွေရဲ့ အရည်အသွေးက မဆိုးပေမယ့် ဘယ်မိသားစုကများ အရည်အသွေးကောင်းမွန်တဲ့ ကျောက်တွေထဲကို

ထည့်ပေးလိုက်မှာလဲလေ မဟုတ်ဘူးလား။

ကြူရှီယာရဲ့ နှုတ်ခမ်းထောင့်တွေ ကွေးညွတ်သွားကာ စိတ်ဝင်တစား ပြုံးလိုက်မိပါတော့တယ်။အဲ့ပစ္စည်းအများစုရဲ့ သမိုင်းတစ်စွန်းတစ်စကို သူ ရိပ်မိသိရှိလိုက်ပါပြီ။

အဲ့လို အရည်အသွေးကောင်း တန်ဖိုးမြင့်လှတဲ့ ပစ္စည်းတွေကို ပိုင်ဆိုင်နိုင်တဲ့ ကောင်ကလေးရဲ့ အရည်အချင်းက သာမန်ထဲက မဖြစ်နိုင်တာ သေချာပါပြီလေ။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၃၃)

ပထမဆုံးစီးပွားရေးတစ်ခုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တဲ့ ရှန်ယန်ရှောင်ဟာ ကျေနပ်စွာနဲ့ပဲ ဇာမစဏီမိသားစုအိမ်ကို ပြန်လာခဲ့ပါတယ်။နောက်ရက်အနည်းငယ်အတွင်းမှာလည်း သူမရဲ့ အတွင်းအားနဲ့မှော်အတတ်လေ့ကျင့်တိုးတက်လာ

မှုမှာလည်း ကျေနပ်စရာဖြစ်စေခဲ့ပြန်ပါတယ်။

ကိုယ့်ဖာသာပြန်လေ့ကျင့်ကုသခဲ့တာကြောင့် ရှန်ကျီယီလည်း သူမရဲ့ ထိခိုက်မှုကနေပြန်သက်သာလာခဲ့ပါတယ်။ရှန်ယန်ရှောင်ကို ခြိမ်းခြောက်ခဲ့တဲ့နေ့မှာ သူမရဲ့ဆံပင်တွေနဲ့ မျက်တောင်မွှေးမျက်ခုံးမွှေးတွေပါ မီးလောင်ခံလိုက်ရတာ တစ်ခုပါ

ပဲ။လက်ရှိ ရှန်ကျီယီခေါင်းဟာ ကြက်ဥတစ်လုံးလိုပါပဲ နား နှာခေါင်းစတဲ့ အစိတ်အပိုင်းတွေရှိနေတာကလွဲလို့ ကျန်တဲ့နေရာတွေက ဘာအမွှေးမှ မရှိဘဲ ပြောင်ချောကြီးဖြစ်နေတာပါ။

ဒီအဖြစ်က လှပချင်သူ ရှန်ကျီယီကို စိတ်ထိခိုက်စေခဲ့ပါတယ်။တစ်နေ့လုံး သူမအော်ဟစ်ငိုကြွေးနေခဲ့ပြီး အခန်းထဲကနေတောင် ခြေတစ်လှမ်းမှ မလှမ်းခဲ့ပါဘူး။အဲ့နေ့မှာ ဖြစ်ခဲ့တာတွေကိုလည်း ရှန်ကျီယီတစ်ယောက် ဘာမှမပြောဘဲ နှုတ်ဆိတ်

နေခဲ့ပါတယ်။ဒါက ရှန်ယန်ရှောင်အပေါ်မှာ တစ်ခုခုလုပ်ချင်နေတဲ့ ရှန်ယူအဖို့ ဘာမှ လုပ်မရကိုင်မရ ဖြစ်စေခဲ့ပါတယ်။

ရှန်ယူလုပ်နိုင်တာဆိုလို့ အနီးပတ်ဝန်းကျင်က လေလံအိမ်အကုန်လုံးကို သွားကာ သူ့သမီးရဲ့ဆံပင်နဲ့မျက်တောင်မျက်ခုံးတွေ အမြန်ဆုံးပြန်ရှည်လာစေမယ့် ဆေးတွေကို ငွေအများကြီးသုံးကာ ဝယ်ယူပေးတာပါပဲ။

ရှန်ဖန်ကတော့ တန်ခိုးရှင်ဖြစ်သူကို ပင့်ဖိတ်တဲ့နေရာမှာ နောက်ထပ်အမှားမခံနိုင်တော့တာကြောင့် နှင်းဝိဉာည်မြေခွေးကို နတ်ဘုံသို့ လူတွေလွှတ်ကာ ပို့ဆောင်ခိုင်းလိုက်ပါတယ်။သိပ်မကြာခင်မှာပဲ နတ်ဘုံကသတင်းကို သူရခဲ့ပါတယ်။

ဆယ်ရက်အတွင်း နတ်ဘုံကတန်ခိုးရှင်ဟာ လောင်းရွှမ်တိုင်းပြည်ကို ကိုယ်တိုင်လာကာ ဇာမဏီမိသားစုအတွက် ဇာမဏီငှက်ကို နှိုးပေးမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။

ဒီသတင်းလေးတစ်ခုကပဲ ဇာမဏီမိသားစုတစ်ခုလုံးကို ပျော်ရွှင်စွာငိုကြွေးစေနိုင်ခဲ့ပါတယ်။

သူတို့နှစ်ရာကျော်ကြာအောင် ခံစားခဲ့ရတာတွေ အဆုံးသတ်တော့မယ်လေ။

ဒီ၁၀ရက်အတွင်းမှာ လူအကုန်လုံးက လေးလေးနက်နက်ရှိနေကြကာ ဇာမဏီမိသားစုရဲ့ လူကြီးပိုင်းရောလူငယ်တွေပါ အတူတကွ လေးနက်စွာ လုပ်ကိုင်နေကြပါတယ်။သူတို့ဟာ တန်ခိုးရှင်ရောက်လာတဲ့အခါ တန်ခိုးရှင်က သူတို့အပေါ်မှာ

အထင်ကြီးသွားစေချင်ခဲ့ပါတယ်။

ဇာမဏီငှက်ကို ဆက်ခံဖို့ ယှဉ်ပြိုင်ရမယ့်သူတွေဖြစ်တဲ့ ရှန်ယိဖန်၊ရှန်ကျီယီနဲ့ရှန်ကျီဝေတို့ သုံးယောက်လုံးလည်း သူတိ့ုဖခင်တွေရဲ့ တံခါးပိတ် လေ့ကျင့်ပေးမှုကို လိုက်နာကျင့်ကြံနေကြပါတယ်။သူတို့အတွက် ဒီလိုအဖြစ်မျိုးဟာ ကြုံတောင့်ကြုံခဲ

အခွင့်အရေးတစ်ခုဖြစ်သလို အောင်မြင်ခဲ့သူအဖို့ တစ်ချက်တည်းနဲ့ နတ်ပြည်ရောက်သလို ဖြစ်စေမှာပါ။

၁၀ရက်နောက်ပိုင်းမှာတော့ ဇာမဏီမိသားစုအနေနဲ့ မူလကရရှိခဲ့တဲ့ လူတစ်ကာအားကျလေးစားခံခဲ့ရတဲ့ နေရာကို ပြန်ရောက်ချိန်ဖြစ်မှာပါ။

ဇာမဏီငှက်နဲ့ ဘာမှမသက်ဆိုင်တဲ့ ရှန်ယန်ရှောင်အတွက်ကတော့ တန်ခိုးရှင်လာမလာက သူမနဲ့ ဘာမှ မပက်သတ်တဲ့ကိစ္စတစ်ခုပါ။လူတိုင်းလူတိုင်းက အလုပ်ရှုပ်နေတဲ့အတွက် သူမက ပိုတောင်ဝမ်းသာရပါတယ်။သူမအနေနဲ့ ဒီရက်ပိုင်း

အတွင်းမှာ ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့တာကို ရပ်နားကာ အပြင်ကို သာသာယာယာထွက်ရင်း ကြူမင်က သူမအတွက် ဝယ်ပေးထားမယ့် သလင်းအမြူတေ ၃၇၂၈လုံးကို ပြန်ယူဖို့ တိုးနယားလေလံအိမ်ကို သွားခဲ့ပါတယ်။

အမြူတေတွေသွားယူတဲ့အခါမှာ ရုပ်ဖျက်သွားဖို့ကို မမေ့ပါဘူးနော်။ဒီတစ်ခါမှာတော့ ချောမောတဲ့လူငယ်လေးကို မတွေ့ရတော့ပါဘူး။နောက်ပြီး ကြူမင်က အဆိုပါကျေနပ်စရာ ပူးပေါင်းဆောင်ရွက် ရမှုအတွက် သူမအတွက် ကုဗမီတာ တစ်ရာ

ရှိတဲ့ သိုလှောင်လက်စွပ်တစ်ကွင်းကို လက်ဆောင်အဖြစ် ပေးလိုက်ပါသေးတယ်။၃၇၂၈လုံးလောက်မပြောနဲ့ သုံးသောင်းလောက်ထည့်မယ်ဆိုရင်တောင် အေးဆေးဆံ့ပါတယ်။

ရှန်ယန်ရှောင်အနေနဲ့ ကြူမင်တစ်ယောက် အခုလိုချက်ခြင်းလက်ငင်း သဘောကောင်းလာမှုကို ဘဝင်မကျပေမယ့် အလကားရတဲ့ လက်ဆောင်ကို မယူရအောင် သူမက ငတုံးမှ မဟုတ်ဘဲ။နောက်တစ်ချက်က ကြူမင်က သူမရဲ့ အချက်အ

လက်မှန်ကို အခုထိ သိမှမသိသေးဘဲလေ။ဒီလိုအခွင့်အရေးက ကိုယ့်အတွက်နစ်နာစရာမှ မရှိတာလေ။အဲ့ဒါကြောင့် သူမကသာ လက်မခံခဲ့ရင် သူမက စောက်ရူးဖြစ်သွားမှာပေါ့ ဟုတ်ဘူးလား။

ရှန်ယန်ရှောင်တစ်ယောက် အဆင့်နိမ့်သလင်းအမြူတေ သုံးထောင်ကျော်ကို ဇာမဏီမိသားစုနေရာသို့ ယူခဲ့ပါတယ်။သူမဟာ အခန်းတံခါးကို လုံခြုံအောင်ပိတ်ကာ လက်စွပ်အတွင်းက အမြူတေလက်တစ်ဆုပ်စာလောက် နှိုက်ယူကာ မဟာဆ

ရာသခင်ကြီး တစ်ဦးကို ကျွေးဖို့လုပ်လိုက်ပါတယ်။

ဒါပေမယ့်လည်း နောင်တရစရာတစ်ခုက ရှူဟာ သူမကိုယ်ထဲမှာပဲရှိနေကာ သူမဆီကနေတစ်ဆင့်ပဲ အမြူတေတွေရဲ့စွမ်းအင်ကို စုပ်ယူခဲ့ခြင်း ဖြစ်ပါတယ်။

သူမလက်ထဲက အမြူတေတွေက နေရောင်ခြည်တန်းလေးတွေကဲ့သို့ ပြောင်းလဲကာ သူမရဲ့ မျက်ခုံးနှစ်ခုကြားအလယ် တည့်တည့်ထဲ့ ဝင်ရောက်သွားခြင်းက သူမအဖို့ လုံးဝအထူးအဆန်းဖြစ်နေရပါတယ်။

တစ်ညတည်းနဲ့ အမြူတေအကုန်လုံးကို ရှူ သုံးလိုက်ပါတယ်။စိတ်ပျက်စရာတစ်ခုကတော့ အခုလို ဖုန်မှုန့်သာသာပဲရှိတဲ့ ပမာဏလောက်က သူ့အတွက် ဘာမှ မပြောပလောက်သေးမှုပါ။

All Chapters